Myanmar Tech Area

Myanmar Tech Area Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Tech Area, Information Technology Company, Yangon.

Data Transmission Protocols
19/11/2025

Data Transmission Protocols

Gemini 3 ကို သုံးစွဲသူအချို့စတင်သုံးစွဲနိုင်ပါပြီ။ ဘာတွေပိုကောင်းလာလဲဆိုရင်တော့ - လူသားကဲ့သို့ လေးနက်စွာ စဉ်းစားနိုင်သည့...
19/11/2025

Gemini 3 ကို သုံးစွဲသူအချို့စတင်သုံးစွဲနိုင်ပါပြီ။ ဘာတွေပိုကောင်းလာလဲဆိုရင်တော့

- လူသားကဲ့သို့ လေးနက်စွာ စဉ်းစားနိုင်သည့် "Deep Think" စနစ် ပါဝင်လာသည်။
- Google Antigravity" ပလက်ဖောင်းအသစ်နှင့် တွဲဖက်၍ Software တစ်ခုလုံးကို ကိုယ်ပိုင်ဖန်တီးနိုင်သည့် Agentic coding စွမ်းရည်လည်းပါဝင်ပါတယ်။
- သိပ္ပံဆိုင်ရာနှင့် ခက်ခဲသော မေးခွန်းများကို အချိန်ယူ စဉ်းစားပြီးမှ ဖြေဆိုနိုင်စွမ်း (Deep Reasoning) ပိုမြင့်မား။
- ပိုမိုရှုပ်ထွေးသော Video နှင့် Audio များကို တစ်ပြိုင်နက်တည်း ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ပိုမိုမြန်ဆန်တိကျ။
- "Generative UI" (သုံးစွဲသူ၏ လိုအပ်ချက်အပေါ်မူတည်၍ အပြန်အလှန်တုံ့ပြန်နိုင်သော UI များကို ချက်ချင်းဖန်တီးပေးနိုင်မှု)။

စတာတွေပိုကောင်းလာတဲ့အပြင် ရုပ်ပုံတွေထဲက ဒေတာတွေကိုလည်း အနှစ်ချုပ်ထုတ်ပေးလာနိုင်ပါတယ်။ အသံနဲ့ ဗီဒီယိုပိုင်းမှာလည်း ဒေတာတွေကိုအနှစ်ချုပ်ထုတ်ပေးနိုင်ရုံသာမက အသံကို နားထောင်နိုင်တဲ့ စွမ်းရည်လည်း ပါဝင်လာတာမို့ နောက်ထွက်မယ့် မော်ဒယ်ထက်တော့ ပိုမကောင်းနိုင်သေးပေမယ့် Gemini 2.5 ထက်တော့ ပိုမို ကောင်းမွန်လာတာတွေ အများကြီးမို့ Myanmar Tech Area စာဖတ် ပရိတ်သတ်ကို စမ်းသပ်သုံးစွဲနိုင်စေရန် အသိပေးလိုက်ပါတယ်။

Windows System ပြုပြင်ထိန်းသိမ်းရေး Commands များsfc /scannow – Scan system filesအဓိပ္ပာယ်: System File Checker (SFC) ၏ ...
12/11/2025

Windows System ပြုပြင်ထိန်းသိမ်းရေး Commands များ

sfc /scannow – Scan system files

အဓိပ္ပာယ်: System File Checker (SFC) ၏ အတိုကောက်ဖြစ်ပါသည်။ Windows ၏ အရေးကြီးသော စနစ်ဖိုင်များကို စစ်ဆေးရန်နှင့် ပျက်စီးနေသော သို့မဟုတ် ပျောက်ဆုံးနေသော ဖိုင်များကို Microsoft ၏ ကောင်းမွန်သည့် ဗားရှင်းများဖြင့် အစားထိုး ပြန်လည်ပြုပြင်ရန်အတွက် အသုံးပြုပါသည်။

အသုံးပြုပုံ: Windows စနစ်သည် အလုပ်မလုပ်တော့ခြင်း၊ error များပြခြင်း စသည့် ပြဿနာများရှိသောအခါ အသုံးပြုနိုင်ပါသည်။

Run ရန်: Administrator အခွင့်အရေးဖြင့် Command Prompt တွင် ရိုက်ထည့်ပါ။

DISM /Online /Cleanup-Image /RestoreHealth – Restore health

အဓိပ္ပာယ်: Deployment Image Servicing and Management (DISM) ၏ command တစ်ခုဖြစ်ပါသည်။ Windows system image (စနစ်ပုံရိပ်) အတွင်းရှိ ပျက်စီးနေသော ဖိုင်များ သို့မဟုတ် ပြဿနာများကို စစ်ဆေးပြုပြင်ပေးပြီး Windows Update ၏ အစိတ်အပိုင်းများကိုလည်း အသုံးပြု၍ ပြန်လည်ကောင်းမွန်လာစေရန် (Restore Health) လုပ်ဆောင်ပေးပါသည်။

အသုံးပြုပုံ: sfc /scannow command သည် ပြဿနာကို မဖြေရှင်းနိုင်ပါက ဤ command ကို ဆက်လက်အသုံးပြုလေ့ရှိပါသည်။

Run ရန်: Administrator အခွင့်အရေးဖြင့် Command Prompt တွင် ရိုက်ထည့်ပါ။

အပြည့်အစုံဖတ်ရှုရန် - https://myanmar-techarea.com/

AI အများအပြားကို တနေရာထဲမှာ အခမဲ့ဘယ်လိုသုံးမလဲယနေ့ခေတ်မှာ နည်းပညာနဲ့ရင်းနှီးပြီးသားလူတွေရာ အရမ်းမရင်းနှီးတဲ့လူတွေပါ ကိုယ...
26/10/2025

AI အများအပြားကို တနေရာထဲမှာ အခမဲ့ဘယ်လိုသုံးမလဲ

ယနေ့ခေတ်မှာ နည်းပညာနဲ့ရင်းနှီးပြီးသားလူတွေရာ အရမ်းမရင်းနှီးတဲ့လူတွေပါ ကိုယ်သိချင်တဲ့အကြောင်းအရာတွေ
ကိုယ်လုပ်ချင်တဲ့ ကိစ္စတွေကို AI အကူအညီနဲ့ ဖန်တီးလုပ်ဆောင်ပြီး အလုပ်တွေပိုမိုလွယ်ကူအောင် လုပ်ဆောင်လာနေကြပါပြီ
ဒါပေမယ့် အခမဲ့ အသုံးပြုခွင့်ရရှိတဲ့ AI အများစုဟာ သုံးစွဲမှုတွေမှာ ကန့်သတ်ချက်လေးတွေရှိနေတာကြောင့် ကိုယ့်ရဲ့ အလုပ်လုပ်ဆောင်မှု
မပြီးမြောက်ခင်မှာ သုံးစွဲခွင့်ရပ်ထားပြီး နောက်ထပ်နာရီ များစွာပြန်စောင့်ပြီးမှ သုံးရတာမျိုးလည်း ကြုံဖူးကြမှာပါ

ဒီနေ့မှာတော့ Myanmar Techarea ကနေ AI model များစွာကို အခကြေးငွေတပြားတချက်မှပေးစရာမလိုပဲ တနေရာထဲကနေ အခမဲ့သုံးလို့ရမယ့်နည်းလမ်း
ကိုဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံး https://lmarena.ai ဆိုတဲ့ ဝက်ဘ်ဆိုက်ကို သွားပါ။ ပြီးရင် Google account တခုခုနဲ့ login ပြုလုပ်ပါ။ Login အောင်မြင်သွားပြီဆိုရင်
LMARENA ဆိုက်ထဲရောက်သွားပါလိမ့်မယ်။ အပေါ်ဘက်မှာ Battle ဆိုတာကိုတွေ့ပါလိမ့်မယ်။ သူ့ဘေးမှာ down arrow လေးကိုနှိပ်လိုက်ပါ။ Battle, Side by Side, Direct Chat ဆိုတာကို တွေ့ရပါလိမ့်မယ်။ Direct Chat ကိုရွေးလိုက်ပါ။

ဒါဆိုရင်ဘေးနားမှ AI Model တွေကိုရွေးချယ်ဖို့ထပ်မံပေါ်လာပါလိမ့်မယ်။ AI Model ပေါင်းများစွာရှိတာမို့ GPT 5, Gemini Pro 2.5 တို့ကနေစပြီး ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး အကန့်အသတ်မဲ့အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ သတိထားရမှာကတော့ ဒါဟာ sandbox ပေါ်မှာအသုံးပြုနေရတာဖြစ်တဲ့အတွက်
Chat GPT site မှာလိုမျိုး file တွေကို zip နဲ့ပြန်ထုတ်ခိုင်းတာမျိုးတွေတော့ ရနိုင်မှာမဟုတ်ပါဘူး။ မတူညီတဲ့ AI model တွေကို playground တခုမှာ
စမ်းသပ်သုံးစွဲနေရတာမျိုးဖြစ်တဲ့အတွက် delveloper တွေနဲ့ နည်းပညာကိုလေ့လာနေတဲ့သူတွေ ကျောင်းသူကျောင်းသားတွေအတွက်တော့ အဖိုးတန်တဲ့နေရာတခု
ဖြစ်ပါတယ်။

အရေးအကြီးဆုံးကတော့ သုံးစွဲသူတွေအားလုံးအနေနဲ့ လုံးဝ အလွဲသုံးစားလုပ်ခြင်းမျိုးတွေကို ရှောင်ကျဥ်သင့်ပါကြောင်း Myanmar Techarea ကစကားချပ်အနေနဲ့ မေတ္တာရပ်ခံအသိပေးပါတယ်။

👉Myanmar Techarea စာဖတ်ပရိတ်သတ်များအနေနဲ့လည်း Myanmar Techarea ရဲ့ တရားဝင်ဝက်ဘ်ဆိုက် မှာ နည်းပညာနဲ့ပတ်သက်တဲ့ အခြားသောအကြောင်းအရာတွေကို သွားရောက်ဖတ်ရှုနိုင်ပါကြောင်းလည်း အသိပေးအပ်ပါသည်။

AI အသုံးပြု Phishing တိုက်ခိုက်မှုများ Microsoft 365 အကောင့်တွေကို ပစ်မှတ်ထားနေတယ်လို့ ပညာရှင်များ သတိပေး=====တရားဝင် AI...
07/09/2025

AI အသုံးပြု Phishing တိုက်ခိုက်မှုများ Microsoft 365 အကောင့်တွေကို ပစ်မှတ်ထားနေတယ်လို့ ပညာရှင်များ သတိပေး
=====

တရားဝင် AI ပလက်ဖောင်းကို အသုံးချပြီး Microsoft 365 အချက်အလက်တွေကို ခိုးယူတဲ့ ခေတ်မီဆန်းပြားတဲ့ phishing တိုက်ခိုက်မှုတရပ်ကို ဆိုက်ဘာလုံခြုံရေး သုတေသီတွေက ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး Cato Networks က အသေးစိတ်ရှင်းပြခဲ့သလို Cyber Security News ကလည်း ထပ်လောင်း ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် သမားရိုးကျ ကာကွယ်ရေးစနစ်ကို ကျော်လွှားဖို့အတွက် ဆိုက်ဘာဒုစရိုက်သမားတွေက AI tools တွေကို တိုးမြှင့်သုံးစွဲလာတဲ့အကြောင်းကို သရုပ်ပြသခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို မရပ်ဆိုင်းခင်အထိ အနည်းဆုံး အမေရိကန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှုတခု ထိခိုက်ခဲ့ပြီး AI အသုံးပြု တိုက်ခိုက်မှုတွေရဲ့ ကြီးထွားလာနိုင်တဲ့ အန္တရာယ်တွေကို မီးမောင်းထိုးပြခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ဆေးဝါးဖြန့်ဖြူးတဲ့ ကုမ္ပဏီတခုက အမှုဆောင်အရာရှိများအသွင် အယောင်ဆောင်ကာ သေချာ ဖန်တီးထားတဲ့ phishing email တွေနဲ့ စတင်လည်ပတ်ခဲ့ပါတယ်။

ယုံကြည်မှုကို မြှင့်တင်ဖို့အတွက် တိုက်ခိုက်သူတွေဟာ လိုဂိုအစစ်တွေနဲ့ အတည်ပြုထားတဲ့ LinkedIn profile တွေကို သုံးထားပြီး ဆက်သွယ်မှုတွေကို စစ်မှန်တဲ့အသွင် ဖန်တီးထားပါတယ်။

ဒီ email တွေမှာ password နဲ့ ကာကွယ်ထားတဲ့ PDF attachment တွေ ပါဝင်ပါတယ်။ ဒါဟာ အလိုအလျောက် စစ်ဆေးပေးတဲ့ security scanner တွေကို ရှောင်လွှဲနိုင်စေတဲ့ နည်းလမ်းဖြစ်ပါတယ်။

ဒါ့အပြင် message body မှာ password ထည့်သွင်းထားတဲ့ နည်းလမ်းဟာ ကုမ္ပဏီရဲ့ လုပ်ရိုးလုပ်စဥ် အသွင်အပြင်ကို ပေးစွမ်းစေပါတယ်။

အဲ့ဒါကို ဖွင့်လိုက်တဲ့အခါမှာ document တွေက email လက်ခံသူကို Simplied AI ထံ ညွှန်းဆိုမှာ ဖြစ်ပါတယ်။ Simplied AI ဟာ ကုမ္ပဏီတွေက အသိအမှတ်ပြု ယုံကြည်ပြီး ကျယ်ကျယ်ပြန့်ပြန့်သုံးကြတဲ့ တရားဝင်စျေးကွက်ရှာဖွေရေးပလက်ဖောင်း ဖြစ်ပါတယ်။

တိုက်ခိုက်သူတွေဟာ Microsoft 365 design element တွေနဲ့အတူ ဆေးဝါးကုမ္ပဏီရဲ့ အမှတ်တံဆိပ်ကို ပြသရန်အတွက် ပလက်ဖောင်းကို လိမ္မာပါးနပ်စွာ အသုံးချခဲ့ကြပါတယ်။ ဒီပေါင်းစပ်မှုတွေကြောင့် document တွေကို အစစ်အမှန်လို့ ထင်ယောင်ထင်မှားဖြစ်စေပြီး သုံးစွဲသူတွေရဲ့ သံသယတွေကို လျော့ကျစေခဲ့ပါတယ်။

နောက်ဆုံးအဆင့်မှာတော့ တိုက်ခိုက်ခံရသူဟာ တရားဝင်စာမျက်နှာနဲ့ အလွန်နီးပါးတူညီတဲ့ Microsoft 365 login စာမျက်နှာအတု တခုထံ ခေါ်ဆောင်သွားခံရမှာ ဖြစ်ပါတယ်။

အဲ့ဒီစာမျက်နှာမှာ ထည့်သွင်းလိုက်သမျှ အချက်အလက်တွေကို တိုက်ခိုက်သူတွေက ရရှိသွားမှာဖြစ်ပြီး အရေးကြီးတဲ့ ကုမ္ပဏီအကောင့်တွေကို ခွင့်ပြုချက်မလိုဘဲ ဝင်ရောက်ခွင့်ရရှိသွားမှာ ဖြစ်ပါတယ်။

Cato Networks ရဲ့အဆိုအရ တရားဝင် AI ဝန်ဆောင်မှုတခုကို အသုံးပြုတာဟာ တိုက်ခိုက်သူတွေကို အကာအကွယ်ရရှိသွားစေတာကြောင့် ၎င်းတို့အနေနဲ့ အန္တရာယ်ရှိတဲ့ လုပ်ဆောင်ချက်တွေကို ပုံမှန်လုပ်ဆောင်ချက်များအတွင်း ပြုလုပ်သွားစေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

BTS အဆိုတော်အပါအဝင် အခြား ဆယ်လီတွေကို ပစ်မှတ်ထားမှုနဲ့ စွပ်စွဲခံထားရတဲ့ တရုတ်ဟက်ကာကို တောင်ကိုရီးယား ဖမ်းဆီး====ချမ်းသာသ...
26/08/2025

BTS အဆိုတော်အပါအဝင် အခြား ဆယ်လီတွေကို ပစ်မှတ်ထားမှုနဲ့ စွပ်စွဲခံထားရတဲ့ တရုတ်ဟက်ကာကို တောင်ကိုရီးယား ဖမ်းဆီး
====

ချမ်းသာသူတွေကို ပစ်မှတ်ထားပြီး ဒေါ်လာ သန်းပေါင်းများစွာ ခိုးယူခဲ့တဲ့ ဟက်ကာအဖွဲ့ကို ဦးဆောင်သူအဖြစ် သံသယဖြစ်ဖွယ် တရုတ်နိုင်ငံသားတယောက်ကို တောင်ကိုရီးယား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မျိုးရိုးနာမည် Jeon လို့သာ ဖော်ပြထားတဲ့ အသက် ၃၄ နှစ်အရွယ် သံသယရှိသူကို ပြီးခဲ့တဲ့ သောကြာနေ့က ဖမ်းဆီးခဲ့ပြီး တနင်္ဂနွေနေ့မှာ ရုံးတင်စစ်ဆေးခဲ့တယ်လို့ ဆိုးလ်ရဲတပ်ဖွဲ့က ပြောပါတယ်။ သူ့ကို ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံကနေ လွှဲပြောင်းခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား တရားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ Jeon ဟာ ဟက်ကာလုပ်ငန်းတခုကို ၂၀၂၃ သြဂုတ်လကနေ ၂၀၂၄ ဇန်နဝါရီလအထိ နိုင်ငံရပ်ခြားမှာ လုပ်ဆောင်ခဲ့ပြီး ကိုယ်ရေးအချက်အလက်တွေ ခိုးယူဖို့အတွက် ကိုရီးယား ဆက်သွယ်ရေးကုမ္ပဏီဝက်ဘ်ဆိုက်တွေကို ပစ်မှတ်ထားခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့အဖွဲ့ဟာ ပစ်မှတ်ထားခံရသူရဲ့ နာမည်တွေနဲ့ သက်ဆိုင်တဲ့ မိုဘိုင်းဖုန်းအကောင့်တွေကို ဖွင့်ဖို့အတွက် အဆိုပါ အချက်အလက်တွေကို အသုံးပြုခဲ့ပြီး အဲ့ဒီနောက်မှာတော့ သူတို့ရဲ့ ဘဏ်အကောင့်နဲ့ crypto အကောင့်တွေကို အသုံးပြုခဲ့ကာ ဝမ် 39 ဘီလျံ​ (ဒေါ်လာ 29 သန်း) ကျော်ရှိတဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

"သံသယရှိသူဟာ စွပ်စွဲချက်တချို့ကို ဝန်ခံထားပေမယ့် တချို့အရာတွေကိုတော့ ငြင်းဆိုထားပါတယ်" လို့ ရဲတပ်ဖွဲ့က တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ပစ်မှတ်ထားခံရသူတွေထဲမှာ ဆယ်လီတွေ၊ ကုမ္ပဏီ အမှုဆောင်တွေနဲ့ နည်းပညာ စွန့်ဦးတီထွင်သူတွေ ပါဝင်တယ်လို့ တောင်ကိုရီးယားရဲ့ တရားရေးဌာနက ဆိုပါတယ်။ အဲ့ဒီအထဲမှာ ပြီးခဲ့တဲ့နှစ်က စစ်မှုထမ်းခဲ့ပြီးနောက် သူ့ရဲ့ ငွေကြေးဆိုင်ရာအကောင့်တွေ ဟက်ခံရလုနီးပါးဖြစ်ခဲ့တဲ့ BTS အဆိုတော် Jungkook လည်း ပါဝင်ခဲ့ပတယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Jeon ဟာ ဧပြီလမှာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်သွားတယ်ဆိုတဲ့ အတည်ပြုချက်ရရှိပြီးတဲ့နောက် တောင်ကိုရီးယား အာဏာပိုင်တွေဟာ အင်တာပိုလ်၊ ထိုင်းအရာရှိတို့နဲ့ ပူးပေါင်းပြီး Jeon ကို ခြေရာခံခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သိမ်းဆည်းရမိထားတဲ့ သက်သေအထောက်အထားတွေကို လေ့လာဆန်းစစ်နေပြီး နောက်ထပ် ကျူးလွန်ထားဖွယ်ရှိတဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး Jeon ကို စစ်ဆေးမေးမြန်းသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

https://myanmar-techarea.com

ကလေးများအတွက် Roblox အန္တရာယ်များနဲ့ပတ်သက်ပြီး ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူ သတိပေး=========ကူဝိတ်ရှိ ကလေးငယ်တွေဟာ သူစိမ...
25/08/2025

ကလေးများအတွက် Roblox အန္တရာယ်များနဲ့ပတ်သက်ပြီး ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူ သတိပေး
=========
ကူဝိတ်ရှိ ကလေးငယ်တွေဟာ သူစိမ်းတွေနဲ့ ထိတွေ့မှုကနေ ငွေကြေးအမြတ်ထုတ်ခံရသည်အထိ Roblox ဂိမ်းပလက်ဖောင်းပေါ်မှာ ဆိုးရွားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူ Bassam Al-Abdan က ယခုတပတ်မှာ သတိပေးခဲ့ပါတယ်။
Al-Abdan ရဲ့ ကူဝိတ်ရုပ်မြင်သံကြားပေါ်မှာ ပြောဆိုချက်အရ Roblox ရဲ့ virtual world ဟာ ကလေးငယ်တွေကို အိမ်တွေ၊ ခြံတွေဆောက်တာ၊ ဒီဂျစ်တယ်ပစ္စည်းတွေ ဝယ်ယူတာတွေ ပြုလုပ်နိုင်သလို ဘေးအန္တရာယ်လည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ "ကလေးတွေဟာ Roblox ဂိမ်းကို အရမ်းတွယ်တာလွန်းတာကြောင့် တချို့သော မိဘတွေဟာ တလကို ကူဝိတ်ဒိုင်နာ 1,200 (အမေရိကန်ဒေါ်လာ 4,000 နီးပါး) အထိ သုံးစွဲနေတယ်လို့" သူက ပြောပါတယ်။
သူ့ရဲ့ မှတ်ချက်ဟာ ကူဝိတ်အာဏာပိုင်တွေက Roblox ကို လုံခြုံရေးနဲ့ ငွေကြေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် အသုံးပြုခွင့် ယာယီပိတ်ပင်ပြီးတဲ့နောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ကာတာ၊ အိုမန်၊ တူရကီ၊ တရုတ်၊​ ယူအေအီးနဲ့ သြစတြေးလျတို့မှာလည်း အလားတူ ကန့်သတ်မှုတွေ ပြုလုပ်ထားပါတယ်။
ကမ္ဘာတဝန်းမှာ Roblox က သုံးစွဲသူ ဖန်တီးထားတဲ့ ဂိမ်းတွေကို လက်ခံထားပြီး သူ့ကိုယ်သူ "အနှိုင်းမဲ့တဲ့ virtual ကမ္ဘာ" လို့ တင်စားထားပါတယ်။ ဒီပလက်ဖောင်းမှာ နေ့စဥ်သုံးစွဲသူ 85 သန်းကျော်ရှိပြီး 40 ရာခိုင်နှုန်းက ၁၃ နှစ်အောက် ကလေးငယ်တွေ ဖြစ်ပါတယ်။
ဘေးကင်းရေး အစီအမံတွေထဲမှာ အသက်ငယ်ရွယ်တဲ့ အကောင့်များအတွက် ကန့်သတ်စာတိုပေးပို့မှူနဲ့ ဆယ်ကျော်သက်များအတွက် AI-moderated voice chat တို့ပါဝင်ပါတယ်။ သို့ပေမဲ့လည်း ဒီထိန်းချုပ်မှုတွေဟာ အကန့်အသတ်ရှိနေဆဲဖြစ်ပြီး ကျော်ဖြတ်ခံရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
၂၀၂၅ ဧပြီလမှာ ဖော်ပြခဲ့တဲ့ Guardian ရဲ့ စုံစမ်းစစ်ဆေးမှုတခုမှာ "Roblox ရဲ့ ကလေးတွေ ရင်းနှီးတဲ့ အသွင်အပြင်နဲ့ ကလေးတွေ အမှန်တကယ် တွေ့ကြုံနေရမှုအကြား စိတ်ပျက်ဖွယ်ရာ အချိတ်အဆက် ပြတ်တောက်မှုတခု" ကို ထောက်ပြခဲ့ပြီး လုံခြုံရေးကန့်သတ်မှုတွေ ရှိလင့်ကစား ၅ နှစ်အောက် ကလေးတွေဟာ လူကြီးတွေနဲ့ စကားပြောဆိုနိုင်သလို လိင်ပိုင်းဆိုင်ရာ ညွှန်ပြတဲ့ အကြောင်းအရာတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် Al-Abdan ဟာ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး မကြာသေးခင်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တခုအကြောင်း ဝေမျှခဲ့ပါတယ်။ "သူ့ရဲ့ ဘဏ်အကောင့်ကနေ ငွေတွေထွက်နေပေမယ့် အဲ့ဒီပိုက်ဆံတွေက ဘယ်ရောက်သွားလဲ မသိဘူးလို့ မိဘတယောက်က ကျနော့်ဆီ ဆက်သွယ်ပြီး ပြောလာတယ်။ ကျနော်တို့ ဒီငွေတွေကို ခြေရာခံတဲ့အခါမှာ ငွေအလွှဲအပြောင်းတွေက Roblox နဲ့ တခြားဝက်ဘ်ဆိုက်တွေဆီ ချိတ်ဆက်နေတာကို တွေ့ရတယ်" လို့ Al-Abdan က ပြောပါတယ်။
ောက်ဆုံးမှာတော့ တစုံတယောက်က ကလေးတယောက်လို ဟန်ဆောင်ပြီး သူတို့ရဲ့ သားကို ဆက်သွယ်ခဲ့တဲ့အကြောင်း မိဘတွေက ရှာတွေ့ခဲ့ပါတယ်။ "ဒီလူတွေဟာ သူတို့ရဲ့အသံကို ပြောင်းလဲဖို့အတွက် ပရိုဂရမ်ကို သုံးခဲ့တာကြောင့် ကလေးက ဒါကို လက်ခံခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လိမ်လည်သူဟာ ကလေးငယ်ကို သူတို့အဖေရဲ့ ဘဏ်ကတ် ပို့ပေးဖို့ စေခိုင်းခဲ့ပြီးတဲ့နောက် များပြားလှတဲ့ ငွေတွေ စတင် နုတ်ယူခံခဲ့ရတာဖြစ်တယ်" လို့ သူက ပြောပါတယ်။
ဒီဖြစ်ရပ်မှာ ငွေကြေးထက် ထိခိုက်မှုပိုများတယ်လို့ သူက ပြောပါတယ်။ "အကျိုးဆက်တွေက ပြင်းထန်တယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရောပေါ့။ ကလေးတစ်ယောက်ဟာ ထူးဆန်းတဲ့အရာတွေကို တောင်းဖို့၊ ကျနော်တို့ရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို ဆန့်ကျင်တဲ့အပြုအမူတွေကို အတုယူဖို့နဲ့ ဘာသာရေးနဲ့ ဝေးကွာတဲ့ အတွေးအခေါ်တွေကို တွေ့ကြုံရနိုင်ဖို့အတွက် လွှမ်းမိုးခံရနိုင်ပါတယ်။ ဒါဟာ ပိုမိုကြီးမားတဲ့ အန္တရာယ်ပါပဲ"

https://myanmar-techarea.com

Google database ဟက်ခံရပြီးနောက် Gmail အသုံးပြုသူ 2.5 ဘီလျံ ဘေးကြုံနေရ=====သင်ဟာ Gmail သုံးသူ တယောက်သူဆိုရင် အခုအချိန်ဟာ ...
25/08/2025

Google database ဟက်ခံရပြီးနောက် Gmail အသုံးပြုသူ 2.5 ဘီလျံ ဘေးကြုံနေရ
=====

သင်ဟာ Gmail သုံးသူ တယောက်သူဆိုရင် အခုအချိန်ဟာ အထူးဂရုပြုရမယ့် အချိန်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒုစရိုက်သမားတွေဟာ Gmail အကောင့်တွေကို ပစ်မှတ်ထားနေလို့ပါ။

မကြာသေးမီက Shiny Hunters လို့ခေါ်တဲ့ အဖွဲ့တခုက ဟက်ကာတွေဟာ Google ရဲ့ Salesforce database system တွေထဲကို ဝင်ရောက်နိုင်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေကို Google က အတည်ပြုထားသလို သုံးစွဲသူနဲ့ ကုမ္ပဏီတွေရဲ့ အမည်တွေ ပေါက်ကြားခဲ့ပြီး password တွေတော့ ပေါက်ကြားခဲ့တာမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

အချက်အလက် ပေါက်ကြားမှုကြောင့် Gmail နဲ့ Google Cloud တို့လို Google ဝန်ဆောင်မှုတွေကို သုံးသူတွေဟာ phishing တိုက်ခိုက်မှုတွေရဲ့ သားကောင်ဖြစ်နိုင်တဲ့ ဘေးအန္တရာယ်နဲ့ ကြုံနေရပြီ ဖြစ်ပါတယ်။

Reddit ပေါ်မှာ မြင်တွေ့ရတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ အစောပိုင်း အစီရင်ခံစာတွေအရ ဒီတိုက်ခိုက်မှုတွေဟာ အချက်အလက် ပေါက်ကြားမှုနဲ့ ဆက်နွှယ်နေပါတယ်။ သုံးစွဲသူတွေကတော့ Google ဝန်ထမ်းတွေဟာ သူတို့ရဲ့ အကောင့်တွေရဲ့ လုံခြုံရေး ကျိုးပေါက်တဲ့အကြောင်းကို သူတို့ဆီ ဖုန်းနဲ့ဆက်သွယ်ပြီး အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

https://myanmar-techarea.com

ကျွန်တော်တိုရဲ့ Website ဖြစ်တဲ့ https://myanmar-techarea.com ကိုလည်း လာရောက်ဖတ်ရှုဖိုအတွက် ဖိတ်ခေါ်ပါတယ်ခင်ဗျာ ဝက်ဘ်ဆိုက...
23/08/2025

ကျွန်တော်တိုရဲ့ Website ဖြစ်တဲ့ https://myanmar-techarea.com ကိုလည်း လာရောက်ဖတ်ရှုဖိုအတွက် ဖိတ်ခေါ်ပါတယ်ခင်ဗျာ ဝက်ဘ်ဆိုက်ကနေ နည်းပညာနဲ့ ပတ်သက်တဲ့အခက်အခဲရှိတာတွေကိုလည်း Live Chat ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Gmail password ခိုးယူနေသော လျှို့ဝှက် AI scam နဲ့ပတ်သက်ပြီး Google သတိပေး၊ အကောင့် 1.8 ဘီလျံတွင် အန္တရာယ်ရှိနိုင်======က...
20/08/2025

Gmail password ခိုးယူနေသော လျှို့ဝှက် AI scam နဲ့ပတ်သက်ပြီး Google သတိပေး၊ အကောင့် 1.8 ဘီလျံတွင် အန္တရာယ်ရှိနိုင်
======

ကမ္ဘာတဝန်းရှိ Gmail သုံးစွဲသူ 1.8 ဘီလျံတွင် AI ရဲ့ တိုးတက်မှုတွေကို အသုံးချတဲ့ ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှုသစ်တရပ်ရှိကြောင်း Google က သတိပေးခဲ့တယ်လို့ Men's Journal က ဖော်ပြခဲ့ပါတယ်။

Google ဟာ indirect prompt injections လို့ခေါ်တဲ့ လူပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရတွေကို ပစ်မှတ်ထားနိုင်တဲ့ တိုက်ခိုက်မှုပုံစံတမျိုးနဲ့ ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

မကြာသေးခင်က ဖော်ပြခဲ့တဲ့ blog post တခုမှာ Google က direct prompt injections လို့ခေါ်တဲ့ AI tool တခုထဲကို အန္တရာယ်ရှိတဲ့ command တွေ ထည့်သွင်းတဲ့ နည်းလမ်းနဲ့မတူတဲ့ indirect attack တွေအကြောင်းကို ရှင်းပြခဲ့ပါတယ်။ Indirect attack တွေဟာ email တွေ၊ document တွေနဲ့ calendar invite တွေလိုမျိုး external source တွေဲမှာ အန္တရာယ်ရှိတဲ့ ညွှန်ကြားချက်တွေကို ဖုံးကွယ်ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒီ ညွှန်ကြားချက်တွေ စတင်လုပ်ဆောင်တာနဲ့ system ထဲက အရေးကြီး အချက်အလက်တွေ ပေါက်ကြားတာနဲ့ အခွင့်မရှိတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။

တိုက်ခိုက်သူတွေဟာ Google ကိုယ်ပိုင် AI chatbot ဖြစ်တဲ့ Gemini ကို အသုံးချတာ ဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူ Scott Polderman က ရှင်းပြပါတယ်။ သူတို့ဟာ email တစောင်ထဲ အန္တရာယ်ရှိတဲ့ code ဖုံးကွယ်ထည့်သွင်းပြီး Gemini က အဲ့ဒီ email ကို ဖတ်လိုက်တဲ့အခါမှာ သုံးစွဲသူ မသိစေဘဲ login အချက်အလက်တွေကို ယူဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

"လူတွေက ဘယ်အရာကိုမှ click လုပ်စရာ မလိုတော့တဲ့အခါ အန္တရာယ်က ရှိလာပါတယ်။ ဖုံးကွယ်ထားတဲ့ လမ်းညွှန်ချက်တွေက AI ကို password နဲ့ အခြားအချက်အလက်တွေ ဖော်ထုတ်စေနိုင်ပါတယ်" လို့ Polderman က ပြောပါတယ်။

Google ကတော့ ကာကွယ်ရေးအတွက် လုပ်ဆောင်ချက်အသစ်တွေကို ဖြန့်ဝေနေပြီလို့ ဆိုပါတယ်။ အဲ့ဒီအထဲမှာ Gemini 2.5 model ကို ပိုအားကောင်းအောင်လုပ်တာ၊ သံသယဖြစ်ဖွယ် prompt တွေကို ရှာဖွေသိရှိနိုင်ဖို့ machine-learning system တွေကို မိတ်ဆက်တာနဲ့ ပိုမိုကျယ်ပြန့်တဲ့ system level လုံခြုံရေးအစီအမံတွေကို ထည့်သွင်းတာတွေ ပါဝင်ပါတယ်။

Address

Yangon
11021

Alerts

Be the first to know and let us send you an email when Myanmar Tech Area posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share