VPN Myanmar

VPN Myanmar Google Cloud, Amazon Cloud VPN
ဝန်ဆောင်မှု၊

Google Cloud Outline VPN
100Gb

07/31/2025

Outline key 1000Gb Free comment အောက်မှာ

07/18/2023

အားကစားနဲ့ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် သိမှတ်ဖွယ်

အခုဆောင်းပါးက အရေးကြီးတယ်။ ကျွန်တော်လည်း သေချာ Research လုပ်ပြီးမှ ဖန်တီးထားတာပါ။ တိုက်ခိုက်ရေးအကြောင်း လုံး၀မပါလို့ စာဖတ်သူတွေ ပျင်းမှာလည်း စိုးရိမ်တယ်။ ဆုံးအောင် ဖတ်လိုက်ရင် အချိန်ပေးရကျိုးနပ်မယ်လို့ အာမခံတယ်။ [ဖတ်ရန် ကြာချိန် (၂၀) မိနစ်]

ကမ္ဘာ့နိုင်ငံတွေမှာ ထူးချွန်တဲ့ လူပုဂ္ဂိုလ်ကို ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေ ချီးမြှင့်လေ့ရှိတယ်။ မြန်မာနိုင်ငံမှာ ဂုဏ်ထူးဆောင်ဘွဲ့တွေ ရှိသေးတယ်။ ၁၉၄၉ ခုနှစ်မှာ မြန်မာအစိုးရက ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေ စပေးတယ်။ နိုင်ငံတော် သမ္မတက ရွေးချယ်တဲ့ လူစာရင်းကို လွတ်လပ်ရေးနေ့မှာ ကြေညာလေ့ရှိပါတယ်။ ကျွန်တော်လည်း ရေဒီယိုနားထောင်လို့သာ သိရတာပါ။ လေ့လာမိသလောက် သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်ဆိုပြီး (၃) မျိုးခွဲထားတယ်။

(၁) သင်္ဂဟ

သင်္ဂဟမှာ သုဓမ္မသင်္ဂဟနဲ့ ပြည်ထောင်စုစည်သူသင်္ဂဟဆိုပြီး (၂) မျိုးခွဲထားတယ်။ သုဓမ္မသင်္ဂဟကို အရင်ရှင်းပြမယ်။ သုဓမ္မသင်္ဂဟမှာလည်း အဆင့်အတန်း (၃) မျိုးရှိတယ်။ ပထမတန်းက အဆင့်မြင့်ဆုံးပါ။

အဂ္ဂမဟာသီရိသုဓမ္မ (ပထမတန်း)
သတိုးသီရိသုဓမ္မ (ဒုတိယတန်း)
မဟာသီရိသုဓမ္မ (တတိယတန်း)

ပြည်ထောင်စုစည်သူသင်္ဂဟကို ထပ်ရှင်းမယ်။ ပြည်ထောင်စုစည်သူသင်္ဂဟမှာ အဆင့်အတန်း (၅) မျိုးရှိတယ်။

အဂ္ဂမဟာသရေစည်သူ (ပထမတန်း)
သတိုးမဟာသရေစည်သူ (ဒုတိယတန်း)
မဟာသရေစည်သူ (တတိယတန်း)
သရေစည်သူ (စတုတ္ထတန်း)
စည်သူ (ပဉ္စမတန်း)

(၂) ဘွဲ့

ဘွဲ့မှာလည်း သီရိပျံချီ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာနဲ့ ဇေယျကျော်ထင်ဆိုပြီး အဆင့်အတန်း (၅) မျိုးရှိတယ်။

(၃) တံဆိပ်

စစ်ဘက်ဆိုင်ရာ ဆုတံဆိပ်ပါပဲ။ အောင်ဆန်းသူရိယက မြန်မာ့တပ်မတော်မှာ အမြင့်ဆုံးဆုတံဆိပ်ပါ။ (မှတ်ချက် - ဗဟုသုတဆောင်းပါးဖြစ်လို့ စာအတိုင်းပဲ ဖတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်)

အောင်ဆန်းသူရိယ (ပထမအဆင့်အတန်း)
သီဟသူရ (ဒုတိယအဆင့်အတန်း)
သူရ (တတိယအဆင့်အတန်း)

နာမည်ရှေ့မှာ ဂုဏ်ထူးဆောင်ဘွဲ့ကို ထည့်ခေါ်ပေးရတယ်။ ဥပမာ - ဝဏ္ဏကျော်ထင် ဒေါ်မေရှင်။ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်။ ရာထူးနဲ့ တွဲခေါ်ရတဲ့ နာမည်ဖြစ်ရင် ရာထူးနဲ့ နာမည်ကြားမှာ ဂုဏ်ထူးဆောင်ဘွဲ့ကို ထည့်ခေါ်တယ်။ ဥပမာ - ဗိုလ်မှူး အောင်ဆန်းသူရိယ အေးချို။ ဒီလောက်ဆိုရင် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေကို ရိပ်စားမိပါပြီ။

နယ်ပယ်အသီးသီးမှာ ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေကို (အခု) ကွယ်လွန်သွားပြီဖြစ်တဲ့ ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးက ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေ ချီးမြှင့်ပါတယ်။ ဘုရင်မကြီးရဲ့ မွေးနေ့ ဇွန်လ (၁၇) ရက်နေ့နဲ့ နှစ်ကုန်ခါနီးမှာ ပေးတယ်။ မြန်မာနိုင်ငံနဲ့ မတူတာက တစ်နှစ်ကို နှစ်ကြိမ်ပေးတယ်။ အခုဆိုရင် ဘုရင်မကြီး ကွယ်လွန်သွားတာမို့ တတိယမြောက် ချားလ်ဘုရင်ကပဲ ပေးအပ်တော့မှာပါ။

ပဉ္စမမြောက် ဂျော့ဘုရင် (ဘုရင်မကြီးရဲ့အဖိုး) က ပထမကမ္ဘာစစ်အတွင်းမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သည်တော်တွေနဲ့ နိုင်ငံတော်ကို အကျိုးပြုတဲ့ ပြည်သူတွေကို ၁၉၁၇ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပါတယ်။ တော်ဝင်မိသားစုအဆက်ဆက် ချီးမြှင့်ခဲ့ကြတဲ့ ဆုတံဆိပ်လို့ ဆိုနိုင်တယ်။ ယူနိုက်တက်ကင်းဒမ်းနိုင်ငံသားနဲ့ ဓနသဟာရအဖွဲ့ဝင်နိုင်ငံသားတွေကို ပေးအပ်တယ်။

တစ်လက်စတည်း ယူနိုက်တက်ကင်းဒမ်းနိုင်ငံ (United Kingdom - UK) ကိစ္စကို ထပ်ရှင်းပြဖို့ လိုပါမယ်။ အများစုက ဂရိတ်ဗြိတိန် (Great Britain - GB) နဲ့ မျက်စိလည်ကြလို့ပါ။

ဂရိတ်ဗြိတိန် (Great Britain - GB)

ဗြိတိန်ဆိုတာ ဥရောပတိုက်ရဲ့ အနောက်မြောက်ဘက် ကမ်းရိုးတန်းမှာရှိတဲ့ ကျွန်းကြီးပါ။ ဗြိတိန်ကျွန်းစုတွေထဲမှာ အကြီးဆုံးကျွန်းပေါ့။ ဧရိယာစတုရန်းမိုင်ပေါင်း (၈ဝ,၈၂၃) အထိရှိတယ်။ ဗြိတိန်ကျွန်းပေါ်မှာ အင်္ဂလန်၊ ဝေးလ်နဲ့ စကော့တလန်ရှိတယ်။ အဲဒါကြောင့် အင်္ဂလန်၊ ဝေးလ်နဲ့ စကော့တလန်တို့ကို ဂရိတ်ဗြိတိန်လို့ ခြုံငုံပြီး ခေါ်တာပါ။ ကုလသမဂ္ဂအဖွဲ့အစည်းက ဂရိတ်ဗြိတိန်ကို အသိအမှတ်မပြုပါဘူး။ အိုလံပစ်ပြိုင်ပွဲမှာ အင်္ဂလန်၊ ဝေးလ်နဲ့ စကော့တလန်တို့ ပေါင်းစုပြီး ဂရိတ်ဗြိတိန်အသင်းလို့ ဝင်ပြိုင်တယ်။ ဖီဖာမှာ အသင်းခွဲပြီး ဝင်ပြိုင်လို့ ဘောလုံးပရိသတ်တွေက အင်္ဂလန်၊ ဝေးလ်နဲ့ စကော့တလန်နဲ့ မြောက်အိုင်ယာလန်တို့ကို နိုင်ငံလို့ ထင်သွားတာပါ။ ပြည်လို့ ပြောရင် ပိုမှန်ပါတယ်။ သတင်းမီဒီယာတွေမှာ ဗြိတိန်နိုင်ငံလို့ သုံးထားရင် အင်္ဂလန်၊ ဝေးလ်နဲ့ စကော့တလန်တို့လို့ မှတ်ရပါမယ်။

ယူနိုက်တက်ကင်းဒမ်းနိုင်ငံ (United Kingdom - UK)

ယူနိုက်တက်ကင်းဒမ်းကို ဘုရင် (သို့) ဘုရင်မ အုပ်ချုပ်တဲ့ ပေါင်းစည်းနိုင်ငံလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ အသက် (၇၄) နှစ်ရှိတဲ့ တတိယမြောက် ချားလ်ဘုရင်က ယူနိုက်တက်ကင်းဒမ်းနိုင်ငံကို အုပ်ချုပ်တယ်။ အပြည့်အစုံက The United Kingdom of Great Britain and Northern Ireland ပါပဲ။ ယူနိုက်တက်ကင်းဒမ်းနိုင်ငံမှာ (အင်္ဂလန်၊ ဝေးလ်နဲ့ စကော့တလန်ပါတဲ့) ဗြိတိန်ကျွန်းအပြင် မြောက်အိုင်ယာလန်ပါဝင်တယ်။ ဧရိယာစတုရန်းမိုင်ပေါင်း (၉၃,၆၂၈) အထိရှိတယ်။ ယူနိုက်တက်ကင်းဒမ်းနိုင်ငံက ဂရိဗြိတိန်ထက် ပိုကြီးပြီး မြောက်အိုင်ယာလန်လည်း ပါလာတယ်။ ယူနိုက်တက်ကင်းဒမ်းနိုင်ငံလို့ ပြောလိုက်ရင် အင်္ဂလန်၊ ဝေးလ်နဲ့ စကော့တလန်နဲ့ မြောက်အိုင်ယာလန်တို့ ပေါင်းထားတယ်လို့ မှတ်ရပါမယ်။ ကုလသမဂ္ဂအဖွဲ့အစည်းက ယူနိုက်တက်ကင်းဒမ်းကိုပဲ နိုင်ငံလို့ အသိအမှတ်ပြုပါတယ်။ ဂရိတ်ဗြိတိန်လို့ပြောရင် မြောက်အိုင်ယာလန် မပါတော့ဘူး။

ဓနသဟာရအဖွဲ့ဝင်နိုင်ငံ (Commonwealth of Nations) ကို ထပ်ရှင်းရဦးမယ်။ ဗြိတိသျှ နေမဝင် အင်ပါယာဖြစ်ခဲ့ဖူးတဲ့ (ဖြစ်နေဆဲ) နိုင်ငံအများစုကို ဖွဲ့စည်းထားပြီး ဓနသဟာရအဖွဲ့ဝင်နိုင်ငံလို့ခေါ်တယ်။ စုစုပေါင်း (၅၄) နိုင်ငံရှိတယ်။ ဓနသဟာရအဖွဲ့ဝင်နိုင်ငံမှာ တတိယမြောက် ချားလ်ဘုရင်က အကြီးအကဲဖြစ်တယ်။ စကားစပ်မိလို့ ပြောရရင် မြန်မာနိုင်ငံလည်း ကိုလိုနီနိုင်ငံဖြစ်ဖူးပေမယ့် ဓနသဟာရအဖွဲ့ဝင်နိုင်ငံ မဟုတ်ခဲ့ဘူး။ (မှတ်ချက် - မြန်မာအစိုးရက မဝင်ခဲ့တာပါ)

ဓနသဟာယဘုရင့်နိုင်ငံအဖွဲ့ (Commonwealth Realms) ဆိုတာ ယူနိုက်တက်ကင်းဒမ်း၊ ကနေဒါ၊ နယူးဇီလန်နဲ့ ဩစတြေးလျ အပါအဝင် စုစုပေါင်း (၁၆) နိုင်ငံအထိပါတယ်။ တတိယမြောက် ချားလ်ဘုရင်က (၁၆) နိုင်ငံကို အုပ်စိုးနေတယ်။

မြန်မာနိုင်ငံက ညနေ (၆) နာရီမှာ နေဝင်တယ်ပဲ ထားလိုက်ပါ။ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ လန်ဒန်မြို့က နေ့လယ် (၁) နာရီ (၃၀) မိနစ်ပဲ ရှိသေးတယ်။ နေမဝင်သေးဘူး။ လန်ဒန်မြို့က ညနေ (၆) နာရီမှာ နေဝင်သွားပါပြီ။ ကနေဒါနိုင်ငံ (တိုရွန်တိုမြို့) က နေ့လယ် (၁) နာရီပဲ ရှိသေးတယ်။ တိုရွန်တိုမြို့က ညနေ (၆) နာရီမှာ နေဝင်ရင် မြန်မာနိုင်ငံက မနက် (၄) နာရီ (၃၀) မိနစ်ဖြစ်နေတယ်။ Time Zone Difference ကို မူတည်ပြီး ရေးပြတာပါ။ တန်ခိုးအာဏာ အမြင့်ဆုံးအချိန်မှာ ဗြိတိသျှအင်ပါယာက ကမ္ဘာ့မြေပြင် ဧရိယာရဲ့လေးပုံတစ်ပုံအထိ ပိုင်ဆိုင်ဖူးတယ်။ (၂၄) နာရီမှာ အုပ်စိုးထားတဲ့ နိုင်ငံ (တစ်နိုင်ငံ) က နေမဝင်သေးလို့ ဗြိတိသျှနေမဝင်အင်ပါယာဆိုပြီး ခေါ်ကြတယ်။ ဓနသဟာယဘုရင့်နိုင်ငံအဖွဲ့လည်း ဓနသဟာရအဖွဲ့ဝင်နိုင်ငံထဲမှာ အကျုံးဝင်တယ်။

မျက်စိရှုပ်သွားပြီလား။ မရှုပ်ပါနဲ့။ မရှုပ်သေးရင် ဆက်ဖတ်ရအောင်။ လာပါဗျို့။

ဗြိတိသျှနေမဝင်အင်ပါယာက ချီးမြှင့်တဲ့ ဆုတံဆိပ်ဖြစ်တဲ့လို့ လူမှုနယ်ပယ်မှာ အရှိန်အဝါကြီးမားတယ်။ စွမ်းဆောင်ရည်အလိုက် ဆုတံဆိပ် (Order of the British Empire) ရဲ့ အဆင့်အတန်းကလည်း (၅) မျိုး ခွဲခြားတယ်။

(၁) MBE (Member of the Most Excellent Order of the British Empire)

MBE က ချီးမြှင့်တဲ့ အခြေခံဆုတံဆိပ်ဖြစ်ပါတယ်။ ဘောလုံးသမား Harry Kane နဲ့ Steven Gerrard တို့လည်း MBE ရဖူးတယ်။ ရဖူးတဲ့ ဘောလုံးသမားတွေက အများကြီးပါပဲ။ တိုက်ခိုက်ရေး အားကစားဖြစ်နေလို့ ချန်ထားခဲ့ပါမယ်။ Carl Frampton က Unified Super Bantamweight Champion ဟောင်း။ MBE ဘွဲ့ရဖူးတယ်။ ဆုရှင်တွေက နာမည်ရဲ့နောက်မှာ MBE လို့ တပ်ကြတယ်။ Harry Kane MBE ပေါ့။

Audley Harrison က ဆစ်ဒနီအိုလံပစ်မှာ ရွှေတံဆိပ်ရဖူးတယ်။ ကြေးစားဘဝမှာ ချန်ပီယံလုပွဲတွေ ထိုးခဲ့ပေမယ့် ကမ္ဘာ့ချန်ပီယံမဖြစ်ဖူးဘူး။ David Haye နဲ့ Deontay Wilder ကို ရှုံးဖူးတယ်။ Audley Harrison လည်း MBE ဆုရှင်ပါ။

စာဖတ်သူတွေက Naseem Hamed ကို သိကြပါမယ်။ ကြိုးဝိုင်းထဲကို ကျွမ်းပစ်ဝင်တဲ့ ဘောက်ဆင်သမား။ ကစားဟန်လှသလို အလဲထိုးပါဝါလည်း ရှိတယ်။ ကမ္ဘာ့ချန်ပီယံဖြစ်ဖူးတယ်။ သူလည်း MBE ဆုရဖူးတယ်။

(၂) OBE (Officer of the Most Excellent Order of the British Empire)

OBE က MBE ထက် ပိုမြင့်ပါတယ်။ သာမန်ထက် ထူးချွန်ပြောင်မြောက်တဲ့ ပညာရှင်တွေကို ချီးမြှင့်တာဖြစ်ပါတယ်။ မြင်လွယ်အောင် ပြောရရင် David Beckham နဲ့ Eddie Redmayne တို့က OBE ဆုရှင်တွေပါ။ နာမည်နောက်မှာ OBE တပ်ကြပါတယ်။ David Beckham OBE ပါပဲ။

Anthony Joshua က လန်ဒန်အိုလံပစ် ရွှေတံဆိပ်ဆုရှင်။ Unified Heavyweight Champion လည်း ဖြစ်ဖူးတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ တော်ဝင်မိသားစုက Anthony Joshua ကို OBE ဘွဲ့ပေးတယ်။ Tyson Fury လည်း တော်တာပါပဲ။ ဒါပေမယ့် အပျော်တမ်းဘဝမှာ နိုင်ငံအတွက် ဆုတံဆိပ် (ကြီးကြီးမားမား) မရဖူးဘူး။ အဲဒါကြောင့် မရတာပါ။

(၃) CBE (Commander of the Most Excellent Order of the British Empire)

CBE က ပိုမြင့်သွားတယ်။ သူတို့တွေက နယ်ပယ်အသီးသီးမှာ ထူးချွန်ရုံတင်မက လူထုရဲ့လေးစားခြင်းကို ခံရတဲ့ ပုဂ္ဂိုလ်တွေပါ။ ဥပမာ – Alex Ferguson ၊ Alan Shearer ၊ Benedict Cumberbatch နဲ့ Kate Winslet တို့ပေါ့။ ထုံးစံအတိုင်းပဲ နာမည်နောက်မှာ CBE လို့ ရေးကြတယ်။

Lennox Lewis က Heavyweight တန်းမှာ မင်းမူခဲ့ဖူးတယ်။ Evander Holyfield ၊ Mike Tyson နဲ့ Vitali Klitschko တို့ကို နိုင်ဖူးတယ်။ Undisputed Heavyweight Champion ပါ။ Lennox Lewis လည်း CBE ဆုရှင်ပါပဲ။

(၄) KBE (သို့မဟုတ်) DBE

KBE က Knight Commander of the Most Excellent Order of the British Empire ကို ခေါ်ပြီး အမျိုးသားတွေကို ရည်ညွှန်းပါတယ်။ DBE ဆိုတာ Dame Commander of the Most Excellent Order of the British Empire ကို ဆိုလိုပြီး အမျိုးသမီးတွေကို ရည်ညွှန်းပါတယ်။ MBE ၊ OBE နဲ့ CBE ဆုတွေက အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ KBE (သို့မဟုတ်) DBE မှာ ခွဲခြားတယ်။ KBE (သို့မဟုတ်) DBE ဆုရရင် အမျိုးသားမှာ Sir ၊ အမျိုးသမီးမှာ Dame လို့ သုံးနှုန်းတယ်။

(၅) GBE (Knight Grand Cross or Dame Grand Cross of the Most Excellent Order of the British Empire)

GBE က အမြင့်ဆုံးပါပဲ။ အမျိုးသားတွေကို Knight Grand Cross လို့ ရည်ညွှန်းပြီး အမျိုးသမီးတွေကို Dame Grand Cross လို့ ဆိုလိုတယ်။ ဒီဆုတံဆိပ်က ရဖို့ မလွယ်လှဘူး။

ဗြိတိသျှနေမဝင်အင်ပါယာက ချီးမြင့်တဲ့ MBE ၊ OBE ၊ CBE ၊ KBE (သို့မဟုတ်) DBE နဲ့ GBE ဆုတံဆိပ်တွေက ယူနိုက်တက်ကင်းဒမ်းနိုင်ငံသားနဲ့ ဓနသဟာရအဖွဲ့ဝင်နိုင်ငံသားတွေကို ပေးအပ်တာပါ။ ဆုတံဆိပ် (၅) မျိုးထဲက အမြင့်ဆုံး (၂) ဆုဖြစ်တဲ့ KBE (သို့မဟုတ်) DBE နဲ့ GBE တွေကို ရထားမှပဲ နာမည်ရဲ့ရှေ့မှာ Sir (သို့မဟုတ်) Dame တပ်ခွင့်ရှိတယ်။ ကျန်တဲ့ ဆုတံဆိပ် (၃) မျိုးက နာမည်ရဲ့နောက်မှာပဲ တပ်ရတယ်။

တကယ်လို့ နိုင်ငံခြားသားတစ်ယောက် (ယူနိုက်တက်ကင်းဒမ်းနိုင်ငံသားနဲ့ ဓနသဟာရအဖွဲ့ဝင်နိုင်ငံသား မဟုတ်တဲ့လူ) က ထူးချွန်ရင် အလားတူဆုမျိုး ပေးအပ်တယ်။ Honorary MBE ၊ Honorary KBE ၊ Honorary GBE လို့ပဲ ပေးတယ်။ နိုင်ငံခြားသားက Honorary KBE ရခဲ့ရင် Sir တပ်ခွင့်မရှိပါဘူး။

ထင်ရှားတဲ့ ဥပမာပေးရရင် အမေရိကန်နိုင်ငံသား ဒါရိုက်တာကြီး Steven Spielberg က Honorary KBE ရခဲ့ပေမယ့် Sir Steven Spielberg လို့ မသုံးဘဲ Steven Spielberg KBE လို့ပဲ တပ်ရတယ်။ ၂ဝဝ၅ ခုနှစ်မှာ Bill Gates လည်း Honorary KBE ရခဲ့ပေမယ့် နိုင်ငံခြားသားဖြစ်နေလို့ Sir Bill Gates မဟုတ်ဘဲ Bill Gates KBE ဖြစ်သွားတာပါ။ မင်းသားကြီး Kevin Spacey KBE လည်း ဒီအတိုင်းပါပဲ။

ဘောလုံးကဝေကြီး Pele က KBE ရဖူးတယ်။ ဘရာဇီးနိုင်ငံသား ဖြစ်နေလို့ နာမည်ရှေ့မှာ ထည့်ခွင့်မရှိဘဲ Honorary KBE ပဲ ဖြစ်သွားတယ်။ ပြင်သစ်နိုင်ငံသား နည်းပြကြီး Arsene Wenger လည်း OBE ဆုဖူးတယ်။ တိကျအောင် ရေးရရင် Honorary OBE ဖြစ်ပါတယ်။

သူရဲကောင်းဆုတံဆိပ် (Knight Bachelor)

နယ်ပယ်တစ်ခုမှာ ထူးချွန်ပြောင်မြောက်သူတွေကို သူရဲကောင်းဆုတံဆိပ် (Knight Bachelor) ဆိုပြီး ဆုပေးတယ်။ ဆုရသွားရင် အလိုအလျောက် Sir ဖြစ်သွားတာပါ။ ၁၉၈၅ ခုနှစ်မှာ Alex Ferguson က OBE ဘွဲ့ရတယ်။ ၁၉၉၅ ခုနှစ်မှာ CBE ဘွဲ့ရပြန်တယ်။ ၁၉၉၉ ခုနှစ်မှာ သူရဲကောင်းဆုတံဆိပ်ရပြန်လို့ Sir Alex Ferguson လို့ ခေါ်ကြတာပါ။ Sir ဘွဲ့ရပြီး ယူနိုက်တက်ကင်းဒမ်းနိုင်ငံသား (သို့မဟုတ်) ဓနသဟာရအဖွဲ့ဝင်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီး တခြားနိုင်ငံသားခံယူသွားရင် နာမည်ရှေ့မှာ Sir ဘွဲ့တပ်ခွင့် မရှိပါဘူး။ ထူးခြားချက်က ဒီဆုမှာ အမျိုးသမီးတွေကို မပေးပါဘူး။

Muhammad Ali ရဲ့ အတ္ထုပ္ပတ္တိကို ရေးပြီး Henry Cooper ကို သိတာပါ။ Muhammad Ali နဲ့ Henry Cooper တို့က (၂) ကြိမ် ထိုးဖူးတယ်။ Henry Cooper က ကမ္ဘာ့ချန်ပီယံ မဖြစ်ဖူးပေမယ့် ထင်ရှားပါတယ်။ ပြင်ပမှာလည်း ပရဟိတသမားပါ။ ၂၀၀၀ ခုနှစ်မှာ ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးက သူရဲကောင်းဆုတံဆိပ်ပေးလို့ Sir Henry Cooper လို့ ခေါ်ပါတယ်။

MBE ၊ OBE ၊ CBE ၊ KBE (သို့မဟုတ်) DBE နဲ့ GBE အပြင် သူရဲကောင်းဆုတံဆိပ် (Knight Bachelor) တွေရရင် လူမှုနယ်ပယ်မှာ ပုံရိပ်မြင့်တယ်။ သာမန်လူနဲ့ အရှိန်အဝါ မတူပါဘူး။ အားကစားနယ်ပယ်မှာ ဘောလုံးသမားတွေက အရများတယ်။

မြန်မာအစိုးရက ပေးအပ်တဲ့ သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်အပြင် တော်ဝင်မိသားစုက ချီးမြှင့်တဲ့ ဆုတံဆိပ်တွေရဲ့ အဆင့်အတန်းတွေကို စုဆောင်းတင်ပြလိုက်တာပါ။ လိုအပ်ချက်ရှိရင် ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုပဲ ဖြစ်ပါတယ်။ "အားကစားနဲ့ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် သိမှတ်ဖွယ်" ဆောင်းပါးက ရှုပ်ထွေးသလို ဖြစ်နိုင်ပါတယ်။ မရှုင်းလင်းရင် အားမနာဘဲ မေးခဲ့လိုက်ပါ။ အားတဲ့အချိန်မှာ ပြန်ဖြေထားပါ့မယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - The Royal Family
Photo Credit - Sports Radio Brila FM
ကျော်စိုးအောင် (Myanmar Fight Edition)

Free     ဒီနေ့ ပိတ်ပါတော့မယ် ငွေ $ မရှိတော့ဘူး အားလုံး စုစုပေါင်း အသုံးပြုလိုက်တဲ့ ဗမာဏက 2TB  တောင်ကျော်ပီး တနေ့တနေ့ဆို ...
05/23/2023

Free ဒီနေ့ ပိတ်ပါတော့မယ်
ငွေ $ မရှိတော့ဘူး အားလုံး စုစုပေါင်း အသုံးပြုလိုက်တဲ့ ဗမာဏက 2TB တောင်ကျော်ပီး တနေ့တနေ့ဆို ဒေါ်လာ $15 လောက်ကုန်နေတာ
ဒီက ဗမာငွေနဲ့ဆို ၄ သောင်း ကျော်ကုန်နေပါတယ် အဆင်ပြေတဲ့အချိန်ကျရင် ဒီလိုမျိုး ပြန်တင်ပေးပါ့မယ် အားလုံးကို ....

တိတ်တိတ်လေးနဲ့ အကုန် အဆင်ပြေနေကြတယ်မဟုတ်လား
05/16/2023

တိတ်တိတ်လေးနဲ့ အကုန် အဆင်ပြေနေကြတယ်မဟုတ်လား

    *966*882 # *966*883 # *966*884 # *966*885 # နဲ့ ဝယ်ထားသူတွေအတွက် free ကြိတ်ဖို့ ယနေ့ အလှူပေးလိုက်ပါပြီး comment မှာ ...
05/04/2023

*966*882 # *966*883 # *966*884 # *966*885 # နဲ့ ဝယ်ထားသူတွေအတွက် free ကြိတ်ဖို့ ယနေ့ အလှူပေးလိုက်ပါပြီး comment မှာ GCP Key ပေးထားတယ် တလစာပါ ငွေကုန်ရင်တော့ သူ့ဘာသာသူ ပိတ်သွားပါ့မယ် လောလောဆယ် ငွေ $300 ကျော်ကျော်လေးကျန်နေသေးတယ်နော်။ Server ကို ဗမာ ပြည်က အနီးဆုံး Singapore နဲ့ လုပ်ထားပေးပါတယ်

လိုအပ်နေသူတွေ ဒုက္ခရောက်နေသူတွေလဲ မသိသေးသူတွေကိုလဲ ဝိုင်းပြီးထည့်ပေးလိုက်ကြပါ

02/26/2023

*GCP key*
24 နာရီလောက်စမ်းကြည့်ချင်သူများ
CB Hi လိုက်ပါ ၂ ရက်စာ လှူလိုက်မယ် တယောက်ကို 10Gb ပေးမယ်

12/05/2022

GCP တွေ ရှားပါးလာပြန်ပီး
ဆရာကြီးတွေအတွက် ပြန်ရောင်းစားသူတွေအတွက် မရောင်းပါ
သာမာန် တနေ့တဒူဝ သုံးချင်သူတွေ အတွက် လိုအပ်ရင် ဆက်သွယ်လိုက်ပါ
အစမ်း Key တညစာ မနက် 6:00AM ထိ ရပါ့မယ်
Mytel Business အတွက်သာ ကျန်သော wifi, ooredoo, telenor စသဖြင့် vpn များလဲရပါ့မယ်။

ss://YWVzLTI1Ni1nY206T0owSjFub2JWNkAzNC4xNDIuMjMxLjc5OjEyMzY0 %3A00AM

   အတွက်   နဲ့ လုပ်ပေးထားပါတယ် တရက်စာ စမ်းကြည့်နိုင်ပါတယ်။ ကိုယ်ပိုင် Server မလို့ speed ကတော့ ရှိသမျှအကုန်ကျလာလိမ့်မယ် ...
09/29/2022

အတွက် နဲ့ လုပ်ပေးထားပါတယ် တရက်စာ စမ်းကြည့်နိုင်ပါတယ်။ ကိုယ်ပိုင် Server မလို့ speed ကတော့ ရှိသမျှအကုန်ကျလာလိမ့်မယ် မိမိနေတဲ့နေရာဒေသပေါ်မှာလဲ မူတည်ပါတယ် code copy & paste ဖို့အတွက်
https://shrib.com/?v=md

တွေက မှာသုံးလို့ရတော့ ဖုန်းတောင်မဟုတ်ပဲ computer တွေနဲ့လဲ စိတ်ကြိုက်သုံးနိုင်ပါတယ်
အတွက်က ကြိုက်တဲ့ v2ray နဲ့ သုံးလို့ပါတယ်
အတွက်က NapsternetV ဒီတခုနဲ့ပဲရမယ် စမ်းဖူးသလောက်
https://apps.apple.com/app/napsternetv/id1629465476
အတွက်က အစုံသုံးလို့ရတယ် v2ray ဆိုပြီး ရိုက်ထည့်လိုက်
အတွက်ကတော့ V2rayU တို့ တခြားဟာတွေနဲ့လဲသုံးလို့ရပါတယ် အသေးစိတ်​ထပ်စပ်စုဒီမှာရှာယူနိုင်ပါတယ် https://www.v2ray.com/awesome/tools.html

*2789 # Game package နဲ့ဝယ်ပြီး ၁၈၉ ကျပ် ဖြတ်သွားပါ့မယ်တရက်စာအတွက်ဖြစ်ပြီး ည ၁၂ နာရီဆို ကုန်ပါပြီး နောက်တရက်အတွက်သုံးချင်ရင် ပြန်ဝယ်ပေါ့။ ငွေရှိနေရင်းစားပါတယ်လို့ Atom Operator ကိုမေးထားပြီးပါပြီး။

ဒီတော့ Atom App နဲ့ တခြား sim တခုမှာ ငွေဖြည့်ပြီး သုံးခြင်တဲ့ ကာတ်မှာ တနေ့ ၂၀၀ ကျပ်ဖြည့်ပါ ပြီးရင် *2789 # ဝယ်လိုက်ပါ အမုန်းဆွဲနိုင်ပါပြီး။

ဒီနည်းလမ်းဖြင့် sim card ကို router မှာထည့်လွှင့်ပြီး တခြား ဖုန်း ကွန်ဗျူတာကနေပြန်သုံးလို့ရသလို router က အထောက်အပံ့ပေးရင် v2ray plgin ကို မိမိ router (ဥပမာ openwrt firmware တင်နိုင်တဲ့စက်တွေ) မှာထည့်ပြီး စိတ်ကြိုက်သုံးနိုင်ပါတယ် (လက်ရှိသုံးနေပါတယ်)

speed ကတော့ ကျွန်တော်နေတဲ့ နယ်မှာ ဒီလောက်ပဲတက်ပါတယ်
https://www.facebook.com/VPNXMyanmar/videos/2395715757246257

09/27/2022

Atom ရဲ့ တရက် ၁၈၀ကျပ် နယ် က speed ကို v2ray လေးနဲ့စမ်းကြည့်ထားတာပါ အစကနေအဆုံးထိ ဘယ်လို vpn sever တခုလုပ်ပုံလုပ်နည်းလေးတင်ပေးရင် ကောင်းမလား

08/31/2022

mytel bussiness သုံးပြီး gcp server ဆိုတာ တော်တော်ရှားပါးသွားပြီး O ကြီးလဲ ပိတ်ပြီး gcp ၆ နာရီစာ အောက် comment မှာယူလိုကပါ

Address

New York, NY

Opening Hours

Monday 9am - 8pm
Tuesday 9am - 8pm
Wednesday 9am - 8pm
Thursday 9am - 8pm
Friday 9am - 8pm
Saturday 9am - 8pm
Sunday 9am - 8pm

Telephone

+19296041555

Website

Alerts

Be the first to know and let us send you an email when VPN Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category