05/04/2026
နုပျိုရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊
အိုခြင်း နောက်ဆုံးရှိခြေ၏။
ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊
ယိုယွင်း နောက်ဆုံးရှိခြေ၏။
အားအင်ပြည့်တင်း၊ ကျန်းမာခြင်းကား၊
နာခြင်း နောက်ဆုံးရှိခြေ၏။
ဇီဝိန်ထင်လင်း၊ သက်ရှင်ခြင်းကား၊
သေခြင်း နောက်ဆုံးရှိခြေ၏၊
ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊
ကွေကွင်း နောက်ဆုံးရှိခြေ၏။
ချမ်းသာသုခ ပြည့်စုံကြလည်း၊
ဒုက္ခ နောက်ဆုံးရှိခြေ၏။
ပွဲလည်ပြင်ပ၊ ချီးမွမ်းကြလည်း၊
ရှုတ်ချ နောက်ဆုံးရှိခြေ၏။
ခုံမင်ခယ၊ ချစ်လွန်းကြလည်း၊
သောက နောက်ဆုံးရှိခြေ၏။
တက်ကြွားကြွကြွ၊ မြင့်လွန်းကြလည်း၊
လျှောကျ နောက်ဆုံးရှိခြေ၏။