KSL Electronics

KSL Electronics Retail and Wholesale Distribution

06/10/2014
06/10/2014

10 things you should know about plasterboard

Plasterboard is basically an inner layer of gypsum sandwiched between two outer layers of lining paper including various additives in the gypsum layer and varying the weight and strength of the lining paper, will give the finished board different properties
Gypsum is made up of crystals containing a small amount of water (known as water of crystallisation). In a fire, this water is driven-off, helping to keep the temperature of the fire down, and preventing rapid fire spread. Plasterboards, such as Gyproc FireLine, are therefore used extensively for fire protection proving up to 4 hours protection in some special multi-layer system applications.
Plasterboard is good for cutting down noise transmission particularly airborne sounds such as speech and music. High performance plasterboards, such as Gyproc SoundBloc, have a specially designed core that provides even better insulation against sound.
Whilst standard plasterboard is ideal for most environments, it shouldn't be used in constantly wet conditions. For kitchens, bathrooms and similar wet areas, Gyproc Moisture Resistant, specially designed with silicone additives in the core, or Glasroc H TILEBACKER, a highly water resistant Class A1, non-combustible glass reinforced gypsum board, should be used.
Glasroc F MULTIBOARD, a glass-fibre reinforced gypsum board, is not made in the traditional way with lining paper. Instead, the boards are strengthened with layers of glass fibre immediately below each surface. This gives them good all-round performance, a high quality durable plaster finish, and enables them to be easily bent for use on curved structures. They are excellent for semi-exposed areas, such as soffits and the like.
Most common plasterboards come with the option of either tapered edge or square edge. Tapered edge boards are ideal for either jointing or skimming, while square edge is generally used for textured finishes.
Plasterboard generally comes in 1200mm wide sheets, designed to suit the standard 600mm stud spacing used in housing today. Other widths are available for specific systems for instance 900mm widths for the British Gypsum GypWall RAPID metal stud housing partition system and 600mm sheets for use where space is limited.
Most standard plasterboard has one ivory face and one brown. The liner on the ivory face is specially designed for plastering plaster should not be applied to the brown reverse face. Paper liners are generally made from recycled paper a big plus for the environment.
Joint cracking on plasterboard ceilings is almost invariably caused by warping of the joists as the wood dries out. Screw fixing the boards will generally prevent the problem occurring. If you want to go further use the British Gypsum Gypframe RB1 Resilient Bar or Gypframe RB2 SureFix Bar, designed to upgrade ceilings to Building Regulations Approved Document E acoustic standards, which will virtually eliminate the chance of movement problems.
Although you can apply wallpaper directly to the paper surface of plasterboard, ideally the surface should first be sealed with one coat of Gyproc Drywall Sealer to allow easy stripping at a later date.

Here Samples Photos are copied from internet and you can learn and inspire what is suitable for your needs..
06/10/2014

Here Samples Photos are copied from internet and you can learn and inspire what is suitable for your needs..

26/06/2014
လျှပ်စစ်ဓာတ်လိုက်မှု သူနာပြုစုနည်းလျှပ်စစ်ဓာတ်လိုက်နေသူတစ်စုံတစ်ဦးအားတွေ့ရှိခဲ့သော်အောက်ဖော်ပြပါအတိုင်းအဆင့်ဆင့်ပြုလုပ်...
16/12/2013

လျှပ်စစ်ဓာတ်လိုက်မှု သူနာပြုစုနည်း

လျှပ်စစ်ဓာတ်လိုက်နေသူတစ်စုံတစ်ဦးအားတွေ့ရှိခဲ့သော်အောက်ဖော်ပြပါအတိုင်းအဆင့်ဆင့်ပြုလုပ်ဆောင်ရွက်သွားပါလျှင်အသက် ဆုံးရှုံးရခြင်းနည်းပါးသွားရမည်မှာသေချာပါသည်။အရေးကြုံလျှင်သက်လုံကောင်းပြီးလူနာကိုလျင်မြန်တိကျစွာပြုစုပါ။

ပြုလုပ်ဖွယ်ရာအဆင့်ဆင့်တို့မှာ-
(၁)လူနာကိုလျှပ်စစ်ကြိုးမှဖယ်ရှားခြင်း
(၂)လူနာကိုအရေးပေါ်ပြုစုခြင်း
(၃)အနီးဆုံးဆေးရုံ၊ဆေးခန်းမှဆရာဝန်၏အကူအညီရယူခြင်းတို့ဖြစ်ပါသည်။

(၁)လူနာကိုလျှပ်စစ်ကြိုးမှဖယ်ရှားခြင်း

ရှေးဦးစွာလူနာထံသို့လျှပ်စစ်စီးဆင်းနေသောလမ်းကြောင်းရှိ မိန်း(သို့)ဘရေကာ(သို့)ခလုပ်ကိုလျှင်မြန်စွာပိတ်ပါ။
ထိုသို့မလွယ်ကူပါကလူနာနှင့်ပြုစုသူ၊အခြားသူများအတွက်အန္တရာယ်ရှိ/မရှိကိုဆန်းစစ်ပါ။
သားရေ(သို့)ရာဘာလက်အိတ်အစွတ်ဖြင့်၎င်း၊ခြောက်သွေ့သောအ၀တ်၊ချည်ကြိုး၊လျော်ကြိုး၊၀ါးလုံး၊သစ်သား၊စသည်တို့ဖြင့်၎င်း လူနာကိုလျှပ်စစ်ကြိုးမှဆွဲယူဖယ်ရှားပါ။
မိမိကလည်းခြောက်သွေ့သည့်ပျဉ်ကြမ်းခင်း ခုံတန်းလျား၊ရော်ဘာဖိနပ် (သို့) သားရေ၊ရာဘာအခင်းစသည်တို့ပေါ်တွင်နေပြီး ကယ်ဆယ်ပါ။
(သံချောင်း၊သံတုတ်၊ရေစိုနေသောအရာများအသုံးပြုခြင်း နှင့် သံမံတလင်း၊စိုစွတ်နေသောကြမ်းခင်းပေါ်မှ တိုက်ရိုက်လူနာကို ဆွဲယူခြင်းတို့မပြုရပါ)
ထို့နောက်လူနာတုံ့ပြန်မှုရှိမရှိကြည့်ပါ။မရှိပါကအကူအညီခေါ်ပါ။

(၂)လူနာကိုအရေးပေါ်ပြုစုခြင်း

လူနာကိုပြုစုပုံပြုစုနည်းအဖြစ်အောက်တွင်ဖော်ပြပါအတိုင်း (၃)မျိုးကိုလက်ခံကျင့်သုံးကြသည်။
ပထမဦးစွာ လူနာကိုတင်းကြပ်မှုဖြစ်စေသော ခါးပတ်၊လည်စီး ကြယ်သီးစသည်တို့ကိုလျော့ပေးရမည်။ လေကောင်းလေသန့်ရစေရန်လူများဝိုင်းအုံနေကြခြင်းကို တားရမည်။

-ပါးစပ်ချင်းအပ်ရ်ျပြုစုနည်း

လူနာကိုပက်လက်လှဲပြီးလေပြွန်လမ်းကြောင်းကိုဖွင့်ရန်ဦးခေါင်းကိုနောက်လှန်ပြီးမေးစေ့မပြီးမော့ထားပါ။
လူနာ၏ပါးစပ်တွင်ပိတ်ဆို့နေသောအရာဝတ္ထုများရှိပါကဖယ်ရှားပါ။
လူနာကိုနှာခေါင်းကိုညှစ်ပြီးပိတ်ထားပါ။ မိမိကပါးစပ်ဟပြီးအသက်ပြင်းပြင်းရှူရှိုက်ပါ။
လူနာ၏ပါးစပ်ကိုမိမိပါးစပ်ဖြင့်ငုံရ်ျလူနာ၏ရင်ကြွလာသည့်တိုင်လေကိုမှန်မှန်မှုတ်သွင်းပြီးမိမိပါးစပ်ကိုခွာလိုက်ပါ။

-ပါးစပ်နှင့်နှာခေါင်းအပ်ရ်ျပြုစုနည်း

အကယ်ရ်ျလူနာ၏ပါးစပ်တွင်ဒဏ်ရာရရှိနေလျှင်၎င်း၊ပါးစပ်ချင်းအပ်ရ်ျပြုစုနည်းအရလေမှုတ်သွင်းရာတွင်ရင်အုံတက်ကြွလာမှုမရှိလျှင်၎င်း အောက်ပါနည်းအတိုင်းပါးစပ်နှင့် နှာခေါင်းအပ်ရ်ျပြုစုရမည်။
လူနာ၏ပါးစပ်ကိုလက်ဖြင့်ပိတ်ကာမိမိကအသက်ပြင်းပြင်းရှူပြီးလူနာ၏နှာခေါင်းကိုပါးစပ်ဖြင့်ငုံပြီးလေမှုတ်သွင်းပါ။
လေမှုတ်သွင်းပြီးနောက်လူနာ၏ပါးစပ်မှလက်ကိုဖယ်ရှားလိုက်ပြီးမိမိကအသက်ပြန်ရှူကာလေမှုတ်သွင်းခြင်းကိုဆက်ကာဆက်ကာထပ်မံပြုလုပ်ပါ။
လေမှုတ်သွင်းခြင်းကို၆-ကြိမ်တိတိအမြန်ပြုလုပ်ပါ။ထို့နောက်၆-စကန့်ခြားပြီးနောက်လူနာအသက်မှန်မှန်ပြန်ရှူလာသည့်တိုင်(သို့)ဆရာဝန်ထံရောက်သည့်တိုင်ဆက်လက်ပြုစုပါ။

-ကျောဖိရ်ျလက်မောင်းကိုမပြီးပြုစုနည်း

လူနာကိုမှောက်လျက်ထားပြီးလက်နှစ်ဖက်ကိုယှက်စေကာ၎င်းအပေါ်၏တွင်ဦးခေါင်းကိုစောင်းထားရမည်။ပုံ(၃၁၆)
မိမိ၏လက်ဖ၀ါးကိုလူနာ၏လက်ပြင်ပေါ်တွင်တင်ပြီးဖိရ်ျရှေ့သို့အဆုံးတွန်းနှိပ်ချရမည်။
ထို့နောက်ဖိနှိပ်အားကိုဖြေးညှင်းစွာလျော့ပြီးနောက်လူနာ၏တတောင်ဆစ်၂ခုကိုမိမိဘက်မရ်ျဆွဲယူရမည်။
ထို့နောက်လူနာ၏လက်ကိုပြန်ချကာယခင်အတိုင်းဆက်ခါဆက်ခါပြန်လည်ပြုစုပါ။ပုံ(၃၁၉)

လျှင်မြန်ပြုစုသက်ကယ်မှု

အဆင့်(၃)လျှင်မြန်စွာပြုစုမှုအရေးကြီးပုံ။

လျှပ်စစ်ဓာတ်လိုက်ခံရသူကိုပြုစုရာတွင်အချိန်မကြံ့ကြာမနှောင့်နှေးစေခြင်းမှာ၊အရေးကြီးဆုံးဖြစ်သည်။လူနာအားဓာတ်လိုက်ခံနေရခြင်းမှကင်းလွတ်သွားအောင်ပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက်ဆေးရုံသို့မဟုတ်ဆရာဝန်ရှိရာသို့ယူဆောင်သွားခြင်းကိုအလျင်စလိုမပြုပါနှင့်။ရှေးဦးသူနာပြုစုမှုကိုညွှန်ကြားချက်အတိုင်းအလျင်အမြန်ဆောင်ရွက်ပါ။သတိပြန်ရလာသောအခါလူနာကိုဘရမ်နီ၊၀ီစကီစသည်တို့လုံးဝမတိုက်သင့်ပါ။ရေတစ်ခွက်(သို့)ကော်ဖီ၊လက်ဘက်ရည်စသည်တို့ကိုပေးနိုင်ပါသည်။ဓာတ်လိုက်ခံရပြီးနောက်လူနာ၏ခန္ဓာကိုယ်သည်လျင်မြန်စွာအေးစက်လာပြီး နမိုးနီးယားရောဂါ ရုတ်ချည်းဝင်ရောက်လာနိုင်သည်။ထို့ကြောင့်လူနာကိုနွေးနွေးထွေးထွေးထားရမည်။
ရာသီဥတုအေးမြနေလျှင်မီးဖိုပြီးအပူပေးသင့်သည်။
နှလုံးခုန်ရပ်နေသောလူနာတစ်ဦးကိုအသက်ပြန်ရှူလာရန်ထိုးဆေးသော်၎င်း၊စားဆေးသော်၎င်းမရှိသေးဖော်ပြပေးခဲ့သောနည်းများ
အတိုင်းနှလုံးပြန်ခုန်လာစေရန် ပြုစုပေးသည့်နည်းသာရှိသည်။ယင်းနည်းမှာလည်းအချိန်မနှောင်းမီပြုစုမှသာမျှော်လင့်ချက်ရှိသည်။
၎မိနစ်ကြာလျှင် ၅၀မှ၉၀ရာခိုင်နှုန်းမျှော်လင့်ချက်ရှိသည်။ ၆မိနစ်ကြာလျှင်မူကား၁၀မှ၅၀ရာခိုင်နှုန်းအတွင်းသာမျှော်လင့်ချက်ရှိတော့သည်။၁၄မိနစ်ကြာပြီးလျှင်မျှော်လင့်ချက်မရှိတော့ပေ။

မိမိရှေ့တွင်အရေးပေါ်အခြေအနေကြုံတွေ့လာပါကရှောင်ကွင်းမသွားပဲလူ့အသက်တစ်ချောင်းကယ်တင်နိုင်ကြပါစေ။

အရေးပေါ်လူနာတင်ယာဉ်ဆက်သွယ်ရန် -192,01-256112~115,01-500005,01-383684
ကိုးကား။ ။ဦးဖေသိန်း(လျှပ်စစ်ပညာသဘောတရားနှင့်လက်တွေ့)၊ အင်တာနက်
ဓာတ်ပုံ ။ ။အင်တာနက်

Electronics ဖြစ်ပေါ်လာပုံ ===============နည်းပညာကို လေ့ လာ လိုက်စားတော့မည် ဆိုလျှင် “Electronics” ဟူသော ဝေါဟာရ ကို အခြေ အ...
15/12/2013

Electronics ဖြစ်ပေါ်လာပုံ
===============
နည်းပညာကို လေ့ လာ လိုက်စားတော့မည် ဆိုလျှင် “Electronics” ဟူသော ဝေါဟာရ ကို အခြေ အ မြစ်ကျကျ သိရှိ နားလည်ထားရန်လိုအပ်ပါသည်။ Electronics (အီလက်ထရွန်းနစ်) ဟူသော ဝေါဟာရကို အင်္ဂလိပ် မြန်မာ အဘိဓာန်များ၌ ပရမာ အနုမြူနှင့် ဆိုင် သော ရူပဗေဒ ဘာသာရပ် ဟုအဓိပ္ပာယ် ဖွင့်ဆိုထားလေသည်။

Electronics ဟူသော ဝေါဟာရကို (GREEK) ဂရိဘာ သာစကားမှ စတင်ဆင်းသက် ပေါက်ဖွားလာခဲ့ သည်။ ဂရိဘာသာစကားတွင် Electronics ဟူသော ဝေါဟာရ ကို ပယင်းကျောက်တုံးဟု အဓိပ္ပာယ် ရလေ သည်။ စာဖတ်သူများအနေဖြင့် အီလက်ထရွန်းနစ်ပညာကိုလေ့ လာလိုက်စားရာတွင် ဗဟုသုတအနေ ဖြင့် သော်လည်ကောင်း၊ မိမိဝါသနာပါရာ အီလက်ထရွန်းနစ်ပညာ၏ သမိုင်းကြောင်းဆိုင်ရာ သိမှတ်စရာအဖြစ် လည်းကောင်း အထောက်အကူဖြစ်စေခြင်းငှာ အီလက်ထရွန်းနစ်၏ သမိုင်းကြောင်းကို စတင်ပါတော့မယ် ခင်ဗျာ။
လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်လောက်က ပိုးသားဝတ်စုံများကို မြတ်နိုးစွာ ၀တ်ဆင်လေ့ရှိ သော ဂရိလူမျိုးများစွာတို့အနက် လက်အငြိမ်မနေသောတတ်သော ဂရိလူမျိုးတစ်ဦး ရှိလေသည်။ ထိုသူ တွင် လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည့် ပယင်းကျောက်တုံး (AMBER) တစ်လုံးရှိလေသည်။ ထိုသူသည် အားလပ်သော အချိန်တိုင်းတွင် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံး ကလေးကို သူ၏ ပိုးသားဝတ်ရုံဖြင့် အစဉ်သဖြင့် ပွတ်တိုက်လှုပ်ရှား၍ သာနေသည်။ ထိုသူ၏ အငြိမ်မနေတတ်သော အကျင့်သည် သာမန် အားဖြင့်ဆိုလျှင် မည့်သို့မျှထူးခြား စိတ်ဝင်စားဖွယ် မရှိသော်လည်း ထိုသို့ အငြိမ်မနေတတ်သော ဂရိလူမျိုး တစ်ဦး၏ ပိုးသားဝတ်ရုံစဖြင့် ပယင်းကျောက်တုံးကလေးကို စဉ်ဆက်မပြတ်ပွတ်တိုက် လှုပ်ရှားရာမှ စ၍ ယခုမျက်မှောက်ကာလ ကမ္ဘာနှင့်အ၀ှမ်း အီလက်ထရွန်းနစ်နည်းပညာများ ဖွံဖြိုးတိုးတတ်လာခဲ့သည် ဆို လျှင် ယုံနိုင်ဖွယ်မရှိအောင် အံ့သြကြမည်မှာ မလွှဲပါ။
တစ်နေ့သော်ထိုသူသည် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် စဉ်ဆက်မ ပြတ် ပွတ်တိုက်ရာမှ လက်ထဲမှာ ပူနွေးညောင်းညာလာသဖြင့် ၎င်းပယင်းကျောက်တုံးကလေးကို အနီးရှိ စားပွဲခုံတစ်ခုပေါ် တင်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ ပေါ့ပါးသော စက္ကူစများ၊ ငှက်မွှေးများ၊ ဂွမ်းစကဲ့သို့ သော ပေါ့ပါးသော အရာဝတ္တုများသည် ၎င်းပယင်းကျောက်တုံးဆီသို့ အပြေးအလွှား ကပ်ညှိသွားသည်ကို အဲ့ဩဖွယ်ရာ မြင်တွေ့လိုက်ရသည်။ ထိုသူသည်လွန်စွာ အံ့အားသင့်သွားသည်။

သို့သော် အဘယ်ကြောင့်ထိုသို့ ဖြစ်ရသည်ကိုမူ ၎င်းအနေဖြင့် သိနိုင်စွမ်းမရှိခဲ့ပေ။ သို့သော် ထိုသူ သည် ၎င်း၏ ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် ပူနွေးလာစေရန် အဆက်မပြတ် ပွတ်တိုက်၍ လူပုံလယ်တွင် မည့်သည့် အဆက်အသွယ်မှ မရှိဘဲ သံနှင့်သံလိုက် မဟုတ်ပါပဲ အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစ နှင့် စက္ကူစုတ်များကို ပယင်းကျောက်တုံးသို့ ပြေးဝင်ကပ်ညှိအောင် လုပ်နိုင်စွမ်းသူ တစ်ဦးအဖြစ် ဂရိလူမျိုး များစွာတို့၏ အံ့ဩမှုကို ခံယူခဲ့ရလေသည်။

အမှန်စင်စစ် ထိုအချိန်က အရာဝတ္တုတစ်ခုကို အခြားအရာဝတ္တုတစ်ခုနှင့် ပွတ်တိုက်သည့်အခါ (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီ ခေါ်အပူကြောင့်ဖြစ်ပေါ်သော အပူ လျှပ်စီးကြောင်း၏ သဘောတရားကို မည်သူမျှ နားလည်သဘောပေါက်ခြင်း မရှိသေးပေ။ သို့သော ပယင်း ကျောက်တုံးကို အ၀တ်စတစ်ခုခုဖြင့် ပွတ်တိုက်ပေးလျှင် အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစနှင့် အခြားပေါပါးသော အရာဝတ္တုများ ပြေးဝင် ကပ်ညှိနိုင်သောသဘောကို အီလက်ထရွန် (သို့မဟုတ်) အီလက်ထရစ် ဟုခေါ်ဆို ကြလေသည်။ ၎င်း၏ အ ဓိပ္ပာယ်မှာ ပယင်းကျောက် ဟု၍ပင်ဖြစ်သည်။

အချိန်ကာလာ အတန်ကြာသိအထိ ပယင်းကျောက်တုံး၏ နိယာမမှာ တိုးတက်ပြောင်းလဲခြင်းမရှိဘဲ နေလာခဲ့ရာ (၁၆) ရာစုသို့ ရောက်သောအခါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ် ဆိုသူ သည် ချိတ်၊ အင်တွဲ၊ ကန့်၊ ဖန် စသောအစိုင်အခဲတို့သည်လည်း အ၀တ်စဖြင့် ပူလာသည်အထိ ကြိမ်ဖန် များစွာ ပွတ်တိုက်ပါက ပယင်းကျောက်တုံးကဲ့သို့ပင် ပေါ့ပါးသော အရာဝတ္တုများကို ဆွဲငင်နိုင်ကြောင်း ထပ်မံစမ်းသပ် တွေ့ရှိလာခဲ့သည်။
ထိုပြင် အီလက်ထရွန်တို့သည် တစ်နေရာမှ တစ်နေရာသို့ ၀ိုင်ယာကြိုးစသည့် တစ်စုံတစ်ခုဆက် သွယ်ခြင်း မရှိပဲ အာကာသ အတွင်းသို့ အလိုအလျှောက် ပျံနှံရောက်ရှိနိုင်ကြောင်း သိရှိခဲ့ရလေသည်။ ထိုပြင် (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီခေါ် အပူကြောင့် အလို အလျှောက် စွမ်းအင်တစ်မျိုး ဖြစ်ပေါ်စေကြောင်းနှင့် ပယင်း၊ ချိတ်၊ ကန့်၊ ဖန်၊ အင်တွဲ၊ ထင်းရူးဆီတို့၌ ငြိမ် ၀ပ်လျှက်ရှိသော စွမ်းအင်များသည် ပွတ်တိုက်မှုကြောင့် ပူနွေးနိုးထလှုပ်ရှားပြီး ရှင်သန်သော စွမ်းအင်များ ပေါ်ထွက်လာနိုင်သည် ဟူ၍၎င်း၊ ထိုသို့ ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင်ကို (FRICTIONAL ELECTRICITY) အပူကြောင့် ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင် (သို့မဟုတ်) ( Static Electricity) စတက်တစ်ခ် အီလက်ထရစ်စီးတီး တည်ငြိမ်မှု နိုးထသော လျှပ်စစ်စွမ်းအင် ဟုခေါ်ဆိုကြလေသည်။
ဤသို့ဖြင့် ၁၈၁၉ ခုနှစ်သို့ ရောက်ရှိလာသောအခါ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်လိုက်သော အခါအပူကြောင့် သံလိုက်ဓာတ်ကဲ့သို့ ဆွဲသင်ယူဆောင်နိုင်သော စက်ကွင်း (သို့မဟုတ်) လျှပ်စီးစွမ်းအင်များ ထွက်ပေါ်လာ သည်။ ထို့အပြင် ၎င်းလျှပ်စီးစွမ်းအင်တို့သည် ရွှေ၊ ငွေ၊ ကြေး၊ အလူမီနီယံ၊ သံ စသော သတ္တုများတွင် စီး ၀င်နိုင်သည်။ ၎င်းသတ္တုတို့တွင် အီလက်ထရွန်များ လွပ်လပ်စွာ တည်ရှိနိုင်မှုကြောင့် လျှပ်ကူးစွမ်းရည်ပို ကောင်းသည်။ မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေးတို့သည် အီလက်ထရွန်သက် ရောက်မှု နည်းပါးသဖြင့် လျှပ်ကူးမှုစွမ်းအင် နည်းပါးပြီး ရောက်ရှိလာသော လျှပ်စီးစွမ်းအားတို့ကို တားဆီး သောသဘောရှိသည်ဟု သိရှိလာသည့်အပြင် ထပ်မံစူးစမ်းလေ့လာသောအခါ ထိုသူသည် အောက်ဖော်ပြ ပါအချက်တို့ကို တွေ့ရှိနိုင်ခဲ့လေသည်။

အရာဝတ္တုတစ်ခုနှင့်တစ်ခု ပွတ်တိုက်သည့်အခါ အပူကြောင့် လျှပ်စီးစွမ်းအားကို ရရှိစေနိုင် သည်။
ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့သည် လျှပ်စစ်စွမ်းအင်ကို လက်ခံဖြတ်သန်းစီးဆင်းစေ နိုင်သည်။
လျှပ်စစ်စွမ်းအင်များသည် ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့ကို ဖြတ်သန်းစီးဆင်းသော အခါ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် လျှပ်စစ်သံလိုက်ကွင်းများ ဖြစ်ပေါ်နေသည်။
၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ များကို ကြိုးခွေတစ်ခုသဖွယ် ခွေ၍ထားပါက လျှပ်စစ်သံလိုက်စက် ကွင်းအင်အားများပို၍ ဖြစ်ပေါ်စေသည်။
၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ ကြိုးခွေအတွင်း လျှပ်စစ်စွမ်းအား ဖြတ်သန်းနေစဉ် ၎င်းကြိုးခွေ အ တွင်း၌ သံချောင်းတစ်ခုကို ထားပါက ၎င်းသံချောင်းသည် သံလိုက်ဖြစ်နေပြီး လျှပ်စစ်စွမ်း အား ရပ်ဆိုင်းသွားသည့်အခါ ၎င်းသံလိုက်ချောင်းသည် သံလိုက်ဓာတ် ကွယ်ပျောက်သွား သည်။
မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေး တို့သည် အီလက်ထရွန်ကူးသန်းမှု ကို တားဆီးခုခံနိုင်သည်။ ထိုသို့ တားဆီးခုခံမှု (Resistance) အနည်းအများသည် အရာဝတ္တု တစ်ခု၏ လျှပ်စီးတားဆီးနိုင်မှု ပမာဏအပေါ်မှုတည်၍ တိုင်းတာသိရှိနိုင်သည်။ ထိုခုခံတားဆီးမှု ပမာဏကို (OHM) ဖြင့် တိုင်းတာသတ်မှတ်နိုင်သည်။


(Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အထက်ပါ (၆) မျိုးသော အကြောင်းအ ရာ တို့ကို သာရှာဖွေနိုင်ခဲ့သောလည်း ထိုသူ၏ အကျိုးကျေးဇူးဖြင့် ထရန်စဖော်မာ ၏ အခြေခံဖြစ်သော ကွိုင်၏ သဘောတရာနှင့် လျှပ်စီးခုခံမှု ပမာဏကို တိုင်းတာနိုင်သော ( OHM Law) အုမ်းလော ခေါ် လျှပ်စစ်ခုခံမှုတိုင်း တာသော ဥပဒေများ၏ အခြေခံသဘောတရား များနှင့် အီလက်ထရွန်းနစ် ပစ္စည်းများတွင် မရှိမဖြစ် အဓိက အ သုံးပြုသော (Resistor) ရီစစ္စတာ ခေါ် အီလက်ထရွန်းနစ် လျှပ်ခံပစ္စည်းပေါ်ပေါက်ရခြင်း၏ အကျိုးကျေးဇူး များ ကို ရရှိခဲ့ရပေသည်။

ဤသို့ဖြင့် ၁၆၃၁ ခုနှစ် သို့ ရောက်သောအခါ မိုက်ကယ်ဖာရာဒေး ( MICHAL FARADAY) ဆိုသူ သည် အထက်ဖော်ပြပါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ်၊ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် တို့၏ ရှာဖွေတွေ့ရှိချက်များအပေါ် မူတည်၍ အဓိကအကျဆုံး လျှပ်စစ်စွမ်း အားထုတ်ယူသုံးစွဲနည်း ပညာများကို တိုက်ရိုက်တီထွင်နိုင်ခဲ့သည်။
ယခင်ပုဂ္ဂိုလ်များသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်ခြင်းဖြင့် အပူကြောင်း လျှပ်စစ်စွမ်းအင် ရရှိနိုင်သည်ဟု၎င်း၊ ၎င်းလျှပ်စစ်စွမ်းအင်စီးဆင်းရာ ၀န်းကျင်တွင် သံလိုက်စက်ကွင်းဖြစ်ပေါ်စေပြီး သံ ချောင်းကို ပင် သံလိုက်ချောင်းဖြစ်စေနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ သို့သော် မိုက်ကယ်ဖာရာဒေး ကမူ ၎င်းတို့ ရှာဖွေတွေ့ရှိချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော သံလိုက်မှ လျှပ်စစ်စွမ်းအားကို ထုတ်ယူ ပေးနိုင်ခဲ့လေသည်။

မိုက်ကယ်ဖာရာဒေးသည် ကြေးနီဝါယာနန်းကြိုးခွေတစ်ခုအတွင်း၌ သံလိုက်တုံးကို မရပ်အနားလှုပ် ရှားစေခြင်းကြောင့် ကြေးနီဝိုင်ယာကြိုးအတွင်း လျှပ်စစ်ဓာတ်အားကို ဖြစ်ပေါ်စေသည်ကို စမ်းသပ်လေ့လာ တွေ့ရှိခဲ့လေသည်။

မိုက်ကယ်ဖာရာဒေးသည် လျှပ်စစ်စီးအားတစ်ခုသည် ကွိုင်တစ်ခုအတွင်း ဖြတ်သန်းစီးဝင်နေပါက ၎င်း ကွိုင်၏ ပတ်ဝန်ကျင်တွင် လျှပ်စစ်သံလိုက်စက်ကွင်းများ ဖြစ်ပေါ်နေပြီး၊ ၎င်းအနီးတွင် မည်သည့် အဆက်အသွယ်မျှ မရှိဘဲ အခြားကွိုင်တစ်ခုကို ထားရှိပါကလည်း ထိုကွိုင်အတွင်းသို့ လျှပ်စစ်လှိုင်းများ အလိုလျောက် ကူးပြောင်းရောက်ရှိနိုင်ကြောင်းကို ရှာဖွေသိရှိခဲ့လေသည်။
ဤသို့အားဖြင့် မိုက်ကယ်ဖာရာဒေး၏ ကျေးဇူးဖြင့် (၁၈၃၀) ခုနှစ်၊ နှောင်းပိုင်းကာလ သို့မဟုတ် (၁၉) ရာစုနှစ်တွင် လျှပ်စစ်နှင့် ပက်သက်သော အကျိုးတရားများ ဖြစ်ထွန်းခဲ့လေသည်။ မိုက်ကယ်ဖာရာဒေး၏ လေ့လာ စူးစမ်းမှုအပေါ် အခြေပြု၍ (၁၈၃၁) နှစ်နောက်ပိုင်း ကာလတွင် အီလက်ထရွန်(ခေါ်) ပယင်း ကျောက်တုံးကလေးမှ စတင်ခဲ့သော လျှပ်စစ်စွမ်းအင်နှင့် သက်ဆိုင်သော အသိပညာများ၊ လူသား အကျိုးပြု လျှပ်စစ်ကိရိယာများစွာ တိုးတက်ဖွံဖြိုးလာပေသည်။ လျှပ်စစ်ဆိုင်ရာ အတတ်ပညာနှင့် သက်ဆိုင်နှီးနှောသော အတတ်ပညာပိုင်းဆိုင်ရာ အခေါ်အဝေါ်များကို စတင်ဖြစ်ပေါ်ခဲ့ရာ အခြေအမြစ်ဖြစ် သော ပယင်းကျောက်တုံးကိ အစွဲပြု၍ ယနေ့ချိန်ထိ အီလက်ထရွန်၊ အီလက်ထရစ်၊ အီလက်ထရွန်းနစ် စသည်အားဖြင့် ခေါ်ဝေါ် သုံးစွဲကြလေတော့သည်။

အထက်ဖော်ပြပါ အကြောင်းအရာတို့သည် အီလက်ထရွန်းနစ် (Electronics) ဟူဟော ဝေါဟာရ မည်သို့ ဖြစ်ပေါ်လာ သည်ကို ဗဟုသုတ ရရှိစေရန် ဖော်ပြလိုက်ရခြင်း ဖြစ်ပေတော့သည်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ ။

Credit to;
ရေးသားသူ။ ။ မောင်နိုင် (http://burmaitshare.blogspot.com)

13/12/2013
13/12/2013

Address

Yangon

Opening Hours

Monday 07:00 - 21:30
Tuesday 07:00 - 21:30
Wednesday 07:00 - 21:30
Thursday 07:00 - 21:30
Friday 07:00 - 21:30
Saturday 07:00 - 21:30
Sunday 07:00 - 21:30

Website

Alerts

Be the first to know and let us send you an email when KSL Electronics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share