ShweYeik electronic

ShweYeik electronic တီထွင်ထားတာ အသုံး၀င်တာတွေရောင်းမယ်

21/03/2021

နိုင်ငံရေးပြန်အေးချိန် အသက်ရှင်သေးလျှင် သင်တန်းများ ပြန်သင်ပါမည်။
အပ်ထားသူများ
မဆုံးရှုံးရပါ။

အီလက်ထရောနစ်ဘာသာရပ်ကိုလွယ်ကူရိုးရှင်းစွာသင်ယူနိုင်ဖို့---------------------------------------------------------- ၈-၉-၁၀ ...
29/01/2021

အီလက်ထရောနစ်ဘာသာရပ်ကိုလွယ်ကူရိုးရှင်းစွာသင်ယူနိုင်ဖို့
----------------------------------------------------------
၈-၉-၁၀ တန်းလောက်ကနေ စလေ့လာထားနိုင်ဖို့ ဖွင့်တဲ့အတန်းပါ။ လူကြီးတွေပါ ဝင်သင်နိုင်ပါတယ်။ အီလက်ထရောနစ်ကို အလွယ်တကူသင်ယူရမယ်၊ အသုံးဝင်တဲ့ Project လေးတွေတည်ဆောက်နိုင်ရမယ်။ Physics ဘာသာရပ်ထဲက logic Gate တွေ၊ အခြား အီလက်ထရောနစ်ပိုင်းကျောင်းသင်ခန်းစာတွေပါ နားလည်သွားမှာပါ။
ဖွင့်မှာက ဖေ​ဖော်ဝါရီ ၆ ရက်စနေနေ့ပါ။ ကျောင်းအပ်လက်ခံပါတယ်နော်။ ငွေလွဲပီး ss ကို messenger ကနေပို့ပေးပါ။
သင်တန်းကြေး ၁၂၀၀၀ လောက်နဲ့ ပြန်ရမှာက အများကြီးပါ။
လူငယ်တွေအတွက် robotic ပိုင်းအခြေခံတွေပါ ထည့်သင်သွားမှာပါ။
နည်းပညာစာရေးဆရာ သန်းထိုက်(ရွှေရိပ်)ကိုယ်တိုင် အလွယ်တကူ တတ်မြောက်စေဖို့ သင်တဲ့ Online သင်တန်းပါ။

08/01/2021

ဒီတစ်ခါဖွင့်တဲ့အတန်းက လူငယ်ပိုင်း ရည်ရွယ်ပေမယ့် လူကြီးတွေလည်း ဝင်သင်လို့ရပါတယ်။ အဓိက အခြေခံ Components အကုန်သင်မှာပါ၊ ပိုလွယ်သွားပီး ပိုပီး ကလေးဆန်အောင်သင်မှာပဲရှိပါတယ်။
Project ပိုင်းကတော့ ဆားကစ်ဖန်တီးမှုတွေပါပါမယ်။ အလွယ်နဲ့ အသုံးဝင်တာတွေဦးစားပေးထားပါတယ်။
ယခင်နဲ့မတူတာက မော်တာ ကွန်ထရိုးပိုင်းပါ၊ speed နဲ့ Direction ထိန်းဖို့ Balance သဘောနဲ့ မော်တာသက်ဝင်ပုံတွေ၊ Robot ငယ်လေးတစ်ခုအတွက် တွေးပုံတွေ ပါလာပါတယ်။( Wireless Remote control ပိုင်းမပါပါဘူးနော်)
ရည်ရွယ်တာက အခြေခံ အီလက်ထရောနစ်သိပ္ပံကို ရင်းနှီးအောင်ပါ။
လေအား၊ ရေအားနဲ့ သုံးတဲ့ ဂျန်နရေတာတွေထိကို အခြေခံလုပ်နိုင်အောင်ထိ ပါပါတယ်။
ပီးတော့ Logic Gate တွေပေါ့။ ၈-၉-၁၀ တန်းက Physics ပိုင်းကို ထည့်သွင်းသင်တာက ကျောင်းစာနဲ့ လက်တွေ့နီးစပ်အောင်ပါ။
ကိုယ်က အီလက်ထရောနစ်တွေနဲ့ မကင်းတဲ့ တီထွင်မှုအတွက်ဆို မဖြစ်မနေကို အခြေခံ အီလက်ထရောနစ်ပိုင်း သိမှကိုရပါလိမ့်မယ်။
ဖုန်းပဲပြင်ပြင် တီဗွီအောက်စက်ပဲ ပြင်ပြင် အခြေခံသုံးထားတဲ့ ကွန်ပိုးနပ်တ် တွေကိုမသိလို့ကိုမပါဘူး။
ဒါကြောင့် ဒီသင်တန်းမျိုးတွေကနေ မိမိတူ/သား/သမီး/ညီငယ် ညီမငယ်တွေ အတွက် တက်ခိုင်းသင့်တဲ့ သင်တန်းမျိုးပါ။
ကလေးလို ကဗျာတွေ စာတွေနဲ့သင်လို့ သင်လွယ်မှတ်လွယ်ပါတယ်။
သင်တန်းကြေး ၁၂၀၀၀ တစ်သောင်းနှစ်ထောင်ဆိုတာ ဒီကာလအတွက် အတန်းဆုံးနဲ့ ဒီလိုပညာတစ်ခုအတွက် မတန်တစ်ဆပညာရတာဖြစ်မှာပါ။
သင်တန်းအပ် လက်ခံနေပါပီနော်။ စမှာက နောက်လ ပထမအပတ်ပါ။
သင်တန်းကာလက ၃ လပါ၊ စာမပီးသေးရင် အဲ့ထက်ပိုပါမယ်။

သန်းထိုက်(ရွှေရိပ်)
ရွှေရိပ် နည်းပညာသိပ္ပံဆိုင်ရာသင်တန်းကျောင်း

Electronic ဘာသာရပ်ဆိုတာနဲ့ စက်တွေပြင်ဖို့ (ဖုန်း၊ TV ၊ Audio.......) စသဖြင့်များစွာကို ပြင်ရမယ်ပဲတွေးပါတယ်။မမှားပါဘူး မှ...
08/01/2021

Electronic ဘာသာရပ်ဆိုတာနဲ့ စက်တွေပြင်ဖို့ (ဖုန်း၊ TV ၊ Audio.......) စသဖြင့်များစွာကို ပြင်ရမယ်ပဲတွေးပါတယ်။
မမှားပါဘူး မှန်ပါတယ်။ ဒါပေမယ့် လိုအပ်တာက အခြေခံ အီလက်ထရောနစ်ပါ။ ဥပမာဗျာ- EC အတန်းကို နည်းပညာတက္ကသိုလ်မှာသင်မယ်ပေါ့၊ ဒါဆို သူတို့က ဘာတွေကို ဦးတည်သင်သလဲ။
ရှင်းပါတယ်။ အီလက်ထရောနစ်ပစ္စည်းတွေဖြစ်လာမယ့် အသုံးပြု ပစ္စည်းတွေ Components တွေနဲ့ သူတို့်ဘာကြောင့်သုံးတယ်၊ ဘာလို့သုံးတယ်ဆိုတာကိုသာ ဦးစားပေးပီး သင်ယူရတာပါ။
ဖုန်းပြင် တီဗွီပြင်တာတွေမသင်ပါဘူး။
ဒါဆို မပြင်နိုင်တော့ဘူးလား။ မဟုတ်ဘူးဗျ။ အီလက်ထရောနစ်ဘာသာရပ်ကို နားလည်သွားရင် ဖုန်းပြင်သင်တန်းတွေ၊ စက်ပြင်သင်တန်းတွေ ဘာပဲဆက် သင်သင် နားလည်တတ်ကျွမ်းသွားတာပါ။
အီလက်ထရောနစ် ပစ္စည်းတွေအားလုံးဟာ ဒီ Components တွေရဲ့ သဘောအောက်မှာပဲရှိနေတာလေ။ ဒိုင်ယာဂရမ်ခေါ်တဲ့ ပတ်လမ်းတွေကို ဖတ်တတ် နားလည်တတ်၊ သုံးတတ်လာရင် စက်ပြင်ဖို့ အဆင်သင့်ဖြစ်လာတာပါပဲ။
အပျက်ကို နားလည်လာတဲ့အခါ မီတာလေးတိုင်းပီးရှာ၊ အစားထိုးထည့်၊ ပတ်လမ်းပျက်နေတယ်ဆို ပတ်လမ်းပြန်ဆက်ပေါ့။
ဒါတွေကို သိလာဖို့ မသိမဖြစ်က အခြေခံ အီလက်ထရောနစ်ပါ။
တွက်ရိုးတွေ တွက်ကိန်းတွေ၊ သီအိုရီတွေနဲ့ အင်ဂျင်နီယာဘာသာရပ်ကို အလွယ်လေး နားလည်ဖို့ဆိုတာ ကိုယ်လည်း အားထုတ်ကြိုးစားလေ့လာသင်ယူမှရတာပါ။
ကျနော့်သင်တန်းမှာက လွယ်တဲ့နည်းကိုရှာသင်တယ်၊ ကလေးလို ကဗျာလေးတွေ အော်ဆိုယုံနဲ့ နားလည်လွယ်စေတယ်။ ဒီတော့ ဒီဘာသာရပ်ဟာ ကြောက်စရာလို့ မမြင်တော့ဘူး။
ဆားကစ်လေးတွေ ကိုယ်တိုင်တီထွင်တတ်လာတယ်။ ဘာလုပ်ချင်သလဲ ဘယ်လိုလုပ်ကြည့်မယ်ဖြစ်လာတယ်။ ၉ တန်း ၁၀တန်း ကျောင်းသားတွေပါ ဝင်သင်လို့ရအောင် မခက်ခဲအောင်သင်တယ်လေ။
နိုင်ငံရပ်ခြားမှာ ၁၀ နှစ်ကျော်လောက်နဲ့ ဆားကစ်အသစ်တွေတီထွင် ဖန်တီးတည်ဆောက်ပြနေကြတာ အားကျစရာပါ။
မြန်မာမှာလည်း အဲ့လိုပညာရှင်တွေ ရှိစေချင်လို့ တန်ဖိုးနည်းဝင်ပါ Online Electronic သင်တန်းတွေဖွင့်နေခဲ့တာပါ။
ခုလည်း အလွယ်လေ့လာ သင်ခန်းစာအနေနဲ့ ၉ တန်း ၁၀ တန်းအရွယ်ကအစ တက်ရောက်သင်ယူဖို့ အတန်းသစ်ထပ်ဖွင့်တာပါ။ Physics ပိုင်းတွေပါ ပါလာတာပေါ့နော်။
ကျောင်းစာမှာပါတဲ့ အုမ်းလောနဲ့ ဂိတ်တွေကအစ သင်ပေးမှာပါ။
လူလတ်တန်း ဦးစားပေးပေါ့နော်။ လူကြီးတွေလည်း ဝင်တက်လို့်ရတယ်နော်။
သင်တန်းကြေးကလည်း ၁၂၀၀၀ ပဲကျသင့်ပါတယ်။

လူငယ်တွေအတွက် မေးလွန်းလို့ ဖွင့်ပီဗျာအခြေခံ သိပ္ပံနဲ့ အခြေခံ အီလက်ထရောနစ် အတန်းသစ်ပါ။၈-၉-၁၀ တန်းကနေ စတက်နိုင်ပါပီ။
05/01/2021

လူငယ်တွေအတွက် မေးလွန်းလို့ ဖွင့်ပီဗျာ
အခြေခံ သိပ္ပံနဲ့ အခြေခံ အီလက်ထရောနစ် အတန်းသစ်ပါ။
၈-၉-၁၀ တန်းကနေ စတက်နိုင်ပါပီ။

အားလုံး အားလုံး ....... Update, Upgrade and Restart Bye Bye 2020
31/12/2020

အားလုံး အားလုံး ....... Update, Upgrade and Restart
Bye Bye 2020

29/12/2020

Electronic ဘာသာရပ်ဆိုတာနဲ့ စက်တွေပြင်ဖို့ (ဖုန်း၊ TV ၊ Audio.......) စသဖြင့်များစွာကို ပြင်ရမယ်ပဲတွေးပါတယ်။
မမှားပါဘူး မှန်ပါတယ်။ ဒါပေမယ့် လိုအပ်တာက အခြေခံ အီလက်ထရောနစ်ပါ။ ဥပမာဗျာ- EC အတန်းကို နည်းပညာတက္ကသိုလ်မှာသင်မယ်ပေါ့၊ ဒါဆို သူတို့က ဘာတွေကို ဦးတည်သင်သလဲ။
ရှင်းပါတယ်။ အီလက်ထရောနစ်ပစ္စည်းတွေဖြစ်လာမယ့် အသုံးပြု ပစ္စည်းတွေ Components တွေနဲ့ သူတို့်ဘာကြောင့်သုံးတယ်၊ ဘာလို့သုံးတယ်ဆိုတာကိုသာ ဦးစားပေးပီး သင်ယူရတာပါ။
ဖုန်းပြင် တီဗွီပြင်တာတွေမသင်ပါဘူး။
ဒါဆို မပြင်နိုင်တော့ဘူးလား။ မဟုတ်ဘူးဗျ။ အီလက်ထရောနစ်ဘာသာရပ်ကို နားလည်သွားရင် ဖုန်းပြင်သင်တန်းတွေ၊ စက်ပြင်သင်တန်းတွေ ဘာပဲဆက် သင်သင် နားလည်တတ်ကျွမ်းသွားတာပါ။
အီလက်ထရောနစ် ပစ္စည်းတွေအားလုံးဟာ ဒီ Components တွေရဲ့ သဘောအောက်မှာပဲရှိနေတာလေ။ ဒိုင်ယာဂရမ်ခေါ်တဲ့ ပတ်လမ်းတွေကို ဖတ်တတ် နားလည်တတ်၊ သုံးတတ်လာရင် စက်ပြင်ဖို့ အဆင်သင့်ဖြစ်လာတာပါပဲ။
အပျက်ကို နားလည်လာတဲ့အခါ မီတာလေးတိုင်းပီးရှာ၊ အစားထိုးထည့်၊ ပတ်လမ်းပျက်နေတယ်ဆို ပတ်လမ်းပြန်ဆက်ပေါ့။
ဒါတွေကို သိလာဖို့ မသိမဖြစ်က အခြေခံ အီလက်ထရောနစ်ပါ။
တွက်ရိုးတွေ တွက်ကိန်းတွေ၊ သီအိုရီတွေနဲ့ အင်ဂျင်နီယာဘာသာရပ်ကို အလွယ်လေး နားလည်ဖို့ဆိုတာ ကိုယ်လည်း အားထုတ်ကြိုးစားလေ့လာသင်ယူမှရတာပါ။
ကျနော့်သင်တန်းမှာက လွယ်တဲ့နည်းကိုရှာသင်တယ်၊ ကလေးလို ကဗျာလေးတွေ အော်ဆိုယုံနဲ့ နားလည်လွယ်စေတယ်။ ဒီတော့ ဒီဘာသာရပ်ဟာ ကြောက်စရာလို့ မမြင်တော့ဘူး။
ဆားကစ်လေးတွေ ကိုယ်တိုင်တီထွင်တတ်လာတယ်။ ဘာလုပ်ချင်သလဲ ဘယ်လိုလုပ်ကြည့်မယ်ဖြစ်လာတယ်။ ၉ တန်း ၁၀တန်း ကျောင်းသားတွေပါ ဝင်သင်လို့ရအောင် မခက်ခဲအောင်သင်တယ်လေ။
နိုင်ငံရပ်ခြားမှာ ၁၀ နှစ်ကျော်လောက်နဲ့ ဆားကစ်အသစ်တွေတီထွင် ဖန်တီးတည်ဆောက်ပြနေကြတာ အားကျစရာပါ။
မြန်မာမှာလည်း အဲ့လိုပညာရှင်တွေ ရှိစေချင်လို့ တန်ဖိုးနည်းဝင်ပါ Online Electronic သင်တန်းတွေဖွင့်နေခဲ့တာပါ။
ခုလည်း အလွယ်လေ့လာ သင်ခန်းစာအနေနဲ့ ၉ တန်း ၁၀ တန်းအရွယ်ကအစ တက်ရောက်သင်ယူဖို့ အတန်းသစ်ထပ်ဖွင့်ပေးပါ့မယ်။
ကျောင်းစာမှာပါတဲ့ အုမ်းလောနဲ့ ဂိတ်တွေကအစ သင်ပေးမှာပါ။
လူလတ်တန်း ဦးစားပေးပေါ့နော်။လူကြီးတွေလည်း ဝင်တက်လို့်ရတယ်နော်။
မကြာမှီလာမည်ပေါ့ဗျာ။ တတ်ချင်သပ မန့်ခဲ့ရင် ကျောင်းအပ်လက်ခံတာနဲ့ စာပို့ပေးမယ်နော်။ သင်တန်းကြေးကိုလည်း ၁၂၀၀၀ ပဲ ယူဖို့တွေးထားပါတယ်ဗျာ။

အခြေခံလေ့လာ အီလက်ထရောနစ်ပညာ

ထူးခြားတဲ့ သင်တန်းတစ်ခုဖြစ်လာပါလိမ့်မယ်...လွယ်ကူစွာနားလည်စေမယ့် သင်ကြားပုံ....
21/12/2020

ထူးခြားတဲ့ သင်တန်းတစ်ခုဖြစ်လာပါလိမ့်မယ်...
လွယ်ကူစွာနားလည်စေမယ့် သင်ကြားပုံ....

ရွှေရိပ်နည်းပညာသင်တန်းကျောင်းကနေအီလက်ထရောနစ် အွန်လိုင်းသင်တန်း (ဒုတိယသုတ်)----------------------------------------------...
24/10/2020

ရွှေရိပ်နည်းပညာသင်တန်းကျောင်းကနေ
အီလက်ထရောနစ် အွန်လိုင်းသင်တန်း (ဒုတိယသုတ်)
-------------------------------------------------
ကျောင်းအပ်တာကို လက်ခံနေပါသေးတယ်။
-------------------------------------------------
ကျနော်သင်နေတဲ့ အွန်လိုင်းအီလက်ထရောနစ် သင်တန်းရော သင်မယ့်အကြောင်း မေးလာတဲ့မေးခွန်းတွေအတွက်ပါ။

၁- သင်မှာကတော့ ?
@- အခြေခံအီလက်ထရောနစ်ကစမယ့် using အီလက်ထရောနစ်ပါ။
၂- ဘာတွေပါလည်း ?
@- အခြေခံ အသိ၊ အခြေခံ components ပစ္စည်းတွေ၊ ဒိုင်ယာဂရမ်ဆွဲနည်း၊ ဖတ်နည်း၊ ဆားကစ်ဆောက်နည်း၊ မီတာတိုင်းနည်း၊ အပြစ်ကို အကျိုးအကြောင်း တွေးဆနည်း၊ ကြေးပြားကို လက်ဖြင့်ဆွဲ ဆားကစ်ပတ်လမ်းဖော်နည်း၊ ကိုယ်တိုင် တည်ဆောက်၊ တွေးဆရမယ် အသုံးဝင် ဆားကစ် project ၄၀ ကျော်၊
၃- သင်မယ့်ကာလ ?
@- ၆ လကြာမယ်၊ တစ်လကို project ၄ခုကနေ ၈ ခု၊ စနေ တနင်္ဂနွေ ည၈ နာရီတိုင်း သင်ပါမယ်၊ မအားလို့မသင်ဖြစ်ရင် အစားထိုးပြန်သင်ပေးတာပါ။ အနည်းဆုံး တစ်နာရီကနေ သင်ခန်းစာပီးထိ နှစ်နာရီကြားကြာနိုင်ပါတယ်။ Total Project ၄၀ ကျော်ပါတယ်။
၄-သင်ယူနိုင်မယ့်သက်တမ်း?
@- Facebook ရှိနေသ၍၊ group page မဖျက်ဘူး။ ခနခနပြန်ကြည့်နိုင်တယ်။
Live သင်ထားတာကို Movie ြပန်တင်ပေးထားပါတယ်ဗျာ။
၅- သင်တန်းကြေး?
@- မီတာဖိုး၊ အင်တာနက်ဖိုးလေး နှစ်သောင်းပဲယူတယ်
၆- သင်ရမှာခက်လား၊ ဘာတွေကန့်သတ်ထားလည်း?
@- စာဖတ်တတ်ရင်သင်၊ ဘာမှမကန့်သတ်ဘူး။
လွယ်တာမှ ဟိုဘက်ကမ်းရောက်ရော၊
ကလေး‌တွေလို သင်ပေးမှာ၊
၇- တီဗွီတွေ ကက်ဆက်တွေ ပြင်တတ်မှာလား?
@- စက်ပြင်သင်တန်းမဟုတ်ပါဘူးနော်၊ အင်ဂျင်နီယာဘာသာရပ် Electrical အခြေခံ Electronic ကိုသင်တာပါ။ ဆက်ပီး ဖုန်းပြင်ပဲသင်သင်၊ တီဗွီ၊ ကက်ဆက်ပြင်တာပဲသင်သင်၊ EC ပဲတက်တက်၊ Alarm ဆားကစ်တွေ၊ Analog Control ဆားကစ်တွေ၊ အခြားဆားကစ်တွေ တီထွင်ဖို့ ကလိဖို့ Using Electronic ကိုသင်တာပါ။
နားမလည်သေးလျင် ၁ ကပြန်ဖတ်ပေးပါခင်ဗျ။😁😁

ကျောင်းအပ်လက်ခံနေပါပီ။ ငွေသွင်းပြီး ss ပို့ပေးပါ/ Group စတာနဲ့ လင့်ပြန်ပို့ပေးတဲ့အခါ Join လိုက်ပါ/

သန်းထိုက်(ရွှေရိပ်)
GS Technology

15/10/2020

အီလက်ထရောနစ်အွန်လိုင်းသင်တန်း ဒုတိယသုတ် တန်းခွဲ B အပ်ံနှံထားသူများအား ယနေ့စတင် Group လက်ခံ၍ လင့် ပေးသွားပါမည်။
18-10-2020 တနဂ်နွေနေ့ ည 8 နာရီ Live ဖြင့်စာစ၍ မိတ်ဆက်သင်ပါမည်။ 17 ရက်နေ့ ည 8 နာရီအထိ ငွေသွင်းထားပြီး link မရပါက ငွေသွင်း SS ပို့၍ ဆက်သွယ်ပေးပါခင်ဗျာ။
ကျောင်းအပ်ခြင်းအား လကုန်ထိ လက်ခံပေးပါဦးမည်။
ပေးသွင်းထားရသော သင်တန်းကြေး၏ တန်ဖိုးထက် များစွာသော ပညာများကို သင့်အတွက် သင်ပြပေးပါမည်။

ရွှေရိပ်

သန်းထိုက်(ရွှေရိပ်) အမည်နဲ့ နည်းပညာစာအုပ်များစွာရေးသားခဲ့ပါတယ်။ ခုလည်း အီလက်ထရောနစ်ဘာသာရပ်ကို အွန်လိုင်းကနေ တန်ဖိုးနည်းန...
06/10/2020

သန်းထိုက်(ရွှေရိပ်) အမည်နဲ့ နည်းပညာစာအုပ်များစွာရေးသားခဲ့ပါတယ်။ ခုလည်း အီလက်ထရောနစ်ဘာသာရပ်ကို အွန်လိုင်းကနေ တန်ဖိုးနည်းနည်းနဲ့ အလွယ်တကူ လေ့လာနိုင်အောင် သင်တန်းထပ်ဖွင့်လိုက်တာပါ။
ပထမအတန်းကို အောင်မြင်စွာ သင်ကြားနေပါတယ်။ သူတို့အတွက် အဆင့်မြင်အတန်းတောင်ထပ်ဖွင့်ပေးထားပါပြီ။
ခုလည်း ဒုတိတန်းအတွက် အခြေခံအီလက်ထရောနစ်ကို
ကျောင်းအပ်လက်ခံနေပါပီနော်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ShweYeik electronic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ShweYeik electronic:

Share