07/10/2026
Flutter State Management မှာ Provider နဲ့ Riverpod ကို ဘယ်လိုရွေးမလဲ?
Flutter App တစ်ခုမှာ User Data, Theme Setting, Cart Item, API Result, Loading State စတဲ့ Data တွေကို Widget အများအပြားမှာ မျှဝေပြီး Update လုပ်ရတဲ့အချိန် State Management လိုအပ်လာပါတယ်။
Provider နဲ့ Riverpod က Flutter Developer တွေအသုံးများတဲ့ State Management Solution နှစ်ခုပါ။
📌Provider ဆိုတာဘာလဲ?
Provider က Flutter Widget Tree နဲ့ နီးနီးကပ်ကပ် အလုပ်လုပ်တဲ့ State Management Package တစ်ခုပါ။
BuildContext ကို အသုံးပြုပြီး State ကို Read, Watch သို့မဟုတ် Update လုပ်နိုင်ပါတယ်။
context.watch().items;
Provider က—
• Flutter စတင်လေ့လာသူများအတွက် နားလည်လွယ်တယ်
• Widget Tree နဲ့ တွဲပြီး State စီမံလို့ရတယ်
• Small မှ Medium Project တွေအတွက် လုံလောက်တယ်
ဆိုတဲ့ အားသာချက်တွေ ရှိပါတယ်။
📌Riverpod ဆိုတာဘာလဲ?
Riverpod က Provider Concept ကို ပိုမိုလုံခြုံပြီး Flexible ဖြစ်အောင် တိုးတက်စေထားတဲ့ State Management Solution တစ်ခုပါ။
Riverpod မှာ BuildContext မလိုဘဲ State ကို အသုံးပြုနိုင်ပါတယ်။
final user = ref.watch(userProvider);
Riverpod က—
•BuildContext ပေါ် မှီခိုမှု လျှော့ချပေးတယ်
• Provider ကို Widget အပြင်ဘက် Logic တွေမှာလည်း အသုံးပြုနိုင်တယ်
• Test ရေးရ ပိုအဆင်ပြေတယ်
• State Dependency တွေကို ပိုရှင်းလင်းစွာ စီမံနိုင်တယ်
ဆိုတဲ့ အားသာချက်တွေ ရှိပါတယ်။
📌ဘယ်အချိန်မှာ ဘာရွေးသင့်လဲ?
အခြေအနေသင့်တော်နိုင်တဲ့ရွေးချယ်မှု
° Flutter ကို စတင်လေ့လာနေသူ
• ProviderSimple App သို့မဟုတ် State နည်းတဲ့ ProjectProviderComplex Feature များတဲ့ App
• RiverpodAPI, Async State နဲ့ Dependency များတဲ့ Project
• RiverpodTestable, Scalable Architecture လိုတဲ့ ProjectRiverpod
Provider က မကောင်းလို့ Riverpod ကို သုံးရတာမဟုတ်ပါဘူး။
Project ရဲ့ Complexity၊ Team Familiarity နဲ့ Architecture လိုအပ်ချက်ပေါ်မူတည်ပြီး သင့်တော်တဲ့ Tool ကို ရွေးချယ်ရမှာပါ။
အရေးကြီးတာက Package တစ်ခုကို ရွေးလိုက်ခြင်းထက် State ကို ရှင်းလင်းပြီး Maintainable ဖြစ်အောင် စီမံနိုင်ဖို့ပါ။
Flutter နဲ့ပက်သက်တဲ့ သင်တန်းတွေကို CodeWall Technologies Page Messenger ၊ Codewall Edu App နဲ့ Website တို့မှာ ကြည့်ရှုနိုင်ပါတယ်