03/03/2020
Sublimation တံဆိပ်ရိုက်ခြင်းသင်တန်းကို ယခုလအတွက် အထူးလျှော့ဈေး သင်တန်းကြေး (၁)သိန်းနဲ့ တက်ရောက်နိုင်ပါပြီ။
စနေ၊တနင်္ဂနွေ နှင့် အင်္ဂါ၊ဗုဒ္ဓဟူး နေ့များတွင် အပါတ်စဉ် ပုံမှန် ဖွင့်လှစ်ပါသည်။
သင်တန်းကာလ (၂) ရက်
မနက် (၁ဝ) နာရီမှ ညနေ (၃) နာရီအထိ
ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို အရင်းအနှီး နည်းနည်း၊ ကျစ်ကျစ်လစ်လစ်နဲ့ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့အတွက်
- Sublimation ဆိုတာဘာလဲ
- ဘာတွေ ဘယ်လို လုပ်ရမလဲ
- ဘာတွေ လိုအပ်မလဲ
- လုပ်ငန်း ဘယ်လို စတင်လို့ရလဲ
- ဘယ်လို ဆက်သွားမလဲ
- လုပ်ငန်း ဘယ်လိုတိုးချဲ့မလဲ
- ဘာတွေက အရေးကြီးသလဲ
- ဘာတွေကို သတိထားရမလဲ
- Photoshop Knowledge ... စတဲ့ သင်ခန်းစာတွေကို အခြေခံကစပြီး စာတွေ့ လက်တွေ့ ပိုင်နိုင်စွာ သင်ကြားပေးပါမယ်။
လုပ်ငန်း သဘောသဘာဝတွေကို ကောင်းကောင်း နားလည် သဘောပေါက်ပြီး မိမိကိုယ်ပိုင် လုပ်ငန်းတစ်ခု အမြန်ဆုံး စတင် ဖွင့်လှစ်၊ ဆောင်ရွက်နိုင်ဖို့ သင်ကြားပေးမှာ ဖြစ်ပါတယ်။ လုပ်ငန်းကို ကိုယ်တိုင် လက်ရှိလုပ်ကိုင် ဆောင်ရွက်နေသူတွေက မိမိတို့ရဲ့ အတွေ့အကြုံတွေကို ဆရာစားမချန်ဘဲ မျှဝေ၊ သင်ကြားပေးမှာဖြစ်လို့ တက်ရောက်သင့်တဲ့ သင်တန်းလေးပါ။
သင်တန်းကြေးသည် အသုံးပြု သင်ကြားပေးမယ့် ကုန်ကြမ်း ပစ္စည်းဖိုး အပြီးအစီးဖြစ်ပါတယ်။ ဒါ့အပြင် နေ့လည်စာနဲ့ ကော်ဖီ/လက်ဖက်ရည်တို့ကို စီစဉ်ပေးထားမှာဖြစ်ပါတယ်။ သင်တန်း အပါတ်စဉ်တစ်ခုမှာ သင်တန်းသား/သူ ပုံမှန် (၆) ယောက်သာ လက်ခံသင်ကြားပေးမှာမို့ ပေးရတဲ့ဈေးနဲ့ တန်စေမယ့် သင်တန်းဖြစ်ရပါစေမယ်။
သင်တန်း စုံစမ်းရန် - ဖုန်းနံပါတ် 09953040074 ၊ 09425297064
သင်တန်း လိပ်စာ - အမှတ် ၃၅၁၊ ဒုတိယထပ်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်စက်ဆန်း (ပုဇွန်တောင် အသင်းတိုက်မှတ်တိုင် - ဘတ်စ်ကားနံပါတ် ၃၊ ၂၄၊ ၆၃၊ ၇၉၊ ၈၆၊ ၉၃)၊ ရန်ကုန်မြို့။