Data Recovery Solution

Data Recovery Solution Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Data Recovery Solution, Computer Company, Yangon.

Data Recovery ခရီးရှည် - Data Recovery အပိုင်းကို စပြီးလုပ်ခဲ့တာ မှတ်မှတ်ရရ 2004 ခုနှစ်၊ အဲဒီ ကာလ မှာ Windows 98, Window...
10/05/2026

Data Recovery ခရီးရှည် -
Data Recovery အပိုင်းကို စပြီးလုပ်ခဲ့တာ မှတ်မှတ်ရရ 2004 ခုနှစ်၊ အဲဒီ ကာလ မှာ Windows 98, Windows XP ဆိုပြီး GUI တွေ ဖြစ်ပြီဆိုတော့ Recover Software တွေကလည်း GUI ပေါ်မှာ လွယ်ကူလာတယ် Norton, Ontrack တို့က ထုတ်တဲ့ High Level Tools တွေ နဲ့ DOS-based data recovery tools (Low Level Tools) ဆိုပြီး ရွေးစရာတွေ ရှိလာတဲ့ အချိန်၊ ကျွန်တော်က GUI မရခင်ခေတ်ကဆိုတော့ DOS OS နဲ့ပိုပြီး ခင်တယ်လေ၊ Low Level Tools တွေကို ပိုပြီး အားသန်တယ်၊ Disk Commander တို့ SpinRite တို့ နဲ့ စပြီးထိတွေ့မိခဲ့တယ်။
အဲဒီ အချိန်က Data Recovery ဆိုရင် File Deleted, Formatted Drives, Deleted Partition စတာတွေဖြစ်သွားလို့ Data တွေ Lost ဖြစ်တဲ့ Case တွေပေါ့၊ Harddisk တွေက IDE(PATA) တွေ SCSI စကာဇီ တွေပေါ့ နေ့မအိပ် ညမအိပ်ကိုနစ်ဝင်ခဲ့တာ၊ Data တွေ ပြန်ရပြီဆိုရင် ကိုယ့်ကိုယ်ကို ဂုဏ်ပြုရတာ အမော အခုရောက်နေတဲ့ အချိန်ကနေ ပြန်ကြည့်မိတော့လည်း ဖြတ်သန်းခဲ့တဲ့ ခရီးရှည်တစ်ခုကိုတွေ့ရတယ်၊ အခုလည်း အဲဒီအချိန်တွေတုံးကလိုပဲ ဆက်လက် ကြိုးစားနေဆဲပါပဲ၊ Data Lost ဖြစ်တဲ့ Case တွေက တစ်ခုနဲ့ တစ်ခု မတူညီတဲ့ အတွက် ဘယ်လို Recover လုပ်ရင် အဆင်ပြေနိုင်မလဲ ဆိုတာက စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်း ဖြစ်နေတုံးပါပဲ၊ ဒီအတွက် မတော်တဆများ Data Lost ဖြစ်ခဲ့ပြီဆိုရင်တော့ ဆက်သွယ်လိုက်ပါ၊ အစွမ်းကုန် ကြိုးစားပြီး ပြန်ယူပေးပါ့မယ်၊ ပြန်လည်ရရှိလာသော Data တွေ မသက်ဆိုင်သူတွေထံ မရောက်ဖို့ ယုံကြည် စိတ်ချရတဲ့ ပညာရှင်များထံမှာသာ အပ်နှံပါ၊ Data Lost ဖြစ်ရတဲ့ အကြောင်းတရားများ ဆိုပြီးတော့လည်း သတ်သတ် ရေးပါအုံးမယ်၊ Data များ ဆုံးရှုံးခြင်းဘေးမှ ကင်းဝေး ကြပါစေ။

(TalentComputer)
#ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(ငြိမ်း)
Recovery Solutions

Recover လုပ်ရတာ ခက်ခဲ‌နေလို့  Data တွေ ပြန်မရနိုင်တော့ဘူးလားလို့ တွေးမိလိုက်သေးတဲ့ 4TB လေး၊ 3 ရက်မြောက်ကြိုးစားပြီး အခုတ...
28/04/2026

Recover လုပ်ရတာ ခက်ခဲ‌နေလို့ Data တွေ ပြန်မရနိုင်တော့ဘူးလားလို့ တွေးမိလိုက်သေးတဲ့ 4TB လေး၊ 3 ရက်မြောက်ကြိုးစားပြီး အခုတော့ Data အကုန်ပြန်ရသွားလို့ ပိုင်ရှင်လက်ထဲပေးလိုက်နိုင်ပါပြီ၊ ထူးခြားတဲ့ case တခုဖြစ်လို့ မှတ်တမ်းလေးသိမ်းတာပါ၊
မိတ်ဆွေများအနေနဲ့လည်း Data တွေ lost ဖြစ်ခဲ့ရင် ချက်ချင်းသာဆက်သွယ်လိုက်ပါ၊

အရင်အတိုင်းပဲ Data တွေ ပြန်ယူပေးနေတုံးပါပဲခင်ဗျာ။ အခုလ ကတော့ server တွေထဲက HDD တွေ့နဲ့ Photographer တွေရဲ့ camera ထဲက ca...
09/04/2026

အရင်အတိုင်းပဲ Data တွေ ပြန်ယူပေးနေတုံးပါပဲခင်ဗျာ။ အခုလ ကတော့ server တွေထဲက HDD တွေ့နဲ့ Photographer တွေရဲ့ camera ထဲက card တွေ အလှည့်လို့ပဲထင်ပါတယ်၊ လာလိုက်ရင် ဒါတွေပဲဖြစ်နေလို့ပါ၊ ဘယ်လိုပဲဖြစ်ဖြစ် အားထည့်ပြီးပြန်ယူပေးနေပါတယ်၊

ဦးခင်မောင်ဝင်းရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ငြိမ်း)အမှတ် ၂၆၊ ပထပ်၊ ပုသိမ်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ဖုန်း 09 2...
20/12/2025

ဦးခင်မောင်ဝင်း
ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ငြိမ်း)
အမှတ် ၂၆၊ ပထပ်၊ ပုသိမ်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း 09 26 040 26 13

Laptop HDD, Desktop HDD, External HDD, SATA or SSD HDD, Memory Stick, SD Card, Micro SD Card, NAS HDD, CCTV HDD စသည့် media မျိုးစုံပေါ်ရှိ မိမိ၏ Data များ အကြောင်း အမျိုးမျိုးကြောင့် ပျောက်ဆုံး၊ ပျက်စီးသွားပါက ပြန်လည်ရယူပေးပါမည်။ ကုန်ကျငွေမှာလည်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာသက်သာပါမည်၊
အနှစ် ၂၀ ကျော် လေ့လာခဲ့သော ပညာရပ်များနှင့် လုပ်ကိုင်ခဲ့သော အတွေ့အကြုံများကို သုံးပြီး မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိသော Data များကို ကြိုးစားရယူပေးပါမည်။
Logical damage များအတွက် လိုင်စင် ဆော့ဝဲလ်များ အသုံးပြုပြီး data များပြန်လည်ရယူပါမည်။
Physical damage များအတွက် Hard disk ramp များ၊ circuit repairing tools များ အသုံးပြုပြီး ဆောင်ရွက်ပေးပါမယ်။
ပြန်လည်ရရှိလာသော Data များ၏ လုံခြုံရေးကိုလည်း အပြည့်အဝ တာဝန်ယူပါတယ်။
ထပ်မံသိရှိလိုသော အသေးစိပ် အချက်အလက်များကို ဖုန်းဖြင့် ဆက်သွယ် စုံးစမ်းနိုင်ပါတယ်။

Data Recovery လုပ်ငန်းကို နှစ်အတော်ကြာလုပ်လာတဲ့အခါ သီးသန့်အနေနဲ့ survey လုပ်တာမဟုတ်ပေမဲ့ survey လုပ်သလိုမျိုး သိလာတဲ့ အခ...
30/08/2025

Data Recovery လုပ်ငန်းကို နှစ်အတော်ကြာလုပ်လာတဲ့အခါ သီးသန့်အနေနဲ့ survey လုပ်တာမဟုတ်ပေမဲ့ survey လုပ်သလိုမျိုး သိလာတဲ့ အချက်အလက်တွေအရ ပြောရရင် ကိုယ့် Data တွေကို အလေးအနက်မရှိကြဘူး လို့ တွေ့ရတယ်၊ အပြစ်တင်လိုစိတ်နဲ့ ပြောတာမဟုတ်ပါဘူး၊ ဘယ်သူ့ရဲ့ Data ကိုမှ မဆုံးရှုံးစေလိုခြင်းပါ၊ Data လို့ ပြောလိုက်ရင် ရုံးလုပ်ငန်းလုပ်နေတဲ့ user တွေ လုပ်ကိုင်ထားတဲ့ Text documents တွေ၊ ဓါတ်ပုံ ဗီဒီယို ရိုက်ကူးရေး ဆရာတွေ လုပ်ကိုင်ထားတဲ့ Photo, Video တွေ၊ Graphic Design ဆရာတွေ ဖန်တီးထားတဲ့ Graphic တွေ၊ ကာတွန်းဆရာတွေ ဖန်တီးထားတဲ့ Animation တွေ စတဲ့ နယ်ပယ်ပေါင်းစုံက ရလာသမျှဟာ File တွေပါပဲ၊ ဒီ File အမျိုးအစား ပေါင်းစုံကို Data လို့ ခေါ်ဝေါ်ပြီး ထားသိုစရာ တစ်ခုခုမှာ ထားသိုရတာပါပဲ၊ ဒါကြောင့် ဘယ် File ပဲ ဖြစ်ဖြစ် အချိန်ပေးပြီးမှ၊ ငွေကုန်ကြေးကျခံပြီးမှ၊အပင်ပန်းခံပြီးမှ၊ ခေါင်းစားခံပြီးမှ စသည်ဖြင့် ပုံစံမျိုးစုံနဲ့ ရင်းနှီးပြီးမှ Data File ဆိုတာဟာ ထားသိုတဲ့ အဆင့်ကို ရောက်တာဖြစ်ပါတယ်၊ ထားသိုထားတဲ့ နေရာကနေ အဲဒီ Data Fileတွေ ပျောက်ပျက် ဆုံးရှုံးသွားတာဟာ Data File ပျောက်သွားကာမျှ မဟုတ်ဘဲ ရှေ့ကပြောတဲ့ ရင်းနှီးထားတာတွေ အားလုံးပါ ဆုံးရှုံးသွားတာပါ၊ ဆိုတော့ကာ ဒီလိုမျိုး တန်ဖိုးရှိတဲ့ Data File တွေကို ထားသိုတဲ့ ကိစ္စဟာ အလေးအနက်ထားရမဲ့ ကိစ္စပါ၊ ဒါဆိုရင် မပျောက်ပျက်ဖို့ရာအတွက်သေချာအောင် ဘယ်လိုနည်းလမ်းတွေရှိလဲလို့မေးရင် အများစုက hardware device တွေကိုပဲ ပြေးမြင်တတ်ကြပါတယ် Hard disk, Memory stick, SD card, စသည်ဖြင့်ပေါ့ အခုနောက်ပိုင်းတော့ One drive, Google drive ပေါ့ အဲဒါတွေက device တွေပါ၊ ဒါတွေထက် ပိုအရေးကြီးတာက strategy ပါ၊ လွယ်လဲလွယ်၊ ချက်ချင်းလည်း လိုက်လုပ်လို့ရတဲ့ strategy က 3-2-1 backup strategy လို့ခေါ်ပါတယ် အကောင်းဆုံး Data file ကာကွယ်တဲ့ နည်းလမ်းပါ၊ ခေတ်တွေဘယ်လို ပြောင်းသည်ဖြစ်စေ အခုထိ သုံးနေရတဲ့နည်းလမ်းပါ၊
3 ဆိုတာက ကိုယ့်ရဲ့ Data File ဟာ 3 နေရာရှိရမယ်၊ 2 ဆိုတာက Backup 2 နေရာမှာ ရှိရမယ်၊ 1 ဆိုတာက လက်ရှိလုပ်နေတဲ့ စက်ထဲမှာ 1 ခုရှိရမယ်လို့ ဆိုလိုတာပါ၊ ဒါဟာ အခြေခံကျပြီး အလုပ်ဖြစ်တဲ့ strategy ဖြစ်ပါတယ်။ ကိုယ်သုံးမဲ့ Device တွေကတော့ စိတ်ကြိုက်ပြောင်းလဲလို့ရပါတယ်။ Data များဆုံးရှုံးခြင်းမှ ကင်းဝေးကြပါစေ။
P.S. မပြောကောင်း မဆိုကောင်း Data Lost ဖြစ်ပြီဆိုရင်တော့ ဘာမှ ထပ်မလုပ်ဘဲ ကျွန်တော့ဆီကို ဖုန်းဆက်ပြီး အကြံတောင်းနိုင်ပါတယ်။ 09 26 040 26 13 ပါ။ တိုင်ပင်လို့ရပါတယ်ခင်ဗျား။

Data Recovery ခရီးရှည် - Data Recovery အပိုင်းကို စပြီးလုပ်ခဲ့တာ မှတ်မှတ်ရရ 2004 ခုနှစ်၊ အဲဒီ ကာလ မှာ Windows 98, Window...
27/07/2025

Data Recovery ခရီးရှည် -
Data Recovery အပိုင်းကို စပြီးလုပ်ခဲ့တာ မှတ်မှတ်ရရ 2004 ခုနှစ်၊ အဲဒီ ကာလ မှာ Windows 98, Windows XP ဆိုပြီး GUI တွေ ဖြစ်ပြီဆိုတော့ Recover Software တွေကလည်း GUI ပေါ်မှာ လွယ်ကူလာတယ် Norton, Ontrack တို့က ထုတ်တဲ့ High Level Tools တွေ နဲ့ DOS-based data recovery tools (Low Level Tools) ဆိုပြီး ရွေးစရာတွေ ရှိလာတဲ့ အချိန်၊ ကျွန်တော်က GUI မရခင်ခေတ်ကဆိုတော့ DOS OS နဲ့ပိုပြီး ခင်တယ်လေ၊ Low Level Tools တွေကို ပိုပြီး အားသန်တယ်၊ Disk Commander တို့ SpinRite တို့ နဲ့ စပြီးထိတွေ့မိခဲ့တယ်။
အဲဒီ အချိန်က Data Recovery ဆိုရင် File Deleted, Formatted Drives, Deleted Partition စတာတွေဖြစ်သွားလို့ Data တွေ Lost ဖြစ်တဲ့ Case တွေပေါ့၊ Harddisk တွေက IDE(PATA) တွေ SCSI စကာဇီ တွေပေါ့ နေ့မအိပ် ညမအိပ်ကိုနစ်ဝင်ခဲ့တာ၊ Data တွေ ပြန်ရပြီဆိုရင် ကိုယ့်ကိုယ်ကို ဂုဏ်ပြုရတာ အမော အခုရောက်နေတဲ့ အချိန်ကနေ ပြန်ကြည့်မိတော့လည်း ဖြတ်သန်းခဲ့တဲ့ ခရီးရှည်တစ်ခုကိုတွေ့ရတယ်၊ အခုလည်း အဲဒီအချိန်တွေတုံးကလိုပဲ ဆက်လက် ကြိုးစားနေဆဲပါပဲ၊ Data Lost ဖြစ်တဲ့ Case တွေက တစ်ခုနဲ့ တစ်ခု မတူညီတဲ့ အတွက် ဘယ်လို Recover လုပ်ရင် အဆင်ပြေနိုင်မလဲ ဆိုတာက စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်း ဖြစ်နေတုံးပါပဲ၊ ဒီအတွက် မတော်တဆများ Data Lost ဖြစ်ခဲ့ပြီဆိုရင်တော့ ဆက်သွယ်လိုက်ပါ၊ အစွမ်းကုန် ကြိုးစားပြီး ပြန်ယူပေးပါ့မယ်၊ Data Lost ဖြစ်ရတဲ့ အကြောင်းတရားများ ဆိုပြီးတော့လည်း သတ်သတ် ရေးပါအုံးမယ်၊ Data များ ဆုံးရှုံးခြင်းဘေးမှ ကင်းဝေး ကြပါစေ။

(TalentComputer)
Recovery Solutions
24-07-2025 ( 22:54 )

 #ပျက်နေတဲ့ Video files တွေ  Repair လုပ်လို့ရပါပြီ။Video တွေရိုက်ပြီးလို့ Video file တွေရလာတဲ့အခါ အကြောင်းအမျိုးမျိုးကြေ...
12/03/2025

#ပျက်နေတဲ့ Video files တွေ Repair လုပ်လို့ရပါပြီ။

Video တွေရိုက်ပြီးလို့ Video file တွေရလာတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတာတွေဖြစ်တတ်ကြပါတယ်
ကင်မရာကြောင့်လည်းပျက်တယ်၊ memory card တွေကြောင့်လည်းပျက်တယ်၊ ကူးနေတုံးမှာလည်းပျက်တယ်၊ အခြားအကြောင်းတွေလည်းရှိနိုင်ပါတယ်
Video file တွေပျက်တယ်ဆိုတာက file မရှိတော့တာမဟုတ်ဘဲ file က ရှိနေတယ် file size ကလည်းအမှန်ပဲ ဖွင့်ကြည့်တော့မှ
corrupted file ဖြစ်နေတာမျိုး၊ အဲဒါတွေကို ပြန်ပြင်ပေးမှာပါ၊
ပြင်လို့ရတဲ့ file format တွေက အတော်လေးများပါတယ်၊ popular ဖြစ်တဲ့ MP4, MOV, AVI, MKV စတာမျိုးတွေပေါ့
ရိုက်တဲ့အခါ သုံးတဲ့ camera အမျိုးအစားတွေကလည်းများပါတယ် Sony, Canon, Nikon, Panasonic, Fuji အစရှိသဖြင့် အမျိုးမျိုးနဲ့ရိုက်လာတဲ့ file တွေပျက်တဲ့အခါ ပြန်ပြင်ပေးနိုင်ပါတယ်။

TALENTData Recovery SolutionData Recovery လုပ်ငန်းကို သီးသန့်လုပ်ပါတယ်ကွန်ပျူတာထဲက internal Hard disk များသာမက External ...
16/10/2024

TALENT

Data Recovery Solution
Data Recovery လုပ်ငန်းကို သီးသန့်လုပ်ပါတယ်

ကွန်ပျူတာထဲက internal Hard disk များသာမက External Hard disk များ၊ RAID system hard disk များ၊ NAS HDD များ၊ Server hard disk များ၊ CCTV Hard disk များ၊ memory stick များ၊ SSD hard disk များ၊ camera များတွင် အသုံးပြုသော memory card များ၊ Data recovery လုပ်ပေးနိုင်ပါတယ်။

Hard disk များပျက်စီးတာမှာ နှစ်မျိုးရှိပါတယ်၊
၁. Logically damage နဲ့
၂. Physically damage ပါ။

Logically damage ကတော့ မှားဖျက်မိတာတို့၊ Format ချလိုက်မိတာတို့၊ Partition ဖျက်ချမိလိုက်တဲ့အခါမျိုးမှာ ဖြစ်တာပါ။
physical damage ကတော့ electrical shock ဖြစ်တာ၊ ကွန်ပျူတာမှာ eject မလုပ်ဘဲ ဆွဲဖြုတ်‌မိလိုက်တဲ့အခါ၊ လွတ်ကျတာတွေ ကြောင့် ပျက်စီးသွားတာပါ။
ဘယ်လိုမျိုးပဲပျက်ပါစေ data recovery
လုပ်ပေးနေကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်ခင်ဗျား။

ပြုလုပ်၍ ပြန်လည်ရရှိလာသော Data များ၏ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူပါတယ်၊

Data Recovery လုပ်ငန်းလုပ်တဲ့ ကျွန်တော့်ကို အမေးများတဲ့ မေးခွန်းက Hard disk ဝယ်တဲ့အခါ ဘယ်တံဆိပ်ကို ဝယ်ရမလဲ? ဖြေနေကျ အဖြေ...
13/10/2024

Data Recovery လုပ်ငန်းလုပ်တဲ့ ကျွန်တော့်ကို အမေးများတဲ့ မေးခွန်းက Hard disk ဝယ်တဲ့အခါ ဘယ်တံဆိပ်ကို ဝယ်ရမလဲ?

ဖြေနေကျ အဖြေကို အများအတွက် sharing လုပ်လိုပါတယ်။

အောက်ကစာသားက Backblaze ဆိုတဲ့ အဖွဲ့က စနစ်တကျ လေ့လာထားချက်ကို ရေးထားတာပါ။
In January, 2014, Backblaze examined failure rates among the 27,134 hard drives they were using at the time. Backblaze found that Hitachi drives had the lowest failure rate, Western Digital drives had the second lowest failure rate, and Seagate drives had the highest failure rate of the three brands tested.
However, everything is a tradeoff. “If the price were right, we would be buying nothing but Hitachi drives”, wrote Backblaze. But Seagate drives were Backblaze’s preferred brand due to their cheaper price, even at the cost of reliability. After all, if you have good backups, you can always restore any data from a dead drive.
📷
ဒီဖော်ပြချက်မှာ အပိုင်း ၃ ပိုင်းပါပါတယ် -
၁။ လေ့လာတွေ့ရှိချက်ကို ဖော်ပြခြင်း၊
လေ့လာချက်အရဆိုရင်တော့ ရှင်းပါတယ်၊ သုံးမျိုးထဲက HITACHI ပဲ ဝယ်မှာပေါ့လို့ပြောမိမှာပါပဲ။
၂။ တွေးဆနိုင်ဖို့ ဈေးနှုန်း ရှုဒေါင့်ကို တင်ပြထားပါတယ်။
ဒီဖော်ပြချက်မှာတော့ ကောင်းတယ်ဆိုတာ ဘာကိုကောင်းတာလဲလို့ပြောထားတာပါ၊ စိတ်ချရမှုကို ကောင်းလိုတာလား။ ဈေးနှုန်းသက်သာတာကို ကောင်းလိုတာလား။
၃။ နောက်ဆုံးအချက်ကတော့ အဖြေပါ၊
Backup က သာလျှင် မိမိ Data များအတွက် အလုံခြုံဆုံးဆိုတာပြောထားတာပါ၊ hard disk တွေကတော့ ပျက်မှာပဲ။

အခုလောက်ဆို မေးခွန်းမေးသော မိတ်ဆွေများ အဖြေရလောက်ပါပြီ။
ကျန်းမာရွှင်လန်းကြပါစေ။
ခင်မောင်ဝင်း
Data Recovery Service
09 26 040 26 13

Data Recovery လုပ်ငန်းကို နှစ်အတော်ကြာလုပ်လာတဲ့အခါ သီးသန့်အနေနဲ့ survey လုပ်တာမဟုတ်ပေမဲ့ survey လုပ်သလိုမျိုး သိလာတဲ့ အခ...
17/05/2024

Data Recovery လုပ်ငန်းကို နှစ်အတော်ကြာလုပ်လာတဲ့အခါ သီးသန့်အနေနဲ့ survey လုပ်တာမဟုတ်ပေမဲ့ survey လုပ်သလိုမျိုး သိလာတဲ့ အချက်အလက်တွေအရ ပြောရရင် ကိုယ့် Data တွေကို အလေးအနက်မရှိကြဘူး လို့ တွေ့ရတယ်၊ အပြစ်တင်လိုစိတ်နဲ့ ပြောတာမဟုတ်ပါဘူး၊ ဘယ်သူ့ရဲ့ Data ကိုမှ မဆုံးရှုံးစေလိုခြင်းပါ၊ Data လို့ ပြောလိုက်ရင် ရုံးလုပ်ငန်းလုပ်နေတဲ့ user တွေ လုပ်ကိုင်ထားတဲ့ Text documents တွေ၊ ဓါတ်ပုံ ဗီဒီယို ရိုက်ကူးရေး ဆရာတွေ လုပ်ကိုင်ထားတဲ့ Photo, Video တွေ၊ Graphic Design ဆရာတွေ ဖန်တီးထားတဲ့ Graphic တွေ၊ ကာတွန်းဆရာတွေ ဖန်တီးထားတဲ့ Animation တွေ စတဲ့ နယ်ပယ်ပေါင်းစုံက ရလာသမျှဟာ File တွေပါပဲ၊ ဒီ File အမျိုးအစား ပေါင်းစုံကို Data လို့ ခေါ်ဝေါ်ပြီး ထားသိုစရာ တစ်ခုခုမှာ ထားသိုရတာပါပဲ၊ ဒါကြောင့် ဘယ် File ပဲ ဖြစ်ဖြစ် အချိန်ပေးပြီးမှ၊ ငွေကုန်ကြေးကျခံပြီးမှ၊အပင်ပန်းခံပြီးမှ၊ ခေါင်းစားခံပြီးမှ စသည်ဖြင့် ပုံစံမျိုးစုံနဲ့ ရင်းနှီးပြီးမှ Data File ဆိုတာဟာ ထားသိုတဲ့ အဆင့်ကို ရောက်တာဖြစ်ပါတယ်၊ ထားသိုထားတဲ့ နေရာကနေ အဲဒီ Data File (သို့) Data Fileတွေ ပျောက်ပျက် ဆုံးရှုံးသွားတာဟာ Data File ပျောက်သွားကာမျှ မဟုတ်ဘဲ ရှေ့ကပြောတဲ့ ရင်းနှီးထားတာတွေ အားလုံးပါ ဆုံးရှုံးသွားတာပါ၊ ဆိုတော့ကာ ဒီလိုမျိုး တန်ဖိုးရှိတဲ့ Data File တွေကို ထားသိုတဲ့ ကိစ္စဟာ အလေးအနက်ထားရမဲ့ ကိစ္စပါ၊ ဒါဆိုရင် မပျောက်ပျက်ဖို့ရာအတွက်သေချာအောင် ဘယ်လိုနည်းလမ်းတွေရှိလဲလို့မေးရင် အများစုက hardware device တွေကိုပဲ ပြေးမြင်တတ်ကြပါတယ် Hard disk, Memory stick, SD card, စသည်ဖြင့်ပေါ့ အခုနောက်ပိုင်းတော့ One drive, Google drive ပေါ့ အဲဒါတွေက device တွေပါ၊ ဒါတွေထက် ပိုအရေးကြီးတာက strategy ပါ၊ လွယ်လဲလွယ်၊ ချက်ချင်းလည်း လိုက်လုပ်လို့ရတဲ့ strategy က 3-2-1 backup strategy လို့ခေါ်ပါတယ် အကောင်းဆုံး Data file ကာကွယ်တဲ့ နည်းလမ်းပါ၊ ခေတ်တွေဘယ်လို ပြောင်းသည်ဖြစ်စေ အခုထိ သုံးနေရတဲ့နည်းလမ်းပါ၊
3 ဆိုတာက ကိုယ့်ရဲ့ Data File ဟာ 3 နေရာရှိရမယ်၊ 2 ဆိုတာက Backup 2 နေရာမှာ ရှိရမယ်၊ 1 ဆိုတာက လက်ရှိလုပ်နေတဲ့ စက်ထဲမှာ 1 ခုရှိရမယ်လို့ ဆိုလိုတာပါ၊ ဒါဟာ အခြေခံကျပြီး အလုပ်ဖြစ်တဲ့ strategy ဖြစ်ပါတယ်။ ကိုယ်သုံးမဲ့ Device တွေကတော့ စိတ်ကြိုက်ပြောင်းလဲလို့ရပါတယ်။ Data များဆုံးရှုံးခြင်းမှ ကင်းဝေးကြပါစေ။
P.S. မပြောကောင်း မဆိုကောင်း Data Lost ဖြစ်ပြီဆိုရင်တော့ ဘာမှ ထပ်မလုပ်ဘဲ ကျွန်တော့ဆီကို ဖုန်းဆက်ပြီး အကြံတောင်းနိုင်ပါတယ်။ 09 26 040 26 13 ပါ။ တိုင်ပင်လို့ရပါတယ်ခင်ဗျား။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Data Recovery Solution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share