H&K Computer Center

  • Home
  • H&K Computer Center

H&K Computer Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from H&K Computer Center, Computer repair service, .

Windows Activation
Microsoft Office Installation & Activation
Software Installation
Error Fixing
💬 Knowledge Sharing
Happiness and kindness is our objective

👦👧 ကလေးငယ်များအတွက် နည်းပညာကမ္ဘာ 🚀📌 *ကလေးငယ်များကို ကွန်ပျူတာနဲ့ ပက်သက်သော နည်းပညာများ*  📈 အစဉ်တိုးတက်စေချင်တယ်ဆိုရင်......
03/06/2025

👦👧 ကလေးငယ်များအတွက် နည်းပညာကမ္ဘာ 🚀

📌 *ကလေးငယ်များကို ကွန်ပျူတာနဲ့ ပက်သက်သော နည်းပညာများ*
📈 အစဉ်တိုးတက်စေချင်တယ်ဆိုရင်...

👉 အဓိက လေ့လာရမယ့် ဘာသာစကားကတော့
**English Language** 🗣️ ပဲ ဖြစ်ပါတယ်။

💡 နည်းပညာတွေ တိုးတက်လာလေလေ...
➡️ **English ဘာသာစကားကို နားလည်သဘောပေါက်နေဖို့ လိုအပ်ပါတယ်။**

📣 မကြာမီ အချိန်အတွင်းမှာ —
**H&K Computer Center မှ**
📚 အခြေခံပညာ **အလယ်တန်းအရွယ်အတွက်**
💻 *English + Technology* တွဲဖက်ထားတဲ့
**သင်တန်းသစ်လေးနဲ့ မိတ်ဆက်ပေးဖို့ အသင့်ဖြစ်နေပါပြီ။**

💬 စိတ်ဝင်စားသူများ ✉️ Message ပေးပို့နိုင်ပါတယ်နော်။

🌱 *ရွင်လန်းချမ်းမြေ့ကြပါစေ...*


ကျောက်ဆည် ဆူးကုန်းကျောင်း မှာ ဝန်ဆောင်မှုပေးခဲ့ပါတယ်! 🛠️💻ကျွန်ုပ်တို့ HandK Computer Center မှဆူးကုန်းကျောင်းရှိ Desktop...
21/05/2025

ကျောက်ဆည် ဆူးကုန်းကျောင်း မှာ ဝန်ဆောင်မှုပေးခဲ့ပါတယ်! 🛠️💻

ကျွန်ုပ်တို့ HandK Computer Center မှ
ဆူးကုန်းကျောင်းရှိ Desktop ၂လုံး ကို
ငလျှင်အချိန်က ထိခိုက်မှုရှိ/မရှိ စစ်ဆေးခြင်း,
Power မတက်သော စက်များကို Software/Hardware စစ်ဆေးခြင်း ပြုလုပ်ပေးခဲ့ပါတယ်။

ယခုလိုပြဿနာများကြုံတွေ့နေလား?
Software error, Windows မတက်တာ, စက်ကကောင်းကောင်း အလုပ် မလုပ်တာတွေရှိလား?
HandK Computer Center ကို အကြောင်းကြားလိုက်ပါနော်!

စိတ်ချရတဲ့ စက်ပြုပြင်မှုနဲ့ အရည်အသွေးမြင့် ဝန်ဆောင်မှု - HandK Computer Center

📞 ဆက်သွယ်ရန်: [09 7911 42 610] Telegram, Viber, Whatsapp
📍 Location: ကျောက်ဆည်မြို့


#ကျောက်ဆည်IT




#စက်ပြုပြင်မှု
#ကျောင်းစက်စစ်ဆေး
#မြန်မြန်ဆန်ဆန်

📢 IT Fundamental Online Class Registration Open!🚀  💡 HandK Computer Center မှ Telegramနဲ့ Google Meeting တွေကနေ သင်ကြားပ...
18/05/2025

📢 IT Fundamental Online Class Registration Open!🚀
💡 HandK Computer Center မှ Telegramနဲ့ Google Meeting တွေကနေ သင်ကြားပေးမည့်
IT Fundamental သင်တန်း စတင်မည်!
📅 အတန်းစတင်မည့်ရက် (Mon to Thur)
🕒 သင်ကြားချိန် - 8PM to 9PM
💻 သင်ကြားမည့်အကြောင်းအရာ
✅ IT အခြေခံသဘောတရား
✅ Software & Hardware ရှင်းလင်းခြင်း
✅ Network & Security များ
✅ Computer သုံးစွဲမှုအချက်အလက်များ

ဘာကြောင့် တတ်သင့်တာလဲ

သိပ္ပံနဲ့ နည်းပညာခေတ်မှာ သိသင့်သိထိုက်တဲ့ Knowledge ရှိစေဖို့ပါ

👨‍💻 အတန်းကို ဘယ်သူသင်ပေးမလဲ?
🧑‍🏫 ဆရာထက်မြက် (MCPA Professional Member)- IT နယ်ပယ်တွင် အတွေ့အကြုံရှိပြီး ကျွမ်းကျင်မှုပြည့်စုံသည့်သင်ကြားသူတစ်ဦးဖြစ်သည်။

သင်တန်း ထိရောက်မှုရှိစေရန်
လူနည်းစုသာ စာရင်းပေးသွင်းနိုင်ပါမည်

🔎 သင်တန်းအကြောင်းကို ပိုမိုသိရှိလိုပါက
✉️ ဆက်သွယ်ရန် - [Viber Telegram WhatsApp Page Messenger]
📞 ဖုန်းနံပါတ် - [09 7911 42 610]

📌 HandK Computer မှ တင်ဆက်သော IT နယ်ပယ်ကို စိတ်ဝင်စားသူတိုင်းအတွက် လက်မလွှတ်သင့်တဲ့ သင်တန်း! 🌟
🔥 စတင်လိုက်ပါ IT ကြီးကြီးမားမားလောကထဲ!💻

သင်တန်း fees - 30000 (1Month)

📌

📢✨ ChatGPT အတန်းဖွင့်ကြောင်း ကြေညာချက် 🤖📚နည်းပညာကို စတင်မိတ်ဆက်ချင်သူတွေအတွက် အကောင်းဆုံးအချိန်! ⏰🚀မိတ်ဆွေတို့အတွက် “Cha...
11/05/2025

📢✨ ChatGPT အတန်းဖွင့်ကြောင်း ကြေညာချက် 🤖📚
နည်းပညာကို စတင်မိတ်ဆက်ချင်သူတွေအတွက် အကောင်းဆုံးအချိန်! ⏰🚀
မိတ်ဆွေတို့အတွက် “ChatGPT For First Touch” လို့ခေါ်တဲ့ AI နဲ့ ChatGPT အကြောင်းအခြေခံသင်တန်းကို ဖွင့်ပေးသွားမှာပါ။

AI နည်းပညာများကို မြန်မာကွန်ပျူတာပညာရှင်များအသင်းရဲ့ Professional Member တစ်ဦးဖြစ်တဲ့ ဆရာထက်မြက် မှ Knowledge Sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ 🙋‍♂️📘

လူတိုင်းအတွက် အသုံးဝင်ပြီး နည်းပညာကို စတင်နားလည်ဖို့အကောင်းဆုံးအခြေခံသင်တန်း! 💡🌐
📌 ဘာတွေသင်မလဲ?
🔹 AI ဆိုတာဘာလဲ?
🔹 ChatGPT ဘာလဲ?
🔹 ဘာကြောင့် AI ကို သုံးသင့်သလဲ?
🔹 ChatGPT ကဘာကြောင့်ထူးခြားသလဲ?
🎯 သင်တန်းရည်ရွယ်ချက် –
နည်းပညာနဲ့ မိတ်ဆက်ဖို့ စိတ်ကူးထားသူတိုင်းအတွက် AI နဲ့ ChatGPT ကို စတင်နားလည်လာဖို့အတွက်...
🗓️ သင်တန်းကာလ – 1 week
📅 စတင်မည့်ရက် – 15 May 2025 ( 7PM )
💻 နည်းလမ်း – Zoom Meeting + Telegram Group Support
📱 ကာလတို Online သင်တန်းဖို့ နည်းပညာကို စမ်းသပ်နေသူများအဖို့ –
Smartphone or Laptop တစ်ခုရှိတာနဲ့ အခမဲ့ တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်! 🎉🆓
________________________________________
📝 တက်ချင်သူများ –
1️⃣ Page ကို 👍 Like & Follow လုပ်ထားပေးပါ
2️⃣ 📸 Screenshot လေးကို အောက်မှာ မန့်ထားပေးပါ
3️⃣ 🔗 Telegram Link လေး ပြန်ရှယ်ပေးပါမယ်
📣 AI နဲ့အနာဂတ်ကို စတင်ဖို့အချိန်က ဒီနေ့ပါ! မလွှတ်တမ်းနဲ့ တက်လိုက်ကြရအောင်! 🚀

အသေးစိတ် သိလိုတာများကို page messenger ကနေ လာရောက်မေးမြန်းလို့ရပါတယ်ခဗျာ


#နည်းပညာသင်တန်း ြန်မာ

Knowledge Sharing Day 3🔥💻 Laptop ပူတာနဲ့ Adapter ပျက်တာ... မထင်မှတ်ပေမယ့် တကယ်ကြုံနေရတဲ့ပြဿနာ!ဒီနေ့မှာ သင်သုံးနေတဲ့ lapt...
05/05/2025

Knowledge Sharing Day 3

🔥💻 Laptop ပူတာနဲ့ Adapter ပျက်တာ... မထင်မှတ်ပေမယ့် တကယ်ကြုံနေရတဲ့ပြဿနာ!

ဒီနေ့မှာ သင်သုံးနေတဲ့ laptop လေးကို ပိုမိုစိတ်ချစွာ အသုံးပြုနိုင်ဖို့အတွက် အသိပညာလေးမျှဝေချင်ပါတယ်။

🌡️ 1. Laptop ပူနေလား? ဒီအကြောင်းတွေကြောင့်ဖြစ်နိုင်တယ်။

🌀 Fan မသန့်လို့ – ဖုန်တွေစုနေလို့လေဝင်လေထွက်မကောင်းတော့တာ။
🪵 အခင်းထူထူပေ်တင်ထားလို့ – လေဝင်လေထွက်မကောင်းအောင်ပိတ်နေတာပဲ။
☀️ နေပူထဲမှာသုံးတာ – နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ ရင် အပူမြန်တယ်။
💼 Laptop ကို သုံးပြီး တန်းသိမ်းခြင်း – အပူပြန်ထွက်ဖို့လမ်းမရှိတော့ဘူး။

📌 ဖြေရှင်းနည်းများ
✅ Cooling Pad သုံးပါ
✅ အောက်ကပိတ်မဲ့အဖုံးတွေ မသုံးပါနဲ့
✅ ဖုန်သုတ်ပေးပါ (နှစ်အနည်းငယ်တစ်ကြိမ်)
✅ အေးတဲ့နေရာမှာ ထားသုံးပါ

🔌⚡ 2. Adapter ပျက်စီးရလွယ်တဲ့အကြောင်းတွေ

🔌 Socket မှားသုံးခြင်း – Voltage မကိုက်ရင် ခဏနဲ့ပျက်တယ်
🧯 Adapter ပူနေခြင်း – မကိုက်ညီသော adapter များ
💢 ပတ်ဝန်းကျင်ပူလွန်းတာ – Adapter အပူလွန်ပြီး ပျက်လွယ်တယ်
🪫 နာရီပေါင်းများစွာ plugin ထားခြင်း – Battery အားပြည့်ပြီးရင်ဖြုတ်တာကအကောင်းဆုံး

📌 ဖြေရှင်းနည်းများ
✅ Original Adapter ကိုသာ သုံးပါ
✅ Plug-in လုပ်ထားတာကို အမြဲစစ်ပါ
✅ ပူနေတယ်ထင်ရင် ခဏအေးအောင်ချထားပါ
✅ မိမိ Laptop Spec ကို ကိုက်ညီတဲ့ Adapter ဖြစ်မဖြစ်စစ်ပါ

💬 သင်ရဲ့ Laptop နဲ့ Adapter ကို ဘယ်လိုထိန်းသိမ်းတယ်လို့ ထင်လဲ? မှတ်ချက်မှာမျှဝေလိုက်ပါနော်!

🔁 တခြားသူတွေလည်း သိအောင် Share လုပ်ကြရအောင်နော်!

🧑‍💻Computer နဲ့ ပက်သက်သည့် အသိပညာနဲ့ နည်းပညာ အခက်အခဲများရှိပါက
ကျွန်တော် တို့ H&K Computer Center နဲ့ ဆက်သွယ် ဖြေရှင်းလို့ရပါတယ်

🛜online ဝန်ဆောင်မှုများလဲ တတ်နိုင်သလောက် ပေးပါတယ်ခဗျာ။❤️



ူနေလား
ိထား

#နည်းပညာမျှဝေခြင်း

ုံးပြုနည်း
#နည်းပညာသင်ကြားမှု
#ကျွန်တော်တို့Pageမှမျှဝေသည်



Knowledge Sharing Day 2💻 Laptop တစ်လုံးကို စိတ်ချယုံကြည်စွာ ဝယ်ဖို့ ဘာတွေသိထားသင့်လဲ?💡 ယနေ့ခေတ်မှာ laptop တစ်လုံးဟာ ကျော...
03/05/2025

Knowledge Sharing Day 2

💻 Laptop တစ်လုံးကို စိတ်ချယုံကြည်စွာ ဝယ်ဖို့ ဘာတွေသိထားသင့်လဲ?
💡 ယနေ့ခေတ်မှာ laptop တစ်လုံးဟာ ကျောင်းသူကျောင်းသားတွေအတွက်ပဲဖြစ်စေ၊ အလုပ်သမားတွေ၊ Freelancer တွေအတွက်ပဲဖြစ်စေ — မဖြစ်မနေလိုအပ်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့် ဈေးအမျိုးမျိုး၊ Brand မျိုးစုံကြားကနေ ရွေးချယ်ဖို့အခက်အခဲရှိတတ်ပါတယ်။ 😵‍💫
ဒါကြောင့် ဒီမှာ Laptop ဝယ်ရာမှာစဉ်းစားသင့်တဲ့ အချက်လေးတွေကို မျှဝေလိုက်ပါတယ်။

🧠 ၁။ သုံးစွဲရတဲ့ရည်ရွယ်ချက်ကို ဦးစားပေးပါ။
• 📘 စာသင်/Online Class/Note-taking — Core i3 / Ryzen 3, 4GB RAM, SSD 256GB လောက်လုံလောက်ပါတယ်။
• 💻 Programming/Designing/Video Editing — Core i5+ / Ryzen 5+, RAM 8GB+ SSD 512GB+ GPU ပါဝင်တာကောင်းတယ်။
• 🎮 Gaming — Dedicated Graphics Card (NVIDIA/AMD), RAM 16GB+ လိုပါတယ်။

⚙️ ၂။ Spec တွေကိုနားလည်စွာကြည့်ပါ။
• Processor (CPU): အဓိကအရေးကြီးဆုံးပစ္စည်းပါပဲ။ Intel နဲ့ AMD ကထုတ်တာတွေရှိတယ်။
• RAM: စကားတစ်ခုနဲ့ပြောရရင်၊ တစ်ခုထဲမထားဘဲ တစ်ခုထဲလုပ်မယ်ဆိုရင် 4GB လောက်လုံတယ်။ Multitask လုပ်မယ်ဆိုရင် 8GB+ ပိုကောင်းတယ်။
• Storage: SSD ရှိမှ စက်အိတ်အဖွင့် ပိုမြန်တယ်။ NVME SSD ဆိုပိုကောင်းပါတယ်။
• Battery Life: အနည်းဆုံး ၂ နာရီနဲ့အထက်ရှိတာကြည့်ပါ။
• Build Quality: သံသတ္တုသားသုံးထားတာက ပိုခံတယ်။

🔒 ၃။ Warranty & After-Sales Service တွေစစ်ဆေးပါ။
• ပစ္စည်းကောင်းလည်းရှိတယ်၊ ဝယ်ပြီးမှ ပြဿနာတက်ရင် ဘယ်သူကိုပြသလဲဆိုတာလည်းအရေးကြီးတယ်။ Local warranty နဲ့ official service center ရှိ/မရှိစစ်ပါ။

💬 သင်တို့ရဲ့ Laptop Experience ကိုလည်း comment မှာမျှဝေကြပါဦး။ မိမိသုံးနေတဲ့ Brand / Model တင်ပြလို့ရပါတယ်။

🔁 အခြားသူတွေလည်းအကျိုးရှိအောင် share လုပ်ပေးဖို့မမေ့နဲ့နော်!

🧑‍💻နည်းပညာနဲ့ ပက်သက်ပြီး မကြာမှီ 🛜 online သင်တန်းလေးများလဲဖွင့်ဖို့ ရှိကြောင်း သတင်းကောင်းလေးပါးအပ်ပါသည် 💁

#နည်းပညာ #ကွန်ပျူတာ

Knowledge Sharing Day 1📣📣 နောက်ဆုံးပေါ် Intel Core Series မှာ ပါတဲ့ "Ultra" ဆိုတာ ဘာလဲ? 🤔✨ ဘယ်လို အလုပ်တွေအတွက် အထူးသင့်...
01/05/2025

Knowledge Sharing Day 1

📣📣 နောက်ဆုံးပေါ် Intel Core Series မှာ ပါတဲ့ "Ultra" ဆိုတာ ဘာလဲ? 🤔✨ ဘယ်လို အလုပ်တွေအတွက် အထူးသင့်တော်လဲ? 🤩
Intel ရဲ့ နောက်ဆုံးပေါ် Processor တွေမှာ "Core" အပြင် "Ultra" ဆိုတဲ့ အမည်ကိုလည်း တွေ့ရမှာပါ။ ဒါက ဘာကို ဆိုလိုတာလဲ? ပြီးတော့ ဘယ်လို အသုံးပြုသူတွေအတွက် အဓိက ရည်ရွယ်ထားတာလဲ? လေ့လာကြည့်ရအောင်! 🤓
Intel Core Series (Core 3, 5, 7, 9) ⚙️
• ဒါကတော့ ပုံမှန်အားဖြင့် နေ့စဉ်အသုံးပြုမှုတွေအတွက် အဓိက ရည်ရွယ်ထားတဲ့ Processor အမျိုးအစားတွေပါ။ 💻
• စာရိုက်တာ 📝၊ အင်တာနက်ကြည့်တာ 🌐၊ ရုပ်ရှင်ကြည့်တာ 🎬၊ သီချင်းနားထောင်တာ 🎶 စတဲ့ လုပ်ငန်းဆောင်တာတွေအတွက် အဆင်ပြေပါတယ်။
• Core 3 ကနေ Core 9 အထိ စွမ်းဆောင်ရည် အလိုက် အမျိုးမျိုး ရှိတာကြောင့် ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတာကို ရွေးချယ်နိုင်ပါတယ်။ 👍
Intel Core Ultra Series (Ultra 5, Ultra 7, Ultra 9) 🚀
• "Ultra" လို့ ပါလာပြီဆိုရင်တော့ ဒါဟာ ပိုပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Processor တွေကို ရည်ညွှန်းပါတယ်။ 💪
• အထူးသဖြင့် ပါဝါအသုံးပြုမှု သက်သာပြီး ဘက်ထရီကို ကြာရှည်ခံစေဖို့ အဓိက ဦးစားပေး ထုတ်လုပ်ထားတာပါ။ 🔋✨
• ဒါ့အပြင် AI (Artificial Intelligence) နဲ့ Machine Learning လုပ်ငန်းတွေကို ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်ဖို့အတွက် အထူး Hardware တွေ ထည့်သွင်းထားတာကိုလည်း တွေ့ရပါတယ်။ 🧠💡
ဘယ်လို အလုပ်မျိုးတွေအတွက် ရည်ညွှန်းလဲ? 🤔
• ခရီးသွားများ ✈️ နဲ့ အပြင်မှာ အများကြီး အလုပ်လုပ်ရသူများ: ပါဝါစားသက်သာပြီး ဘက်ထရီ ကြာရှည်ခံတာကြောင့် တစ်နေကုန် အားသွင်းစရာမလိုဘဲ အသုံးပြုနိုင်ပါတယ်။ 🎒🌍
• Content ဖန်တီးသူများ (Content Creators) 🎨🎬: ဗီဒီယိုတည်းဖြတ်တာ ✂️၊ ဓာတ်ပုံ ပြုပြင်တာ 🖼️၊ ဂရပ်ဖစ် ဒီဇိုင်းလုပ်တာ ✍️ စတဲ့ လုပ်ငန်းတွေကို ပိုမိုမြန်ဆန် ချောမွေ့စွာ လုပ်ဆောင်နိုင်ပါတယ်။
• AI နဲ့ Machine Learning ကို အသုံးပြုသူများ 🤖: AI ဆိုင်ရာ Application တွေ၊ Data တွေကို လေ့လာခွဲခြမ်းစိတ်ဖြာတဲ့ လုပ်ငန်းတွေကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ပါတယ်။
• Multi-tasking လုပ်ရတာ များသူများ multitasking: Program များစွာကို တစ်ပြိုင်နက် အသုံးပြုရတဲ့အခါမှာလည်း လျင်မြန်စွာ တုံ့ပြန်နိုင်စွမ်း ရှိပါတယ်။ 💨
(အချုပ်) 📝
သာမန် Core Series က နေ့စဉ်အသုံးပြုမှုအတွက် အဓိကဖြစ်ပြီး Core Ultra Series ကတော့ စွမ်းဆောင်ရည်မြင့်မားမှု၊ ပါဝါသက်သာမှုနဲ့ AI လုပ်ငန်းတွေကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ အထူး ရည်ရွယ်ထားတာပါ။
သင့်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Processor ကို ရွေးချယ်ခြင်းဟာ အကောင်းဆုံး အတွေ့အကြုံကို ရရှိစေမှာပါ။ 😉💯

နောက်ထပ် နည်းပညာဆိုင်ရာ ဗဟုသုတတွေအတွက် ကျွန်တော်တို့ရဲ့ Page ကို ဆက်လက် စောင့်ကြည့်အားပေးပါဦးနော်! 👍❤️
#နည်းပညာ #ကွန်ပျူတာ


Credit images -->> pcper.com & sora.chatgpt.com

💻💡 လက်ရှိအချိန်မှာ Laptop တစ်လုံးဟာ 📚ကျောင်းသမားတွေကနေ 🧑‍💼အလုပ်သမားတွေအထိ မဖြစ်မနေလိုအပ်လာတဲ့ ကိရိယာတစ်ခုဖြစ်လာပါပြီ။👨‍💻...
30/04/2025

💻💡 လက်ရှိအချိန်မှာ Laptop တစ်လုံးဟာ 📚ကျောင်းသမားတွေကနေ 🧑‍💼အလုပ်သမားတွေအထိ မဖြစ်မနေလိုအပ်လာတဲ့ ကိရိယာတစ်ခုဖြစ်လာပါပြီ။

👨‍💻 IT နဲ့ပတ်သက်တဲ့အလုပ်တွေမှာလည်း လက်ထဲမှာ Laptop ရှိတာက အရေးကြီးတဲ့အချက်ပါ။

🛠️ သင်ရဲ့ Laptop ကို မှန်မှန်ကန်ကန် သုံးနည်း၊ ပြုပြင်နည်းတွေ 💡 သိထားခြင်းကလည်း သင့်အလုပ်အတွက် Extra Plus တစ်ခုပါ။ 🚀

👨‍💻AI နည်းပညာများကိုလဲ 🖥️computer ပေါ်မှာ အခြေပြုပြီး အသုံးချတတ်မယ်ဆိုရင် လုပ်ငန်းခွင်အတွက်ကတော့ Ultra Plus တစ်ခုပါပဲ။💥🛸

Computer နဲ့ပက်သက်ပြီး သိချင်တာ သိသင့်တာများကို H & K computer center ကနေ နောက်ပိုင်း ပိုမို တင်ပြသွားပါအုံးမယ်ခဗျာ

Contact us -->> 09 7911 42 610







Credit images ( Microsoft Designer )

💻 သင့်ကွန်ပျူတာပြဿနာတွေကို တစ်နေရာထဲမှာ အလွယ်တကူဖြေရှင်းလိုက်ပါ!မင်္ဂလာပါ Tech ချစ်သူ၊ computer အသုံးပြုသူ customer လေးတ...
29/04/2025

💻 သင့်ကွန်ပျူတာပြဿနာတွေကို တစ်နေရာထဲမှာ အလွယ်တကူဖြေရှင်းလိုက်ပါ!

မင်္ဂလာပါ Tech ချစ်သူ၊ computer အသုံးပြုသူ customer လေးတို့ရေ! 👋
ကျွန်တော်တို့ H & K Computer Center စာမျက်နှာလေးကနေ သင့်ရဲ့ကွန်ပျူတာ၊ လက်တော့ပ်နဲ့ဆိုင်တဲ့ ပြဿနာတွေကို အိမ်မထွက်ဘဲ Online ကနေ အဆင်ပြေပြေဖြေရှင်းပေးနေပါပြီ!

✔️ ကျွန်တော်တို့နဲ့အတူ အခုလိုအရာတွေ အလွယ်တကူလုပ်လို့ရမယ်
Windows Activation (လိုင်စင် သက်တမ်းတိုး ဖြေရှင်းခြင်း)
Microsoft Office Installation & Activation (Word, Excel, PowerPoint)
Software Installation (Antivirus, Editing Tools, office Apps အစုံ)
Error Fixing (Blue Screen, Slow PC, Driver Issues)
Wi-Fi/Network Problem နဲ့ Data Unhidden အထိ!

တခုလောလောဆယ် ရရှိနိုင်တဲ့
🔧 ဝန်ဆောင်မှုလေးတွေက ဘယ်လိုမျိုးလဲ?
1️⃣ Remote Ultra Viewer/AnyDesk နဲ့ ချိတ်ဆက်ပြီး ဖြေရှင်းပေးခြင်း
2️⃣ Step-by-Step Guide တွေနဲ့ ကိုယ်တိုင်လုပ်နိုင်အောင် သင်ပေးခြင်း
3️⃣ ဈေးနှုန်းသက်သာ + အချိန်ကုန်သက်သာ ( online services )
4️⃣ ကျောက်ဆည်မြို့တွင်းဆိုလျှင် လိုအပ်ပါက လာရောက်ကြည့်ရှုပေးပါသည် (လျှပ်စစ်မီးရလျှင် ပိုအဆင်ပြေပါသည်)

📌 စိတ်ဝင်စားရင် Inbox ဒါမှမဟုတ် Comment မှာချန်ထားခဲ့နိုင်ပါတယ်!
(ဥပမာ - "Windows Activate လုပ်ပေးပါ" / "excel လေး ရိုက်မရလို့ ")

💬 Knowledge Sharing အနေနဲ့လည်း

တစ်ပတ်တစ်ခါ
1. Tech Tips တွေ
2. Free Software Alternatives
3. ကွန်ပျူတာအခြေခံသင်ခန်းစာတွေ ကိုလည်း မျှဝေပေးသွားမှာမို့ Page Like & See First လုပ်ထားလိုက်နော်!

နောက်ပိုင်းမှာ ဆိုင်ခန်းလေးနဲ့ သင်တန်းနေရာလေး ပြန်လည်မျှဝေပေးသွားပါအုံးမယ်

နည်းပညာကို အစဉ်လေးစားလျက်
Happiness and kindness is our objective

&K

ဒီနေ့ ကျွန်တော်တို့ H&K Computer Center page လေး စတင်တဲ့နေ့လေးဖြစ်တာကြောင့်မလို့ဒီနေ့တစ်ရက်တာ (4-29-2025) တွင် online မှ...
29/04/2025

ဒီနေ့ ကျွန်တော်တို့ H&K Computer Center page လေး စတင်တဲ့နေ့လေးဖြစ်တာကြောင့်မလို့
ဒီနေ့တစ်ရက်တာ (4-29-2025) တွင် online မှ လုပ်‌ဆောင်ပေးနိုင်သော computer နဲ့ ဆက်စပ်သော
error များ မသိတာများကို Free ဝန်ဆောင်မှုပေးပါမယ်။
😊 မိတ်ဆွေတို့ဘက်မှ ကူညီသောအားဖြင့် ကျွန်တော်တို့ရဲ့ page လေးကို 👍like, 📤Share, ✅ Follow လေးလုပ်ဆောင်ပေးပါခဗျာ။
နောက်ပိုင်းတွင် 🎶TikTok မှ နေ့စဉ်သိသင့်သော knowledge လေးများနင့်
error ဖြေရှင်းခြင်းများ ဆက်လက်တင်ပြသွားပါမည်။
မိတ်ဆွေတို့ စက်တွင်🛜 internet access ရှိရန်နင့် အောက်ပါ🧑‍💻 software လေးများ
download လုပ်ထားပါက ပို အဆင်ပြေပါသည်။
Anydesk Software Download လုပ်ရန်
https://anydesk.com/en/downloads/thank-you?dv=win_exe
Ultra Viewer Download လုပ်ရန်
https://www.ultraviewer.net/en/UltraViewer_setup_6.6_en.exe
Page Link
https://www.facebook.com/share/1FmfpLtjhq/

Address


Website

Alerts

Be the first to know and let us send you an email when H&K Computer Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Computer & Electronics Service?

Share