03/04/2019
CCTV ကင်မရာ တပ်ဆင်နည်း
DVR ( Digital Video Recorder) တစ်လုံး ဝယ်တော့မယ်ဆိုရင် Camera ဘယ်နှစ်လုံးတပ်မလဲ ဆိုတာနဲ့Recording ဘယ်နှစ်လ ရမလဲဆိုတဲ့အချက်ကို စဉ်းစားရပါမယ် ။ DVR အမျိုးအစား အများကြီး ရှိပါတယ် ။ ဈေးနှုန်းပေါ်မူတည်ပြီး အရည်အသွေး ကွာပါတယ်။ CCTV Recording ပြုလုပ်ရာမှာ ကင်မရာအရည်အသွေး၊ အလင်းအမှောင်၊ အသုံးပြုသည့်အချိန် ၊ Recording လုပ်တဲ့ resolution တွေအပေါ်မှာ မူတည်ပြီး recording file size တွေ ကွဲပြားပါတယ်။ 720P resolution ပဲ record လုပ်လို့ရတဲ့ DVR က 1080P resolution camera တွေကို record မလုပ်နိုင်ပါဘူး။ ပျမ်းမျှအားဖြင့် ကင်မရာတစ်လုံးလျှင် ၂၄ နာရီလုံး အသုံးပြုပါက 5G to 8G ပမာဏအထိ ရှိပါသည်။ ထို့ကြောင့် 500G ရှိသော HardDisk ဖြင့် Camera ၄ လုံး အား ၂၄ နာရီ အသုံးပြုပါက တစ်လ၀န်းကျင်ခန့် အသုံးပြုနိုင်ပါသည်။ DVR စက်များတွင် Over Write နည်းစနစ် ပါရှိသည့်အတွက် သူ့အလိုလို ရှေ့ပိုင်းမှ Data များကို ဖျက်ပေးသွားမှာပါ။ ( ဥပမာ .. ရက်ပေါင်း ၃၀ မှတ်တမ်းရှိတယ်ဆိုရင် .. အမြဲတမ်း ရက် ၃၀ စာ ရှိနေပေးမှာပါ။ နောက်ပိုင်းရက်တွေ အသစ်မှတ်လိုက်တိုင်း ရှေ့ပိုင်းက အဟောင်းကို ဖျက်ပြီး အသစ်ကို သိမ်းလိုက်တာပါ။ )ကာလကြာမြင့်စွာ သိမ်းဆည်းထားလိုပါက HDD 1000G, 2000G ပမာဏ များပြားသည့် HDD များကို အသုံးပြု သိမ်းဆည်းနိုင်ပါသည်။ ထို့အပြင်စက်ဟာ Hard disk ရဲ့ storage capacity ဘယ်လောက်အထိ အမြင့်ဆုံး Support လုပ်နှိုင်သလဲ ဆိုတာကိုလဲသိဖို့ လိုပါတယ် ။နောက်ဆုံးထုတ် Hikvision DVR တွေဟာ 6T( 6000 GB = 6 Tera bite ) အထိ support လုပ်ပါတယ်။ ထို့အပြင် မိမိဝယ်ယူထားသော DVR ဟာ Harddisk ဘယ်နှစ်လုံးအထိ တပ်ပြီး operate လုပ်လို့ရသလဲ ဆိုတာကို သိဖို့ လိုပါတယ် ။
Mr.Leo