Ngwe Oak Electronics

Ngwe Oak Electronics VALUE YOUR SATISFACTION Electric Small Home Appliances Trading and Distribution

အချိန်ကုန်သက်သာပြီး ၁၀၀% ခေါက်ရိုးကြေစေမယ့် HD-1321 Dry Iron 👔👗မီးပူတိုက်ရမှာ ပျင်းလို့ အဝတ်အထည်တွေကို အကြမ်းထည်အတိုင်း ...
25/08/2026

အချိန်ကုန်သက်သာပြီး ၁၀၀% ခေါက်ရိုးကြေစေမယ့် HD-1321 Dry Iron

👔👗မီးပူတိုက်ရမှာ ပျင်းလို့ အဝတ်အထည်တွေကို အကြမ်းထည်အတိုင်း ဝတ်နေတုန်းပဲလား? အချိန်မပေးနိုင်လို့ မီးပူမတိုက်ချင်တဲ့ ကိုကို၊ မမတွေအတွက် မိနစ်ပိုင်းအတွင်း အဝတ်အစားတွေကို ပြန့်ပြူးသွားစေမယ့် HD-1321 Dry Iron ရှိတယ်နော်။

💡 1000~1200 Watt ရဲ့ အပူပေးစွမ်းရည်ကြောင့် ဂျင်းသားအထူကအစ ပိုးသားအနုအထိ ဘယ်လိုအသားမျိုးမဆို ဖိအားအများကြီးပေးစရာမလိုဘဲ ခေါက်ရိုးတည့်တည့် ကြေသွားစေရမယ်။

220~240V, 50/60 Hz ဗို့အားစနစ်ကြောင့် အိမ်သုံး မီတာလိုင်းတွေနဲ့ အဆင်ပြေပြေ အသုံးပြုနိုင်ပြီး မီးအားကို အလေအလွင့်မရှိ ထိရောက်စွာ အသုံးပြုပေးပါတယ်။

အဝတ်အထည် အမျိုးအစားအလိုက် အပူချိန်ကို အလွယ်တကူ ချိန်ညှိနိုင်လို့ ကိုယ်ချစ်ရတဲ့ အဝတ်အစားတွေ မီးလောင်မှာ၊ ပျက်စီးမှာကို ပူစရာမလိုတော့ဘူးပေါ့။ ဘဝကို ပိုပြီး Simple ဖြစ်အောင်၊ ပိုပြီး စမတ်ကျအောင် HD-1321 နဲ့ စတင်လိုက်ပါ။

အာမခံစနစ် လည်းပါဝင်လို့ စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ်။ ကာလာဒီဇိုင်း ဆန်းဆန်းလေးမို့ အိမ်ရဲ့ မီးပူတိုက်ခုံလေးပေါ်မှာ တင်ထားရုံနဲ့တင် ကြည့်ကောင်းနေမှာပါ။

📥 Order တင်ချင်ရင်တော့ အခုပဲ Chat Box ကို Hi လိုက်ရုံပဲနော်!

-1321

လူအများကြီးအတွက် ထမင်းချက်ရတာ အခက်အခဲ မရှိစေရဘူးနော်!ထိုင်းနိုင်ငံထုတ် အရည်အသွေးစိတ်ချရတဲ့ High Capacity Chikara အမှတ်တံ...
22/08/2026

လူအများကြီးအတွက် ထမင်းချက်ရတာ အခက်အခဲ မရှိစေရဘူးနော်!

ထိုင်းနိုင်ငံထုတ် အရည်အသွေးစိတ်ချရတဲ့ High Capacity Chikara အမှတ်တံဆိပ်ထမင်းပေါင်းအိုးကြီးတွေ ရှိပါတယ်နော်။ ဆိုင်မှာပဲသုံးသုံး၊ အလှူအတန်းတွေမှာပဲဖြစ်ဖြစ်၊ လူအများကြီးအတွက် တစ်ခါချက်ရုံနဲ့ အဆင်ပြေစေမယ့် အရွယ်အစား (၃) မျိုး ရှိပါတယ် -

၂၈ လုံးချက်(CSI-231): အလှူအတန်းနဲ့ ပွဲလမ်းသဘင်ကြီးများအတွက် အထူးသင့်လျော်။

၂၄ လုံးချက်(CSI-191): ထမင်းဆိုင်ကြီးများ၊ စားသောက်ဆိုင်များနှင့် ဝန်ထမ်းကြွေးမွေးရန်အတွက် အကောင်းဆုံး။

၁၆ လုံးချက်(CSI-161): မိသားစုကြီးသူများ(သို့မဟုတ်)ဆိုင်ငယ်လေးများအတွက် ကွက်တိ။

ထိုင်းနိုင်ငံရဲ့ စံချိန်စံညွှန်းအတိုင်း ထုတ်လုပ်ထားလို့ အိုးမကပ်ဘူး၊ ထမင်းမတူးဘူး၊ နပ်နပ်လေးနဲ့ မွှေးနေစေမှာပါ။ ရေရှည်ခံမယ့် အိုးကောင်းတစ်လုံးကို ရှာနေတယ်ဆိုရင်တော့ Chikara အမှတ်တံဆိပ် ထမင်းပေါင်းအိုးများကို ရွေးချယ်လိုက်ပါ!

❤️မီးဖိုချောင်ရဲ့ အကောင်းဆုံး သူငယ်ချင်း (၂) ယောက်! Daiwa Pan မျိုးစုံသင်က ကျန်းမာရေးနဲ့ညီညွတ်စွာ ချက်ပြုတ်ချင်သူလား ဒါမ...
19/08/2026

❤️မီးဖိုချောင်ရဲ့ အကောင်းဆုံး သူငယ်ချင်း (၂) ယောက်! Daiwa Pan မျိုးစုံ

သင်က ကျန်းမာရေးနဲ့ညီညွတ်စွာ ချက်ပြုတ်ချင်သူလား ဒါမှမဟုတ် အရသာရှိတဲ့ အကင်နဲ့ အညှော်ကြိုက်သူလား။ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းနိုင်ငံထုတ် Daiwa Pan တွေမှာ သင့်အတွက် အဖြေရှိနေပါပြီ။

ဆီအနည်းငယ်နဲ့ ချက်ပြုတ်လို့ရပြီး ကြက်ဥကြော်၊ ပန်ကိတ်လို အစားအစာတွေ လုံးဝမကပ်စေဘဲ အလွယ်တကူ ဆေးကြောနိုင်တယ်။ အလုပ်ရှုပ်သက်သာချင်သူတိုင်းအတွက်၊ အလွယ်တကူ သန့်ရှင်းရေး လုပ်ချင်သူများအတွက် မရှိမဖြစ် Daiwa Non-stick Pan (Model: PN-9001T)

အပူကို ကောင်းကောင်းထိန်းထားနိုင်ပြီး အသားကင်တာ၊ အကြွပ်ကြော်တာ၊ အရသာပါတဲ့ အညှော်ဟင်းလျာတွေ ချက်ပြုတ်ရာမှာ အထူးကောင်းမွန်တယ်။ ပရော်ဖက်ရှင်နယ် ဆန်ဆန် အရသာကို ဖန်တီးချင်သူတွေအတွက် Daiwa Standard Pan (Model: PN-9001)

PN-9001T လား၊ PN-9001 လား? သင့်ချက်ပြုတ်မှုပုံစံနဲ့ ကိုက်ညီတဲ့ Daiwa Pan ကို ရွေးချယ်လိုက်ပါ။

#မီးဖိုချောင်သုံးပစ္စည်း #အရည်အသွေးမြင့်ဒယ်အိုး

15/08/2026

''အိမ်တိုင်းမှာ မရှိမဖြစ်လိုအပ်ပြီး မိသားစုတိုင်းကို ပျော်ရွှင်စေမယ့် ထိုင်းနိုင်ငံထုတ် Misush*ta ၃ မျိုး"

မိသားစုအတွက် ထမင်းဟင်း ပြင်ဆင်ချက်ပြုတ်ရတာ မပင်ပန်းဘဲ ပျော်စရာကောင်းနေဖို့ဆိုရင် စိတ်ချယုံကြည်ရတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းကောင်းတွေ ရှိဖို့ လိုပါတယ်။ 💯

ထိုင်းနိုင်ငံရဲ့ Standard အပြည့်နဲ့ ထုတ်လုပ်ထားပြီး အကြမ်းခံ၊ အရည်အသွေးစိတ်ချရလို့ အိမ်ထောင်ရှင်မတွေ ရင်ဘတ်ထဲစွဲနေတဲ့ Misush*ta ရဲ့ Best Seller ပစ္စည်း ၃ မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။

🥘 Misush*ta Pan (SGP-141)

ဟင်းချက်ရတာ ဝါသနာပါသူတွေအတွက် တူးမကပ်ဘဲ အပူမျှမျှတတနဲ့ ဟင်းမျိုးစုံကို အရသာရှိရှိ ချက်ပြုတ်နိုင်မယ့် လျှပ်စစ်ဒယ်အိုး။

ကြော်၊ လှော်၊ ချက်၊ ပြုတ် ကြိုက်သလိုသုံး... ဆေးကြောရတာလည်း လွယ်ကူလွန်းလို့ မီးဖိုချောင်ရဲ့ အကူအဖြစ် အပြည့်အဝ တာဝန်ယူပေးမှာပါ။

🍚 Misush*ta 1.8L Jar Cooker (KS-19K)

မိသားစု ၄ ဦးမှ ၆ ဦးအထိ ပူပူနွေးနွေး ထမင်းအိအိလေး ချက်စားဖို့ အသင့်တော်ဆုံး 1.8L Jar Cooker။

ထမင်းချက်ရုံတင်မကဘဲ အပူချိန်ကို အကြာကြီး ထိန်းသိမ်းပေးထားနိုင်လို့ တစ်နေ့ကုန် ထမင်းပူပူလေးကို အချိန်မရွေး သုံးဆောင်နိုင်ပါတယ်။

☕ Misush*ta 2.5L Jar Pot (KP-25S)

နံနက်ခင်း ကော်ဖီ၊ တီးနို့ သောက်မလား၊ ကလေးအတွက် ရေနွေးပူပူ အမြန်လိုသလား... ၂.၅ လီတာဆံ့ ရေနွေးဓာတ်ဘူးရှိရုံနဲ့ အားလုံး အိုကေ။

ရေနွေးကို အမြဲတမ်း ပူနွေးနေအောင် ထိန်းပေးထားပြီး ရေငှက်ရတာလည်း လွယ်ကူ ဘေးကင်းလို့ အိမ်တိုင်းမှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ ပစ္စည်းလေးပါ။

✨ ထိုင်းနိုင်ငံထုတ်စစ်စစ် ဖြစ်လို့ အရည်အသွေးအတွက် %100 ရာခိုင်နှုန်း စိတ်ချရပြီး စျေးနှုန်းကလည်း ပေးရတာထက် ပိုတန်စေရပါမယ်။

📩 ပစ္စည်းမှာယူလိုပါက Messenger သို့ အသေးစိတ် ဆက်သွယ်စုံစမ်းမှာယူနိုင်ပါတယ်။

မီးဖိုချောင်ရဲ့ လက်ထောက်အသစ် LKP-121 ဒယ်နီ (၁၂ လက်မ) 🔴ဟင်းချက်ရတာကို ဝါသနာပါပေမယ့် အချိန်အကြာကြီး မပေးချင်တဲ့သူတွေအတွက် ...
13/08/2026

မီးဖိုချောင်ရဲ့ လက်ထောက်အသစ် LKP-121 ဒယ်နီ (၁၂ လက်မ) 🔴

ဟင်းချက်ရတာကို ဝါသနာပါပေမယ့် အချိန်အကြာကြီး မပေးချင်တဲ့သူတွေအတွက် Lucky Model LKP-121 လျှပ်စစ်ဒယ်နီလေး ရောက်ရှိလို့လာပါပြီ။ 🥰

စွမ်းအင်ပြည့်ဝတဲ့ Power 1000W စနစ်ကြောင့် အပူပေးစွမ်းရည် ကောင်းမွန်ပြီး အစားအစာတွေကို အကျက်ညီစေမှာပါ။ ၁၂ လက်မ အရွယ်အစားရှိလို့ သူငယ်ချင်းတွေ စုပြီး Hotpot စားမလား၊ မိသားစုအတွက် ကြော်လှော်မလား အကုန်အဆင်ပြေ။ 🍲✨

✨ အပူချိန်ကို စိတ်ကြိုက် ချိန်ညှိနိုင်လို့ ဟင်းအမျိုးအစားအလိုက် အပူပေးစနစ်ကို ထိန်းချုပ်နိုင်မယ်။

1000W မို့လို့ အပူတက်မြန်ပြီး မီးအားချွေတာရာလည်း ရောက်ပါတယ်။ 💡

အကြမ်းခံပြီး သန့်ရှင်းရလွယ်ကူတဲ့အတွက် အိမ်ရှင်မတွေရဲ့ စိတ်ကြိုက်။

ဟင်းချက်ရတာကို ပိုမိုအဆင်ပြေ၊ ပိုမိုမြန်ဆန်စေဖို့ LKP-121 ကို အမြန်ဆုံး ပိုင်ဆိုင်လိုက်ပါ။ ဟင်းချက်ရတဲ့ အချိန်တိုင်းက ပျော်စရာတွေပဲ ဖြစ်နေတော့မှာပါ! 😉

🛒 အသေးစိတ်သိရှိလိုပါက Page Messenger ကနေ အခုပဲ ဆက်သွယ်လိုက်ပါဗျာ။

#ဒယ်နီ၁၂လက်မ

တစ်ခါချက်ရုံနဲ့ ပမာဏအများကြီး ရရှိစေမယ့် Sharp Rice Cooker! 🍲ထမင်းခေတ္တခေတ္တ ခွဲချက်နေရလို့ အချိန်ကုန်သက်သာချင်ပါသလား?ဆံ...
08/08/2026

တစ်ခါချက်ရုံနဲ့ ပမာဏအများကြီး ရရှိစေမယ့် Sharp Rice Cooker! 🍲

ထမင်းခေတ္တခေတ္တ ခွဲချက်နေရလို့ အချိန်ကုန်သက်သာချင်ပါသလား?
ဆံ့ဝင်ဆံ့အားပမာဏ လုံလောက်ပြီး ခိုင်ခံ့စိတ်ချရတဲ့ Sharp ထမင်းပေါင်းအိုးကြီးများကို ရွေးချယ်လိုက်ပါ။

🔹 Sharp D-55 (5.0 Liter)
• ပမာဏ: ထမင်းတစ်ပြည်ခွဲချက်
• လူဦးရေ အများအပြားအတွက် အဆင်ပြေပြေ ချက်ပြုတ်နိုင်ပြီး ကြံ့ခိုင်မှုမြင့်မားသည်။

🔹 Sharp D-77 (7.0 Liter)
• ပမာဏ: ထမင်းနှစ်ပြည်ခွဲချက်
• စားသောက်ဆိုင်များ၊ ကန်တင်းများနှင့် အလှူပွဲများအတွက် အထူးသင့်တော်သော အိုးကြီး။

⭐️ Sharp Rice Cooker ရဲ့ ထူးခြားချက်များ:

အပူစီးကူးမှု အားကောင်းပြီး အချိန်တိုအတွင်း အမှန်တကယ် ကျက်လွယ်စေခြင်း။

အိုးအိမ်ဒီဇိုင်း ခိုင်မာတောင့်တင်းပြီး သန့်ရှင်းရေးလုပ်ရလွယ်ကူခြင်း။

မီးဘေးအန္တရာယ် စိတ်ချရသည့် အပူထိန်းစနစ် ပါဝင်ခြင်း။

ခိုင်ခံ့စိတ်ချ စက်ပစ္စည်းအသုံးဆောင်များကိုမှ ကြိုက်နှစ်သက်သူများအတွက် Sharp ထမင်းပေါင်းအိုးကြီးများက အကောင်းဆုံး အဖော်မွန်ဖြစ်မှာပါ။ 😉

📲 အသေးစိတ်စုံစမ်းမေးမြန်းလိုပါက Page Chat Box သို့ ဆက်သွယ်နိုင်ပါသည်။

06/08/2026

မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်း ဝယ်တော့မယ်ဆိုရင် ဘာတွေကို အဓိကကြည့်လဲ? "အရည်အသွေးမှန်ရမယ်၊ စျေးနှုန်းသင့်တင့်ရမယ်၊ အသုံးခံရမယ်" မလား?

ဒါဆိုရင်တော့ မီးဖိုချောင်တိုင်းမှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ Sharp KSH-D Series ထမင်းပေါင်းအိုး တွေကို ညွှန်းပေးချင်ပါတယ်။

🔥 Sharp KSH-D Series ရဲ့ ထူးခြားချက်များ

အပူချိန်ကို အချိန်တိုအတွင်း ညီညီညာညာ ရရှိစေတာမို့ ထမင်းကျက်တာ မြန်ဆန်ပြီး လျှပ်စစ်ဓာတ်အားကုန်ကျမှုကိုပါ သက်သာစေပါတယ်။

အိုးဘေးနှစ်ဖက်နဲ့ အဖုံးလက်ကိုင်တွေကို အပူဒဏ်ခံနိုင်တဲ့ စံချိန်မီ ပစ္စည်းတွေနဲ့ ပြုလုပ်ထားလို့ ကိုင်တွယ်ရတာ ဘေးကင်းလုံခြုံပါတယ်။

Sharp ရဲ့ စံချိန်မီ ထုတ်လုပ်မှုနည်းပညာတွေကြောင့် တစ်ခါဝယ်ထားရုံနဲ့ နှစ်ပေါင်းများစွာ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

အိမ်မှာပဲသုံးသုံး၊ ရုံး သို့မဟုတ် ဆိုင်မှာပဲသုံးသုံး မိသားစုဝင်အလိုက် Size အမျိုးမျိုး ရရှိနိုင်တာမို့ သင့်အတွက် အကိုက်ညီဆုံး Sharp KSH-D Series ကို အခုပဲ ရွေးချယ်လိုက်ပါ။

📲 အသေးစိတ်စုံစမ်းမေးမြန်းလိုပါက Page Chat Box သို့ ဆက်သွယ်နိုင်ပါသည်။

01/08/2026

အိမ်သုံး/ လုပ်ငန်းသုံးတွေအတွက်အထူးသင့်
လျော်ပြီး....စက်ရုံကြီးများနဲ့ လုပ်ငန်းတော်တော်များများမှာအသုံးအများဆုံးဖြစ်ပါတယ်...

Deton Fan Types မျိုးစုံရှိပြီး..

အသေးစိတ်သိရှိလိုပါက Messenger မှာစုံစမ်းမေးမြန်းနိုင်သလို ဖုန်းနံပါတ်- 09-88-950-4040 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

ပြန်လည်ရောင်းချလိုတဲ့ လျှပ်စစ် ပစ္စည်းဆိုင်
စတိုးဆိုင်တွေ အတွက် လက်ကားဈေးသီးသန့်
ရှိပါတယ်။

https://t.me/ngweoakelectronics

#

🙏 ယနေ့ကျရောက်တဲ့ ဝါဆိုလပြည့်နေ့ “ဓမ္မစကြာအခါတော်နေ့” မှာ ကုသိုလ် ဘာဝနာတရားများ ပွားများရင်း မြန်မာနိုင်ငံသူ၊ နိုင်ငံသား ...
29/07/2026

🙏 ယနေ့ကျရောက်တဲ့ ဝါဆိုလပြည့်နေ့ “ဓမ္မစကြာအခါတော်နေ့” မှာ ကုသိုလ် ဘာဝနာတရားများ ပွားများရင်း မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း‌တောင်းအပ်ပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when Ngwe Oak Electronics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ngwe Oak Electronics:

Shortcuts

Share

Category