Gone Yee Wint Htel Engineering Group

Gone Yee Wint Htel Engineering Group မင်္ဂလာပါ

Estimate သဘောတရား=================Credit..ဆရာကြည်သာမြင့်From.. အင်ဂျင်နီယာနည်းပညာမျှဝေမယ်(website)ကျွန်တော်တို့ အခု သုံး...
19/03/2023

Estimate သဘောတရား
=================
Credit..ဆရာကြည်သာမြင့်
From.. အင်ဂျင်နီယာနည်းပညာမျှဝေမယ်(website)

ကျွန်တော်တို့ အခု သုံးစွဲနေတဲ့ Estimate တွက်နည်း အခြေခံသဘောတရားလေးကို ပြောပြချင်ပါတယ်။
အဆင့်အားဖြင့် ၄ဆင့် ရှိပါတယ်။
အဲဒါတွေကတော့
Detail of Measurement
Builder’s Estimate
Bill of Quantities
Summary တို့ ဖြစ်ပါတယ်။
တစ်ချို့က Builder’s Estimate ကို Calculation of Quantities, Analysis of Rates လို့၊ Bill of Quantities ကို Abstract of Estimate လို့၊ Summary ကို Abstract of Cost လို့ စသဖြင့်လဲ ခေါ်ကြပါသေးတယ်။
အားလုံးကို Microsoft Excel နှင့် တွက်ပါတယ်။
စစခြင်း လုပ်ငန်းရဲ ့ အတိုင်းအတာကို တွက်ချက်ရပါတယ်။ ဥပမာအားဖြင့် ၁၀ပေအရှည် ၁၀ပေအမြင့် ၄.၅လက်မနံရံတစ်ခုကို အုတ်စီပါမယ်။ အဲဒါကို Detail of Measurements မှာ တွက်ချက်ရပါတယ်။ Detail of Measurements မှာ Item No. , Particular, No., Measurement, Length, Width, Depth, Deduction, Contents, Unit, Total of Each ဆိုတာတွေ ပါပါတယ်။
ကျွန်တော်တို့က estimate တွက်ရာမှာ Yellow Book လို့ခေါ်တဲ့ Analysis of Rates စာအုပ်နှင့် တွက်တာဖြစ်လို့ လုပ်ရမယ့် လုပ်ငန်းအမည်ကို Particulars of Materials and Labour လုပ်ငန်းလုပ်အားနှင့် ပစ္စည်းအသေးစိတ် ဆိုတာမှာ ရှာရပါတယ်။
BRICK WORK မှာ Brick Work 1st Class in Composite Mortar 1:1:6 (For 100 Cft) ဆိုတာကို ယူပါမယ်။
Detail of Measurements မှာ Particular မှာ လုပ်ငန်းအမည်ရေး၊ Measurement မှာ အလျား အနံ အမြင့်တွေ ထည့်ပြီး Microsoft Excel က spreadsheet formula တွေနှင့် ထုထည် volume ရှာပါတယ်။ အခြေခံအားဖြင့်တော့ Microsoft Excel ကို နားလည်ရပါမယ်။
အုတ်စီလုပ်ငန်းရဲ ့ ထုထည် volume ကို တွက်ကြည့်တဲ့အခါ 10x10x(4.5/12)= 37.5 cu.ft. ရပါတယ်။ အဲဒါဆို Detail of Measurements ပြီးပါပြီ။ Builder’s Estimate ကို သွားပါတယ်။
Builder’s Estimate မှာ Sr. No. , Particular , Unit, Quantity, Rate, Per, Amount, Remarks ဆိုပြီး ပါပါတယ်။
Analysis of Rate စာအုပ်က BRICK WORK > Brick Work 1st Class in Composite Mortar 1:1:6 (For 100 Cft) မှာ ရေးထားတဲ့
1st Class Brick 9”x 4 3/8” x 2 ¾” – No – 1350
Cement – Lbs – 372
Lime – Cft – 4 1/8
Sand – Cft – 23 ¾
Masons – Man-Day – 4
Workers – Man-Day – 6
Scaffolding and Sundries – L.S. - …
Water Charges – L.S. - … ဆိုတာတွေကို Builder’s Estimate မှာ ရေးပါတယ်။
သူက 100 cu.ft. အတွက် ပြောတာဖြစ်တဲ့ အတွက် လုပ်ငန်းအမည်ဘေးက Quantity မှာ 100 ရေးပြီး materials and labors တွေမှာ 100 cu.ft. ဆို ဒီလောက် လုပ်ငန်းပမာဏ ဘယ်လောက်ဆိုရင် ဆိုတဲ့သဘော quantity ကို 100 နှင့် စားပြီး ပေးထားတာနှင့် မြှောက်ပေးရပါတယ်။
ဥပမာအားဖြင့် Cement ဆိုပါစို့။ (100 cu.ft. cell/100)*372 ပေါ့။ Excel မှာ cell ကို select လုပ် 100 နှင့် စား 372 နှင့် မြှောက်တာပါ။ အဲဒါဆို လုပ်ငန်းပမာဏပြောင်းလဲသလောက် materials and labors တွေက အလိုအလျောက်ပြောင်းလဲသွားပါမယ်။ လုပ်ငန်းပမာဏ cell ကိုလဲ အရှေ့က Detail of Measurement မှာတွက်ထားတဲ့ ထုထည် volume cell နှင့် link ချိတ်ပေးရပါတယ်။ link ချိတ်တယ်ဆိုတာက cell မှာ = ခံပြီး အရှေ့Detail of Measurement က cell ကို select လုပ်ပေးတာပါပဲ။
Materials and Labors တွေ ရရင် Bill of Quantities ကို သွားပါတယ်။
Bill of Quantities မှာ Sr.No. , Particular , Unit , Rate , Per , Amount , Remarks ဆိုပြီး ပါပါတယ်။ ရလာတဲ့ materials ပစ္စည်းတွေ labors လူတွေကို ဘယ်နူန်းနှင့် ဘယ်လောက်ကျတယ် မြှောက်ပြီး အားလုံး ပေါင်းလိုက်တဲ့ အခါ Total of Materials ပစ္စည်းဖိုး စုစုပေါင်း Total of Labors လုပ်သားဖိုး စုစုပေါင်း Grand Total အားလုံးစုစုပေါင်းဆိုပြီး ရလာပါတယ်။ အဲဒီမှာလဲ quantity ဆိုတဲ့ cell နှင့် builder’s estimate က cell တွေနှင့် link ချိတ်ပေးရပါတယ်။ quantity မှာ = ခံပြီး builder’s estimate က cell တွေကို + ခံပြီး select လုပ်ပေးရတာပါ။
Summary ကတော့ အကျဉ်းချုပ်ပေါ့။ estimate မှာက ဆောက်လုပ်ရေးလုပ်ငန်းထဲပါတဲ့ တခြားလုပ်ငန်းတွေလဲ ပါပါသေးတယ်။ ဥပမာအားဖြင့် အခုတွက်တာက civil work တွေဖြစ်မယ်။ sanitary and water supply work ရေပိုင်းဆိုင်ရာ electrical work မီးပိုင်းဆိုင်ရာတွေလဲ သီးခြားတွက်ကြပါမယ်။ အဲဒါတွေကို summary မှာ civil work က ဘယ်လောက်၊ ရေနှင့် မီးက ဘယ်လောက် စသဖြင့် ပေါင်းပြတာပါ။
Microsoft Excel နှင့် estimate တွက်တာမှာ အဓိက အားသာချက်တွေကတော့ ဂဏန်းပေါင်းစက် ကိုင်စရာ မလိုတော့တာ၊ တူညီတဲ့ အကြောင်းအရာတွေကို copy and paste နှင့် သွားနိုင်တာ၊ လုပ်ငန်းပမာဏ ဘယ်လောက်ပြောင်းပြောင်း link တွေ ချိတ်ထားလို့ detail of measurement မှာ ပြောင်းလိုက်တာနှင့် နောက်ဆုံး summary မှာ သူ့ဟာသူ ပြောင်းသွားတာ၊ spreadsheet software ရဲ ့ equation formula တွေ သုံးနိုင်တာ၊ အမှားအယွင်းကင်းတာ စတာတွေ ဖြစ်ပါတယ်။

Credit...kyaw thu naing(tuna)============================Steel..structure အကြောင်း💦💦💦💦💦💦💦💦💦ဒီနေ့ကျနော်တို့နိုင်ငံမှာ Ste...
18/03/2023

Credit...kyaw thu naing(tuna)
============================

Steel..structure အကြောင်း
💦💦💦💦💦💦💦💦💦

ဒီနေ့ကျနော်တို့နိုင်ငံမှာ Steel Structure ကိုပိုပြီးလူကြိုက်များလာပါတယ်။ R.C ထက်စာရင် ပိုပြီးမြန်တာရယ် ၊ စရိတ်သက်သာတာရယ်ပါ (Fire proofing လုပ်ရင်မသက်သာပါ) ။ တိုးတက်ပြီးစက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ Steel Structure Cost ရဲ့ 60% လောက်က fabrication & Er****on နဲ့ကုန်ပါတယ် ။ Material Cost က 25% လောက်ပဲသွားပါတယ် ။ ဒါကြောင့် Steel Structure မှာသက်သာချင်ရင် Fabrication & Er****on ကိုပဲအာရုံစိုက်ပြီးသက်သာအောင်လုပ်ပါတယ်။

Designer တစ်ယောက်က Material ရဲ့ ပမာဏကိုပဲစဉ်းစားနေရင် တခါတလေ Weight အနည်းဆုံး Section တွေကိုရွေးလိုက်ပေမယ့် Labour မှာအများကြီးကုန်သွားတာမျိုး (Fabrication & Er****on) ဖြစ်တတ်ပါတယ်။ ဒါကြောင့်အောက်ကအချက်လေးတွေကို designer တစ်ယောက်အနေနဲ့ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

၁။ Steel Size တွေကို ကျနော်တို့ Myanmar Market မှာအလွယ်တကူ၀ယ်လို့ရတဲ့ size တွေပဲရွေးသင့်ပါတယ်။ ကျောင်းမှာသင်တာက American Standard နဲ့သင်ပေမယ့် တကယ်လာတဲ့ Steel က Chinese Pro (JIS Japanese Industrial Standard) တွေပါ။ ဒါကြောင့် Local မှာရနိုင်မယ့် Standard Size တွေကိုမှတ်ထားပြီးသုံးပေးရပါ့မယ် ။ ပြသနာက Size တွေကတစ်ခုပဲရှိတယ် ။ Designer အနေနဲ့ Fl**ge Thickness , Web Thickness ကစားလို့မရပဲ တစ် Size ကြီးပေးနေရတဲ့ပြသနာ၇ှိပါတယ်။
၂။အပေ့ါဆုံး Section size ကအသက်သာဆုံးဖြစ်မှာပဲလို့ မျက်စိမှိတ်ပြီးရွေးတာက မှားတတ်ပါတယ်။ Lightest section တွေချည်းပဲလိုက်ရွေးတာက Span အလိုက် Size တွေကွဲနေတော့ Size တွေအများကြီး ဖြစ်နေပါလိမ့်မယ် ။ အဲ့တော့ Size မတူတာတွေကိုဆက်ရတဲ့ Connection တွေကခက်ခဲပါလိမ့်မယ် ။ ရှုပ်၇ှုပ်ထွေးထွေးတွေဖြစ်နေမှာပေါ့ ။ ဒါကြောင့် Span ကျဉ်းတာအတွက် Overdesign လိုဖြစ်နေပေမယ့် Size ကိုဘေး Span နဲ့တူတူရွေးလိုက်တာက ပိုပြီး ကောင်းသလိုဖြစ်ပါတယ် ။ မှတ်မိသေးတယ် ။ ဟိုးအရင် Design လုပ်စက အဲ့လိုဆော်ထည့်လိုက်တာ Connection Detail တွေဆွဲလိုက်ရတာဆိုတာလေ ။
၃။ Floor Beam ရဲ့ Depth ကိုလျော့လိုက်တာက အထပ်အမြင့်ကြီးတွေအတွက်ဆို Height ကိုလျှော့ချနိုင်တယ် ။ Architect ကလည်းဒါကိုမှန်းပြီး Floor height ကိုချိန်ထားတော့ ကျနော်တို့သာ Beam depth ကိုလျှော့နိုင်ရင် အုတ်စီရတာသက်သာမယ် ၊ Column height နဲမယ် ၊ ရေပိုက် ၊ မီးပိုက် ၊ Footing တွေပါသက်သာသွားနိုင်ပါတယ် ။ Beam depth လျှော့ဖို့ Fl**ge thickness ကိုထူထူယူဖို့လိုပါတယ်။
၄။Er****on & Fabrication လုပ်ရတာက Steel Beam တွေအတွက်ဆို လေးလေး ပေါ့ပေါ့ တူတူလောက်ပဲပိုက်ဆံပေးရတာပါ ။ ဒါကြောင့် Span ကိုကျယ်ကျယ်ထားလိုက်ရင် Member နဲသွားလို့သက်သာစေပါတယ်။
၅။Size အတူတူ တွေကိုဖြစ်နိုင်သလောက် ထပ်ခါထပ်ခါသုံးပေးဖို့လိုပါတယ်။ ဒါလိုလုပ်တာက Detailing , fabrication and er****on တွေမှာသက်သာစေပါတယ်။ (ကိုယ်တွေ့ပဲ Detailing တွေဆွဲလိုက်ရတာဆိုတာလေ)
၆။Large section တွေကိုရွေးတဲ့အခါ အဓိကအနေနဲ့ Build up section တွေပေါ့လေ ။ Transporation ပြသနာတွေကိုသတိထားဖို့လိုပါတယ် ။ ကိုယ့်မှာ၇ှိတဲ့ transporation လုပ်ပေးနိုင်မယ့် ယာဉ်တွေရဲ့ သယ်ယူနိုင်မှု ၊ တံတားတွေအောက်ဖြတ်တဲ့အခါ ဘယ်လောက်လွတ်လဲ ၊ Powerline တွေနဲ့လွတ်ရဲ့လား ။ မှတ်မှတ်ရရ telecom tower တွေတုန်းက လမ်းသွားရင်း ကိုယ့်ကိုအဲလိုတွေကြည့်ခဲ့ဖို့ Supervisor ကမှာတာသတိထားမိဖူးတယ် ။ ဒါကြောင့်ကိုး ။
၇။Section Size တွေကိုရွေးတဲ့အခါ အလွယ်တကူ Er****on လုပ်လို့ရတဲ့ Size ကိုရွေး၇မယ် ။ Telecom tower တွေဆိုရင် height 30 M ထက်မြင့်ရင် Unit wt ကဒီထက်မပိုရတော့ဖူဆိုပြီး Limit လုပ်ထားတာမျိုးရှိတယ်။
၈။ fabrication အတွက်ကုန်ကျစ၇ိတ်ကိုလျော့ချနိုင်ရင် သက်သာဖို့စဉ်းစားလို့ရပါပြီ။

အဲလိုတွေစဉ်းစားပေးပြီး Design လုပ်ပေးတာကိုတောင်မှ ဦးနှောက်စားခမပေးချင်လဲမတတ်နိုင်ဖူးပေါ့ဗျာ ။ Design မလုပ်ထားတဲ့ Structure ဆိုတာ Safety ၇ှိရဲ့လား ပိုက်ဆံလိုတာထက်ပိုကုန်နေလားဆိုတာ မသိနိုင်ဖူးရယ် ။ Safe မဖြစ်လို့ဆိုရင် လူ့အသက်ပါပါလာမှာ ။ နယ်သွားရင် Design မလုပ်ပဲဆောက်ထားတဲ့ Steel Structure တွေမနဲတွေ့ရတယ် ။ အခုတော့ကောင်းနေတာပဲ ။ But လာမယ့် နှစ် ၂၀ မှာကောင်းမလား ။ အဆောက်အဦးတစ်ခုက နှစ်ပေါင်း ၅၀ သက်တမ်း၇ှိတယ်လို့စဉ်းစားတယ် ။ Structure Designer ဆိုတာက နှစ်ပေါင်း ၅၀ မှာ တစ်ရက်ပဲအဆိုးဆုံးဖြစ်တဲ့ Load လာပလေ့စေ ။ အဲဒါကိုခံနိုင်အောင် Design လုပ်တယ်။ ဥပမာ Nargis လိုမုန်တိုင်းမျိုးက Century Storm ခေါ်တယ် ။ နှစ်တစ်ရာမှာတစ်ခါလောက်တိုက်တာ။ အဲတော့ Designer လုပ်တဲ့ Size ကနဲနဲကြီးနေမှာပေါ့ဗျာ ။ ဒါကို Design လုပ်တဲ့အခါ Size တွေကြီးတယ် ။ ကျနော်တို့လုပ်နေတာပဲ ဒါလဲလုပ်တာ ၁၀ လုံး၇ှိပြီ ။ မပြိုဖူး ။ အဲဘယ်ပြိုမလဲ ။ Loading အပြည့်မှမလာသေးတာ ။

Designer ကိုပေးလိုက်ရတဲ့ design ခဟာ Project Cost ရဲ့ 1% တောင်၇ှိချင်မှ၇ှိမှာ ။ ဒါပေမယ့် Designer လုပ်ပေးလိုက်လို့ Safe လဲဖြစ် Project cost လည်း 35% လောက်သက်သာသွားတာမျိုးတွေ့ဖူးရဲ့ဗျာ ။ စဉ်းစားကြည့်ဖို့ပါ။ ကျနော်တို့က ဦးနှောက်ေ၇ာင်းစားတဲ့သူတွေပါဗျာ ။ ဦးနှောက်စားခလေး ချီးမြှင့်ကြပါခင်ဗျာ ။ ကိုယ့်ဘာသာလုပ်တော့ မဖြစ်သင့်တာတွေဖြစ်မှာဆိုးလို့ပါ ။

Ko Tuna(SYE)

Ref: : Structural Steel Design (Sayargyi U Nyi Hla Nge)
From - အင်ဂျင်နီယာနည်းပညာမျှဝေမယ် (Website)

Earthing အကြောင်း စကားစမြည် ======================= Credit..ko layfrom. အင်ဂျင်နီယာ နည်းပညာမျှဝေမယ် Website မြေဓာတ်ချရတဲ...
17/03/2023

Earthing အကြောင်း စကားစမြည် =======================
Credit..ko lay
from. အင်ဂျင်နီယာ နည်းပညာမျှဝေမယ် Website

မြေဓာတ်ချရတဲ့ အကြောင်းအရင်းကို ဘယ်လို နားလည်သလဲ
လို့ မေးခွန်းတခု ရှိခဲ့မယ် ဆိုပါစို့။
ကိုယ်နားလည်သလို ပြောရမယ် ဆိုရင်
- မိုးကြိုးဒဏ် (LPS) ကာကွယ်ဖို့ အတွက် လည်းကောင်း
- လျှပ်စစ် ဓာတ်အားကို သုံးစွဲတဲ့နေရာမှာ လူ (သက်ရှိ) နဲ့
လျှပ်စစ် ပစ္စည်း (သက်မဲ့) တွေ အန္တရာယ် မကြုံရအောင်၊
ပျက်စီးမှုမရှိ အောင် လို့ အန္တရာယ်ပေးနိုင်မယ့် အခြေအနေ
ကို ကာကွယ်ထားတယ်လို့ ပြောရင် ယေဘုယျ ဆန်ပေမယ့်
ဒါဟာ အခြေခံ အကြောင်းတရား ပါပဲ။
[ လူပြိန်းစကား ဆိုပါတော့၊ ဒါပေမယ့် နားလည်လွယ်မယ်
ထင်ပါရဲ့ ]

မြေဓာတ် ချခြင်း Earthing စနစ်တွေကို ခြုံငုံလေ့လာ
ကြည့်ရင် ထုံးစံအတိုင်း အဓိက ရည်ရွယ်ချက်တွေကတော့
အတူတူပဲ ဖြစ်နေပြီး ဒီဇိုင်း နဲ့ စံနှုန်းသတ်မှတ်ချက်၊ စည်းမျဉ်း စည်းကမ်း တွေကတော့ သက်ဆိုင်ရာ နယ်ပယ်နဲ့ လုပ်နည်း လုပ်ဟန်တွေအရ အနည်းငယ် ကွဲလွဲတာမျိုးလည်း ရှိကောင်း
ရှိနေနိုင်ပါတယ်။ IEEE နဲ့ IEC စံနှုန်းတွေကတော့ လုပ်ငန်း လုပ်ဆောင်ကြတဲ့ အခါမှာ လိုက်နာဆောင်ရွက်ကြရတဲ့ နိုင်ငံ တကာ စံနှုန်း ဖြစ်တယ်။ အခြေခံ သဘောတရား ကိုပဲ လေ့လာတဲ့သူ တွေ အတွက်ကတော့ Code of practice တွေ၊၊Standard တွေ ဘာတွေကို သိပ်စိတ်ဝင်စားကြဦးမယ် မထင်ဘူး။ လုပ်နည်း လုပ်ဟန် နဲ့ အသုံးချ တွက်ချက်မှုတွေ ကို လေ့လာရင်း တဖြည်းဖြည်း ပိုမိုသဘောပေါက် နားလည်လာနိုင် ကြမယ် ထင်ပါတယ်။

ဥပမာ ပြောရရင် စံနှုန်း တခု မှာ Safety factor ယူထားတာမျိုး ပါဝင်လာတယ် ဆိုပါစို့။ မပါမဖြစ်၊ မသိမဖြစ် ထည့်သွင်းစဉ်းစားရတဲ့ Fundamental အချက်အလက်တွေ နဲ့ သီအိုရီ အရ ချဉ်းကပ်မှု ဟာ အတူတူပဲ စဉ်းစား လုပ်ဆောင်
တွက်ချက်ကြပြီး Factor ထည့်သွင်းမှု မတူတာမျိုးသာ ဖြစ်တတ်တာမျိုး ရှိတယ် မဟုတ်လား ။ အဲဒီ Factor အရ လုပ်ဆောင်တဲ့ လုပ်ငန်းရဲ့ လုံခြုံစိတ်ချရမှု အနေအထားတွေ၊
စွမ်းဆောင် ပေးနိုင်တဲ့ အရည်အသွေး တွေ ကွာခြားသလို၊ တဘက်မှာလည်း Factor ကြောင့် ဖြစ်လာတဲ့ ကုန်ကျစရိတ် ကွာခြားမှုတွေ၊ အပိုဆာဒါး ပါဝင်လာမယ့် လုပ်ငန်း ဝေယျာဝစ္စ တွေ စသဖြင့် ကွာခြားသွားနိုင်တာပါပဲ။

အဓိက ပြောချင်တာ ကတော့ အခြေခံ မသိမဖြစ်
အကြောင်းအရာ နဲ့ သီအိုရီ တွေကို ပစ်ပယ်မထားပဲ၊
(မေ့လျော့မထားပဲ) စုံလင်အောင် အမြဲချဉ်းကပ်
လေ့လာနေဖို့က ပထမဦးဆုံး အရေးကြီးတာ ဖြစ်ပြီး
လုပ်ငန်းလုပ်ဆောင်တဲ့ အခါမှာတော့ STANDARD စံနှုန်း ဆိုတာ ရှိကို ရှိနေရမှာ ဖြစ်ပါတယ်။ အခြေခံကို နားလည် ထားပြီးပြီ ဆိုရင် စံနှုန်းတွေ ဘယ်လို သတ်မှတ်ထားသလဲ ဆိုတာနဲ့ သင့်တော်တဲ့ ရှိပြီးသားစံနှုန်းတခုကို Adopt လုပ်တဲ့ အခါ မှာလည်း ရွေးချယ်တတ်လာမှာ ဖြစ်ပါတယ်။
[ ဒါဟာ Earthing ကိစ္စ တခုတည်းမှာ ပြောလိုတာ မဟုတ်ပဲ နည်းပညာ နဲ့ ပတ်သက်တဲ့ နယ်ပယ်တိုင်းမှာ ဒီသဘောတရား အတိုင်းပဲလို့ ယူဆထားပါတယ်။ ]

အင်ဂျင်နီယာ နယ်ပယ်၊ နည်းပညာနယ်ပယ် တွေမှာ ယနေ့ခေတ် အနေအထားအရ တိုးတက်ပြောင်းလဲမှု တွေက မြန်ဆန် နေသလို နောက်ကျနေတဲ့ ကျနော်တို့လို နိုင်ငံက အင်/ယာ တွေ၊ လူငယ်တွေ အနေနဲ့လည်း လေ့လာဖို့ အခွင့်အလမ်းတွေ ပိုမို ရရှိလာနေပြီ ဖြစ်ပါတယ်။ Up to date ဖြစ်နေဖို့အတွက် တော့ စာဖတ်ခြင်း လေ့လာခြင်းတွေ စဉ်ဆက်မပြတ် လုပ်နေကြဖို့ လိုမယ်ထင်ပါတယ်။
[ခေတ်စား လာနေတဲ့ Capacity Building ဆိုတာ
ဘာကို ပြောတာလဲ လေ့လာကြည့်ကြပါ။ နောက်တခုက
Confidance Building ဆိုတဲ့ အသုံးအနှုန်း .....စသဖြင့်]

လေ့လာရင်း ဆည်းပူးရင်း နဲ့ပဲ ကိုယ်သိထားတဲ့ မမ်မိုရီ တွေ၊
အသိဉာဏ် နဲ့ knowledge တွေက အဆင့် တခု၊ level တခု ကို တိုးတက်သွားစေပါလိမ့်မယ်။ ကိုယ် လေ့လာ မှတ်သား ထားတာ တွေက မှန် သ လား ၊ မှား သ လား ဆိုတာ ကို လည်း ပြန်လည် သုံးသပ် စစ်ဆေး သွားသင့်ပါတယ်။ အမှား တွေကို
မှားယွင်းပြီး မှတ်ထားတာမျိုး၊ အမှားချည်းကိုပဲ တရားသေ မှတ်ထားတာမျိုး မဖြစ်စေသင့်ပါဘူး။ 'ယူဆချက် ' တွေဟာ
'ယာယီ အမှန်' လို့ထားပြီး တိကျတဲ့ အဖြေတခု ၊ ယုတ္တိကျနမှု ရှိတဲ့ အနေအထားရောက်မှသာ အမှန် (သို့) အသုံးချ အမှန်
လို့ သုံးသပ် လက်ခံ ကျင့်သုံး သင့်ပါတယ်။

[အခု ပြောခဲ့တာတွေက ကျနော် ရေးတဲ့စာ ကို ဖတ်သူတွေ အတွက် စကားပလ္လင် ခံတယ် ပဲ ဆိုဆို၊
စကား လက်ဆောင် ပါးတယ် ပဲ ဆိုဆို ရပါတယ်
ဆရက လုပ်သည်ဟု မထင်စေလိုပါ။]
[တော်တော် လျှာရှည်တဲ့ အင်ထရိုပဲ :-P ]

အရင် ရေးလက်စ Earthing အကြောင်း ကိုပဲ
ပြန်ကောက်ပြီး Earthing နဲ့ ပတ်သက်ပြီး လေ့လာမှတ်သား ထားတဲ့ အချက်တချို့ကို (ရေးနိုင်သမျှ) ဆက်ပြီး
မျှဝေသွားပါ့မယ် ။

အရင် ရေးလက်စ မှာ Earth lead တွေ
Earth electrode တွေ အကြောင်း ပြောခဲ့တာမှာ Earth Electrode အကြောင်း ရောက်ပြီး ဖြစ်တဲ့အတွက် အဲဒီနေရာ ကပဲ ပြန်စ ပြီး ရေးလိုက်ပါတယ်။

Earthing Electrode (သို့မဟုတ်) Earth Plate
===========================
မြေဓာတ်ချဖို့ အတွက် သတ္ထ ုချောင်း တချောင်း (သို့)
သတ္ထ ုပြား တပြား ကို မြေကြီး ထဲ မြှုပ်ထားခြင်း ဟာ လျှပ်စစ်ပိုင်းဆိုင်ရာ မြေဓာတ်ချ စနစ် ရဲ့ နောက်ဆုံး အပိုင်းပဲ။
[ စာလို ပြောရရင် Earthing lead နှင့် ဆက်သွယ်ထားသော
မြေဓာတ်ချ စနစ်၏ နောက်ဆုံး မြေအောက် သတ္ထ ု အစိတ်
အပိုင်း သည် မြေဓာတ်ချ သတ္ထ ုပြား (သို့မဟုတ်) သတ္ထ ု
ချောင်း ဖြစ်သည်။ ]

ခုခံမှု အလွန်နည်းပါးတဲ့ မြေဓာတ်ချ သတ္ထ ုပစ္စည်းအဖြစ်
သတ္ထ ုပြား ၊ သတ္ထ ုပိုက် ဒါမှမဟုတ် သတ္ထ ုချောင်း တခုခု ကို Fault current သယ်ဆောင်ဖို့ (စီးသွားဖို့) အတွက် အသုံးပြုလို့ ရတယ်။ အပြစ် ဖြစ်ပေါ်တဲ့ လျှပ်စီး Fault current ဟာ အဲဒီ မြေဓာတ်ချ သတ္ထ ု ပစ္စည်း ကနေ မြေကြီး
ဆီကို ဘေးကင်းအောင် စီးသွားတယ်။

မြေဓာတ်ချ သတ္ထ ု ပြား၏ အရွယ်အစား
======================
မြေဓာတ်ချဖို့ အတွက် သတ္ထ ု ပြားကို အသုံးပြုရာမှာ
ကြေးပြား ( သို့မဟုတ်) သံပြား ကို အသုံးပြုနိုင်တယ်။
အရွယ်အစားကတော့ ၂ ပေ ပတ်လည် သတ္ထ ုပြားကို သုံးရမယ်

ကြေးပြား (Copper) ဆိုရင် ၆၀၀×၆၀၀×၃ မီလီ မီတာ
[ ဆိုလိုတာက ၂ ပေ ပတ်လည်၊ ၁/၈ လက်မ အထူ ကြေးပြား]

သံပြား (Galvanized Iron ) ဆိုရင် ၆၀၀ × ၆၀၀× ၆ မီလီမီတာ
[ဆိုလိုတာက ၂ ပေ ပတ်လည်၊ ၁/၄ လက်မ အထူ သံပြား] ကို သုံးရမယ်။

အဲဒီ သတ္ထ ုပြားကို စိုထိုင်းဆ ရှိတဲ့ မြေကြီးထဲမှာ
မြှုပ်ပေးရမယ်။ စိုထိုင်းဆ မရှိဘူး ဖြစ်နေရင် GI ပိုက် (သွပ်ရည်စိမ် သံပိုက်လုံး )ထဲမှာ ရေထည့်ပြီး မြေကြီး စိုထိုင်းဆ ရအောင်
ဖန်တီး ပေးရမယ်။

နောက်ထပ် ဘာလုပ်ပေးရမလဲ ဆိုတော့ မီးသွေး နဲ့ ထုံး ရောထားတဲ့ အမှုန့်တွေကို ၁ ပေ ခန့် အထိ မြေဓာတ်ချထားတဲ့ ပလိပ်ပြား (သို့မဟုတ်) Earth electrode ရဲ့ ပတ်ပတ်လည်မှာထည့်ပေးရမယ်။
အဲဒီလို လုပ်ပေးတာက earth electrode ရဲ့ အရွယ်အစားကို ပိုကြီးလာအောင် လုပ်ပေးသလို ဖြစ်ပြီး မြေကြီးထဲမှာ
ကွန်တင်နြူ တီ ပိုကောင်းလာစေတယ်။ ဒိအပြင် earth electrode/ earth plate ရဲ့ ဘေး ပတ်လည်မှာ moisture ကို ထိန်းထားပေးတယ်။

အသေးစားတပ်ဆင်ခြင်းအတွက်မြေဓာတ်ချသတ္ထုပစ္စည်း
=============================
အသေးစား မြေဓာတ်ချ စနစ် တခုအတွက် အရှေ့မှာ ပြောခဲ့တဲ့ သတ္ထ ုပြား အရွယ်အစားနေရာမှာ အရှည် ၆ ပေ၊ လုံးပတ်အချင်း ၁ လက်မ ရှိတဲ့ သတ္ထ ုချောင်း (Metallic rod) ကို သုံးလို့ရတယ်။
သတ္ထ ုပိုက် ဟာ မြေမျက်နှာပြင်ကနေ အောက်ဘက် ၆ ပေ
ဖြစ်သင့်တယ်။ Moisture ထိန်းဖို့ အတွက် မီးသွေးနဲ့ ထုံး ရောပြီး ပတ်လည်မှာ ၁ လက်မ လောက် ထည့်ထားပေးရမယ်။

ပိုပြီး ကောင်းအောင်လုပ်မယ် ဆိုရင်တော့ ကြေးချောင်း အသုံးပြုရမယ်။ မူးလုံး ကနေ ကျပ်လုံး အရွယ်အစား
အချင်းလုံးပတ် ရှိပြီး ၁၂ ပေ ရှည်တဲ့ Copper rod ကို သုံးရမယ်။ ကြေးချောင်း ဆိုပေမယ့် လက်ရှိအသုံးပြုနေတာ
အများစုကတော့ Copper clad ခေါ်တဲ့ အပေါ်ယံ ကြေးရည်လောင်း ထားတဲ့ Copper coating သတ္ထ ုချောင်းပါပဲ။

မြေဓာတ်ချခြင်းအမျိုးအစားနှင့်နည်းလမ်းများ
==========================
မြေဓာတ်ချခြင်း ပြုလုပ်တဲ့ နည်းတွေက အများကြီးပါပဲ။
နေအိမ် အဆောက်အဦ ဝါယာရင်း (သို့) စက်ရုံ (သို့) အခြား လျှပ်စစ် ပစ္စည်း နဲ့ စက်ပစ္စည်း တွေကို ဆက်သွယ်ရာမှာ အသုံး ပြုကြတဲ့ နည်းလမ်းတွေ အမျိုးမျိုး ရှိကြတယ်။

မြေဓာတ်ချတဲ့နည်း/အမျိုးအစားတွေကို လေ့လာကြည့်ရင်
၁။ Plate Earthing
၂။ Pipe Earthing
၃။ Rod Earthing
၄။ Earthing through the waterman
၅။ Strip or Wire Earthing ဆိုပြီး တွေ့ရပါတယ်။

အမှတ်စဉ် (၁ ) ( ၂) ( ၃ ) ကတော့ အတော်များများ ကြားဖူး သိထားပြီးသား ၊ လုပ်ကိုင်ကြဖူးတဲ့ အမျိုးအစား တွေ ဖြစ်ပါလိမ့်မယ်။ (၄) နဲ့ (၅) ကတော့ အတွေ့ရ နည်းတဲ့ နည်းတွေ လို့ ပြောလို့ရမယ်ထင်တယ်။

၁။ Plate Earthing
ဒီ စနစ်က အရှေ့မှာ ပြောခဲ့တဲ့ အတိုင်းပါပဲ။ ကြေးပြား သုံးမလား ၊ သံပြား (GI) သုံးမလား ရွေးတယ်။ ကြေးပြား ရော သံပြားရော ၂ ပေ ပတ်လည်ပါပဲ။ ကွာတာက အထူ thickness ကွာတယ်။ ကြေးပြားက ၃ မီလီ အထူဆိုရင် ရပြီ၊ သံပြား ဆိုရင် ၆ မီလီမီတာ အထူ ရှိရမယ်။ မြေမြှုပ်မယ့် ကျင်း Earth pit က ၁၀ ပေ အောက် မနည်းရဘူး။
(moisture ထိန်းဖို့ လိုရင်တော့ အရှေ့က ပြောခဲ့တဲ့ လုပ်ရိုး လုပ်စဉ် အတိုင်း ပေါင်ဒါ ရိုက် ပေး လိုက်ပေါ့။ )

၂။ Pipe Earthing
မြေဓာတ်ချစနစ်မှာ ဒီအမျိုးအစားက အများဆုံး သုံးတယ် လို့ ဆိုထားတာကို တွေ့ရပါတယ်။ စိုစွတ်တဲ့မြေတခုမှာ
အတည်ပြု ထား တဲ့ အလျား နဲ့ အချင်း ရှိတဲ့
သွပ်ရည်စိမ်စတီးပိုက် (Galvanized Steel )နဲ့ ပိုက်တချောင်းကို ထောင်လိုက်အနေအထား အသုံးပြုတယ်။
ပိုက်အရွယ်အစားက မြေအမျိုးအစားနဲ့ လျှပ်စီးပမာဏ
အပေါ်မှာ မူတည်ပြီး အသုံးပြုတယ်။ ပိုက်ရဲ့အတိုင်းအတာက များသောအားဖြင့် အချင်း ၁လက်မခွဲ (၁.၅ လက်မ) ၊ အရှည် ၉ ပေ ရှိတယ်။ အဲဒါက သာမာန် မြေ မှာ သုံးတာ။
ခြောက်သွေ့မာကျောလွန်းတဲ့မြေ နဲ့ ကျောက်သားပေါတဲ့ မြေ အမျိုးအစားမှာတော့ ပိုကြီးသွားမယ်။ မြေကြီးထဲ ရိုက်ဖို့/မြေမြှုပ်ဖို့ ပိုက်ရဲ့ အလျားကို မြေအမျိုးအစား စိုထိုင်းဆ အရ ဖြစ်လိမ့်မယ်။ ဒါပေမယ့် များသောအားဖြင့် ၁၅ ပေ ခွဲ လောက်ပဲ ဖြစ်သင့်တယ်။

၃။ Rod Earthing
ဒီနည်းကလည်း Pipe Earthing အတိုင်းပါပဲ။
လက်မဝက်(၁/၂ လက်မ) အချင်း ရှိတဲ့ Copper rod (သို့မဟုတ်) ၁၆ မီလီမီတာ အချင်း ရှိတဲ့ စတီးပိုက် (Galvanized steel) (သို့မဟုတ်)
၁ လက်မ GI ပိုက် ကို မြေကြီးထဲမှာ အရှည် ၂.၅ မီတာ
( ၈.၂ ပေ) အထိ လူနဲ့ဖြစ်ဖြစ် တူ နဲ့ဖြစ်ဖြစ် ထည့်သွင်းတာပါပဲ။ မြေထဲမှာ မြှုပ်ထားတဲ့ Electrode ဟာ လိုချင်တဲ့ earth resistance တန်ဘိုးကို လျော့စေပါတယ်။

၄။ Earthing through the waterman
ဒီ နည်းလမ်းမှာ GI ပိုက် ကို မြေဓာတ်ချဖို့ ရည်ရွယ်ပြီး သုံးတယ်။ GI ပိုက်ရဲ့ ခုခံမှု Resistance ကို သေချာအောင် စစ်ဆေးရမယ်။ သင့်လျော်တဲ့ မြေဓာတ်ချ ဆက်သွယ်မှု ဖြစ်လာဖို့ အတွက် resistance တန်ဘိုးကို လျော့ချဖို့ earthing clamps တွေကို သုံးတယ်။ Earth wire အဖြစ်
အလွန်း(strand ) ပါတဲ့ Conductor ကို သုံးမယ်ဆိုရင် အဖျားပိုင်း အလွန်းတွေကို သန့်ရှင်းအောင် လုပ်ပေးရမယ်။
ဖြောင့် တန်း ပြီး အပြိုင် အ နေအ ထား နဲ့
GI ပိုက် ( Waterman pipe) မှာ မြဲမြံ တင်းကြပ်နေအောင်
ပြုလုပ်ပေးထားရပါမယ်။

၅။ Strip or Wire Earthing
ဒီ နည်းလမ်းမှာ မြေဓာတ်ချမယ့် Strip electrode က ကန့်လန့်ဖြတ် အတိုင်းအတာ ( ၂၅ မီလီမီတာ×၁.၆ မီလီ ) အောက် မငယ်ရဘူး။ ( ၁လက်မ အပြား ဆိုပါတော့)

အဲဒီ Strip ကို ၁ ​ပေ ခွဲ ( ၀.၅ မီတာ) အနက်​ အနိမ့်​ဆုံး
ရှိတဲ့ ရေပြင်ညီ မြောင်းထဲ မှာ မြှုပ် ရတယ်။

ကြေးပြား ဆိုရင် ၁ လက်မ အကျယ် ၊ ၄ မီလီ မီတာ အထူ
Strip ကို သုံးတယ်။

Round Conductor သုံးမယ် ဆိုရင် ကန့်လန့်ဖြတ် ဧရိယာ ဟာ ၂ လောက် အထိ မငယ်သင့်ဘူး။
[ ဆိုကြပါစို့ GI သို့မဟုတ် Steel သုံးတယ် ဆိုရင် ၆.၀ မီလီမီတာ နှစ်ထပ်ကိန်း 6.0mm2 အောက် မငယ်ဘူး]
မြေထဲမှာ မြှုပ်ထားတဲ့ conductor အလျားက လုံလောက်တဲ့
earth resistance ကို ပေးမှာဖြစ်ပြီး အဲဒီ အလျား (အရှည်) သည် ပေ ၅၀ (50 feet) အောက် မနည်းသင့်ပါဘူး

15/03/2023

ကွန်ကရစ်လောင်းရာမှာ အခြေခံ(၁၂)ချက်သာ သိထားပါက Projects ကြီးတွေကိုပါ ဆောင်ရွက်နိုင်မှာဖြစ်‌ပါတယ်‌
ကွန်ကရစ် သွန်းလောင်းခြင်း၏ အချေခံသဘောတရား ၁၂-ချက်ကို၊ လေ့လာထားပါက concrete projects ကြီးကိုလည်း မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ အဆိုပါ အချေခံသဘောတရား ၁၂ - ချက်မှာ
1. Site clearing
2. Subbase and subgrade preparation
3. Formwork preparation
4. Rebar installation
5. Concrete mixing
6. Concrete puring
7. Screeding the top of the concrete
8. Trowelling
9. Control joint
10. Creating the traction
11. Curing and sealing the concrete, and
12. Maintaining တို့၊ ဖြစ်ကြပါသည်။

1. သန့်ရှင်းရေးဆိုသည်မှာ_
မြေကြီးပေါ်မှာ လမ်းခင်းသကဲ့သို့ ကွန်ကရစ်လောင်းသည်ဆိုစေအုန်းတော့၊ Grass -မြက်၊ rocks - ကျောက်၊ trees - သစ်ပင်၊ shrub - ခြုံနွယ်၊ old concrete - ကွန်ကရစ်ဂျိုး အစရှိသည်တို့ကို၊ မြေကောင်းပေါ်လာ သည်အထိ တူးဖော်ဖယ်ရှားပြစ်ရပါမည်။ လမ်းခင်းတဲ့သူငယ်ချင်းများ သတိပြုပါ။ အောက်မှာ soft pit တေရှိ နေရင် ပြု ပြင်ပြီးမှ ကွန်ကရစ်လောင်းပါ။ အထပ်သားနဲ့ formwork ရိုက်ထားတဲ့ ကြမ်းခင်း slab လောင်း တယ် ဆိုရင်လည်း ဆေးလိပ်တိုတေ၊ ကွမ်းတတွေးတေ၊ သစ်တိုသစ်စတေ၊ binding wire စတေ၊ ချေ စာမှုန့် တေ၊ ရှိနေတပ်ပါတယ်။ formwork ပေါ်မှာ ဘယ်သောအခါမှ ထမင်းမစားရပါဘူး။

2. Prepare your subbase - အောက်ခံကို၊ ပြု ပြင်ပါ။
2.1 what is subbase?
လမ်းခင်းသောအခါ၊ အောက်ခံအခင်းကို၊ subbase ဟု၊ ခေါ်ပါသည်။ subbase ခင်းရခြင်း၏၊ အကြောင်းရင်းမှာ၊ concrete rest လုပ်ဖို့ဖြစ်ပါသည်။ များသောအားဖြင့် granular - ကျောက်စေ့၊ ဂဝံစေ့ များကို၊ subbase အဖြစ်ခင်းကြိတ် အသုံးပြု ပါသည်။(တခါတရံတွင်၊ မိမိကွန်ကရစ်ခင်းမည့်မြေသည် compacted and stable - သိပ်သည်းကျစ်လစ် တည်ငြိမ်သည့် မြေ အမျိုးအစားဖြစ်နေပါက အဆိုပါမြေသည် subbase ပင် ဖြစ်ပါသည်။

2.2 what is subgrade?
Subbase အောက်က မြေကြီးကို၊ subgrade ဟု၊ ခေါ်ပါသည်။ မြေကြီးပေါ်က၊ ကွန်ကရစ်သည်၊ သို့မဟုတ် ကွန်ကရစ်လမ်းသည်၊ အဆိုပါမြေကြီးဆိုသော subgrade ကောင်းရင်ကောင်းသလောက်၊ ပျက်စီးချို့ယွင်း ခြင်းမရှိပေ။ (ကဲ ဒါဆိုရင် သူငယ်ငယ်ချင်းတို့ရေ - အထပ်မြင့်ကြမ်းခင်း ကွန်ကရစ်လောင်တာဆိုရင် slab formwork က၊ subbase ပေါ့ဗျာ။ formwork supported prop က subgrade ပေါ့။)
အကယ်၍ subgrade သည်၊ shifts - ရွေ့နေမည်၊ craters - ကျင်းဖြစ်နေမည်၊ moves - လှုပ်ရှား နေမည်ဆို ပါလျင်၊ သွန်းလောင်းလိုက်တဲ့ ကွန်ကရစ်သည်လည်း၊ subgrade ဖြစ်နေသကဲ့သို့၊ လိုက်ဖြစ်နေပါမည်။ ရွေ့ မည်၊ ကျင်းဖြစ်မည်၊ လှုပ်ရှားနေပါမည်။ (သူငယ်ချင်ချင်းတို့ ကွန်ကရစ်လမ်းတေ ခုံးနေတာ ခွက်နေတာ ကျင်း တေ ဂျိုင့်တေ ဖြစ်နေတာ မြင်ဘူးကြပါတယ်နော။ လူတေက ကွန်ကရစ်လမ်းပျက်တာကိုဘဲ မြင်ကြတာပါ။ အောက်ကမြေ သားကောင်းအောင်လုပ်ဖို့ကြတော့၊ ခြလည်းစား ငါလည်းဝါးကိုးဗျ။)
ထို့ကြောင့် subbase မခင်းမှီ subgrade ကို၊ ငြိမ်နေအောင်၊ သိပ်သည်းကျစ်လစ်နေအောင် သေသေချာချာ ပြု လုပ်ဘို့ လိုပါတယ်။ ဘယ်လို လုပ်ရမတုန်းဆိုတော့၊ မြေကြီးကို၊ CBR 5 ရအောင်၊ ကြိတ်ရပါ့မယ်၊ မြေကြီးကို CBR 5 ရအောင် ကြိတ်ဘို့ အခက်အခဲရှိတယ်ဆိုရင်တော့၊ open-grade stone (သို့မဟုတ်) closed-grade / fine-grade stone ကို၊အသုံးပြု ပြီးတော့ subgrade တည်ဆောက်ရပါမည်။ 6" × 9" အစွယ် ကျောက်ကြီး များဖြင့် Open-grade stone ခင်းမည်ဆိုလျင်၊ ကျောက်တုန်းတေအကြားကနေ ရေအလွယ်တကူ စီးထွက် သွား စေနိုင်ပါသည်။ သို့သော်လည်း 2"×4" အရွယ် Finer-grade stone သုံးတာလောက်တော့ compaction မကောင်းပါဘူး။ fine grade stone က၊ စျေးတော့ပိုကြီးပါတယ်။

2.3 how to lay subbase
Subgrade ပြီးတဲ့အခါsubbase ခင်းရပါ့မယ်။အဆောက်အဦးမှာ အသုံးပြုတည်ဆောက်သော subbase ဆိုသည်မှာ အားလုံးသိထားသည့် hard-core ရိုက်တာဖြစ်ပါသည်။ hardcore ကို အနည်းဆုံး 4" ကနေ၊ အများဆုံး 8" အထိ၊ ခင်းကြပါသည်။ ခင်းပြီးတဲ့အခါ hand tamper ဖြင့်ဖြစ်စေ၊ plate compactor ဖြင့် ဖြစ်စေ၊ သိပ်သည်းအောင် ဆောင်ရွက်ရပါသည်။ Plate compactors အပေါ်ယံမြေသားကိုသာ သိပ်သည်း ကျစ်လစ်မာကြောစေတပ်သောကြောင့်၊ လိုအပ်ပါက ပိုမိုကြီးမားသော စက်ကရိယာများကို အသုံးပြုဘို့ လိုပါ သည်။

3. Prepare a form - ပုံစံခွက်၊ ပြုလုပ်တပ်ဆင်ခြင်း။
A well-built form - ကောင်းစွာတည်ဆောက်ထားသော၊ ပုံစံခွက်သည်၊ (ပုံစံခွက်ကောင်း တခုသည်) concrete သားကောင်းကောင်းကို၊ ရရှိစေပါသည်။ ပုံစံခွက်ကောင်းတခုသည်၊ အတိုင်းအထွာ-ထောင့် (ထောင့်ကျဉ်း ထောင်ကျယ်၊ ထောင့်မှန်) မှန်ကန်ရမည် ဖြစ်သကဲ့သို့၊ အနိမ့်အမြင့် လယ်ပယ်လည်း၊ မှန်ကန်ဘို့ လိုအပ်ပါသည်။ အတိုင်းအတာမှန်ကန်အောင် မှန်ကန်သောပေကြိုးကိုလည်းကောင်၊ ထောင့်ကျဉ်းထောင့် ကျယ်မဖြစ်ရလေအောင် diagonal method ကိုလည်းကောင်း၊ အနိမ့်အမြင့်မှန်ကန်အောင် ပေကြိုးကိုလည်း ကောင်း အတိန်းအစောင်းမဖြစ်အောင် ချိန်သီး ရေချိန်ပိုက် ပန်းရံရေချိန် တို့ကိုလည်းကောင်း၊ အသုံးပြုရမည် ဖြစ်ပါသည်။ လူတေဟာ အသက်ရှူနေကြသည့်အတွက်၊ တမတ် တမူး 14/" - 1/8" မှားယွင်းမှုကိုတော့ ခွင့်ပြုရ မည်သာ ဖြစ်ပါသည်။

4. Rebar
Consider adding wire mesh or rebar to your form (optional).
မိမိသွန်းလောင်သော၊ ကွန်ကရစ်သည်၊ ကားလမ်းကဲ့သို့၊ heavy load-bearing structure ဖြစ်ပါက၊ သွန်လောင်းမည့် ကွန်ကရစ်ထဲတွင်၊ rebar ထည့်မည်၊ သို့မဟုတ်၊ wire mesh ထည့်မည်ဆိုသည်ကို၊ စဉ်းစား ဆုံးဖြတ်ရပါမည်။ အလေးဝန်ချိန် များပြားစွာ ထမ်းဆောင်ရန်မလိုအပ်သော ကွန်ကရစ် သွန်းလောင်းမည် ဆိပါက mesh ဖြစ်စေ rebar ဖြစ်စေ၊ ထည့်ရန်မလိုပါ။ သို့ပါသော်လည်း mesh ကိုဖြစ်စေ rebar ကိုဖြစ်စေ၊ အသုံးပြုမည်ဆိုပါက၊ မည်သည့်အတွက်ကြောင့် အသုံးပြု ရသည်။ ဘယ်လိုကောင်းကျိုးများရှိသည်၊ ဘယ်လို ဆိုးကျိုးများရှိသည်၊ တို့ကို နားလည်သဘောပေါက်ထားဘို့ လိုအပ်ပါသည်။
Wire mesh သည်၊ ဝရိန်တို့ထားသောကြောင့် ပိုပြီးတည်ငြိမ်ပါသည်၊ အက်ကြောင်းငယ်များ၊ မဖြစ်ပေါ်အောင် ကာကွယ်ပေးသည်။ ဖြစ်ပေါ်လာသော အက်ကြောင်းများကိုလည်း တိုးပွားမလာအောင် ထိန်းသိမ်းစောင့် ရှောက်ပေးပါသည်။ သို့ပါသော်လည်း ကြံ့ခိုင်သည့် structural တခု၊ တည်ဆောက်ဘို့တော့၊ လုံလောက်သော စွမ်းအား၊ မရှိပါ။
Rebar ကတော့၊ load များများကို ထမ်းနိုင်သော structure ရအောင် တည်ဆောက်နိုင်ပါသည်။ သို့သော် ဖြစ်ပေါ်လာသောအက်ကြောင်းများကို သေးငယ်သွားအောင်တော့ rebar က၊ မစွမ်းဆောင်နိုင်ပါ။
5. Mix your concrete - ကွန်ကရစ်ဖျော်စပ်ခြင်း။
ကွန်ကရစ်ဆိုသည်မှာ၊ အားလုံးသိကြသည့်အတိုင်း၊ Portland cement - ဘိလပ်မြေ၊ sand - သဲနှင့်၊ coarse aggregate ကျောက်စရစ် သို့မဟုတ် ချီပင်ကျောက်တို့ကို၊ 1:2:4, 1:3:6 စသဖြင့်၊ အချိုးကြပေါင်းစပ်ရောနှော ပြီး၊ ထိုသို့ ရောစပ်မွှေသမထားသော အခြောက်စပ်ကို တခုနှင့်တခု တွဲကပ်သွားစေရန် ရေရောထားသော အရောအနှော ဖြစ်ပါသည်။ ရေကို သတ်မှတ်ထားသော အတိုင်အတာအထိသာ ထည့်သွင်းရောစပ် ရပါ သည်။ ရေများလျင် လုပ်ရကိုင်ရလွယ်ကူသွားသော်လည်း ကွန်ကရစ်စွမ်းအားကို ကျ ဆင်းစေပါသည်။ ရေနဲနဲ ဖြင့်ရောစပ်ထားသော ကွန်ကရစ်သည် ကွဲအက်မှုကို ပိုမိုခံနိုင်ပါသည်။ စက်ဖြင့်ဖျော်စပ်သည့်ဖြစ်စေ၊ လက်ဖြင့် ရောစပ်သည်ဖြစ်စေ၊ ပါဝင်ပစ္စည်း များ တသမတ်တည်း ဖြစ်လာသည်အထိ မွှေဘို့ လိုပါသည်။
လက်ဖြင့်ရောစပ်သည့်အခါ သဲနှင့်ဘိလပ်မြေကို ဦးစွာ သမအောင် ရောစပ်ရပါမည်။ ထို့နောက် ကျောက်ထည့် ပြီး ဒုတိယအကြိမ် သမအောင် ရောစပ်ရပါမည်။ ထို့နောက် ရောစပ်ထားသည့် အပုံကို ပြားပြီး၊ ရေပန်းခရား ဖြင့် ရေကို ထည့်ရပါ့မည်။ ထို့နောက် သမအောင် ပြုလုပ်ရပါမည်။
စက်ဖြင့်ရောစပ်သည့်အခါ စက်ကိုလည်ထားပြီး ရေကို အနည်းငယ်လျော့ပြီး ဦးစွာထည့်ရပါသည်။ ထို့နောက် ကျောက်ထည့်ရပါ သည်၊ ထို့နောက်သဲထည့်ရပါသည်။ ၄င်းတို့ သမသွားသောအခါ ဘိလပ်မြေထည့်ရပါသည်။ ထို့နောက် ကွန်ကရစ် တသားထဲဖြစ်သွားသည်အထိ ရေကို ချိန်ညှိထည့်ပေးရပါသည်။

6. ကွန်ကရစ်သွန်းလောင်းခြင်း။
ကွန်ကရစ်လောင်းတဲ့အခါ_
ရွက်လုံးနဲ့လည်း ငဲ့ချလိုက်တပ်ပါတယ်။
Bucket နဲ့လည်းမယူလာပြီး ဖွင့်ချလိုက်တပ်ပါတယ်။
Truck မှာပါတဲ့ လျောဇလားနဲ့လည်း လျောကျလာတပ်ပါတယ်။
Stationary pump နဲ့လည်း "ဝူး" ကနဲ မှုတ်ပြီးလာတပ်ပါတယ်။
Boom pump နဲ့လည်း "ဝူး" ကနဲ မှုတ်ပြီးလာတပ်ပါတယ်။ ဘာနဲ့ဘဲလာလာ၊ ကွန်ကရစ်ပုံဖြစ်လာရင်တော့၊ ပေါက်တူးနဲ့ဆွဲရင် လဘာချာပါဘဲ။ ဒီတော့ မြန်-ကောင်း-သက်သာ ဖြစ်ရလေအောင်၊ shovels - ဂေါ်ချွန်၊ rakes - အသွားပါသောဆွဲဂျုတ်၊ "come alongs," တံချူ တို့နဲ့ ဆွဲဖြန့်ရပါမယ်။ တံချူ ဆိုတာ spreader ပါဘဲ။ အကြမ်းအားဖြင့် ညီသွားပြီဆုပါလျင် စီးကမ်းနည်းလမ်းအတိုင်း vi****or မရပါ့မယ်၊

7. Screed the top of the concrete.
Screed လုပ်သည်ဆိုသည်မှာ၊ ပါရာတုန်းကလေးတေပေးပြီးမှ နံရံမှာ ပလာစတာကပ်ပြီး ချောခြင်း၊ topping လောင်းခြင်းတို့ကို၊ အင်ဂျင်နီယာအားလုံး သိကြပါသည်။ ထို့အပြင် သစ်သားချောင်း ဘေး၂ဖက်ခံပြီး အလယ် ကွန်ကရစ်ကို ပတ်တန်းဖြင့်ရိုက်တာလည်း အားလုံးသိကြပါသည်။ သစ်သားချောင်းအစား aluminium square pipe တေ၊ hollow pipe တေကိုလည်း၊ အသုံးပြုနိုင်ပါသည်။ အင်ဂျင်နီယာများသည် ဤ ပါရာတုန်း များ၊ ပတ်တန်းများကို စိတ်ဝင်စားရင် စိတ်ဝင်စားသလို၊ အလုပ်သမားများကလည်း ကျွမ်းကျင်လျင် ကျွမ်းကျင် သလို ကွန်ကရစ်ကြမ်းသည် စံချိန်စံညွန်းပြည့်မှီပြီး လက်ရာကောင်းကို ရရှိနိုင်သည့်အပြင် ကုန်ကျစရိတ်ကို လည်း များစွာလျော့ချနိုင်ပါသည်။

8. လက်ပွတ်နဲ့ ဖိသိပ်ချောပါ။
အဲဒီနောက် cover guide rail ကို၊ အမှီပြု ပြီးတော့၊ မျ ဉ်းတန်နဲ့ ရိုက်တုန်းနဲ့ ရိုက်ညှိ ဆွဲရပါတယ်။ ဒီအခါ level တကျ ၊ compacted ကြမ်းချောရပါတယ်။ အဲဒီလယ်ပယ်တကျ ကြမ်းချောကို ချောညက်သွားအောင်ရယ် compaction ထပ်ရအောင်ရယ်တို့အတွက် လက်ပွတ်နဲ့ ဖိသိပ်ဆွဲဖွတ် လုပ်ရပါ့မယ်။ ဒီအချေအနေဟာ လက်ဝင် တပ်တဲ့အတွက် ကွန်ကရစ်မအိပ်ခင် ပြီးအောင်လုပ်ဖို့ သွက်သွက်လုပ်ဖို့ လိုပါတယ်။
Floating process - လက်ပွတ်နဲ့ လုပ်ငန်းဆောင်ရွက်တဲ့အခါ လုပ်ငန်းစဉ် ၂ - မျိုးရှိပါတယ်။ ပထမ တခုက တော့ bull float လို့ခေါ်တဲ့ လက်ပွတ်ကြီးနဲ့ပွတ်တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ course aggregate များကို အောက်သို့ရောက်သွားအောင် ရိုက်ချလိုက်ပြီး အပေါ်ကို အနှစ်တက်လာအောင် ဖြစ်ပါတယ်။ bull float ကို ဆွဲတဲ့အခါ မိမိဘက်ကို ကြွစေပြီး၊ တွန်းတဲ့အခါ ရှေ့ဘက်ကို ကြွစေရပါတယ်။ magnesium hand float သည်၊ လုပ်ရကိုင်ရ အဆင်ပြေပါတယ်။ အဲဒီလို bull float ကြီးနဲ့ ချောညှိပြီးတဲ့နောက်၊ water bleeding ဖြစ်လာတဲ့အခါ၊ hand float - နဲ့ တံမျက်စီးလှဲသလို လှဲပြီးတော့ ထွက်လာတဲ့ ရေတေကို လိုချင်တဲ့နေရာရောက် အောင် ပွတ်ရမည် ဖြစ်ပါတယ်။

9. Make control joints
Rebar မပါသော၊ ကွန်ကရစ်ကြမ်းခင်းများခင်းတဲ့အခါ၊ ကွဲတပ်သောကြောင့် groover ဖြင့် ၅ပေ လောက် ၆ပေ လောက် ကွန်ကရစ်အထူအပါးပေါ်မူတည်ပြီး ခြားခြားပြီး ဖြတ်ပေးရပါမယ်။ ကွန်ကရစ်လမ်းတေကတော့ အထူ ၈-လက်မလောက် ရှိသည့်အတွက် ၂၅ - ပေလျင် contraction joint တခုစီနဲ့၊ ပေ ၁၀၀ - လျင် expension joint တခုစီ ထည့်ကြပါတယ်။ groover နဲ့ခွဲတဲ့အခါ ညီညီညာညာ ကြည့်ကောင်းအောင်၊ သစ်ဖြင့်ဖြစ်စေ၊ အလျူ မီနီယံနဲ့ဖြစ်စေ ပြုလုပ်ထားသော straight edge နဲ့ ဖိပြီးမှ ခွဲရပါ့မယ်။ ကွန်ကရစ်ထုရဲ့ ၄ပုံ ၁ပုံ နက်အောင် ခွဲပေးရမှာဖြစ်ပြီး အပူအအေးပြောင်းလဲလို့ ကွန်ကရစ်ကွဲတဲ့အခါ အဲဒီနေရာက ကွဲအောင် စီမံထားတဲ့အတွက် control joint လို့ခေါ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ contraction joint ဆိုတာ၊ အေးရင်ကွဲဘို့ဖြစ်ပြီး၊ expension joint ဆိုတာ ပူရင်စန့်ဘို့ ဖြစ်ပါတယ်။

10. Create traction -
တံမျက်စီးတချောင်းဖြင့်၊ ကွန်ကရစ်မျက်နှာပြင်တွင်၊ မိမိနှစ်သက်ရာ ဒီဇိုင်းအမျိုးမျိုးပေါ်လာအောင်၊ ပုံဖော် လှည်းကျင်းနိုင်ပါသည်။ ထိုသို့ လှည်းကျငိးပုံဖော်ထားခြင်းဖြင့် မိုးရာသီတွင် ကွန်ကရစ်ကြမ်းခင်းများ ရေ စိုသောအခါ ချေ ချော်ခြင်း မဖြစ်နိုင်တော့ပါ။ နဲနဲသာ ကြမ်တမ်းသော မျက်နှာပြင်ကို အလိုရှိပါက soft brush - ဘရပ်ပြော့ပြော့လေးကို အသုံးပြုနိုင်ပါသည်။ မျက်နှာပြင်ချောချောကို အလိုရှိပါက သံလက်ပွတ်ဖြင့် ဝိုက်ပြီး တော့၊ ပွတ်ပေးနိုင်ပါသည်။ မျက်နှာပြင်မှာ ရေတင်နေလို့ groove - ဂျိုင့်မြောင်းကလေးများ ဆွဲမည်ဆိုပါက၊ သိပ်အနက်ကြီးမဆွဲရပါဘူး။ တံမျက်လှဲတဲ့အခါ ကျောက်စရစ်ခဲတေပါမလာအောင် အချိန်မစောင့်ဘဲ လောပြီး တော့ တမျက်မလှဲသင့်ပါဘူး။ အဲဒီလို ကျောက်စရစ်ခဲတေပါလာမယ်ဆိုရင် magnesium floater - လက်ပွတ်နဲ့ ပြန်ချောပြီးမှ အချိန်နဲနဲ ထပ်စောင့်ပြီး တံမျက်လှဲ ပုံဖော်ရပါမယ်။

11. Cure and seal the concrete.
curing အမျိုးမျိုးရှိသည့်အနက်၊ ရေလောင်းပြီး curing ပြုလုပ်မည်ဆိုပါက၊ကွန်ကရစ်သွန်းလောင်းပြီးနောက် ၂၈ - ရက် အထိ၊ ပြုလုပ်သင့်ပါသည်။ သို့ပါသော်လည်း ၇ - ရက်တောင် အနိုင်နိုင် ရေလောင်းပြီး curing ပြု လုပ်ကြပါသည်။ မည်သို့ပင်ဆိုစေကာမူ ကွန်ကရစ်လောင်းပြီးပြီးခြင်း မည့်သည့်အချိန်တွင်၊ ဦးစွာ curing ပြု လုပ်မည်ဟု ဆုံးဖြတ်ခြင်းသည် အရေးကြီးပါသည်။ ပညာရှင်ပီပီ ဆောင်ရွက်ခွင့်ရသော လုပ်ငန်းများတွင်၊ အထဲကရေကလည်း အပြင်ထွက်မသွားစေသော အပြင်ကရေက လည်း အထဲ ဝင်မလာစေနိုင်သော၊ sealing - ခေါ်၊ ရေလုံစေတပ်သော၊ အတားအဆီးကို၊ ကွန်ကရစ် သွန်းလောင်းပြီးလျင်ပြီးခြင်း၊ ဆောလျက်စွာ ဆောင ရွက်သင့်ပါသည်။

12. Maintain your concrete.
ေ လာင်းထားသောကွန်ကရစ်သည်၊ ကောင်မွန်နေပါသည်ဆိုသော်ငြားလည်း၊ ပြု ပြင်ထိန်းသိမ်းဘို့ လိုအပ်ပါ သည်။ အနည်းဆုံးတော့ ဆပ်ပြာရည်ဖြင့် ပွတ်တိုက်ဆေးကြောပေးခြင်းဖြင့် သန့်ရှင်းသပ်ရပ်သည့် ကွန်ကရစ်ကြမ်းခင်းကို မြင်ရတွေ့ရမည် ဖြစ်ပါသည်၊ ၅ - နှစ်တကြိမ်လောက် seal coat တင်ပေးမည်ဆိုပါက ကွန်ကရစ်အသားထည်ပျက်စီးခြင်းကို ကာကွယ်နိုင်ပါသည်။
မူရငိး credit(construction engineer course)

ချစ်စရာကောင်းပြီး ခမ်းနားထည်ဝါတဲ့ အိမ်ဆောက်ဖို့ စိတ်ကူးနေပြီဆိုရင် Gone Yee Wint Htel Engineering Group မှ သေသပ်လှပပြီး ...
14/03/2023

ချစ်စရာကောင်းပြီး ခမ်းနားထည်ဝါတဲ့ အိမ်ဆောက်ဖို့ စိတ်ကူးနေပြီဆိုရင် Gone Yee Wint Htel Engineering Group မှ သေသပ်လှပပြီး ခေတ်မှီဆန်းသစ်တဲ့ အိမ်ပုံစံများကို လူကြီးမင်းတို့စိတ်တိုင်းကျ ​Designရေးဆွဲခြင်း ဝန်ဆောင်မှုပေးနေလို့ အမြန်ဆုံးသာ hello လိုက်တော့နော်😊☺
09254084066
Gone Yee Wint Htel Engineering Group

မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ
14/03/2023

မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ

DCP  Test===》  CBR. % DCP. ဆိုသည်မှာ. Dynamic Cone Penetrometer ဖြစ်ပြီး  ရှာတဲ့ရလဒ်ကတော့. CBR % ဖြစ်ပါတယ်   CBR. ဆိုတာ ...
13/03/2023

DCP Test===》 CBR. %

DCP. ဆိုသည်မှာ. Dynamic Cone Penetrometer ဖြစ်ပြီး ရှာတဲ့ရလဒ်ကတော့. CBR % ဖြစ်ပါတယ်
CBR. ဆိုတာ California Bearing Ratio ဖြစ်ပြီး. ၁၉၂၉ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းမှာအမေရိကန်အင်ဂျင်နီယာများက လေယာဉ်ကွင်းတည်ဆောက်ရေးများမှာ တွင်တွင်ကျယ်ကျယ်စတင် အသုံးပြုခဲ့ကြပါတယ် DCP စမ်းသပ်နည်းကိုတော့ Transport Research Lab မှစတင်တီထွင်ခဲ့တာဖြစ်ပါတယ် DCP သည် 8kg အလေချိန်ရှိတဲ့ Wt ကို 575 mm အမြင့်မှ Free fall လွတ်ချခြင်းဖြင့် နစ်ဝင်သွားသော mmများကိုမှတ်သားအဖြေရှာရမှာဖြစ်ပါတယ် စမ်းသပ်ရာမှာလည်း. 1 blow, 2 blow,5&10 blow စသည်ဖြင့်. တည်ဆောက်ထားတဲ့ material ပေါ်မူတည်ကာရိုက်ချက်များပြောင်းလဲစမ်းသပ်ရသလို ရလာတဲ့ အဖြေမှာလည်း 30 ° cone သို့. 60 °cone ဆိုပြီး မိမိစမ်းသပ်ပစ္စည်းထိပ်မှာရှိတဲ့ cone အပေါ်မူတည်ကာ Graph မှာထောက်ရပါတယ် ကျောက်ရောမြေများမှာ 5&10 blow ဖတ်တယ်ဆိုတာက Reading မှာအမျိုးမျိုးပြနေတက်လို့ Avg. မျှတဲ့သဘောပါ မြေတစ်မျိုးထဲမှာပဲ CBR. Data ပြောင်းလဲပါတယ်. ခြောက်တဲ့အချိန်မှာ CBR. ထိုးတက်လာပေမယ့် OMC အချိန်ခင်းခင်းပြီးခြင်း စမ်းသပ်ရင် အဖြေရလဒ်တစ်မျိုးထွက်တက်ပါတယ် Granular. လမ်းတွေမှာ DCP စမ်းရင်. CBR. 80_100 % ထွက်တက်ကြပါတယ် တခါတရံ. ခဲလုံးတစ်လုံးရိုက်မိတဲ့အချိန် မှာအားကောင်းပြီးတက်လာတာဖြစ်တဲ့အတွက်. CBR. ကောင်းတယ်လို့ ထင်ကြပါလိမ့်မယ် စမ်းသပ်တဲ့အချိန်မှာ. အောက်ကမြေလွာက ကျောက်ရောမြေဆိုရင်. ကြားထဲဝင်တာနဲ့ စောင်းသွားတက်ပါတယ်. ပစ္စည်းကျိုးမှာကြောက်တာနဲ့ အလိုက်သင့်ထားရတာလည်းရှိတက်ကြပါတယ် တက်နိုင်သမျှတည့်မတ်စွာကိုင်ရမည်ဖြစ်ပြီး ယိမ်းသွားပါက လိုအပ်သော Load သည် free fall မကျနိုင်တဲ့အတွက် စမ်းသပ်မူ့နေရာပြောင်းလဲသင့်ပါတယ် အရင်တုန်က စမ်းသပ်ပစ္စည်းများကို လေယာဉ်ကွင်း Design လုပ်ငန်းများမှာ
800mm သို့. 1200 mm. အဆက်များဖြင့်ဆက်တိုက်ဆက်ကာ အောက်ကမြေလွာများကို စမ်းသပ်မူ့ပြုလုပ်ခဲ့မူ့များလည်းရှိပါတယ်
ဖို့မြေလုပ်တဲ့နေရာတွေမှာ အချို့အထူများ ၂ပေလောက်ဖို့ထားပေမယ့်. QC လည်းလာရော. ၁၀. လက်မလောက်ဖို့ထားတယ်လို့ပြောကြပါတယ် DCP. လည်းရိုက်ရော. အောက်အလွာမျက်နာပြင်မှာကြိတ်ထားတဲ့နေရာလည်းရောက်ရော Reading. ကပြတက်တော့ Reading. ကြည့်ရုံနဲ့ ဘာလုပ်ထားနိုင်လဲQC က အတွေ့အကြုံအရ အနီးစပ်ဆုံးခန့်မှန်းလို့ရနိုင်ပါတယ် နစ်ဝင်မူ့နုန်း 0.5 mm/blow အထိလက်ခံနိုင်ပေမယ့် အချက်များစွာဆက်ရိုက်လို့ နစ်ဝင်မူ့မရှိရင် အောက်အလွာအတွင်းဝင်ရောက်မူ့မရှိနိုင်လို့ နေရာအနည်းငယ်ပြောင်းခြင်း သို့ အောက်ကို ဖောက်ထွင်းဖယ်ရှားခြင်း ပြုလုပ်ပြီးမှ ဆက်လက်လုပ်ဆောင်သင့်ပါတယ်. မိမိစမ်းသပ်ထားသော Data များကို. Graph ဆွဲကာ မြေတစ်လွာအတွင်း. mm အနက်အလိုက်ပြောင်းလဲသွားတက်သော mm/blow များကိုရှာကာ. အသုံးပြုသော ° cone လမ်းကြောင်းGraph ကိုပြန်ထောက်ခြင်းဖြင့်. CBR ဆိုတဲ့ ရလဒ်ကိုရရှိစေမှာဖြစ်ပါတယ် ညီငယ် ညီမငယ်များအတွက်အနည်းငယ်သောအသိမျှဝေပါရစေ
Fri များကိုလေးစားစွာဖြင့် အမှားပါကခွင့်ပြုပါ ဆရာသမားများအားလုံးကိုဦးထိပ်ထားလျှက်.


Address

North Myothit 5 Street
Minhla

Telephone

+959254084066

Website

Alerts

Be the first to know and let us send you an email when Gone Yee Wint Htel Engineering Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gone Yee Wint Htel Engineering Group:

Share