01/07/2026
Xiaomi China ဖုန်းတွေမှာ Noti တတ်အောင်လုပ်နည်း💢
1.ပထမဆုံးအနေနဲ့ ကိုယ်Noti တတ်စေချင်တဲ့ appတွေကို ဖိထားပေးပြီး iပုံစံ app info ထဲကိုဝင်ရပါမယ် အရင်ဆုံး Autostart လေးကို ON ပေးရပါမယ်ခဗျ ပြီးသွားရင်အပေါ်က Battery လေးထဲဝင်ပြီး Battery Saver ဖြစ်နေတာလေးကို No restrictions ထားပေးရပါမယ်ခဗျ။
2.နောက်တစ်ဆင့် အနေနဲ့ Security ဆိုတဲ့ထဲကိုသွားပြီးBoost speedထဲကို ဝင်ပေးရပါမယ်ခဗျ အပေါ်ဘက်ထောင့်မှာရှိတဲ့ setting လေးထဲကိုဝင်လိုက်ရင် Lock apps ဆိုတာလေးရှိပါတယ်ခဗျ အဲ့ထဲက ကိုယ်Noti တတ်စေချင်တဲ့ appတိုင်းကို ဖွင့်ပေးထားရပါမယ် ဖွင့်ပြီးသွားရင် သူအောက်မှရှိတဲ့ Clear cache when device is locked လေးကို Never ထားပေးရပါမယ်ခဗျ။
3.နောက်တစ်ချက်ကတော့ Wifi နဲ့မသုံးပဲ Mobile Data နဲ့သုံးတဲ့အချိန်မျိုးမှာ Noti တတ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ setting ထဲက pravicy & security ထဲကိုဝင် အောက်ဆုံးထိဆွဲချလိုက်ပြီး Other permissionထဲကိုဝင်ပေးရပါမယ် ပြီးရင်အောက်ဆုံးက Special permissionထဲကိုသွား Unrestricted mobile data လေးထဲကိုဝင်ပြီး ကိုယ်Noti တတ်စေချင်တဲ့ App တွေကို ဖွင့်ပေးရပါမယ်ခဗျ ပြီးရင် အပေါ်ဘက်က Notification read,reply & control ထဲကိုဝင်ပြီး Google Play service လေးကို ONပြီး ခနစောင့်ပေးရပါမယ်ခဗျ။
4.နောက်ဆုံး အနေနဲ့ ကိုယ်Noti တတ်စေချင်တဲ့ Appတွေကို Background လေး Ran ပေးထားလိုက်ရင် Notification မတတ်တဲ့ ပြသာနာလေးကို ဖြေရှင်းပြီးသားဖြစ်သွားမှာပါခဗျ။
ဆိုင်ဖွင့်ချိန်💢
(မနက် 8:00 မှ ည 7:00)
အမှတ်(၁၇၉)/၃၂ ရပ်ကွက်/ ဘုရင့်နောင်လမ်း/ကျောင်းလမ်း မီးပွိုင့် အနီး
☎️0977422719
🚗YBS-12/87/88/30/99/128