21/09/2018
🔺❝ ဝေဒနာကို သိအောင်ရှုရမယ် ❞
❖ ဝေဒနာကို ရှုတဲ့အခါမှာ-
🔚၁။ပျောက်သွားအောင်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ ရှုတာရယ် •••
🔚၂။ဝေဒနာကို အပြုတ်တိုက်မယ်ဆိုတဲ့
စိတ်ကြမ်းကြီးနဲ့ ရှုတာရယ် •••
🔚၃။ဝေဒနာကို သိအောင်ရှုတာရယ် •••
ဆိုပြီးရှိတယ်။
❖ ပထမနည်း နဲ့ ဒုတိယနည်းက
ပယ်ရမယ့်နည်းပါ •••
ဝေဒနာကို ပျောက်ချင်စိတ်နဲ့မရှုပါနဲ့။
သူများတွေဝေဒနာကျော်သွားတယ်၊
ပျောက်သွားတယ်ဆိုရင် ကိုယ်လဲပျောက်ချင်၊
ချုပ်ချင်တယ်။ အဲဒီစိတ်နဲ့ရှုရင် မှတ်ချက်တိုင်းမှာ
ဝေဒနာပျောက်ချင်တဲ့ "လောဘ"ပါနေတယ်။
ဒီဝေဒနာပျောက်ချင်စိတ်ကြီးနဲ့ ရှုနေတော့
လောဘဖြစ်မနေဘူးလား!
❖ တချို့ကျတော့လည်း
ဒေါသ သမားက ရှိသေးတယ်။
ဒီလောက်တောင် နာတဲ့ဟာကို အပြုတ်
တိုက်မယ် ဆိုတဲ့ဒေါသကြီးနဲ့ပေါ့ဗျာ။
အဲဒီဒေါသကြီးနဲ့လည်း မရှုပါနဲ့တဲ့။
✅ ၀ိပဿနာရှုတယ်ဆိုတာ
လောဘ၊ ဒေါသ်၊ မောဟကုန်အောင်၊ ပါးအောင်
လုပ်တာမဟုတ်လား !
❖ အဲဒါကြောင့်
🔜လောဘ၊ဒေါသကြီးနဲ့ရှုရင် ရှုနည်းမှားတယ်။
🔜အဲဒါကြောင့် ပျောက်ချင်စိတ်ကြီးနဲ့ မရှုပါနဲ့တဲ့။
🔜အပြုတ်တိုက်မယ်ဆိုတဲ့ စိတ်ကြီးနဲ့မရှုပါနဲ့တဲ့။
❖ ဘယ်လိုနည်းနဲ့ရှုရမလဲဆိုရင်-
⏩ဝေဒနာကို သိအောင် ရှုရပါမယ်။
⏩၀ိပဿနာဆိုတာရုပ်တွေ နာမ်တွေ ရဲ့
သဘောကိုသိအောင်လုပ်တာ။
⏩လှုပ်ရှားနေတာတွေ ၊မာတာ ပျော့တာတွေ၊
ပူတာအေးတာတွေကရုပ်တရား ။
⏩အခုခံစားနေရတဲ့ဝေဒနာတွေကနာမ်တရားတွေ။
⏩အဲ့ဒီ နာမ်တရားဖြစ်တဲ့ဝေဒနာတို့ ၊စိတ်တို့ရဲ့
သဘောကိုဝိပဿနာဉာဏ်နဲ့ရှုမှတ်နေရတာ။
❖ ချမ်းမြေ့ဆရာတော်ဘုရားကြီးရဲ့
ဝေဒနာရှုနည်း သုံးနည်းရှိတယ်။
🔚၁။ ရန်သူကို ရင်ဆိုင်တိုက်ခိုက်နည်း၊
🔚၂။ ချုံခို တိုက်ခိုက်နည်း။
🔚၃။ ရန်သူကိုချော့သတ်နည်း။
⚜လူငယ်လူရွယ် တွေကတော့-
ရင်ဆိုင်တိုက်ခိုက်နည်းက ကောင်းတယ်။
နှလုံးရောဂါရှိတဲ့သူဆိုရင် ချုံခိုတိုက်ခိုက်နည်းကကောင်းတယ်။
ချုံခိုတိုက်ခိုက်နည်းကကိုယ့်ရဲ့ကမ္မဋ္ဌာန်းကို
များများ မှတ်ပြီးနောက်မှဝေဒနာကိုပြန်ရှုတာ။
အင်မတန်အသက်ကြီးတဲ့ ပုဂ္ဂိုလ်ကတော့ပင်တိုင်ကမ္မဋ္ဌာန်းကို အကြာကြီးမှတ်ပြီးတော့နောက်မှဝေဒနာကိုရှု။
အဲ့ဒါချော့သတ်နည်းပေါ့။
⚜ရင်ဆိုင်တိုက်ခိုက်နည်းဆိုတာ
ဝေဒနာအပေါ်စိတ်ကို တည့်တည့်မှတ်မှတ်ထားပြီး၊
နာတဲ့အပေါ် စိတ်ကို တည့်တည့်ထားပြီး
ထိုင်တယ်၊ထိတယ်၊နာတယ်၊
ထိုင်တယ်၊ထိတယ်၊နာတယ်-လို့စူးစူးစိုက်စိုက်မှတ်။
နာတာကျဉ်တာတွေကိုစိတ်ရှည်ရှည်နဲ့သည်းညည်းခံပြီး
မှတ်တာပါ။
❖ပေါ်လာတဲ့ဝေဒနာတွေက ဒုက္ခသစ္စာ။
ဖြစ်တဲ့အတိုင်းမှတ်နေတာကမဂ္ဂသစ္စာ။
အပါယ်လေးပါးမကျအောင်လို့ဒုက္ခသစ္စာကိုသိဖို့ရာ
ဝေဒနာကအများဆုံးသိနိုင်တယ်။
❖ဝေဒနာ၊သတိ ဆိုတာ
နာရင် နာတယ်လို့မှတ်တာ။
သတိအားကောင်းလာတော့ဝေဒနာသမာဓိ
ဖြစ်လာတယ်။ ဝေဒနာနဲ့သမာဓိ ဘောင်ချိန်လိုက်ရင်
ပညာပေါ်လာတယ်။
🔜ဒုက္ခဝေဒနာကိုကျော်လွန်အောင်
မမှတ်နိုင်လို့ရှိရင်ရှေ့လျောက်တရားတွေရဖို့
မလွယ်တော့ဘူး။ ရင်ဆိုင်တိုက်ခိုက်နည်းတော့
မြန်မြန်ဆန်ဆန်တရား သဘောတွေသိနိုင်ပါတယ်။
(မြစိမ်းတောင်ဆရာတော်-ဝေဒနာရှုနည်းတရားတော်)
http://dhammadownload.com/File-Library/MyaSeinTaungSayadaw-Bhaddanta-ZarNayYa/MyaSeinTaungSayadaw-WaiDaNarShootNyee.pdf
❁ အပ္ပမာဒေန သမ္မာဒေထ ✍
❀ရွှင်လန်း❀ချမ်းမြေ့❀ပါစေ❀