Hmawbi Computer Service

Hmawbi Computer Service Software,Hardware Error များအတွက် အိမ်အရောက်ပြုပြင်ပေးပါသည်

ယနေ့ Service လေးပါ✌️Customer အကိုက Window 11 တင်ချင်တာဒါပေမယ့် စက်အခြေအနေအရ 7 (သို့) 10 ထိပဲတင်သင့်တဲ့အကြောင်းရှင်းပြပီး...
17/05/2023

ယနေ့ Service လေးပါ✌️

Customer အကိုက Window 11 တင်ချင်တာ
ဒါပေမယ့် စက်အခြေအနေအရ 7 (သို့) 10 ထိပဲတင်သင့်တဲ့အကြောင်းရှင်းပြပီး

စက် Cleaning လုပ်
Photoshop ထည့်
Upgrade လုပ်ဖို့ လိုအပ်တာအကြံပေးခဲ့ပါတယ်။

Laptop တွေပျက်စီးစေတဲ့အကြောင်းအရင်း???‌💻Laptop တွေက ယနေ့ခေတ်မှာတော့ မရှိမဖြစ် အသုံးပြုနေကြတဲ့ Device တွေဖြစ်လာပါပြီရှင့်...
22/04/2023

Laptop တွေပျက်စီးစေတဲ့အကြောင်းအရင်း???

‌💻Laptop တွေက ယနေ့ခေတ်မှာတော့ မရှိမဖြစ် အသုံးပြုနေကြတဲ့ Device တွေဖြစ်လာပါပြီရှင့်။ Portable ဖြစ်တဲ့ပြင် Performance အရလဲ Computer တစ်လုံးလို စွမ်းဆောင်ပေးနိုင်ပါတယ်နော်။ဒါ့အပြင် လုပ်ငန်းသုံး၊ကျောင်းသုံးအတွက်လဲ ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်လို့💻 Laptop တွေဟာ Computer တွေထက်လူကြိုက်များလာကြပါတယ်။

သို့ပေမဲ့........

💻Laptop တွေက Computer တွေလိုကြာရှည်မခံတဲ့အပြင် အသုံးပြုမှု လွဲမှားခြင်းကြောင့်လည်း ပျက်စီးလွယ်ပါတယ်။ဒီနေ့မှာတော့ Laptop တွေပျက်စီးစေတတ်တဲ့ အဓိကအကြောင်းရင်းတွေကိုပြောပြပေးသွားမှာပါရှင့်။



📌Laptop အရမ်းပူလာခြင်း

Laptop ဟာအပူလွန်ကဲလာပါက Performance နှေးကွေးလာပြီး ပုံမှန်အသုံးပြုလို့မရရှိနိုင်တော့ပါ။

📌Hard disk drive များပျက်စီးသွားခြင်း

Laptop ရဲ့ Main အသက်သွေးကြောဖြစ်တဲ့ Hardware ပိုင်းများပျက်စီးသွားပါက Laptop ကပုံမှန်အတိုင်းလည်းပတ်နိုင်တော့မှာမဟုတ်ဘဲ ပျက်စီးသွားနိုင်ပါတယ်ရှင့်။

📌အသုံးပြုမှု ကြမ်းလွန်းခြင်း

Laptop များကိုအကြမ်းပတန်းအသုံးပြုမယ်ဆိုပါက ရေရှည်အသုံးပြုလို့မရနိုင်ဘဲ အချိန်အတိုတွင်းပျက်စီးစေနိုင်ပါတယ်နော်။

📌ကိုက်ညီမှုမရှိသော အားသွင်းကြိုးကိုအသုံးပြုခြင်း

Laptop များကို Original Adapter ကိုအသုံးမပြုဘဲ အားသွင်းမည်ဆိုပါက ရေရှည်တွင် Battery ပြဿနာ/ Motherboard ပိုင်း ပြဿနာများပေါပေါက်လာနိုင်ပြီး ပျက်စီးစေနိုင်ပါတယ်နော်။



📌Laptop ပန်ကာ ပေါက်များကို ပိတ်ဆို့ထားခြင်း

Laptop မှာပါဝင်တဲ့ ပန်ကာများက အရေးကြီးသော Hardware ပိုင်းကိုအပူလွန်ကဲမှုမဖြစ်စေရန်တားဆီးပေးလို့ ပန်ကာများနဲ့ လေဝင်လေထွက်ပေါက်များကို ဖုန်/ အမှုန်များပိတ်ဆို့ပါက အပူလွန်ကဲပြီး အချိန်တိုအတွင်းပျက်စီးစေနိုင်ပါတယ်ရှင့်။

📌Virus တွေကိုရှင်းလင်းမှုအပြုလုပ်ခြင်း

USB Stick များ နဲ့ File များကူယူခြင်း၊Virus ပါသော file များကို Download ဆွဲမိတဲ့အခါ Virus များပါဝင်လာနိုင်ပါတယ်။ထိုအခါ Virus များက Laptop အတွင်းရှိ System များကိုရှုပ်ထွေးစေပြီး Hardware Over Load ဖြစ်စေတတ်တဲ့အတွက် Laptop ကိုအချိန်တိုအတွင်းပျက်စီးစေပါတယ်။

📌Laptop ကို Update များပြုလုပ်ခြင်း

Laptop များကို အသစ်ထွက်ရှိလာသော သက်ဆိုင်ရာ Software update များကို update ပြုလုပ်ရန်လိုအပ်ပါတယ်ရှင့်။

Update မပြုလုပ်ပါက Laptop ရဲ့စွမ်းဆောင်ရည်ကျဆင်းပြီးပျက်စီးနိုင်ပါတယ်နော်။



ဒီအချက်တွေကို သင့် Laptop မှာပြုလုပ်မိနေပြီဆိုပါက အခုဘဲမပြုလုပ်မိအောင်ရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်ရှင့်။Laptop များကိုစနစ်တကျအသုံးပြုပါက လုပ်ငန်းခွင်အတွက်သာမက ကျောင်းသားများအတွက်လည်းအထောက်ကူဖြစ်စေပါတယ်နော်။ဒါ့ကြောင့် ဒီအချက်တွေ မပြုလုပ်မိအောင်ရှောင်ကျဉ်ပြီး Laptop ကိုစနစ်တကျအသုံးပြုကြမယ်ရှင့်။

Credit to ITB

Address

No. 456, KanTharYar Street, 4 Quarter
Hmawbi
11361

Telephone

+959959393946

Website

Alerts

Be the first to know and let us send you an email when Hmawbi Computer Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hmawbi Computer Service:

Share