10/01/2023
ဘောလုံးအားကစားမှာဆုံးနဲ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးက ပရီးမီးယားလိဂ်ဆိုရင် Dotaမှာ Western Europe regionလို့ပြောရင် ငြင်းဆိုမဲ့သူမရှိလောက်ပါဘူး
Essential Asset ကိုအားပေးဖတ်ရှူနေကြတဲ့ ပရိသတ်တွေထဲမှာ Dota2 fanညီအစ်ကိုတွေရှိကြလားခင်ဗျ
ဟုတ်ကဲ့ ဒါဆိုရင်တော့ ယခုစတင်ယှဥ်ပြိုင်နေပြီဖြစ်တဲ့ 2023ရာသီWestern Europe regionအကြောင်းနဲ့ အသင်းတွေ ကစားသမားတွေအကြောင်းကို ကျွန်တော်တို့အတူလေ့လာကြည့်ရအောင်ပါ
စောစောကကျွန်တော်ပြောခဲ့သလိုပဲ WEU regionဟာ အင်မတန်ကိုပြိုင်ဆိုင်မှုပြင်းထန်ပြီး ကမ္ဘာ့နာမည်ကြီးထိပ်သီးကစားသမားများအများစုကျင်လည်နေတဲ့ regionတခုဖြစ် နေရာတနေရာရဖို့လည်းခက်ခဲပြီး အသင်းတိုင်းလိုလိုကို လျှော့တွက်လို့မရတဲ့ regionတခုလည်းလို့ဆိုနိုင်ပါတယ် အဲ့ဒီအတွက်အကောင်းဆုံးပြောရရင် No one,MSSတို့နဲ့အတူစုဖွဲ့လာတဲ့ Notail,Ceb,Topsonတို့ရဲ့ Old Gအသင်းဟာ တတိယကြိမ်မြောက် Tiအိပ်မက်ဖို့နောက်ဆုံးလက်မှတ်တခုကို Closed Qualifier stageမှာ Monaspaဆိုတဲ့အသင်းကို ရှုံးနိမ့်ပြီးDPC ဝင်ခွင့်ဆုံးရှုံးရတဲ့ဖြစ်စဉ်ပါ Tiနှစ်ထပ်ကွမ်းချန်ပီယံတွေဦးဆောင်ပြီး ပရိသတ်အားပေးမှုအပြည့်ဆိုပေမဲ့ မျှော်လင့်ထားသလိုဖြစ်မလာတာက WEUရဲ့ခက်ခဲကြပ်တည်းတဲ့ ပြိုင်ဆိုင်မှုတွေကြောင့်ပါပဲ ဆိုတော့ကာ ပြိုင်ပွဲအကြောင်းကိုကြည့်ရရင်
WEU region Division 1 Tour 1ကို January 9ရက်နေ့ကနေ 29ရက်နေ့အထိ Online Lanပုံစံနဲ့ကျင်းပမယ် ထုံးစံအတိုင်းအသင်းပေါင်း၈သင်းပါဝင်လာပြီး ပြီးခဲ့တဲ့ရာသီကတန်းမဆင်းရဘဲ ကျန်ခဲ့တဲ့အသင်း၆သင်းနဲ့Divison2က ထိပ်ဆုံး၂သင်းက -round robinစနစ် Best of 3ကစားကြရမှာပါ -အဆင့်၁နေရာကနေ၄နေရာအထိအသင်းများက ပထမဆုံး Majorပြိုင်ပွဲအတွက် qualifiedဖြစ်မှာပါ အဆင့်၆အထိအသင်းတွေက Division1မှာပဲနေခဲ့ရမှာဖြစ်ပြီး အောက်ဆုံး၂သင်းကတော့ နောက်Tourတခုအတွက် Division2ကို တန်းဆင်းရမှာပါ
-Total Prize Poolက 205,000US$
🔴အသင်းလိုက်အဆင့်ဆင့်ရရှိမဲ့ ဆုကြေးငွေနဲ့DPC Pointများ
1st $30,000 DPC Point 300
2nd $28,000 DPC Point 180
3rd $27,000 DPC Point 120
4th $26,000 DPC Point 60
5th $25,000 DPC Point 30
6th $24,000/ 0 Point
7th $23,000/ 0 Point
8th $22,000/ 0 Point
Valveရဲ့စည်းမျဉ်းထုတ်ပြန်ချက်ကိုကြည့်ရင် ဆုကြေးငွေကအများကြီးမကွာဟပေမဲ့ Pointတွေကတော့ အရေးပါလှသည် ထိုPointတွေက Tiပြိုင်ပွဲကြီးအတွက်ဝင်ခွင့်အမှတ်တွေဖြစ်တဲ့အတွက် အသင်းတိုင်းကပွဲတိုင်းကို အနိုင်ရဖို့အလေးအနက်ထားကစားဖို့ လိုအပ်ပါလိမ့်မယ် ပွဲစဉ်တွေကိုJan9ရက်နေ့ကနေစပြီး Week ၃ခုစီခွဲကာWeekတခုနဲ့တခုကြား ၂ရက်စီခြားထားထားပါတယ် Week၁ခုအတွင်း ၁ရက်စီခြားထားပြီး အသင်းတိုင်းက Weekတခုတွင်း ၃ပွဲစီဆော့ပြီး ပတ်လည်ယှဉ်ပြိုင်ရပါမယ်။
ဒါဆို အသင်းတွေနဲ့လူစာရင်းတွေကို သိနိုင်ဖို့
တစ်ပုံချင်းစီ ထောက်ပီး ဆက်လေ့လာ ကြည့်ရအောင်