THE PLATFORM

THE PLATFORM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from THE PLATFORM, Yangon.
(1)

25/02/2026

သက်ဝင်လှုပ်ရှား။
ခိုင်မာတည်ငြိမ်။

IN MOTION.
STILL GROUNDED.

THE PLATFORM 2026.

A NEW GROUND.Form. Color. Type. Structure.Built to work as one.Built to hold weight.THE PLATFORM 2026.
15/02/2026

A NEW GROUND.

Form. Color. Type. Structure.

Built to work as one.
Built to hold weight.

THE PLATFORM 2026.

THE PLATFORM 2026.A Strategic Foundation for the Visionary.Beside you.Around you.Beneath you.THE PLATFORM 2026.အမြင်ထူးအ...
14/02/2026

THE PLATFORM 2026.
A Strategic Foundation for the Visionary.
Beside you.
Around you.
Beneath you.

THE PLATFORM 2026.
အမြင်ထူးအတွက် အခြေခံခိုင်တဲ့ဗျူဟာ။
အနားမှာရှာ။
ဝန်းကျင်မှာရှာ။
ရပ်နေတဲ့မြေပေါ်မှာ ရှာ။

Elevate the VISION. Perspective changes everything.အမြင်ကို မြှင့်တင်ပါ။အမြင်ပြောင်းရင် အရာအားလုံး ပြောင်းလဲပါတယ်။      ...
13/02/2026

Elevate the VISION. Perspective changes everything.
အမြင်ကို မြှင့်တင်ပါ။အမြင်ပြောင်းရင် အရာအားလုံး ပြောင်းလဲပါတယ်။

SOLID GROUND is the first step. Nothing rises without ground.ခိုင်မာတဲ့အခြေခံကနေ စတင်ပါ။ အခြေခံမရှိရင် မမြင့်တက်နိုင်ပါဘ...
12/02/2026

SOLID GROUND is the first step. Nothing rises without ground.
ခိုင်မာတဲ့အခြေခံကနေ စတင်ပါ။ အခြေခံမရှိရင် မမြင့်တက်နိုင်ပါဘူး။

Who is actually seeing YOU?သင့်ကို တကယ်မြင်သွားမယ့်သူက.. ?
11/02/2026

Who is actually seeing YOU?
သင့်ကို တကယ်မြင်သွားမယ့်သူက.. ?

Good products fail when their packaging looks untrustworthy. ထုတ်ကုန်ကောင်းတစ်ခုဟာ Packaging က ယုံကြည်မှုမပေးနိုင်ရင် မအ...
09/01/2026

Good products fail when their packaging looks untrustworthy.

ထုတ်ကုန်ကောင်းတစ်ခုဟာ Packaging က ယုံကြည်မှုမပေးနိုင်ရင် မအောင်မြင်နိုင်ပါဘူး။

Skin’s Miracles အတွက် ဒီ packaging design series ကို လှအောင်လုပ်ဖို့သက်သက်မဟုတ်ဘဲ လျော့တိလျော့ရဲဖြစ်နေတဲ့ Brand ယုံကြည်မှုနဲ့ အရည်အသွေးကိုမြှင့်တင်ဖို့အတွက် ဒီဇိုင်းဆွဲခဲ့ပါတယ်။

Ingredient အပေါ်အခြေခံထားတဲ့ ရှင်းလင်းတဲ့ Visual System Consistency နဲ့ Illustration Quality တွေကို တည်ဆောက်ပြီး မှေးမှိန်နေတဲ့ Product Design တွေကို ကောင်းမွန်ခိုင်မာတဲ့ Cohesive Brand Experience အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

ရလဒ်ကတော့ —

• Shelf ပေါ်မှာ ယုံကြည်မှု ပိုမိုမြင်သာလာတယ်၊
• Quality ကို ပထမမြင်ကွင်းမှာပဲ ခံစားရစေတယ်၊
• စျေးနှုန်းမြှင့်တင်နိုင်တဲ့ Brand အဆင့်ကို ရောက်လာစေပါတယ်။

Design ဆိုတာ အလှဆင်တာမဟုတ်ပါဘူး။
Brand ကို လူတွေ ဘယ်လိုမြင်မလဲ ဆိုတာကို ထိန်းချုပ်ပေးတဲ့ Quality Control တစ်ခုပါပဲ။

Packaging that looks cheap lowers trust.
Design that’s intentional builds value.

— The Platform
Elevated ground for brands ready to stand higher.

ကျွန်တော်တို့ Designer တွေက ဒီလောကထဲစရောက်တဲ့အခါ Latin Typeface တွေရဲ့ Anatomy ကိုပဲ စံထားပြီးလေ့လာခဲ့ရပေမယ့်  မူလ အခြေခ...
17/09/2024

ကျွန်တော်တို့ Designer တွေက ဒီလောကထဲစရောက်တဲ့အခါ Latin Typeface တွေရဲ့ Anatomy ကိုပဲ စံထားပြီးလေ့လာခဲ့ရပေမယ့် မူလ အခြေခံဖြစ်တဲ့ မြန်မာဘာသာရဲ့ စာလုံးတည်ဆောက်ပုံတွေကို လေ့လာဖို့ခက်ခဲခဲ့ပါတယ်။ အခုလို စံအနေနဲ့သတ်မှတ်လို့ရတဲ့ မြန်မာစာလုံးတွေကို အသေးစိတ်ခွဲခြမ်း စိတ်ဖြာထားတာကို အခြေခံကနေ စလေ့လာနိုင်ပြီဖြစ်ပါတယ်။

Myanmar Type Anatomy

ကျနော်တို့ ဖောင့်တွေဖန်တီးရင်းနဲ့ တစ်ဖက်က Myanmar Typography နဲ့ပတ်သက်တာလေးတွေလဲ လေ့လာဖြစ်ပါတယ်၊ ခုဟာကတော့ typography ထဲကမှ အခြေခံဖြစ်တဲ့ Type Anatomy (မြန်မာလိုဆိုရင်တော့ အက္ခရာခန္ဓာဗေဒ လို့ပြောရမယ်ထင်ပါတယ်) တွေနဲ့ပတ်သက်တာလေးပါ၊ typeface တွေကို ဖန်တီးဖို့၊ အမျိုးစားခွဲဖို့၊ အသုံးပြုဖို့ စတဲ့အရာတွေအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါတယ်၊ ခုပုံပါ အချက်လက်တွေကတော့ အခြေခံနဲ့ အသုံးများမယ့်ဟာလေးတွေကို ဦးစားပေးဖော်ပြထာပါတယ်၊ ပိုပြီးအသေးစိတ်ရမယ့်အပိုင်းလေးတွေတော့ကျန်ပါသေးတယ်၊ မြန်မာလိုအမည်တွေကတော့ အားလုံးနီးပါရှိပြီးသာဖြစ်ပြီး အတိုင်းတာတစ်ခုထိအဆင်ပြေတာမို့ Eng အမည်ကိုပဲ ဦးစားပေးလုပ်ဖြစ်ပါတယ်၊ ရေးဆွဲရာမှာကော အသုံးပြုတဲ့နေရာမှာပါ သတိထားရမယ့် အစိတ်ပိုင်းတွေကို သေချာခွဲထားပါတယ်၊ နောက် အမည်ပေးတဲ့နေရာမှာလဲ လွယ်လွယ်ကူကူနဲ့ သိပ်မစိမ်းတဲ့အမည်မျိုးတွေ ဦးစားပေးထားပါတယ်၊ Latin Typography ရဲ့လွှမ်းမိုးမှုကတော့ အားလုံးနီးပါးမှာရှိတာမို့ စပ်စပ်မှုရှိအောင်လဲ ပေးထားပါတယ်၊ Eng အမည်တွေပေးရတာတော့ အတော်လေးခက်ပါတယ် သက်ဆိုင်ရာ အဓိပ္ပါယ်တွေကိုသိဖို့လိုတဲ့အပြင် နယ်ပယ်အလိုက် အသုံးပြုမှုတွေကိုလဲသိဖို့လိုပါတယ်၊ အဲ့အပိုင်းတွေမှာ ကျနော်သိချင်သမျှ မေးသမျှတွေကို စိတ်ရှည်လက်ရှည်ဖြေပေးပြီး အစစအရာရာကူညီပေးခဲ့တဲ့ မြန်မာအပါအဝင် အာရှ typeface တွေကို ကျွမ်းကျင်စွာဖန်တီးနိုင်တဲ့ Ben Mitchell ကိုလဲ အထူးကျေးဇူးတင်ပါတယ် 🙏။ Myanmar Typography တွေစနစ်တကျပေါ်လာစေဖို့ ခြေလှမ်းတစ်လှမ်းစာလေး စလှမ်းကြည့်တဲ့သဘောပါ၊ ပြည့်စုံဖို့ဆိုတာကတော့ ခရီးရှည်ကြီးပါပဲ ဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာတော့ မသိနိုင်ပါဘူး နောက်ဆက်လုပ်နိုင်မယ့်သူတွေအတွက် အတိုင်းတာတစ်ခုထိအထောက်ကူဖြစ်ရင်ပဲ ကျေနပ်ပါပြီ။ လိုအပ်တာများရှိရင်လဲ ဝေဖန်အကြံပြုနိုင်ပါတယ်ခဗျ။

အားလုံးပဲအဆင်ပြေကြပါစေခဗျာ 🙏





#မြန်မာဖောင့်

မင်္ဂလာပါ။ကျွန်တော်တို့ရဲ့နောက်ထပ် ပရောဂျက်အသစ်တစ်ခုဖြစ်တဲ့ “𝐇𝐥𝐚𝐩𝐚 𝐒𝐭𝐮𝐝𝐢𝐨” အတွက် လိုဂိုဒီဇိုင်းအသစ်ကို ကြည့်ရှုနိုင်ပြီဖ...
04/07/2024

မင်္ဂလာပါ။
ကျွန်တော်တို့ရဲ့နောက်ထပ် ပရောဂျက်အသစ်တစ်ခုဖြစ်တဲ့ “𝐇𝐥𝐚𝐩𝐚 𝐒𝐭𝐮𝐝𝐢𝐨” အတွက် လိုဂိုဒီဇိုင်းအသစ်ကို ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။

“𝐇𝐥𝐚𝐩𝐚 𝐒𝐭𝐮𝐝𝐢𝐨” မှာ သဘာဝအတိုင်းရှိပြီးသား အလှတရားတွေကို ပိုမိုပေါ်လွင်အောင် လိမ်းကျံချယ်သပေးနိုင်ရုံသာမက 𝐖𝐨𝐦𝐞𝐧 𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 ကို မြှင့်တင်ပေးနိုင်တဲ့ သက်မွေးသင်တန်းကျောင်းတွေကိုပါ အကျိုးအမြတ်မယူဘဲ ဖွင့်လှစ်ပေးသွားမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ အခွင့်အလှမ်းတွေ မလွတ်သွားရအောင် ဆက်လက် စောင့်မျှော်ကြည့်ရှုပေးသွားဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။

𝐋𝐨𝐠𝐨 𝐃𝐞𝐬𝐜𝐫𝐢𝐩𝐭𝐢𝐨𝐧:
The Hlapa Studio logo features bold and elegant letters "H," "L," "A," and "P." The "A" is uniquely designed with a woman's silhouette, emphasizing the studio's focus on beauty and femininity. The thick, serif lines convey strength and sophistication.

𝐓𝐲𝐩𝐨𝐠𝐫𝐚𝐩𝐡𝐲:
Font Family: Moglite, a modern serif font that combines elegance with a contemporary feel, perfectly representing the studio's commitment to sophisticated beauty services.

𝐂𝐨𝐥𝐨𝐫 𝐏𝐚𝐥𝐞𝐭𝐭𝐞:
Pastel Avocado Green: Represents tranquility and renewal, creating a soothing and inviting atmosphere.
Dark Green: Adds a touch of stability and growth, reflecting the studio's solid reputation and professional growth.

𝐒𝐜𝐨𝐩𝐞 𝐨𝐟 𝐖𝐨𝐫𝐤:
We designed a distinctive logo, created detailed logo guidelines, and crafted an appealing Facebook cover. Additionally, we made professional business cards and custom membership cards for loyal clients. To enrich the brand’s visual identity, we developed custom illustrations.

𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫: 𝐇𝐨𝐤𝐢𝐞 𝐎𝐨
𝐃𝐚𝐭𝐞: 𝐌𝐚𝐲 𝟐𝟎𝟐𝟒

“𝐁𝐞𝐭𝐭𝐞𝐫 𝐰𝐢𝐭𝐡 𝐏𝐞𝐩𝐬𝐢 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧, 𝟐𝟎𝟐𝟐“ဆုတွေပါသိမ်းပိုက်နိုင်ခဲ့တဲ့ 𝐏𝐞𝐩𝐬𝐢 ရဲ့ “𝐁𝐞𝐭𝐭𝐞𝐫 𝐖𝐢𝐭𝐡 𝐏𝐞𝐩𝐬𝐢” Campaign ဆိုတာကတော့ Origami...
03/04/2024

“𝐁𝐞𝐭𝐭𝐞𝐫 𝐰𝐢𝐭𝐡 𝐏𝐞𝐩𝐬𝐢 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧, 𝟐𝟎𝟐𝟐“

ဆုတွေပါသိမ်းပိုက်နိုင်ခဲ့တဲ့ 𝐏𝐞𝐩𝐬𝐢 ရဲ့ “𝐁𝐞𝐭𝐭𝐞𝐫 𝐖𝐢𝐭𝐡 𝐏𝐞𝐩𝐬𝐢” Campaign ဆိုတာကတော့ Origami Artist ဟာ နာမည်ကြီး Burger Brand တွေရဲ့ Packaging Design တွေမှာ 𝐏𝐞𝐩𝐬𝐢 Logo ကိုရှာဖွေခဲ့တဲ့ အထူးခြားဆုံး Idea လို့ပြောရမယ့် “Finding Logo within A Logo” ပဲဖြစ်ပါတယ်။

US ရဲ့ နာမည်ကြီးထိပ်ဆုံးအဆင့် ၃ နေရာမှာရှိတဲ့ Burger King, McDonald’s, Wendy’s တို့အပါအဝင် Burger ဆိုင်အတော်များများဟာ အချိန်အတော်ကြာမြင့်တဲ့အထိ Burger တွေကို နာမည်ကြီး Soft Drink ဖြစ်တဲ့ Coca Cola နဲ့သာ တွဲဖက်ပြီး Menu ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် Coca Cola ရဲ့ Rival ဖြစ်တဲ့ 𝐏𝐞𝐩𝐬𝐢 ဟာ သူတို့ရဲ့ Market ကိုပိုပြီးနယ်ချဲ့နိုင်ဖို့အတွက် Brand Research တွေပြုလုပ်ခဲ့ရာမှာတော့ ဘာဂါစားသုံးသူတွေရဲ့ ၆၀% ရာခိုင်နှုန်းသော စာသုံးသူတွေက ဘာဂါကို Coca Cola နဲ့တွဲစားရတာထက်စာရင် 𝐏𝐞𝐩𝐬𝐢 နဲ့တွဲပြီး စားသုံးရတာကို ပိုပြီးသဘောကျ နှစ်ခြိုက်ကြတယ်ဆိုတာကို Blind Test Result အရသိရပါတယ်။

ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ရလဒ်ကို 𝐏𝐞𝐩𝐬𝐢 က “𝐁𝐞𝐭𝐭𝐞𝐫 𝐖𝐢𝐭𝐡 𝐏𝐞𝐩𝐬𝐢” ဆိုတဲ့ Campaign ကတစ်ဆင့် 2022 National Burger Day မှာ စားသုံးသူတွေအတွက် အံကိုက်ထုတ်နိုင်ခဲ့ပါတယ်။

ဒီ Campaign မှာ စာသုံးသူတွေကို ဆွဲဆောင်နိုင်ခဲ့ဆုံးအရာကတော့ 𝐏𝐞𝐩𝐬𝐢 ရဲ့ မူရင်း Logo ကို Origami Artist ဖြစ်တဲ့ Raya Sader က Burger Wrapper တွေရဲ့ အစိတ်အပိုင်းအချို့ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ခေါက်ကစား တွဲဖက်ပေးရင်း 𝐏𝐞𝐩𝐬𝐢 ရဲ့ Curved Line တွေကို ရှာဖွေပြီး ဖန်တီးထားတဲ့ 𝐏𝐞𝐩𝐬𝐢 Logo တွေကို Burger ဆိုင်တွေရဲ့ အနီးနားမှာ Billboard တွေထာင်ကာ ကြော်ငြာခဲ့ပါတယ်။ ဒါ့အပြင် Print Ads တွေမှာလည်း “Not on the menu, Always in the pitcure” ဆိုတဲ့ Tagline နဲ့ Publication တွေထုတ်ခဲ့ပါသေးတယ်။

“𝐁𝐞𝐭𝐭𝐞𝐫 𝐖𝐢𝐭𝐡 𝐏𝐞𝐩𝐬𝐢” ဆိုပြီး ကြော်ငြာခဲ့တဲ့ ဒီ Campaign ဟာဆိုရင် Alma Agency ကဖန်တီးပေးခဲ့တာဖြစ်ပြီး 3.6 Billion Impressions ရခဲ့ပြီး Internet သုံးစွဲသူတွေကပါ Google အပါအဝင် တခြားနာမည်ကြီး Brand တွေနဲ့ ရှာလို့ရနိုင်တဲ့နေရာတိုင်းမှာပါ 𝐏𝐞𝐩𝐬𝐢 Logo ပြန်ရှာတဲ့အထိ Memes တွေအများကြီးထွက်ခဲ့သလို Alma Agency ဟာလည်း ဒီ Campaign နဲ့ပဲ ဆုပေါင်းများစွာကိုလည်းသိမ်းပိုက်နိုင်ခဲ့တဲ့အထိ အတော်လေးအောင်မြင်ခဲ့တဲ့ပါတယ်။ နောက်ပိုင်းမှာလည်း အလားတူ Campaign ကို နာမည်ကြီး Rum Brand တွေမှာလည်းပြုလုပ်ခဲ့ပါသေးတယ်။

ကဲဒါဆိုရင် ဒီ “𝐁𝐞𝐭𝐭𝐞𝐫 𝐖𝐢𝐭𝐡 𝐏𝐞𝐩𝐬𝐢” Campaign ကို ကျွန်တော်တို့နဲ့အတူ အောက်ကပုံတွေမှာ ဆက်လေ့လာလိုက်ရအောင်လားဗျ။ ကျွန်တော်ကတော့ Memes တွေအများကြီးကို ကြည့်ပြီးတော့ လူတွေရဲ့ Creativity ကို ပိုသဘောကျနေမိတော့တာပါပဲ။

နောက်လည်း ကျွန်တော်လေ့လာထားသမျှအကြောင်းအရာတွေနဲ့ သဘောကျနှစ်သက်မိတဲ့အရာတွေကို မျှဝေပေးသွားမှာဖြစ်လို့ ကျွန်တော်နဲ့အတူတူလေ့လာချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ “𝐓𝐡𝐞 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦” Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။

23/03/2024

𝐅𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞 𝐁𝐲 𝐓𝐇𝐔𝐒𝐄
𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐒𝐜𝐨𝐩𝐞 - Logo, Sub-Logo, Info Card, Thank You Card, Shopping Bag, Sticker, Stationery, Signage, Logo Intro, Logo Lower Third Animations, Social Media Templates.

ကျွန်တော်တို့ရေမွှေးလောကမှာ ရေမွှေးတွေကိုရောင်းရုံသက်သက်မဟုတ်ဘဲ Scent တွေအပေါ်စိတ်အားထက်သန်ပြီး ဖန်တီးမှုအားကောင်းတဲ့ 𝐂𝐨...
23/03/2024

ကျွန်တော်တို့ရေမွှေးလောကမှာ ရေမွှေးတွေကိုရောင်းရုံသက်သက်မဟုတ်ဘဲ Scent တွေအပေါ်စိတ်အားထက်သန်ပြီး ဖန်တီးမှုအားကောင်းတဲ့ 𝐂𝐨𝐧𝐭𝐞𝐧𝐭 တွေနဲ့အတူ အမိုက်စား 𝐕𝐢𝐝𝐞𝐨 𝐐𝐮𝐚𝐥𝐢𝐭𝐲 တွေ၊ 𝐀𝐫𝐭𝐢𝐬𝐭𝐢𝐜 𝐏𝐡𝐨𝐭𝐨𝐠𝐫𝐚𝐩𝐡𝐲 တွေကို အမြဲချပြပေးလေ့ရှိတဲ့ 𝐅𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞 𝐁𝐲 𝐓𝐇𝐔𝐒𝐄 အတွက် အမိုက်စား Rebranding လေးကို ကျွန်တော်တို့ 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 က ဖန်တီးပေးခွင့်ရခဲ့ပါတယ်။

𝐒𝐭𝐨𝐫𝐲 𝐨𝐟 𝐅𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞 𝐁𝐲 𝐓𝐇𝐔𝐒𝐄 & 𝐇𝐨𝐰 𝐖𝐞 𝐑𝐞𝐝𝐞𝐬𝐢𝐠𝐧𝐞𝐝

A journey sparked by an ambitious collector who unveiled the essence of each coveted perfume. From sharing the highs and lows of premium scents, he evolved into 𝐅𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞 𝐁𝐲 𝐓𝐇𝐔𝐒𝐄, meeting the demand for luxury without the hefty price tag. Now a fragrance leader in Myanmar, 𝐓𝐇𝐔𝐒𝐄 enriches the industry with insightful reviews, recommendations, and engaging content across social platforms, fostering a distinctive bond with its audience.

Instead of emphasizing the graphic perfume emblem, our approach for designing the 𝐅𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞 𝐁𝐲 𝐓𝐇𝐔𝐒𝐄 Logo is to draw attention to the name 𝐓𝐇𝐔𝐒𝐄, and we have created the symbol by merging the first two initials of 𝐓𝐇𝐔𝐒𝐄.

In addition, we designed an extra logo for 𝐃𝐞𝐜𝐚𝐧𝐭 𝐁𝐲 𝐓𝐇𝐔𝐒𝐄, an extension of 𝐅𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞 𝐁𝐲 𝐓𝐇𝐔𝐒𝐄 that offers branded perfume in decant bottles, enabling end users to sample it out before finding their ideal scent.

When it comes to choosing the color palettes, we use the Gold transition with Black as the primary shade to build up the impression of luxury, authenticity, and artistic production. To keep the essence of fragrance when working with multimedia platforms, we choose Cream and Black for the display color.

𝐅𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞 𝐁𝐲 𝐓𝐇𝐔𝐒𝐄 is above and beyond the typical. We are creators of unique perfume experiences, rather than just distributors of perfumes. Our goals is to inspire beautiful scents, educate, encourage sustainability, and create a vibrant community.

𝐅𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞 𝐁𝐲 𝐓𝐇𝐔𝐒𝐄
𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐒𝐜𝐨𝐩𝐞 - Logo, Sub-Logo, Info Card, Thank You Card, Shopping Bag, Sticker, Stationery, Signage, Logo Intro, Logo Lower Third Animations, Social Media Templates.

Address

Yangon

Telephone

+959799579686

Website

Alerts

Be the first to know and let us send you an email when THE PLATFORM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to THE PLATFORM:

Share