22/11/2026
ငယ်ငယ်တုန်းက တန်ဆောင်တိုင်နီးလာပြီဆိုရင် သူငယ်ချင်းတွေနဲ့ မီးပုံးလေးတွေ ထွန်းဖို့၊ ကျောင်းမှာ တန်ဆောင်တိုင်အတွက် ပုံဆွဲပြိုင်ပွဲ အရောင်တွေ ရွေးရတာကလည်း ရင်ခုန်စရာ အမှတ်တရလေးတွေပါပဲ။
ကိုယ်အကြိုက်ဆုံး ရောင်စုံခဲတံလေးတွေ၊ ဆေးရောင်စုံလေးတွေနဲ့ စိတ်ကူးထဲက ပုံလေးတွေကို အရောင်ခြယ်ရင်း ပျော်ရွှင်ခဲ့ရတဲ့ အချိန်လေးတွေက အခုချိန်ထိ ပြန်တွေးမိတိုင်း ကြည်နူးစရာလေးတွေ ဖြစ်နေတုန်းပဲ မဟုတ်လား?
အချိန်တွေ ဘယ်လောက်ပြောင်းပြောင်း ငယ်ဘဝရဲ့ ပျော်ရွှင်မှုလေးတွေကတော့ အမှတ်တရအဖြစ် ထင်ကျန်နေဆဲပါ 🥹💛
ငယ်ငယ်တုန်းက တန်ဆောင်တိုင်နဲ့ပတ်သက်ပြီး ကိုယ့်အတွက် အမှတ်တရအဖြစ်ခဲ့ဆုံး Moment လေးကို ကောမန့်ထဲမှာ ဝင်ရေးပေးသွားပါဦးနော်။
#တန်ဆောင်တိုင် #တန်ဆောင်တိုင်အမှတ်တရ