Versa POS

Versa POS Versa Studio ၏ Page အသစ်ဖြစ်ပါသည်။

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဒိုးပင်ခုံရွာက လှမေတ္တာ Mini Mart မှာ Versa Cloud POS ကို အသုံးပြုလျက်ရှိပါတယ်ခင်ဗျာ။မိတ်ဆွ...
27/08/2026

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဒိုးပင်ခုံရွာက လှမေတ္တာ Mini Mart မှာ Versa Cloud POS ကို အသုံးပြုလျက်ရှိပါတယ်ခင်ဗျာ။
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ တစ်ဖက်တစ်လမ်းက လက်တွဲဆောင်ရွက်ခွင့်ရတဲ့အတွက် Versa POS မိသားစု မှ ဂုဏ်ယူစွာ ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။

ဘယ်မှာမှ မရနိုင်ပါခင်ဗျာ။--------------------------နေ့စဉ် Dropbox Auto Backup - ဘယ်မှာမှ မရပါ။ Item Count Unlimited - ဘယ...
25/08/2026

ဘယ်မှာမှ မရနိုင်ပါခင်ဗျာ။
--------------------------
နေ့စဉ် Dropbox Auto Backup - ဘယ်မှာမှ မရပါ။
Item Count Unlimited - ဘယ်မှာမှ မရပါ။
အခက်အခဲ တစ်ခုခုဖြစ်တိုင်း ရက်မကူးတဲ့ Services - ဘယ်မှာမှ မရပါ။
လွယ်ကူရိုးရှင်းသလောက် စုံလင်တဲ့ Features တွေ - ဘယ်မှာမှ မရပါ။
ဘာပစ္စည်းမှ မထည့်ရသေးတဲ့ အခြေအနေကနေ Item 5,000 ကို 7 စက္ကန့်အတွင်း ပစ္စည်းမှတ်ပုံတင်ပြီး၊ အဝယ်မှတ်ပုံတင်ပြီး၊ Categories, Units, Supplier ထည့်သွင်းအပြီး အသင့်ရောင်းရုံအခြေအနေ - ဘယ်မှာမှ မရပါခင်ဗျာ။
Versa POS ရဲ့ ဝန်ဆောင်မှုမျိုးက ဈေးနှုန်းနီးနီးစပ်စပ်တွေထဲက ဘယ်မှာမှ မရပါခင်ဗျာ...။

21/08/2026

Versa Restaurant POS ကို ၁ နှစ်စာ ဝယ်ယူအားပေးသွားတဲ့
- မိုးညှင်းမြို့ မှ EC Bakery

Versa Cloud POS ကို ဝယ်ယူအားပေးသွားတဲ့
- အမှတ်၉၅ ပုလဲလမ်းမကြီး ပျော်ဘွယ်မှတ်တိုင် ၁၂ရပ်ကွက် ရွှေပြည်သာမြို့နယ် မှ Jocker ကားပစ္စည်းဆိုင်
- လားရှိုးမြို့မှ World Mobile & Cover
- မြိတ်မြို့ မှ KB Toy and Snack Shop
- မော်လမြိုင်မြို့မှ မမူမူအောင် Online Shop
- မြိုင်ကလေးမှ DD2 ယိုးဒယားဖိနပ်၊ အလှကုန်နှင့် စတိုး
တို့ကို Versa POS မှ အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ။
မိတ်ဆွေလုပ်ငန်းရှင်များ စီးပွားရေးလုပ်ငန်းများ တိုးတက်အောင်မြင်ကြပါစေကြောင်း ဆုတောင်းအပ်ပါသည်ခင်ဗျာ။

ကျနော်နှင့် Open-source Software များ။ ကျနော်တို့ လုပ်ငန်းခွင်ထဲမှာ ကွန်ပျူတာပြဿနာတွေ ဖြေရှင်းရတဲ့ထဲမှာ အတော်လေး ခေါင်းက...
15/08/2026

ကျနော်နှင့် Open-source Software များ။
ကျနော်တို့ လုပ်ငန်းခွင်ထဲမှာ ကွန်ပျူတာပြဿနာတွေ ဖြေရှင်းရတဲ့ထဲမှာ အတော်လေး ခေါင်းကိုက်ရတဲ့ ကိစ္စကတော့ လူကြီးတချို့က Cracked App တွေသွင်းခိုင်းတဲ့အချိန်ပါပဲ။ ကိုယ်တိုင် Freelance ဘဝကနေ Full time Software Engineer အဖြစ် Professional စလုပ်တဲ့အချိန် ၂၀၁၅ ကစပြီး Cracked/ Pirated Software တွေကို ဖြည်းဖြည်းချင်း လျှော့လာခဲ့တာ ၂၀၁၈-၂၀၁၉ လောက်မှာ ကိုယ်ပိုင်ကွန်ပျူတာတစ်ခုလုံးမှာ Cracked App ရယ်လို့ တစ်ခုမှ မရှိတော့ဘူး။ MS Office အစား Open Office/ OnlyOffice သုံးတယ်။ Adobe Creative Suite အစား Affinity Suite သုံးတယ်။ Software စရေးခါစ .Net သမားတိုင်း ကင်းကွာလို့မရတဲ့ MSSQL Server ကို လုံးဝဖြုတ်၊ MySQL, PostgreSQL ပဲ သုံးတော့တယ်။ Internet Download Manager အစား Neat Download Manager ကိုပဲ သုံးတော့တယ်။ Visual Studio ကိုလည်း Community Version ကိုပဲ သုံးပါတယ်။ Windows 10 ကို ဝယ်သုံးထားတဲ့အတွက် Windows 11 ကို အခမဲ့ ရတယ်။ (တကယ်သာ အခမဲ့လည်းမရ၊ ကျနော်လည်း မဝယ်နိုင်ရင် ကျနော် 11.10 ကတည်းက စသုံးခဲ့တဲ့ Ubuntu Linux ဖက်ကို ပြန်လှည့်ဖြစ်မှာပါ။ အခုလည်း Windows 11 က အခမဲ့ပေးနေတယ်ထင်ပါတယ်)
အထက်က ဆိုခဲ့သည့်အတိုင်း ကိုယ့်အထက်လူကြီးတစ်ဦးဦးက IDM လေးသွင်းပေးပါဦး။ Office လေး လိုင်စင်လုပ်ပေးပါဦး ဆိုလာရင် တော်တော်လေး ခေါင်းစားပြီး ငြင်းရခက်ပါတယ်။ Versa POS ကို စပြီး Run တဲ့အချိန်ကတည်းက အခုချိန်ထိ Develop လုပ်ခဲ့သမျှ Software တွေအားလုံးအတွက် အသုံးပြုတဲ့ Tools တွေ, ကြော်ငြာမှာထည့်သွင်းတဲ့ ရုပ်ပုံ၊ Design တွေ၊ နောက်ခံ Background Music ကအစ အခမဲ့ဖြန့်ဝေတဲ့ Royalty Free Music တွေကိုသာ သုံးစွဲထားတာဖြစ်လို့ စိတ်သန့်သန့်နဲ့ အသုံးပြုနိုင်ပါတယ်။ တင်တဲ့ ဗွီဒီယိုတွေမှာလည်း မူရင်း ဖန်တီးသူများကို အမည်ဖော်ပြ၊ Contribution ပေးခြင်းအားဖြင့် ဖန်တီးသူတွေအားလုံးကိုလည်း Credit ပေးခဲ့တာမျိုးပါ။
ကွန်ပျူတာသမားအဖြစ်ရပ်တည်လာတဲ့ ၂၀၀၉-၂၀၁၀ ကစလို့ ကျနော်ကိုယ်တိုင်လည်း Pirated Software တွေ, Cracked တွေနဲ့ လုံးလုံးလျားလျားကင်းခဲ့တယ်တော့ မဟုတ်ပါဘူး။ ကွန်ပျူတာကိုယ်ပိုင်တောင် မရှိခဲ့တဲ့အချိန်မှာ Software ဖိုးတွေ, Subscription တွေဖိုးတွေ ဘယ်တတ်နိုင်ပါ့မလဲ? ဒါပေမယ့် လက်ရှိအချိန်မှာ ကျနော်လုပ်နေဆဲ၊ လုပ်ဦးမယ့် Project တွေကိုတော့ အခမဲ့ဖြန့်ဝေတဲ့ Open-source Software တွေ၊ Royalty Free Media တွေနဲ့ပဲ ဆက်သွားဖို့ တွေးထားပါတယ်။
IT လောကကြီးရဲ့ အသက်သွေးကြောလို ထမ်းပိုးထားတဲ့ Open-source Developer တွေနဲ့ ဖန်တီးသူ အားလုံးကို ဦးညွတ်လျက်ပါ။

Ko Hein (Versa Coder)
Photo credit goes to OpenClipart-Vetctors from Pixabay.

Versa Cloud Enterprise POS ကို ၁ နှစ်စာ အသုံးပြုတပ်ဆင်ဝယ်ယူသွားတဲ့ - ရွှေပြည်သစ် စိုက်ပျိုးရေးဆေးဆိုင် (နောင်ချို)- ဆက်က...
11/08/2026

Versa Cloud Enterprise POS ကို ၁ နှစ်စာ အသုံးပြုတပ်ဆင်ဝယ်ယူသွားတဲ့

- ရွှေပြည်သစ် စိုက်ပျိုးရေးဆေးဆိုင် (နောင်ချို)
- ဆက်ကြည့်လိုက် Mobile (မော်လမြိုင်)
- ကာယကံမေတ္တာ ဆေးဆိုင် (လွိုင်ကော်)
- နန်းတော်သစ်စက်ပစ္စည်းဆိုင် (ဒိုက်ဦး)

ဆိုင်များကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
မိတ်ဆွေလုပ်ငန်းရှင်များ စီးပွားရေးလုပ်ငန်းများ အဆင်ပြေအောင်မြင်ကြပါစေကြောင်း Versa POS မိသားစုမှ ကျေးဇူးတင်ပါတယ်ခင်ဗျ။

မိုးရာသီအထူးအစီအစဉ်ကြီးလာပါပြီ-----------------------------------ရိုးရိုးရှင်းရှင်းနဲ့ အင်မတန် Powerful ဖြစ်လို့ မိတ်ဆွေ...
04/07/2026

မိုးရာသီအထူးအစီအစဉ်ကြီးလာပါပြီ
-----------------------------------
ရိုးရိုးရှင်းရှင်းနဲ့ အင်မတန် Powerful ဖြစ်လို့ မိတ်ဆွေလုပ်ငန်းရှင်များရဲ့ စိတ်ချယုံကြည်မှုကို ရထားတဲ့ Versa Cloud Enterprise POS ကို မိုးရာသီအထူးပရိုမိုးရှင်းအနေနဲ့ Software Fee အခမဲ့နဲ့ ဖြန့်ချီလိုက်ပါပြီခင်ဗျာ။

✅ Cloud-based POS ဖြစ်လို့ အင်တာနက်ရှိတဲ့ နေရာတိုင်းကနေ ဆိုင်ကို ထိန်းချုပ်စစ်ဆေးနိုင်ပါမယ်။
✅ လိုင်းကျသွားခဲ့ရင်လည်း ဈေးဆက်ရောင်းနေနိုင်အောင် ပြင်ဆင်ပေးထားပါတယ်။
✅ Windows PC, MacBook, Apple iPhone, Android Phone, Android Tablet Devices ပေါင်းစုံနဲ့ အသုံးပြုနိုင်ပါမယ်။
✅နေ့စဉ် Daily Backup လုပ်တဲ့ စနစ်တွေလည်းပါဝင်တာကြောင့် Server Down လို နှစ်လရှည်ကြာ ထည့်သွင်းထားရတဲ့ အချက်အလက်တွေ ပျက်စီးသွားနိုင်ခြင်းမရှိပါဘူး။
✅ အခြားမရှိမဖြစ် အသုံးဝင်တဲ့ Features လေးတွေကို ပုံတစ်ပုံချင်းစီမှာ ကြည့်နိုင်ပါတယ်။

စိတ်ဝင်စားလို့ အသုံးပြုချင်ရင်တော့ Page Messenger ကနေ ဆက်သွယ်မေးမြန်းနိုင်ပါပြီခင်ဗျာ။

Versa Cloud Enterprise POS ရဲ့ Video Tutorial ဖြစ်ပါတယ်။ Versa Studio မှ ဖြန့်ချီသော Business Solution များနှင့် ကြော်ညာ...
24/06/2026

Versa Cloud Enterprise POS ရဲ့ Video Tutorial ဖြစ်ပါတယ်။
Versa Studio မှ ဖြန့်ချီသော Business Solution များနှင့် ကြော်ညာများတွင်
မည်သည့် Pirated (Cracked) Software, Tools မှ ခွင့်ပြုချက်မဲ့ ရယူအသုံးပြုထားခြင်းမရှိပါ။
Free and Open-Source Software များနှင့် Copyright ကင်းစင်သော Royalty Free Music, Graphics များကိုသာ
အသုံးပြုထားပါသည်။
Music Track: Water | Afro-pop Music by kontraa
Via Pixabay

Versa Cloud Enterprise POS ရဲ့ Video Tutorial ဖြစ်ပါတယ်။ Versa Stu...

POS စနစ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သွားဖို့ ၁၅ မိနစ်ပဲ လိုပါတယ်။ ---------------------------------------------...
16/06/2026

POS စနစ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သွားဖို့ ၁၅ မိနစ်ပဲ လိုပါတယ်။
-----------------------------------------------------------------------------
ကျနော်ကိုယ်တိုင်က သိပ်ရှုပ်ထွေးတဲ့ စနစ်တွေမကြိုက်ပါ။ အဲ့ဒါကြောင့် အသုံးပြုသူကို အလုပ်နည်းနည်းပဲ လုပ်ခိုင်းပြီး Software ကို အလုပ်များများ ခိုင်းတဲ့ စနစ်ကိုပဲ သုံးပါတယ်။
ရန်ကုန်မြို့ရဲ့ Showroom အရောင်းပြခန်းတွေကနေ၊ ကျေးလက်က စိုက်ပျိုးရေးဆေးဆိုင်တွေအထိ လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်မယ့် Versa Cloud Enterprise POS ကို အသုံးပြုရတာ အရမ်းလွယ်ကူအောင် အချိန်ယူဖန်တီးထားပါတယ်။

ရန်ကုန်မြို့က Moony Skincare and Cosmetics မှာ Versa Cloud Enterprise POS ကို အသုံးပြုနေပါတယ်ခင်ဗျာ။ https://www.faceboo...
11/06/2026

ရန်ကုန်မြို့က Moony Skincare and Cosmetics မှာ Versa Cloud Enterprise POS ကို အသုံးပြုနေပါတယ်ခင်ဗျာ။

https://www.facebook.com/MoonyOnlineStore

Address

Aniskan
Maymyo
05081

Alerts

Be the first to know and let us send you an email when Versa POS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share