Kachin State Disaster Information

Kachin State Disaster Information Awareness, information, Education

သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးနောက်လုပ်ဆောင် သင့်သော အရာများလုံခြုံရေးကို ဉီးစားပေးပါ• မိသားစုကို စစ်ဆေးပါ: မိသားစုဝင်အားလ...
24/11/2025

သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးနောက်လုပ်ဆောင် သင့်သော အရာများ

လုံခြုံရေးကို ဉီးစားပေးပါ
• မိသားစုကို စစ်ဆေးပါ: မိသားစုဝင်အားလုံးဘေးကင်းလုံခြုံမှုရှိမရှိကို အရင်ဆုံး စစ်ဆေးပါ။ လိုအပ်ပါက ရှေးဉီးသူနာပြုစုနည်းများဖြင့် ကုသပေးပါ။
• အန္တရာယ်များကို သတိပြုပါ: ဓာတ်ငွေ့ယိုစိမ့်မှုရှိမရှိ စစ်ဆေးပါ။ ပျက်ကျနေသော ဓာတ်ကြိုးများ၊ မီးလောင်နိုင်သည့် အရာများ၊ ကွဲနေသော မှန်များနှင့် အဆောက်အအုံ ပျက်စီးမှုများကို သတိထားပါ။ အဆောက်အအုံ အောက်များတွင် ရေကြီးပြီး နောက်ပိုင်းတွင် လူကို အန္တရာယ်ပြုနိုင်သော (မြွေ စသဖြင့်) အကောင်များ ရှိနေနိုင်သော ကြောင့် သတိပြုရပါမည်။

ပျက်စီးဆုံးရှုံးမှု မှတ်တမ်းယူခြင်းနှင့် အကူအညီရယူခြင်း
• အကူအညီပေးရေးအဖွဲ့များကို ဆက်သွယ်ပါ
ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာဂရုစိုက်မှု
• တစ်ကိုယ်ရည် သန့်ရှင်းရေး ဂရုစိုက်ပါ
• သောက်သုံးရေ သတိထားပါ
• အနားယူပြီး ကျန်းမာအောင်နေထိုင်ပါ
• စိတ်ပိုင်းဆိုင်ရာ အကူအညီရယူပါ

ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
• အမှိုက်များကို သတိထားပြီး ရှင်းလင်းပါ: ရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် လက်အိတ်၊ ဘွတ်ဖိနပ်နှင့် အကာအကွယ် ပစ္စည်းများ ဝတ်ဆင်ပါ။
• ယာယီပြုပြင်မှု ပြုလုပ်ပေးပါ: ပိုမိုပျက်ဆီးမှုမဖြစ်အောင်နှင့် လုံခြုံရေးအတွက် မိုးယိုခြင်း၊ အပေါက်များပိတ်ဆို့ခြင်း စသည့် ယာယီပြုပြင်မှုများကို လုပ်ဆောင်နိုင်ပါသည်။
• လှည့်စားမှုများကို သတိထားပါ: ပျက်စီးမှုများပြုပြင်ပေးမည်ဟု ကမ်းလှမ်းလာသော လိမ်လည်သူများကို သတိထားပါ။ ယုံကြည်စိတ်ချရပြီး တရားဝင်သော ကုမ္မဏီများကို ရွေးချယ်ပါ။
• ဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေးသည် အချိန်ယူရမည့် လုပ်ငန်းစဉ်ဖြစ်သောကြောင့် စိတ်ရှည်သည်းခံပြီး တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ လုပ်ဆောင်သွားရန် အရေးကြီးပါတယ်။



#ဘေးကင်းလုံခြုံရေးဉီးစားပေးပါ
#သန့်ရှင်းရေးနှင့်ကျန်းမာရေးဂရုစိုက်ပါ
#ပြန်လည်ထူထောင်ရေးတွင်သတိပြုစွာလုပ်ဆောင်ပါ

12/11/2025

📛 သဘာဝဘေးအန္တရာယ်ကို ဘယ်လိုတုံ့ပြန်ဆောင်ရွက်သင့်သလဲ 🔥

နိုင်ဝင်ဘာလ၊ ၁၂ ၊ ၂၀၂၅။ ⛈

⛔️ သဘာဝဘေးအန္တရာယ်ဆိုတာဘာလဲ။
💦 သဘာဝဘေးအန္တရာယ် ဘာကြောင့်ဖြစ်ရသလဲ။
⁉️ သဘာဝဘေးအန္တရာယ်ကိုကာကွယ်ဖို့ ဘယ်လိုကြိုတင်ပြင်ဆင်ရမှာလဲ။
🌫 သဘာဝဘေးအန္တရာယ်၏ နောက်ဆက်တွဲဆိုးကျိုးများကဘာတွေလဲ။
🌪 သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုကို လျှော့ချစေရန်နှင့် ကာကွယ်နိုင်ရန် ရေရှည်ဘယ်လိုစီမံဆောင်ရွက်သင့်သလဲ။
🌈 သဘာဝဘေးအန္တရာယ်ဖြစ်ပြီးနောက် ပြန်လည်ထူထောင်ရေးကို ဘယ်လိုပုံစံမျိုးဖြင့်လုပ်ဆောင်သင့်သလဲ။

#သဘာဝဘေးအန္တရာယ်
#ဘယ်လိုကြိုတင်ကာကွယ်သွားမလဲ

30/10/2025

👋မြစ်ကြီးနားမြို့နဲ့ချီဖွေမြို့တို့မှာရေကြီးတာဟာ ချီဖွေမြို့နယ်၊ ဇန်နောင်ကျေးရွာရှိ ဇန်နောင်တောင်ကျချောင်းလို့ခေါ်တဲ့ ၎င်းချောင်းရေကြိီးခြင်းကြောင့် ဖြစ်တယ်လို့ ချီဖွေဒေသခံတွေက ဆိုပါတယ်။
​ချီဖွေအထက်ရှိခေါင်လန်ဖူးချောင်းရေစီးဆင်းလာမှုနှင့်အတူ ချီဖွေမြို့နယ်ဇန်နောင်တောင်ကျချောင်းရေကြီးမှုတို့ဟာ မေခမြစ်ရေပိုမိုကြီးလာခြင်းကိုအဓိက​ဖြစ်ပေါ်စေပါတယ်။
လွန်ခဲ့သောဇွန်လ၌မေခမြစ်ရေကြီးလာခဲ့ခြင်းသည် ထိုခေါင်လန်ဖူးရှိ ချောင်းရေကြီးမှုများ အရင်နှစ်များထက်ပိုမိုစိုးရွားလာခြင်းနှင့် ချီဖွေမြို့နယ်ဇန်နောင်တောင်ကျချောင်းရေများလွန်ကဲစွာကြီးလာခြင်းတို့ကြောင့် ၎င်းမေခမြစ်ရေကြီးလာခဲ့ခြင်းဖြစ်တယ် လို့ဒေသခံများ၏ပြောကြားချက်များအရသိရပါသည်။📌🌊


#မေခမြစ်ရေကြီးမှုကိုဖြစ်ပေါ်စေတဲ့အရင်းခံတောင်ကျချောင်း

#ချီဖွေမြို့နယ်ဇန်နောင်ကျေးရွာ

ကချင်ပြည်နယ်မှာ သဘာဝဘေးအန္တရာယ်က မြေကိုသာမက၊ တောင်သူတွေရဲ့ အနာဂတ်ကိုပါ ခြိမ်းခြောက်နေပါတယ်။ 📌"ဒီလိုဖြစ်ရပ်မျိုးကို သင်ကိ...
23/10/2025

ကချင်ပြည်နယ်မှာ သဘာဝဘေးအန္တရာယ်က မြေကိုသာမက၊ တောင်သူတွေရဲ့ အနာဂတ်ကိုပါ ခြိမ်းခြောက်နေပါတယ်။ 📌
"ဒီလိုဖြစ်ရပ်မျိုးကို သင်ကိုယ်တိုင်ကြုံတွေ့ခဲ့ရင် ဘယ်လိုဖြေရှင်းဖို့ စဉ်စားထားပြီလဲ?"🤔

#ကချင်ပြည်နယ်
#စိုက်ပျိုးရေး
#သဘာဝဘေးအန္တရာယ်

#စားနပ်ရိက္ခာဖူလုံရေး
#အတူတကွကျော်လွှားမည်

"ဘေးဒုက္ခတွေက သင်ခန်းစာယူပြီး ပိုမိုခိုင်မာတဲ့အနာဂတ်ကို တည်ဆောက်ကြစို့။" #အခြေခံလိုအပ်ချက်များ #ကျန်းမာရေးစောင့်ရှာက်မှု...
13/10/2025

"ဘေးဒုက္ခတွေက သင်ခန်းစာယူပြီး ပိုမိုခိုင်မာတဲ့အနာဂတ်ကို တည်ဆောက်ကြစို့။"

#အခြေခံလိုအပ်ချက်များ
#ကျန်းမာရေးစောင့်ရှာက်မှု
#လူသားချင်းစာနာထောက်ထားမှု

ရေကို ရွှေနှင့်လဲပြီး လူအများ၏ အသက်ကို စတေးသင့်ပါသလား? #ရေထုညစ်ညမ်းလာမှု #သဘာဝပတ်ဝန်းကျင်ထိခိုက်မှု
07/10/2025

ရေကို ရွှေနှင့်လဲပြီး လူအများ၏ အသက်ကို စတေးသင့်ပါသလား?

#ရေထုညစ်ညမ်းလာမှု
#သဘာဝပတ်ဝန်းကျင်ထိခိုက်မှု

ရေဘေးအန္တရာယ်ကို စောင့်ကြည့်တိုင်းတာခြင်းသည် ကိုယ့်အသက်နှင့်ပိုင်ဆိုင်မှုတွေကို ကာကွယ်ရာ ပထမခြေလှမ်းပါ🚨🔉 #ရေကြီးမှုဘေးအန...
01/10/2025

ရေဘေးအန္တရာယ်ကို စောင့်ကြည့်တိုင်းတာခြင်းသည် ကိုယ့်အသက်နှင့်ပိုင်ဆိုင်မှုတွေကို ကာကွယ်ရာ ပထမခြေလှမ်းပါ🚨🔉

#ရေကြီးမှုဘေးအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြပါစို့
#မြစ်ချောင်းဘေးတွင်သတ္တုတူးဖော်ခြင်းသစ်ပင်ခုတ်ခြင်းများကိုရှောင်ရှားကြပါစို့

ကချင်ပြည်နယ် လိုင်ဇာမြို့နယ် မုန်ဆိုင်ယန် ကျေးရွာ တွင် လွန်ခဲ့သော ဩဂုတ်လ ၂၀၂၅ ခုနှစ်၌ ရေကြီးမှုဖြစ်ခဲ့ပြီး နေအိမ်အချို့န...
29/09/2025

ကချင်ပြည်နယ် လိုင်ဇာမြို့နယ် မုန်ဆိုင်ယန် ကျေးရွာ တွင် လွန်ခဲ့သော ဩဂုတ်လ ၂၀၂၅ ခုနှစ်၌ ရေကြီးမှုဖြစ်ခဲ့ပြီး နေအိမ်အချို့နှင့် ကားလမ်းတံတားအဆောက်အအုံအချို့ ထိခိုက်ပျက်ဆီးခဲ့ရပုံ

#ဘေးဒဏ်သင့်ပြည်သူများအားကူညီကြပါစို့
#ထိခိုက်ပျက်ဆီးမှုလျော့နည်းစေရန်သဘာဝဘေးအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်ထားကြပါစို့

သဘာဝဘေးအန္တရာယ်  များဖြစ်ပေါ်ရသည့် အကြောင်းရင်းကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်အမျိုးအစား များစွာရှိသည်။ ၎င်း သဘာဝဘေးအန္တရာ...
26/09/2025

သဘာဝဘေးအန္တရာယ် များဖြစ်ပေါ်ရသည့် အကြောင်းရင်း
ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်အမျိုးအစား များစွာရှိသည်။ ၎င်း သဘာဝဘေးအန္တရာယ် များကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရာများလဲ များစွာရှိပါသည်။ သို့ပေမဲ့လည်း ယေဘုံယျအားဖြင့် သဘာဝဘေးများကို အဓိကဖြစ်စေတဲ့ အကြောင်းရင်း နှစ်မျိုး ရှိပါသည်။ ပထမ တစ်မျိုးမှာ သဘာဝကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေးများဖြစ်ပါသည်။ ကမ္ဘာကြီး၏ သဘာဝဖြစ်စဉ်များ၊ ဂေဟစနစ်၏ ပြောင်းလဲမှုများကြောင့် သဘာဝဘေးများဖြစ်ပေါ်လာရသည်။ ဥပမာ - ကမ္ဘာမြေကြီး၏အတွင်းပိုင်းရှိ ကျောက်များပွတ်တိုက် လှုပ်ရှားမှုများကြောင့် ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီဒီရေလှိုင်းလုံးကြီးများ ကိုဖြစ်ပေါ်လာစေပါသည်။ ရာသီဥတုဆိုင်ရာ အကြမ်းဖက်မှုများကြောင့် မုန်တိုင်းများ( ဆိုင်ကလုန်း၊ ဟာရီကိန်း၊ တိုင်ဖွန်း)၊ မိုးကြီးခြင်းနှင့် ရေကြီးခြင်း၊ မိုးခေါင်ရေရှားခြင်း၊ အပူလှိုင်းသက်ရောက်ခြင်း၊ လျှပ်တပြက် မုန်တိုင်းထန်ခြင်း၊ လေဆင်နှာမောင်းတိုက်ခြင်း၊ နှင်းခဲပြားများကျခြင်း စသည့် သဘာဝဘေးများဖြစ်ပေါ်လာစေပါသည်။
ဒုတိယ တစ်မျိုးမှာ လူသားများ၏အတောမတက်နိုင်တဲ့ လောဘများ၊ လုပ်ဆောင်ချက်များ၊ ဆုံးဖြတ်ချက်များ၊ စီမံခန့်ခွဲမှု ချို့ယွင်းချက်များကြောင့် သဘာဝပတ်ဝန်းကျင်သည် များစွာထိခိုက်ပျက်စီးလာပြီး သဘာဝဘေးအန္တရာယ်များပိုမို ဖြစ်လာဖို့ရန် လွယ်ကူလာစေပါသည်။ ဥပမာ - သစ်ပင်များကို အထိန်းအကွပ်မရှိခုတ်လှဲခြင်းကြောင့် သစ်တောများပြုန်းတီးလာသောအခါ ရာသီဥတုပြောင်းလဲလာပြီး မိုးခေါင်ခြင်း၊ အပူချိန်လွန်ကဲခြင်း၊ မိုးရွာတွန်းမှု မူမမှန်ခြင်း များကို ဖြစ်ပေါ်စေပါသည်။ သဘာဝသယံဇာတများကို စနစ်မကျတူးဖော်ခြင်းကြောင့် မြေဆီလွှာများပျက်ဆီးကာ ကုန်းမြေများတွင် ချိုင့်ဝှမ်း များဖြစ်ကုန်ပြီး မိုးရာသီတွင် ရေကြီးရေလျံခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို ပိုမို ဆိုးရွားစွာဖြစ်ပေါ်လာစေပါသည်။
သစ်တောပြုန်းတီးခြင်းနှင့် မြေဆီလွှာတိုက်စားခြင်းသည် သဘာဝဘေးကို ပိုမိုဆိုးရွားစေနိုင်ပါသည်။

#သဘာဝပတ်ဝန်းကျင်မပျက်ဆီးရန်ကာကွယ်ကြစို့
#သဘာဝဘေးဖြစ်နိုင်ခြေများကိုအချိန်မှီကုစားကြစို့

ကချင်ပြည်နယ် ဆဒုံးတိုက်နယ်အထက်ရှိ ဘွမ်ဝါကျေးရွာတွင် လွန်ခဲ့သောဇွန်လ ၂၀၂၅ခုနှစ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်း...
24/09/2025

ကချင်ပြည်နယ် ဆဒုံးတိုက်နယ်အထက်ရှိ ဘွမ်ဝါကျေးရွာတွင် လွန်ခဲ့သောဇွန်လ ၂၀၂၅ခုနှစ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေကြီးပြီး ဒေသခံပြည်သူများ၏နေအိမ် အချို့ပျက်ဆီးဆုံးရှုံးခဲ့ရပုံ

#မြစ်ချောင်းအနီးမှသစ်ပင်များခုတ်ယူခြင်းမပြုလုပ်ဘဲသစ်ပင်များပြန်လည်စိုက်ပျိုးကြပါစို့

#မြစ်ချောင်းဘေးအနီးတွင်နေအိမ်များဆောက်လုပ်နေထိုင်ခြင်းကိုအတတ်နိုင်ဆုံးရှောင်ကြပါစို့

#ပျက်ဆီးသွားသောအိုးအိမ်များကိုပြန်လည်တည်ဆောက်နိုင်ဖို့ရန်ကူညီကြပါစို့

Address

Myitkyina, Kachin State
Myitkyina

Website

Alerts

Be the first to know and let us send you an email when Kachin State Disaster Information posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share