06/08/2026
သံစဉ်တွေနဲ့အတူ စီးမြောရတဲ့ခံစားချက်ကို လူတိုင်းကြိုက်နှစ်သက်ကြပါတယ်။ မတူညီတဲ့ Music Taste နဲ့ မတူညီတဲ့ Vibe တွေကိုခံစားနိုင်ဖို့ဆိုတာ သံစဉ်အနိမ့်အမြင့်နဲ့ Flow တွေကအစ Details ခံစားနိုင်ဖို့ နားကြပ်လိုအပ်ပါတယ်။
ပြောင်းလဲတိုးတက်လာတဲ့ ခေတ်နဲ့အညီ နားကြပ်တွေအသုံးပြုတဲ့နေရာမှာလည်း ကြိုးနားကြပ်တွေအစား Bluetooth ကြိးပျောက်နားကြပ်တွေ အစားထိုးဝင်ရောက်လာပါပြီ။ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေနဲ့အတူ ကြိုးပျောက်နားကြပ်တွေဆီကို အသံစနစ်က ဘယ်လိုလည်ပတ်နေလည်းဆိုတာကိုရော သိကြလား?
ဖုန်းထဲကအသံကနေ Bluetooth နားကြပ်အထိရောက်ဖို့အတွက်ဆိုရင် အဆင့် ( ၃ ) ဆင့်ဖြတ်သန်းရပါတယ်။ ဒီအဆင့်တွေကတော့ 𝐃𝐢𝐠𝐢𝐭𝐢𝐳𝐚𝐭𝐢𝐨𝐧 & 𝐄𝐧𝐜𝐨𝐝𝐢𝐧𝐠 , 𝐖𝐢𝐫𝐞𝐥𝐞𝐬𝐬 𝐓𝐫𝐚𝐧𝐬𝐦𝐢𝐬𝐬𝐢𝐨𝐧 , 𝐃𝐞𝐜𝐨𝐝𝐢𝐧𝐠 & 𝐃𝐀𝐂 စတဲ့ အချက်တွေပဲဖြစ်ပါတယ်။ အသေးစိတ်ရှင်းပြရမယ်ဆိုရင်တော့
𝐃𝐢𝐠𝐢𝐭𝐢𝐳𝐚𝐭𝐢𝐨𝐧 & 𝐄𝐧𝐜𝐨𝐝𝐢𝐧𝐠
ဖုန်းထဲမှာရှိတဲ့ သီချင်း ( Digital Data ) တွေကို Bluetooth ကနေပို့ဆောင်ဖို့ Bluetooth Codecs ( ဥပမာ SBc,AAC,aptX ) တွေကိုအသုံးပြုပြီး အချက်အလက်ပမာဏ သေးငယ်သွားအောင် အရင်ဆုံး ချုံ့လိုက်တာဖြစ်ပါတယ်။
𝐖𝐢𝐫𝐞𝐥𝐞𝐬𝐬 𝐓𝐫𝐚𝐧𝐬𝐦𝐢𝐬𝐬𝐢𝐨𝐧
2.4 GHz Radio Waves ( ရေဒီယိုလှိုင်း ) တွေအဖြစ်ပြောင်းလဲပြီး ဖုန်းရဲ့ Bluetooth Transmitter ကနေတစ်ဆင့်ရောက်ရှိပြီး အသံတွေကို အရည်အသွေးမြင့်မြင့်နဲ့ စီးဆင်းစေတာဖြစ်ပါတယ်။
𝐃𝐞𝐜𝐨𝐝𝐢𝐧𝐠 & 𝐃𝐀𝐂
နားကြပ်ထဲကိုရောက်ရှိလာတဲ့ လှိုင်းလုံးတွေကို နားကြပ်အတွင်းမှာရှိတဲ့ Chipset တွေကနေ Data တွေအဖြစ်ပြောင်းပေးလိုက်ပြီးတော့ Digital to Analog Converter ( DAC ) မှနားနဲ့ကြားနိုင်တဲ့ အသံလှိုင်း ( Analog Signal ) အဖြစ်ပြောင်းလဲပြီး အသံတွေအဖြစ်ထွက်ပေါ်စေတာပဲဖြစ်ပါတယ်။
ဒါကြောင့် နားကြပ်တစ်ခုကိုအသံရောက်ဖို့ဆိုတာ အဆင့်တွေအများကြီးဖြတ်သန်းရပေမဲ့ လွယ်ကူရိုးရှင်းစွာလည်ပတ်နေတယ်လို့ ထင်မြင်ယူဆတတ်ကြပါတယ်။ သီချင်းကောင်းကောင်းတွေကို အသံပါဝါကောင်းကောင်းနဲ့နားထောင်နိုင်ဖို့အတွက်ဆိုရင် နားကြပ်ကောင်းကောင်းတစ်ခုတော့ ရှိထားသင့်ပါတယ်။
ယုဇနပလာဇာ (ပထမထပ်)
B6/B7/C6၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 773 588 606
☎️ 09 760 280 097
☎️ 09 760 280 098