06/26/2025
iPhone 16 Pro/ Pro Max ပဲဝယ်ရမလား iPhone 17 ထွက်တာပဲစောင့်ရမလားဆိုတဲ့မေးခွန်းကအတွေ့အများဆုံးပါပဲ။
ဒီမေးခွန်းနဲ့ပတ်သတ်ပြီးဘယ်လိုလူတွေဝယ်သင့်မဝယ်သင့်ကျတော့အမြင်ကိုဒီပို့စ်မှာပြောပြသွားပါမယ်။
(Disclaimer: ဒီပို့စ်ကကျတော့်တစ်ဦးတစ်ယောက်ထဲရဲ့အမြင်သာဖြစ်တာကြောင့်သဘောထားကွဲလွဲနိုင်ပါတယ်။)
အရင်ဆုံး iPhone 17 ကိုမစောင့်သင့်တဲ့အချက်တွေပြောချင်ပါတယ်။ iPhone အသစ်ထွက်တာနဲ့တစ်ကမ္ဘာလုံးက users တွေကအလုအယက်ဝယ်ကြမှာဖြစ်တာမို့ကိုယ်ကအဲ့လိုလုဝယ်ရတာမကြိုက်အာရုံနောက်ရတာမကြိုက်ရင့် iPhone 17 ကိုစောင့်မဝယ်သင့်ပါဘူး။ပြီးတော့အဲ့လိုဝယ်ကြတဲ့အချိန်မှာ iPhone ရဲ့စျေးတွေကတကယ့်တန်ဖိုးထက်ပိုပြီးပေးဝယ်ရပါတယ်။ကျတော်တို့မြန်မာနိုင်ငံမှာဆိုပိုဆိုးပါတယ်။အဲ့တော့ကိုယ်က ကိုယ့်ရဲ budget ကိုအဲ့ဖုန်းအတွက်ကုန်ချင်ကုန်ပါစေဝယ်မှာပဲဆိုတဲ့သူကလွဲရင် iPhone17 ကိုစောင့်စရာမလိုပါဘူး။ Product အသစ်တွေကိုထွက်ထွက်ချင်းသုံးရတဲ့ခံစားချက်ကကောင်းပေမဲ့တစ်ဖက်မှာလည်း product အသစ်တွေမှာပါလေ့ရှိတဲ့ bugs တွေ error တွေကိုလည်းကိုယ်ကအရင်ကြုံရမှာဖြစ်ပါတယ်။ ကြုံရလည်း warranty ရှိမှာဆိုတော့စိတ်ပူစရာမလိုဘူးဆိုပေမဲ့အာရုံတော့နဲနဲနောက်ရတာပေါ့။
အဲ့တော့ဘလိုလူတွေက iPhone 17 တွေကိုမစောင့်ဘဲ iPhone 16 pro/ pro max ကိုဝယ်သင့်လည်းဆိုတော့ အပေါ်ကပြောသွားတဲ့ လုဝယ်ရမှာကိုအာရုံမနောက်ချင်တဲ့သူတွေ ၊ budget ကလည်း iPhone 16 pro ကိုသူ့စျေးအတိုင်းပဲသုံးချင်တဲ့သူတွေ ၊ latest မသုံးရလည်းဘာမှမဖြစ်ဘူးအာရုံမနောက်ရရင်ပြီးရောဆိုတဲ့သူတွေ , iPhone 17 ရဲ့ Design ကိုမကြိုက်တဲ့သူတွေ အဲ့လိုလူမျိုးတွေကခုနေ iPhone 16 pro ဝယ်သင့်ပါတယ်။ iPhone 16 pro line up က နောက် ၂ လလောက်နေရင် latest ဖုန်းမဖြစ်တော့ရင်တောင်သူ့မှာပါတဲ့ features တွေ specs တွေက Flagship Phone တစ်လုံးအနေနဲ့တော့ရှိနေဦးမှာပါပဲ။