Cyber Max Computer Center

Cyber Max Computer Center Welcome to Cyber Max Computer Center

28/01/2013

ကွန်ပျူတာ ရောင်းရန်ရှိသည် ။
( ၁ ) လုံးချင်းဈေး နှင့် (၁၀) လုံးဈေး ကွာခြားမှု ရှိပါသည် ။

Mother Board : Asus P5GC-MX
CPU : Cel D 3.06
HD : 80 GB
Memory : 1 GB
Onboard VGA 128 MB + Sound + Network
Prestigio Monitor 17" + Spaker

Peace Brother မီးစက် 25KV ရောင်းရန်ရှိသည် ..

ဆက်သွယ်ရန် : 01-537373

( ၂၀၃၆ တွင် ဥက္ကာခဲကြီးတစ်ခု ကမ္ဘာဝင်တိုက်မည်ဟု နာဆာတို့ ခန့်မှန်း )၂၀၃၆ ဆိုတော့ လာမယ့် ၂၃ နှစ်တာ ကာလမှာ ဖြစ်ပါတယ်။ အမေရိက...
09/01/2013

( ၂၀၃၆ တွင် ဥက္ကာခဲကြီးတစ်ခု ကမ္ဘာဝင်တိုက်မည်ဟု နာဆာတို့ ခန့်မှန်း )

၂၀၃၆ ဆိုတော့ လာမယ့် ၂၃ နှစ်တာ ကာလမှာ ဖြစ်ပါတယ်။ အမေရိကန် အာကာသ လေ့လေ့ရေး သုတေသနဌာန NASA မှ ထုတ်ပြန်တဲ့ ခန့်မှန်း ချက် ဖြစ်ပါတယ်။ ယင်းခန့်မှန်းချက်အရ Apophis အမည်ရ ဥက္ကာခဲ ကြီး တစ်ခု ကမ္ဘာဝင်တိုက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မီတာ ၃၀၀ (ပေ ၉၈၀ကျော်) လောက် ဗျက်အကျယ်ရှိတဲ့ ဥက္ကာခဲ ဖြစ်ပြီး ယင်း ပေါက်ကွဲမှုကြောင့် ဟီရိုရှီးမားမြို့ မှာ ကွဲတဲ့ နျူကလိယဗုံးထက် အဆ ပေါင်း တစ်သန်းမက ပြင်းအား ရှိကြောင်း သိရပါတယ်။ ဒီတော့ ကမ္ဘာကြီး တစ်ခုလုံးကို ရိုက်ခတ်သွားနိုင်တဲ့ ကပ်ဘေး တစ်ခု ဖြစ်ပါတယ်။

ရှေးအခါ အီဂျစ် နက္ခတ်ပညာရှင်များ ပေးထားတဲ့ အမည်ရ Apphis လို့ ခေါ်ဆိုပြီး မှောင်လောကနဲ့ မရဏ တရားတို့ရဲ့  ဘုရားသခင်လို့ မှတ်ယူ ထားပါတယ်။ ဒါကြောင့် Apophis ဟာ တကယ်ပဲ ကမ္ဘာဖျက်မယ့် ဥက္ကာခဲ/ ဂြိုလ်သိမ်ဂြိုလ်မွားကြီး တစ်ခု ဖြစ်ကြောင်း သိရပါတယ်။

အီဂျစ် နက္ခတ်ပညာအရရော၊ ယနေ့ နာဆာနဲ့ ခေတ်မှီနည်းပညာ အရရော ထောက်လှမ်းမှုက လာမယ့် နှစ် ၂၀ ကျော်အတွင်း ကမ္ဘာကို ဥက္ကာခဲ ဝင်တိုက်မယ်ဆိုတာ သေချာ ခန့်မှန်း ထားကြပါတယ်။ ဒါကြောင့် ယင်း ကပ်ဘေးကို ဘယ်လိုရှောင်တိမ်းမယ်ဆိုတာကို နာဆာတို့ အစည်းအဝေး ထိုင် ဆွေးနွေးနေပြီလို့ ဆိုပါတယ်။ လန်ဒန်အခြေဆိုက် Near Earth Objects (ကမ္ဘာနှင့်နီးစပ်သော အရာဝတ္ထုများ) စောင့်ကြည့်ရေး အဖွဲ့ကလည်း ယင်းဥက္ကာခဲဟာ ကမ္ဘာကို တိုက်နိုင်ချေ ရှိမရှိ ပြန်လည် တွက်ချက်နေပါတယ်။ အကယ်၍ တိုက်ရင်တောင် ကမ္ဘာ့လေထုကြောင့် အားလျော့ပြီး ပျက်ပြယ်သွားနိုင်မနိုင်ဆိုတာတွေကိုလည်း အဖြေရှာနေပါတယ်။

မဖြစ်မနေ ကြုံတွေ့ရမယ်ဆိုရင်တောင် ယင်းကပ်ဘေးအတွက် ကမ္ဘာ့ထိပ်တန်း အာကာသ ခရီးသွားနိုင်ငံများ ပူးပေါင်းလို့ ဘယ်လိုဖြေရှင်းမလဲ ဆိုတာ စောင့်ကြည့်လျက် ရှိကြောင်း သိရပါတယ်။
---
Ref: guardian.co.uk
International news for myanmar

Happy New Year To You All ..
31/12/2012

Happy New Year To You All ..

23/12/2012

Window-8 အတွက် မြန်မာဖေါင့်ထည့်နည်း

ဒီတစ်ခါတော့ Windows 8 အသုံးပြုသူများအတွက် zawgyi-one font အသုံးပြုနည်းလေး ပြောပြပါ့မယ်။ အရင်ဆုံးပေးထားတဲ့ လင့်လေးတွေကနေ zawgyi font ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင် winrar ဖို်င်လေးကိုဖြေလိုက်ပါ။ ပထမဖိုင်ထဲမှာ setup ဆိုတာလေးကို အရင် install လုပ်ပါ။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ။ ဒါဆိုရင်ပထမ အဆင့်ပြီးပါပြီ။
ဒုတိယအဆင့်က control panel ထဲဝင်ပြီး Language setting ကိုပြင်ဖို့လိုပါတယ်။
အဆင့်(၁)Control panel ကိုသွားဖို့ကရိုးရိုးလေးပဲ။ Desktop ပေါ်ကို right click ထောက် personalize ကိုကလစ်ပေးပါ။ ညာဘက်ထိပ်မှာ Control Panel Home ဆိုတာကို ကလစ်ပေးပါ။ Windows 8 ဖြစ်တဲ့အတွက် Language ဆိုပြီးကမ္ဘာလုံးပုံလေးကို ကလစ်ပေးပါ။
အဆင့်(၂)အဲဒီမှာ Advaced settings ဆိုတာကို လကစ်ပေးပါ။
အဆင့်(၃)Override for default input method ဆိုတာကိုရှာ၊ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L ဆိုတာလေးကို ရွေးပေးပါ။ ဒါဆိုရင် zawgyi font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ။
For zawgyi-keyboard
For IEZawGyiGtalkfont
အဆင်ပြေပါစေ
@ဘလော့ခရီးသည်

( USB Stick , SD Card တွေကို 4GB အထိတိုးကြမလား...?? )သိတဲ့သူတွေသိကြမှာပါ အရင်တုန်းက 1GB ပမာဏရှိတဲ့ Memory Stick , SD Car...
23/12/2012

( USB Stick , SD Card တွေကို 4GB အထိတိုးကြမလား...?? )
သိတဲ့သူတွေသိကြမှာပါ အရင်တုန်းက 1GB ပမာဏရှိတဲ့ Memory Stick , SD Card တွေကို 2GB အထိတိုးတဲ့ Software လေးရှိခဲ့ဖူးပါတယ်.အခုလဲရှိပါတယ်..အဲဒီတုန်းက ကျနော် စမ်းသပ်ရင်း တကယ်တိုးသွားတာလဲ မြင်ရရော..တော်တော်ပျော်ပြီး သူငယ်ချင်းတွေကို လျှောက်ကြွားခဲ့ဖူးပါတယ်.. သူငယ်ချင်းတွေကလဲ..2GB ကနေ 4GB အထိရော တိုးမရဘူးလားတဲ့...? ကျနော့်ကို မေးခွန်းထုတ်ခဲ့ဖူးပါတယ်..ကျနော်ပြန်မဖြေနိုင်ခဲ့ပါဘူး..............အခု ကျနော်ပြန်မဖြေနိုင်ခဲ့တဲ့ မေးခွန်းရဲ့အဖြေကိုဖြေရှင်းပေးဖို့ အဖြေထွက်ပေါ်လာပါပြီ...4GB ပမာဏ အောက်ရှိတဲ့ Error ကင်းစင်သော မည်သည့် Memory Stick, SD Card ကိုမဆို 4GB ထိရောက် အောင်တိုးပေးနိုင်တဲ့နည်းလမ်းလေး..အားလုံးနဲ့မိတ်ဆက်ပေးပါ့မယ်ခင်မျာ..ကျနော်ကိုယ်တိုင် စမ်းသပ်သလို..မလေးရှားက အစ်ကိုတစ်ယောက်နဲ့လည်းစမ်းသပ်အောင်မြင်ပြီးပါပြီ..ဒါကြောင့် အားလုံးရဲ့အရှေ့ကို ချပြလိုက်ပါပြီခင်ဗျာ.. ကဲ..ဘယ်လိုလုပ်မလဲစကြည့်လိုက်ရအောင်..။

http://www.mediafire.com/?qvtr8vp323w9kxn

အရင်ဆုံးမိမိပြုလုပ်လိုတဲ့ Stick ထဲမှာ မည်သည့် Data Files မျှရှိမနေရပါဘူး။ သေချာပြီဆိုရင်
မိမိတိုးလိုတဲ့ Memory Stick ကို ကွန်ပျူတာမယ်တပ်လိုက်ပါ။ My Computer ထဲကို ၀င်ပြီး မိမိရဲ့ Stick ကိုမှတ်ရလွယ်တဲ့နာမည်ပေးလိုက်ပါ။ ဥပမာ ကျွန်တော် Stick နာမည်က My Computer ထဲမှာ
Ithelper(G ဆိုပြီးပေါ်နေပါမယ်။ ..အိုကေ အကုန်အဆင့်သင့်ဖြစ်ပြီဆိုရင် Software ကို Run လိုက်ပါ.. အောက်ပါပုံအတိုင်းပေါ်လာပါမယ်။
ပုံမှာ Running this will increase/decrease the size of a memory stick to 4GB.Type what you want to call the USB stick.
ဆိုတဲ့ စာသားမြင်ရပါလိမ့်မယ်..အဲဒီအောက်မှာ Ithelper ဆိုပြီး ရိုက်ထည့်လိုက်ပါပြီ။ ပြီးတာနဲ့ Enter နှိပ်လိုက်ပါ။ ဥပမာ မိမိရဲ့ Stick က Amycho(H ဆိုပြီးပေါ်နေရင် amycho ဆိုပြီးရိုက်ထည့်ကာ Enter နှိပ်ရပါမယ်။ အဲလို နှိပ်လိုက်တာနဲ့ နောက်ထပ်စာတန်ုးတစ်ခုပေါ်လာပါမယ်..အောက်ကပုံကိုကြည့် ပါ။

ပုံမှာမြင်ရ တဲ့အတိုင်း Type the Drive LETTER! ဆိုတဲ့စာသားမြင်ရပါလိမ့်မယ်..အဲဒီအောက်မှာ မိမိရဲ့ Drive Letter ကိုရိုက်ထည့်ပေးရပါမယ်..ဘယ်လိုလဲဆိုရင် ကျနော့်ရဲ့ Stick သည် Ithelper(G ဖြစ်တဲ့အတွက် အကွက်ထဲမှာ G ဆိုပြီးရိုက်ထည့်လိုက်ပါမယ်။ မိမိတို့ရဲ့ Stick က ဥပမာ Amycho(H ဆိုရင် H ဆိုပြီး၇ိုက်ထည့်ပေးရပါမယ်။ jockerlay(F ဆိုရင် F ဆိုပြီးရိုက်ထည့်ပေးရပါမယ်...အိုကေ..ဒါလောက်ဆိုရင် Drive Letter ဆိုတာကိုနားလည်ကြပြီထင်ပါတယ်။ အခု ကျနော် Stick ရဲ့ Drive Letter သည် G: ဖြစ်တဲ့အတွက် G လို့ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါပြီ။

Enter နှိပ်လိုက်တာနဲ့ Type Drive Letter (again!) to start. ဆိုတဲ့ စာသားပေါ်လာပါတယ်.. Drive Letter ကိုထပ်ထည့်ခိုင်းတာပါ..အပေါ်ကအတိုင်းပါဘဲ G လို့ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါတယ်။

Enter နှိပ်လိုက်တာနဲ့တစ်ပြိုင်နက် အနီရောင်စာသားတွေ တက်လာပါလိမ့်မယ် ခဏလောက်စောင့်ပြီးတာ
နဲ့ Done! Press any key to exit ဆိုတာ ပေါ်လာပါလိမ့်မယ်...Enter တစ်ချက်နှိပ်ပြီး Stick ကို ကွန်ပျူတာမှ စနစ်တကျဖြုတ်ပြီး ပြန်တပ်ကြည့်ပါ.. 3.99GB ဖြစ်နေတာကိုမြင်ရပါလိမ့်မယ်ခင်မျာ.. တိုးသွားတာကိုမယုံ သေးဘူးဆိုရင် Data တွေကိုထည့်ကြည့်ပါဦး 3.99 GBအထိအပြည့်ထည့်နိုင်တာကို
တွေ့ရပါလိမ့်မယ်ခင်ဗျာ။

မှတ်ချက်==> USB Stick တွေကို Name ပေးမယ်ဆိုရင် Mg MG(G ဆိုပြီး မောင်မောင်နာမည်နှစ်ကြားမှာ Space Bar မခြားပါနှင့်.. MgMG(G ဆိုပြီးတွဲရက်ပေးပါ။ပြီးမှ အဆင့်တွေကို ဆက်လုပ်ပါ။

ယခုနည်းလမ်းသည် အန္တရာယ်ကင်းရှင်းစွာဖြင့် စမ်းသပ်ပြုလုပ်နိုင်ပါတယ်..သေချာလုပ်ကြည့်ပါ..ရကိုရပါ
တယ်..မရတဲ့ သူအချို့လဲရှိနိုင်ပါတယ်..သေချာစမ်းကြည့်ပါ..မရရင် အခြား Stick , SD Card များဖြင့် စမ်းကြည့်ပါ။ တစ်ခုခုမှားယွင်းသွားတယ်ဆိုရင်..ဥပမာ..8 GB ရှိတာကို မှားယွင်းပြီး 4 GB ပြောင်းလဲမိတယ်ဆိုပါစို့..မစိုးရိမ်ပါနဲ့ Format သာချပေးလိုက်ပါ..မူလ 8GB ကိုပြန်ရပါလိမ့်မယ်ခင်မျာ..ကဲ..အားလုံးဘဲ..စမ်းသပ်ကြည့်နိုင်ကြပါပြီခင်မျာ .. (ITHelper မူပိုင် Post)

21/12/2012

Warning
-----------------------------
ခရစ်စမတ် လက်ဆောင် အဖြစ်နဲ့ Fb မှာ Virus တစ်ခုပြန့်နုံ့နေပါတယ်... ဒီ App ကို သုံးမိလိုက်ရင် မိမိ ရဲ့ Wall ပေါ်မှာ Photo တစ်ခုတက်လာပါမယ် ပြီးရင် ကိုယ့် Chat B0x က Fri တွေကို အောက်ကစာတွေလိုမျိုး ကိုယ်မရေးပဲ ပို့ပါလိမ့်မယ် ...
ကိုယ်မရေးပဲ စာတွေလိုက်ပို့နေပြီဆိုတော့ Member တို့ FB ရဲ့ လုံခြုံရေးက စိုးရိမ်ဖွယ်ရာပါ ဒါကြောင့် သတိထားပါ ဒါမျိုး လာပြောတဲ့လုနဲ့ ကြုံနေပြီဆိုလည်း သူ့ကို သတိပေးလိုက်ပါ Security အလွန်ကောင်းတဲ့ Passw0rd ကို အမြန်ဆုံး ပြောင်းပစ်ဖို့ သတိပေးလိုက်ပါ

***hi, Merry Xmas! Check my wall for my Santa ! :P FB seems crazy..

woaa!jingle bells jingle bells! Look at my santa on my wall!:P Find yours too!***

ဆယ်ကျော်သက်တို့ အတွက် အကျင့်ကောင်း(၇)ရပ်The 7 Habits Of Highly Effective Teens [Sean Covey](၁)တာဝန်ယူစိတ် [Be Proactive]...
17/12/2012

ဆယ်ကျော်သက်တို့ အတွက် အကျင့်ကောင်း(၇)ရပ်
The 7 Habits Of Highly Effective Teens [Sean Covey]

(၁)တာဝန်ယူစိတ် [Be Proactive]

ပြဿနာတစ်ခုခုရှိလာရင်"ငါဘာမှားနေလဲ"ဆိုတာက,စ,စဉ်းစားပါမယ်။
ပြီးမှကျန်တာတွေကိုဖြန့် တွေးတယ်။"ကိုယ့်ကိုယ်ကိုတော့လွတ်စေ၊ သူများ ကိုတော့တရားခံ"ဒါမျိုးမလုပ်ဘူး။ကိုယ့်ကိုယ်ကိုတာဝန်ယူတဲ့စိတ်ပါ။

(၂)ပစ်ကွင်းကိုချိန်ပစ် (Begin with the End in Mind)

ငါဘာဖြစ်ချင်လဲ၊ငါ့ရည်မှန်းချက်ဘာလဲဆိုတာကိုပထမဆုံးပိုင်းဖြတ်တယ်။
"မစ်ရှင်"[Mission]စိတ်ဓာတ်ဖြစ်ပါတယ်။

(၃)အရေးကြီးတာအရင်လုပ် [Put First Thing First]

ကြုံသလိုကျပန်းမလုပ်ဘူး။အစီအစဉ်ရှိရှိနဲ့ တဆင့်ပြီးတဆင့်ဆောင်ရွက်တတ်တယ်။

(၄)သူမနာ၊ ကိုယ်မနာ ဆက်ဆံရေး [Think Win-Win]

ကိုယ်နိုင်စေ၊သူရှုံးစေသဘောမထားပါ။နှစ်ဦးနှစ်ဘက်အကျိုးရှိစေမယ့် "ကြားအဖြေ"ကိုနှလုံးသွင်းပါတယ်။

(၅)နားလည်မှုရှိ [Seek First to Understand,Then to be understood]

ပထမဆုံးသူများကိုနားလည်အောင်ကြိုးစားတယ်။
ကိုယ့်ကိုလည်း သူများက နားလည်အောင်တံခါးဖွင့်ထားတယ်။

(၆)လက်တွဲကြိုးပမ်း[Synergize]

ငါတကောမလုပ်ဘူး။အများနဲ့ လက်တွဲကြိုးပမ်းနိုင်ဖို့ အားထုတ်တယ်။

(၇)ကိုယ့်ကိုယ်ကိုပြန် ,သ, [Sharpen the Saw]

စိတ်တံခါးကိုပိတ်မထားဘူး။အတွေးသစ်၊အမြင်သစ်တွေအတွက်အမြဲတံခါး
ဖွင့်ထားတယ်။ကိုယ့်အသိ၊ကိုယ့်အကျင့်ကိုအမြဲချွန်မြနေစေဖို့ မပြတ် "သ"နေ ပါ။

ဒီအကျင့်တွေ မင်းမှာရှိနေပြီဆိုရင် ဘ၀တိုက်ပွဲမှာ အောင်ပွဲအလီလီရမှာ
သေချာသလောက်ဖြစ်ပါပြီ။

17/12/2012

ဟက်ကင်း ကို စိတ်ဝင်စားသူများအတွက် Hacking Book

ဟက်ကင်း ကို စိတ်ဝင်စားသူများအတွက် Hacking Book လေးပါဗျ……!

မြန်မာလို ဘာသာပြန်ပေးထားလို့ ဖတ်ရှုသူတိုင်း အဆင်ပြေပါလိမ့်မယ်ဗျ……..!

လွယ်လွယ်နဲ့လဲ နားလည် သဘောပေါက်ပါလိမ့်မယ်ဗျ……….!

Hacking မြန်မာဘာသာပြန် စာအုပ်လေးကို လေ့လာဖတ်ရှုရင်း Hacking ရဲ့  အနှစ်သာရ လေးများကို ကောင်းမွန်စွာ ခံစားနိုင်ကြပါစေဗျာ……!

စာအုပ်ကိုတော့ အောက်မှာဒေါင်းလိုက်ကြပါဗျ…….!

စာအုပ်အား Download ရယူရန်———->ဒီနေရာကိုနှိပ်ပြီးဒေါင်းပါဗျ !
http://filecloud.io/download.html

17/12/2012

Web Design ပညာရပ်တွေကို လေ့လာသင်ယူနိုင်မယ့် အကောင်းဆုံး Tutorial Website ၁၀ ခု

Web Design နဲ့ ပတ်သက်လို့ လေ့လာသင်ယူနိုင်တဲ့ ၀က်ဘ်ဆိုက်တွေ အွန်လိုင်းမှာ များစွာရှိနေပါတယ်။ အဆိုပါ ၀က်ဘ်ဆိုက်တွေကနေတစ်ဆင့် နိုင်ငံတကာမှာရှိတဲ့ Web Developer တွေဆီက ပညာရပ်တွေ မျှဝေရရှိနိုင်မှာဖြစ်သလို၊ မိမိရဲ့ ကျွမ်းကျင်မှု အရည်အသွေးကိုလည်း ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို Web Design Tutorial ၀က်ဘ်ဆိုက်တွေထဲက ထိပ်တန်း ၁၀ ခုတော့-

1. W3Schools

W3Schools ကတော့ Web Design လောကရဲ့ ထိပ်တန်းဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ မသိသူ မရှိလောက်ဖြစ်တဲ့အထိ အောင်မြင်ပြီး၊ Web နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို ဆည်းပူးလေ့လာနိုင်မှာ ဖြစ်ပါတယ်။ Tutorial, Exam တွေ ပြည့်ပြည့်စုံစုံရှိပြီး Web Design ကို လေ့လာလိုသူများအတွက် အကောင်းဆုံး ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်လိပ်စာကတော့ http://www.w3schools.com ပဲဖြစ်ပါတယ်။



2. Opera Web Standard Curriculum

Opera ရဲ့ Developer Page တစ်ခုဖြစ်တဲ့ Opera Web Standard Curriculum ကတော့ ဒုတိယနေရာက အကောင်းဆုံး Learning Website တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ W3Schools နဲ့ပုံစံတူ ဆိုက်တစ်ခုဖြစ်ပြီး၊ Web Design နဲ့ ပတ်သက်တဲ့အခြေခံ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်လိပ်စာကတော့ http://dev.opera.com ပဲဖြစ်ပါတယ်။

3. Google Code University

ဒီဝက်ဘ်ဆိုက်မှာတော့ HTML, CSS နဲ့ JavaScript တွေကို အခြေခံကစလို့ စနစ်တကျ လေ့လာသင်ယူနိုင်မယ့် နေရာတစ်ခုဖြစ်ပါတယ်။ အခြေခံ ၀က်ဘ်ဆိုက် တည်ဆောက်ခြင်းအပိုင်းကို Video Tutorial တွေနဲ့ လေ့လာနိုင်မှာဖြစ်ပြီး၊ Web Design ဘာသာရပ်ကို စတင်လေ့လာသူများနဲ့ အသင့်တော်ဆုံး ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ လိပ်စာကတော့ http://www.code.google.com ဖြစ်ပါတယ်။

4. Threehouse

Threehouse ကတော့ Video Base ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ လေ့လာနိုင်မယ့် ဘာသာရပ်တွေကတော့ HTML, JavaScript, iOS App တွေဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ရဲ့ အားသာချက်ကတော့ Interface အလွန်ရိုးရှင်းပါတယ်။ မိမိလေ့လာလိုတဲ့ အကြောင်းအရာတစ်ခုချင်းစီရဲ့ Video File တွေကိုရယူနိုင်မှာ ဖြစ်သလို၊ တိုက်ရိုက်လည်း ကြည့်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်လိပ်စာကတော့ http://www.teamtreehouse.com ဖြစ်ပါတယ်။

5. Lynda.com

Lynda ဟာလည်း Treehouse ၀က်ဘ်ဆိုက်လိုမျိုး Video အခြေပြုသင်ကြားမှု ဌာနတစ်ခုဖြစ်ပါတယ်။ ဘာသာရပ်များစွာကို လေ့လာနိုင်မှာဖြစ်သလို Web Design နဲ့ပတ်သက်လို့လည်း ပြည့်စုံတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Lynda ဟာဆိုရင် ၁၉၉၅ ခုနှစ်ကတည်းက ပေါ်ထွက်ခဲ့တဲ့ ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပြီး၊ စာအုပ်၊ Video Tutorials အပါအ၀င် လေ့လာစရာ Data တွေ ပြည့်စုံတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ လိပ်စာကတော့ http://lynda.com ဖြစ်ပါတယ်။

6. Don't Fear the Internet

နာမည်အလန်းစားနဲ့ ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ဒီဇိုင်းတွေနဲ့ ပတ်သက်လို့တော့ ၀င်ရောက်လေ့လာသင့်တဲ့ ဆိုက်တစ်ခုဖြစ်ပြီး၊ တိုတောင်းတဲ့ Video Tutorial တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ HTML နဲ့ CSS တွေအပြင် PHP နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပါ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ လိပ်စာကတော့ http://www.dontfeartheinternet.com ဖြစ်ပါတယ်။

7. Mozilla School of Webcraft

Online Learning Community တစ်ခုဖြစ်တဲ့ Mozilla School of Webcraft ဟာဆိုရင်လည်း ထိပ်တန်းစာရင်းဝင် ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ Peer to Peer University ရဲ့ Online Learning Center တစ်ခုဖြစ်ပြီး၊ PHP, HTML, CSS အကြောင်းတွေကို လေ့လာသင်ကြားနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ ကျွမ်းကျင်မှု အရည်အသွေးကို ဆန်းစစ်နိုင်မှာလည်း ဖြစ်ပါတယ်။ လိပ်စာကတော့ http://www.p2pu.org ဖြစ်ပါတယ်။

8. Netmagazine

Netmagazine ကတော့ HTML, CSS, JavaScript နဲ့ jQuery အကြောင်းတို့ကို လေ့လာနိုင်မှာဖြစ်ပါတယ်။ Web Design နဲ့ပတ်သက်လို့ အခြေခံကစပြီး Professional Level အထိ ဆက်လက်လေ့လာသွားနိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။ လိပ်စာကတော့ http://www.netmagazine.com ဖြစ်ပါတယ်။

9. Smashing Magazine

အကောင်းမွန်ဆုံးသော Web Design Resource များစုစည်းနေတဲ့ နေရာတစ်ခုဖြစ်တဲ့ Smashing Magazine ဟာလည်း ထိပ်တန်းစာရင်းဝင် ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကနေ Web Design နဲ့ ပတ်သက်တဲ့ Video Tutorials တွေ၊ အကြံပြုချက်တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ အခြေခံအတွက်တော့ အကြောင်းအရာနည်းပါးပြီး Intermediate Level ကနေ Professional Level အထိလေ့လာနိုင်မှာဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ရဲ့ လိပ်စာကတော့ http://www.smashingmagazine.com ဖြစ်ပါတယ်။

10. Codeacademy

နာမည်ကြီး ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Codeacademy ဟာလည်း Web Design နဲ့ ပတ်သက်တဲ့ ထိပ်တန်းဝက်ဘ်ဆိုက် ၁၀ ခုစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ Code တွေနဲ့ ပတ်သက်လာရင် ပြီးပြည့်စုံတဲ့ ဆိုက်တစ်ခုအဖြစ် လူသိများပြီး၊ အွန်လိုင်း သင်ကြားမှုဆိုင်ရာ ဌာနတစ်ခုလည်းဖြစ်ပါတယ်။ လိပ်စာကတော့ http://www.codeacademy.com ဖြစ်ပါတယ်။

HTML CSS JavaScript jQuery AJAX XML ASP.NET SQL Tutorials References Examples

17/12/2012

Web Design ပညာရပ်တွေကို လေ့လာသင်ယူနိုင်မယ့် အကောင်းဆုံး Tutorial Website ၁၀ ခု

Web Design နဲ့ ပတ်သက်လို့ လေ့လာသင်ယူနိုင်တဲ့ ၀က်ဘ်ဆိုက်တွေ အွန်လိုင်းမှာ များစွာရှိနေပါတယ်။ အဆိုပါ ၀က်ဘ်ဆိုက်တွေကနေတစ်ဆင့် နိုင်ငံတကာမှာရှိတဲ့ Web Developer တွေဆီက ပညာရပ်တွေ မျှဝေရရှိနိုင်မှာဖြစ်သလို၊ မိမိရဲ့ ကျွမ်းကျင်မှု အရည်အသွေးကိုလည်း ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို Web Design Tutorial ၀က်ဘ်ဆိုက်တွေထဲက ထိပ်တန်း ၁၀ ခုတော့-

1. W3Schools

W3Schools ကတော့ Web Design လောကရဲ့ ထိပ်တန်းဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ မသိသူ မရှိလောက်ဖြစ်တဲ့အထိ အောင်မြင်ပြီး၊ Web နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို ဆည်းပူးလေ့လာနိုင်မှာ ဖြစ်ပါတယ်။ Tutorial, Exam တွေ ပြည့်ပြည့်စုံစုံရှိပြီး Web Design ကို လေ့လာလိုသူများအတွက် အကောင်းဆုံး ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်လိပ်စာကတော့ http://www.w3schools.com ပဲဖြစ်ပါတယ်။

2. Opera Web Standard Curriculum

Opera ရဲ့ Developer Page တစ်ခုဖြစ်တဲ့ Opera Web Standard Curriculum ကတော့ ဒုတိယနေရာက အကောင်းဆုံး Learning Website တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ W3Schools နဲ့ပုံစံတူ ဆိုက်တစ်ခုဖြစ်ပြီး၊ Web Design နဲ့ ပတ်သက်တဲ့အခြေခံ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်လိပ်စာကတော့ http://dev.opera.com ပဲဖြစ်ပါတယ်။

3. Google Code University

ဒီဝက်ဘ်ဆိုက်မှာတော့ HTML, CSS နဲ့ JavaScript တွေကို အခြေခံကစလို့ စနစ်တကျ လေ့လာသင်ယူနိုင်မယ့် နေရာတစ်ခုဖြစ်ပါတယ်။ အခြေခံ ၀က်ဘ်ဆိုက် တည်ဆောက်ခြင်းအပိုင်းကို Video Tutorial တွေနဲ့ လေ့လာနိုင်မှာဖြစ်ပြီး၊ Web Design ဘာသာရပ်ကို စတင်လေ့လာသူများနဲ့ အသင့်တော်ဆုံး ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ လိပ်စာကတော့ http://www.code.google.com ဖြစ်ပါတယ်။

4. Threehouse

Threehouse ကတော့ Video Base ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ လေ့လာနိုင်မယ့် ဘာသာရပ်တွေကတော့ HTML, JavaScript, iOS App တွေဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ရဲ့ အားသာချက်ကတော့ Interface အလွန်ရိုးရှင်းပါတယ်။ မိမိလေ့လာလိုတဲ့ အကြောင်းအရာတစ်ခုချင်းစီရဲ့ Video File တွေကိုရယူနိုင်မှာ ဖြစ်သလို၊ တိုက်ရိုက်လည်း ကြည့်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်လိပ်စာကတော့ http://www.teamtreehouse.com ဖြစ်ပါတယ်။

5. Lynda.com

Lynda ဟာလည်း Treehouse ၀က်ဘ်ဆိုက်လိုမျိုး Video အခြေပြုသင်ကြားမှု ဌာနတစ်ခုဖြစ်ပါတယ်။ ဘာသာရပ်များစွာကို လေ့လာနိုင်မှာဖြစ်သလို Web Design နဲ့ပတ်သက်လို့လည်း ပြည့်စုံတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Lynda ဟာဆိုရင် ၁၉၉၅ ခုနှစ်ကတည်းက ပေါ်ထွက်ခဲ့တဲ့ ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပြီး၊ စာအုပ်၊ Video Tutorials အပါအ၀င် လေ့လာစရာ Data တွေ ပြည့်စုံတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ လိပ်စာကတော့ http://lynda.com ဖြစ်ပါတယ်။

6. Don't Fear the Internet

နာမည်အလန်းစားနဲ့ ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ဒီဇိုင်းတွေနဲ့ ပတ်သက်လို့တော့ ၀င်ရောက်လေ့လာသင့်တဲ့ ဆိုက်တစ်ခုဖြစ်ပြီး၊ တိုတောင်းတဲ့ Video Tutorial တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ HTML နဲ့ CSS တွေအပြင် PHP နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပါ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ လိပ်စာကတော့ http://www.dontfeartheinternet.com ဖြစ်ပါတယ်။

7. Mozilla School of Webcraft

Online Learning Community တစ်ခုဖြစ်တဲ့ Mozilla School of Webcraft ဟာဆိုရင်လည်း ထိပ်တန်းစာရင်းဝင် ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ Peer to Peer University ရဲ့ Online Learning Center တစ်ခုဖြစ်ပြီး၊ PHP, HTML, CSS အကြောင်းတွေကို လေ့လာသင်ကြားနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ ကျွမ်းကျင်မှု အရည်အသွေးကို ဆန်းစစ်နိုင်မှာလည်း ဖြစ်ပါတယ်။ လိပ်စာကတော့ http://www.p2pu.org ဖြစ်ပါတယ်။

8. Netmagazine

Netmagazine ကတော့ HTML, CSS, JavaScript နဲ့ jQuery အကြောင်းတို့ကို လေ့လာနိုင်မှာဖြစ်ပါတယ်။ Web Design နဲ့ပတ်သက်လို့ အခြေခံကစပြီး Professional Level အထိ ဆက်လက်လေ့လာသွားနိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။ လိပ်စာကတော့ http://www.netmagazine.com ဖြစ်ပါတယ်။

9. Smashing Magazine

အကောင်းမွန်ဆုံးသော Web Design Resource များစုစည်းနေတဲ့ နေရာတစ်ခုဖြစ်တဲ့ Smashing Magazine ဟာလည်း ထိပ်တန်းစာရင်းဝင် ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကနေ Web Design နဲ့ ပတ်သက်တဲ့ Video Tutorials တွေ၊ အကြံပြုချက်တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ အခြေခံအတွက်တော့ အကြောင်းအရာနည်းပါးပြီး Intermediate Level ကနေ Professional Level အထိလေ့လာနိုင်မှာဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ရဲ့ လိပ်စာကတော့ http://www.smashingmagazine.com ဖြစ်ပါတယ်။

10. Codeacademy

နာမည်ကြီး ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Codeacademy ဟာလည်း Web Design နဲ့ ပတ်သက်တဲ့ ထိပ်တန်းဝက်ဘ်ဆိုက် ၁၀ ခုစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ Code တွေနဲ့ ပတ်သက်လာရင် ပြီးပြည့်စုံတဲ့ ဆိုက်တစ်ခုအဖြစ် လူသိများပြီး၊ အွန်လိုင်း သင်ကြားမှုဆိုင်ရာ ဌာနတစ်ခုလည်းဖြစ်ပါတယ်။ လိပ်စာကတော့ http://www.codeacademy.com ဖြစ်ပါတယ်။

( Virus သဘောသဘာဝ နဲ့  ရှင်းလင်းခြင်း )တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိ...
17/12/2012

( Virus သဘောသဘာဝ နဲ့  ရှင်းလင်းခြင်း )
တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တချို့ ကို ပေးဆပ်ကြ ရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည် ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။

ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။

Virus ရဲ့ အဓိပ္ပါယ်။...

အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့ Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။ လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။ တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊ တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။ တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။
အကြမ်းဖျင်းအားဖြင့် -
Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု
Trojan = virus သို့မဟုတ် malware တွေပါဝင်သော program တစ်ခု
Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု
Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program
Worm = Network အပေါ်မှာ လမ်းသလားသော virus

Virus ဖယ်ရှားခြင်း။
မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။ Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို ရင်တော့ ကံကောင်းတာပေါ့။ AV တွေ Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ .. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့ ဒုက္ခပေးပုံတွေကို ပြောဆို အကူအညီတောင်းပါ။ ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။ ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။

Virus Detect မသိခဲ့ရင်
ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။ ဒီအတွက် special tool လေးတွေက အဓိက တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task manager, autoruns, process explorer and hijackthis တို့လိုပေါ့။

Checking Running Processes
ကျွန်တော်တို့ PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်. ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင် System Configuration Ultility (RUN>msconfig) က နေဘယ် serivces တွေ နဲ့ ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍ starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်


တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံ တူတွေဖြစ်နေ တတ်တယ်။ မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။

System Configuration Utility


RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windows မှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။ နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့ ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင် အဆင်ပြေပါတယ်။

All-in-one diagnostic Tools
Autoruns


ဒီ software က Task manager, msconfig and the services list တွေ စသည့် system diagnostic အစုံပါတဲ့ freeware လေးတစ်ခုပါ။

Process Hacker

ဒါလေးကတော့ အပေါ်က ပုံစံပါပဲ.. သူ့ရဲ့ ထူးခြားချက်ကတော့ file တစ်ခုခြင်းစီအတွက် ကိုယ်ပိုင် ထိန်းချုပ်မှု့ပါ၊ CPU,IO,VM တွေအပြင် performace graphed တွေပါတယ်။

Hijack This

Technician တွေနဲ့ ကွန်ပျူတာ နဲ့နည်းစပ်သူတွေတော်တော်တော်များများသိကြတဲ့ Tool ပါ။ ဒါပေမဲ့ ၄င်းတို့မှာ ပါဝင်တဲ့ R0,R1,R2,R3 / F0,F1,F2,F3 / 01 / 04 / 23 စသည့် notable entries လေးတွေကို သတိမထားမိတတ်ပါဘူး။ R0,R1,R2,R3 ဆိုတာက အင်တာနက် အွန်လိုင်း အမှားအယွင်းတွေ၊ အထူးသဖြင့် Internet Browser တွေပေါ့... အသေးစိတ်ကို


Malware Bytes

Antivirus Program တွေက ၄င်းတို့ရဲ့ Virus Signiture တွေနဲ့ငြိတဲ့ ဖိုင်တွေကို စစ်မယ်၊ Anti Spyware တွေက Registry Entries မှာ ၄င်းတို့ Spyware အဖြစ်သတ်မှတ်ထားတဲ့ ဖိုင်တွေကို စစ်မယ်။ ဒါပေမဲ့ တစ်ချို့ malware တွေကို antivirus တွေ antispyware တွေ Detect သိသော်ငြားလည်း သူတို့ကို Delete မလုပ်ဘူး( Delete လုပ်ဖို့လည်း သူတို့မှာ Power မရှိသလို၊ System File လား၊ ဘာလား မခွဲခြားနိုင်ခြင်း၊ ၄င်း malware တွေနဲ့ familiar ဖြစ်နေခြင်း)။ (မှတ်ချက် - တစ်ချို့ Antivirus program တွေက အဲ့လို malware ရရင် တွေ့သမျှ အကုန်ဖျက်ပါတယ်...ဘာဖိုင်မှကိုမထားပါဘူး။ ပြီးရင်တော့ စက်တောင် မတက်တော့ဘူး။ မိမိရဲ့ ကွန်ပျူတာက malware ကိုက်လို့ ဘာမှမဖြစ်ပဲနဲ့ Antivirus run လိုက်မှ နောက်ဆုံး ရှိတဲ့ ဖိုင်လေးတွေပါ အကုန်ပြောင်သွားတတ်ပါတယ်။) ဒါကြောင့် ၄င်း malware တွေက မိမိရဲ့ Running System နဲ့ Applications တွေကို နည်းမျိုးစုံနဲ့ဒုက္ခပေး၊ application သုံးနေရင်းနဲ့ ရုတ်တရက်ပိတ်၊ error ကျ အဲ့လိုတွေ ဖြစ်လာတတ်တယ်။ ဒီအတွက် Maleware Bytes ဆိုတဲ့ software လေးက အဆင်ပြေဆုံးပါ။

နည်းပညာဥယျာဉ်မှ ပြန်လည်မျှဝေပေးပါသည်

ဆောင်ထားသင့်တဲ့ Advanced System Optimizer 3 လေးပါ .... သူ့ရဲ့ Features တွေကိုအောက်မှာလေ့လာနိုင်ပါတယ် တောင်းဆိုထားလို့ Fu...
17/12/2012

ဆောင်ထားသင့်တဲ့ Advanced System Optimizer 3 လေးပါ .... သူ့ရဲ့ Features တွေကိုအောက်မှာလေ့လာနိုင်ပါတယ် တောင်းဆိုထားလို့ Full Version ဖြစ်အောင် Patch ချိုးနည်းနဲ့အတူ ပြန်လည်မျှဝေပေးလိုက်ပါတယ်....။
Description
Advanced System Optimizer 3 has new multi-functional utilities essential for today’s improved machines - to protect, update and optimize your computer. The new set of tools is clubbed with very useful existing tools that are enhanced to give more accurate and speedy output.
The new Essential set of tools includes:
Smart PC Care
It is a comprehensive set of scans which check the PC for various problems and gets rid of them in one go.

It Clean junk data & free up disk space • Defrag hard disk for optimizer performance
Scan & Clean spyware • Clean hidden privacy exposing traces
Scan for outdated drivers and required drivers • Clean Registry errors
Optimize registry for better performance

Driver Updater

Scans your system for out-of-date device drivers
Presents a summary of out-of-date drivers
Automatically downloads and installs updated drivers in a click
Creates a backup of existing drivers before updating

Game Optimizer

Provides a private virtual desktop optimized for gameplay
Lets you enjoy your gaming free from distractions
Ensures that all available system resources are devoted to your game
Enables you to program special key mapping for each game

System Protector

Constantly monitors your system processes for spyware activities
Identifies, detects, and removes spyware from your system
Regularly updated definitions assure you of constant protection
Identifies and ranks the severity of spyware programs on your computer

http://www.systweak.com/aso/ (Software)

http://www.solidfiles.com/d/b9ec1cf8f8/ (Patch)

From - winkabarkyaw

Address

No. 14, (1stFloor), Above Sar Pay Law Ka(3), Hleden Road, Kamayut Township
Yangon
220

Alerts

Be the first to know and let us send you an email when Cyber Max Computer Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cyber Max Computer Center:

Share

Category