Digital Lab it and gadgets

Digital Lab it and gadgets We sell IT accessories and gadgets with reasonable price. We’re your trusted IT and Gadgets store.

ဘာ tech တို့၊ ညာ tech တို့လို quality မကောင်းတဲ့ Mouse တွေတောင် ၄-၅ သောင်းဖြစ်နေတဲ့ ကာလကြီးမှာ quality လဲ ကောင်းတယ်၊ bra...
18/08/2026

ဘာ tech တို့၊ ညာ tech တို့လို quality မကောင်းတဲ့ Mouse တွေတောင် ၄-၅ သောင်းဖြစ်နေတဲ့ ကာလကြီးမှာ quality လဲ ကောင်းတယ်၊ brand image လဲ ရှိတဲ့ UGreen ရဲ့ Dual Mode wireless mouse လေးတွေ ရှယ်တန်စျေးနဲ့ ပစ္စည်းရောက်ထားပါတယ်ခင်ဗျာ။ ✅Discount လဲ ချထားတာမလို့ post ကို ဆုံးအောင် ဖတ်ကြည့်ပေးပါခင်ဗျာ။

- 2.4HGz Wireless ရယ်၊ Bluetooth 5.0 ရယ်ဆိုပြီး ၂ မျိုး connect လုပ်နိုင်ပြီး Mac, Windows, Linux, iOS, Android OS တွေနဲ့ ကောင်းကောင်း အသုံးပြုနိုင်ပါတယ်။
- အချိန်ကြာကြာသုံးရင် လက်ညောင်းတာမျိုးမဖြစ်အောင် ergonomic shape ပုံစံဖန်တီးထားပြီး ရုံးခန်းထဲမှာ အလုပ်လုပ်ရင် အသံမထွက်အောင် silent click တွေကို သုံးထားပါတယ်။
- Buttons ၆ ခု ပါဝင်ပြီး 4000dpi အထိ ရရှိပါမယ်၊ AA battery တစ်လုံးထည့်သွင်းအသုံးပြုရမှာဖြစ်ပြီး alkaline battery သုံးမယ်ဆိုရင် up to 18 months အထိ အသုံးခံမယ်လို့ ကြော်ငြာထားပါတယ်။

UGreen Ergonomic Wireless Mouse Dual Mode
Normal price - 89,000Ks (Discount 20,000)
✅Promo price - 69,000Ks (Black, Blue)
Factory error ၆ လ အာမခံပေးထားပြီး ၆ လ အတွင်း ပျက်ရင် (user fault မပါ) ကုမ္မဏီကို ပြန်ပို့တာမျိုး မစောင့်ရပဲ ချက်ချင်း အသစ်လဲပေး (သို့) full refund ပြန်ပေးပါတယ်။

ဒီ UGreen Wireless mouse မှာက 2.4GHz Wireless တစ်မျိုးပဲ ရတဲ့ version နဲ့ အခု ကျွန်တော်တို့ ရောင်းတဲ့ Wireless+Bluetooth ၂ မျိုးလုံးရတဲ့ version ဆိုပြီး ၂ မျိုး ရှိပါတယ်။ တချို့က စျေးသက်သာတဲ့ wireless တစ်မျိုးပဲ ရတဲ့ version နဲ့ မှားတတ်ကြလို့ပါ။

▶️မိတ်ဆွေက windows, macbook, tablet တွေအပြင် smart tv တွေ နဲ့ပါ အသုံးပြုဖို့ wireless mouse ကောင်းကောင်းတစ်လုံးရှာနေရင်တော့ ဒီ UGreen mouse လေးတွေက ပေးရတဲ့စျေးနဲ့ ပြန်ရတာ ရှယ်တန်ပါမယ်ခင်ဗျာ။

မြန်မာတစ်နိုင်ငံလုံး Royal Express ရောက်တဲ့ မြို့တိုင်း အိမ်ရောက်ငွေချေ မှာယူနိုင်ပါတယ်ခင်ဗျာ။
မြို့အလိုက် Delivery charges တော့ ရှိပါမယ်ခင်ဗျ။

ပစ္စည်းကို ကိုယ်တိုင်လာဝယ်ချင်တဲ့ မိတ်ဆွေတွေအတွက်
🏠 ဆိုင်လိပ်စာ - အမှတ် ၁၅၊ မာလာလမ်း (စိန်ဂေဟာအနောက်လမ်း)၊ လှည်းတန်းစိန်ဂေဟာအနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
⏱️ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ - ညနေ ၆ နာရီ
✅အပတ်စဉ် တင်္နလာနေ့တိုင်း ဆိုင်ပိတ်ပါသည်။
☎️ 09740022525
☎️ 09740022526

Quality နိမ့်တဲ့ တံဆိပ်ရိုက် အားသွင်းတုံးတွေကြောင့် မိတ်ဆွေရဲ့ ဖုန်း၊ Macbook တွေကို အပျက်စီးမခံပါနဲ့။ တံဆိပ်ရိုက်ဆိုတာ ...
17/08/2026

Quality နိမ့်တဲ့ တံဆိပ်ရိုက် အားသွင်းတုံးတွေကြောင့် မိတ်ဆွေရဲ့ ဖုန်း၊ Macbook တွေကို အပျက်စီးမခံပါနဲ့။ တံဆိပ်ရိုက်ဆိုတာ ဘာလဲရှင်းပြရရင်
Apple ရဲ့ 25W Adapter တွေ၊ Samsung ရဲ့ 45W Original adapter တွေက စျေးနှုန်း ၁ သိန်းခွဲဝန်းကျင်လောက်ရှိပါတယ်၊ အဲ့ဒီမှာ မူဆယ်တစ်ဖက်ကမ်းက adapter တွေကို original တွေနဲ့ ပုံစံတူအောင်လိုက်ထုတ်ပြီး Samsung, Apple စသည်ဖြင့် တံဆိပ်ရိုက်လိုက်ကြတာပေါ့ဗျာ။ အဲ့လိုမျိုး Quality မကောင်းတဲ့ တံဆိပ်ရိုက် အားသွင်းတုံး အညံ့တွေကို သုံးမိရင် မိတ်ဆွေရဲ့ တန်ဖိုးကြီး devices လေးက လစ်သွားနိုင်ပါတယ်၊ တခါတလေ ဒီလို တံဆိပ်ရိုက်အတုတွေက အစစ်နဲ့ တော်တော်တူအောင် ထုတ်ထားပြီး စျေးကလဲ အစစ်လိုပဲ ကြီးတော့ တော်တော်များများ မှားဝယ်မိတတ်ကြပါတယ်။ ဒီလိုပြသနာကို ဘယ်လိုဖြေရှင်းရမလဲဆိုရင်တော့ စျေးကွက်ထဲမှာ နာမည်ရှိပြီးသား quality ကောင်းတဲ့ brand တွေရဲ့ charger တွေကို ဝယ်သုံးရမှာပေါ့ဗျာ။
အခု ကျွန်တော်တို့ဆီကို UGreen ရဲ့ 45W GAN Charger ၂ မျိုး instock ရောက်ထားပြီး discount တွေလဲ ပေးထားပါတယ်ခင်ဗျာ။

UGreen 45W USB C GAN Charger 45W (1 port)
Normal price - 85,000 (Discount 10,000)
✅Promo price - 75,000Ks
US ပလပ်ခေါင်းအပြားနဲ့ USB C တစ်ပေါက်ပါတဲ့ version ပါ၊ ၃ ပေါက်ပါတဲ့ version ထက် ပိုပေါ့၊ ပိုသေးပြီး compact ဖြစ်ပါတယ်။

UGreen 45W USB C GAN Charger 45W (3 port)
Normal price - 99,000 (Discount 10,000)
✅Promo price - 89,000Ks
ဒီကောင်က တစ်ဖက်က US ပလပ်ခေါင်းအပြားနဲ့ အားသွင်းဖို့အတွက် USB C ၂ ပေါက်၊ USB A တစ်ပေါက်ဆိုပြီး ၃ ပေါက်ပါဝင်ပါတယ်။ တစ်ပေါက်ချင်းစီ သုံးရင် USB C တွေက 45W max ထွက်ပြီး USB A က 22.5W Max ထွက်ပါတယ်၊ Adapter ရဲ့ Max output က 45W ပဲ မလို့ ၃ ပေါက်လုံးပြိုင်သွင်းရင် USB C ၂ ခုက 30W, USB A က 12W ထွက်ပါတယ်၊ (post ထဲက ပုံလေးကို ကြည့်လိုက်ရင် ရှင်းသွားပါလိမ့်မယ်ခင်ဗျာ)
ကိုယ်က တစ်ချိန်တည်း ၂ ခု ပြိုင်သွင်းချင်တာမျိုးဆိုရင်တော့ ဒီကောင့်ကို ရွေးသင့်ပါတယ်၊ ဒါပေမယ့် 45W အပြည့်ထွက်ချင်ရင်တော့ ၁ ပေါက်ထဲကိုပဲ သုံးရမှာပါ။

✅Factory error ၆ လ အာမခံပေးထားပြီး ၆ လ အတွင်း ပျက်ရင် (user fault မပါ) ကုမ္မဏီကို ပြန်ပို့တာမျိုး မစောင့်ရပဲ ချက်ချင်း အသစ်လဲပေး (သို့) full refund ပြန်ပေးပါတယ်။

မြန်မာတစ်နိုင်ငံလုံး Royal Express ရောက်တဲ့ မြို့တိုင်း အိမ်ရောက်ငွေချေ မှာယူနိုင်ပါတယ်ခင်ဗျာ။
မြို့အလိုက် Delivery charges တော့ ရှိပါမယ်ခင်ဗျ။

ပစ္စည်းကို ကိုယ်တိုင်လာယူချင်တဲ့ မိတ်ဆွေတွေအတွက်
🏠 ဆိုင်လိပ်စာ - အမှတ် ၁၅၊ မာလာလမ်း (စိန်ဂေဟာအနောက်လမ်း)၊ လှည်းတန်းစိန်ဂေဟာအနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
⏱️ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ - ညနေ ၆ နာရီ
✅အပတ်စဉ် တင်္နလာနေ့တိုင်း ဆိုင်ပိတ်ပါသည်။
☎️ 09740022525
☎️ 09740022526

P to P ကောင်းတာ Xiaomi တင်မဟုတ်ဘူး Anker ရဲ့ Earbuds တွေလဲ ပါတယ်ဗျာ။ ၁ သိန်းကျော်နဲ့ ၂ သိန်းအောက်မှာ Anker ရဲ့ နာမည်ကြီး...
15/08/2026

P to P ကောင်းတာ Xiaomi တင်မဟုတ်ဘူး Anker ရဲ့ Earbuds တွေလဲ ပါတယ်ဗျာ။ ၁ သိန်းကျော်နဲ့ ၂ သိန်းအောက်မှာ Anker ရဲ့ နာမည်ကြီး ANC Earbuds တွေ ဖြစ်တဲ့ R50i NC ရော၊ R60i NC ရော ပစ္စည်းပြန်ရောက်ထားပါတယ်။

ဒီနှစ်မျိုးမှာ ဘာကို ရွေးရမလဲဆိုသူတွေအတွက်က

- Budget ကို လုံးဝ ၁ သိန်းကျော်ထက် ပိုမသုံးချင်ဘူး၊ ပေးရတဲ့စျေးနဲ့ all rounder earbud တစ်ခုလိုချင်တယ်၊ ဒါကိုမှ ANC ပါရမယ်ဆိုရင် R50i NC က လုံးဝအတန်ဆုံး၊ လက်ရှိအချိန်အထိ Global မှာပါ budget ANC earbud အဖြစ် နာမည်ကောင်းတွေ ရနေတုန်းပါပဲ။ Audio quality မှာ R50i NC က 60i NC ထက် bass သံတွေပိုပြီး strong ဖြစ်တဲ့ဘက်ကို သွားတာကြောင့် bass ကြိုက်တဲ့သူတွေက R50i NC ကို ရွေးသင့်ပါတယ်။ ပြီးတော့ R50i NC က သူ့ရဲ့ case ကို ဖုန်း stand လိုလေး အသုံးပြုလို့ရတဲ့ အားသာချက်လေး ရှိပါတယ်။

- ၁ သိန်း ၈ သောင်းလောက်ထိ သုံးဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ R60i NC ကိုသာ ရွေးလိုက်ပါ၊ အရွေးမမှားစေဖို့ အာမခံပါတယ်။ R50i NC ထက် ANC ပိုကောင်းလာတယ်၊ အရင် 10mm ကနေ 11mm driver unit ပိုကြီးလာတယ်၊ Mic ပိုကောင်းလာလို့ ဖုန်း call တွေ ပြောရတာ ပိုကြည်လင်လာမယ်၊ battery 10h လောက် ပိုခံလာတယ်၊ IP55 rating ဖြစ်သွားမယ် စတဲ့ အားသာချက်တွေ ရှိလာပါတယ်။ စျေးနှုန်းကလဲ ၅ သောင်းလောက် ကွာသွားပါမယ်ဗျ။

✅Anker Soundcore R50i NC - 129,000Ks
(Black, Blue, Green)
✅Anker Soundcore R60i NC - 179,000Ks
(Black, White, Blue)
Factory error ၆ လ အာမခံပေးထားပြီး ၆ လ အတွင်း ပျက်ရင် (user fault မပါ) ကုမ္မဏီကို ပြန်ပို့တာမျိုး မစောင့်ရပဲ ချက်ချင်း အသစ်လဲပေး (သို့) full refund ပြန်ပေးပါတယ်။

မြန်မာတစ်နိုင်ငံလုံး Royal Express ရောက်တဲ့ မြို့တိုင်း အိမ်ရောက်ငွေချေ မှာယူနိုင်ပါတယ်ခင်ဗျာ။
မြို့အလိုက် Delivery charges တော့ ရှိပါမယ်ခင်ဗျ။

ပစ္စည်းကို ကိုယ်တိုင်လာယူချင်တဲ့ မိတ်ဆွေတွေအတွက်
🏠 ဆိုင်လိပ်စာ - အမှတ် ၁၅၊ မာလာလမ်း (စိန်ဂေဟာအနောက်လမ်း)၊ လှည်းတန်းစိန်ဂေဟာအနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
⏱️ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ - ညနေ ၆ နာရီ
✅အပတ်စဉ် တင်္နလာနေ့တိုင်း ဆိုင်ပိတ်ပါသည်။
☎️ 09740022525
☎️ 09740022526

PtoP ကောင်းတယ်ဆိုတာ price to performance ပေးလိုက်ရတဲ့စျေးနဲ့ ပြန်ရတာ တန်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ PtoP ကောင်းတဲ့ brand ...
14/08/2026

PtoP ကောင်းတယ်ဆိုတာ price to performance ပေးလိုက်ရတဲ့စျေးနဲ့ ပြန်ရတာ တန်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ PtoP ကောင်းတဲ့ brand ပြပါဆိုရင် Xiaomi က အမြဲတမ်း ထိပ်ဆုံးက ပါဝင်နေမှာပါ … ဖုန်းတွေကနေ tech gadgets တွေ၊ အိမ်သုံးပစ္စည်းတွေအထိ xiaomi ပစ္စည်းတွေက quality ကောင်းတယ်၊ စျေးလဲ မတရားတန်တယ်။

အခုကျွန်တော်ပြပေးမယ့် Xiaomi ရဲ့ Sound Party 50W speaker က နာမည်အတိုင်းပဲ 50W အထိ အသံထွက်အားကောင်းသလို audio မှာ နာမည်ကြီး ဆရာကြီး Harman Kardon က tuning လုပ်ပေးထားတယ်။ Reviews တွေမှာရော၊ သုံးစွဲနေကြတဲ့သူတွေဆီက feedback တွေမှာရော အရမ်းကောင်းပြီး တန်ပါတယ်လို့ နာမည်ကြီးတယ်။
အဓိက နာမည်ကြီးရတာကတော့ အခြား နာမည်ရှိ audio brand တွေမှာ သူ့စျေးတန်းတူဆိုရင် 30W အသင့်အတင့်တောင်မရနိုင်တာကို ဒီကောင်က Harman kardon tuning နဲ့ 50W ကို ၅ သိန်းအောက် ရနိုင်ပါတယ်။ ဒါကြောင့် P to P ကောင်းတယ်လို့ ကျွန်တော်ပြောတာပါ။

35W Woofer နဲ့ 15W tweeter ကို သုံးထားတယ်၊ အသံက warm and smooth ဖြစ်ပြီး Bass တွေက deep punch ဖြစ်တဲ့အပြင်ကိုမှ Bass boost mode ကို ထပ် on လို့ရသေးတော့ bass သံတွေက မတရားမိုက်၊ ဘေးဘက် 3D Design က လုံးဝလှတဲ့အပြင် premium ဆန်ပြီး IP67 rating ကြောင့် ရေစို၊ ရေစင်တာတွေ အေးဆေးပဲဗျာ။
50% volume နဲ့ light တွေ ပိတ်ပြီးသုံးရင် battery ၂၆ နာရီ အသုံးခံမယ်လို့ Xiaomi က ကြော်ငြာထားပြီး reviews တွေမှာ 70-80% volume, light on ပြီးသုံးတာ 12-18 hour လောက် အသုံးခံကြတယ်လို့ ဆိုပါတယ်၊ မိုးလင်းက မိုးချုပ် တစ်နေကုန်ကဲ အားကုန်မှာပူစရာမလို၊ ဒါ့အပြင် သူ့ဆီကနေ ဖုန်းကို powerbank လိုမျိုး 15W နဲ့ အားတောင်ပြန်သွင်းလို့ရသေးသဗျာ။

▶️Xiaomi Sound Party 50W
Normal price - 499,000Ks (discount 20,000Ks)
✅Promo price - 479,000Ks
ပုံမှန်ရောင်းစျေးက တန်နေပြီးသားကိုမှ discount ၂ သောင်းတောင်ထပ်ပေးထားတော့ လက်မနှေးပဲ အမြန်သာ လာဝယ်လိုက်တော့ဗျာ။

Factory error ၆ လ အာမခံပေးထားပြီး ၆ လ အတွင်း ပျက်ရင် (user fault မပါ) ကုမ္မဏီကို ပြန်ပို့တာမျိုး မစောင့်ရပဲ ချက်ချင်း အသစ်လဲပေး (သို့) full refund ပြန်ပေးပါတယ်။

မြန်မာတစ်နိုင်ငံလုံး Royal Express ရောက်တဲ့ မြို့တိုင်း အိမ်ရောက်ငွေချေ မှာယူနိုင်ပါတယ်ခင်ဗျာ။
မြို့အလိုက် Delivery charges တော့ ရှိပါမယ်ခင်ဗျ။

ပစ္စည်းကို ကိုယ်တိုင်လာယူချင်တဲ့ မိတ်ဆွေတွေအတွက်
🏠 ဆိုင်လိပ်စာ - အမှတ် ၁၅၊ မာလာလမ်း (စိန်ဂေဟာအနောက်လမ်း)၊ လှည်းတန်းစိန်ဂေဟာအနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
⏱️ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ - ညနေ ၆ နာရီ
✅အပတ်စဉ် တင်္နလာနေ့တိုင်း ဆိုင်ပိတ်ပါသည်။
☎️ 09740022525
☎️ 09740022526

ပေးရတဲ့စျေးနဲ့ တန်လိုက်တာလို့ ဖြစ်သွားစေမယ့် Gaming mouse တစ်လုံးအကြောင်း ပြောပြမယ်ဗျာ။ လက်ရှိမှာ Gaming mouse တွေရဲ့စျေ...
12/08/2026

ပေးရတဲ့စျေးနဲ့ တန်လိုက်တာလို့ ဖြစ်သွားစေမယ့် Gaming mouse တစ်လုံးအကြောင်း ပြောပြမယ်ဗျာ။ လက်ရှိမှာ Gaming mouse တွေရဲ့စျေးက brand ရှိတဲ့ logitech, Razer တို့လို wired gaming mouse တွေဆိုရင် ၁ သိန်းခွဲလောက်ရှိပါတယ်။
အခု ကျွန်တော်ပြောပြမယ့် Attackshark X11 wireless gaming mouse က logitech, razer wired mouse တွေနဲ့ စျေးတန်းတူတယ်၊ ဒါပေမယ့် build quality ကောင်း၊ weight ပေါ့၊ features တွေလဲ စုံ၊ performance လဲ ပိုကောင်းတယ်ဗျာ။
ဘာတွေ ကောင်းနေလဲ တချက်ကြည့်လိုက်ရအောင်

- ၁ သိန်းခွဲဆိုတဲ့စျေးတန်းမှာ Tri Mode ချိတ်ဆက်နိုင်ပါတယ်။ (Bluetooth, 2.4GHz Wireless, Wired) bluetooth ရတော့ Macbook, mobile devices, smart tv အားလုံးနဲ့ ချိတ်ပြီး သုံးနိုင်သွားတာပေါ့။
- အလေးချိန်က 63 gram ပဲ ရှိတယ်၊ battery ပါတဲ့ wireless mouse တွေ ဒီလို ပေါ့ဖို့ဆိုတာ လွန်ခဲ့တဲ့နှစ်တွေက တကယ့် စျေးကြီးတဲ့ mouse တွေမှ ရခဲ့တာပါ၊ အခုတော့ Attackshark, ATK တို့လို brand တွေ ကျေးဇူးနဲ့ ၁ သိန်းကျော်မှာ lightweight gaming mouse တွေ ကိုင်လို့ရနေပါပြီ။ လက်ရှိထိ နာမည်ကြီးတဲ့ အခြား mouse brand တွေက 80-100gram တွေ လေးနေတုန်းပါပဲ။
- ဓာတ်ခဲထည့်စရာမလိုဘူး၊ built in battery ပါပြီး အားအပြည့်သွင်းထားရင် နာရီ ၆၀ ဝန်းကျင် အသုံးခံတယ်။
- PAW3311 လို quality ကောင်းတဲ့ sensor, 20million click အထိ အသုံးပြုနိုင်တဲ့ Huano switch တွေကို သုံးထားလို့ performance ပိုင်းလဲ စိတ်ချရတယ်ဗျာ။ Pooling rate ကလဲ 1000Hz ရမယ်ဗျာ။
- ဒီစျေး ၁ သိန်းခွဲမှာ မတရားမိုက်တဲ့ features ကတော့ အားသွင်းဖို့ magnetic charging dock လေး ဘူးထဲမှာ တစ်ခါထဲ ပါဝင်တာပါပဲ၊ charging dock က RGB မီးတွေလဲပါသေးသဗျာ။
- mouse ရဲ့ settings တွေကို ချိန်ညှိဖို့ attackshark software သုံးလို့ရသလို web driver လဲ သုံးလို့ရပါတယ်။
- Build quality တော်တော်လေးကောင်းပြီး သူ့ရဲ့ shape က razer ရဲ့ နာမည်ကြီး ဆရာကြီး Viper series နဲ့ ဆင်တူပါတယ်။ weight လဲ ပေါ့တယ်၊ performance လဲ မိုက်တယ်၊ ၇ သိန်းလောက်ပေးရမယ့် razer viper ရဲ့ shape and design ကိုလဲ ကိုင်ရမယ်။ ဟော … razer viper မှာတောင် တခါတည်း မပါတဲ့ charging dock ကို ဒီကောင်က ဘူးထဲမှာ တခါတည်း ထည့်ပေးထားတယ်ဗျာ။ ဘာလိုသေးလဲ ဆိုရင်တော့ ရှယ်တန်စျေးနဲ့ လာဝယ်ဖို့ပဲ လိုတော့မယ်ဗျာ။

✅Attackshark X11 wireless gaming mouse with charging dock - 159,000Ks (White/Black/Red)
Factory error ၆ လ အာမခံပေးထားပြီး ၆ လ အတွင်း ပျက်ရင် (user fault မပါ) ကုမ္မဏီကို ပြန်ပို့တာမျိုး မစောင့်ရပဲ ချက်ချင်း အသစ်လဲပေး (သို့) full refund ပြန်ပေးပါတယ်။

မြန်မာတစ်နိုင်ငံလုံး Royal Express ရောက်တဲ့ မြို့တိုင်း အိမ်ရောက်ငွေချေ မှာယူနိုင်ပါတယ်ခင်ဗျာ။
မြို့အလိုက် Delivery charges တော့ ရှိပါမယ်ခင်ဗျ။

ပစ္စည်းကို ကိုယ်တိုင်လာယူချင်တဲ့ မိတ်ဆွေတွေအတွက်
🏠 ဆိုင်လိပ်စာ - အမှတ် ၁၅၊ မာလာလမ်း (စိန်ဂေဟာအနောက်လမ်း)၊ လှည်းတန်းစိန်ဂေဟာအနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
⏱️ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ - ညနေ ၆ နာရီ
✅အပတ်စဉ် တင်္နလာနေ့တိုင်း ဆိုင်ပိတ်ပါသည်။
☎️ 09740022525
☎️ 09740022526

ကျန်းမာရေးအတွက် fitness band တစ်ခုရှာနေရင် ပေးရတဲ့စျေးနဲ့ အရမ်းတန်တဲ့ Xiaomi Band 10 လေးတွေ ပစ္စည်းပြန်ရောက်ထားပါတယ်။ အရ...
10/08/2026

ကျန်းမာရေးအတွက် fitness band တစ်ခုရှာနေရင် ပေးရတဲ့စျေးနဲ့ အရမ်းတန်တဲ့ Xiaomi Band 10 လေးတွေ ပစ္စည်းပြန်ရောက်ထားပါတယ်။
အရင်လိုပဲ မူရင်းစျေးကနေ discount ၅ သောင်းလဲ ဆက်ပေးထားတုန်းမလို့ အရမ်းတန်ပါမယ်ခင်ဗျာ။

✅Xiaomi Band 10 (Black/Silver/ Pink) (Global model)
Normal price - 249,000Ks (Discount 50,000)
✅Promo price - 199,000Ks
Factory error ၆ လ အာမခံပေးထားပြီး ၆ လ အတွင်း factory error ကြောင့်ပျက်ရင် ထိုင်းကို ပြန်ပို့တာမျိုး မစောင့်ရပဲ ချက်ချင်း အသစ်လဲပေး (သို့) full refund ပြန်ပေးပါတယ်။

ဖုန်းမပါပဲ ဘာတွေသုံးလို့ရလဲ၊ ဖုန်းနဲ့ရော ချိတ်ပြီး ဘာတွေ သုံးလို့ရလဲ?
ပထမဦးဆုံး စသုံးဖို့အတွက်ကိုတော့ ဖုန်းထဲမှာ (Mi fitness app/ iOS ရော Android ရော ရ) နဲ့အရင် pair လုပ်ဖို့လိုပါတယ်။
▶️ဖုန်းမပါပဲ သုံးမယ်ဆိုရင်
- ခြေလှမ်းတွေ၊ calories တွေ မှတ်ပေးနိုင်၊ Heart rate, SpO2 တိုင်းပေးနိုင်ပါတယ်။ Sleep monitoring လုပ်ထားနိုင်ပြီး ဖုန်းနဲ့ပြန်ချိတ်တဲ့အခါ sync လုပ်ပေးပါတယ်။ Alarms and timers တွေ ပေးလို့ရ၊ workout တော်တော်များများကို ဖုန်းမလိုပဲ လုပ်လို့ရပါတယ်။ IPrating ပါပြီး 5ATM အထိ ရေစိမ်လို့ရတာကြောင့် ရေကန်ထဲမှာ swimming ကောင်းကောင်းလုပ်လို့ရပါတယ်။
▶️ဖုန်းနဲ့ချိတ်သုံးမယ်ဆိုရင်
- Bluetooth 5.4 နဲ့ ဖုန်းကို ချိတ်ဆက်ထားပြီးတော့ ဖုန်းရဲ့ remote display လိုမျိုး သုံးနိုင်ပါတယ်။ Bluetooth ချိတ်ထားရတာမလို့ ဖုန်းနဲ့ အဝေးမှာတော့ မရပါဘူး။ Notifications တွေအားလုံး Band မှာ လာပေါ်ပါတယ်၊ ဖုန်း call တွေ၊ sms တွေ၊ messenger, facebook ဖုန်းက Noti အားလုံးပေါ်ပါတယ်၊ Myanmar font တော့မရပါ ဒါကြောင့် မြန်မာစာ noti တွေ ဖတ်မရပါ၊ ဖုန်းလာရင် ဖုန်းကိုင်၊ ဖုန်းချလုပ်နိုင်၊ ကြိုရေးပြီးသား sms ကို reply လုပ်နိုင်ပါတယ်၊ Mic နဲ့ speaker မပါလို့ ဒီနာရီကနေ ဖုန်းကိုင်ပြီး တစ်ခါထဲ ဖုန်းဖြေတာတော့ လုပ်မရပါဘူး။ ဖုန်းကင်မရာ ကို ဒီ Band ကနေ လှမ်းရိုက်လို့ရမယ်၊ သီချင်းဖွင့်ထားရင် သီချင်းကျော်တာ နဲ့ အသံ အတိုးအချဲ့လုပ်လို့ရပါမယ်။

✅အဓိကက Smart watch တွေလို battery မခံတာမျိုးမဟုတ်ပဲ ဒီလို Smart band လေးတွေက ရက် ၂၀ လောက် အထိ အားခံတဲ့အားသာချက်ရှိတယ်။ ပြီးတော့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ function တွေကို အဓိက track လုပ်ပေးနိုင်တယ်၊ weight ပေါ့တယ် စတဲ့ အားသာချက်တွေကြောင့် fitness tracker တစ်ခုအနေနဲ့တော့ ဒီ xiaomi band 10 လေးတွေက စျေးတန်ပြီး ရွေးချယ်လို့ အရမ်းကောင်းပါတယ်ခင်ဗျာ။

မြန်မာတစ်နိုင်ငံလုံး Royal Express ရောက်တဲ့ မြို့တိုင်း အိမ်ရောက်ငွေချေ မှာယူနိုင်ပါတယ်ခင်ဗျာ။
မြို့အလိုက် Delivery charges တော့ ရှိပါမယ်ခင်ဗျ။
ပစ္စည်းကို ကိုယ်တိုင်လာယူချင်တဲ့ မိတ်ဆွေတွေအတွက်
🏠 ဆိုင်လိပ်စာ - အမှတ် ၁၅၊ မာလာလမ်း (စိန်ဂေဟာအနောက်လမ်း)၊ လှည်းတန်းစိန်ဂေဟာအနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
⏱️ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ - ညနေ ၆ နာရီ
✅အပတ်စဉ် တင်္နလာနေ့တိုင်း ဆိုင်ပိတ်ပါသည်။
☎️ 09740022525
☎️ 09740022526

Sandisk External SSD တွေ 1TB ရော၊ 2TB ရော ပစ္စည်းပြန်ရောက်ပါတယ်ခင်ဗျာ။ E61 Version 2 model ဖြစ်ပြီး Read 1050MB/s, Write...
08/08/2026

Sandisk External SSD တွေ 1TB ရော၊ 2TB ရော ပစ္စည်းပြန်ရောက်ပါတယ်ခင်ဗျာ။ E61 Version 2 model ဖြစ်ပြီး Read 1050MB/s, Write 1000MB/s အထိ အမြနိနှုန်းရတဲ့မော်ဒယ်ပါ။

အခုနောက်ပိုင်း SSD တွေကို Computer အပြင် ဖုန်း၊ tablet တွေနဲ့လဲ သုံးလာကြတာဆိုတော့ ဒီ SSD က ဘယ် device တွေနဲ့ အဆင်ပြေမလဲဆိုရင်
▶️USB Type C ကို သုံးထားတဲ့ OTG support devices တွေ၊ Android ဖုန်း၊ Tablet မှာဆိုရင် android 13 နဲ့ အထက်
▶️iPhone တွေမှာဆိုရင် iPhone 15 နဲ့ အထက်၊ iPad တွေမှာဆိုရင် iPadOS 14 အထက် Type C သုံး iPad တွေ
▶️Windows မှာဆိုရင် Windows 10 နဲ့ အထက်
▶️Mac တွေမှာဆိုရင် Mac OS v13 အထက်
ဒီ Devices တွေမှာ အသုံးပြုနိုင်ပါတယ်။
ကျေးဇူးပြုပြီး မဝယ်ယူခင်မှာ ကိုယ့် device က အထက်ဖော်ပြပါ devices တွေထဲမှာ ပါရဲ့လားဆိုတာ သေချာစစ်ဆေးပြီးမှ ဝယ်ယူပေးပါခင်ဗျာ။
⛔️အရေးကြီးဆုံးကတော့ ကိုယ့် device က Type C သို့မဟုတ် USB Type A ပါဝင်မှ အဆင်ပြေပါမယ်။
(ဥပမာ Type C မဖြစ်သေးပဲ lighting port အသုံးပြုထားတဲ့ iPhone 14 နဲ့ သူ့အောက်က မော်ဒယ်တွေမှာ Type C to Lighting adapter ခံသုံးရင်တောင် ကောင်းကောင်းအဆင်မပြေပါဘူးခင်ဗျာ)
▶️ကြော်ငြာထားတဲ့အမြန်နှုန်း 1000MB/s ရဖို့ဆိုရင်
- USB 3.2 Gen 2 အပေါက်မှာ တပ်ရပါမယ်
- ဒီကောင်နဲ့ data ကူးမယ့် ပစ္စည်းကလဲ သူ့လိုပဲ 1000MB/s နဲ့ အထက် မြန်တဲ့ SSD ဖြစ်မှရပါမယ်။
▶️အဲ့လိုမဟုတ်ပဲနဲ့ USB 2.0 အပေါက်တွေမှာထိုးသုံးရင် … USB 2.0 ရဲ့ အမြင့်ဆုံး data သွားနိုင်တဲ့ 60MB/s ပဲ ရပါမယ်။ ဒီလိုဖြစ်ရတာက SSD က နှေးနေတာမဟုတ်ပဲ ကိုယ်သုံးတဲ့ ဖုန်း၊ laptop ရဲ့ USB 2.0 အပေါက်က နှေးနေတာပါ။ (ဒီနေ့ခေတ်ဖုန်းတော်တော်များများက Flagship မော်ဒယ်မဟုတ်ရင် USB 2.0 ပဲ သုံးပါတယ်၊ iPhone တွေလဲ 15/16/17 ရိုးရိုးတွေက USB 2.0 ပါပဲ၊ 15/16/17 Pro, Pro Max model တွေမှ USB 3.0 နဲ့ လာပါတယ်)
▶️ဒီ SSD နဲ့ ကူးမယ့် တစ်ဖက်က Harddisk ဖြစ်နေရင် ကိုယ့် SSD က ဘယ်လောက်မြန်နေနေ ကူးနေတဲ့ တစ်ဖက်က Harddisk က နှေးတာမလို့ အဲ့ Harddisk ရဲ့ speed ပဲ ရပါမယ်။
ဒီလောက်ဆို နှေးခြင်း၊ မြန်ခြင်းကို နားလည်လောက်ပြီထင်ပါတယ်ခင်ဗျာ။

လက်ရှိမှာ Ai တွေကြောင့် RAM, SSD စျေးတွေ မတရားတက်နေပေမယ့် ကျွန်တော်တို့ Digital Lab မှာတော့ စျေးမတက်တဲ့အပြင် discount တောင် ပေးထားသေးတယ်ဗျာ။
✅စျေးနှုန်းကို comment မှာ ကြည့်ပေးပါခင်ဗျ။

မြန်မာတစ်နိုင်ငံလုံး Royal Express ရောက်တဲ့ မြို့တိုင်း အိမ်ရောက်ငွေချေ မှာယူနိုင်ပါတယ်ခင်ဗျာ။
မြို့အလိုက် Delivery charges တော့ ရှိပါမယ်ခင်ဗျ။
ပစ္စည်းကို ကိုယ်တိုင်လာယူချင်တဲ့ မိတ်ဆွေတွေအတွက်
🏠 ဆိုင်လိပ်စာ - အမှတ် ၁၅၊ မာလာလမ်း (စိန်ဂေဟာအနောက်လမ်း)၊ လှည်းတန်းစိန်ဂေဟာအနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
⏱️ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ - ညနေ ၆ နာရီ
✅အပတ်စဉ် တင်္နလာနေ့တိုင်း ဆိုင်ပိတ်ပါသည်။
☎️ 09740022525
☎️ 09740022526

Devices ၃ ခု တပြိုင်တည်း ချိတ်ဆက်နိုင်ပြီး Horizontal, vertical scroll wheel ၂ ခုပါမယ်၊ productivity အတွက် အရမ်းမိုက်တဲ့...
05/08/2026

Devices ၃ ခု တပြိုင်တည်း ချိတ်ဆက်နိုင်ပြီး Horizontal, vertical scroll wheel ၂ ခုပါမယ်၊ productivity အတွက် အရမ်းမိုက်တဲ့ Ugreen Multimode Wireless mouse လေး အကြောင်း ပြောပြမယ်ဗျာ။
Logitech MX Master series တွေကို ၅ သိန်းလောက်ထိ မသုံးချင်ဘူးဆိုရင် budget ၁ သိန်းဝန်းကျင်နဲ့ ဒီကောင်လေးက MX Master mouse တွေရဲ့ တချို့ features တွေကို ကောင်းကောင်း အသုံးပြုနိုင်ပါမယ်။

- သူ့ရဲ့ shape က လက်နဲ့ အံဝင်ခွင်ကျဖြစ်စေမဲ့ ergonomic ပုံစံဖြစ်ပြီး mouse ကို ကြာကြာသုံးမယ့် Productivity သမားတွေနဲ့ လုံးဝ ကွက်တိပါပဲ။
- Bluetooth 1, Bluetooh 2, 2.4GHz wireless ဆိုပြီး mode ၃ မျိုး နဲ့ device ၃ ခု ကို ချိတ်ဆက်ထားနိုင်ပြီး device တခု နဲ့ တခု အကူးအပြောင်းကို mouse ပေါ်က ခလုတ်လေးနဲ့ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ Mac, Windows, Linux, Android, Chrome OS အားလုံးနဲ့ အဆင်ပြေပါတယ်။
- MX Master တွေရဲ့ နာမည်ကြီး scroll wheel အတိုင်းပဲ ၁ စက္ကန့်ကို 1000lines အထိ scroll လုပ်နိုင်မယ်၊ ပြီးတော့ ဘေးတိုက် scroll လုပ်နိုင်မယ့် horizontal wheel လဲ ပါဝင်ပါတယ်၊ ဒီ wheel လေးတွေက excel sheet အရှည်ကြီး ကိုင်ရတဲ့သူတွေ၊ timeline အရှည်ကြီး edit လုပ်ရတဲ့ video editors တွေအတွက် တကယ့်ကို အလုပ်တွင်ကျယ်စေတဲ့ ကောင်လေးတွေပေါ့ဗျာ။
- DPI အနေနဲ့ 1000/1600/2400/3200/5000 ဆိုပြီး ၅ မျိုးအထိ ပြောင်းလဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
- AA battery ၁ လုံး (သို့) ၂ လုံး ထည့်သွင်းအသုံးပြုရမှာဖြစ်ပြီး quality ကောင်းတဲ့ alkaline battery တွေနဲ့ဆိုရင် up to 12 months လောက်အထိ battery ခံမှာဖြစ်ပါတယ်။

ဆိုတော့ ဒီလို performance and features တွေ စုံနေတဲ့ wireless mouse တစ်လုံးကို ၁ သိန်းဝန်းကျင်နဲ့ ရနိုင်မှာက တော်တော်လေး တန်တယ်ပြောလို့ရပြီး brand ကလဲ နာမည်ရှိပြီးသား UGREEN မလို့ quality လုံးဝစိတ်ချလို့ရတယ်ဗျာ။

✅UGreen Multimode Wireless Mouse - 120,000Ks
Factory error ၆ လ အာမခံပေးထားပြီး ၆ လ အတွင်း factory error ကြောင့်ပျက်ရင် ထိုင်းကို ပြန်ပို့တာမျိုး မစောင့်ရပဲ ချက်ချင်း အသစ်လဲပေး (သို့) full refund ပြန်ပေးပါတယ်။

မြန်မာတစ်နိုင်ငံလုံး Royal Express ရောက်တဲ့ မြို့တိုင်း အိမ်ရောက်ငွေချေ မှာယူနိုင်ပါတယ်ခင်ဗျာ။
မြို့အလိုက် Delivery charges တော့ ရှိပါမယ်ခင်ဗျ။
ပစ္စည်းကို ကိုယ်တိုင်လာယူချင်တဲ့ မိတ်ဆွေတွေအတွက်
🏠 ဆိုင်လိပ်စာ - အမှတ် ၁၅၊ မာလာလမ်း (စိန်ဂေဟာအနောက်လမ်း)၊ လှည်းတန်းစိန်ဂေဟာအနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
⏱️ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ - ညနေ ၆ နာရီ
✅အပတ်စဉ် တင်္နလာနေ့တိုင်း ဆိုင်ပိတ်ပါသည်။
☎️ 09740022525
☎️ 09740022526

အကောင်သေးပေမယ့် အဆိပ်ပြင်းတယ်ဆိုတာ ဒီကောင်လေးကို ပြောတာပါ။ Xiaomi ဆိုတဲ့အတိုင်း ပေးရတဲ့စျေးနဲ့ ပြန်ရတာ ရှယ်တန်တယ်။ သူ့ထက...
03/08/2026

အကောင်သေးပေမယ့် အဆိပ်ပြင်းတယ်ဆိုတာ ဒီကောင်လေးကို ပြောတာပါ။ Xiaomi ဆိုတဲ့အတိုင်း ပေးရတဲ့စျေးနဲ့ ပြန်ရတာ ရှယ်တန်တယ်။ သူ့ထက် စျေး ၃ ဆ လောက်များတဲ့ JBL Go 4 လို ကောင်နဲ့ ဒဲ့ယှဉ်နိုင်ပြီး specs အရ ပိုတောင်သာနေသေးတယ်။
ဆိုတော့ ဒီ ၁ သိန်းတန်လေးကို ၃ သိန်းဝန်းကျင်က JBL Go 4 နဲ့ ယှဉ်ပြီး ကြည့်လိုက်ရအောင်ဗျာ။

- JBL Go 4 လိုပဲ 5W Output speaker ကို သုံးထားပြီး Bluetooth 5.4 ကို သုံးထားပါတယ်၊ Go 4 က bluetooth 5.3 ပါ။ Battery အနေနဲ့ 40% volume နဲ့ဆိုရင် around 10 hours ရနိုင်မယ်လို့ ကြေငြာထားပြီး Go 4 က ၇ နာရီဝန်းကျင်ပဲ ရပါတယ်။
- IP67 certified ဖြစ်တာကြောင့် ရေစို၊ ရေစင်ဒဏ်၊ ဖုန်မှုန့်ဒဏ်တွေကို ခံနိုင်ရည်ရှိပါတယ်။
- JBL Go 4 ထက် သိသာတဲ့ အားသာချက်ကတော့ Built in Mic ပါတာပါ၊ သီချင်းနားထောင်နေရင်း ဖုန်းပြောတာမျိုး လုပ်လို့ရသွားပါမယ်။
- ဒီဇိုင်းပိုင်းမှာလဲ အရမ်းမိုက်တာကြောင့် red dot winner ဆု တောင် ရထားသေးတယ်ဗျာ။

ဆိုတော့ $၂၀၊ ၁ သိန်း ဝန်းကျင်မှာ portable ဖြစ်တဲ့ bluetooth speaker လေး ရှာနေရင် ဒီကောင်လေးက လက်ရှိမှာ ရွေးချယ်လို့ အတန်ဆုံးပါ။ သူ့ထက် ၃ ဆ လောက်စျေးကြီးတဲ့ JBL Go 4 ကို ကောင်းကောင်းယှဉ်နိုင်ပြီး features တွေလဲ စုံတဲ့အပြင် xiaomi brand မလို့ quality ပိုင်းလဲ စိတ်ချရပါတယ်။

ဖုန်း speaker ထက်စာရင် ကိုယ်တိုင်တစ်ယောက်ထဲပဲ အေးအေးဆေးဆေးလေး chill လုပ်မလား၊ လူကြီး၊ မိဘတွေကို တရားနာဖို့ ကန်တော့မလား ဒီစျေးတန်းမှာ ဒီကောင်လေးက လုံးဝ သင့်တော်ပါတယ်။

✅Xiaomi Sound Pocket 5W - 110,000Ks (Gray)

Factory error ၆ လ အာမခံပေးထားပြီး ၆ လ အတွင်း factory error ကြောင့်ပျက်ရင် ထိုင်းကို ပြန်ပို့တာမျိုး မစောင့်ရပဲ ချက်ချင်း အသစ်လဲပေး (သို့) full refund ပြန်ပေးပါတယ်။

မြန်မာတစ်နိုင်ငံလုံး Royal Express ရောက်တဲ့ မြို့တိုင်း အိမ်ရောက်ငွေချေ မှာယူနိုင်ပါတယ်ခင်ဗျာ။
မြို့အလိုက် Delivery charges တော့ ရှိပါမယ်ခင်ဗျ။
ပစ္စည်းကို ကိုယ်တိုင်လာယူချင်တဲ့ မိတ်ဆွေတွေအတွက်
🏠 ဆိုင်လိပ်စာ - အမှတ် ၁၅၊ မာလာလမ်း (စိန်ဂေဟာအနောက်လမ်း)၊ လှည်းတန်းစိန်ဂေဟာအနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
⏱️ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ - ညနေ ၆ နာရီ
✅အပတ်စဉ် တင်္နလာနေ့တိုင်း ဆိုင်ပိတ်ပါသည်။
☎️ 09740022525
☎️ 09740022526

မိတ်ဆွေမြင်ဖူးနေကျမဟုတ်တဲ့ အရမ်းမိုက်တဲ့ SSD တစ်ခုအကြောင်း ပြောပြမယ်ဗျာ။ အဲ့ဒါက 2025 ကမှ Sandisk က အသစ်မိတ်ဆက်ထားတဲ့ San...
02/08/2026

မိတ်ဆွေမြင်ဖူးနေကျမဟုတ်တဲ့ အရမ်းမိုက်တဲ့ SSD တစ်ခုအကြောင်း ပြောပြမယ်ဗျာ။
အဲ့ဒါက 2025 ကမှ Sandisk က အသစ်မိတ်ဆက်ထားတဲ့ Sandisk Creator Pro External SSD ဖြစ်ပါတယ်။ Creator series ဆိုတာ နာမည်အတိုင်းပဲ Photo, Video, Content အစရှိတဲ့ Creators တွေ အတွက် အဓိက ရည်ရွယ်ထုပ်လုပ်ထားတဲ့ series တစ်ခုပါ။

သူ့ရဲ့ ဒီဇိုင်းက ကျွန်တော်တို့ မြင်ဖူးနေကျ Sandisk extreme portable ssd (E61) တွေနဲ့ ခပ်ဆင်တင်တူပြီး သူ့ရဲ့ မော်ဒယ် code က E81C ဖြစ်ပါတယ်။
ဘာတွေ ထူးခြားသွားမလဲ?

- ဒီဇိုင်း နဲ့ build quality က E61 V2 တွေ ထက်ပိုပြီး premium ဖြစ်သွားပါတယ်၊ ၃ မီတာ အမြင့်က ပြုတ်ကျရင် ခံနိုင်တဲ့ drop protection, ရေစို၊ ရေစင်ဒဏ်နဲ့ ဖုန်မှုန့် ဒဏ်တွေကနေ ကာကွယ်ပေးမယ့် IP65 protection တွေ ပါဝင်ပါတယ်။
- အဓိကကတော့ အမြန်နှုန်းပါ၊ အရင် E61 တွေက 1000MB/s ဝန်းကျင်ပဲ မြန်ပေမယ့် ဒီကောင်ကတော့ ၂ ဆ 2000MB/s အထိ မြန်ပါတယ်၊ မိတ်ဆွေရဲ့ contents တွေ၊ data တွေ ကူးဖို့ မျက်စိတစ်မှိတ်အချိန်ပဲ ကြာပါမယ်။ Gamers တွေ အနေနဲ့ ကိုယ့် PC ထဲကို ssd ထည့်တာမျိုး မလုပ်ချင်ရင် ဒီလို external ssd ထဲကို games တွေ ထည့်ထားပြီး တန်းဆော့ရုံပါပဲ၊ ရှယ်မြန်တယ်ပေါ့ဗျာ။
- သူ့ရဲ့ ကြေငြာထားတဲ့ speed 2000MB/s ကို ရဖို့ဆိုရင် USB 3.2 Gen 2x2 port မှာ တပ်ဆင်အသုံးပြုရပါမယ်။ USB 3.2 Gen 1/ USB 3.2 Gen 2 လို ports တွေမှာ တပ်သုံးရင်တော့ E61 တို့လိုပဲ 1000MB/s ပဲ ရပါမယ်။ Buying tips အနေနဲ့ Macbook တွေရဲ့ Type C အပေါက်တွေက 3.2 Gen 2 သို့မဟုတ် Thunderbolt တွေမလို့ ဒီ ssd သုံးရင် 1000MB/s ပဲ ရပါမယ်။ Macbook တွေက 3.2 Gen 2x2 နည်းပညာ မသုံးလို့ပါ။ Laptops တော်တော်များများလဲ ဒီ port မပါတတ်ကြလို့ 3.2 Gen 2 speed 1000MB/s ပဲ ရလေ့ရှိပါတယ်။ ဒါဆို ဒီ port က ဘယ်မှာပါလဲ မေးရင် PC သမားတွေ ရဲ့ Motherboard တော်တော်များများ နဲ့ gaming laptop တချို့မှာတော့ ပါလေ့ရှိပါတယ်။
- ဒီ port မပါရင် သုံးမရဘူးပြောတာမဟုတ်ဘူးနော် ကိုယ့် device အပေါက်က အမြင့်ဆုံးပေးနိုင်တဲ့ အမြန်နှုန်းနဲ့တော့ သုံးလို့ရမှာပါခင်ဗျာ။ ကိုယ့် laptop က 3.2 Gen 2 ဆိုရင် 1000MB/s မြန်ပါလိမ့်မယ်။ 3.2 Gen 2 အပေါက်တွေရဲ့ အမြန်ဆုံး speed က 1000MB/s ဖြစ်ပါတယ်။ iPhone တွေ၊ Android Type C တွေနဲ့လဲ ကောင်းကောင်းသုံးလို့ရပါတယ်ဗျ။

ဘာပဲပြောပြော E61 တွေထက် စျေးက နည်းနည်းလေးပဲ ပိုများပြီး ၂ ဆ မြန်မယ်၊ premium design ကိုရမယ်၊ နည်းပညာအသစ်ကို သုံးရမယ်ဆိုတာနဲ့တင် ဒီ SSD က ရှယ်တန်နေပါပြီ။ Brand က လဲ external ssd တွေထဲမှာ နာမည်ရှိပြီးသား Sandisk က ထုပ်ထားတာမလို့ လုံးဝ စိတ်ချရပြီးသား…

စျေးနှုန်းကရော …?
ပုံမှန် E61 V2 တွေတောင် လက်ရှိပေါက်စျေး ၈ သိန်းခွဲလောက် ရောင်းနေချိန်မှာ ဒီ SSD ကို 799,000 နဲ့ ရပါမယ်။ Sandisk website မှာ $230 မြန်မာငွေ ၉ သိန်းကျော်၊ ထိုင်းမှာ ဘတ် ၁ သောင်း ၁၃ သိန်းဝန်းကျင်တောင် ရှိပါတယ်။
ကျွန်တော်တို့ Digital Lab ကတော့ ထုံးစံအတိုင်း promotion time မှာ ဝယ်လိုက်တာဆိုတော့ သူ့မူရင်း website က စျေးထက်တောင် အများကြီး သက်သာနေပါမယ်ခင်ဗျာ။
Stock အရေအတွက် နည်းနည်းလေးပဲ ရှိပြီး မတရားတန်တဲ့စျေးမလို့ အကုန်မြန်ပါတယ်၊ လက်ဦးအောင် အမြန်လေး သာ လှမ်းခဲ့တော့ဗျာ။

Sandisk Creator Pro Portable SSD E81C
(Read 2000MB/s, Write 2000MB/s)
✅1TB - 799,000Ks
▶️2 Years Factory Error Warranty
▶️Compatible OS - Windows 10+, Mac OS v13+, USB Type C OTG devices (iPhone 15 and above, iPad with Type C iPadOS14 and above, Android 13 and above)
▶️In the box - SSD, Type C to C Cable, Type C to Type A Cable

Factory error ၂ နှစ် အာမခံပေးထားပြီး ၂ နှစ် အတွင်း factory error ကြောင့်ပျက်ရင် ထိုင်းကို ပြန်ပို့တာမျိုး မစောင့်ရပဲ ချက်ချင်း အသစ်လဲပေး (သို့) full refund ပြန်ပေးပါတယ်။

မြန်မာတစ်နိုင်ငံလုံး Royal Express ရောက်တဲ့ မြို့တိုင်း အိမ်ရောက်ငွေချေ မှာယူနိုင်ပါတယ်ခင်ဗျာ။
မြို့အလိုက် Delivery charges တော့ ရှိပါမယ်ခင်ဗျ။
ပစ္စည်းကို ကိုယ်တိုင်လာယူချင်တဲ့ မိတ်ဆွေတွေအတွက်
🏠 ဆိုင်လိပ်စာ - အမှတ် ၁၅၊ မာလာလမ်း (စိန်ဂေဟာအနောက်လမ်း)၊ လှည်းတန်းစိန်ဂေဟာအနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
⏱️ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ - ညနေ ၆ နာရီ
✅အပတ်စဉ် တင်္နလာနေ့တိုင်း ဆိုင်ပိတ်ပါသည်။
☎️ 09740022525
☎️ 09740022526

Address

Yangon
11051

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Digital Lab it and gadgets posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share