02/07/2023
🖥️🟦𝘽𝙡𝙪𝙚 𝙎𝙘𝙧𝙚𝙚𝙣 𝙤𝙛 𝘿𝙚𝙖𝙩𝙝 (𝘽𝙎𝙊𝘿)
𝑯𝒆𝒍𝒍𝒐 𝑼𝑻𝑻𝒆𝒓𝒔!!!
အားလုံးပဲ မင်္ဂလာပါခင်ဗျာ🙇
Computer Userတွေ ဆယ်ယောက်မှာ ကိုးယောက်လောက်က Computerသုံးနေရင်းဖြစ်စေ ဒီနေ့Shut Downချပြီး နောက်နေ့စက်ပြန်ဖွင့်တဲ့အချိန် သိပ်ကိုစိတ်ညစ်ဖို့ကောင်းတဲ့ အပြာရောင်စက်ခရင်ကြီးတက်,တက်လာတာကို ကြုံဖူး မြင်ဖူးကြမှာ မလွဲဧကန်ပါပဲဗျာ…☹️
ကဲဗျာ…အဲ့တော့ ဒီတစ်ပတ်ရဲ့ Knowledge Sharingကဏ္ဍမှာတော့ 𝑼𝑻𝑻𝒆𝒓လေးတွေရဲ့ အဖိုးတန်PCတွေမှာ ဘာကြောင့် ဒီစိတ်ညစ်စရာကောင်းလှတဲ့ Blue Screen errorကြီးတက်,တက်လာတာလဲဆိုတဲ့ အကြောင်းအရင်းတွေကို တင်ဆက်ပေးသွားမှာပါခင်ဗျာ။
𝗧𝗶𝗽 𝟭>>> 𝗛𝗮𝗿𝗱𝘄𝗮𝗿𝗲 𝗶𝘀𝘀𝘂𝗲
မှားယွင်းသော Hardwareအစိတ်အပိုင်းများ တပ်ဆင်အသုံးပြုမိခြင်း။
Hardwareအစိတ်အပိုင်းတွေဖြစ်တဲ့ RAM, Hard Disk, Graphic, Motherboardတွေကို မိမိPCနဲ့ Modelလွဲနေတာပဲဖြစ်ဖြစ် မိမိPCက Supportပေးနိုင်တဲ့ Levelကျော်သွားတာပဲဖြစ်ဖြစ် မှားယွင်းစွာ တပ်ဆင်မိရင်တော့ Blue Screenဖြစ်ပေါ်လာနိုင်ပါတယ်ခင်ဗျာ။
လုံလောက်တဲ့Powerအထောက်အပံ့မရခြင်း၊ အပူလွန်ကဲခြင်းတွေကလည်း Blue Screenဖြစ်နိုင်ပါသေးတယ်တဲ့ဗျ။
𝗧𝗶𝗽 𝟮>>> 𝗗𝗿𝗶𝘃𝗲𝗿 𝗜𝗻𝗰𝗼𝗺𝗽𝗮𝘁𝗶𝗯𝗶𝗹𝗶𝘁𝘆
မိမိPCနှင့်လိုက်ဖက်မှုမရှိသော Driverများ Runထားမိခြင်း။
Out of Dateဖြစ်နေတာမျိုး၊ လိုက်ဖက်မှုမရှိတဲ့ Driverမျိုး အဲ့လိုမျိုးတွေက Blue Screen errorကိုဖြစ်စေနိုင်ပါတယ်ခင်ဗျာ။
ဪ…လူတွေမှာတောင် ကိုယ်နဲ့မလိုက်ဖက်ဘူးထင်ရင် ငြင်းကြသေးတာဘဲလေဗျာ Driverတွေလည်း အဲ့လိုပဲပေါ့…" ဟင် …ငါ့လိုUpdateဖြစ်နေတဲ့ Driverမျိုးက သူ့လိုOut of Dateဖြစ်နေတဲ့ စက်ကြီးပေါ်မှာ မတန်မရာRunရမှာသတဲ့လား"ဆိုပြီး ငြင်းလွှတ်ကြလေခြင်းပေါ့🥺
𝗧𝗶𝗽 𝟯>>> 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 𝗖𝗼𝗻𝗳𝗹𝗶𝗰𝘁𝘀 𝗼𝗿 𝗘𝗿𝗿𝗼𝗿𝘀
လွဲမှားသော Softwareများ ထည့်သွင်းမိခြင်း (သို့မဟုတ်) Softwareပဋိပက္ခဖြစ်ခြင်း။
OSနဲ့Software နောင်ဂျိန်ချပြန်ရင်လည်း ဘာမဆိုင် ညာမဆိုင် Blue Screenတက်လို့ စိတ်ဒုက္ခရောက်ရတာ ကျွန်တော်တို့တွေပါပဲခင်ဗျာ…🥹
𝗧𝗶𝗽 𝟰>>> 𝗠𝗮𝗹𝘄𝗮𝗿𝗲 𝗼𝗿 𝗩𝗶𝗿𝘂𝘀 𝗜𝗻𝗳𝗲𝗰𝘁𝗶𝗼𝗻𝘀
အန္တရာယ်ရှိသော Software (သို့မဟုတ်) Virusများရှိနေခြင်း။
အဲ့တာကြောင့် Maskတပ်လို့ပြောတာ😷 (ဟီး…စတာ🫰)
တချို့ Malewareတွေ Virusတွေက အရမ်းအရေးကြီးလှတဲ့ System Fileတွေကို ဖျက်ဆီးပစ်လိုက်တာမျိုး၊ Driverတွေကို အနှောင့်အယှက်ပေးနိုင်တာမျိုးတွေကြောင့်လည်း 𝑼𝑻𝑻𝒆𝒓လေးတွေရဲ့ PCလေးတွေမှာ Blue Screenကြီး တက်,တက်သွားတတ်ပါတယ်ခင်ဗျာ။
𝗧𝗶𝗽 𝟱>>> 𝗙𝗮𝘂𝗹𝘁𝘆 𝗦𝘆𝘀𝘁𝗲𝗺 𝗨𝗽𝗱𝗮𝘁𝗲𝘀
Window Update , Driver Updateစသော System Updateများ လွဲမှားမှုများရှိခြင်း။
"Working on updates --%complete. Don't turn off computer". ဟဲ ဟဲ… မလုပ်ရဆို ပိုလုပ်ချင်ကြတာ လူတွေရဲ့သဘာဝပဲလေဗျာ Blue Screenဖြစ်သွားတာတော့ မတတ်နိုင်ဘူး🥹။
လူတွေဆိုသည်မှာလေ အချစ်ဦးကိုသာ ဘယ်လောက်ကြာကြာစောင့်တာနော် Window Updateကျ စိတ်မရှည်ချင်ကြဘူးဗျ ဟူးးးး😤
နောက်တစ်ခါ မပိတ်ချနဲ့နော် ပြီးအောင်စောင့်🫶
ဒီငါးချက်က အဖြစ်အများဆုံးနဲ့ 𝗨𝗧𝗧𝗲𝗿လေးတွေကိုယ်တိုင် သိရှိထားသင့်တဲ့အချက်တွေကို ဖော်ပြထားတာဖြစ်လို့ 𝗨𝗧𝗧𝗲𝗿လေးတွေအနေနဲ့ ကိုယ်သိထားတာ ထပ်မံရှိသေးလို့ Shareပေးချင်တယ်ဆိုရင် Comment Boxထဲမှာ ကျေးဇူးပြု၍ ပညာလေးချန်ထားခဲ့ပါခင်ဗျာ။
🫰 𝑺𝒉𝒂𝒓𝒊𝒏𝒈 𝒊𝒔 𝑪𝒂𝒓𝒊𝒏𝒈 ပါနော် 𝙐𝙏𝙏𝙚𝙧လေးတို့ရေ...🫰
🙆 𝑳𝒐𝒗𝒆 𝒚𝒐𝒖 𝒂𝒍𝒍. 𝑳𝒐𝒗𝒆 𝒚𝒐𝒖 𝒐𝒖𝒓 𝑼𝑻𝑻𝒆𝒓𝒔🙆