14/10/2020
What is python?
• ယခုချိန်မှာ Python က popular အဖြစ်ဆုံး language တစ်ခုလို့ ပြောမယ်ဆိုရင် မမှားနိုင်ပါဘူး။ Python ကို Guido van Rossum ဆိုသူက တီထွင်ပြီး ၁၉၉၁ ခုနှစ်မှာ စတင် အသုံးပြုခဲ့ပါတယ်။ Python နဲ့ web development,Game Development, AI and machine learning, software development, system scripting, etc.… တွေမှာ အသုံးပြုနိုင်ပါတယ်။ python က မတူညီတဲ့ Platforms မျိုးစုံမှာ အလုပ်လုပ်ပါတယ်၊ ဆိုလိုချင်တာက Windows တစ်ခုတည်း မဟုတ်ပဲ Mac, Linux, Raspberry Pi, etc တွေမှာပါ အလုပ်လုပ်နိုင်ပါတယ်။ သုံးရတာလဲ အရမ်းလွယ်ကူပါတယ်၊ code တွေ ဆိုပေမယ့် English စာရေးနေရသလိုပါပဲ။ အဲ့အတွက်ကြောင့် တစ်ခြား language တွေလောက်လဲ မရှုတ်ထွေးတော့ဘူး line တွေလည်း အများကြီးရေးစရာ မလိုတော့ ပိုပြီး အဆင်ပြေတာပေါ့။ Python မှာ marjor version ဆိုပြီး Python2 နဲ့ Python3 ဆိုပြီးရှိပါတယ်။ လက်ရှိမှာတော့ Python2 ကို မသုံးကြတော့ပါဘူး Update လည်းထပ်မလာတော့ဘူးလေ အဲ့ကြောင့် Python ကို လေ့လာမယ်ဆိုရင်တော့ Python3 ကိုပဲ့ လေ့လာကြပါလို့ ပြောချင်ပါတယ်။ အခုဆိုရင် 3.9 တောင် ရောက်နေပါပြီ။
ကျွန်တော်တို့ computer မှာ python ရွိမရွိစစ်မယ်ဆိုရင် cmd မှာ Python ဆိုပြီး ရိုက်လိုက်လို့ အောက်ကပုံမှာလို Python version တွေကို မြင်နေရပြီး( >>> ) အဲ့လိုပေါ်နေပြီဆိုရင် Interpreter ပေါ်ရောက်နေတာ ဖြစ်တဲ့ အတွက် Python ကိုစသုံးလို့ ရပါပြီ။
အဲ့လိုမပေါ်သေးဘူးဆိုရင်တော့ Python ကို Install လုပ်ဖို့ လိုအပ်ပါသေးတယ်။
Install လုပ်မယ်ဆိုရင်တော့ https://www.python.org/downloads/ မှာ Down လိုက်ပါ။
IDE (Integrated Development Environment)
ကျွန်တော်တို့ code ရေးကြတော့မယ် ဆိုရင် Interpreter ပေါ်မှာ စမ်းဖို့လောက်ပဲ အဆင်ပြေနိုင်တဲ့ အတွက်ကြောင့် IDE လို application တွေ လိုအပ်လာပါတယ်။ IDE တွေမှာ များသောအားဖြင့် source code editor နဲ့ build လုပ်ရန် auto ပါလာတယ်။ python ကို မှာ သုံးဖို့အတွက် IDE အချို့ကို ဖော်ပြပေးလိုက်ပါတယ် (Eclipse with PyDev, spyder, Vscode, sublime text, pycharm, etc.) မိမိကြိုက်နှစ်သက်ရာ ရွေးပြီးသုံးနိုင်ပါတယ်။
Vscode Download လုပ်ရန်
https://code.visualstudio.com/download
sublime text Download လုပ်ရန်
https://www.sublimetext.com/download
အဆင်ပြေမယ်လို့တော့ထင်ပါတယ်။