30/06/2026
လူတစ်ယောက်ကို မေ့နိုင်ဖို့ ကြိုးစားနေတာလား ❓
အမှတ်တရတွေအများကြီးနဲ့ တစ်စိမ်းတစ်ယောက်အကြောင်းကို မေ့ဖို့ ကြိုးစားလေ ပိုပြီးသတိရမိလေဖြစ်နေကြတယ်ဆိုရင် အခု ကျွန်တော်ပြောပြမယ့် အကြောင်းအရာလေးက အားလုံးအတွက် အဖြေတစ်ခု ရမယ်လို့ ထင်ပါတယ်။
နေ့စဥ်ဖြတ်သန်းခဲ့တဲ့ အတိတ်ကနေ့ရက်တွေမှာ အတူရှိခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာသွားခဲ့ပြီး မမေ့နိုင်သေးတဲ့သူတွေ မေ့နိုင်ဖို့ဘာတွေလုပ်သင့်သလဲတဲ့ ? လူတစ်ယောက်ကို ချစ်လိုပဲ ဖြစ်စေ မုန်းလို့ပဲ ဖြစ်စေ ဦးနှောက်ထဲမှာ မှတ်မိနေပြီး မမေ့ဘူးဆိုတဲ့သူတွေ အတွက် ဘာလုပ်သင့်လဲဆိုရင်တော့...
၁။ အတင်းအကျပ် မေ့ပစ်ဖို့ မကြိုးစားပါနဲ့ (Don't Force It)
၂။ ကိုယ့်ကိုယ်ကိုယ် အချိန်မအားအောင် ထားပါ (Stay Busy)
၃။ စိတ်ကိုပျော်အောင်ထားပါ (Keep yourself happy)
၄။ အားတဲ့အချိန်မှာ စာဖတ်ပါ (Read when you have time)
၅။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ (Self-Care)
၆။ ကိုယ့်ကို ကို ပြန်သုံးသပ်ပါ (Review yourself)
၇။ ခွင့်လွှတ်ဖို့ ကြိုးစားပါ (Try to forgive)
၈။ သဘာဝတရားနဲ့အချိန်ဖြုန်းပါ(Spend time with nature)
၉။ ခံစားချက်တွေကို ရင်မဖွင့်ပါနဲ့ (ခံစားချက်တွေကို ရင်မဖွင့်ပါနဲ့)
၁၀။ စိတ်ကူးနဲ့ လက်တွေ့ကို ခွဲခြားတက်အောင်ကြိုးစားပါ (Try to separate imagination from reality)
📌 မေ့ဖို့ကြိုးစားရင်း သတိရလာခဲ့ရင် သတိရတဲ့အတိုင်းနေလိုက်ပါ။
ခံစားချက်ဆိုတာ တစ်ခါတစ်လေ ထိန်းချုပ်ရခက်တယ် ခံစားချက်ဆိုတာမျိုးက ရာသီဥတု အခြေအနေနဲ့ ပတ်ဝန်းကျင်ပေါ်မှုတည်ပြီး ပေါ်လာတက်တယ် အတင်းထိန်းချုပ်လွန်းအားကြီးရင် ပေါက်ကွဲလာတက်တယ်။ သတိရလာတယ်ဆိုရင် အဲ့အတိုင်းနေလိုက် အချိန်တန်ရင် သူ့အလိုလိုမေ့ပျောက်သွားမှာ...
📌 အတိတ်ကနေရော ဘယ်လိုရုန်းထွက်မလဲ
လက်ရှိပစ္စုပ္ပန်ကို အာရုံစိုက်နေရင် အတိတ်ကနေလွတ်မြှောက်သွားပါလိမ့်မယ်။ အတိတ်ကိုလဲ မတမ်းတနဲ့ အနာဂါတ်ကိုလဲ ကြိုမတွေးနဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားပြီး ကိုယ့်ကို ကိုကောင်းအောင်နေလိုက် အဆင်ပြေသွားလိမ့်မယ်။
Don't try to fix everything and it will all work out on its own.Everyone who is happy has a past where they cried. Just accept that everything happens for the best and you will be fine.😊
See you.
Chan