ATOM WiFi Sale Team

ATOM WiFi Sale Team Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ATOM WiFi Sale Team, Telecommunication Company, Sule Square Office Tower, Sule Pagoda Road, Kyauktada Tsp, Yangon.

🌐 ATOM Direct Sale Team Yangon တာဝန်ခံ အရောင်းကိုယ်စားလှယ်အဖွဲ့ဖြစ်ပါတယ်ရှင်။ATOM Fiber / ATOM အိတ်ဆောင်စက်များကိုယုံကြည့်စိတ်ချစွာ အိမ်ရောက်ငွေချေဖြစ်ဝယ်ယူနိုင်ပါတယ်ရှင်။
☎️ 09790770032
☎️ 09758258271

🎉 ကျပ်သိန်း (၅၀) ရဲ့ ကံထူးရှင် ထွက်ပေါ်လာပါပြီ! 🎉ATOM Power Fiber ရဲ့ “ထပ်ဆောင်းအပိုသုံး” အစီအစဉ် (ဇူလိုင်လ ၇ ရက်မှ ၁၃ ရ...
16/07/2026

🎉 ကျပ်သိန်း (၅၀) ရဲ့ ကံထူးရှင် ထွက်ပေါ်လာပါပြီ! 🎉
ATOM Power Fiber ရဲ့ “ထပ်ဆောင်းအပိုသုံး” အစီအစဉ် (ဇူလိုင်လ ၇ ရက်မှ ၁၃ ရက်အထိ) ရဲ့ အပတ်စဉ် ကျပ်သိန်း (၅၀) ကံထူးရှင် (၁) ဦး ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ကံထူးရှင်ကြီးအတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူပါတယ်ခင်ဗျာ။🤩

✨ နောက်ထပ် ရင်ခုန်စရာ အထူးဆုကြီး...
ပြီးတော့... မတ်လ (၁) ရက်နေ့မှ ဇွန်လ (၃၀) ရက်နေ့အတွင်း ပရိုမိုးရှင်းပက်ကေ့ချ် ဝယ်ယူထားသူတွေထဲကနေ အထူးဆု ကျပ်သိန်း (၂၀၀) ကံထူးရှင်ကြီးကိုလည်း ယခု ဇူလိုင်လအတွင်းမှာပဲ ဆက်လက်ရွေးချယ်ပေးသွားဦးမှာမို့ အားလုံးပဲ ဆက်လက်ရင်ခုန်ပေးကြပါဦးနော်။

🚨 အရေးကြီးသတိပေးချက်
ATOM Power Fiber ရဲ့ “ထပ်ဆောင်းအပိုသုံး” ကံထူးရှင်များကို ၀၉ ၇၇၉ ၉၉၅ ၀၅၀ ဖုန်းနံပါတ်တစ်ခုတည်းကနေပဲ တရားဝင် ဆက်သွယ်ပေးသွားမှာ ဖြစ်ပါတယ်။

#ထပ်ဆောင်းအပိုသုံး

📢 ATOM Business Internet တပ်ဆင်ချင်ပါသလား?အမြန်ဆုံး Order တင်ပြီး အင်တာနက်လိုင်း တပ်ဆင်နိုင်ပါပြီ။✅ Order တင်ရာတွင် လိုအ...
16/07/2026

📢 ATOM Business Internet တပ်ဆင်ချင်ပါသလား?

အမြန်ဆုံး Order တင်ပြီး အင်တာနက်လိုင်း တပ်ဆင်နိုင်ပါပြီ။

✅ Order တင်ရာတွင် လိုအပ်သော အချက်အလက်များ

▪️ အမည်
▪️ နေရပ်လိပ်စာ
▪️ မှတ်ပုံတင်ရှေ့/နောက် ဓာတ်ပုံ
▪️ Location အတိအကျ (Lat, Long)
▪️ လိုချင်သော Internet Speed (Mbps)
▪️ ရွေးချယ်မည့် Plan အမျိုးအစား

📩 အထက်ပါ အချက်အလက်များကို Page Chat Box သို့မဟုတ် Viber မှ ပေးပို့ပြီး Order တင်နိုင်ပါသည်။

⚡ မြန်နှုန်းမြင့် Fiber Internet
⚡ 24/7 Customer Support
⚡ လုပ်ငန်းသုံးနှင့် အိမ်သုံးအတွက် အဆင်ပြေ

📞 ဆက်သွယ်ရန် - 09758258271

ATOM Business Fiber Internet
မြန်ဆန်တည်ငြိမ်တဲ့ အင်တာနက်ဝန်ဆောင်မှုအတွက် ယနေ့ပဲ Order တင်လိုက်ပါ! 🚀

ဒီနေ့ခေတ်မှာ Internet မရှိရင် ဘယ်မှသွားလို့မဖြစ်ဘူးနော်! 🌍✈️ဘယ်နေရာရောက်ရောက် လိုင်းဆွဲအားအလန်းစားနဲ့ စိတ်ကြိုက် သုံးလို...
15/07/2026

ဒီနေ့ခေတ်မှာ Internet မရှိရင် ဘယ်မှသွားလို့မဖြစ်ဘူးနော်! 🌍✈️

ဘယ်နေရာရောက်ရောက် လိုင်းဆွဲအားအလန်းစားနဲ့ စိတ်ကြိုက် သုံးလို့ရမယ့် ATOM Mini Pro (Portable WiFi) ရှိနေပြီဆိုတော့ လိုင်းကျသွားမလားဆိုပြီး ပူစရာမလိုတော့ဘူးပေါ့။ 🥰

အိတ်ကပ်ထဲ အလွယ်တကူ ထည့်သွားလို့ရတဲ့အပြင် 👜
3000mAh အကြမ်းခံ ဘက်ထရီကြောင့် ခရီးဝေးသွားလည်း စိတ်ချရတယ်၊🔋

Wi-Fi 6 စနစ်နဲ့မို့လို့ Speed ကလည်း ရှယ်မြန်၊ ⚡
LTE CAT4 (DL 150Mbps) ကြောင့် ဗီဒီယိုတွေ ကြည့်မလား၊ အလုပ်ကိစ္စတွေပဲ လုပ်မလား စိတ်ကြိုက် ဇိမ်နဲ့ သုံးရုံပဲ!

ဒီဇိုင်းကလည်း အမိုက်စား၊ သယ်ရတာလည်း လွယ်ကူတဲ့ ATOM Mini Pro ကို အခုပဲ ဆောင်ထားလိုက်တော့နော်။ 😉✨

Order Now - 09790770032,09758258271

လိုင်းဆွဲအားအပြည့်ပြနေပေမယ့် အင်တာနက်သုံးရတာ ထစ်ငေါ့ထစ်ငေါ့နဲ့ စိတ်တိုင်းမကျဖြစ်ဖူးကြတယ်မလား။ 🤔WiFi နှေးရတဲ့အကြောင်းအရင်...
14/07/2026

လိုင်းဆွဲအားအပြည့်ပြနေပေမယ့် အင်တာနက်သုံးရတာ ထစ်ငေါ့ထစ်ငေါ့နဲ့ စိတ်တိုင်းမကျဖြစ်ဖူးကြတယ်မလား။ 🤔

WiFi နှေးရတဲ့အကြောင်းအရင်းက အင်တာနက်လိုင်းတစ်ခုတည်းကြောင့်တင်မဟုတ်ဘဲ ကျွန်တော်တို့နေ့စဉ် သတိမထားမိတဲ့ အိမ်တွင်းက အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အခုပုံလေးထဲမှာ ပြထားတဲ့ WiFi ကို နှေးကွေးစေတဲ့ အဓိကအချက် (၅) ချက်ကို အတူတူ စစ်ဆေးကြည့်ရအောင်။ 👇

📍 ၁။ Router နေရာချထားမှုမှားယွင်းခြင်း (Poor Router Placement)
WiFi လှိုင်းတွေဟာ ကွန်ကရစ်နံရံ၊ မှန်ချပ်နဲ့ သတ္တုပစ္စည်းတွေကို ဖြတ်သန်းရတဲ့အခါ လှိုင်းအား သိသိသာသာ လျော့နည်းသွားတတ်ပါတယ်။ Router ကို လူမြင်ကွင်းနဲ့ အိမ်ရဲ့ အလယ်ဗဟို အမြင့်တစ်နေရာမှာ ထားပေးဖို့ လိုအပ်ပါတယ်။

⚡ ၂။ လှိုင်းနှောင့်ယှက်မှု (Interference)
အိမ်သုံး Microwave မီးဖိုတွေ၊ Bluetooth ပစ္စည်းတွေနဲ့ Baby Monitor တွေဟာ WiFi ရဲ့ လှိုင်းနှုန်း (Frequency) ကို ဝင်ရောက်နှောင့်ယှက်ပြီး အင်တာနက်အမြန်နှုန်းကို ကျဆင်းစေတတ်ပါတယ်။

📱 ၃။ ချိတ်ဆက်ထားသည့် စက်များပြားခြင်း (Too Many Connected Devices)
အိမ်မှာ ဖုန်း၊ ကွန်ပျူတာ၊ Smart TV စတဲ့ စက်ပစ္စည်းတွေ အများကြီးကို တစ်ပြိုင်နက် ချိတ်ဆက်သုံးစွဲနေရင် WiFi လိုင်းကို အပြိုင်အဆိုင် ခွဲဝေယူရတဲ့အတွက် နှေးသွားတတ်ပါတယ်။

📉 ၄။ Bandwidth ကန့်သတ်ချက် (Limited Bandwidth)
အိမ်သားတစ်ယောက်ယောက်က ဖိုင်အကြီးကြီးတွေ Download ဆွဲနေတာ၊ 4K ဗီဒီယိုတွေ ကြည့်နေတာ သို့မဟုတ် Online Game အကြီးကြီးတွေ ဆော့နေရင် Bandwidth အများစုကို ယူသုံးသွားတဲ့အတွက် ကျန်တဲ့သူတွေမှာ လိုင်းနှေးသွားပါလိမ့်မယ်။

⚙️ ၅။ Router သို့မဟုတ် စက်အိုဟောင်းခြင်း (Outdated Router or Device)
မိမိသုံးနေတဲ့ Router သို့မဟုတ် ဖုန်း/ကွန်ပျူတာက သက်တမ်းကြာမြင့်နေပြီဆိုရင် ခေတ်မီအင်တာနက်အမြန်နှုန်းအသစ်တွေကို ကောင်းကောင်းမပံ့ပိုးပေးနိုင်တော့ပါဘူး။

> 💡 Tip: သင့်အိမ်က WiFi လိုင်းတွေ ပုံမှန်ထက် ထူးပြီး နှေးနေတယ်ဆိုရင် အပေါ်က အချက်လေးတွေကို တစ်ချက်ချင်းစီ လိုက်စစ်ကြည့်ပြီး ပြင်ဆင်ကြည့်ပါနော်။

>
သင့်အိမ်မှာကော ဘယ်အချက်ကြောင့် အင်တာနက်နှေးနေတတ်လဲ? ကွန်မန့်မှာ မျှဝေပေးခဲ့ကြပါဦး။ 👇

🚀 သင့်လုပ်ငန်းရဲ့ ဒီဂျစ်တယ်ခရီးစဉ်ကို အရှိန်အဟုန်မြှင့်တင်ဖို့ ATOM Fiber Business Plan ရှိတယ်!လုပ်ငန်းတစ်ခု အောင်မြင်ဖိ...
13/07/2026

🚀 သင့်လုပ်ငန်းရဲ့ ဒီဂျစ်တယ်ခရီးစဉ်ကို အရှိန်အဟုန်မြှင့်တင်ဖို့ ATOM Fiber Business Plan ရှိတယ်!
လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ မြန်ဆန်ပြီး တည်ငြိမ်တဲ့ အင်တာနက်ချိတ်ဆက်မှုက အဓိကသော့ချက်ပါပဲ။
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကနေ Corporate အဆင့်အထိ စိတ်ကြိုက်ရွေးချယ်နိုင်မယ့် ATOM Fiber Business Plan တွေကို အထူးစျေးနှုန်းတွေနဲ့ ဝန်ဆောင်မှုပေးနေပါပြီ။ ✨

🌐 စျေးနှုန်းနှင့် အစီအစဉ်များ

Business Elite - 125 Mbps | 30 Days - 145,999 MMK
Business Elite - 150 Mbps | 30 Days - 169,999 MMK
Business Elite - 175 Mbps | 30 Days - 199,999 MMK
Business Elite - 225 Mbps | 30 Days - 224,999 MMK
Business Elite - 300 Mbps | 30 Days - 399,999MMK

🎁 180 Days (Promo) အစီအစဉ်ကို ရွေးချယ်ပြီး ပိုမိုသက်သာတဲ့ အထူးပရိုမိုးရှင်းစျေးနှုန်းတွေကို ရယူလိုက်ပါ။
📞 အသေးစိတ်စုံစမ်းမေးမြန်းပြီး အခုပဲ တပ်ဆင်ချိတ်ဆက်လိုက်ပါ - 09758258271
⏱️ ၂၄ နာရီပတ်လုံး လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်အဆင်ပြေစေဖို့ အမြဲအသင့်ရှိနေပါတယ်!
Order Now - 09758258271

လိုင်းဆွဲအားလည်း ရှယ်ကောင်း... ဆုကြီးတွေလည်း ကံထူးနိုင်မယ့် အခွင့်အရေးကြီး ရောက်လို့လာပါပြီ! 🤩✨ATOM Power Fiber ကို ၆ လ ...
12/07/2026

လိုင်းဆွဲအားလည်း ရှယ်ကောင်း... ဆုကြီးတွေလည်း ကံထူးနိုင်မယ့် အခွင့်အရေးကြီး ရောက်လို့လာပါပြီ! 🤩✨
ATOM Power Fiber ကို ၆ လ ဝယ်၊ ၆လ အပိုသုံးရင်းနဲ့ ကျပ်သိန်း ၃၀၀ ဆုကြီးကို ကံထူးပိုင်ဆိုင်နိုင်မယ့် "ထပ်ဆောင်းအပိုသုံး ပရိုမိုးရှင်း" ကြီးရှိနေပြီနော်။
အိမ်သားတွေအကုန် စိတ်ကြိုက် အင်တာနက်သုံးရင်း သိန်း ၃၀၀ ရဲ့ ကံထူးရှင် ဘယ်သူဖြစ်မလဲဆိုတာ ရင်ခုန်လိုက်ရအောင်။ 👨‍👩‍👦💻📱

#ထပ်ဆောင်းအပိုသုံး

11/07/2026

မင်္ဂလာပါ ATOM မိသားစုဝင်တို့ရေ... ✨
မြန်ဆန်သွက်လက်ပြီး လိုင်းဆွဲအားအကောင်းဆုံး ATOM Power Fiber ကို အခုပဲ တပ်ဆင်လိုက်ပါ။
သင့်ရဲ့ အနာဂတ်အတွက် အကောင်းမွန်ဆုံး စွမ်းဆောင်ရည်တွေနဲ့အတူ ယုံကြည်စိတ်ချရတဲ့ အင်တာနက်လိုင်းကို ရှာဖွေနေတယ်ဆိုရင်တော့ ATOM Power က အသင့်ရှိနေပါပြီ။
အခုဆိုရင် ဆုမဲပေါင်းများစွာနဲ့ ထူးခြားတဲ့ ပရိုမိုးရှင်းတွေ၊ လက်ဆောင်တွေ စောင့်ကြိုနေတဲ့ ကျွန်တော်တို့ရဲ့ အရောင်းကုိုယ်စားလှယ် Booth လေးဆီကို အမြန်ဆုံး လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 💡✨
🚀 Built for Your Speed! Ready for Seamless Life!
🔗 လက်မလွှတ်တမ်း အခုပဲ ချိတ်ဆက်လိုက်ပါ။

သွားလေရာ မရှိမဖြစ် အိတ်ဆောင် WiFi 🌟ခရီးသွားမလား၊ ရုံးပြင်ပမှာ အလုပ်လုပ်မလား၊ လိုင်းဆွဲအားအကောင်းဆုံးနဲ့ စိတ်ကြိုက်သုံးလိ...
10/07/2026

သွားလေရာ မရှိမဖြစ် အိတ်ဆောင် WiFi 🌟
ခရီးသွားမလား၊ ရုံးပြင်ပမှာ အလုပ်လုပ်မလား၊ လိုင်းဆွဲအားအကောင်းဆုံးနဲ့ စိတ်ကြိုက်သုံးလို့ရမယ့် Portable Pocket MiFi စက်အလန်းစားနှစ်မျိုးကို ATOM Business ကနေ အထူးမိတ်ဆက်ပေးလိုက်ပါတယ်။

လူကြီးမင်းတို့ရဲ့ လိုအပ်ချက်အလိုက် ရွေးချယ်နိုင်မယ့် Model နှစ်ခုရဲ့ အချက်အလက်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်ခင်ဗျာ။

1. MF880 Pocket MiFi (ဖြူစင်သန့်ရှင်းတဲ့ ဒီဇိုင်း)
Battery အမခံနိုင်မှု: 2100 mAh (၈ နာရီအထိ ဆက်တိုက်အသုံးခံခြင်း)
Network စနစ်: 4G/5G Wireless Mobile WiFi Plus (LTE CAT4)
အထူးပြုချက်: Smart LCD Color Display ပါဝင်လို့ Battery လက်ကျန်၊ လိုင်းအခြေအနေနဲ့ သုံးစွဲမှုပမာဏကို အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။

2. Rugged 4G/5G+ MiFi (အကြမ်းခံ၊ ဘက်ထရီအကြီးစား)
Battery အမခံနိုင်မှု: 4000 mAh အားအပြည့် (တစ်နေ့တာလုံး စိတ်ချလက်ချ အသုံးပြုနိုင်ခြင်း)
ဒီဇိုင်း: မာကျောခိုင်ခံ့ပြီး စတိုင်ကျတဲ့ ရုပ်ထွက်နဲ့ သယ်ဆောင်ရလွယ်ကူခြင်း

အထူးပြုချက်: Battery သက်တမ်း ပိုမိုကြာရှည်စွာ အသုံးပြုလိုသူများအတွက် အထူးသင့်လျော်ပါတယ်။

📌 ဝယ်ယူရရှိနိုင်မယ့် အထူးအခွင့်အရေး
🛡️ ၃ လ တိတိ အာမခံ (3-Month Warranty) အပြည့်အဝ ပါဝင်လို့ စိတ်ချလက်ချ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

📬 လူကြီးမင်းတို့ လုပ်ငန်းအတွက်ဖြစ်စေ၊ ကိုယ်ပိုင်အသုံးပြုဖို့ဖြစ်စေ အသေးစိတ် စုံစမ်းမေးမြန်းလိုပါက:
ဖုန်းနံပါတ်: 📞 09758258271
YGN DST - ATOM Business သို့ အမြန်ဆုံး ဆက်သွယ်မှာယူနိုင်ပါပြီခင်ဗျာ။

⚡️ ATOM Business SIM card နဲ့ Flexinet Package တွေကို သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ဝယ်ယူရရှိနိုင်ပါပြီ။80 GB ပါတဲ့ SIM card ...
08/07/2026

⚡️ ATOM Business SIM card နဲ့ Flexinet Package တွေကို သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ဝယ်ယူရရှိနိုင်ပါပြီ။

80 GB ပါတဲ့ SIM card ကို ၃၅၀၀၀ ကျပ်ထဲနဲ့ ရရှိမှာ ဖြစ်သလို၊ စိတ်ကြိုက် ရွေးချယ်နိုင်တဲ့ package တွေကိုလည်း ဈေးနှုန်း သက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်။

💸 နယ်ဝေးက ဝယ်ချင်သူတွေအတွက် KBZPay/WavePay တွေနဲ့ ငွေပေးချေနိုင်သလို ပစ္စည်းရောက်မှ ငွေချေစနစ် (COD) နဲ့လည်း ပို့ဆောင်ပေးပါတယ်။

☎️ စိတ်ဝင်စားရင် - 09758258271 / 09790770032 ကို ဆက်သွယ် စုံစမ်း ဝယ်ယူနိုင်ပါပြီ။

Wi-Fi အသုံးပြုရာမှာ လူတော်တော်များများ သတိမထားမိဘဲ လုပ်မိတတ်တဲ့ အမှားလေးတွေကို ရှောင်ကြဉ်ရုံနဲ့ အင်တာနက်လိုင်း ပိုမိုမြန...
07/07/2026

Wi-Fi အသုံးပြုရာမှာ လူတော်တော်များများ သတိမထားမိဘဲ လုပ်မိတတ်တဲ့ အမှားလေးတွေကို ရှောင်ကြဉ်ရုံနဲ့ အင်တာနက်လိုင်း ပိုမိုမြန်ဆန်လာစေပြီး ဆိုက်ဘာအန္တရာယ်တွေကနေလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အချက်အလက်တစ်ခုချင်းစီရဲ့ အကျဉ်းချုပ် ရှင်းလင်းချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -

၁။ Wi-Fi စတပ်ချိန်မှာ ပါလာတဲ့ မူလ Password (Default Password) ကို မပြောင်းဘဲ သုံးတာဟာ အိမ်တံခါးကို သော့မခတ်ဘဲ ဖွင့်ထားတာနဲ့ တူပြီး၊ ဟက်ကာတွေ ခိုးသုံးဖို့ အလွန်လွယ်ကူသွားစေပါတယ်။ Router တပ်ပြီးချိန်မှာ Router Admin Panel ရဲ့ Username/Password နဲ့ Wi-Fi စကားဝှက်ကို ချက်ချင်း ခန့်မှန်းရခက်တဲ့ စကားဝှက်အသစ်တွေ ပြောင်းလဲ အသုံးပြုသင့်ပါတယ်။

၂။ အများသုံး Free Wi-Fi တွေဟာ လူဆိုးတွေက ကြားကနေ Data ခိုးယူဖို့ အလွန်အန္တရာယ်များတဲ့ နေရာတွေ ဖြစ်ပါတယ်။ Public Wi-Fi ချိတ်ထားချိန်မှာ Mobile Banking သုံးတာ၊ အရေးကြီး Account တွေ Login ဝင်တာမျိုး လုံးဝမလုပ်ဘဲ Mobile Data (သို့မဟုတ်) လုံခြုံစိတ်ချရတဲ့ VPN ခံပြီးမှသာ အသုံးပြုသင့်ပါတယ်။

၃။ Router တွေမှာ Dual-Band (လိုင်းနှစ်လိုင်း) ပါဝင်ပြီး၊ 5 GHz Wi-Fi ဟာ Router နဲ့ နီးချိန်မှာ လိုင်းအလွန်မြန်ပေမယ့် အကွာအဝေးတိုတိုပဲ ရပါတယ်။ 2.4 GHz Wi-Fi ဟာ Router နဲ့ ဝေးတဲ့အခန်းကနေ သုံးရင် ရွေးချယ်သင့်ပြီး၊ အဝေးကြီးအထိ လိုင်းမိစေပေမယ့် အမြန်နှုန်း အသင့်အတင့်ပဲ ရှိပါတယ်။

၄။ Router ကို ရက်ဆက်တိုက် အဆက်မပြတ် ဖွင့်ထားတဲ့အခါ လိုင်းကျပ်တာ၊ လိုင်းနှေးတာတွေ ဖြစ်လာတတ်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ် Router ကို ပိတ်ပြီး Restart ချပေးခြင်းဖြင့် Router ရဲ့ သက်တမ်းကို ရှည်စေပြီး အင်တာနက်လိုင်းကို ပြန်လည်သွက်လက် မြန်ဆန်စေပါတယ်။

ဒီအချက် (၄) ချက်ကို သတိထား ရှောင်ကြဉ်ပြီး စနစ်တကျ အသုံးပြုမယ်ဆိုရင်တော့ သင့်ရဲ့ Wi-Fi ဟာ ဆိုက်ဘာအန္တရာယ်ကနေ လုံခြုံစိတ်ချရပြီး အမြဲတမ်း အမြန်နှုန်း အကောင်းဆုံးနဲ့ အလုပ်လုပ်နေမှာ သေချာပါတယ်။

💡 အကြံပြုချက်: ဒီအချက် (၄) ချက်ကို သတိထား ရှောင်ကြဉ်ပြီး စနစ်တကျ အသုံးပြုမယ်ဆိုရင်တော့ သင့်ရဲ့ Wi-Fi ဟာ ဆိုက်ဘာအန္တရာယ်ကနေ လုံခြုံစိတ်ချရပြီး အမြဲတမ်း အမြန်နှုန်း အကောင်းဆုံးနဲ့ အလုပ်လုပ်နေမှာ သေချာပါတယ်။

Address

Sule Square Office Tower, Sule Pagoda Road, Kyauktada Tsp
Yangon

Website

Alerts

Be the first to know and let us send you an email when ATOM WiFi Sale Team posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share