14/06/2026
💻 အနာဂတ်အတွက် နည်းပညာအခြေခံကောင်းတွေကို စနစ်တကျ ထုဆစ်ကြစို့ 🚀
–––––––––––––––
✅ ဒီနေ့ခေတ်မှာ ကွန်ပျူတာကျွမ်းကျင်မှု (Computer Literacy) ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အရေးကြီးဆုံး Skill တစ်ခု ဖြစ်လာပါပြီ။ တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာ အဆင်သင့်ဖြစ်နေစေဖို့အတွက် ကျွန်တော်တို့ [PCC-COMPUTER CENTRE] မှ "Computer Basic Courses" အသစ်များကို အတန်းခွဲအလိုက် ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။ 🎯
🔰 မိမိတို့ရဲ့ အသက်အရွယ်၊ လိုအပ်ချက်အလိုက် စနစ်တကျ ရွေးချယ်တက်ရောက်နိုင်ပါပြီ။
––––––––––––––
🧒 Computer Basic For Kids (အသက် ၈ နှစ်မှ ၁၅ နှစ်)
ကလေးတို့ရဲ့ အားလပ်ရက်တွေကို အကျိုးရှိစေဖို့နဲ့ နည်းပညာကို ငယ်စဉ်ကတည်းက မှန်မှန်ကန်ကန် အသုံးချတတ်စေဖို့ အထူးရည်ရွယ်ပါတယ်။
(မှတ်ချက် - ဤတန်းခွဲအတွက် Certificate ပေးအပ်ခြင်း မရှိပါ)
–––––––––––––
🔰 Computer Basic (အသက် ၁၆ နှစ်နှင့်အထက်)
လူငယ်များနှင့် လူကြီးပိုင်းများအတွက် လုပ်ငန်းခွင်ဝင်ရန် သို့မဟုတ် ကျောင်းပညာရေးမှာ အသုံးချနိုင်ရန် အခြေခံမှစ၍ အဆင့်မြင့်အထိ စနစ်တကျ သင်ကြားပေးမည့် အတန်းဖြစ်ပါသည်။
(✨ အတန်းပြီးဆုံး၍ ဆန်းစစ်ချက် အောင်မြင်ပြီးပါက Certificate ချီးမြှင့်ပေးပါမည်)
––––––––––––
📚 အဓိကသင်ကြားမည့် ဘာသာရပ်များ (Course Outline)
ခေတ်စနစ်နဲ့အညီ လုပ်ငန်းခွင်နဲ့ ကျောင်းပညာရေးမှာ တကယ်အသုံးဝင်မည့် ဘာသာရပ်များကို စုံလင်စွာ ထည့်သွင်းပေးထားပါတယ် -
🖥️ Computer Operating System & Knowledge (ကွန်ပျူတာ အခြေခံသဘောတရားများနှင့် အသုံးပြုပုံ)
📱 Social Platform Using (လူမှုကွန်ရက်စာမျက်နှာများကို စနစ်တကျနှင့် အန္တရာယ်ကင်းစွာ အသုံးပြုနည်း)
📝 Microsoft Word (ရုံးစာ၊ စာစီစာကုံးနှင့် စာရွက်စာတမ်း ပြုပြင်ဖန်တီးနည်း)
📊 Microsoft Excel (စာရင်းဇယားတွက်ချက်ခြင်းနှင့် Database သိမ်းဆည်းနည်း)
📉 Microsoft PowerPoint (Professional ဆန်ဆန် Presentation ပြုလုပ်နည်း)
📰 Microsoft Publisher (လက်ကမ်းစာစောင်၊ ကတ်ပြားများနှင့် ဒီဇိုင်းအခြေခံ ဖန်တီးနည်း)
📓 Microsoft OneNote (မှတ်စုများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် စနစ်တကျ မှတ်သားနည်း)
📧 Email & Internet Using (အီးမေးလ် ပေးပို့နည်းနှင့် အင်တာနက် ရှာဖွေအသုံးပြုနည်း)
💎 ကျွန်တော်တို့သင်တန်းရဲ့ @ထူးခြားချက်များနှင့် အားသာချက်များ
💻 ၁ ဦးလျှင် စက် ၁ လုံးစီ ပြင်ဆင်ပေးထားသဖြင့် လက်တွေ့ (Practical) အပြည့်အဝ ပြုလုပ်နိုင်ခြင်း။
👨🏫 တတ်မြောက်မှု မြန်ဆန်စေရန်အတွက် Trainer များမှ အနီးကပ် စိတ်ရှည်လက်ရှည် သေချာသင်ကြားပြသပေးခြင်း။
⏱️ အချိန်ကုန်သက်သာပြီး ထိရောက်မှုရှိစေရန် တစ်ရက်လျှင် (၁ နာရီခွဲ) စနစ်တကျ သင်ကြားပေးခြင်း။
📅 သင်တန်းအချိန်စာရင်း (Class Schedule)
သင်ကြားမည့်ရက်: Monday to Saturday (တနင်္လာနေ့ မှ စနေနေ့အထိ)
⏰ အတန်းချိန်အသေးစိတ်ကို မိမိတို့အဆင်ပြေမည့် အချိန်ဖြစ်စေရန် ညှိနှိုင်းတိုင်ပင်၍ ရွေးချယ်နိုင်ပါသည်။
⚠️ အထူးသတိပြုရန်: သင်ကြားမှု အရည်အသွေးကို အပြည့်အဝ အာမခံချင်တဲ့အတွက် တစ်တန်းလျှင် လူဦးရေ ကန့်သတ်ချက်ဖြင့်သာ လက်ခံသွားမည် ဖြစ်ပါသည်။ မိမိတို့ စိတ်ပါဝင်စားပါက အမြန်ဆုံး စာရင်းပေးသွင်းရန် တိုက်တွန်းပါရစေ။
––––––––––-
သင်တန်းအပ်နှံရန်နှင့် အသေးစိတ် စုံစမ်းလိုပါက👇👇
📲Hotline:09 694 394 036 , 09 662 074 353
🏢 လိပ်စာ: ဟိုပန်မြို့၊ ဈေးရပ်ကွက်၊ (ဝ) တောင်တန်း တည်းခိုခန်းအနီး။
"နည်းပညာခေတ်မှာ ခြေတစ်လှမ်းသာဖို့... ဒီနေ့ပဲ စတင်ပြီး ပြင်ဆင်လိုက်ပါ။" 🌟