22/08/2026
Attention AGB Customers!!
Hik-Connect Live View buffering is due to ongoing system maintenance by Hikvision.
They are actively working on a resolution.
Hik-Connect Live View ကြည့်ရှုမှုအဆင်ပြေစေရေး အထူးအချက်အလက်ကောက်ယူခြင်း (ပါဝင်ကူညီသူတိုင်းကို ထီးတစ်ချောင်း လက်ဆောင်ပေးအပ်ပါမည်)
လေးစားရပါသော Hik-Connect သုံးစွဲသူများရှင့်
လတ်တလောတွင် မြန်မာနိုင်ငံအတွင်းရှိ အချို့သော သုံးစွဲသူများအနေဖြင့် စက်ပစ္စည်းများ၏ Live View (တိုက်ရိုက်ကြည့်ရှုခြင်း) ကို ဝင်ရောက်ကြည့်ရှုသည့်အခါ လိုင်းထစ်ခြင်း၊ Download ဆွဲမရခြင်း သို့မဟုတ် လိုင်းမငြိမ်ခြင်းများ ကြုံတွေ့နေရသည်ကို သတိပြုမိပါသည်။ ထိုသို့ အသုံးပြုရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် အထူးပင် တောင်းပန်အပ်ပါသည်။
ပြဿနာကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ပြီး ကွန်ရက်နှင့် ဝန်ဆောင်မှု များကို ပိုမိုကောင်းမွန်အောင် ပြုပြင်နိုင်ရန်အတွက် Hikvision နှင့် HPP နည်းပညာအဖွဲ့တို့မှ အထူးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားပါသည်။ သို့ဖြစ်ပါ၍ ပြဿနာဆိုင်ရာ အချက်အလက်များ ကောက်ယူရာတွင် ကူညီပေးပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ အချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ပြီး ပြဿနာရှာဖွေရာတွင် ပူးပေါင်းပါဝင်ပေးကြသော သုံးစွဲသူများအားလုံးကို စစ်ဆေးပြီးစီးပါက ကျေးဇူးတင်လွှာအဖြစ် ထီးတစ်ချောင်း လက်ဆောင်ပေးအပ်သွားမည်ဖြစ်ပါသည်။
👉 အချက်အလက်ဖြည့်စွက်ရန် လင့်ခ် (Click here to fill out the form):
https://forms.gle/MmQRjJjPMuMF2KKK6
(လက်ဆောင်များ ပေးပို့နိုင်ရန်အတွက် ဖောင်အတွင်း ဆက်သွယ်ရန် ဖုန်းနံပါတ်ကိုပါ မှန်ကန်စွာ ဖြည့်စွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)