InnoVerse

InnoVerse We will offer IT courses such as AI, ML, Web development and Mobile development at a fair price.

ပိတ်ရက်လေးမှာ Data Science နဲ့ဆိုင်တဲ့ ပေါ့ပေါ့ပါးပါး မေးခွန်းလေးကို ဖြည့်သွားကြည့်ကြပါဦးနော် ❤️
08/08/2026

ပိတ်ရက်လေးမှာ Data Science နဲ့ဆိုင်တဲ့ ပေါ့ပေါ့ပါးပါး မေးခွန်းလေးကို ဖြည့်သွားကြည့်ကြပါဦးနော် ❤️




🐳 Docker သင်မယ်ဆို ဘာတွေကြိုသိထားရမလဲ? 🤔Docker ကို စလေ့လာချင်ပေမယ့်“Programming Background မရှိရင် အဆင်ပြေပါ့မလား?”“Dock...
07/08/2026

🐳 Docker သင်မယ်ဆို ဘာတွေကြိုသိထားရမလဲ? 🤔

Docker ကို စလေ့လာချင်ပေမယ့်
“Programming Background မရှိရင် အဆင်ပြေပါ့မလား?”
“Docker သင်ဖို့ ဘာတွေကြိုသိထားရမလဲ?” မသိသေးဘူးဆိုရင် ဒီ Post ကို Save ထားလိုက်တော့နော်။

Docker သင်ဖို့အတွက် အောက်က Foundation လေးတွေရှိထားမယ်ဆိုရင် ပိုပြီးအဆင်ပြေပါတယ်။

💻 1. Basic Python (သို့) Node.js
Application တစ်ခုကို ဘယ်လိုတည်ဆောက်ပြီး Run လဲဆိုတာနားလည်ဖို့ Programming Basic လေးတွေ သိထားသင့်ပါတယ်။

🌐 2. Web Basics
Website / Web Application တွေ ဘယ်လိုအလုပ်လုပ်လဲ၊ Server နဲ့ Client ဘယ်လိုချိတ်ဆက်ပေးလဲ စတဲ့အခြေခံတွေသိထားရင် Docker ရဲ့အသုံးဝင်ပုံကို ပိုနားလည်လာပါလိမ့်မယ်။

📝 3. VS Code Editor
Project တွေကို Code ရေး၊ File တွေ Manage လုပ်ဖို့ သင့်ရဲ့ Device မှာ VS Code Editor ရှိထားရပါမယ်။

🖥️ 4. At least 8 GB RAM & 20 GB Free Storage
Docker နဲ့ Container တွေကို လက်တွေ့အသုံးပြုလေ့ကျင့်ဖို့ ကိုယ့်စက်ရဲ့ Hardware ပိုင်းကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ Device က အနည်းဆုံး 8GB RAM နဲ့ 20 GB Free Storage ရှိရပါမယ်။

✨ အခု‌ဖော်ပြခဲ့တဲ့အချက်တွေ သင့်မှာရှိထားပြီဆိုရင်တော့ Docker ကို စတင်‌လေ့လာဖို့အဆင်သင့်ဖြစ်နေပါပြီ။

🐳 Docker ကို ကျွမ်းကျင် Instructor နဲ့စနစ်တကျလေ့လာပြီး လက်တွေ့အသုံးချချင်တယ်ဆိုရင်…

InnoVerse ရဲ့ Docker Ecosystem Class မှာ
Container, Image, Dockerfile, Docker Compose စတဲ့ Docker ရဲ့ အရေးကြီးတဲ့ Concepts တွေကို အခြေခံကနေစလေ့လာနိုင်သလို လက်တွေ့ project လည်းပြုလုပ်ရမှာဖြစ်ပါတယ်။

🚀 အတန်းအသေးစိတ် - https://www.facebook.com/share/p/1BFicJ3bcs/








06/08/2026

Data Science မှာ သင်ယူရမယ့် Data Imbalance ဆိုတာဘာလဲ ???
စိတ်ဝင်စားတယ်ဆိုရင်တော့ Video လေးကို ပြီးဆုံးအောင် ကြည့်လိုက်တော့နော် ❤️❤️🥰

InnoVerse မှာ Data Science Class လေး စဖွင့်ထားပါပြီနော်

“ Web Development အတန်းလေးအတွက် ကျောင်းသားတွေဆီက ရရှိလာတဲ့ Feedback လေးတွေ ” ❤️❤️ဒီလိုမျိုး အခြေခံကနေစပြီး ကိုယ်တိုင် Pr...
05/08/2026

“ Web Development အတန်းလေးအတွက် ကျောင်းသားတွေဆီက ရရှိလာတဲ့ Feedback လေးတွေ ” ❤️❤️
ဒီလိုမျိုး အခြေခံကနေစပြီး ကိုယ်တိုင် Project တွေ ရေးနိုင်တဲ့အထိ လက်တွေ့ကျကျ သင်ယူချင်တယ်ဆိုရင်တော့... သတင်းကောင်းလေးတစ်ခု ရှိပါတယ် 😍

မကြာခင်မှာ နောက်ထပ် Web Development အတန်းသစ် (Batch - 5) ကို ထပ်မံ ဖွင့်လှစ်သွားတော့မှာမို့ အခုပဲ ကြိုတင်စာရင်းပေးသွင်းပြီး နေရာယူထားနိုင်ပါပြီ။ 🚀

Registration Form Link : https://forms.gle/K4wD1fWVd7zwDGUy9




Web Page တခု တည်ဆောက်တဲ့ အခါ ဘယ်အပိုင်းကနေ စပြီး လုပ်ရသလဲ ? 💭💭💭💭
02/08/2026

Web Page တခု တည်ဆောက်တဲ့ အခါ ဘယ်အပိုင်းကနေ စပြီး လုပ်ရသလဲ ? 💭💭💭💭



💻 Coding သင်မယ်ဆိုရင် သင်္ချာအရမ်းတော်ဖို့ လိုအပ်လား?ဒီမေးခွန်းက Coding စလေ့လာမယ့် Beginner တော်တော်များများ မေးလေ့ရှိတဲ...
01/08/2026

💻 Coding သင်မယ်ဆိုရင် သင်္ချာအရမ်းတော်ဖို့ လိုအပ်လား?

ဒီမေးခွန်းက Coding စလေ့လာမယ့် Beginner တော်တော်များများ မေးလေ့ရှိတဲ့မေးခွန်းတစ်ခုပါ။
✅ အဖြေကတော့ "မလိုပါဘူး။"

ဘာကြောင့်ဒီလိုပြောရလဲဆိုရင် Programming ကို စလေ့လာတဲ့အဆင့်မှာ သင်္ချာအရမ်းတော်ဖို့ထက် Logic နဲ့ Problem Solving Skills က ပိုအရေးကြီးပါတယ်။ ဘာလုပ်ရမလဲဆိုတာကို အဆင့်လိုက်စဉ်းစားပြီး Computer ကို ညွှန်ကြားနိုင်ဖို့က Programming ရဲ့ အခြေခံပါပဲ။

Website တစ်ခု ဖန်တီးတာ၊ Mobile App ရေးတာ၊ Company Management System တည်ဆောက်တာတွေမှာ အသုံးများတာက Variable, Condition (if/else), Loop, Function နဲ့ Data Structure လို Programming Concepts တွေပါ။ ဒီအလုပ်တွေကိုလုပ်တဲ့အခါ အဆင့်မြင့်သင်္ချာသီအိုရီတွေကို နေ့တိုင်း အသုံးပြုနေရတာတော့မဟုတ်ပါဘူး။

ဒါပေမယ့် သင်္ချာက လုံးဝမလိုအပ်တာမျိုးလည်း မဟုတ်ပြန်ပါဘူး။ ကိုယ်ရွေးချယ်တဲ့ Career Path ပေါ်မူတည်ပြီး လိုအပ်တဲ့သင်္ချာအဆင့်က ကွာခြားသွားပါတယ်။

▫️ကိုယ်က Web Development / Mobile App Development ပိုင်းကိုသွားမယ်ဆိုရင် Basic Math နဲ့ Logic ရှိရုံနဲ့ အခြေခံကနေစတင်လေ့လာနိုင်ပါတယ်။

▫️Data Science / Machine Learning / Artificial Intelligence (AI) နယ်ပယ်မှာ Data ကို ခွဲခြမ်းစိတ်ဖြာတာ၊ Model တွေတည်ဆောက်တာနဲ့ Algorithm တွေကိုနားလည်ဖို့ Probability, Statistics, Linear Algebra နဲ့ Calculus တို့ကို တဖြည်းဖြည်း လေ့လာဖို့လိုအပ်လာပါတယ်။

▫️ Game Development / Computer Graphics ပိုင်းကိုသွားမယ့်သူ‌တွေအတွက်ဆိုရင် 3D Object တွေ၊ Camera Movement တွေ၊ Animation တွေကိုတည်ဆောက်တဲ့အခါ Geometry, Vector နဲ့ Trigonometry တို့က အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

💡 အနှစ်ချုပ်ရရင်...
Coding သင်ဖို့အတွက်ဆိုရင် သင်္ချာအရမ်းတော်နေဖို့ မလိုအပ်ပါဘူး။ အရေးကြီးတာက စဉ်းစားတွေးခေါ်နိုင်စွမ်း (Logical Thinking) နဲ့ ပြဿနာတွေကို အဆင့်လိုက်ဖြေရှင်းနိုင်တဲ့ စွမ်းရည်ပါ။

Programming ကိုလေ့လာရင်း ကိုယ်ရွေးချယ်တဲ့နယ်ပယ်အလိုက် လိုအပ်တဲ့သင်္ချာကို တဖြည်းဖြည်း သင်ယူသွားလို့ရပါတယ်။ ဒါကြောင့် "သင်္ချာမကျွမ်းလို့ Coding မသင်ရဲဘူး" ဆိုတဲ့အတွေးနဲ့လက်လျော့မနေပဲ ဒီနေ့ပဲ InnoVerse နဲ့အတူ Coding စတင်လေ့လာလိုက်ပါနော်။ 🚀

💬 Coding စတင်လေ့လာမယ့်သူတွေအတွက် အသင့်တော်ဆုံးအတန်း - https://www.facebook.com/share/p/18gkMDb6tL/







01/08/2026

Docker အတန်းကို ဘယ်သူတွေ တက်ရောက်သင့်သလဲ ? ဘာကြောင့်လဲ ?
အဖြေလေးကို သိချင်ရင် တော့ ဒီ Video လေးကို ပြီးအောင် ကြည့်လိုက်တော့နော် 🥰❤️





🎓 ဘာကြောင့် InnoVerse ရဲ့ သင်တန်းတွေကို ရွေးချယ်သင့်တာလဲ?💡IT သင်တန်းတွေအများကြီးရှိတဲ့အထဲကမှ ဘယ်တစ်ခုကိုတက်ရင်ကောင်းမလဲ ...
31/07/2026

🎓 ဘာကြောင့် InnoVerse ရဲ့ သင်တန်းတွေကို ရွေးချယ်သင့်တာလဲ?

💡IT သင်တန်းတွေအများကြီးရှိတဲ့အထဲကမှ ဘယ်တစ်ခုကိုတက်ရင်ကောင်းမလဲ ရွေးတဲ့အခါ…
“ဘယ်သူတွေက သင်ပေးမှာလဲ?”
“နားလည်အောင်ရော သင်ပေးပါ့မလား?”
“သင်တန်းပြီးရင်လက်တွေ့မှာရော တကယ်အသုံးချနိုင်ပါ့မလား?”
ဆိုတဲ့အချက်တွေက အဓိကစဉ်းစားရမယ့်အချက်တွေပါပဲ။

ဒါကြောင့် ဒီနေ့မှာ InnoVerse ကိုဘာကြောင့်ရွေးချယ်သင့်တာလဲဆိုတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကိုပြောပြပေးပါမယ်။
အဲ့ဒါကတော့ Academic Background ခိုင်မာတဲ့ Instructor တွေကြောင့်ပါ။ 👨‍🏫👩‍🏫

✨ InnoVerse ရဲ့ အတန်းတွေကိုသင်ကြားပေးနေတဲ့ Instructor တွေဟာဆိုရင်
🎓 PhD
🎓 Master’s Degree
🎓 B.Sc Degree
ရရှိထားသူတွေဖြစ်ပြီး သက်ဆိုင်ရာဘာသာရပ်တွေကို နားလည်ကျွမ်းကျင်စွာနဲ့ သင်ကြားပေးနေတာဖြစ်ပါတယ်။

🚀 Degree ကောင်းတွေရရှိထားရုံတင်မကသေးပါဘူး။ InnoVerse ရဲ့ အတန်းတွေအားလုံးကိုသင်ကြားတဲ့အခါ…

• နားလည်ရခက်တဲ့ Concept တွေကို လွယ်လွယ်ကူကူရှင်းပြပေးတယ်၊
• Real-world Examples တွေနဲ့ ချိတ်ဆက် သင်ကြားပေးတယ်၊
• Theory သီးသန့်မဟုတ်ဘဲ လက်တွေ့အသုံးချနိုင်အောင်ထိ ရှင်းပြပေးတယ်၊
• ကိုယ်ပိုင် project တွေပြုလုပ်နိုင်စေဖို့ mentor ကောင်းတွေအဖြစ် လမ်းညွှန်ပေးတယ်၊
စတဲ့ Teaching Approach တွေကိုအသုံးပြုတာပါ။

ဒါကြောင့် အတန်းပြီးသွားတဲ့အခါ “စာသင်တဲ့အချိန်မှာတော့ နားလည်တယ်၊ တကယ်လက်တွေ့အသုံးချတဲ့အခါ ဘာလုပ်ရမှန်းမသိဘူး” ဆိုတဲ့အခြေအနေမျိုးမဖြစ်အောင် အာရုံစိုက်သင်ကြားပေးပါတယ်။

📌 InnoVerse မှာ သင်ယူလိုက်တာက Certificate တစ်ခုရဖို့သက်သက်ပဲ ဆိုတာမျိုးအဖြစ်မခံပါဘူး။

Concept တွေနားလည်ဖို့ → လက်တွေ့အသုံးချနိုင်ဖို့ → ကိုယ့် Career မှာ အထောက်အကူပြုဖို့ အတွက်သင်ယူတာမျိုးဖြစ်အောင် အဓိကထားပါတယ်။

ဒါကြောင့် IT ကို စတင်လေ့လာမယ့်သူပဲဖြစ်ဖြစ်၊
ကိုယ့်ရဲ့ Skill တွေကို Upgrade လုပ်ချင်သူပဲဖြစ်ဖြစ် InnoVerse ကို ရွေးချယ်ဖို့မမေ့ပါနဲ့နော်။💙







Webinar တက်ချင်သူများ Comment မှာ Meeting Link လေး ချထားပါတယ်နော် 🥰
30/07/2026

Webinar တက်ချင်သူများ Comment မှာ Meeting Link လေး ချထားပါတယ်နော် 🥰

🆓 Web Developer ဖြစ်ချင်သူတိုင်း join သင့်တဲ့ FREE WEBINAR

From Beginner to Web Developer: A Complete Roadmap

ကျွန်တော်တို့ နေ့စဉ်အသုံးပြု‌နေတဲ့ Website တွေကို ဘယ်လိုတည်ဆောက်ကြလဲ၊ Web Developer ဖြစ်ဖို့ ဘာတွေကိုအရင်လေ့လာသင့်လဲ သိချင်ပါသလား။

Web Development နယ်ပယ်ကိုစတင်လေ့လာချင်သူတွေအတွက် အခြေခံကနေ Career Roadmap အထိ ဘယ်လိုအဆင့်ဆင့်သွားရမလဲ မျှဝေပေးမယ့် Free Webinar လေးကိုဖိတ်ခေါ်လိုက်ပါတယ်။

❓ဒီ Webinar မှာ ဘာတွေလေ့လာရမလဲ။

✅ Web Development ကို Beginner အနေနဲ့ ဘယ်ကနေစသင့်လဲ၊
✅ Frontend နဲ့ Backend ကွာခြားချက်
✅ HTML, CSS, JavaScript အပါအဝင် မရှိမဖြစ် လေ့လာသင့်တဲ့ Skills များ
✅ Web Developer ဖြစ်ဖို့လိုအပ်တဲ့ Learning Roadmap
✅ Project တည်ဆောက်ခြင်းနဲ့ Career တိုးတက်စေမယ့်အကြံပြုချက်များကို

InnoVerse ရဲ့ "Build & Style Website" အတန်းသင်ကြားပေးနေသူ Tr. Erina က မျှဝေပေးသွားမှာပါ။

🎓 Web Development Field ကို စတင်လေ့လာချင်သူတွေ
🔄 Tech Career ကို ပြောင်းလဲဝင်ရောက်ချင်သူတွေနဲ့
🚀 Web Developer Career ကို စိတ်ဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်တဲ့ Free Webinar ဖြစ်တာကြောင့် အောက်ပါ link👇🏻မှာ စာရင်းပေးသွင်းပြီး Webinar join နိုင်ပါတယ်။

https://forms.gle/T8sZRxXKtxCLq5LM8

Webinar Details

📅 Date: July 30, 2026 (Thursday)
🕑 Time: 8:00 PM To 9:00 PM (MMT)
💻 Platform: Zoom







28/07/2026

Data တွေထဲကမှ အရေးကြီးတဲ့ Insight ကို ရှာနိုင်ဖို့နဲ့ မှန်ကန်တဲ့ Decision ချနိုင်ဖို့က ပိုအရေးကြီးပါတယ်။ 📊
ဒီလိုလုပ်နိုင်ဖို့ Business Intelligence (BI) နဲ့ Data Visualization ဆိုတဲ့ Skill နှစ်ခုလိုအပ်ပါတယ်။ 📈

Address

Yangon

Website

Alerts

Be the first to know and let us send you an email when InnoVerse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share