KIT Software & Book Sale

KIT Software & Book Sale စာအုပ်တွေရပီနော်

10/08/2026

Computer Service Technician Course

15/07/2026
💯  "လူသားတွေကသာ အဖွဲ့အစည်းတွေရဲ့ဗဟိုချက်ဖြစ်ပြီး၊ မဟာဗျူဟာမြောက် အတွေးအခေါ်နဲ့ လူသားအချင်းချင်း ကိုယ်ချင်းစာနာစိတ်ကို ပေ...
07/07/2026

💯 "လူသားတွေကသာ အဖွဲ့အစည်းတွေရဲ့
ဗဟိုချက်ဖြစ်ပြီး၊ မဟာဗျူဟာမြောက်
အတွေးအခေါ်နဲ့ လူသားအချင်းချင်း
ကိုယ်ချင်းစာနာစိတ်ကို ပေါင်းစပ်နိုင်ခြင်းက
ခေတ်သစ်ခေါင်းဆောင်မှုရဲ့ သော့ချက်ပါပဲ။" 📌

💯 အောင်မြင်တဲ့ လူသားဆန်တဲ့
ကိုယ်ချင်းစာတရားရှိတဲ့
HR ပညာရှင်တစ်ယောက်၊
SME လုပ်ငန်းရှင်တစ်ယောက်၊
မန်နေဂျာတစ်ယောက် ဖြစ်ကြပါစေ ... 📌

ခေတ်သစ်စီးပွားရေးလောကမှာ လုပ်ငန်းတစ်ခု
အောင်မြင်ဖို့ဆိုတာ ငွေကြေးနဲ့ နည်းပညာထက်
"လူသားအရင်းအမြစ် က ပိုပြီး အရေးကြီးလာပါပြီ။

💯 ဒါပေမယ့် စာသင်ခန်းထဲက သီအိုရီတွေကို
လက်တွေ့လုပ်ငန်းခွင်မှာ ဘယ်လိုထိထိရောက်ရောက်
အသုံးချမလဲ။ အထူးသဖြင့် အရင်းအမြစ်အကန့်အသတ်
ရှိတဲ့ SME လုပ်ငန်းတွေနဲ့ မိသားစုပိုင် လုပ်ငန်းတွေမှာ
စနစ်ကျတဲ့ HR ယန္တရားတစ်ခုကို ဘယ်လို
တည်ဆောက်ကြမလဲ။ နောက်ပြီး အလျင်အမြန်
ပြောင်းလဲနေတဲ့ Ai နည်းပညာတွေနဲ့ ဒေသတွင်း
အလုပ်သမားဥပဒေတွေကိုရော ဘယ်လို
လိုက်လျောညီထွေဖြစ်အောင် ကိုင်တွယ်
ဖြေရှင်းကြမလဲ။ 📌

"Human Resource Management &
Development for MBA & SME" စာအုပ်ဟာ
ဒီမေးခွန်းတွေအားလုံးအတွက် အကောင်းဆုံး
လက်တွေ့ကျတဲ့ အဖြေပဲ ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ-

HR ရဲ့အခြေခံသဘောတရားတွေကနေစလို့
မဟာဗျူဟာမြောက် စီမံခန့်ခွဲတဲ့အထိ
အဆင့်ဆင့် လမ်းညွှန်ချက်များ

SME တွေအတွက် အထူးရည်ရွယ်ထားတဲ့
ကုန်ကျစရိတ်သက်သာပြီး ထိရောက်တဲ့
HR အလေ့အကျင့်များ

မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေ လိုက်နာမှု
ဆိုင်ရာ သိကောင်းစရာများနှင့်
လက်တွေ့ဖြေရှင်းနည်းများ

ခေတ်သစ် HR Analytics Al အသုံးပြုမှုနဲ့
အနာဂတ်လုပ်ငန်းခွင် အပြောင်းအလဲများ

လက်တွေ့အသုံးချနိုင်မယ့် လုပ်ငန်းခွင်သုံး
ပုံစံခွက် (Templates) တွေနဲ့ ဖြစ်ရပ်မှန်
လေ့လာဆန်းစစ်ချက် (Case Studies)များ
စတာတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့
မြန်မာ့ပကတိ လုပ်ငန်းခွင်အခြေအနေ
တွေအကြား ဟန်ချက်ညီညီ ပေါင်းစပ်
ရေးသားပေးထားပါတယ်။ 📌

💯 သင်ဟာ အနာဂတ်မှာ ထိပ်တန်း HR
ခေါင်းဆောင်ဖြစ်လာမယ့် MBA ကျောင်းသား
တစ်ယောက်ဖြစ်စေ၊ လက်တွေ့လုပ်ငန်းခွင်
ပြဿနာတွေကို နေ့စဉ်ရင်ဆိုင်ဖြေရှင်းနေရတဲ့
HR ပညာရှင် တစ်ယောက်ဖြစ်စေ၊ မိမိလုပ်ငန်း
ကို ပိုမိုစနစ်ကျအောင် တည်ဆောက်ချင်တဲ့
SME လုပ်ငန်းရှင် တစ်ယောက်ဖြစ်စေ...
ဒီစာအုပ်ဟာ သင့်အဖွဲ့အစည်းကို အောင်မြင်မှုဆီ
ခေါ်ဆောင်သွားမယ့် ခရီးလမ်းမှာ မရှိမဖြစ်
လိုအပ်တဲ့ "လက်စွဲလမ်းညွှန်" တစ်ခု ဖြစ်လာမှာ
အသေအချာပါပဲ။ 📌

နိဒါန်း (Introduction)

✨ ယနေ့ခေတ်မှာ လူသားအရင်းအမြစ်
စီမံခန့်ခွဲမှု (HRM) ဆိုတာ ကုမ္ပဏီကြီးတွေ
အတွက်သာမက အသေးစားနဲ့ အလတ်စား
စီးပွားရေးလုပ်ငန်း (SMEs) တွေအတွက်ပါ
မရှိမဖြစ် အရေးပါတဲ့ မဟာဗျူဟာမြောက်
အုတ်မြစ်တစ်ခု ဖြစ်လာပါပြီ။ 📌

✨ MBA ကျောင်းသားတွေအတွက်ဆိုရင်
HRM ဟာ သီအိုရီတွေ၊ အချက်အလက်
ခွဲခြမ်းစိတ်ဖြာမှု (Analytics) တွေနဲ့
ခေါင်းဆောင်မှုပညာရပ်တွေကို ပေါင်းစပ်
✨ ပေးထားတဲ့ ခိုင်မာတဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ 📌

SME လုပ်ငန်းရှင်တွေနဲ့ မန်နေဂျာတွေအတွက်ကတော့
ငွေကြေးနဲ့ အရင်းအမြစ် အကန့်အသတ်တွေ
ကြားကနေ အပြောင်းအလဲတွေကို ရင်ဆိုင်နိုင်ပြီး
စွမ်းဆောင်ရည်မြင့်မားတဲ့ အဖွဲ့အစည်းတစ်ခု
တည်ဆောက်ဖို့ လက်တွေ့အသုံးချရမယ့်
"Toolkit" (လက်စွဲကိရိယာ) တစ်ခုပဲ
ဖြစ်ပါတယ်။ 📌

✨ ဒီစာအုပ် (သို့) သင်ရိုးရဲ့ ရည်ရွယ်ချက်ကတော့
ဒီကမ္ဘာနှစ်ခုလုံးကို ချိတ်ဆက်ပေးဖို့ပါပဲ။
အခြေခံသဘောတရားတွေကနေစပြီး
လက်တွေ့လုပ်ငန်းခွင်မှာ အသုံးချနိုင်တဲ့အထိ
အဆင့်ဆင့် လမ်းညွှန်ပေးသွားမှာပါ။ အခန်းတိုင်းမှာ
စာတွေ့သက်သက်မဟုတ်ဘဲ လက်တွေ့
လုပ်ဆောင်နိုင်မယ့် ဗျူဟာတွေ၊ Case Study တွေ၊
ပုံစံခွက် (Templates) တွေနဲ့ ခေတ်ရေစီးကြောင်း
တွေကို မျှတစွာ ထည့်သွင်းပေးထားပါတယ်။ 📌

✨ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အလုပ်သမားဈေးကွက်
အခြေအနေနဲ့ ဥပဒေရေးရာ ကန့်သတ်ချက်တွေကို
ပါ လက်တွေ့ကျကျ အထူးပြု ထည့်သွင်းဆွေးနွေး
သွားမှာ ဖြစ်ပါတယ်။ 📌

နိုင်ငံတကာ အသိအမှတ်ပြု Certificate လက်မှတ်
ယူထားချင်သူများအတွက် ဝါရှင်တန် ဒီစီ က
Saylor University က HR Course တွေကိုလည်း
ထည့်သွင်း ရှင်းပြပေးထားပါတယ်။ 📌

စာရေးသူရဲ့ အမှာစာ (Author's Preface)

ဒီနေ့ခေတ် စီးပွားရေးလောကကြီးက နည်းပညာတွေ၊
AI တွေနဲ့အတူ တကယ့်ကို အပြောင်းအလဲ မြန်လွန်း
ပါတယ်။ ဒီလို အပြောင်းအလဲတွေကြားထဲမှာ
ဘယ်လိုလုပ်ငန်းမျိုးမဆို ရေရှည်ရပ်တည်ပြီး
အောင်မြင်ဖို့ဆိုရင် ငွေကြေး ဒါမှမဟုတ် နည်းပညာ
တစ်ခုတည်းနဲ့တင် မရတော့ပါဘူး။ 📌

✨ တကယ်တော့ အဖွဲ့အစည်းတစ်ခုရဲ့ တန်ဖိုး
မဖြတ်နိုင်တဲ့
"လူသားအရင်းအမြစ်" (Human Resources)
ကသာ အဓိက မောင်းနှင်အား ဖြစ်ပါတယ်။ 📌

ဒါကြောင့်မို့လို့ ခုခေတ်မှာ HR ဆိုတာ ရုံးလုပ်ငန်း
စက္ကူကိစ္စတွေသက်သက် လုပ်ရတဲ့အဆင့်တင်
မဟုတ်တော့ဘဲ ကုမ္ပဏီတစ်ခုလုံးရဲ့ ကံကြမ္မာကို
အဆုံးအဖြတ်ပေးနိုင်တဲ့ မဟာဗျူဟာမြောက်
အပိုင်းကဏ္ဍ ဖြစ်လာပါပြီ။ 📌

✨ "လူသားတွေကသာ အဖွဲ့အစည်းတွေရဲ့
ဗဟိုချက်ဖြစ်ပြီး၊ မဟာဗျူဟာမြောက်
အတွေးအခေါ်နဲ့ လူသားအချင်းချင်း
ကိုယ်ချင်းစာနာစိတ်ကို ပေါင်းစပ်နိုင်ခြင်းက
ခေတ်သစ်ခေါင်းဆောင်မှုရဲ့ သော့ချက်ပါပဲ။" 📌

"Human Resource Management for MBA & SME"
ဆိုတဲ့ စာအုပ်ကို ပြုစုဖြစ်ခဲ့တာကတော့ အနာဂတ်မှာ
HR ခေါင်းဆောင်တွေ ဖြစ်လာမယ့် MBA ကျောင်းသား
တွေအတွက် ပညာရပ်ပိုင်းဆိုင်ရာမှာ နက်နက်နဲနဲ
လေ့လာနိုင်ဖို့နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဒေသတွင်း
စီးပွားရေးရဲ့ အသက်သွေးကြောဖြစ်တဲ့ အသေးစား၊
အလတ်စား စီးပွားရေးလုပ်ငန်း (SMEs)
မန်နေဂျာတွေ၊ လုပ်ငန်းရှင်တွေအတွက် လက်တွေ့
လုပ်ငန်းခွင်မှာ တကယ်အသုံးချလို့ရမယ့်
အသိပညာတွေကို တစ်နေရာတည်းမှာ
အဆင်ပြေပြေ လေ့လာနိုင်အောင် ရည်ရွယ်ပြီး
ရေးသားခဲ့တာ ဖြစ်ပါတယ်။ 📌

✨ လုပ်ငန်းကြီးတွေရဲ့ စနစ်ကျတဲ့ မဟာဗျူဟာတွေ
ကနေစလို့ အရင်းအမြစ် အကန့်အသတ်ရှိတဲ့
SME လုပ်ငန်းတွေရဲ့ လက်တွေ့ရုန်းကန်ရတဲ့
အခြေအနေတွေအထိ နယ်ပယ်စုံကို လွှမ်းခြုံနိုင်အောင်
သင်ရိုးကို သေချာလေး ပုံဖော်ပေးထားပါတယ်။ 📌

ဒီစာအုပ်ထဲမှာ ရိုးရာ HR အယူအဆတွေတင်မကဘဲ
လက်ရှိနဲ့ ရှေ့ဆက် ကြုံတွေ့ရမယ့် AI နည်းပညာတွေ
ကို စနစ်တကျ အသုံးပြုပုံ၊ HR Analytics အကြောင်း၊
ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ
သက်သာချောင်ချိရေး (Well-being) အပြင်၊
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိ
အလုပ်သမားဥပဒေရေးရာ ပကတိအခြေအနေတွေ
ကိုပါ ထည့်သွင်း ပုံဖော်ပေးထားပါတယ်။ 📌

✨ အခန်းတိုင်းမှာလည်း သီအိုရီတွေကို
လက်တွေ့လုပ်ငန်းခွင်မှာ အသုံးချနိုင်ဖို့
ဖြစ်ရပ်မှန် လေ့လာဆန်းစစ်ချက်တွေ
(Case Studies) သရုပ်ပြ လေ့ကျင့်ခန်းတွေနဲ့
လုပ်ငန်းခွင်သုံး ပုံစံခွက် (Templates) တွေကို
ထည့်ပေးထားတဲ့အတွက် မိမိတို့လုပ်ငန်း
လိုအပ်ချက်အလိုက် အလွယ်တကူ
ပြင်ဆင်ပြီး အသုံးပြုနိုင်မှာပါ။ 📌

✨ ဒီ HR စာအုပ် အောင်အောင်မြင်မြင်နဲ့ ထွက်ရှိ
လာဖို့အတွက် အဖက်ဖက်ကနေ ဝေဖန်အကြံပြု
ပေးခဲ့ကြတဲ့ စီးပွားရေးနဲ့ HR နယ်ပယ်က
ပညာရှင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အမြဲတမ်း
အနီးကပ် ခွန်အားပေးခဲ့တဲ့ မိသားစုကိုလည်း
တကယ်ပဲ ကျေးဇူးတင်ပါတယ် … 📌

ဒီစာအုပ်လေးက စာဖတ်သူတွေ၊ ကျောင်းသားတွေ
နဲ့ လုပ်ငန်းရှင်တွေအတွက် မဟာဗျူဟာမြောက်
အတွေးအခေါ်ကောင်းတွေ ပေးနိုင်ရုံတင်မကဘဲ
လူသားတွေကို တန်ဖိုးထားပြီး ရေရှည်ခိုင်မာတဲ့
အဖွဲ့အစည်းကောင်းတွေကို တည်ဆောက်သွားနိုင်
မယ့် လက်တွေ့ကျတဲ့ လမ်းညွှန်မြေပုံတစ်ခု ဖြစ်လာ
လိမ့်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်ဗျာ …📌

✨ အောင်မြင်တဲ့ လူသားဆန်တဲ့ ကိုယ်ချင်းစာတရားရှိတဲ့
HR ပညာရှင်တစ်ယောက်၊ SME လုပ်ငန်းရှင်တစ်ယောက်၊
မန်နေဂျာတစ်ယောက် ဖြစ်ပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ... 📌

ဝေဖြိုးအောင် (AIT Computer)
Computer Science & MBA (Saylor University, USA)
MBA in Information Technology & System Management (EIU, France)
CEH ( EC-Council, USA)
ITPEC Trainer (Japan)
CEO & Founder (AIT Computer Co.,Ltd)

နိဂုံးချုပ် (Conclusion)

"Human Resource Management for MBA & SME"
စာအုပ်ရဲ့ ပြည့်စုံတဲ့ သင်ရိုးညွှန်းတမ်းလေးကို
အနာဂတ် HR ခေါင်းဆောင်တွေနဲ့ SME မန်နေဂျာတွေ
အတွက်ရည်ရွယ်ပြီး ရေးဆွဲထားတာပါ။ 📌

🔍 ခေတ်သစ် လူသားအရင်းအမြစ် စီမံခန့်ခွဲမှုမှာ
ကြုံတွေ့ရမယ့် ရှုပ်ထွေးခက်ခဲမှုတွေကို
အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ဖို့ လိုအပ်တဲ့
အသိပညာတွေ၊ ကျွမ်းကျင်မှုတွေနဲ့ လက်တွေ့
အသုံးချလို့ရမယ့် ကိရိယာ (Tools) တွေကို သေချာ
လေး ဖြည့်စွက်ရေးသားပေးထားပါတယ်။ 📌

🔍 ပညာရပ်ပိုင်းဆိုင်ရာ သဘောတရားတွေ
(Academic rigor) နဲ့ လက်တွေ့လုပ်ငန်းခွင်
အသုံးချနိုင်မှု (Practical relevance) တွေကို
ဟန်ချက်ညီညီ ပေါင်းစပ်ပေးထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ HR ရေစီးကြောင်းတွေသာမက
ဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံဒေသတွင်းက
လက်တွေ့အခြေအနေတွေကိုပါ ထည့်သွင်း
စဉ်းစားပေးထားတဲ့အတွက်၊ ဒီစာအုပ်က
ဘယ်လိုအဖွဲ့အစည်းပုံစံမျိုးမှာမဆို HRM ကို
ကျွမ်းကျင်ပိုင်နိုင်ဖို့ မရှိမဖြစ် လိုအပ်တဲ့
အရင်းအမြစ်တစ်ခု ဖြစ်လာမှာ သေချာပါတယ်။📌

🔍 အခန်းတိုင်းမှာဆိုရင် သဘောတရားပိုင်းဆိုင်ရာ
ရှင်းလင်းချက်တွေ၊ လက်တွေ့အသုံးချသင်ခန်းစာ
တွေနဲ့ ကိုယ်တိုင်လုပ်ဆောင်ပြီး အကဲဖြတ်နိုင်မယ့်
အပိုင်းတွေကို ပေါင်းစပ်ပေးထားလို့ စာဖတ်သူတွေ
အနေနဲ့ သီအိုရီ (Theory) သက်သက်မဟုတ်ဘဲ
လက်တွေ့ (Practice) အဖြစ် အလွယ်တကူ
ပြောင်းလဲအသုံးချနိုင်မှာပါ။ 📌

🔍 စာအုပ်ရဲ့ ဖွဲ့စည်းပုံကိုက အခန်းအလိုက်
ခွဲပြီးသင်ကြားဖို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်လေ့လာဖို့ပဲ
ဖြစ်ဖြစ်၊ ဒါမှမဟုတ် အဖွဲ့အစည်း လိုအပ်ချက်နဲ့
အညီ ပြင်ဆင်အသုံးပြုဖို့ပဲဖြစ်ဖြစ် အဆင်ပြေအောင်
ပံ့ပိုးပေးထားတာမို့လို့ တက္ကသိုလ်တွေ၊
သင်တန်းကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ
အတွက်ပါ အထူးကို သင့်လျော်ပါတယ်။ 📌

🔍 တာဝန်ယူမှုရှိတဲ့ AI အသုံးပြုနည်းတွေ၊
မျိုးစုံကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့် (DEI) ကိစ္စတွေ၊
ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုတွေအပြင်
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အလုပ်သမား ဥပဒေ
လိုက်နာမှု စတဲ့ ခေတ်ပေါ်အကြောင်းအရာတွေကို
စာအုပ်တစ်အုပ်လုံးမှာ အပြည့်အစုံ ထည့်သွင်း
ပေးထားပါတယ်။ဒါက ၂၀၂၆ ခုနှစ်နဲ့ အဲဒီနောက်ပိုင်း
ဆက်ပြီးပြောင်းလဲလာမယ့် HRM အခင်းအကျင်းကို
သေချာလေး ထင်ဟပ်စေမှာပါ။ 📌

🔍 ဖြစ်ရပ်မှန် လေ့လာဆန်းစစ်ချက်တွေ
(Case studies) သရုပ်ပြ လေ့ကျင့်ခန်းတွေ
(Simulations) နဲ့ ဘွဲ့ယူ/သင်တန်းဆင်း
ပရောဂျက်တွေ (Capstone projects)
ကနေတစ်ဆင့် လေ့လာသူတွေဟာ HR ရဲ့
သက်ရောက်မှုကို တိုင်းတာနိုင်စွမ်း၊
ကျင့်ဝတ်နဲ့အညီ ဦးဆောင်နိုင်စွမ်းနဲ့ကြံ့ကြံ့ခံ
နိုင်တဲ့ အဖွဲ့အစည်းကောင်းတွေကို
တည်ဆောက်နိုင်စွမ်းတွေ ပိုပြီး
ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ 📌

🔍 အချုပ်အနေနဲ့ ပြောရရင်တော့၊ ဒီ HR စာအုပ်
ဟာ လူသားအချင်းချင်း ကိုယ်ချင်းစာနာစိတ်နဲ့
မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်နိုင်စွမ်းကို
ပေါင်းစပ်ပေးနိုင်တဲ့ မျိုးဆက်သစ် HR ပညာရှင်
တွေနဲ့ SME ခေါင်းဆောင်တွေကို မွေးထုတ်ပေးနိုင်
လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။ 📌

🔍 ဒါ့အပြင် အဖွဲ့အစည်းတွေရဲ့ အောင်မြင်မှုတိုင်း
မှာ "လူသား" ဆိုတာ ဗဟိုချက်အဖြစ် အမြဲတမ်း
ရှိနေစေဖို့အတွက် အကောင်းဆုံး လမ်းညွှန်ပေး
နိုင်မှာ အသေအချာပါပဲ။ 📌

🔍 စာအုပ်တစ်အုပ်လုံး၏ အခန်းအလိုက်
ခြုံငုံသုံးသပ်ချက် (Chapter-by-Chapter Overview)

• အခန်း (၁) လူသားအရင်းအမြစ် စီမံခန့်ခွဲမှု
၏ အခြေခံများ (Foundations of HRM) - HRM ကို
မဟာဗျူဟာမြောက်ရော၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာပါ
ပညာရပ်တစ်ခုအဖြစ် မိတ်ဆက်ပေးထားပြီး ၎င်း၏
နယ်ပယ်၊ လုပ်ဆောင်ချက်များနှင့် အဖွဲ့အစည်း
ရည်မှန်းချက်များအကြား ချိတ်ဆက်မှုကို
ရှင်းပြထားပါတယ်။ 📌

• အခန်း (၂) မဟာဗျူဟာမြောက် HR စီမံကိန်း
ရေးဆွဲခြင်းနှင့် Analytics - HR စီမံကိန်းများက
စီးပွားရေးရည်မှန်းချက်များကို ဘယ်လိုပံ့ပိုးပေးသလဲ
ဆိုတာကို လုပ်သားအင်အား ကြိုတင်ခန့်မှန်းခြင်း၊
HRIS နဲ့ Analytics တွေကို အသုံးပြုပြီး
တင်ပြထားပါတယ်။ 📌

• အခန်း (၃) မျိုးစုံကွဲပြားမှု၊ တန်းတူညီမျှမှု၊
အားလုံးပါဝင်ခွင့် (DEI) နှင့် အလုပ်သမားဥပဒေ -
မြန်မာနိုင်ငံရဲ့ဥပဒေအခြေအနေတွေနဲ့
ကမ္ဘာလုံးဆိုင်ရာ DEI မူဘောင်တွေကို
နှိုင်းယှဉ်ပြသထားပြီး တရားမျှတမှုနဲ့
ကုမ္ပဏီယဉ်ကျေးမှုကို အလေးပေးထားပါတယ်။ 📌

• အခန်း (၄) အလုပ်တာဝန် ခွဲခြမ်းစိတ်ဖြာခြင်း၊
ဒီဇိုင်းဆွဲခြင်းနှင့် လုပ်သားအင်အား စီမံကိန်း -
ရာထူးတာဝန်တွေနဲ့ ကျွမ်းကျင်မှုတွေကို ဘယ်လို
သတ်မှတ်မလဲဆိုတာကို ရှင်းပြထားပြီး၊
အရင်းအမြစ် အကန့်အသတ်ရှိတဲ့SME တွေမှာ
အလုပ်ဒီဇိုင်းကတစ်ဆင့် စိတ်ခွန်အား ဘယ်လို
မြှင့်တင်မလဲ ဆိုတာကို ပြသထားပါတယ်။ 📌

• အခန်း (၅) လူသစ်စုဆောင်းခြင်း၊
ရွေးချယ်ခြင်းနှင့် အလုပ်ရှင် အမှတ်တံဆိပ်
တည်ဆောက်ခြင်း - ထိပ်တန်း Talent တွေကို
ဆွဲဆောင်ဖို့အတွက် လူခန့်တဲ့ လုပ်ငန်းစဉ်တွေ၊
ရွေးချယ်တဲ့ Tools တွေ၊ ATS လို နည်းပညာတွေနဲ့
အလုပ်ရှင် အမှတ်တံဆိပ် ခိုင်မာအောင်
တည်ဆောက်နည်းတွေကို ဖော်ပြထားပါတယ်။ 📌

• အခန်း (၆) စွမ်းဆောင်ရည် စီမံခန့်ခွဲမှု
စနစ်များနှင့် အကဲဖြတ်နည်းများ - ရိုးရာ
အကဲဖြတ်နည်းကနေ 360-degree feedback အထိ
ပါဝင်ပြီး၊ တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်က
အဖွဲ့အစည်းရဲ့ ရလဒ်တွေအပေါ် ဘယ်လိုချိတ်ဆက်
နေသလဲဆိုတာကို ရှင်းပြထားပါတယ်။ 📌

• အခန်း (၇) လစာ၊ ခံစားခွင့်များနှင့် စုစုပေါင်း
ဆုချီးမြှင့်မှုများ (Total Rewards) - လစာဖွဲ့စည်းပုံ
တွေနဲ့ငွေကြေးမဟုတ်တဲ့ ဆုချီးမြှင့်မှုတွေကို
လေ့လာထားပြီး SME တွေအတွက် ကုန်ကျစရိတ်
သက်သာတဲ့ Reward စနစ်တွေဘယ်လိုဖန်တီးမလဲ
ဆိုတာ ပြသထားပါတယ်။ 📌

• အခန်း (၈) သင်တန်းပေးခြင်း၊ သင်ယူမှုနှင့်
ဖွံ့ဖြိုးတိုးတက်ရေး၊ သက်မွေးဝမ်းကျောင်း
စီမံကိန်း - စဉ်ဆက်မပြတ် သင်ယူမှု၊ နေရာဆက်ခံ
သူမွေးထုတ်ရေးနဲ့ အနာဂတ် ခေါင်းဆောင်မှုအတွက်
ဝန်ထမ်းတွေကို ဘယ်လို ကြိုတင်ပြင်ဆင်ပေးမလဲ
ဆိုတာကို အလေးပေးထားပါတယ်။ 📌

• အခန်း (၉) လုပ်ငန်းခွင် ကျန်းမာရေး၊
ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ဝန်ထမ်းသက်သာ
ချောင်ချိရေး - လုပ်ငန်းခွင် ဘေးကင်းရေး
စံနှုန်းတွေ၊ စိတ်ကျန်းမာရေးနဲ့ လုံခြုံစိတ်ချရတဲ့
ပတ်ဝန်းကျင်တစ်ခု ဖန်တီးရာမှာ HR ရဲ့
အခန်းကဏ္ဍကို ရှင်းပြထားပါတယ်။ 📌

• အခန်း (၁၀) စက်မှုဆက်ဆံရေး၊ သမဂ္ဂများနှင့်
အငြင်းပွားမှု ဖြေရှင်းခြင်း - စုပေါင်းတောင်းဆိုမှု၊
သမဂ္ဂဖွဲ့စည်းမှုနဲ့ ပဋိပက္ခ ဖြေရှင်းရေး ယန္တရားတွေ
ကိုလေ့လာထားပြီး ဝန်ထမ်းအခွင့်အရေးနဲ့
ကုမ္ပဏီတည်ငြိမ်မှုအကြား ဟန်ချက်ညီအောင်
ထိန်းကျောင်းနည်းတွေကိုပြသထားပါတယ်။ 📌

• အခန်း (၁၁) ကမ္ဘာလုံးဆိုင်ရာ HRM နှင့်
ယဉ်ကျေးမှု ကွဲပြားမှုများအကြား
စီမံခန့်ခွဲခြင်း - နိုင်ငံတကာ HR အလေ့အကျင့်
တွေ၊ နိုင်ငံခြားသား ဝန်ထမ်း (Expatriate)
စီမံခန့်ခွဲမှုတွေကို ရှင်းပြထားပြီး SME တွေ
အတွက် နိုင်ငံတကာ မိတ်ဖက်တွေနဲ့
အလုပ်လုပ်ရာမှာ ပြင်ဆင်ရမယ့် အချက်တွေကို
ဖော်ပြထားပါတယ်။ 📌

• အခန်း (၁၂) SME များနှင့် မိသားစုပိုင်
လုပ်ငန်းများရှိHRM - အရင်းအမြစ်
နည်းပါးတဲ့ အခြေအနေမှာ HR
စနစ်တွေကို ပရော်ဖက်ရှင်နယ်ဆန်အောင်
ဘယ်လို တည်ဆောက်မလဲဆိုတဲ့ လက်တွေ့
မူဘောင်တွေကို ပံ့ပိုးပေးထားပါတယ်။ 📌

• အခန်း (၁၃) HR Analytics, HRIS နှင့်
လူသားအရင်းအမြစ် ညွှန်းကိန်းများ -
ခေတ်သစ် HRM မှာ နည်းပညာရဲ့ အခန်းကဏ္ဍ
ကို မီးမောင်းထိုးပြထားပြီး၊ Dashboards တွေနဲ့
KPIs တွေကတစ်ဆင့် Data အပေါ်အခြေခံတဲ့
ဆုံးဖြတ်ချက်ချနည်းတွေကို ရှင်းပြထားပါတယ်။ 📌

• အခန်း (၁၄) ပေါ်ထွက်လာသော HR
ရေစီးကြောင်းများ - AI၊ Automation နှင့်
အနာဂတ်လုပ်ငန်းခွင် - AI၊ အလိုအလျောက်
စနစ်နဲ့ Hybrid အလုပ်ပုံစံတွေက
HR ကို ဘယ်လိုပုံဖော်နေသလဲဆိုတာကို
လေ့လာထားပြီး လူသားကို ဗဟိုပြုတဲ့
ခေါင်းဆောင်မှုရဲ့ အရေးပါပုံကို
အလေးပေးထားပါတယ်။ 📌

• အခန်း (၁၅) အဖွဲ့အစည်းဆိုင်ရာ
ယဉ်ကျေးမှု၊အပြောင်းအလဲ စီမံခန့်ခွဲမှုနှင့်
OD ကြားဝင်ဆောင်ရွက်မှုများ - ယဉ်ကျေးမှုက
စွမ်းဆောင်ရည်အပေါ် ဘယ်လို သက်ရောက်သလဲ
ဆိုတာနဲ့ Team building, Process consultation
စတဲ့ OD နည်းလမ်းတွေကို သုံးပြီး အဖွဲ့အစည်း
အပြောင်းအလဲတွေကိုဘယ်လို တွန်းအားပေးမလဲ
ဆိုတာ ရှင်းပြထားပါတယ်။ 📌

• အခန်း (၁၆) ပရော်ဖက်ရှင်နယ် စံနှုန်းများ၊
အသိအမှတ်ပြု လက်မှတ်များနှင့် စဉ်ဆက်မပြတ်
သင်ယူခြင်း - SHRM, HRCI, CIPD လို နိုင်ငံတကာ
လက်မှတ်တွေနဲ့ စဉ်ဆက်မပြတ် သင်ယူမှု
လမ်းကြောင်း တွေကို ဖော်ပြထားပြီး
HR ပညာရှင်တွေအတွက် ကျင့်ဝတ်နဲ့
အရည်အသွေး မြှင့်တင်ရေးကို
အားပေးထားပါတယ်။ 📌

• အခန်း (၁၇) HR ၏ သက်ရောက်မှုကို
တိုင်းတာခြင်း - Metrics, Dashboards နှင့်
ROI - KPIs တွေ၊ Dashboards တွေနဲ့
ROI တွက်ချက်မှုတွေကတစ်ဆင့် HR က စီးပွားရေး
ရလဒ်တွေအပေါ် ဘယ်လို သက်ရောက်မှုရှိတယ်ဆို
တာကို ကိန်းဂဏန်းနဲ့ သက်သေပြနည်းကို
ရှင်းပြထားပါတယ်။ 📌

• အခန်း (၁၈) မြန်မာနိုင်ငံ၏ ပြည်တွင်း
အလုပ်သမားဈေးကွက် အခြေအနေနှင့်
HR အလေ့အကျင့်များ - မြန်မာနိုင်ငံရဲ့ စီးပွားရေး၊
ဥပဒေနဲ့ ယဉ်ကျေးမှု ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစား
ပြီး SME တွေအတွက် အကောင်းဆုံး HR
အလေ့အကျင့်တွေကို ဒေသတွင်း အခြေအနေနဲ့
ကိုက်ညီအောင် ပုံဖော်ပေးထားပါတယ်။ 📌

• နောက်ဆက်တွဲများ
(Appendices) - နမူနာ ပေါ်လစီတွေ၊ JDs တွေ၊
ဖောင်တွေ၊ လေ့လာဆန်းစစ်ချက် (Case Studies)
တွေနဲ့အဘိဓာန်တွေကို ထည့်သွင်းပေးထားပြီး
သဘောတရားနဲ့ လက်တွေ့အကြား
တံတားထိုးပေးထားပါတယ်။ 📌

• သင်ကြားရေးနည်းစနစ်နှင့်
အကဲဖြတ်ခြင်း (Pedagogy and Assessment) -
MBA ကျောင်းသားတွေနဲ့ SME မန်နေဂျာတွေအတွက်
သင်ယူမှု ရည်မှန်းချက်တွေ၊ လေ့ကျင့်ခန်းတွေ၊
ပရောဂျက်တွေနဲ့ အကဲဖြတ်ပြဇယား (Rubrics)
တွေကို စနစ်တကျ ဖွဲ့စည်းပုံဖော်ထားပါတယ်။ 📌

စာအုပ်၏ သင်ယူမှု စီးဆင်းမှု ပုံကြမ်း
(Book Flow Diagram)
"HUMAN RESOURCE MANAGEMENT FOR MBA &
SME" - BOOK FLOW DIAGRAM
၁။ အခြေခံအုတ်မြစ် (FOUNDATIONS)
• အခန်း (၁) - HRM ၏ အခြေခံများ
• အခန်း (၃) - ဥပဒေ၊ DEI နှင့် ယဉ်ကျေးမှု
• အခန်း (၁၂) - SME နှင့် မိသားစုပိုင်လုပ်ငန်း HRM

၂။ မဟာဗျူဟာနှင့် စီမံကိန်း (STRATEGY & PLANNING)
• အခန်း (၂) - မဟာဗျူဟာမြောက် HR စီမံကိန်း
• အခန်း (၄) - အလုပ်ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အလုပ်ဒီဇိုင်း
• အခန်း (၁၁) - ကမ္ဘာလုံးဆိုင်ရာ HRM နှင့် ယဉ်ကျေးမှု
၃။ လုပ်သားအင်အား စီမံခန့်ခွဲမှု (TALENT MANAGEMENT)
• အခန်း (၅) - လူသစ်စုဆောင်းခြင်းနှင့် ရွေးချယ်ခြင်း
• အခန်း (၆) - စွမ်းဆောင်ရည် စီမံခန့်ခွဲမှု
• အခန်း (၇) - လစာနှင့် စုစုပေါင်း ဆုချီးမြှင့်မှုများ
• အခန်း (၈) - သင်တန်းပေးခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး

၄။ ဝန်ထမ်းဆက်ဆံရေးနှင့် ပတ်ဝန်းကျင်
(RELATIONS & ENVIRONMENT)
• အခန်း (၉) - ဘေးကင်းရေးနှင့် သက်သာချောင်ချိရေး
• အခန်း (၁၀) - စက်မှုဆက်ဆံရေးနှင့် အငြင်းပွားမှု ဖြေရှင်းခြင်း
• အခန်း (၁၅) - ယဉ်ကျေးမှု၊ အပြောင်းအလဲနှင့် OD

၅။ အချက်အလက်၊ ခွဲခြမ်းစိတ်ဖြာမှုနှင့်
သက်ရောက်မှု (DATA, ANALYTICS & IMPACT)
• အခန်း (၁၃) - HR Analytics နှင့် HRIS
• အခန်း (၁၇) - HR ၏ သက်ရောက်မှုကို တိုင်းတာခြင်း
(Dashboards & ROI)

၆။ အနာဂတ်၊ စံနှုန်းများနှင့် ဒေသတွင်း လက်တွေ့ကျမှု
(FUTURE, STANDARDS & LOCAL CONTEXT)
• အခန်း (၁၄) - အနာဂတ်လုပ်ငန်းခွင် (AI & Automation)
• အခန်း (၁၆) - ပရော်ဖက်ရှင်နယ် စံနှုန်းများနှင့် အသိအမှတ်ပြုလက်မှတ်များ
• အခန်း (၁၈) - မြန်မာနိုင်ငံ၏ အလုပ်သမားဈေးကွက်နှင့် ဥပဒေလိုက်နာမှု

၇။ လက်တွေ့ အသုံးချခြင်းနှင့် အကဲဖြတ်ခြင်း
(APPLICATION & ASSESSMENT)
• နောက်ဆက်တွဲများ (Appendices - Tools, Templates, Cases)
• သင်ကြားရေးနှင့် အကဲဖြတ်ခြင်း (Pedagogy & Assessment)

ရလဒ် - သဘောတရားနှင့် လက်တွေ့ကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားသော
မဟာဗျူဟာမြောက် HR ခေါင်းဆောင်တစ်ဦး ထွက်ပေါ်လာခြင်း

Reference Lists
Core HRM Texts and Academic Sources
Armstrong, M. (2020). Armstrong’s handbook of human resource management practice (15th ed.). Kogan Page.
Boxall, P., Purcell, J., & Wright, P. (Eds.). (2019). The Oxford handbook of human resource management. Oxford University Press.
Dessler, G. (2023). Human resource management (17th ed.). Pearson.
Ulrich, D., Brockbank, W., Johnson, D., Sandholtz, K., & Younger, J. (2012). HR competencies: Mastery at the intersection of people and business. Society for Human Resource Management.

HR Analytics, Technology, and ROI
Bassi, L., & McMurrer, D. (2016). HR analytics handbook. McBassi & Company.
Fitz Enz, J., & Mattox, J. R. (2014). Predictive analytics for human resources. Wiley.
Stone, D. L., & Dulebohn, J. H. (2013). Emerging issues in theory and research on electronic human resource management (eHRM). Human Resource Management Review, 23(1), 1–5. https://doi.org/10.1016/j.hrmr.2012.06.002

Global HR Trends and DEI
CIPD. (2022). Diversity and inclusion in the workplace. Chartered Institute of Personnel and Development.
SHRM. (2021). Workplace diversity, equity, and inclusion. Society for Human Resource Management.
World Economic Forum. (2023). Future of jobs report 2023. WEF.

Organizational Development and Change
Cameron, E., & Green, M. (2020). Making sense of change management (6th ed.). Kogan Page.
Schein, E. H. (2017). Organizational culture and leadership (5th ed.). Wiley.

Myanmar Labour Law and Local Context
International Labour Organization. (2022). Decent work country programme for Myanmar. ILO.
Myanmar Ministry of Labour, Employment and Social Security. (2019). Occupational Safety and Health Law. Government of Myanmar.
Myanmar Ministry of Labour. (2016). Shops and Establishments Law. Government of Myanmar.
Myanmar Ministry of Labour. (2012). Settlement of Labour Disputes Law. Government of Myanmar.

Professional Standards and Continuous Learning
Chartered Institute of Personnel and Development. (2021). CIPD profession map. CIPD.
Human Resource Certification Institute. (2022). HRCI certification handbook. HRCI.
Society for Human Resource Management. (2022). SHRM body of competency and knowledge. SHRM.

Content at a Glance
Unit 1 - Foundations of Human Resource Management 1
Unit 2 - Strategic Human Resource Planning and Analytics 32
Unit 3 - Diversity, Equity, Inclusion (DEI), and Employment Law 67
Unit 4 - Job Analysis, Job Design, and Workforce Planning 96
Unit 5 - Talent Acquisition, Selection, and Employer Branding 124
Unit 6 - Performance Management Systems and Appraisal Methods 167
Unit 7 - Compensation, Benefits, and Total Rewards 191
Unit 8 - Training, Learning & Development, and Career Planning 215
Unit 9 - Occupational Health, Safety, and Employee Wellbeing 236
Unit 10 - Industrial Relations, Unions, and Dispute Resolution 257
Unit 11 - Global HRM, Expatriate Management, and Cross-Cultural HRM 273
Unit 12 - HRM in SMEs and Family-Owned Businesses 290
Unit 13 - HR Analytics, HRIS, and People Metrics 312
Unit 14 - Emerging HR Trends—AI, Automation, and the Future of Work 330
Unit 15 - Organizational Culture, Change Management, and OD Interventions 368
Unit 16 - Professional Standards, Certifications, and Continuous Learning 387
Unit 17 - Measuring HR Impact—Metrics, Dashboards, and ROI 401
Unit 18 - Local Labour Market Context and HR Practices in Myanmar 423
Unit 19 BUS301 - Human Resource Management 475
Unit 20 BUS603 - Managing People 549
Appendices 627
Pedagogy and Assessment 632
Reference Lists 641


Contents

Unit 1 - Foundations of Human Resource Management 1
1.1 Introduction to HRM 1
1.2 Evolution and History of HRM 5
1.3 Core Functions and Models of HRM 8
1.4 The HR Manager’s Role and Competencies 13
1.5 Environmental Factors Affecting HRM 18
1.6 HRM and Business Challenges 23
1.7 Case Study 27
Unit 2 - Strategic Human Resource Planning and Analytics 32
2.1 Strategic HR Planning 32
2.2 HR Planning Process 38
2.3 Forecasting Labour Demand and Supply 43
2.4 HR Response to Supply and Demand 47
2.5 Human Resource Information Systems (HRIS) and HR Analytics 52
2.6 Applications of HR Analytics 57
2.7 Case Study 62
Unit 3 - Diversity, Equity, Inclusion (DEI), and Employment Law 67
3.1 Diversity, Rights, Ethics, and Work-Life Balance 67
3.2 Legal Frameworks and Compliance 73
3.3 Discrimination and Harassment 78
3.4 Employment Equity and DEI Initiatives 84
3.5 Case Study 90
Unit 4 - Job Analysis, Job Design, and Workforce Planning 96
4.1 Strategic Role of Job Analysis 96
4.2 Job Analysis Process and Methods 101
4.3 Job Descriptions and Specifications 106
4.4 Job Design 111
4.5 Contemporary Issues in Job Design 115
4.6 Case Study 119
Unit 5 - Talent Acquisition, Selection, and Employer Branding 124
5.1 Recruitment Process 124
5.2 Recruitment Planning and Strategies 130
5.3 Legal Compliance in Recruitment 135
5.4 Application Forms, Resume Screening, and ATS 140
5.5 Interview Preparation and Structures 144
5.6 Selection Process and Models 149
5.7 Test Administration and Final Checks 154
5.8 Making the Offer 159
5.9 Case Studies 163
Unit 6 - Performance Management Systems and Appraisal Methods 167
6.1 Performance Management Fundamentals 167
6.2 Performance Appraisal Models and Methods 172
6.3 Performance Review Process 178
6.4 Addressing Performance Issues 183
6.5 Case Study 187
Unit 7 - Compensation, Benefits, and Total Rewards 191
7.1 Compensation Management 191
7.2 Total Rewards Strategy 196
7.3 Benefits and Incentives 202
7.4 Pay Equity and Transparency 207
7.5 Case Study 211
Unit 8 - Training, Learning & Development, and Career Planning 215
8.1 Training and Development Fundamentals 215
8.2 Learning Management Systems (LMS) 221
8.3 Career Development and Succession Planning 226
8.4 Case Study 232
Unit 9 - Occupational Health, Safety, and Employee Wellbeing 236
9.1 Occupational Health and Safety (OHS) Fundamentals 236
9.2 Types of Workplace Hazards 240
9.3 Legal Compliance and Best Practices 244
9.4 Promoting a Culture of Safety and Wellbeing 249
9.5 Case Study 253
Unit 10 - Industrial Relations, Unions, and Dispute Resolution 257
10.1 Introduction to Industrial Relations 257
10.2 Organizing Unions and Collective Bargaining 262
10.3 Dispute Resolution and Grievance Handling 266
10.4 Case Study 270
Unit 11 - Global HRM, Expatriate Management, and Cross-Cultural HRM 273
11.1 Global Human Resource Management 273
11.2 Expatriate Management 277
11.3 Cross-Cultural HRM 281
11.4 Case Study 286
Unit 12 - HRM in SMEs and Family-Owned Businesses 290
12.1 HRM Challenges and Strategies for SMEs 290
12.2 Practical Tools and Templates for SMEs 295
12.3 Succession Planning in SMEs and Family-Owned Businesses 300
12.4 Case Studies 305
Unit 13 - HR Analytics, HRIS, and People Metrics 312
13.1 HR Analytics Fundamentals 312
13.2 HR Software and ROI 317
13.3 Dashboards and Reporting 322
13.4 Case Study 327
Unit 14 - Emerging HR Trends—AI, Automation, and the Future of Work 330
14.1 AI and Automation in HR 330
14.2 Responsible AI Governance, Ethics, and Bias Mitigation 335
14.3 The Gig Economy, Contingent Workforce, and Flexible Work Arrangements 339
14.4 Hybrid and Remote Work Models 344
14.5 Human-Centered Leadership and Organizational Agility 348
14.6 Skills for the Future Workforce 354
14.7 Designing Agile HR Operating Models 357
14.8 Case Study 361
Unit 15 - Organizational Culture, Change Management, and OD Interventions 368
15.1 Understanding Organizational Culture 368
15.2 Change Management 373
15.3 OD Interventions (Team Building, Process Consultation, Appreciative Inquiry) 378
15.4 Case Study 382
Unit 16 - Professional Standards, Certifications, and Continuous Learning 387
16.1 HR Professionalism and Certification 387
16.2 Continuous Learning Pathways 391
16.3 Capstone Projects, Simulations, and Assessments 396
Unit 17 - Measuring HR Impact—Metrics, Dashboards, and ROI 401
17.1 Key HR Metrics and KPIs 401
17.2 HR Dashboards and Reporting 407
17.3 Calculating and Communicating HR ROI 413
17.4 Case Study 418
Unit 18 - Local Labour Market Context and HR Practices in Myanmar 423
18.1 Overview of Myanmar’s Labour Market 423
18.2 Myanmar Labour Law Compliance 427
18.3 HRM Best Practices for Myanmar SMEs 471
Unit 19 BUS301 - Human Resource Management 475
19.1 Unit 1 - The Nature of Human Resources 476
19.2 Unit 2 - Strategic Human Resource Planning and Staffing 485
19.3 Unit 3 - Recruitment and Selection 494
19.4 Unit 4 - Training, Development, and Career Planning 503
19.5 Unit 5 - Performance Management and Measurement 513
19.6 Unit 6 - Compensation and Benefits 522
19.7 Unit 7 - Safety, Health, and Wellness 528
19.8 Unit 8 - Labor Relations and Internal Employee Relations 536
Unit 20 BUS603 - Managing People 549
20.1 Unit 1 - Individual Behavior 549
20.2 Unit 2 - Motivation 559
20.3 Unit 3 - Business Communication 568
20.4 Unit 4 - Managing Human Capital 579
20.5 Unit 5 - Leadership 586
20.6 Unit 6 - Managing Groups and Teams 598
20.7 Unit 7 - Creating a Winning Organizational Culture 606
20.8 Unit 8 - Power, Politics, and Change 616
Appendices 627
Pedagogy and Assessment 632
Reference Lists 641



ကျေးဇူးတင်လွှာ (Author's Acknowledgements)

🔍 စာအုပ်တစ်အုပ် အောင်မြင်စွာ ထွက်ရှိလာဖို့
ဆိုတာ စာရေးသူ တစ်ယောက်တည်းရဲ့ ကြိုးစားမှုနဲ့
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ 📌

"Human Resource Management for MBA & SME"
စာအုပ်ကြီးကို စတင်အကောင်အထည်ဖော်တဲ့
အချိန်ကနေစလို့ အခုလို အချောသတ်
ထွက်ရှိလာတဲ့အထိ ခရီးလမ်းတစ်လျှောက်မှာ
အဖက်ဖက်ကနေ ကူညီပံ့ပိုးပေးခဲ့ကြသူတွေ
အားလုံးကို ကျွန်တော့်အနေနဲ့ အထူးပဲ
ကျေးဇူးတင်မှတ်တမ်းတင်ချင်ပါတယ်။ 📌

🔍 ပထမဆုံးအနေနဲ့ စာအုပ်ထဲမှာပါတဲ့
အကြောင်းအရာတွေက သဘောတရားသက်သက်
မဟုတ်ဘဲ လက်တွေ့လုပ်ငန်းခွင်နဲ့
အကိုက်ညီဆုံး ဖြစ်နေစေဖို့အတွက် သူတို့ရဲ့
အဖိုးတန် အတွေ့အကြုံတွေ၊ လက်တွေ့ကျတဲ့
အကြံဉာဏ်တွေကို အချိန်ပေးပြီး ဝေမျှပေးခဲ့ကြတဲ့
HR ပညာရှင်တွေ၊ SME လုပ်ငန်းရှင်တွေနဲ့
တက္ကသိုလ်/သင်တန်းကျောင်းအသီးသီးက
လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမတွေကို
အထူးပဲ ကျေးဇူးတင်ပါတယ်။ 📌

🔍 သူတို့ရဲ့ အကြံပြုချက်တွေက ဒီစာအုပ်
ကိုပိုပြီး အသက်ဝင် ပြည့်စုံသွားစေခဲ့တာပါ။
ဒါ့အပြင် စာမူတွေကို စိတ်ရှည်လက်ရှည်
ဖတ်ရှုစစ်ဆေးပြီး လိုအပ်တာတွေ တည်းဖြတ်
ပြင်ဆင်ပေးခဲ့ကြတဲ့ အယ်ဒီတာအဖွဲ့နဲ့
ဒီစာအုပ်လေးကို စာဖတ်သူတွေလက်ထဲ
အကောင်းဆုံး အနေအထားနဲ့ ရောက်ရှိသွားအောင်
နောက်ကွယ်ကနေ ကြိုးပမ်းပေးခဲ့ကြတဲ့
ပုံနှိပ်ထုတ်ဝေရေးအဖွဲ့က ကိုကျော်ဇေယျနဲ့
တာဝန်ရှိသူ တစ်ဦးချင်းစီတိုင်းကိုလည်း
လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။ 📌

ဒီစာအုပ်ကို ပြုစုရေးသားနေတဲ့ အချိန်တွေအတွင်း
မှာ အချိန်ပေး၊ နားလည်ပေးပြီး နောက်ကွယ်ကနေ
အမြဲတမ်း ခွန်အားပေး ပံ့ပိုးပေးခဲ့တဲ့ ကျွန်တော့်ရဲ့
မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း
အထူးပဲ ကျေးဇူးတင်ပါတယ်။ 📌

🔍 သူတို့ရဲ့ ဖေးမမှုနဲ့ စိတ်ဓာတ်ခွန်အားပေးမှုတွေ
မပါဘဲနဲ့ ဒီပရောဂျက်ကြီး အောင်မြင်စွာ
ပြီးဆုံးနိုင်မှာ မဟုတ်ပါဘူး။

🔍 နောက်ဆုံးအနေနဲ့ ဒီစာအုပ်ကို ဖတ်ရှုလေ့လာ
ကြမယ့် MBA ကျောင်းသား၊ ကျောင်းသူတွေ၊
SME လုပ်ငန်းရှင်တွေနဲ့ HR နယ်ပယ်က ညီအစ်ကို
မောင်နှမတွေကို ကျေးဇူးတင်ပါတယ်။ 📌

🔍 သင်တို့ရဲ့ လေ့လာသင်ယူလိုစိတ်နဲ့ အဖွဲ့အစည်း
တွေကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ချင်တဲ့
ဆန္ဒတွေက ကျွန်တော့်အတွက် ဒီစာအုပ်ကို
အကောင်းဆုံးဖြစ်အောင် ရေးသားချင်စိတ်
ဖြစ်ပေါ်စေတဲ့ အဓိက တွန်းအားတွေပဲ ဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။ 📌
ဝေဖြိုးအောင် (AIT Computer)

👨🏻‍🎓စာဖတ်ရုံသက်သက် မဟုတ်ဘဲ တက်ကြွ
လှုပ်ရှားပြီး လက်တွေ့အသုံးချနိုင်မည့်
လမ်းညွှန်စာအုပ်များ ဖြစ်ပါတယ်…
သင့်လုပ်ငန်းနဲ့ သင့်ရဲ့ အရည်အချင်းကို
အဆင့်မြှင့်တင်ဖို့ အခုပဲ
ရွှေပေလွှာ 09 262 873 002 မှာ မှာယူလိုက်ပါ ✅






















fans

Mikrotik Router configuration သင်တန်း 11-7-2026အတန်းစပါမယ်ခင်ဗျာ။Saturday -Sunday8:00PM-9:30PMOnline အတန်းမရှိဘူလားမရှိဘ...
06/07/2026

Mikrotik Router configuration သင်တန်း 11-7-2026အတန်းစပါမယ်ခင်ဗျာ။
Saturday -Sunday
8:00PM-9:30PM
Online အတန်းမရှိဘူလားမရှိဘူလား လို့မေးနေသူများအတွက် Online အတန်းဖွင့်ပေးထားပါတယ်ခင်ဗျာ။
သင်တန်းကျောင်းကို လဲလူကိုယ်တိုင်လာတက်လို့လဲရပါတယ်ခင်ဗျာ။
1. Network
2. Mikrotik Router configuration
3. TP Link Router configuration
4. Reyee Router configuration
5. File Sharing
6. Unifi Access Point
7. Ubiquiti Point to Point
8. CCTV installation
Hotel and Office Wifi အပိုင်းတွေကတော့.......¬¬¬¬¬
Mikrotik RouterBoard နှင့် Unifi Access Point (unifi controller) Devices များကိုအသုံးပြုပြီး စက်စမ်းချိန်အများဆုံးဖြင့် သင်ကြားပေးမှာပါ ။ အသေးစိတ်သင်ကြားမှုတွေနဲ့အတူ စာတွေမေ့သွားရင်တောင် အစအဆုံးပြန်ကြည့်လို့ရတဲ့ screen shoot ပုံတွေနဲ့ တဆင့်ချင်း လုပ်ပြထားတဲ့ စာအုပ်ပါ အပိုင်ပေးလိုက်မှာဖြစ်ပါတယ်။
Mikrotik RouterBoard ကို configuration မချဖူးသူများ , Bridge ခွဲပိး DHCP Server နှစ်ခုတည်ဆောက်ခြင်းများ , Office and Hotel Network များအတွက် Network Configuration များ, User Level အလိုက် Bandwidth Control Setting များချခြင်း , Website များပိတ်ခြင်း , Hotel Hotspot Server တည်ဆောက်ခြင်းနှင့် DNS Server Configuration Setting များ , Hotspot User များတည်ဆောက်ခြင်း , Hotspot Login Page များ ပြုပြင်ပြောင်းလဲခြင်း , Hotpot User အလိုက် Bandwidth များ ခွဲခြားခြင်းများ , User အလိုက် အသုံးမပြုစေချင်သော website များပိတ်ထားခြင်းများ , Radius Server တည်ဆောက်ခြင်း , Hotspot Server နှင့် Radius ဖြင့်ချိတ်ဆက်ပီး Configuration များချခြင်း , Mikrotik User Manager ကိုအသုံးပြုပီး Hotspot User များတည်ဆောက်ခြင်း , Mikrotik Access Point mode and Station mode များ Setting ချခြင်း , Hotspot User Voucher ထုတ်နိုင်သည်အထိ Hotspot Server and Mikrotik Usermanager အကြောင်းများ သေချာစွာ သင်ကြားပေးမှာဖြစ်ပါတယ်။ Configuration Lap များအတွက် အချိန်များများပေးပီး သေချာစွာ Configuration ချနိုင်သည်အထိ သင်ကြားပေးမှာဖြစ်ပါတယ်။
Hotel ကျယ်သော Wifi Network တည်ဆောက်နိုင်ခြင်းသူများအတွက် Unifi Controller Configuration များ အသေးစိတ် သင်ကြားပေးမှာဖြစ်ပါတယ်။
Internet and Office Network များအတွက် Wifi Network တစ်ခု မဖြစ်မနေလိုအပ်ပါတယ် ။ Area ကျယ်ဝန်းသော Hotel များ Office များအတွက် နေရာအနှံံ့ Wifi မိစေရန် Unifi Access Point Device များအသုံးပြုပီး Area
Line များပေါများလာသည်နှင့်အညီ Internet WAN Line များ ပေါင်းစည်းခြင်း , Network Traffic များ ပြတ်တောက်မသွားစေရန် WAN 3 Line Loadbalancing Configuration များ အကြိမ်ကြမ်စမ်းသပ် သင်ကြားပေးမှာဖြစ်ပါတယ်။
***(Class တစ်ခုလျှင် သင်တန်းသား 20 ဦးသာ လက်ခံသင်ကြားပေးမှာဖြစ်ပါတယ်)-
ယခု သင်တန်းကြေး = 200000ကျပ်
ငွေလွှဲအမှားအယွင်းများကင်းရှင်းစေရန်ငွေမလွဲမီဖုန်းဖြင့်ကြိုတင်ဆက်သွယ်ပြီးမှလွှဲပါရန်မေတ္တာရပ်ခံအပ်ပါသည်။
For KBZ Pay-09448548490

Address

No. 242, 1Fl; Kyike Ka San Street, Tamwe Township
Yangon
11211

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Website

Alerts

Be the first to know and let us send you an email when KIT Software & Book Sale posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share