Standard Computer Center

Standard Computer Center Service

Dell Latitude 14-inch , HD Intel Core i5 8th Gen CPU >>> Intel Core(TM) i5 - 8365U (8th gen) 1.60 GHz (8 CPUs) RAM >>> 8...
24/02/2026

Dell Latitude
14-inch , HD Intel Core i5 8th Gen

CPU >>> Intel Core(TM) i5 - 8365U (8th gen) 1.60 GHz (8 CPUs)

RAM >>> 8 GB

STORAGE >>> M.2 - SSD 256 GB

GPU >>> Intel UHD Graphics 620

SIZE >>> 14"(1920 * 1080)

PORTS >>> Type C, LAN, HDMI, SD, USB3, Webcam(HD) , Wifi, Bluetooth, Privacy Shutter.

GIFTS >>> Original Adapter + Bag

Windows 10 Pro (64bit) English.
Typically up to 1TB.

Display: 14-inch, options for HD or Full HD (19201080),
with optional touchscreen and anti-glare, though base screens are sometimes considered dim.

Connectivity: USB Type-C (optional Thunderbolt 3), multiple USB-A, HDMI, RJ45 Ethernet, and microSD card reader.

Battery: 68Whr or similar, offering long, all-day battery life (up to 13+ hours) with ExpressCharge.

Security: Optional fingerprint reader (power button), IR camera for Windows Hello, and optional smart card reader.

Monitor စျေးတန်တန်လေးနဲ့ရမယ်နော်
24/02/2026

Monitor စျေးတန်တန်လေးနဲ့ရမယ်နော်

13/02/2026
Printer မှာထားတဲ့ customer လေးတွေအတွက်📢📢Canon LBP 2900 Laser PrinterCatridge အသစ်နဲ့ကိုမှ ၃၀၀၀၀၀ ကျပ်ပါ။စျေးတန်"လေးမို့ ...
30/11/2023

Printer မှာထားတဲ့ customer လေးတွေအတွက်📢📢

Canon LBP 2900 Laser Printer

Catridge အသစ်နဲ့ကိုမှ ၃၀၀၀၀၀ ကျပ်ပါ။

စျေးတန်"လေးမို့ လက်ဦးသူရပါမယ်နော်😜

Business Plan Card များလက်လီ၊လက်ကား ရပါပြီရှင့်တစ်လကို 30GB အသုံးပြုနိုင်ပြီးcall 1000min‌အသုံးပြုနိုင်မှာဖြစ်ပါတယ်Simအပ...
04/11/2022

Business Plan Card များ
လက်လီ၊လက်ကား ရပါပြီရှင့်
တစ်လကို 30GB အသုံးပြုနိုင်ပြီး
call 1000min
‌အသုံးပြုနိုင်မှာဖြစ်ပါတယ်
Simအပြီး တစ်ကဒ်ကို
25000mmk ပါနော်
နောက်လကစ သက်တမ်းတိုး 15000mmkပါ.....
Wifi စက်များလည်းစျေးနှုံးသက်သက်သာသာနဲ့ရပါမယ်ရှင့်
အားပေးမှုအတွက်ကျေးဇူးပါရှင့်
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
Ph.09429766477,0949766477
ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

ကွန်ပျူတာစတင်သုံးစွဲသူများပြုလုပ်မိသော အမှားများ နှင် သိထားသင့်သည်များ------(မှတ်ချက် ။    ။ expert user များအတွက်မဟုတ်ပ...
03/10/2022

ကွန်ပျူတာစတင်သုံးစွဲသူများပြုလုပ်မိသော အမှားများ နှင် သိထားသင့်သည်များ
------
(မှတ်ချက် ။ ။ expert user များအတွက်မဟုတ်ပါ။)

ကွန်ပျူတာကို သုံးစွဲသူများအနေနဲ့ ကွန်ပျူတာကို သုံးစွဲနေစဉ်အတွင်းမှာ ပြုလုပ်မိတဲ့ အမှားတွေကနေ အများဆုံးပြုလုပ်မိတဲ့ အမှား (၁၀) ချက်ကို ရှောင်ရှားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေကိုရှောင်ရှားနိုင်ရင်တော့ တော်ရုံနဲ့ မိမိကွန်ပျူတာမပျက်တော့ဘူးပေါ့။

(၁) အရေးကြီးသောဖိုင်များကို backup မလုပ်ခြင်း။

မိမိသုံးစွဲနေတဲ့ data file တွေ (word, excel, powerpoint, pagemaker, photoshop, image, media) ကို backup လုပ်မထားခြင်းဟာ ကြီးမားတဲ့အမှားတစ်ခုဖြစ်ပါတယ်။ ပျောက်သွားတော့မှ data recovery software များနဲ့ ပြန်လည်ရှာဖွေခြင်းဟာ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး။ အဲဒီအတွက် external drive, USB, CD, DVD တို့နဲ့ ကူးယူထားသင့်သလို ကွန်ပျူတာအတွင်းမှာလည်း windows နဲ့တွဲပြီး ခွဲထားတဲ့ partition အပိုင်းမှာ သိမ်းဆည်းခြင်းမပြုလုပ်ပဲ သီးခြား drive တစ်ခုနဲ့ သိမ်းဆည်းသင့်ပါတယ်။အဆိုးဆုံးကတော့ Desktop ပေါ်မှာပြန်ကြဲအောင် save ကြခြင်းပါပဲ လုံးဝမပြုလုပ်သင့်ပါ။

(၂) စာကိုသေချာစွာမဖတ်ပဲ Next (သို့မဟုတ်) Ok ကိုနှိပ်ခြင်း။

ကွန်ပျူတာနဲ့ အင်တာနက်သုံးနေစဉ်အချိန်မှာ တစ်ခါတစ်ရံထွက်ပေါ်လာတဲ့ box တွေ၊ message တွေက စာတွေကို သေသေချာချာမဖတ်ပဲ Next (သို့မဟုတ်) Ok ကိုနှိပ်လိုက်ခြင်းဟာ တစ်ခါတစ်ရံမှာ သူ့ကို သဘောတူညီရာရောက်သွားပြီး သင့်ကွန်ပျူတာအတွင်းက browser တွေ Toolbar တွေမှာ install လုပ်သွားပြီး မောင်းထုတ်မရတော့တဲ့ program မျိုးဖြစ်သွားတတ်ပါတယ်။ တစ်ကယ်တော့ သင့်အနေနဲ့ အဲဒီ program ကို install လုပ်ဖို့ရည်ရွယ်ချက်မရှိပါဘူး။ အဲဒီ program ဟာ ကွန်ပျူတာရဲ့ startup မှာ run နေပြီးတော့ ကွန်ပျူတာကိုအနှောက်အယှက်ဖြစ်စေပါတယ်။

(၃) Save မလုပ်ခြင်း။

စာစီစာရိုက်လုပ်နေတုန်းပဲဖြစ်ဖြစ်၊ ပုံဆွဲနေတုန်းပဲဖြစ်ဖြစ်၊ Video edit လုပ်နေတုန်းပဲဖြစ်ဖြစ် save မလုပ်ခြင်းဟာလည်း အမှားတစ်ခုဖြစ်ပါတယ်။ သင်သုံးနေတဲ့ program ဟာ အလိုအလျောက် save လုပ်ပေးတဲ့ function ပါပေမယ့် မိမိလက်က ctrl + s ကို မကြာခဏ ၅ မိနစ်တစ်ကြိမ်လောက် အလိုအလျောက်နှိပ်မိနေဖို့လိုပါတယ်။ ဒါမှ မီးပြတ်သွားလို့ပဲဖြစ်ဖြစ်၊ UPS မကောင်းလို့ပဲဖြစ်ဖြစ်၊ Internet connection မကောင်းလို့ပဲဖြစ်ဖြစ် သင် create လုပ်နေတဲ့ data တွေမပျောက်တော့ဘူးပေါ့။

(၄) ကွန်ပျူတာကို နည်းစနစ်တကျမပိတ်ခြင်း။

ကွန်ပျူတာကို အသုံးမပြုချင်တော့တဲ့အချိန်မှာ မိမိသုံးနေတဲ့ file တွေကို save လုပ်၊ run နေတဲ့ application တွေကိုပိတ်ပြီးမှ ကွန်ပျူတာက shutdown ခလုပ်ကိုနှိပ်ပြီး ကွန်ပျူတာကိုပိတ်သင့်ပါတယ်။ တစ်ခြားနည်းလမ်းကို အသုံးပြုရင်တော့ အမှားတစ်ခုကို ကျူးလွန်မိခြင်းပါပဲ။

(၅) Email ကပါရှိလာတဲ့ attachments ဖိုင်များကိုဖွင့်ခြင်း။

အင်တာနက်ကနေ Email ကို အသုံးပြုသူတစ်ယောက်အဖို့ malware တွေကိုကာကွယ်နိုင်တဲ့ Antivirus program မရှိဘဲ Email နဲ့အတူပါရှိလာတဲ့ attachments ဖိုင်တွေကို မဖွင့်သင့်ပါဘူး။
ကိုယ်နဲ့ဘယ်လောက်ပဲရင်းနှီးတဲ့သူဆီကဖြစ်ပါစေ သတိထားသင့်ပါတယ်။ Virus ၀င်ရောက်ရာ အဓိက လမ်းကြောင်းဟာ attachment ဖိုင်များမှဖြစ်တယ်ဆိုတာ အထူးသတိပြုပါ။

(၆) မိမိထံရောက်ရှိလာသော ကြော်ငြာ email များထဲမှ ပုံစံများကိုဖြည့်သွင်းပြီး ပြန်လည်ပေးပို့ခြင်း။

တစ်ခါတစ်ရံမှာ ကိုယ်မသိတဲ့ ကြော်ငြာ email တွေ၀င်လာတာကို တွေ့ဘူးကြမှာပါ။ ဘယ်မြို့မှာ အလုပ်ရမယ်။ လစာက ဘယ်လောက်ပေးမယ်။ ဖတ်လိုက်ရင်မက်လောက်စရာတွေချည်းပဲ။ အဲဒီအတွက် ဒီပုံစံမှာဒီလိုဖြည့်ပါဆိုပီးတော့ပေါ့။ အဲဒီလိုဖြည့်ရင်းကနေ ကိုယ့်ဆီက အချက်အလက်တွေဖြစ်တဲ့ usernames တွေ၊ passwords တွေ၊ credit card အသေးစိတ်တွေပါသွားပါလေရော။ ဒါဆိုဘာဆက်ဖြစ်မလဲ စဉ်းစားကြည့်ပါတော့။

(၇) Email အတွင်းမှ Spam များကိုစိတ်၀င်စားခြင်း။

ကိုယ်သုံးနေတဲ့ email အတွင်းမှာ မဖိတ်ခေါ်ပဲတဖွဲဖွဲရောက်လာနေတဲ့ Spam mail တွေကို စိတ်မ၀င်စားသင့်ပါဘူး။ ကိုယ့်အတွက်ဘာအကျိုးမှမရှိနိုင်တဲ့ အဲဒီ spam mail တွေကိုဖတ်ကြည့်နေမယ့်အစား delete သာလုပ်ပစ်လိုက်ပါ။

(၈) Email များကို forward လုပ်ခြင်း။

ကိုယ်မသိတဲ့ email ကနေ စိတ်၀င်စားစရာသတင်းအချက်အလက်တွေသိရှိရတဲ့အခါ ဒါကို မိမိမိတ်ဆွေတွေ သိစေချင်တဲ့စေတနာနဲ့ forward မလုပ်မိပါစေနဲ့။ ကောလဟာလတစ်ခုလို့သာ သတ်မှတ်ပြီး ဖျက်ပစ်လိုက်ပါ။ သင့်ရဲ့စေတနာဟာ အန္တရာယ်ကိုဖိတ်ခေါ်လိုက်တာမျိုးဖြစ်သွားတတ်ပါတယ်။

(၉) မကောင်းသော software များကို install လုပ်မိခြင်း။

တိုးတက်နေတဲ့ခေတ်ကြီးဟာ viruses တွေ၊ malware တွေနဲ့ အခြား crapware တွေပြည့်နှက်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်လိုချင်တဲ့ free ware software လေးတွေ့တဲ့အချိန်မှာ လျင်လျင်မြန်မြန် download ချပြီးတော့ install မလုပ်မိပါစေနဲ့။ သေသေချာချာစိစစ်ပါ။ ဘယ်ကထုတ်တာလဲ၊ ဘာအတွက်လဲ၊ ဘယ်လိုအကျိုးပြုမှာလဲ၊ ဘာတွေသုံးနိုင်လည်း၊ ဘယ် website ကလဲ၊ လူဘယ်လောက်များများသုံးထားလဲ စတာတွေကို internet ကိုပဲပြန်မေးလိုက်ပါ။ ရတဲ့ result ကို မူတည်ပြီးတော့မှ သုံးသင့်မသုံးသင့်စဉ်းစားချင့်ချိန်ပါ။ install လုပ်ပြီးမှ ဒုက္ခလည်းပေး၊ မောင်းထုတ်လို့လဲမရလို့ ပျက်ရတဲ့ကွန်ပျူတာတွေများလှပါပြီ။

(၁၀) UPS ကိုအသုံးမပြုခြင်းနှင့် အရည်အသွေးညံ့သော ကွန်ပျူတာအရံပစ္စည်းများကိုအသုံးပြုခြင်း။

PC ပဲဖြစ်ဖြစ်၊ Laptop ပဲဖြစ်ဖြစ် သူ့မှာ အပိုလျှပ်သိုပစ္စည်းရှိရပါမယ်။ သဘောက shutdown ချဖို့ အချိန်ရနိုင်အောင်နဲ့ လျှပ်စစ်အ၀င်ကို ထိန်းသိမ်းနိုင်အောင်ဖြစ်ပါတယ်။ အဲလိုမှမဟုတ်လို့ Laptop computer ရဲ့ battery ကလည်း မကောင်း၊ PC computer ရဲ့ UPS ကလည်းမကောင်း၊ ရှိလည်းမရှိ ဆိုရင်တော့ ပျက်ဖို့က ၇၀ % လောက်သေချာနေပါပီ။ နောက်တစ်ချက်က Graphic card, Memory, hard disk နဲ့ Motherboard မကောင်းတော့လို့လဲလှယ်တဲ့အချိန်မှာ တန်ဘိုးနည်းတဲ့ ပစ္စည်းတွေ၊ အသုံးပြုပီးသားတွေကို မလဲလှယ်မိပါစေနဲ့။ အဘိုးနှုန်းချိုသာခြင်းရဲ့နောက်ကွယ်မှာ အခြားသော အဓိပါယ်ဖွင့်ဆိုချက်တွေရှိနေတယ်ဆိုတာကို သတိပြုစေလိုပါတယ်။
အထူးသတိထားရန်မှာ power supply ပြက်ပါကလုံးဝ ပြင်မသုံးသင့်ပါ။

Ko Yan Naing
(Computer Technician & IT Consultant )

Inkjet Printer များနဲ့ ရင်ဆိုင်ခြင်း----------------------Inkjet printer  တစ်လုံးသည်ငွေချေလိုက်တာနဲ့ ----သူ့ရဲ့  printin...
02/10/2022

Inkjet Printer များနဲ့ ရင်ဆိုင်ခြင်း
----------------------
Inkjet printer တစ်လုံးသည်
ငွေချေလိုက်တာနဲ့ ----
သူ့ရဲ့ printing life ကိုစပါတယ် ☺️☺️ ....

အလုပ်ဖြစ်နေလို့ ၁ရက်တလုံးပျက်တာမကြောက်ဘူး အလုပ်မဖြစ်ပဲ ၁လ ၁လုံးပျက်နေရင် မချောင်ဘူး ကြုံဖူးကြမှာပေါ့။

printer ရဲ့သက်တမ်းကို ဆွဲဆန့်ဖို့ပဲ ကြိုးစားကြရမှာပါ။

basic maintenance က
-အော်မှင် သုံးတာ
-မှင်မပြတ်အောင်ဂရုစိုက်တာ
-၁ပတ်တကြိမ် color စုံ
၁/၂ ရွက်ထုတ်ပေးတာ လို့ဆိုင်ကပြောမှာပါ။

ဒီထက်ပိုမေးလဲ ရောင်းတဲ့ကောင်မလေးကို ကြပ်နေတာနဲ့တူတူပဲ `` သူလဲမသိဘူး ´´

advance maintenance ကတော့ --------
၁- ink ( မှင် )
အော်ဆေးသုံးနိုင်ရင်ပိုကောင်းတာပေါ့ ဒါမယ့်မကိုက်ဘူး ။
quality ကောင်းပီး စျေးသက်သာတဲ့ dielink / refill / Mark စသည့် ဝယ်လို့ရ လွယ်တဲ့ မှင်တမျိုးထဲကို တစိုက်မက်မက်သုံးပေးတာက Print head ကိုပိုကောင်းတဲ့ သက်တမ်း ရစေနိုင်ပါတယ်။
( ဟိုတံဆိပ်ထည့်လိုက် ဒီတံဆိပ်သုံးလိုက် ရောနှောသုံးတာကိုတော့မဖြစ်သင့်ပါဘူး)

၂ - GSM Limit ( စာရွက်အထူရွေးခြင်း )
ထူတဲ့ 300/350/400 Gsm paper ကိုမထုတ်ဘူး
အမြင့်ဆုံး 260 paper gsm (photo paper Gsm) လောက် limit ထားသုံးတာက Paper Roller လေးဒေသက်သာစေပါတယ် ။

၃ - dirty paper ( စက္ကူ )
အမှုန့်ပါတဲ့ အလွန်ညံ့တဲ့ စက္ကူ ကိုသုံးတာက ပရင်တာကို အလွန်အမင်း ထိခိုက်စေပါတယ် ။

4 - drag ဆွဲခြင်း
မြန်ချင်လို့ဆိုပီး drag ဆွဲပါက အရေအတွက်များရင်
printer wheel အတွက် အဆင်ပြေမှာမဟုတ်လို့
standard / high print က recommended choose ပါပဲ။
(မြန်ချင်ရင် လေဆာသုံးပါ)

5 - clean ( ဖုန်မှုတ်ခြင်း )
hair dryer လို လေပူထွက်တဲ့ မှုတ်စက်နဲ့ ဖုန်မှုတ်မိရင် print head မှင်ခဲပြီး ပိတ်တတ်ပါတယ် ။
(လေပူမသုံးမိစေနဲ့ပေါ့)

6 - hot paper( ပူပူနွေးနွေးစက္ကူ )
လေဆာနဲ့ထုတ်ထားတဲ့ paper ကို inkjet printer မှာ ချက်ချင်း သွားသုံးရင် roller လေးတွေ ချောပြီး စက္ကူမဆွဲနိုင်တော့ပဲ ပျက်တတ်ပါတယ်

7 - paper jemp (စက္ကူညပ်)
Print ထုတ်နေရင်း စက္ကူ ညတ်သွားရင် paper tray ကနေပြီးသူသွားရာလမ်းကပဲ ဆွဲထုတ်ဖို့ကြိုးစားစေချင်ပါတယ်

advance maintenance လေးသိသလောက်မျှဝေလိုက်ပါတယ်။
- ---------------
အားလုံးအဆင်ပြေကြပါစေ.....
မပြေရင်တော့ ဆိုင်သာသယ်လာခဲ့ပါ ☺️☺️☺️
Ko Yan Naing

Social Media User တို့အတွက်
31/08/2022

Social Media User တို့အတွက်


📣ရာသက်ပန်သုံးလို့ရတဲ့ GPS Tracker 📡👉 GPS မှာ ဘယ်လို Function တွေပါဝင်လဲ ?- တည်နေရာအတိအကျ၊ - မောင်းနေတဲ့အမြန်နှုန်း၊- ပါက...
20/07/2022

📣ရာသက်ပန်သုံးလို့ရတဲ့ GPS Tracker 📡

👉 GPS မှာ ဘယ်လို Function တွေပါဝင်လဲ ?

- တည်နေရာအတိအကျ၊
- မောင်းနေတဲ့အမြန်နှုန်း၊
- ပါကင်ထိုးပြီးရပ်နားခဲ့တဲ့အချိန်များ
- လမ်းကြမ်းတဲ့နေရာတွေမှာ မောင်းနေလား?
- သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းနေလား?
- ဧရိယာတွေရော ကျော်ပြီးမောင်းနေလား?
- ဘယ်နေရာတွေမှာ ယာဥ်ကြောတွေ ကြပ်နေလဲ?
- ပြီးခဲ့တဲ့ရက်တွေမှာ ဘယ်တွေသွားခဲ့သလဲ?
- ကီလိုဘယ်လောက် မောင်းထားလဲ?
- အမြန်နှုန်းဘယ်လောက်နဲ့ မောင်းခဲ့လဲ?
- ဘယ်နေရာတွေမှာ ပါကင်ထိုးပြီး ရပ်နားခဲ့လဲ?

စတဲ့အခြေခံ Functionsများအပြင် တစ်ခြား Functions များစွာလည်း ပါဝင်ပါတယ်။

မည်သည့်စက်တပ်ယာဥ်မဆို တပ်ဆင်နိုင်ပါတယ်။

✅ပိုင်ရှင်ကိုယ်စား(၂၄)နာရီစောင့်ကြည့်ပေးပါတယ်✅

🔸စက်အတွက် Official Warranty 12 Months ပါရှိပါတယ်။
🔸Warranty ကာလအတွင်း Factory Issue ကြောင့် စက်ချို့ယွင်းသွားရင်အသစ်တစ်လုံးဖြင့် လဲလှယ်ပေးပါတယ်။

ဝယ်ယူအားပေးကြသော ကျေးဇူးရှင် customers များစီးပွါးဥစ္စာများတိုးတက်ပြီး ၊ အစစ အရာရာ အဆင်ပြေ အောင်မြင်ပါစေ ခင်ဗျာ 🙏

📲 0949766477,09429766477
(Telegram,Viber,WeChat,WhatsApp)
----------------------------------------------
☎ 0949766477,09429766477
-----------------------

Address

Man Ba Khaing Street
Hinthada

Telephone

+959429766477

Website

Alerts

Be the first to know and let us send you an email when Standard Computer Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Standard Computer Center:

Share