08/08/2026
Computing ဆိုရာဝယ်
From ICT to Computing: Preparing for the Digital Future
ICT ဆိုတာထက် :: Computing :: လို့ခေါ်တဲ့ ဒီဘာသာရပ် Subject မှာ အဓိကအားဖြင့် (၃) ပိုင်း သင်ကြားလေ့ရှိပါတယ်။
(i) Theory / Knowledge
(ii) Coding / Programming
(iii) Computer Applications (CA)
ဆိုတော့ကား ဒီနေရာမှာ လူတော်တော်များများက "ICT" နဲ့ "Computing" ကို အတူတူပဲလို့ ထင်တတ်လေကြပေမယ့်လို့ တကယ်တော့ မတူညီကြပဲ သူတို့ရဲ့ သင်ကြားရေး ရည်ရွယ်ချက်မှာကိုက ကွာခြားချက်ရှိကြပါတယ်ရယ်။
၂၀၁၃ ခုနှစ် မှာ အင်္ဂလန်လွှတ်တော်ရဲ့ National Curriculum ကို ပြင်ဆင်တဲ့အချိန် ICT ကို Computing နဲ့ အစားထိုးခဲ့ပါတယ်။ အကြောင်းရင်းက ICT သည် Computer ကို အသုံးချနည်း (How to use technology) ကို အဓိကထား သင်ပေးတာ ဖြစ်ပြီးတော့၊ Computing မှာကြရင်တော့ Computer ဘယ်လိုအလုပ်လုပ်သလဲ၊ Problem ကို ဘယ်လို စဉ်းစားဖြေရှင်းကြမလဲ၊ Programming Logic တွေ၊ Computational Thinking တွေကို ပိုပြီး အလေးထားသင်ကြားဖို့ ဖြစ်လာပါတယ်။
ဆိုတော့၊ အဲဒါတွေကြောင့်ပဲ Oxford, Cambridge, Pearson, Click Start စတဲ့ ဘယ် Curriculum ကိုပဲ သင်သင်၊ အခြားစာအုပ်တွေကိုပဲကိုင်ပြီးသင်သင်၊ ဘယ်သူကပဲသင်သင်၊ ဘယ်မှာပဲသင်သင် အခြေခံအားဖြင့် အောက်ပါ (၃) ပိုင်းကိုပဲ လေ့လာရပါတယ်ဆိုသလိုပါပဲ။
# (၁) Theory / Knowledge
ဒီအပိုင်းမှာ Computer ဆိုတာဘာလဲဆိုတဲ့ အခြေခံကနေ စတင်သင်ကြားပါတယ်။
ဥပမာအားဖြင့်...
Computer ရဲ့ အစိတ်အပိုင်းများ (Hardware / Software)၊ CPU, Memory, Storage တွေ ဘယ်လိုအလုပ်လုပ်သလဲ၊ Input Device / Output Device၊ Storage Device၊ Operating System၊ File Management၊ Data နဲ့ Information ကွာခြားချက်၊ Binary Number အခြေခံ၊ Algorithm နဲ့ Flowchart၊ Network နဲ့ Internet၊ Website, Browser, Search Engine၊ Cloud Computing၊ Artificial Intelligence (AI)၊ Robotics၊ Cyber Security၊ Digital Citizenship၊ Digital Footprint၊ Online Safety၊ Password Security၊ Phishing, Scam, Malware အကြောင်း၊ Ethical Use of Technology .....
စတဲ့ အကြောင်းအရာတွေ ကို သူ့ ဆိုင်ရာ ဆိုင်ရာ သင်ခန်းစာတွေမှာ အသက်အရွယ် အလိုက် အပိုင်းလိုက် အဆင့်လိုက် သင်ကြားတယ်ရယ်။
Theory ကို စာကျက်ဖို့ သင်တာမဟုတ်ပဲ Computer ဘာကြောင့် ဒီလိုအလုပ်လုပ်သလဲ၊ Technology အသစ်တွေ ဘာကြောင့် ပေါ်လာသလဲ၊ ဘယ်လိုစဉ်းစားရမလဲဆိုတာကို နားလည်အောင် သင်ကြတာပေါ့လေ၊ ဒါပေမယ့် စာသင်ခန်းထဲရောက်တဲ့အခါကြ ကို့ကောင်တွေကတော့ စာသင်ချိန်ဆို စကားထိုင်များဖို့လောက်ပဲ ရှိကြလို့ အတန်းထိန်းရ မဆိုင်တာတွေ ပြောရဆိုရ လုပ်ရတာကတော့ တစ်ပိုင်းပေါ့။
ဆိုတော့ သင်ရိုး စာအုပ်တွေဟာ လက်ရှိနည်းပညာ နဲ့ ကိုက်ညီနေဖို့လည်း အရေးကြီးပါတယ်။ AI, Cloud Service, Data Privacy, Cyber Security လို အကြောင်းအရာတွေ က နှစ်တိုင်းနီးပါး ပြောင်းလဲနေတဲ့ အတွက် ဖတ်စာအုပ်တွေလည်း အချိန် နှင့် အမျှ Update လုပ်ဖို့လိုအပ်ပါတယ်။
# (၂) Coding / Programming
ဒီ အပိုင်းမှာကြတော့ကား Programming Language ကို သင်တာထက် Programming Logic ကို သင်တာပိုအရေးကြီးပါတယ်။ လက်ရှိ International School တော်တော်များများမှာတော့
ScratchJr, Scratch, Python တို့ကို အဓိကအသုံးပြုကြပါတယ်။ တကယ်တော့ Oxford Curriculum (2nd edition) မှာပဲ Year 1 က Scratch ကို စသင်ကြပါတယ်။ အမှန်ဆို year1 က scratch သင်ဖို့ငယ်သေးတယ်၊ Pearson နဲ့ Cambridge တို့မှာတော့ Year 1 အတွက် Programming ထက် Movement & Direction ရယ်၊ Thinking ရယ်ကိုပဲ ပိုပြီးအလေးပေးသင်ထားပါတယ်။
ဥပမာ... Move Forward , Move Backward , Turn Left , Turn Right , Step , Sequence , Direction တို့လို အခြေခံ Concept တွေကို ကစားနည်း၊ Activity တွေနဲ့ သင်ပေးပါတယ်။ အခု စာသင်ခန်းမှာ လက်တွေ့ Classroom ထဲမှာ ဘာတွေ့ရလဲဆို Secondary ရောက်တာတောင် steps တွေများသွားတဲ့အခါ Direction မမှန်၊ ရှေ့တိုးနောက်ဆုတ်နဲ့ ဘယ်ကွေ့ ညာကွေ့တောင် မဖြောင့်ကြတာ တွေ့ရတယ်၊
Programming ဆိုတာ Syntax သက်သက်ထင်နေကြတာလည်းရှိသေးတယ်၊ programming က programming, syntax က syntax က သပ်သပ်စီရယ်။ ဆိုတော့ အဲ့လိုထင်တော့ အသေတွေမှတ် သဘောတရားကိုပြောမရဆိုမရဖြစ်ကုန်ကော။ လိုတာက Logic ရယ် Problem Solving ရယ် လို့ပဲ ပြောရမယ်။ တွေးတတ်သွားရင် ဘယ် language နဲ့ဖြစ်ဖြစ် လှည့်ပြီး ဖန်တီးနိုင်သွားကော။
ဒါကြောင့် Year 2 လောက်မှ Scratch မစခင် ScratchJr ကို အသုံးပြုတာက ပိုသင့်တော်ပါတယ်။
ScratchJr မှာလည်း Trigger | Motion | Repeat (Loop) | Stop | Event | Sequence တို့ကိုပဲ အဓိက သင်ပါတယ်။
နောက်တစ်တန်းပိုကြီးသွားမှပဲ Scratch ကို တက်ပြီ Variables, Conditions, Statements, Loops, Broadcast, Functions, Clone တို့ကို သင်လာပါတယ်။
Secondary ရောက်တဲ့အခါ ကြရင်တော့ Python ကို စသင်ကြပါတယ်ရယ်။ ဒီနေရာမှာပိုင်သွန်နဲ့တွဲလို့ BIDMAS ကိုလည်းသင်ပေးရသေးသလို python မှာသုံးရတဲ့ သင်္ချာသဘောတွေဖြစ်တဲ့ operators တွေမျိုးစုံလည်း ခေါင်းစဉ်အမျိုးမျိုးနဲ့သင်ကြရတယ်။ Python လို့ဆိုလိုက်ရင် Python က Beginner Friendly ဖြစ်ပြီး Real World မှာလည်း အသုံးများတဲ့ Programming Language တွေထဲကတစ်ခု ဖြစ်ပါတယ်။ one of the best & one of the most popular one လို့လည်းပြောလို့ရသေးတယ်ရယ်။
Year 7 - Year 8 - Year 9 တို့မှာလည်း Python Turtle Module ကို အသုံးပြုပြီး Shape တွေ ဆွဲကြပါတယ်။
တကယ်ကြည့်လိုက်ရင် Turtle မှာလည်း Forward() Backward() Left() Right() တို့ကိုပဲ ပြန်အသုံးပြုရတာပါ။
ဒါကြောင့် Direction နဲ့ Movement Concept ဟာ Year 1 ကနေ Secondary အထိ ဆက်တိုက် အသုံးဝင်နေပါတယ်။
Programming Language တွေကတော့ အချိန်နဲ့အမျှ ပြောင်းသွားနိုင်ပါတယ်။ ဒီနေ့ ဒါတွေသင်နေပေမယ့် မနက်ဖြန်မှာ တစ်ခြား tools-platform & language တွေဖြစ်သွားနိုင်တာပဲ သဘောတရားပါမှသာ အဆင်ပြေမှာပါ။
:: ဒီနေ့ Scratch သင်နေရင် မနက်ဖြန် Blockly ဖြစ်နိုင်တယ်။ တစ်ခြား block-based coding တစ်ခုကိုပြောင်းသွားနိုင်တယ် octostudio ဖြစ်သွားနိုင်တယ်။
:: Python သင်နေရင် နောက်တစ်ချိန် JavaScript ဖြစ်နိုင်တယ်။ အခြားသော လွယ်ကူရိုးရှင်းတဲ့ text-based programming တွေ ဖြစ်သွားနိုင်တယ်။
AI Coding Tool တွေ အသုံးချတဲ့ အချိန်လည်း ဖြစ်လာနိုင်တာပဲလေ။
ဒါပေမယ့် ပြောင်းမသွားတာက Programming Concept နဲ့ Computational Thinking ပါပဲ။
Concept ကို နားလည်ထားရင် Tool အသစ်တစ်ခုကို ဖြစ်စေ language ကို ဖြစ်စေ သင်ယူဖို့က ပိုလွယ်ပါတယ်။
# (၃) Computer Applications (CA)
ဆိုတော့ကြား ဆက်ကြတဲ့အခါမှာ နောက်ဆုံးအပိုင်းဖြစ်တဲ့ ဒီအပိုင်းမှာဆိုရင်တော့ လူတော်တော်များများက Microsoft Word သင်တာ၊ Excel သင်တာ၊ PowerPoint သင်တာလို့ပဲ ထင်တတ်ကြပါတယ်။
တကယ်တော့ Software ကို သင်တာမဟုတ်ပဲ သူတို့တတွေ အဲဒီ Software တွေ ရဲ့ Concept ကို သင်တာပါ။
ဥပမာ..... အားဖြင့်.... ဆိုကြရတဲ့အခါ...
Paint က Drawing Software ဖြစ်တယ်။ Microsoft Word က Document Software ဖြစ်တယ်။
Microsoft Excel က Spreadsheet Software ဖြစ်တယ်။ Microsoft PowerPoint က Presentation Software ဖြစ်တယ်။
ဒါတွေကို Story လေးတွေ၊ Project လေးတွေနဲ့ တွဲပြီး သင်ကြားကြပါတယ်။
ဥပမာ...
Letter ရေးမယ်။ Invitation Card လုပ်မယ်။ Budget တွက်မယ်။ Chart ဆွဲမယ်။ Presentation လုပ်မယ်။ Poster ဒီဇိုင်းလုပ်မယ်။
စတဲ့ စတဲ့ စတဲ့ အမျိုးမျိုးသော Real Life Activity တွေကို အခြေခံပြီး သင်ကြားတာဖြစ်ပါတယ်။
အရေးကြီးတာက Word ကို သင်တာမဟုတ်ပဲနဲ့ Document ဆိုတဲ့ Concept ကို သင်တာမျိုးဖြစ်ပါတယ်။
Excel ကို သင်ရတာမဟုတ်ပဲနဲ့ rows & columns ပေါင်းများစွာနဲ့ တည်ဆောက်ထားတဲ့ cells (grid) ကွက်တွေပါဝင်တဲ့ Spreadsheet ဆိုတဲ့ သဘောတရားကို သင်ကြရတာပါ။
PowerPoint ကို သင်တာမဟုတ်ပဲနဲ့ Presentation နဲ့ တစ်ခုခုကို ဘယ်လိုမျိုးဖော်ကြမလဲ ဆိုတဲ့အကြောင်းတွေ Concept သင်ရတဲ့သင်ခန်းစာတွေပဲဖြစ်ပါတယ်။
ဒါကြောင့် Microsoft Office မဟုတ်လည်း
Google Docs, Google Sheets, Google Slides, LibreOffice, OpenOffice, WPS Office, Zoho Office, Microsoft 365, OnlyOffice
စတဲ့ Software တွေကို အလွယ်တကူ ပြောင်းသုံးနိုင်ရမှာဖြစ်ပါတယ်။ သင်ကြားသူကိုယ်တိုင်လည်း အလွယ်တစ်ကူ ပြုလွယ်ပြင်လွယ်ပြောင်းလွယ်နေဖို့လိုကြပါသေးတယ်။
Concept နားလည်ထားရင် Software ပြောင်းသွားလည်း ပြဿနာမရှိတော့ပါဘူး။ ဘာ software နေနေ ဒီလိုသဘောတရားတွေပဲမို့ဒါတွေပါပဲ။
-
အခုခေတ် Computing Subject ရဲ့ ရည်ရွယ်ချက်က Computer အသုံးပြုတတ်ရုံ မဟုတ်တော့ပါဘူး လို့ပဲ ဆိုကြရတော့မှာပေါ့
Technology ကို နားလည်တတ်ဖို့၊ ပြဿနာကို စနစ်တကျ စဉ်းစားဖြေရှင်းတတ်ဖို့၊ Algorithm ရေးတတ်ဖို့၊ Coding ရေးတတ်ဖို့၊ Digital World ထဲမှာ လုံခြုံစွာ နေထိုင်တတ်ဖို့၊ AI ခေတ်မှာ Technology ကို ဖန်တီးသူ (Creator) ဖြစ်လာဖို့ကို ဦးတည်ထားတာ ဖြစ်ပါတယ်။
နောက်ထပ် သတိထားရမယ့် အချက်တစ်ခုကတော့ ၂၀၁၃ ခုနှစ်မှာ Curriculum ပြောင်းခဲ့ပေမယ့် လက်ရှိ အသုံးပြုနေကြတဲ့ Computing ဖတ်စာအုပ်အသစ်တွေက ၂၀၁၉၊ ၂၀၂၀ ဝန်းကျင်မှ စတင်ထွက်လာကြတာ ဖြစ်ပါတယ်။ အခုဆိုရင် ၂၀၂၆ ရောက်နေပြီဖြစ်လို့ AI, Generative AI, Machine Learning အခြေခံ၊ Cloud Collaboration, Cyber Security, Digital Privacy, Data Ethics စတဲ့ ခေတ်နှင့်လိုက်လျောညီထွေတဲ့ အကြောင်းအရာတွေကို ထပ်မံဖြည့်စွက်ပြီး သင်ရိုးစာအုပ်တွေ Update လုပ်သင့်နေပါပြီ။
နောက်ဆုံးအနေနဲ့ Computing ကို "ကွန်ပျူတာသုံးနည်း" သင်တဲ့ Subject word-excel-powerpoint တွေရယ်လို့သာတွေးတာတွေကို ၂၀ရာစုနဲ့အတူထားခဲ့ဖို့သင်လေပြီပါပဲ။
Computing ဟာ စဉ်းစားတွေးခေါ်ပုံ (Computational Thinking) ကို လေ့ကျင့်ပေးတဲ့ Subject ဖြစ်ပြီး၊ အနာဂတ်နည်းပညာခေတ်မှာ မည်သည့် Software၊ Programming Language၊ Platform အသစ်ပေါ်လာပါစေ အလွယ်တကူ လိုက်လျောညီထွေ သင်ယူအသုံးချနိုင်မယ့် အခြေခံစွမ်းရည်တွေကို တည်ဆောက်ပေးတဲ့ ဘာသာရပ်တစ်ခုလည်း ဖြစ်ပါတယ်။
ICT က နေပြောင်းသွားတဲ့ Computing Subject နဲ့ပတ်သက်လို့ ဒီလောက်ပါပဲ။
ဆိုတော့ကား အခုကတော့ ဒီအပိုင်းကို ဒီလောက်မှာပဲရပ်လိုက်ပြီး နောက်ကြုံမှ နောက်တစ်ပိုင်း နောက်တစ်ခု နောက်အကြောင်းအရာတစ်ခုဆက်ကြတာပေါ့....