MM Computer Guide

MM Computer Guide ကွန်ပျူတာ နှင့်သက်ဆိုင်သော သင်ခန်း?

🧠 ဗီဒီယို သင်ခန်းစာတွေ ကြည့်ပြီး လေ့လာထားတဲ့ ကွန်ပျူတာ အသိပညာတွေကို ဂိမ်းဆော့သလို စမ်းသပ်ကြည့်ရအောင် 🏆MM Computer Guide ...
22/07/2026

🧠 ဗီဒီယို သင်ခန်းစာတွေ ကြည့်ပြီး လေ့လာထားတဲ့ ကွန်ပျူတာ အသိပညာတွေကို ဂိမ်းဆော့သလို စမ်းသပ်ကြည့်ရအောင် 🏆

MM Computer Guide App ထဲက Course Video တွေကို ကြည့်ပြီး စနစ်တကျ လေ့လာထားပေမယ့်၊ တကယ်တမ်း လက်တွေ့မှာ ဘယ်လောက် မှတ်မိနေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းသပ်ကြည့်ဖို့ လိုအပ်ပါတယ်ဗျ။

ဗီဒီယိုတွေချည်းပဲ ဆက်တိုက်ကြည့်နေမယ့်အစား ကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် Challenge လုပ်ချင်တဲ့ သူတွေအတွက် App ထဲမှာ "Quiz" ဆိုတဲ့ ကဏ္ဍလေး ရှိပါတယ်။ ✨

ဒီ Quiz လေးက အပျင်းပြေ ဖြေကြည့်ရင်း လေ့လာထားတာတွေကို ခေါင်းထဲစွဲသွားအောင် ပြန်နွှေးလို့ကောင်းတဲ့ နေရာလေးတစ်ခုပါပဲ -

* 🗂️ ဘာသာရပ်အလိုက် ရွေးချယ်နိုင်ခြင်း: Microsoft Word, Microsoft Excel, Microsoft PowerPoint စသဖြင့် မိမိကျွမ်းကျင်မှု ရှိမရှိ စမ်းသပ်ချင်တဲ့ ဆော့ဖ်ဝဲလ် အမျိုးအစားကို အလွယ်တကူ ရွေးချယ်ပြီး ဖြေဆိုနိုင်ပါတယ်။

* 📝 အဖြေမှန်ရွေးရုံပဲ (Multiple Choice): ဥပမာ - စာသားတွေကို အလယ်ပို့ချင်ရင် ဘယ် Shortcut ကို နှိပ်ရမလဲ (Ctrl + E လား၊ Ctrl + C လား) ဆိုတာမျိုးကို ရွေးချယ်စရာ အဖြေ (၄) ခုနဲ့ မေးထားပေးလို့ ပေါ့ပေါ့ပါးပါး ဖြေဆိုနိုင်ပါတယ်။ ကဏ္ဍတစ်ခုကို မေးခွန်းစုစုပေါင်း (၂၀) ခု ပါဝင်ပါတယ်။

* 📊 ရလဒ်ကို ချက်ချင်းသိနိုင်ခြင်း (Quiz Result): မေးခွန်းတွေ အကုန်ဖြေပြီးသွားတာနဲ့ ကိုယ့်ရဲ့ ရမှတ် (Final Score) ဘယ်လောက်ရလဲ၊ အမှန် (Correct) ဘယ်နှစ်ခု၊ အမှား (Wrong) ဘယ်နှစ်ခုဆိုတာကို မျက်နှာပြင်တစ်ခုတည်းမှာ ချက်ချင်း ပြန်လည်စစ်ဆေးနိုင်ပါတယ်။
*
ဗီဒီယိုတွေ ကြည့်ရင်း လေ့လာထားတာတွေကို မေ့မသွားအောင် အားနေတဲ့ အချိန်လေးတွေမှာ App ထဲက "Quiz" ဆိုတဲ့ နေရာလေးကို ဝင်ပြီး စမ်းသပ် ဖြေဆိုကြည့်လိုက်ပါဦးဗျ! 🚀





❓ ကွန်ပျူတာသုံးရင်း အခက်အခဲကြုံလာရင် ဘယ်သူ့ကို မေးရမလဲ မသိဖြစ်နေပါသလား? 🤷‍♂️ကွန်ပျူတာမှာ Error တစ်ခုခုတက်လာရင်ပဲဖြစ်ဖြစ်...
21/07/2026

❓ ကွန်ပျူတာသုံးရင်း အခက်အခဲကြုံလာရင် ဘယ်သူ့ကို မေးရမလဲ မသိဖြစ်နေပါသလား? 🤷‍♂️

ကွန်ပျူတာမှာ Error တစ်ခုခုတက်လာရင်ပဲဖြစ်ဖြစ်၊ Wifi ချိတ်တာ၊ Screenshot ရိုက်တာလိုမျိုး အခြေခံလုပ်ဆောင်ချက်လေးတွေ မလုပ်တတ်ရင်ပဲဖြစ်ဖြစ် အင်တာနက်မှာ လိုက်ရှာဖတ်ရတာ ခေါင်းရှုပ်နေပြီလား?

ဒီလိုအခက်အခဲတွေအတွက် MM Computer Guide App ထဲက "Computer Q&A" ကဏ္ဍမှာ အလွယ်တကူ ဝင်ရောက်ရှာဖွေ ဖြေရှင်းနိုင်ပါပြီ။ ✨

ဒီ Q&A ကဏ္ဍလေးမှာ ဘာတွေထူးခြားလဲဆိုရင် -

🗂️ အမျိုးအစားအလိုက် စနစ်တကျ ခွဲခြားထားခြင်း : မိမိသိချင်တဲ့ အကြောင်းအရာကို အလွယ်တကူ ရှာတွေ့နိုင်အောင် "Computer Problems", "Window 10", "Window 11" စသဖြင့် အမျိုးအစားတွေ သီးသန့်ခွဲထားပြီး၊ သက်ဆိုင်ရာ မေးခွန်းနဲ့အဖြေတွေကို အုပ်စုလိုက် သေသေချာချာ စုစည်းပေးထားပါတယ်။

💡 အမေးအများဆုံး ပြဿနာများ : ဥပမာ - ကွန်ပျူတာစဖွင့်ချင်း Auto ပွင့်လာတဲ့ ဆော့ဖ်ဝဲလ်တွေ ပိတ်နည်း၊ Screenshot ရိုက်နည်း၊ Wifi Password ပြန်ကြည့်နည်း စတဲ့ Beginner တွေ အမြဲကြုံတွေ့ရတတ်တဲ့ ပြဿနာတွေကို အစုံအလင် ထည့်သွင်းပေးထားပါတယ်။

📸 ပုံနှင့်တကွ အဆင့်ဆင့် ရှင်းလင်းထားခြင်း : အဖြေတွေကို စာချည်းပဲ ဖတ်ရတာမျိုးမဟုတ်ဘဲ၊ မျက်စိထဲမြင်သာအောင် ပုံ (Photos) လေးတွေနဲ့တကွ Step by step အဆင့်ဆင့် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာကို ရှင်းလင်းလွယ်ကူစွာ ပြသပေးထားပါတယ်။

🔓 Free ဖတ်ရှုနိုင်သော ကဏ္ဍများပါဝင်ခြင်း: Q&A ထဲက အကြောင်းအရာ အားလုံးကို Supporter ဝင်မှ ဖတ်လို့ရတာမျိုး မဟုတ်ပါဘူး။ ဥပမာ - "MM Computer Guide" လို ကဏ္ဍမျိုးကို မည်သူမဆို အခမဲ့ (Free) ဝင်ရောက်ဖတ်ရှုနိုင်မှာဖြစ်ပြီး၊ ကျန်ရှိတဲ့ အဆင့်မြင့် ပြဿနာဖြေရှင်းနည်း တွေကိုတော့ Supporter ဝင်ထားသူများမှသာ အပြည့်အစုံ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

ကွန်ပျူတာနဲ့ ပတ်သက်ပြီး ခေါင်းထဲမှာ သိချင်နေတာလေးတွေ၊ ရှင်းမရတဲ့ ပြဿနာလေးတွေ ရှိနေရင် အခုပဲ MM Computer Guide App ထဲက "Computer Q&A" ကို ဝင်ရောက်ဖတ်ရှုပြီး အလွယ်တကူ ဖြေရှင်းကြည့်လိုက်ပါနော်! 🚀





🎉 MM Computer Guide မှာ အသစ်ထည့်ပေးထားတဲ့ "Excel Formulas" Feature လေးကို စမ်းသုံးကြည့်ပြီးကြပြီလား? 📊Excel သုံးတဲ့အခါ F...
20/07/2026

🎉 MM Computer Guide မှာ အသစ်ထည့်ပေးထားတဲ့ "Excel Formulas" Feature လေးကို စမ်းသုံးကြည့်ပြီးကြပြီလား? 📊

Excel သုံးတဲ့အခါ Formula တွေ ကျက်ရခက်ပြီး ခေါင်းရှုပ်နေတဲ့ သူတွေအတွက် အခုနောက်ဆုံး Update မှာ အလန်းစား Feature သစ်တစ်ခု ထည့်ပေးထားပါတယ်ဗျ။

စာအုပ်တွေထဲကလို သီအိုရီတွေချည်း ဖတ်နေစရာမလိုဘဲ တကယ့် လက်တွေ့အသုံးချနည်းတွေကို အလွယ်ကူဆုံး ရှင်းပြပေးထားတဲ့ "Excel Formulas" ကဏ္ဍသစ်ကြီးပဲ ဖြစ်ပါတယ်။

ဒီ Feature အသစ်လေးက ဘာတွေမိုက်လဲဆိုရင် -

* 📂 အလွယ်တကူ ရှာနိုင်ခြင်း: မိမိရှာချင်တဲ့ ဖော်မြူလာကို အလွယ်တကူ တွေ့နိုင်ဖို့ Basic, Logical, Text, Date and Time စသဖြင့် လုပ်ငန်းသုံး အမျိုးအစားအလိုက် သေသေချာချာ ခွဲခြားပေးထားပါတယ်။

* 📝 အခြေခံကစပြီး ရှင်းပြခြင်း: Formula တစ်ခုချင်းစီကို ဘာအတွက်သုံးလဲ၊ ဘယ်လို ရေးရလဲဆိုတာကို မြန်မာလို ရှင်းရှင်းလင်းလင်း ပြသပေးထားပါတယ်။

* 📊 လက်တွေ့ ဇယား (Example Tables) များ: "ဒီ Cell မှာ ဒီဂဏန်းတွေရှိရင် အဖြေက ဘယ်လိုထွက်လာလဲ" ဆိုတာကို တကယ့် လက်တွေ့ ဇယားကွက်လေးတွေနဲ့ တွက်ပြထားလို့ ဖတ်လိုက်တာနဲ့ မျက်စိထဲ ချက်ချင်း မြင်သာသွားမှာပါ။

* 💡 သတိပြုရန် (Notes): ပေါင်းလဒ်ရှာတဲ့အခါ ဂဏန်းမဟုတ်တဲ့ စာသားတွေကို ထည့်ပေါင်းလို့မရတာမျိုးလို မှားတတ်တဲ့ အချက်လေးတွေကိုလည်း သတိပြုရန် (Note) အနေနဲ့ သေချာ ထည့်ပေးထားပါတယ်။

Excel Formula တွေကို ခေါင်းခြောက်ခံပြီး ကျက်နေစရာ မလိုတော့ဘူးပေါ့။

App ကို Update လုပ်ပြီးသား သူတွေဆိုရင်တော့ အခုပဲ App ထဲဝင်ပြီး ဒီ Feature အသစ်လေးကို စမ်းသုံးကြည့်လို့ ရနေပါပြီ။

တကယ်လို့ Update မလုပ်ရသေးဘူးဆိုရင်လည်း Play Store (သို့) App Store မှာ အခုပဲ Update သွားလုပ်ပြီး ဝင်ရောက်လေ့လာကြည့်လိုက်ပါဦးနော်! 🚀






🖱️ Mouse သုံးစရာမလိုဘဲ Keyboard ပေါ်မှာတင် အလုပ်မြန်မြန်ပြီးစေမယ့် လျှို့ဝှက်ချက်များ ⌨️ကွန်ပျူတာ စသုံးတဲ့သူ အများစုက ဘာ...
19/07/2026

🖱️ Mouse သုံးစရာမလိုဘဲ Keyboard ပေါ်မှာတင် အလုပ်မြန်မြန်ပြီးစေမယ့် လျှို့ဝှက်ချက်များ ⌨️

ကွန်ပျူတာ စသုံးတဲ့သူ အများစုက ဘာလုပ်လုပ် Mouse ကိုပဲ အားကိုးတတ်ကြပါတယ်။

ဖိုင်တစ်ခုကို ဖွင့်တာပဲဖြစ်ဖြစ်၊ စာကူးတာပဲဖြစ်ဖြစ် Mouse နဲ့ ဟိုရွှေ့ဒီရွှေ့ လုပ်ရတာက အစပိုင်းမှာတော့ လွယ်သလို ထင်ရပေမယ့် တကယ်တမ်း အလုပ်လုပ်တဲ့အခါ အချိန်ပိုကြာစေပါတယ်။

ရုပ်ရှင်တွေထဲက ကွန်ပျူတာ ကျွမ်းကျင်တဲ့သူတွေ (Pro တွေ) ကို သတိထားကြည့်ဖူးလား?

သူတို့က Mouse ကို သိပ်မကိုင်ဘဲ Keyboard ပေါ်မှာတင် လက်ချောင်းလေးတွေနဲ့ အလုပ်မြန်မြန် ပြီးသွားအောင် လုပ်တတ်ကြတယ်။

အဲ့ဒီလျှို့ဝှက်ချက်က ဘာများလဲ? 🤔

💡 အဖြေကတော့ "Keyboard Shortcuts" တွေ အသုံးပြုတာပါပဲ။

Shortcut ဆိုတာ ကီးဘုတ်ပေါ်က ခလုတ်လေးတွေကို တွဲနှိပ်ပြီး ကွန်ပျူတာကို ချက်ချင်း အမိန့်ပေးတဲ့ နည်းလမ်း (ဖြတ်လမ်း) ဖြစ်ပါတယ်။

ဥပမာ - စာတစ်ကြောင်းကို ကူးယူ (Copy) ချင်ရင် Mouse နဲ့ Right Click နှိပ်ပြီး Copy ကို သွားရွေးမယ့်အစား Ctrl နဲ့ C ကို တွဲနှိပ်လိုက်ရုံပါပဲ။

🎯 ဒီ Shortcut တွေကို ဘယ်မှာ လေ့လာလို့ရမလဲ?

အင်တာနက်ပေါ်မှာ လိုက်ရှာနေစရာ မလိုပါဘူး။

သင့်ဖုန်းထဲက MM Computer Guide App ထဲမှာ "Shortcuts" ဆိုတဲ့ ကဏ္ဍကို သီးသန့် ထည့်သွင်းပေးထားပါတယ်။

အစပြုသူတွေ ရှာဖွေရလွယ်ကူအောင် အောက်ပါအတိုင်း စနစ်တကျ ခွဲခြားပေးထားပါတယ်-

* OS အလိုက် သီးသန့်ခွဲထားခြင်း: ကွန်ပျူတာအမျိုးအစားပေါ် မူတည်ပြီး Window နဲ့ Mac OS စတဲ့ Operating System (OS) တွေအလိုက် Shortcut တွေကို သီးသန့်ခွဲပေးထားပါတယ်။

* App တစ်ခုချင်းစီအလိုက် စုစည်းပေးထားခြင်း: ရုံးသုံးဆော့ဖ်ဝဲလ်တွေဖြစ်တဲ့ Microsoft Word, Excel, PowerPoint ကနေစပြီး Design ပိုင်းအတွက် Adobe Photoshop, Premier Pro နဲ့ AutoCAD အစရှိတဲ့ ဆော့ဖ်ဝဲလ် (App) တစ်ခုချင်းစီအတွက်ပါ လိုအပ်မယ့် Shortcut တွေကို အစုံအလင် စုစည်းပေးထားပါတယ်။

* ရှင်းလင်းလွယ်ကူခြင်း: မိမိလေ့လာချင်တဲ့ အပိုင်းကို ဝင်ကြည့်လိုက်ရင် ဘယ်ခလုတ်တွဲနှိပ်ရင် ဘာအလုပ်လုပ်လဲ (ဥပမာ - Ctrl + Z = Undo, Alt + F4 = Close App) ဆိုတာကို တန်းစီပြီး ရှင်းရှင်းလင်းလင်း ကြည့်ရှုနိုင်မှာပါ။

သင့်အနေနဲ့ တစ်နေ့ကို ကိုယ်လေ့လာနေတဲ့ App ထဲက Shortcut (၅) ခုလောက်ကို ကြည့်ပြီး လေ့ကျင့်သွားမယ်ဆိုရင် မကြာခင်မှာ Mouse သုံးစရာမလိုဘဲ အလုပ်တွေကို မြန်မြန်ဆန်ဆန် လုပ်နိုင်သွားမှာပါ။

အခုပဲ MM Computer Guide App ကို ဖွင့်ပြီး "Shortcuts" တွေကို ဝင်ရောက် လေ့လာကြည့်လိုက်ရအောင်! 🚀





🎯 MM Computer Guide ရဲ့ Supporter ဝင်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ နှင့် အဆင့်ဆင့်လုပ်ဆောင်နည်း 💡Supporter Plan လ...
18/07/2026

🎯 MM Computer Guide ရဲ့ Supporter ဝင်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ နှင့် အဆင့်ဆင့်လုပ်ဆောင်နည်း 💡

Supporter Plan လေးတွေကို သဘောကျလို့ ရွေးချယ်ပြီးသွားပြီဆိုရင်တော့ အောက်ပါအဆင့်လေးတွေအတိုင်း App ထဲမှာ အလွယ်တကူ စတင်ဝင်ရောက်နိုင်ပါတယ်။

📱 App ထဲမှတစ်ဆင့် Supporter ဝင်ရန် အဆင့်ဆင့် လမ်းညွှန်

* အဆင့် (၁) - Home Screen ပေါ်ရှိ အသည်းပုံ "Supporter" ကို နှိပ်ပါ။ (မှတ်ချက် - ယခင်က အချက်အလက်များ ဖြည့်သွင်းထားပြီးပါက ထိုအချက်အလက်များကို တိုက်ရိုက်ပြသပေးမည်ဖြစ်ပြီး၊ မဖြည့်ရသေးပါက အောက်ပါအဆင့်အတိုင်း ဆက်လက် ဖြည့်သွင်းပေးရပါမည်။)

* အဆင့် (၂) - "Supporter ဝင်ရန်" ကို ဆက်နှိပ်ပါ။

* အဆင့် (၃) - မိမိဝယ်ယူလိုသော Plan ကို ရွေးချယ်ပါ။ Plan တစ်ခုချင်းစီ၏ အသေးစိတ်ကို "Features" ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ ထို့နောက် "Get Supporter" ကို နှိပ်ပါ။

* အဆင့် (၄) - မိမိ၏ အမည် (Name) နှင့် အီးမေးလ်/ဖုန်းနံပါတ် (Email or Phone Number) ကို ဖြည့်သွင်းပြီး "Get Supporter" ကို ထပ်နှိပ်ပါ။

* အဆင့် (၅) - ဆက်သွယ်ရမည့် "Facebook" သို့မဟုတ် "Telegram" ကို ရွေးချယ်နှိပ်ပါ။ ထို့နောက် မိမိ App တွင် ဖြည့်သွင်းခဲ့သော အမည်၊ ဖုန်းနံပါတ် (သို့) အီးမေးလ် နှင့် မိမိဝင်လိုသော Plan ကို Admin ထံ ပြောပြပေးပါ။

* အဆင့် (၆) - Admin မှ ငွေလွှဲရမည့် အကောင့်များ ပြန်လည်ပေးပို့ပေးပါမည်။ ငွေပေးသွင်းပြီးပါက ငွေလွှဲပြေစာ (Screenshot) ကို ပေးပို့ပေးပါ။ Admin ဘက်မှ ငွေဝင်ရောက်ကြောင်း အတည်ပြုပြီးသည်နှင့် တပြိုင်နက် လူကြီးမင်း၏ Supporter အကောင့် ချက်ချင်းပွင့်သွားပါမည်။

❓ အမေးအများဆုံး မေးခွန်းများ (FAQ)

ဒီလိုဝင်ရောက်တဲ့အခါ သိချင်လေ့ရှိတဲ့ မေးခွန်းလေးတွေကိုလည်း အောက်မှာ ဖြေပေးထားပါတယ်-

၁။ ငွေဘယ်လို ပေးသွင်းရမလဲ?
အဆင့် (၅) အတိုင်း Page Messenger (သို့) Telegram ကနေတစ်ဆင့် မိမိအချက်အလက်နဲ့ ဝယ်ယူမယ့် Plan ကို ပြောပြပေးတာနဲ့ Admin ဘက်က ငွေပေးသွင်းရမယ့် KBZPay, Wave Pay, AYA Pay နှင့် ထိုင်းဘဏ် အကောင့်နံပါတ်တွေကို ပေးပို့ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီအကောင့်တွေကနေတစ်ဆင့် အလွယ်တကူ ငွေပေးသွင်းနိုင်ပါတယ်။

၂။ ငွေသွင်းပြီးရင် အကောင့်က ချက်ချင်း ပွင့်သွားမှာလား?

ဟုတ်ကဲ့။ ငွေသွင်းပြီးလို့ ငွေလွှဲပြေစာ (Screenshot) လေး ပို့ပေးပြီးတာနဲ့ Admin ဘက်က ငွေဝင်ရောက်ကြောင်း စစ်ဆေးအတည်ပြုပြီးတာနဲ့ တပြိုင်နက် Supporter အကောင့်ကို ချက်ချင်း ဖွင့်ပေးသွားမှာ ဖြစ်ပါတယ်။

✨ ကွန်ပျူတာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ဖို့ အခုပဲ စတင်လိုက်ပါ





👑 MM Computer Guide ရဲ့ Supporter Plan များ - ဘယ် Plan က သင့်အတွက် အသင့်တော်ဆုံးလဲ? ✨App မှာ သင်ခန်းစာတွေကို ကြော်ငြာလုံ...
15/07/2026

👑 MM Computer Guide ရဲ့ Supporter Plan များ

- ဘယ် Plan က သင့်အတွက် အသင့်တော်ဆုံးလဲ? ✨

App မှာ သင်ခန်းစာတွေကို ကြော်ငြာလုံးဝမပါဘဲ Offline အေးအေးဆေးဆေး လေ့လာနိုင်ဖို့အတွက် အောက်ပါ Supporter Plan (၄) မျိုးထဲကနေ မိမိနဲ့ အကိုက်ညီဆုံးကို ရွေးချယ်နိုင်ပါပြီ

🎯 ၁။ စမ်းသပ်လေ့လာလိုသူများအတွက် (၁ လ) - ၅,၀၀၀ ကျပ်

App ကို အရင်ဆုံး စမ်းသုံးကြည့်ချင်တဲ့ သူတွေအတွက် ဖြစ်ပါတယ်

* တစ်နေ့ကို သင်ခန်းစာ (၁၅) ပုဒ် ကြည့်ရှုခွင့်
* တစ်နေ့ကို သင်ခန်းစာ (၅) ပုဒ် Download ရယူခွင့်�(မှတ်ချက် - ဒီ Plan မှာ လက်ကွက်လေ့ကျင့်ခြင်းနဲ့ Certificate ထုတ်ယူခြင်းတွေ မပါဝင်သေးပါဘူး။)

🥉 ၂။ အထူးလုပ်ဆောင်ချက်များ စတင်အသုံးပြုလိုသူများအတွက် (၃ လ) - ၁၀,၀၀၀ ကျပ်

အချိန်တိုအတွင်း သီးသန့်သင်ခန်းစာတွေကို လေ့လာလိုပြီး App ရဲ့ Feature တွေကို စတင်သုံးလိုသူတွေအတွက် ဖြစ်ပါတယ်။

* တစ်နေ့ကို သင်ခန်းစာ (၃၀) ပုဒ် ကြည့်ရှုခွင့်
* တစ်နေ့ကို သင်ခန်းစာ (၁၀) ပုဒ် Download ရယူခွင့်
* အထူးလုပ်ဆောင်ချက်များ အစပြုခြင်း: အမေးအဖြေ (Q&A) ဖတ်ရှုခွင့်၊ လက်ကွက် (English/Myanmar) လေ့ကျင့်ခွင့်နဲ့ Certificate ထုတ်ယူခွင့်တွေ စတင်ရရှိမှာ ဖြစ်ပါတယ်။

🥈 ၃။ အေးအေးဆေးဆေး ပြည့်ပြည့်ဝဝ လေ့လာလိုသူများအတွက် (၁ နှစ်) - ၁၈,၀၀၀ ကျပ်

ကွန်ပျူတာ အခြေခံကစပြီး အဆင့်ဆင့် လေ့လာမယ့်သူတွေအတွက် အတန်ဆုံးနဲ့ အသင့်တော်ဆုံး Plan ဖြစ်ပါတယ်။

* အကန့်အသတ်မရှိ: သင်ခန်းစာတွေကို အကန့်အသတ်မရှိ ကြည့်ရှုခွင့်နဲ့ Download ရယူခွင့်
* ဖုန်းထဲသို့ တိုက်ရိုက်သိမ်းဆည်းခြင်း: သင်ခန်းစာ ဗီဒီယိုတွေကို မိမိဖုန်းထဲ တိုက်ရိုက် Save ထားနိုင်ခြင်း
* ဖုန်းအသစ်သို့ ပြောင်းလဲအသုံးပြုခြင်း: ဖုန်းအသစ်ပြောင်းတဲ့အခါ မိမိရဲ့ Supporter အကောင့်ကို အလွယ်တကူ ရွှေ့ပြောင်းနိုင်ခြင်း�(လက်ကွက်လေ့ကျင့်ခြင်း၊ အမေးအဖြေများနဲ့ Certificate Feature တွေအားလုံး အပြည့်အဝ ပါဝင်ပါတယ်။)

🥇 ၄။ တစ်သက်တာ အပိုင်သိမ်းလိုသူများအတွက် (တစ်သက်တာ) - ၂၆,၀၀၀ ကျပ်

နောင်တစ်ချိန် အလုပ်ခွင်ရောက်တဲ့တိုင်အောင် လိုအပ်တဲ့အချိန်တိုင်း ပြန်လည်ကြည့်ရှုနိုင်ဖို့ ရင်းနှီးမြှုပ်နှံလိုသူတွေ ရွေးချယ်သင့်ပါတယ်။

* တစ်ကြိမ်သာ ပေးသွင်းရန် လိုအပ်ပြီး (၁ နှစ် Plan) မှာ ပါဝင်တဲ့ အကန့်အသတ်မရှိ လုပ်ဆောင်ချက်တွေနဲ့ ဖုန်းအသစ်ပြောင်းလဲအသုံးပြုနိုင်ခြင်း အပါအဝင် လုပ်ဆောင်ချက် အားလုံးကို ရာသက်ပန် အသုံးပြုခွင့် ရရှိမှာဖြစ်ပါတယ်။

💡 အထူးအကြံပြုချက် - လစဉ်ကုန်ကျစရိတ်ကို တွက်ကြည့်မယ်ဆိုရင် အကန့်အသတ်မရှိ လေ့လာနိုင်တာနဲ့ ဖုန်းအသစ်ကို ရွှေ့ပြောင်းနိုင်တဲ့ အခွင့်အရေးတွေ ပါဝင်တဲ့ ၁ နှစ် Plan နဲ့ တစ်သက်တာ Plan တွေက သင့်အတွက် ရေရှည်မှာ အတန်ဆုံးဖြစ်ကြောင်း အကြံပြုချင်ပါတယ်။

မိမိရဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံး Supporter Plan ကို ရွေးချယ်ပြီး ယခုပဲ အစပြုလိုက်ပါ။

👉 Supporter ဝင်ရောက်ဖို့နဲ့ အသေးစိတ် သိရှိလိုပါက - Page Messenger (CB) သို့မဟုတ် Telegram သို့ ယခုပဲ စာပို့ပြီး လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။





👑 MM Computer Guide App ရဲ့ "Supporter" ဆိုတာ ဘာလဲ? ဘယ်လို အထူးအခွင့်အရေးတွေ ရနိုင်မလဲ? ✨App ကို စတင်အသုံးပြုသူများအတွက်...
14/07/2026

👑 MM Computer Guide App ရဲ့ "Supporter" ဆိုတာ ဘာလဲ? ဘယ်လို အထူးအခွင့်အရေးတွေ ရနိုင်မလဲ? ✨

App ကို စတင်အသုံးပြုသူများအတွက် "Supporter" ဆိုတာ ဘာလဲဆိုတာကို အရင်ဆုံး ရှင်းပြပေးချင်ပါတယ်။

Supporter ဆိုတာ မိမိလေ့လာချင်တဲ့ သင်ခန်းစာတွေကို ပိုမိုလွယ်ကူချောမွေ့စွာ လေ့လာနိုင်ဖို့အတွက် App ရဲ့ Member (အဖွဲ့ဝင်) အဖြစ် ပါဝင်လိုက်တာပဲ ဖြစ်ပါတယ်။

Member တစ်ယောက် (Supporter) အဖြစ် ပါဝင်သွားသည်နှင့် အောက်ပါ အထူးလုပ်ဆောင်ချက်များကို အသုံးပြုခွင့် ရရှိမည်ဖြစ်ပါသည်-

📥 ၁။ ဗီဒီယိုများကို ဖုန်း Gallery ထဲသို့ တိုက်ရိုက်သိမ်းဆည်းနိုင်ခြင်း

သင်ခန်းစာ ဗီဒီယိုများကို မိမိဖုန်း Gallery ထဲသို့ တိုက်ရိုက် Download ဆွဲပြီး အပိုင်သိမ်းထားနိုင်ပါသည်။ (Download ပြုလုပ်နိုင်သည့် အရေအတွက်မှာ Plan အလိုက် ကန့်သတ်ချက်များရှိမည်ဖြစ်ပြီး၊ ၁ နှစ်စာနှင့် Lifetime Supporter များအတွက်မူ အကန့်အသတ်မရှိ ဒေါင်းလုဒ်ပြုလုပ်နိုင်မည် ဖြစ်ပါသည်။)

⬇️ ၂။ အခြား App များသုံးရင်း Download ဆွဲထားနိုင်ခြင်း

ဗီဒီယို ဒေါင်းလုဒ်ဆွဲနေစဉ် ဖုန်းဖွင့်ပြီး စောင့်ကြည့်နေစရာ မလိုတော့ပါ။ အခြား App များ အသုံးပြုနေရင်းဖြစ်စေ၊ ဖုန်းပိတ်ထားရင်းဖြစ်စေ နောက်ကွယ်မှနေ၍ ဆက်လက် ဒေါင်းလုဒ်ဆွဲပေးနေမည်ဖြစ်၍ အချိန်ကုန်သက်သာစေပါသည်။

🔓 ၃။ သင်ခန်းစာအားလုံးကို လေ့လာခွင့်ရရှိခြင်း

App အတွင်းရှိ အခြေခံသင်ခန်းစာများမှစ၍ ရုံးလုပ်ငန်းခွင်သုံး၊ ဒီဇိုင်းပိုင်းနှင့် Programming အစရှိသည့် သင်ခန်းစာအားလုံးကို ကန့်သတ်ချက်မရှိ အပြည့်အဝ ဝင်ရောက်လေ့လာခွင့် ရရှိမည်ဖြစ်ပါသည်။

❓ ၄။ နားမလည်သည်များကို တိုက်ရိုက်မေးမြန်းနိုင်ခြင်း

သင်ခန်းစာများ လေ့လာနေရင်း နားမလည်သည့်အပိုင်းများ သို့မဟုတ် Error တက်သည့် အခက်အခဲများ ရှိလာပါက Supporter များအနေဖြင့် သက်ဆိုင်ရာသို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းပြီး အကူအညီ ရယူနိုင်ပါသည်။

🎓 ၅။ Certificate ကို ဖုန်းထဲ သိမ်းဆည်းနိုင်ခြင်း

သင်ခန်းစာများ ပြီးမြောက်၍ ရရှိလာသော အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်ကို ဖုန်းထဲသို့ တိုက်ရိုက် Save လုပ်နိုင်ပြီး လိုအပ်ပါက အပြင်တွင် Print ထုတ်ယူနိုင်ပါသည်။

(သတိပြုရန် - အထက်ဖော်ပြပါ လုပ်ဆောင်ချက်များသည် မိမိရွေးချယ်ထားသော Supporter Plan အစီအစဉ်အပေါ်မူတည်၍ ကွာခြားမှု အနည်းငယ်ရှိနိုင်ပါသည်။)

👉 Supporter အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက - Page Messenger (CB) သို့မဟုတ် Telegram သို့ ယခုပဲ စာပို့ပြီး လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။




⌨️ ကွန်ပျူတာမရှိလည်း ဖုန်းနဲ့ ကီးဘုတ်ချိတ်ပြီး လက်ကွက်ကျင့်လို့ရတဲ့ MM Computer Guide ရဲ့ Typing Feature! ✨ကွန်ပျူတာ အခြ...
13/07/2026

⌨️ ကွန်ပျူတာမရှိလည်း ဖုန်းနဲ့ ကီးဘုတ်ချိတ်ပြီး လက်ကွက်ကျင့်လို့ရတဲ့ MM Computer Guide ရဲ့ Typing Feature! ✨

ကွန်ပျူတာ အခြေခံလေ့လာတဲ့အခါ လက်ကွက်ကျွမ်းကျင်ဖို့အတွက်က အလွန်အရေးကြီးပါတယ်။

ပုံမှန်အားဖြင့် ဖုန်းတွေမှာ စာရိုက်ရင် ဖုန်းမျက်နှာပြင်ပေါ်မှာ ပေါ်လာတဲ့ On-Screen Keyboard (လက်ချောင်းလေးတွေနဲ့ ထောက်ရိုက်ရတဲ့ ကီးဘုတ်) ကို သုံးကြပါတယ်။

ဒါပေမယ့် ကွန်ပျူတာ လက်ကွက်အစစ်ကို ကျင့်ဖို့အတွက်ကျတော့ အဲဒီ On-Screen Keyboard နဲ့ လေ့ကျင့်လို့ အဆင်မပြေပါဘူး။

ဒါကြောင့် MM Computer Guide App ထဲမှာ ဖုန်းနဲ့ အပြင်က ကွန်ပျူတာ ကီးဘုတ်အစစ် (Physical Keyboard) ကို တိုက်ရိုက်ချိတ်ဆက်ပြီး လွယ်လွယ်ကူကူ လေ့ကျင့်နိုင်တဲ့ Typing Feature ကို ထည့်သွင်းပေးထားပါတယ်။

ဖုန်းနဲ့ Physical Keyboard ကို အပြင်မှာ ဘယ်လိုချိတ်ဆက်ရမလဲဆိုတာ မသိသေးတဲ့သူတွေအတွက် ချိတ်ဆက်နည်း (၂) မျိုးကို အသေးစိတ် ရှင်းပြပေးပါမယ်-

၁။ ရိုးရိုး ကြိုးပါတဲ့ ကီးဘုတ် (USB Keyboard) ဖြင့် ချိတ်ဆက်နည်း

ရိုးရိုး ကွန်ပျူတာကီးဘုတ်တွေရဲ့ USB ကြိုးခေါင်းကို ဖုန်းမှာ တိုက်ရိုက်တပ်လို့ မရပါဘူး။ အဲဒီအတွက် ဖုန်းနဲ့ ကီးဘုတ်ကြားမှာ OTG ကြိုး (သို့မဟုတ်) OTG ခေါင်း လေးတစ်ခု ကြားခံ လိုအပ်ပါတယ်။

* OTG ဆိုတာ ဘာလဲ?�ဖုန်းရဲ့ အားသွင်းပေါက်ကို ကွန်ပျူတာမှာပါတဲ့ USB အပေါက်လိုမျိုး ပြောင်းလဲပေးတဲ့ ကြိုး/ခေါင်း လေးပဲ ဖြစ်ပါတယ်။

* ဘယ်မှာဝယ်ရမလဲ? ဘယ်လိုပြောဝယ်ရမလဲ?�

ဖုန်းပစ္စည်းရောင်းတဲ့ဆိုင် (Mobile Accessories ဆိုင်) တွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ်။

ဆိုင်မှာ "ဖုန်းနဲ့ ကီးဘုတ် ချိတ်သုံးမလို့ OTG (အိုတီဂျီ) လေး ပေးပါ" လို့ ပြောဝယ်နိုင်ပါတယ်။�(သတိပြုရန် - မိမိဖုန်း အားသွင်းပေါက်က Type-C လား၊ Micro-USB လား ဆိုတာကိုတော့ ဆိုင်ကို သေချာပြောပြဖို့ လိုပါတယ်ခင်ဗျ။)

* ဘယ်လိုသုံးရမလဲ?�

ဝယ်လာတဲ့ OTG ရဲ့ အပေါက်ထဲကို ကီးဘုတ်ရဲ့ USB ကြိုးခေါင်းကို ထိုးထည့်လိုက်ပါ။ ပြီးရင် OTG ရဲ့ ကျန်တဲ့ခေါင်းကို ဖုန်းအားသွင်းပေါက်မှာ တပ်လိုက်ရုံပါပဲ။

၂။ ကြိုးမဲ့ ကီးဘုတ် (Bluetooth Keyboard) ဖြင့် ချိတ်ဆက်နည်း

အကယ်၍ သင့်ဆီမှာ ကြိုးမပါတဲ့ Bluetooth ကီးဘုတ်ရှိတယ်ဆိုရင်တော့ OTG ကြိုး လုံးဝ ဝယ်စရာ မလိုပါဘူး။

* ဘယ်လိုသုံးရမလဲ?�ကီးဘုတ်ကို ဖွင့်ပြီး ဖုန်းရဲ့ Bluetooth ကို ဖွင့်ကာ နာမည်ရှာပြီး ချိတ်ဆက် (Pair) လိုက်ရုံနဲ့ အလွယ်တကူ စတင်အသုံးပြုနိုင်ပါပြီ။

ကီးဘုတ် ချိတ်ဆက်ပြီးသွားပြီဆိုရင်တော့ MM Computer Guide App ထဲကို ဝင်ပြီး အောက်ပါ အားသာချက်တွေနဲ့ လေ့ကျင့်လို့ ရပါပြီ။

🇲🇲🇬🇧 အင်္ဂလိပ်စာရော၊ မြန်မာစာပါ လေ့ကျင့်နိုင်ခြင်း

English လက်ကွက် တစ်မျိုးတည်းတင် မဟုတ်ဘဲ မြန်မာစာ လက်ကွက် (Myanmar Character Layout) ကိုပါ စနစ်တကျ မှန်မှန်ကန်ကန် ရိုက်တတ်အောင် ဖန်တီးပေးထားပါတယ်။

📶 အင်တာနက် လုံးဝမလိုဘဲ (Offline) လေ့ကျင့်နိုင်ခြင်း

ဒီ Feature ရဲ့ အကြီးမားဆုံး အားသာချက်ကတော့ အင်တာနက် ဖွင့်ထားစရာ လုံးဝမလိုတာပဲ ဖြစ်ပါတယ်။ ဖုန်းဘေလ် ကုန်စရာမလိုဘဲ အလုပ်အားတဲ့အချိန်၊ ခရီးသွားနေတဲ့အချိန် နေရာမရွေး ကီးဘုတ်လေး ချိတ်ပြီး လေ့ကျင့်နေလို့ ရပါပြီ။

🎓 သင်တန်းဆင်းလက်မှတ် (Certificate) ရယူနိုင်ခြင်း

MM Computer Guide App ထဲက သင်ခန်းစာအားလုံးကို စနစ်တကျ လေ့လာပြီး Certificate ရယူချင်တယ်ဆိုရင်တော့ Supporter အဖြစ် (၃) လနဲ့အထက် ဝင်ရောက်ထားဖို့ လိုအပ်ပါတယ်ခင်ဗျာ။

ကွန်ပျူတာသင်တန်းသွားဖို့ အချိန်မပေးနိုင်သူတွေ၊ အိမ်မှာ ကွန်ပျူတာ မရှိသေးပေမယ့် လက်ကွက် ကြိုကျင့်ထားချင်သူတွေအတွက် အရမ်းကို အဆင်ပြေမယ့် Feature လေးမို့ အခုပဲ MM Computer Guide App ထဲမှာ ဝင်ရောက် လေ့ကျင့်ကြည့်လိုက်ပါခင်ဗျာ။

(Certificate နဲ့ Supporter အကြောင်း အသေးစိတ်ကို Page CB တွင် လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျ။)





MM Computer Guide App ထဲက ဗီဒီယို သင်ခန်းစာတွေမှာ ဘာတွေ လေ့လာလို့ရလဲ? 🎬✨ကွန်ပျူတာလေ့လာမယ်ဆိုပြီး ဆော့ဖ်ဝဲလ် (Software) န...
12/07/2026

MM Computer Guide App ထဲက ဗီဒီယို သင်ခန်းစာတွေမှာ ဘာတွေ လေ့လာလို့ရလဲ? 🎬✨

ကွန်ပျူတာလေ့လာမယ်ဆိုပြီး ဆော့ဖ်ဝဲလ် (Software) နာမည်တွေကြားပြီး ခေါင်းရှုပ်သွားဖူးလားခင်ဗျ?

မပူပါနဲ့။ အခုမှ စတင်လေ့လာမယ့် သူတွေအတွက် ဘယ်သင်ခန်းစာက ဘာအတွက်လဲဆိုတာကို အလွယ်ဆုံး ခွဲခြား ရှင်းပြပေးပါမယ်။

အားလုံးကို တစ်ပြိုင်နက်တည်း လေ့လာစရာမလိုဘဲ မိမိလိုအပ်တာကို ရွေးချယ်လေ့လာနိုင်ပါတယ်ခင်ဗျ။

📌 အပိုင်း (၁) - မဖြစ်မနေ လေ့လာရမည့် အခြေခံများ

အလုပ်လျှောက်ဖို့အတွက်ဖြစ်စေ၊ ရုံးလုပ်ငန်းတွေအတွက်ဖြစ်စေ မသိမဖြစ် လေ့လာထားရမယ့် အခြေခံ သင်ခန်းစာများ ဖြစ်ပါတယ်။

* Computer Basic: ကွန်ပျူတာကို စတင်ဖွင့်/ပိတ်တာကအစ Mouse နဲ့ Keyboard ကိုင်တွယ်နည်း၊ ဖိုင် (File/Folder) တွေ သေချာသိမ်းဆည်းနည်း စတဲ့ အခြေခံအကျဆုံး အရာများကို သင်ပေးတာပါ။ ကွန်ပျူတာကို လုံးဝမသုံးဖူးသေးသူတွေအတွက် ပထမဆုံး မဖြစ်မနေ စတင်လေ့လာရမယ့် သင်ခန်းစာပဲ ဖြစ်ပါတယ်။

* Computer Knowledge: ကွန်ပျူတာမှာ Windows တင်နည်း၊ Chrome ကဲ့သို့ ဆော့ဖ်ဝဲလ်များ ထည့်သွင်းနည်း (Install) နဲ့ မြန်မာဖောင့် (Font) ပြောင်းနည်း စတာတွေကို လက်တွေ့ ပြသပေးထားတာပါ။ ဒါ့အပြင် ကွန်ပျူတာသုံးရင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာလေးတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ လက်တွေ့ဖြေရှင်းနည်း ဗီဒီယိုများကိုပါ စုစည်းပေးထားပါတယ်ခင်ဗျ။

* Microsoft Word: စာစီစာရိုက်၊ ရုံးစာ၊ လျှောက်လွှာနဲ့ စာချုပ်စာတမ်းတွေ ရိုက်နှိပ်ဖို့အတွက် သုံးပါတယ်။ (ရုံးလုပ်ငန်းအတွက် မသိမဖြစ်ပါ)။

* Microsoft Excel: စာရင်းဇယားတွေ၊ ငွေစာရင်းတွေနဲ့ တွက်ချက်မှုတွေ ပြုလုပ်ဖို့အတွက် သုံးပါတယ်။

* Microsoft PowerPoint: အစည်းအဝေးတွေ၊ ကျောင်း Project တွေမှာ အခြားသူတွေကို ပုံလေးတွေ၊ စာလေးတွေနဲ့ ရှင်းလင်းတင်ပြ (Presentation) လုပ်တဲ့အခါ သုံးပါတယ်။

🚀 အပိုင်း (၂) - မိမိဝါသနာအရ ရွေးချယ်လေ့လာနိုင်သော ပညာရပ်များ

အခြေခံပိုင်နိုင်သွားပြီဆိုရင်တော့ မိမိဝါသနာပါရာ (သို့မဟုတ်) လုပ်ငန်းခွင်မှာ လိုအပ်တဲ့ အဆင့်မြင့် ပညာရပ်တွေကို ဆက်လက် လေ့လာနိုင်ပါတယ်ခင်ဗျ။

🎨 ဒီဇိုင်းနှင့် ဗီဒီယို တည်းဖြတ်ခြင်း

* Adobe Photoshop: ဓာတ်ပုံများကို အဆင့်မြင့် ပြုပြင်တည်းဖြတ်ခြင်း၊ နောက်ခံ (Background) ဖယ်ရှားခြင်းနှင့် ကာဗာဒီဇိုင်းများ ဖန်တီးခြင်းတို့အတွက် အသုံးပြုပါသည်။

* Adobe Premier Pro: YouTube နှင့် Facebook အစရှိသော လူမှုကွန်ရက်များအတွက် ရုပ်သံဗီဒီယိုများကို ပရော်ဖက်ရှင်နယ်ကျကျ ဖြတ်ဆက်၊ တည်းဖြတ်ရန် အသုံးပြုပါသည်။

* Adobe Illustrator: လုပ်ငန်းသုံး လိုဂို (Logo) များ၊ ပိုစတာ (Poster) များနှင့် အရည်အသွေးမြင့် ဒီဇိုင်းများ ရေးဆွဲဖန်တီးရန် အသုံးပြုပါသည်။

* Adobe Pagemaker: စာအုပ်၊ မဂ္ဂဇင်းနှင့် ဂျာနယ်များအတွက် စာမျက်နှာ အပြင်အဆင် (Layout) များကို စနစ်တကျ ဖွဲ့စည်းတည်ဆောက်ရန် အသုံးပြုပါသည်။

🏗️ အင်ဂျင်နီယာနှင့် ဗိသုကာ

* AutoCAD: အင်ဂျင်နီယာတွေ အသုံးပြုတဲ့ အဆောက်အဦး ပုံစံတွေ၊ စက်ပစ္စည်း ပုံစံတွေ (2D/3D) အတိအကျ ဆွဲဖို့အတွက် သုံးပါတယ်။

* SketchUp: အိမ်တွေ၊ အဆောက်အဦးတွေကို မြင်သာတဲ့ 3D ပုံစံ (အလုံးအထည်) အလွယ်တကူ ဆွဲဖို့အတွက် သုံးပါတယ်။

💻 ပရိုဂရမ်နှင့် ဝက်ဘ်ဆိုက် ရေးသားခြင်း

* HTML: Website (ဝက်ဘ်ဆိုက်) တစ်ခုကို စတင် တည်ဆောက်ဖို့အတွက် မပါမဖြစ်တဲ့ အခြေခံ ဘာသာရပ်ပါ။

* PHP: မိမိရဲ့ Website ကြီးကို ပိုမိုအသက်ဝင်လာအောင်၊ အဆင့်မြင့်မြင့် အလုပ်လုပ်နိုင်အောင် နောက်ကွယ်ကနေ ရေးသားရတဲ့ ဘာသာရပ်ပါ။

* Python: လက်ရှိမှာ အရမ်းနာမည်ကြီးနေတဲ့ AI နည်းပညာတွေ၊ Data အချက်အလက်တွေနဲ့ ဆော့ဖ်ဝဲလ် (Software) တွေ ရေးသားဖို့အတွက် အသုံးပြုပါတယ်။

* Sketchware: ကွန်ပျူတာ မလိုဘဲ မိမိဖုန်းထဲကနေတင် Android App လေးတွေကို အလွယ်တကူ စမ်းသပ်ရေးသားနိုင်တဲ့ သင်ခန်းစာပါ။

ဒီလောက်ဆိုရင်တော့ ဘယ်သင်ခန်းစာကို အရင်ဆုံး စကြည့်ရမလဲဆိုတာ ရွေးချယ်နိုင်ပြီလို့ ထင်ပါတယ်ခင်ဗျ။

အခုပဲ Play Store တွင် MM Computer Guide App ကို ဒေါင်းလုဒ်ရယူပြီး သင်ယူမှုကို စတင်လိုက်ပါ။

(ဗီဒီယိုနှင့် စာအုပ်များကို အကန့်အသတ်မရှိ ဒေါင်းလုဒ်ဆွဲပြီး လေ့လာလိုပါက Page CB သို့မဟုတ် Telegram သို့ ဆက်သွယ်၍ Supporter အဖြစ် ဝင်ရောက်နိုင်ပါတယ်ခင်ဗျ။)




ကွန်ပျူတာကို အခုမှစလေ့လာမယ့်သူများအတွက် MM Computer Guide App ထဲမှာ ပါဝင်သော function များ 💻✨ကွန်ပျူတာကို လေ့လာချင်ပေမယ့...
11/07/2026

ကွန်ပျူတာကို အခုမှစလေ့လာမယ့်သူများအတွက် MM Computer Guide App ထဲမှာ ပါဝင်သော function များ 💻✨

ကွန်ပျူတာကို လေ့လာချင်ပေမယ့် ဘယ်ကနေ စရမှန်းမသိဖြစ်နေပါသလားခင်ဗျ? 🤔

ကွန်ပျူတာ အသုံးအနှုန်းတွေကို မရင်းနှီးလို့ ခက်ခဲမယ်ထင်ပြီး စိတ်မပူပါနဲ့ခင်ဗျ။ ကျွန်တော်တို့ရဲ့ MM Computer Guide App ထဲမှာ အခုမှစတင်လေ့လာမယ့်သူတွေအတွက် အရာအားလုံးကို အလွယ်ဆုံးဖြစ်အောင် စုစည်းပေးထားပါတယ်ခင်ဗျ။

App ထဲမှာပါဝင်တဲ့ ကဏ္ဍ (Menu) တစ်ခုချင်းစီက ဘာတွေလဲဆိုတာ ရှင်းပြပေးပါမယ်ခင်ဗျ -

၁။ 🎬 Videos (ဗီဒီယို သင်ခန်းစာများ)
ဆရာကနေ ကွန်ပျူတာအကြောင်းကို အခြေခံကစပြီး တစ်ဆင့်ချင်း ရှင်းပြပေးမယ့် သင်ခန်းစာတွေ ဖြစ်ပါတယ်။ ကွန်ပျူတာ ဖွင့်/ပိတ် တာကအစ အသေးစိတ် သင်ပေးတာဖြစ်လို့ ဘယ်ကစရမှန်းမသိရင် ဒီကနေ စကြည့်လို့ရပါတယ်ခင်ဗျ။

၂။ 📚 Books (စာအုပ်များ)
ဖုန်းထဲမှာတင် အလွယ်တကူ ဖတ်လို့ရတဲ့ ကွန်ပျူတာ စာအုပ်တွေပါ။ ဗီဒီယိုမကြည့်ချင်ဘဲ စာဖတ်ပြီး အေးအေးဆေးဆေး လေ့လာချင်သူတွေအတွက် အထူးသင့်လျော်ပါတယ်ခင်ဗျ။

၃။ ⌨️ Typing (လက်ကွက်လေ့ကျင့်ခန်း)
ကွန်ပျူတာသုံးဖို့အတွက် ကီးဘုတ် (Keyboard) ပေါ်က စာလုံးတွေကို အမြန်နဲ့ အမှန် ရိုက်တတ်ဖို့ လိုပါတယ်။ ဒီကဏ္ဍမှာတော့ လက်ချောင်းလေးတွေ နေရာချပုံကအစ သင်ပေးပြီး၊ ကွန်ပျူတာအစစ်မှာ ရိုက်နေရသလိုမျိုး မိမိဖုန်းထဲမှာတင် လက်ကွက်ကျွမ်းကျင်အောင် အလွယ်တကူ လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျ။

၄။ ❓ Computer Q&A (အမေးအဖြေ)
ကွန်ပျူတာသုံးရင်း အခက်အခဲဖြစ်လာရင် ဒါမှမဟုတ် မိမိမသိတဲ့ ပြဿနာလေးတွေ ကြုံလာရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာကို မေးခွန်းနဲ့ အဖြေလေးတွေ ပြင်ဆင်ပေးထားတဲ့ နေရာဖြစ်ပါတယ်ခင်ဗျ။

၅။ 📊 Excel Formulas (စာရင်းဇယား တွက်နည်းများ)
ကွန်ပျူတာမှာ စာရင်းဇယားတွေ၊ ငွေစာရင်းတွေ တွက်တဲ့အခါ (Excel ဆော့ဖ်ဝဲလ်တွင်) အလိုအလျောက် အမြန်တွက်ချက်ပေးနိုင်တဲ့ တွက်ချက်နည်း (Formula) များကို စုစည်းပေးထားတာပါ။ အလွတ်ကျက်စရာမလိုဘဲ အလုပ်လုပ်ရင်း လိုအပ်တဲ့အခါ ဒီမှာ လာရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျ။

၆။ 💡 Quiz (ဉာဏ်စမ်း မေးခွန်းတိုများ)
ကိုယ်လေ့လာထားတဲ့ သင်ခန်းစာတွေကို ဘယ်လောက် မှတ်မိလဲဆိုတာကို မေးခွန်းလေးတွေ ဖြေဆိုပြီး စမ်းသပ်လို့ရတဲ့ နေရာပါခင်ဗျ။

၇။ ⚡ Shortcuts (ဖြတ်လမ်းနည်းများ)
ကွန်ပျူတာကို အသုံးပြုတဲ့အခါ Mouse ကြီးပဲ သုံးနေရင် အလုပ်ပြီးတာ နှေးပါတယ်။ ကီးဘုတ်ကနေ ခလုတ် နှစ်ခု သုံးခုကို တွဲနှိပ်လိုက်ရုံနဲ့ အလုပ်မြန်မြန်ပြီးသွားစေတဲ့ ဖြတ်လမ်းနည်းလေးတွေကို စုစည်းပေးထားတာ ဖြစ်ပါတယ်ခင်ဗျ။

၈။ 🏪 Shops (ကွန်ပျူတာ ဆိုင်များ)
မိမိ ကွန်ပျူတာပျက်သွားလို့ဖြစ်စေ၊ ပစ္စည်းဝယ်ချင်လို့ဖြစ်စေ ဆက်သွယ်လို့ရမယ့် ကွန်ပျူတာ အရောင်းဆိုင်တွေ၊ ပြင်တဲ့ဆိုင်တွေရဲ့ ဖုန်းနံပါတ်နဲ့ လိပ်စာတွေကို စုစည်းပေးထားတဲ့ ကဏ္ဍဖြစ်ပါတယ်ခင်ဗျ။

၉။ 🛒 Buy Guide (ကွန်ပျူတာ ဝယ်ယူရန် လမ်းညွှန်)
ကွန်ပျူတာ အခုမှစဝယ်မယ့်သူတွေအတွက် ကိုယ်က ရုံးလုပ်ငန်းအတွက် သုံးမှာလား၊ ဂိမ်းဆော့ဖို့ သုံးမှာလား စသဖြင့် ရွေးချယ်လိုက်တာနဲ့ ကိုယ့်အတွက် ဘယ်လို ကွန်ပျူတာအမျိုးအစားကို ဝယ်သင့်လဲဆိုတာကို အကြံပေး လမ်းညွှန်ပေးတဲ့ နေရာလေး ဖြစ်ပါတယ်ခင်ဗျ။

ကွန်ပျူတာကို စတင်လေ့လာဖို့ အခုပဲ Play Store တွင် MM Computer Guide App ကို ဒေါင်းလုဒ်ရယူလိုက်ပါခင်ဗျ။

(ဗီဒီယိုနှင့် စာအုပ်များကို အကန့်အသတ်မရှိ ဒေါင်းလုဒ်ဆွဲပြီး လေ့လာလိုပါက Page CB သို့မဟုတ် Telegram သို့ ဆက်သွယ်၍ Supporter အဖြစ် ဝင်ရောက်နိုင်ပါတယ်ခင်ဗျ။)

အားလုံးဘဲ ကွန်ပျူတာပညာရပ်ကို လွယ်ကူပျော်ရွှင်စွာ လေ့လာနိုင်ကြပါစေခင်ဗျ။




Address

Yangon

Alerts

Be the first to know and let us send you an email when MM Computer Guide posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share