I.T Hub

I.T Hub Code for u

NFC အကြောင်းဖုန်းတွေမှာပါတဲ့ NFC အကြောင်း=====================Android Device များမှာ NFC ကို အသုံးချနည်းများနောက်ပေါ်စမတ...
03/02/2024

NFC အကြောင်း

ဖုန်းတွေမှာပါတဲ့ NFC အကြောင်း
=====================
Android Device များမှာ NFC ကို အသုံးချနည်းများ
နောက်ပေါ်စမတ်ဖုန်းများမှာ NFC ကို ထည့်သွင်းပေးထားကြပေမယ့် အသုံးချနည်းများကို မသိကြသေးတဲ့ လူများစွာ ရှိပါတယ်။ NFC ဟာ ဖုန်းတစ်လုံးနဲ့ တစ်လုံးကို ကြိုးမဲ့ ဆက်သွယ်ပေးတဲ့ နည်းပညာဖြစ်ပါတယ်။ NFC နဲ့ ဖိုင်များ၊ ဖုန်းနံပါတ်များ၊ တည်နေရာများ ပေးပို့ရယူခြင်း၊ သူငယ်ချင်းအား သင့်ဖုန်းမှ App ကို လမ်းညွှန်ခြင်းနဲ့ ငွေပေးချေခြင်းများကိုတောင် ပြုလုပ်နိုင်ပါတယ်။
NFC ဆိုတာ
NFC ရဲ့ အရှည်မှာ Near Field Communication ဖြစ်ပါတယ်။ NFC က နီးကပ်တဲ့ အကွာအဝေးမှာ ဖုန်း ၂ လုံးကို ချိတ်ဆက် အလုပ်လုပ်စေပါတယ်။ ၄ စင်တီမီတာ အတွင်းမှာ ချိတ်ဆက်နိုင်ပါတယ်။ ဖုန်း ၂ လုံးစလုံး အပြန်အလှန် ဆက်သွယ်နိုင်တဲ့ Two-Way Communication ပါ။ ဝိုင်ဖိုင် ၊ မိုဘိုင်းဒေတာများ မလိုဘဲ သုံးနိုင်ပါတယ်။
သင့် Android မှာ NFC ရှိ ၊ မရှိ ဘယ်လို သိမလဲ?
ဖုန်းရဲ့ Settings> Wireless & Networks ထဲသွားပြီး NFC Option ရှိ၊ မရှိ သိနိုင်ပါတယ်။ NFC ပါတဲ့ ဖုန်းအများစုရဲ့ အနောက်ဘက်မှာ NFC Logo လေး ပါတတ်ပါတယ်။
NFC ကို Enable ပြုလုပ်ခြင်း
NFC ဖြင့် ဖုန်း ၂ လုံးကို ချိတ်ဆက်ဖို့ ဖုန်း ၂ လုံးစလုံးရဲ့ Settings ထဲမှာ NFC နဲ့ Android Beam ကို Enable လုပ်ရမှာပါ။ ပြီးရင်တော့ ပေးပို့ချင်တဲ့ ဓါတ်ပုံ သို့မဟုတ် ဖိုင်ကို ဖွင့်ပြီး ဖုန်း ၂ လုံးကို ကျောချင်းကပ်ပေးလိုက်ရုံပါပဲ။ Send Via Option ကိုတောင် သုံးဖို့ မလိုပါဘူး။ ဖိုင်ပေးပို့ဖို့ သေချာပြီလားလို့ မေးရင် Touch to Beam ခလုတ်ကို နှိပ်ရမှာပါ။ NFC ဖြင့် ဖိုင်များ ပေးပို့၊ ရယူဖို့ File Beam လို App မျိုးကိုလည်း သုံးနိုင်ပါတယ်။ File Beam ကို သုံးရတာ ပိုမိုရိုးရှင်းပြီး ဖုန်း ၂ လုံးကြားမှာ ဖိုင်များ ပိုမိုလျှင်မြန်စွာ ပေးပို့နိုင်ပါတယ်။
NFC ကို အသုံးချနည်းများ
၁။ ဖုန်းနံပါတ်ပေးပို့ပါ။
သင့်ဖုန်းနံပါတ် သို့မဟုတ် သင့် Contact ထဲမှ လူတစ်ဦးရဲ့ ဖုန်းနံပါတ်ကို အခြား တစ်ဦးအားပေးချင်ရင် ပါးစပ်ကနေ ပြော၊ စာရိုက်စရာ မလိုတော့ပါဘူး။ သင့် Contact ကို ဖွင့်ပါ။ ပေးပို့ချင်တဲ့ Contact ကို တစ်ချက်နှိပ်ပါ။ ဖုန်း ၂ လုံးကို ကျောချင်းကပ်ပေးပြီး Touch to Beam ကို နှိပ်ပါ။
၂။ ဓါတ်ပုံ ပေးပို့ပါ။

NFC ဖြင့် ဖုန်း ၂ လုံးကြားမှာ ဓါတ်ပုံများ ပေးပို့နိုင်ပါတယ်။ ဓါတ်ပုံကို နှစ်သက်ရာ App နဲ့ ဖွင့်ပြီး ဖုန်း ၂ လုံးကို ကျောချင်းကပ်ပေးပါ။
၃။ စာရွက်စာတမ်း ပေးပို့ပါ။
ဒီနည်းလမ်းက အနည်းငယ် အလုပ်ပိုပါတယ်။ ဥပမာအားဖြင့် သင်ဖတ်နေတဲ့ PDF ဖိုင်ကို ပေးပို့တဲ့အခါမှာ PDF ဖတ်နေတဲ့ App ကို ပေးပို့လိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် စာရွက်စာတမ်းဖိုင်များကို ပေးပို့ချင်ရင် Android Beam ကို သုံးရပါတယ်။ ဖိုင်ကို ဖိထားပြီး Menu ကို နှိပ်ပါ။ Android Beam ကို ရွေးပါ။
၄။ သင့်ဖုန်းမှ App ကို လမ်းညွှန်ပါ။

သင့်ဖုန်းမှ App တစ်ခုကို သူငယ်ချင်းက ဒေါင်းလုပ်လုပ်နိုင်ရန် Play Store မှာ လမ်းညွှန်ပြသဖို့အတွက်လည်း NFC ကို သုံးနိုင်ပါတယ်။ App ကို သုံးနေစဉ်မှာ ဖုန်း ၂ လုံးကို ကျောချင်းကပ်လိုက်တာနဲ့ သူငယ်ချင်းရဲ့ ဖုန်းမှာ Play Store ကို ဖွင့်ပေးပြီး အဲဒီ App ကို ပြသပေးမှာပါ။
၅။ တည်နေရာ လမ်းညွှန်မှု ပေးပို့ပါ။

Google Maps ကို ဖွင့်ပြီး တည်နေရာ လမ်းညွှန်မှုတစ်ခု ဖန်တီးပါ။ ဖုန်း ၂ လုံးကို ကျောချင်းကပ်လိုက်တာနဲ့ သူငယ်ချင်းရဲ့ ဖုန်းမှာ အဲဒီ တည်နေရာ လမ်းညွှန်မှုကို ရရှိမှာပါ။
၆။ အခြား ဖုန်းမှ App ကို ဖွင့်ပါ။
သင်နဲ့ သင့်သူငယ်ချင်းရဲ့ ဖုန်း ၂ လုံးစလုံးမှာ တူညီတဲ့ App သို့မဟုတ် ဂိမ်းတွေ ထည့်ထားတယ်ဆိုပါစို့။ သင်က ဂိမ်းကစားနေစဉ်မှာ သင့်သူငယ်ချင်းရဲ့ ဖုန်းမှာ အဲဒီ ဂိမ်းကို ဖွင့်စေချင်ရင် ဖုန်း ၂ လုံးကို ကျောချင်းကပ်လိုက်တာနဲ့ အဆင်ပြေပါပြီ။ အဲဒီအတွက် သူငယ်ချင်းက သူ့ဖုန်းမှာ အဲဒီ ဂိမ်းကို လိုက်ရှာဖွင့်စရာ မလိုတော့ပါဘူး။
၇။ ငွေပေးချေပါ။
NFC ကို မိုဘိုင်းငွေပေးချေမှုအတွက် သုံးနိုင်ပါတယ်။ Play Store မှာ Android Pay ကို အင်စတောလုပ်ပါ။ သင့်ရဲ့ Credit , Debit Card သတင်းအချက်အလက်များကို Android Pay မှာ ထည့်ပါ။ ပြီးရင် Credit , Debit Card တွေ ကိုင်ဆောင်စရာမလိုဘဲ Android Pay လက်ခံတဲ့ အရောင်းဆိုင်များမှာ NFC ကို အသုံးချ၍ ဖုန်းဖြင့် ငွေပေးချေနိုင်ပါပြီ။ ( မှတ်ချက်။ ။ Android Pay ကို မြန်မာပြည်မှာ သုံးလို့ မရသေးပါဘူး။ )

၈။ NFC Tags များဖြင့် ချိတ်ဆက်ပါ။
NFC Tags များဟာ NFC Chip ပါတဲ့ သေးငယ်တဲ့ Tags များ ဖြစ်ပါတယ်။ စမတ်ဖုန်းကို အလုပ်တွေ ခိုင်းဖို့ NFC Tag များမှာ ပရိုဂရမ် ရေးဆွဲနိုင်ပါတယ်။ ၀က်ဆိုက်လိပ်စာတစ်ရဲ့ လင့် ထည့်ထားရင် Tag အနား ဖုန်း ကပ်လိုက်တာနဲ့ အဲဒီ၀က်ဆိုက်ကို ဘရောက်စာကနေ ဖွင့်ပေးမှာပါ။ ဝိုင်ဖိုင် အဖွင့်၊ အပိတ်၊ Ring သံ အတိုး၊ အကျယ် လုပ်ဖို့အတွက်လည်း Tag များကို သုံးနိုင်ပါတယ်။ စားသောက်ဆိုင်တစ်ခုရဲ့ Menu မှာ NFC Tag ကပ်ထားတယ်ဆိုရင် ဖုန်းကို အနားကပ်လိုက်တာနဲ့ ဖုန်းမှ Menu ကို ကြည့်နိုင်မှာပါ။ အိပ်ယာဘေးမှ ခုံတစ်ခုမှာ Silent လုပ်ပေးဖို့ သတ်မှတ်ထားတဲ့ NFC Tag ကိုထားပါ။ ညအိပ်ယာ၀င်တဲ့ အခါမှာ ဖုန်းကို Tag ဘေးနားထားလိုက်တာနဲ့ Silent လုပ်ပေးမှာပါ။ NFC ကို လက်ရှိမှာ အသုံးချနိုင်တဲ့ နည်းလမ်းများစွာ ရှိပြီး အနာဂတ်မှာ ပိုမို တွင်ကျယ်စွာ သုံးနိုင်မှာပါ။



.T Hub

CCTV ဆိုတာ ဘာလဲ ..? 📌📌📌📌📌📌📌📌📌📌📌📌📌📌📌CCTV ဆိုတာကို အင်္ဂလိပ်လို Close Circuit Television လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ ပတ်...
02/02/2024

CCTV ဆိုတာ ဘာလဲ ..?
📌📌📌📌📌📌📌📌📌📌📌📌📌📌📌

CCTV ဆိုတာကို အင်္ဂလိပ်လို Close Circuit Television လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ ပတ်လမ်းပိတ်ရုပ်သံစနစ်ပါ။ ဆိုလိုတာက .. ကျွန်တော်တို့ သာမာန်ကြည့်နေတဲ့ ရုပ်သံစနစ်တွေက တစ်နေရာကနေထုတ်လွှင့်ပြီး မည်သူမဆို ဖမ်းယူကြည့်ရှုနိုင်ပါတယ်။ CCTV ကတော့ တစ်နေရာကဖမ်းယူထားတာကို တစ်နေရာတည်းကပဲ ကြည့်ရှုနိုင်တယ်ဆိုတဲ့ သဘောပါ။

CCTV ကို ဘာအတွက် အသုံးပြုကြသလဲ ?
📢📢📢📢📢📢📢📢📢📢📢📢📢📢📢

CCTV ကို လုံခြုံရေးကင်မရာအဖြစ် လူသိများကြပါတယ်။ စောင့်ကြည့်ကင်မရာအဖြစ်အသုံးပြုပါတယ်။ မိမိရဲ့ ပတ်၀န်းကျင်လုံခြုံရေးအတွက်အသုံးပြုကြသလို၊ အလုပ်ရုံများ၊ ကုမ္မဏီ ရုံးခန်းတွေမှာလည်း ၀န်ထမ်း စည်းကမ်းထိန်းသိမ်းရေးအတွက် စောင့်ကြည့်သည့်အနေဖြင့် အသုံးပြုကြပါတယ်။ အချို့သော အငြင်းပွားဖွယ်ကိစ္စရပ်တွေမှာလည်း CCTV ရဲ့ ဆုံးဖြတ်ချက်ကို ရယူဆောင်ရွက်ကြပါတယ်။

.T Hub

Laptop ဝယ်ယူတဲ့အခါမှာ Battery ခံလား မခံလားဆိုတာ အရမ်းကို အရေးကြီးပါတယ်၊ အထူးသဖြင့် အခုလို မီးခဏခဏ ပျက်နေတဲ့ အချိန်မှာ La...
01/02/2024

Laptop ဝယ်ယူတဲ့အခါမှာ Battery ခံလား မခံလားဆိုတာ အရမ်းကို အရေးကြီးပါတယ်၊ အထူးသဖြင့် အခုလို မီးခဏခဏ ပျက်နေတဲ့ အချိန်မှာ Laptop Battery က အားမခံဘူးဆိုရင် ဘာမှ လုပ်လို့ရမှာ မဟုတ်ပါဘူး။

အသစ်ဝယ်တာပဲ ဖြစ်ဖြစ်၊ Showroom Display အလုံး ဝယ်တာပဲ ဖြစ်ဖြစ်၊ Second ဝယ်တာပဲ ဖြစ်ဖြစ် Battery က ကောင်းသေးလား မကောင်းတော့ဘူးလားဆိုတာ သေချာ စစ်တတ်ဖို့ လိုပါတယ်၊ ကိုယ်ဝယ်လာပြီးမှ Battery ကမခံလို့ အသစ်လဲရမယ်ဆိုရင် အနည်းဆုံး ၅ သောင်း ၆ သောင်း ကုန်ကျမှာ ဖြစ်ပါတယ်၊ ဒါကြောင့် Laptop Battery ကောင်း မကောင်း စစ်ဆေးနည်းကို မျှဝေပေးလိုက်ပါတယ်။

အောက်မှာလည်း ပုံနဲ့ ပြပေးထားပါတယ်။

အဆင့် (၁)

cmd ကို Run as administrator နဲ့ ဖွင့်ပါ၊

အဆင့် (၂)

powercfg /batteryreport လို့ရိုက်ပြီး Enter နှိပ်ပါ၊

C:\ နဲ့ စတဲ့ file path တွေ့ပါလိမ့်မယ်၊

အဲဒါကို start နဲ့ file path ကို ဖွင့်ပါ၊

အဆင့် (၃)

Battery report ဖွင့်လာပါလိမ့်မယ်၊

Design Capacity နဲ့ Full Charge Capacity က တန်ဖိုးတွေကို အသုံးပြုပေးရမှာပါ၊

Design Capacity (DC) နဲ့ Full Charge Capacity (FCC) တန်ဖိုးတွေ ရလာပြီဆိုရင် စ တွက်လို့ ရပါပြီ။

Formula က DC ထဲက FCC ကို နှုတ်ပြီး DC နဲ့ ပြန်စားပါ၊ ပြီးရင် ရာခိုင်နှုန်းပြောင်းဖို့ 100 နဲ့ မြှောက်ပေးရပါမယ်။

{ ( DC-FCC ) / DC } x 100

ကျန်နော့် Laptop ကို တွက်ကြည့်တဲ့အခါ

{ ( 37300 33000 ) / 37300 } x 100

11.5% ရပါတယ်၊

ရာခိုင်နှုန်း (%) တန်ဖိုး နည်းလေ Battery က ကောင်းလေ ဖြစ်ပါတယ်။

ဆိုင်ကနေ အသစ်ဝယ်ရင် 1 to 5% အတွင်း ဖြစ်ရပါမယ်၊ Second ဝယ်ရင်လည်း 10% မကျော်တဲ့ဟာဆိုရင် Battery က ပိုကောင်းပါတယ်၊ 30%, 50% ဖြစ်တဲ့ဟာဆိုရင်တော့ မဝယ်သင့်တော့ပါဘူး။

Laptop ဝယ်မယ့်သူတွေအတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Credit: ACTC Technology
.T Hub

USB အကြောင်း သိကောင်းစရာ-----------------------------🖊USB ဆိုတာ... Universal Serial Bus ကို အတိုချုပ်ခေါ်ထားတာဖြစ်ပါတယ်!...
31/01/2024

USB အကြောင်း သိကောင်းစရာ
-----------------------------

🖊USB ဆိုတာ... Universal Serial Bus ကို အတိုချုပ်ခေါ်ထားတာဖြစ်ပါတယ်!

🖊၁၉၉၆ ခုနှစ် ဇန်နဝါရီလ ကနေစတင်ပြီး Compaq, DEC, IBM, Intel, Microsoft, NEC နဲ့ Nortel စတဲ့ ကုမ္ပဏီတွေကနေအဆင့်ဆင့် ပြောင်းလဲဒီဇိုင်း ထုတ်ခဲ့တာဖြစ်ပါတယ်!

🖊USB ကို Computer နဲ့ ချိတ်ဆက်မယ့် ကွန်ပျူတာဆက်စပ်ပစ္စည်းတွေနဲ့ သော်လည်းကောင်း (ဥပမာ - Keyboard, Mouse, Memory Stick, Phone)၊ DC လျှပ်စစ်ကိုအသုံးပြုရန်သော်လည်းကောင်း စံတစ်ခုအနေနဲ့တွဲဖက်သုံးစွဲကြပါတယ်!

🖊USB မှာ အခုဆိုရင် USB 1.x, USB 2.x, USB 3.x (x= 1,2,3 စသည်) Generation ၃ ခုတိုင်ရောက်နေခဲ့ပြီး Type အနေနဲ့ဆိုရင်တော့ Type A, Type B, Type C စသဖြင့် ၃ မျိုးအထိရှိနေပါပြီ!

🖊အမြန်နှုန်းအနေနဲ့တော့ Full Speed, Hi-Speed နဲ့ Super-Speed ဆိုပြီးစျေးကွက်ထဲမှာခေါ်ဝေါ်သုံးစွဲလာကြပါတယ်!

🖊USB ဆိုတာပေါ်ပေါက်လာတဲ့အဓိကရည်ရွယ်ချက်ကတော့ Computer နဲ့ဆက်စပ်ပစ္စည်းတွေသာမက ဖုန်းတွေကိုပါစံချိန် စံညွှန်းတစ်ခုအနေနဲ့ အလွယ်တကူချိတ်ဆက် အသုံးပြုလို့ရအောင် ဘုံအနေနဲ့ ဒီဇိုင်းလုပ်ခဲ့တာပဲဖြစ်ပါတယ်!

🖊အခုခေတ်မှာဆိုရင်တော့ IT နဲ့ပတ်သက်တဲ့ ပစ္စည်းအားလုံးနီးပါးမှာ USB မပါဘူးဆိုတာ မရှိသလောက်ကို ဖြစ်နေပါပြီ!

1️⃣USB 1.0 ဆိုရင်တော့ ၁၉၉၆ ကနေစတင်ပေါ်ပေါက်ခဲ့ပြီး Data အကူးအပြောင်းအနေနဲ့ မြန်နှုန်း 187.5 KB/s ကနေ Full Speed 1.5 MB/s အထိပျှမ်းမျှရရှိနိုင်ပါတယ်...!

❗️USB 1.0 မှာ Type A နဲ့ Type B ဆိုပြီး အဖြူရောင်ခေါင်းနဲ့ Standard Size အဖြစ်၂ မျိုးလာပါတယ်!
💢Printer တွေနဲ့ Scanner တွေမှာအများဆုံးတွေရပါတယ်။

2️⃣USB 2.0 ဆိုရင်တော့ ၂၀၀၁ ခုနှစ်က ပေါ်ပေါက်ခဲ့တာဖြစ်ပြီး Data အကူးအပြောင်းအနေနဲ့ မြန်နှုန်း Hi-Speed 60 MB/s အထိရရှိနိုင်မှာဖြစ်ပါတယ်!

❗️USB 2.0 မှာ Mini Type A နဲ့ Mini Type B ဆိုပြီးတော့ Mini အနေနဲ့ အသစ်ပေါ်ပေါက်လာပါတယ်!

💢နောက်ပိုင်းမှာ Android Phone တွေမှာခေတ်စားလာတဲ့ အားသွင်းခေါင်းပုံစံ Micro AB ဆိုပြီး USB OTG(USB On The Go) Phone နဲ့ Memory Stick ကိုထိုးသုံးလို့ရသည်အထိပေါ်ပေါက်လာပါတယ်!

3️⃣USB 3.0 ကိုတော့ ၂၀၁၁ ခုနှစ်မှာစတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး Data အကူးအပြောင်းအနေနဲ့ မြန်နှုန်း 625 MB/s (Super Speed) အထိရရှိနိုင်တယ်လို့ဆိုပါတယ်!

❗️USB 3.0 မှာ Type A နဲ့ Type B ဆိုပြီး များသောအားဖြင့် အပြာရောင်ခေါင်းနဲ့ Standard Size အပြင် Micro B ဆိုပြီးတော့ လည်း Micro Size နဲ့လာပါတယ်!

❗️USB 3.0 Type B ကိုတော့ အခုနောက်ပိုင်းထွက်လာတဲ့ High End Printer တော်တော်များများမှာအသုံးပြုတာတွေ့ရပြီး Micro B ကိုတော့ အခုရေပန်းစားနေတဲ့ External Hard Disk တော်တော်များများမှာပါ၀င်လာပါတယ်!

🍎Apple Device တွေမှာသုံးတဲ့ Thunderbolt တွေရဲ့ အစလို့လည်းပြောလို့ရပါတယ်!

❗️USB 3.0 နောက်မှာလိုက်ပါလာတဲ့ USB 3.1 နဲ့ 3.2 ကိုတော့ 2014 နဲ့ 2017 မှာအသီးသီး ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်!

❗️Data အကူးအပြောင်းအနေနဲ့တော့ မြန်နှုန်း 1.25 GB/s ကနေ 2.5(GB/s) အထိကိုရရှိနိုင်တယ်လို့ဆိုကြပါတယ်!

📱အခုဖုန်းတွေမှာခေတ်စားနေတဲ့ Type C ဆိုတာဖြစ်ပါတယ်!

❗️ပုံစံအနေနဲ့ Full Duplex ဒီဇိုင်းတွေလာတဲ့အတွက် တပ်တဲ့အချိန်မှာ ဘက်ရွေးစရာမလိုပဲ တပ်လို့ရပါတယ်!

⚠️တစ်ခုရှိတာကတော့ USB မှာ ပါ၀င်တဲ့ တစ်ချို့ပစ္စည်းတွေနဲ့ Computer ချိတ်ဆက်အသုံးပြုတဲ့ အခါ Plug and Play မျိုးမဟုတ်ပဲ Computer System နဲ့ Hardware အချိတ်အဆက်ရစေဖို့ Driver မောင်းပေးရတာမျိုးရှိပါတယ် (ဥပမာ - Printer, Computer ခေတ်နှောင်းပစ္စည်းတွေကို USB ခေါင်းပြောင်းနဲ့သုံးစွဲတဲ့အခါတွေမှာ)

❗️USB တွေကို Computer နဲ့ ချိတ်ဆက်သုံးစွဲရုံတင်မက ဖုန်းအားသွင်းတာ၊ DC လျှပ်စစ်လိုအပ်တဲ့ပစ္စည်းတွေကို Power ပေးတာစသဖြင့်အသုံးပြုကြပါတယ်!

❗️DC Voltage ပေးတာအနေနဲ့တော့ အနည်းဆုံး 5 V ကနေစပြီးအများဆုံး 20 V အထိ၊ Current အနေနဲ့တော့ အနည်းဆုံး 100 mA ကနေ အများဆုံး 5A အထိ၊ Power အားသုံးစွဲမှုအနေနဲ့ အနည်းဆုံး 0.5 W ကနေ အများဆုံး 100 W အထိသုံးစွဲနိုင်မှာဖြစ်ပါတယ်!

‼️ဖုန်းအားသွင်း Adapter အများစုကတော့ USB Power ပိုင်းမှာ Voltage 5 V, Current အနေနဲ့တော့ 1 A အနည်းဆုံးကနေ အလယ်အလတ် 2 A ကနေ 3 A အထိ, အမြင့် ဆုံး 5A အထိရရှိနိုင်မှာဖြစ်ပါတယ်!


.T Hub

CCTV Camera တစ်ခုရဲ့ view  .T Hub
30/01/2024

CCTV Camera တစ်ခုရဲ့ view
.T Hub

တချိုလူတွေမေးနေကြလို မီးပျက်နေတဲ့ ကာလမှာ ဘယ်လို  Power band လေးဆောင်ထားသင်လည်း မေးနေကြလို။ Brand အမျိုးမျိုးရှိကြပါတယ်။ ...
29/01/2024

တချိုလူတွေမေးနေကြလို မီးပျက်နေတဲ့ ကာလမှာ ဘယ်လို Power band လေးဆောင်ထားသင်လည်း မေးနေကြလို။ Brand အမျိုးမျိုးရှိကြပါတယ်။ ဒါပေမယ့် ကိုယ်သုံးမယ့် အရာပေါ်တွက်ချက်ပြီး ဝယ်သင်တယ်လို တိုက်တွန်းပါ‌ရ‌စ ။

တွက်ချက်နည်း (အကြမ်းဖြင်း)

8800mAh ဆိုတာ mဆိုတာ 10-³ ကို ရည်ညွန်းတာပါ။ A ဆိုတာ Ampere ကိုရည်ညွန်းတာပါ။ နောက်က h က hour ပေါ။ ဒါဆို ကျနော်တို တွက်ကြည်ရအောင်။

* 8800mAh= 8800 × 10^-3 Ah= 8.8Ah

သူရဲ့ သဘောတရားက 8.8 Aရှိတဲ့ ပစ္စည်းတစ်ခုကို သုံးမယ်ဆိုရင် 1hour ခံမယ်။ 2A ရှိတဲ့ပစ္စည်းတစ်ခုကို သုံးမယ်ဆိုရင် 8.8÷2 = 4.4 hours ခံမယ်။ ဒီတော့ ကိုယ်သုံးမယ့် use ကို သိထားကမယ်။ ဥပမာ wifi ဆိုကြပါဆို။ wifi တစ်ခုရဲ့ dc power က 1A ရှိတယ်ဆိုကြပါဆို။ 8800mAh DC UPS ကို ခံထားမယ်ဆိုရင် မီးမလာရင် 8နာရီကျော်ခံမယ့်။ ဒါပါပဲ။ ဒီနေရာမှာ 1A ရာခြင်းတူတာတောင် သူက 8နာရီ ကျနော်ကျ 7 နာရီ မတူတာ‌မျိုးတွေ ကြုံကြတယ်။ အသစ်တစ်ခုကို brand တူ သုံးကြပေမယ့် နာရီ မတူခြင်းက တချိုက 1A Max လိုရေးထားတဲ့အခါ အများဆုံးသုံးမှာက 1A အထိပဲ။ ကျန်တဲ့အချိန် 1Aအောက်ပဲ အသုံးပြုတာမျိုးကို ဆိုလိုတာပါ။ တချိုကြ 0.35A ကို 1Max ဆိုပြီး ပြတတ်ကြ‌တယ်။ ဒီတော့ Max က အများဆုံး 1A ထိပဲ ရှိတယ်လို ဆိုကြတာပါ။ အသုံးပြုတဲ့အခါ 1A ဖြစ်ပေမယ့် ကျန်တဲ့ချိန် မလိုတဲ့အခါ 1A အောက်လျောပြီးသုံးသွားတာပါ။ ဖုန်းကို အားသွင်းကြမယ်ဆိုပါဆို ကိုဖုန်းရဲ့ ဘယ်ထရီက 5500mA သုံးထားတဲ့ ဖုန်းကို သွင်းမယ်ဆိုရင် အားအပြည်သွင်းပြီးရင် 3300mA ကျန်အုံးပါမယ်။ ဒီတော့ ပစ္စည်းတစ်ခုမှာ သူနဲ့ ပတ်သက်တဲ့ Detail ပါပါတယ်။ ကျနော်တို ဖတ်ဖိုပဲ လိုကြတာပါ။ နောက်တစ်ခုက brand name တူဖြစ်ပေမယ့်စက်ရုံထုတ်လား အတုလားဆိုတာသတိထားရပါမယ့်။

Power band နဲ့ DC UPS ဘာကွာလည်း

Power band နဲ့ UPS ဘာကွာလည်းဆိုရင် အရှင်းဆုံးပြောကရင် power band က သုံးပြီးလို ဖြုတ်လိုက်ရင် Auto close ပါတယ်။ UPS က ကျ အဖွင်ပိတ်ထပ်ခါထပ်ခါလုပ်စရာမလိုပါဘူး။ 24hours AC တပ်ထားပြီးသုံးလိုရတယ် မီးပျက်သွားရင် Auto ချိန်းသွားတယ်။ power band က ကျပြန်ဖွင်ပေးဖို လိုသေးတယ်ရယ်။ တချိုက CCTV တွေလည်း ဒီလိုပါပဲ။ 1A ရှိတဲ့ CCTV ကို AC မီးမပါပဲ UPS သီးသန့် 14 hour သုံးခဲ့ရပါတယ်။ တကယ်ဆို စာအရ 9နာရီ နီးပါးသုံးလိုရမှာပါ။ ဒီတော့ CCTV က 1A အပြည်မသုံးပဲ ရှိနေတယ်လို မှတ်ယူလိုရပါပြီ။ CCTV +Wifi ကို တွဲလျက် 100%ကနေသုံးတာမှာ 4နာရီ နီးပါးခံပါတယ်ဗျ။ ဘယ်ပစ္စည်းဖြစ်ဖြစ် ကြာလာရင် သူရဲ့ performance လည်းကျလာတတ်ပါတယ်။ ဒီတော့ ကိုယ်က ရှေရှည်သုံးချင်ရင် စိတ်ချရတဲ့ ကောင်တွေဝယ်သုံးစေချင်ပါတယ်။

‌ #လေးစားစွာဖြင့်
#နားလည်သလောက် အလွယ်ကူဆုံးရှင်းပြတာပါ
#အမှားပါရင်ထောက်ပြပေးလိုရပါတယ်
#ကျေးဇူးတင်ပါတယ်
.T Hub

0️⃣1️⃣ ကျွန်​တော်တို့ အမြဲကြားကြားနေတဲ့ Bit တွေ Byte တွေဆိုတာဘာလဲ?Bit ဆိုသည်မှာ Binary digit ကို အတိုကောက် ခေါ်ဆိုခြင်းဖ...
27/01/2024

0️⃣1️⃣ ကျွန်​တော်တို့ အမြဲကြားကြားနေတဲ့ Bit တွေ Byte တွေဆိုတာဘာလဲ?

Bit ဆိုသည်မှာ Binary digit ကို အတိုကောက် ခေါ်ဆိုခြင်းဖြစ်သည်။ စက်တစ်လုံးပေါ်မှ အသေးငယ်ဆုံး သတင်းအချက်အလက် ယူနစ် ဖြစ်သည်။ ရှေ့ဆောင် စာရင်းအင်းပညာရှင် Claude Shannon က ဤ​ဝေါဟာရကို 1946 ခုနှစ်တွင် စတင်သုံးစွဲခဲ့သည်။Circuit တစ်ခုပေါ်တွင် လျှပ်စစ်ဓာတ်အား တစ်ခု ဖြတ်စီးခြင်း/မစီးခြင်းကို သတ်မှတ်ခြင်းဖြစ်သည်။ အကယ်၍ ဆားကစ်တစ်ခုပေါ် လျှပ်စစ်ဖြတ်စီးလျှင် Bit ၏ တန်ဖိုးသည် 1 ဖြစ်ပြီး လျှပ်စစ်ဖြတ်စီးမှုမရှိလျှင် Bit ၏ တန်ဖိုးသည် 0 ဖြစ်နေသည်။ တစ်ခုတည်းသော Bit သည် 0 သို့မဟုတ် 1 ဆိုသည့် တန်ဖိုးနှစ်ခုအနက် တစ်ခုကိုသာ ဆောင်ထားနိုင်သည်။ ဆက်တိုက်လာသည့် Bit များကို ပို၍ ကြီးမားသည့် ယူနစ်များအဖြစ် ပေါင်းစပ်ပေးခြင်းဖြင့် ပို၍အဓိပ္ပါယ်ပြည့်၀သော သတင်းအချက်အလက်များကို ရရှိသည်။ ဥပမာအားဖြင့် Byte တစ်ခုကို ဆက်တိုက်လာသည့် Bit ရှစ်ခုဖြင့် ဖွဲ့စည်းထားသည်။

တစ်ခါတရံတွင် ကွန်ပျူတာများကို တစ်ကြိမ်လျှင် ၎င်းတို့ process လုပ်နိုင်သည့် Bit အရေအတွက်ဖြင့်ဖြစ်စေ၊ Address များအား ကိုယ်စားပြုရန် ၎င်းတို့အသုံးပြုသည့် Bit အရေအတွက် ဖြင့် ဖြစ်စေ အဆင့်အတန်းသတ်မှတ်သည်။ ဤတန်ဖိုးနှစ်ခုမှာ အမြဲတမ်း တူညီခြင်းမရှိသည့်အတွက် နားလည်မှုရှုပ်ထွေးသွားတတ်ကြသည်။ ဥပမာအားဖြင့် ကွန်ပျူတာတစ်လုံးအား 32 bit စက်တစ်လုံးအဖြစ် သတ်မှတ်ခြင်းသည် ယင်း၏ data register မှာ 32 bits ကျယ်ဝန်းသည် သို့မဟုတ် စက်သည် မှတ်ဉာဏ်ထဲမှ Adress တစ်ခုစီကို ရှာဖွေသတ်မှတ်ရာတွင် 32 bits အသုံးပြုသည် ဟု အဓိပ္ပါယ်ရသည်။ ပို၍အရွယ်ကြီးသည့် data register များက Computer အား ပို၍ မြန်ဆန်စေသကဲ့သို့ adress များအတွက် bits ပိုမိုသုံးစွဲခြင်းဖြင့် စက်တစ်လုံးသည် ပိုမိုကြီးမားသည့် ပရိုဂရမ်များကို အထောက်အကူ ပြုနိုင်သည်။

Graphic များကို မကြာခဏဆိုသကဲ့သို့ dot တစ်ခုချင်းအား ကိုယ်စားပြုရန် အသုံးပြုသည့် bit အရေအတွက်ဖြင့်လည်း ဖော်ပြတတ်သည်။ 1-bit ပုံရိပ်တစ်ခုသည် monochrome ဖြစ်သည်။ 8-bit ပုံရိပ်တစ်ခုသည် 256 color သို့မဟုတ် grayscale များကို အထောက်အကူပြုသည်။ 24 သို့မဟုတ် 32 bit ဂရပ်ဖစ်များသည် true color ကို အထောက်အကူပြုသည်။



I.T Hub

Microsoft Word မှာ default font ဘယ်လိုပြောင်းမလည်း?💻💻💻💻💻💻💻💻💻💻💻💻💻💻💻Microsoft Word မှာ Pyitaungsu Font (or) Zawgyi Font တစ...
26/01/2024

Microsoft Word မှာ default font ဘယ်လိုပြောင်းမလည်း?
💻💻💻💻💻💻💻💻💻💻💻💻💻💻💻

Microsoft Word မှာ Pyitaungsu Font (or) Zawgyi Font တစ်ခုခုကို ဘယ်လို Default ပြောင်းရမလဲ မြန်မာလို အရိုက်များတဲ့သူတွေ၊ Font တစ်မျိုးထဲကို အသုံးများတဲ့သူတွေအတွက် အရမ်းအသုံးတည့်မယ် နည်းလမ်းလေး ဖြစ်ပါတလ်။

Credit…. ITCARE

.T hub

Network ချိတ်ဆက်ထားရလမ်းကြောင်း (PKU to Chauk ) အတွက် error ပေါ်လာရင် အသုံးပြုလိုရပါတယ်. ပုံတစ်ပုံခြင်းဆီမှာ ရှင်းရှင်းလ...
25/01/2024

Network ချိတ်ဆက်ထားရလမ်းကြောင်း (PKU to Chauk ) အတွက် error ပေါ်လာရင် အသုံးပြုလိုရပါတယ်. ပုံတစ်ပုံခြင်းဆီမှာ ရှင်းရှင်းလင်းလင်းနဲ့ နားလည်လွယ်အောင် အတတ်နိုင်ဆုံး ရေးပြထားပါတယ်.

#ပုံ၁. မှာတော့ pku ကနေပြီးတော့ Chauk မှာ ထားတဲ့ sever ကို ချိတ်ဆက်မူ ရှိမရှိ လှမ်း ping ကြည်တာပါ. ချိတ်ဆက်မူရှိတဲ့ အတွက် chauk server ကနေ Reply ပြန်လာတာပါ.

👉start > cmd > ping 192.168.1.5 (မိမိ သိချင်တဲ့အရာ ping ကြည်လို ရပါတယ်)

Eg. ping www.youtube.com (name နဲ့လည်း အသုံးပြုလိုရပါတယ်)

#ပုံ၂မှာတော Pku to Chauk လမ်းကြောင်း တစ်လျောက် အသုံးပြုထားတဲ့ အရာတွေကို အသေးစိတ်စစ်ကြည့်တာပါ.

👉 start > cmd > tracert 192.168.1.5
Enter ခေါ်လိုက်ပါက သူလမ်းကြောင်းတစ်လျောက် ဖြတ်သွားရတဲ့ အရာတွေကို ဖော်ပြပါလိမ်မယ်

Eg. Pku to chauk သွားရင် ညောင်းဦး ဖြတ်ရမယ် , ပုဂံဖြတ်ရမယ် စဉ့်ကူဖြတ်ရမယ် အစသဖြင့်ပေါဗျာ

#ပုံ၃မှာတော Pku to chauk လှမ်း ping ကြည်တဲ့အခါ error ပေါ်လာပါပြီ . Request timed out တဲ့ ဒါက sever ဆီရောက်ပြီး reply မပြန်နိုင်တာပါ. ဆိုလိုတာက Chauk မှာ ရှိတဲ့ sever down နေတဲ့ သဘောပေါဗျာ.

တခါတလေကြလည်း👉 chauk sever က မ down ပဲ firewall အရ block ထားတာလည်းဖြစ်နိုင်ပါ တယ်. ဥပမာ အပြာ website ကို မြန်မာနိုင်ငံက တိုက်ရိုက်ဝင်မရသလိုပေါ 👈(👉👈 သူအတွင်းမှာရေးထားတာ က သဘောတရားအရ ပြောတာပါ မိမိအသုံးပြုထားတဲ့ network မှာ ကြုံရခဲ့ပါတယ်)

#ဖြေရှင်းနည်း chauk severမှာ down နေတာဖြစ်တဲ့အတွက် chauk မှာ ရှိတဲ့ ဝန်ထမ်းကို စစ်ခိုင်းလိုရတာပေါ့.

#ပုံ ၄ အတိုင်း Destination host unreachable လိုပေါ်နေရင်တော့ chauk sever စီ မရောက်တာပါ

#ဖြေရှင်းနည်းကတော့ ပုံ၅ အတိုင်း ဖြေရှင်းရပါမယ်
👉start > cmd > tracert 192.168.1.5

#ပုံ၅. Tracert 192.168.1.5 လို လမ်းကြောင်းစစ်လိုက်တဲ့အခါ reply အရ router 2 အထိပဲ အဆက်သွယ်ရပါတယ်. ဒါဆိုရင် router 3 မှာ error ပေါ်နေပါပြီ. Router 3 ကို တန်းသွားပြီး စစ်နိုင်ပါတယ်.

ဥပမာ အနေနဲ့ ပြောရရင် pku to chauk သွားတဲ့အခါ ပခုက္ကူတံတားဂိတ်ကို ဖြတ်သွားပါတယ်. ဒုတိယအနေနဲ ညောင်းဦးဂိတ်ကို ဖြတ်သွားပါတယ်. တတိယအနေနဲ့ error ပေါ်နေတာဖြစ်တဲ့အတွက် ပုဂံမှာ ရှိတဲ့ gate ကိုမဖြတ်သေးတာပါ. ဒီတော့ ပုဂံ gate က နေ သူစီ ဖြတ်မသွားသေးကြောင်း အကြောင်းကြားတာပါ.

#လေးစားစွာဖြင့်
.T Hub

လူ့ခန္ဓာကိုယ်မှာ current ဘယ်လောက်စီးရင် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ??သိချင်သူများအတွက်  #လေးစားစွာဖြင့် I.T Hub
24/01/2024

လူ့ခန္ဓာကိုယ်မှာ current ဘယ်လောက်စီးရင် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ??

သိချင်သူများအတွက်

#လေးစားစွာဖြင့်
I.T Hub

Network Card အလုပ်လုပ်ပုံ===================Network Card ဆိုတာကိုတော့ သိပြီးသားဖြစ်ရင် ဖြစ်နေပါလိမ့်မယ်။ သို့သော်လည်း Ne...
24/01/2024

Network Card အလုပ်လုပ်ပုံ
===================

Network Card ဆိုတာကိုတော့ သိပြီးသားဖြစ်ရင် ဖြစ်နေပါလိမ့်မယ်။
သို့သော်လည်း Network Card ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုတော့ တော်ရုံသိနိုင်ဘို့ မလွယ်ပါဘူး။ ကျွန်တော်အနေနဲ့ လူတိုင်း သိနိုင်ဖို့ရန် Network Card ဘယ်လို အလုပ်လုပ်သလဲဆိုတာကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။
Network အလုပ်လုပ်ပုံမပြောခင် OSI 7 Layers အကြောင်းကို သိထားဖို့တော့လိုပါတယ်။ မသိသေးဘူးဆိုလျင်လည်း OSI 7 Layers အကြောင်း ရေးထားတဲ့ ဆောင်းပါးလေးမှာ သွားရောက် ဖတ်ရှုကြည့်နိုင်ပါတယ်။
ကဲ...ဒါဆိုရင် စပြီနော်။ Network Card မှာ OSI Layer တွေဖြစ်တဲ့ Layer 1 (physical layer) နှင့် Layer 2 (data link layer) တွေမှာ အလုပ်လုပ်ပါတယ်။ ဒီတော့ ၎င်း Layer နှစ်ခုက မည်သို့မည်ပုံ အလုပ်အလုပ်တယ်ဆိုတာကို အကြမ်းဖျင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အရင်ဆုံး Data Link Layer အကြောင်းကနေ စပြီး ပြောကြရအောင်။ Data Link Layer ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ အပေါ် Layer တွေဆီက လက်ခံရရှိလာတဲ့ Data Packet လေးတွေကို Network Connection တစ်လျှောက်မှာ သွားလာနိုင်မယ့် Data Frame အဖြစ် ပြောင်းလဲပေးပါတယ်။ အဲဒီ Data Frame ပေါ်မှာ လိုအပ်တဲ့ Information တွေလည်း ထပ်ထည့်ပါတယ်။ ပြီးတော့ Data တွေကိုလည်း အောက်က Physical Layerက လက်ခံ နားလည်ပြီး Network Connection ပေါ် တင်ပို့ပေးနိုင်အောင်လို့ Raw Bits တွေအဖြစ် ပြောင်းလဲပေးပါတယ်။ Data Link Layer ရဲ့ အဓိက နောက်ထပ်လုပ်ဆောင်ချက် တစ်ခုကတော့ Sender နဲ့ အနီးစပ်ဆုံး လက်ခံမယ့် Receiver (Destination Receiver အစစ် မဟုတ်သေးတဲ့ ကြားက လက်ဆင့်ကမ်းပေးမယ့်သူကို ပြောတာပါ)
ကြားထဲက Data သွားမယ့် Network Connection ဟာ Clear ဖြစ်နေလား၊ Data သွားမယ်ဆိုရင် Collision ဖြစ်နိုင်လားဆိုတာတွေကို လေ့လာစစ်ဆေးပြီး စိတ်ချရပြီဆိုမှ Data တွေကို ပို့လွှတ်စေပါတယ်။ နောက်တစ်ပိုင်းဖြစ်တဲ့ ခုနက လက်ခံခဲ့တဲ့ Receiver နဲ့ နောက်တစ်ဆင့် Receiver ကြားမှာလည်း အဲဒီလို စစ်ဆေးပြီး စောင့်သင့်ရင် စောင့်ပြီး စိတ်ချရမှ ပို့စေပါတယ်။ အဲဒီလိုလုပ်တာဟာ တကယ့် Destination Receiver အစစ်ဆီကို ရောက်တဲ့အထိပါပဲ။ အဲဒီလို စစ်ဆေးတဲ့ နေရာမှာ ကြားခံ Network ရဲ့ သုံးထားတဲ့ နည်းပညာပေါ်ကို မူတည်ပြီး စစ်ဆေးပုံ စစ်ဆေးနည်းတွေကတော့ အများကြီးရှိပါတယ်။ Data Link Layer ကို ထပ်ပြီး (၂)ပိုင်း ပိုင်းနိုင်ပါသေးတယ်။ Logical Link Control (LLC) ဆိုတဲ့ Sublayer နဲ့ Media Access Control (MAC) ဆိုတဲ့ Sublayer တို့ပဲ ဖြစ်ပါတယ်။ Logical Link Control (LLC) ကတော့ ခုနကပြောခဲ့တဲ့ Collision မဖြစ်အောင် စောင့်ထိန်းပေးတဲ့ကိစ္စမှာ အရင်ဆုံး Data တွေကို မပို့ခင် Nodes နှစ်ခုကြားမှာ (Sender နဲ့ အနီးဆုံး Receiver ပဲထားပါတော့ဗျာ) Cable တွေ၊ Card တွေကို Connection ရအောင် လုပ်ပါတယ်။ Logical Link လေးပေါ့ဗျာ။ အဲဒီ Link ပေါ်မှာ သွားနိုင်အောင် Data တွေကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးပါတယ်။ Raw Bits တွေ ဖြစ်လာအောင်ပေါ့။ ဘယ်အပိုင်းက အရင်သွားရမယ်။ ဘယ်အပိုင်းက နောက်က လိုက်မယ်ဆိုတာကိုလဲ ဆုံးဖြတ်ပေးပါတယ်။ လက်ခံမယ့်ဘက်မှာလည်း Data တွေကို အပေါ် Layer တွေဆီ တင်ပေးနိုင်ဖို့ အဆင်သင့်အနေအထားဖြစ်အောင် ပြန်ပြုပြင်ပါတယ်။ Data Frame တွေကိုလည်း အစီအစဉ်တကျ ပြန်ပြီးစီရတာပေါ့ဗျာ။ အဲနောက်တစ်လွှာဖြစ်တဲ့ Media Access Control ကတော့ LLC Sublayer နဲ့ Physical Layer ကြားမှာ Interface ပုံစံမျိုး လုပ်ပေးပါတယ် LLC Sublayer ဆီက Data Frame တွေကို တစ်ခုချင်းစီ ရယူပြီး Data Collision ဖြစ်နိုင်၊မဖြစ်နိုင် စောင့်ကြည့်ကာ မဖြစ်နိုင်ဘူးဆိုရင် Transmit လုပ်ပါတယ်။ Collision ဖြစ်နိုင်တယ်ဆိုရင် ယာယီစောင့်နေပါသေးတယ်။
ပြီးတော့လည်း Data Frame တစ်ခုပြီးမှတစ်ခုယူပြီး Transmit လုပ်တာပါ။ လက်ခံမယ့်ဘက်ကတော့ တစ်ခုချင်းစီ လက်ခံစစ်ဆေးပြီးပါလာတဲ့ Information တွေနဲ့ ကိုက်ညီတယ်ဆိုမှ LLC Sublayer ကို လက်ဆင့်ကမ်းပေးပါတယ်။ အကယ်၍ ပါလာတဲ့ Information တွေနဲ့ မကိုက်ညီဘူးဆိုရင် အဲဒီ Frame ကို ထပ်ပို့ခိုင်းပါတယ်။ Data Link Layer နဲ့ သူရဲ့ Sublayer နှစ်ခုအကြောင်းကို ကောင်းစွာသဘောပေါက် လောက်ပြီလို့ထင်ပါတယ်။
Network Card မှာ ပါ၀င်တဲ့ Physical Layer ပါ။ Physical Layer ကတော့ Network Cable ပေါ်မှာ Data တွေကို အမှန်တကယ် Transmission လုပ်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။ အပေါ် Data Link Layer က တဆင့်ရရှိလာတဲ့ Raw Bits Data Frame တွေကို Cable တွေပေါ်မှာ အမှန်တကယ်သွားနိုင်မယ့် Data Signals များ အဖြစ်သို့ ပြောင်းလဲပေးပါတယ်။ ပြောင်းလဲတဲ့နေရာမှာ Cable အမျိုးအစားတွေ၊ Card အမျိုးအစားတွေ၊ Connector အမျိုးအစားတွေကို လိုက်ပြီး တစ်ဘက်နဲ့တစ်ဘက် Transfer လုပ်လို့ အဆင်ပြေနိုင်မယ့် Signal မျိုးကို ပြောင်းလဲပေးပါတယ်။ Cable တွေ၊ Card တွေ၊ Connector တွေ အမျိုးအစား အများကြီးရှိသလို Physical Layer က ပြောင်းလဲပေးရတဲ့ Signal အမျိုးအစားတွေလည်း အများကြီးတော့ ရှိတာပေါ့။ ဥပမာ Digital Signal၊ Analog Signal တို့ပေါ့။ ပြီးတော့ Signal အမျိုးအစားတစ်ခုချင်းစီအတွက်တောင် ကြားထဲက ချိတ်ဆက်ထားတဲ့ Network Connection ရဲ့ နည်းပညာပေါ် မူတည်ပြီး ထုတ်လွှတ်ပုံ ထုတ်လွှတ်နည်းတွေ ကွဲပြားပါသေးတယ်။ (ဥပမာ Star လား Ring လား Bus လား) ဒါကြောင့် Physical Layer ဟာ တကယ့် Really Physical Media ပေါ်မှာ Data တွေ မှန်မှန်ကန်ကန် အဆင်ပြေပြေသွားနိုင်ဖို့အတွက်ကို လိုအပ်တဲ့ လုပ်ဆောင်မှုတွေဖြစ်တဲ့ Raw Bits Data Frame တွေကို Electric Signal အသွင်ပြောင်းပေးတာတွေ၊ အဲဒီလိုပြောင်းတဲ့အခါမှာ ဘယ်လို Signal ပုံစံကို ပြောင်းမှာလဲဆိုတာတွေ၊ ပြောင်းပြီးသား Signal တွေကို ဘယ်လိုဘယ်ပုံ Cable ကြိုးပေါ်ကို တင်ပေးမှာလဲဆိုတာတွေအပြင် Cable ပေါ်ကို Data တွေ တင်ပေးနိုင်ဖို့အတွက် လိုအပ်တဲ့ Voltage တွေကအစ ဆုံးဖြတ်သတ်မှတ် ထုတ်လုပ်ပေးတာကို လုပ်ဆောင်ပါတယ်။ ကဲ...ဒီလောက်ဆိုရင်တော့ Layer နှစ်ခုရဲ့ အလုပ်လုပ်ပုံကို သိလောက်ပြီပေါ့။
မည်သည့် Network Card မဆို MAC Address ပါရှိပါတယ်။ ၎င်း MAC Address က 48-bit ရှိတဲ့ နံပါတ်တွေနဲ့ ဖော်ပြပါတယ်။ ကမ္ဘာပေါ်မှာ Network Card တွေ အများကြီးရှိပေမယ့် MAC Address တူတဲ့ Network Card နှစ်ခု မရှိသေးပါဘူး။ တူညီလို့လည်း မရပါဘူး။ အဲလို Network Card ရဲ့ MAC Address တွေ တိုက်မနေအောင်လည်း Network Card ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက MAC Address တွေကို Institute of Electrical and Electronics Engineers (IEEE) ကနေမှ မှာယူရပါတယ်။ IEEE ကလည်း Network Card တစ်ခုချင်းစီရဲ့ Address တွေကို ခွဲဝေသတ်မှတ်ပေးထားပါတယ်။ ပေးပြီးသား MAC Address တွေကိုလည်း မှတ်တမ်းလုပ်ထားပါတယ်။ အခြေခံအားဖြင့် ကြည့်မယ်ဆိုလျင် Network Card တွေဟာ MAC Address ပေါ်မှာပဲ အခြေခံထားခြင်း ဖြစ်ပါတယ်။

#လေးစားစွာဖြင့်
.T Hub

Address

No. 1, Tatar Oo
Pakokku
04201

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when I.T Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share