Global Web Linked

  • Home
  • Global Web Linked

Global Web Linked Web Design & Development, CMS (Content Management System) Development, Social Networking Development

Global Web Linked is a Myanmar based creative agency specialized in providing market-oriented and innovative web-based IT solutions including Website Design and Development, Content Management System (CMS), Ecommerce solution, SEO and Digital Online Marketing. Our other services includes Web Design and Web Development, Social Media Marketing, Domain and Web Hosting, Graphic Design, Web Banner, Fac

ebook Banner, eCardDesign, eMagazine design. We are always committed to provide services to our clients in the best possible ways. We differentiate ourselves from many other web design companies by providing fully customized web-based solutions which covers website design & development. We know that each client is different and we try our best to meet their needs. In so doing, we create many websites that range from simple corporate websites with CMS to more complex eCommerce solutions, and to even more sophisticated online web portals to achieve the business goals of our clients. To-date, we have served many large corporations and organizations in Myanmar and Singapore that across various industries and sectors.

SIM Card ရဲ့PIN / PUK Lock အကြောင်းနဲ့ Lock ကျရင်ဖြေရှင်းနည်း=================================================မသိသေးတဲ့သ...
30/01/2015

SIM Card ရဲ့PIN / PUK Lock အကြောင်းနဲ့ Lock ကျရင်ဖြေရှင်းနည်း
=================================================

မသိသေးတဲ့သူတွေအတွက်ပါခင်ဗျာ။

SIM card ရဲ့ PIN or PUK lock အကြောင်းလေးနဲ့ lock ဖြစ်သွားရင် ဖြေရှင်းနည်းကိုပြောပြချင်ပါတယ်
Beginner တွေအတွက် ဗဟုသုတအနေနဲ့ ဒီပို့စ်လေးရေးလိုက်ရတာပါ....
SIM Card တွေမှာ....
PIN lock နဲ့ PUK lock ဆိုပြီး Sim lockစနစ် (2)နှစ်မျိုးရှိပါတယ်...
ကျွန်တော်တို့ နိုင်ငံမှာ ၁၅သိန်းတန်။ ၅သိန်းတန် ။ ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 ပုံမှန်နံပါတ်ပါ.... PIN lock - 12345 လို့သာမှတ်ထားလိုက်ပါ...
တစ်ချို့ တစ်ချို့တွေဟာ Sim Card ကို Cardချိုးပြီးတာနဲ့ အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါ... တစ်ချို့ကလည်း လွင့်ပစ်တတ်ပါတယ်.....သိမ်းထားရမှန်းမသိကြပါဘူး...တကယ်တော့ Sim

Card ချိုးထားပြီးတဲ့ Cardအခွံဟာသိမ်းထားရပါမယ်..ဒါဟာတကယ်ကိုအရေးကြီးပါတယ်....ဒီCard အခွံမှာ PUK Code တွေကိုရေးပေးထားပါတယ် ...
Sim lock လည်းကျရော ဘာလုပ်ရမှန်းမသိပဲ ဆိုင်ကိုပြေးရပါတော့တယ်....
ဆိုင်သမားတွေကလည်း Sim lock ကျတာဖြစ်တဲ့အတွက် ကဒ်ချိုးထားတဲ့ကဒ်ရှိမှ Unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်...
အဲ့မှာမသိမ်းထားတဲ့သူများကတော့ ဘာမှန်းမသိတာနဲ့တင် MPT ရုံးဆီကိုပြေးရပါတော့တယ်.....
အခုထွက်တဲ့ ၁၅၀၀ တန် MEC TEl မှာတော့  PUK ရော PIN ရော ခဲခြစ်အဖြစ်ထည့်ပေးထားပါတယ်...
သဘောကတော့ Sim lock ကျရင်အဆင်ပြေနိုင်အောင်လို့ပါ....
SIM lock ကျသွားရင် မလုပ်တတ် လုပ်တတ်နဲ့ လျှောက်ပြီးလည်းရိုက်မထည့်ပါနဲ့... ဆိုင်ပြေးတာထက်စာရင် ဆက်သွယ်ရေးရုံးကိုတိုက်ရိုက်သွားတာပိုကောင်းပါတယ်ခင်ဗျာ...ကလိတာ ၀ါသနာပါတဲ့ beginner တွေအတွက်ကတော့ အောက်မှာရေးထားတဲ့အတိုင်း စမ်းကြည့်ကြပေါ့ဗျ....မိမိဆန္ဒရှိမှ စမ်းသပ်ပါ....မတိုက်တွန်းပါ....အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျပီဆိုရင် ဖုန်းလိုင်းပျောက်သွားပါမယ်..Unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်...PUK Code က ခုနကသိမ်းထားပါလို့ပြောတဲ့ ကဒ်ချိုးတဲ့ကဒ်ထဲမှာ ပါပြီးသားပါ...
- Unlock ပြန်လုပ်ပုံကတော့ အဲ့ဒီဆင်းကဒ်ချိုးလိုက်တဲ့ ကဒ်မှာပါတဲ့ PUK Code
(၈) လုံးကို ရိုက်ထည့်ပေးပြီး OK နှိပ်ပါ....
- PIN Number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်... 12345 လို့သာ ရိုက်ပြီး OK နှိပ်ပါ.....
- နောက်တစ်ခေါက် PIN Number ကို Confirm လုပ်ခိုင်းပါလိမ့်မယ်....12345 လို့ထပ်ရိုက်ပေးပြီး OK နှိပ်လိုက်ပါ...ဒါဆိုရင် Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်ဗျ.....
ဒီအောက်ကနည်းလေးကတော့ မိမိတို့ရဲ့ ဆင်းကဒ်ကို Lock ချထားချင်သူများအတွက် ပြုလုပ်နည်းလေးပါတင်ပေးလိုက်ပါတယ်ဗျ..လုပ်ဖို့မတိုက်တွန်းပါဘူး....Sim Card Lock ချချင်တယ်ဆိုရင်လဲ အခုနောက်ပိုင်းထွက်တဲ့ Antivirus ဆော့ဝဲလ်တွေမှာ Sim Card Lock Function ပါတာတွေ အသုံးပြုထားရင်လဲ မိမိတို့ရဲ့ ကဒ်ကို Lock ချထားနိုင်ပါတယ်ဗျ....မိမိတို့ဆန္ဒရှိလို့ အသုံးပြုချင်တယ်ဆိုသူများ အဆင်ပြေစေရန်နှင့် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်...

ဘာလို့ SIM Lock ချထားရပါသလဲ ဆိုရင် SIM Card ကို အခြားသူတစ်ဦးဦးက အသုံးမပြုနိုင်အောင်ချရခြင်းဖြစ်ပါတယ်...
SIM Lock ချထားပါက မိမိဆင်းဒ်ကဒ်ကို ဘယ်ဖုန်းမှာထည့်ထည့် ကုဒ်တောင်းနေမှာပါ ကုဒ်မသိရင် သုံးလို့မရတော့ပါဘူး ဘယ်ဖုန်းကိုပဲ ထည့်ထည့်ပါ ဆင်းဒ်ကဒ်မှာ Effect ဖြစ်နေတာပါ ....အဲဒါကြောင့်ချရတာပါ...
မလိုအပ်ရင်တော့ SIM Lock ကို ဖွင့်မထားပါနဲ့...
PIN Code ကို မလိုအပ်လျှင် မပြင်ပါနဲ့ မကလိပါနဲ့...
ပြင်ချင် Lock ချချင်သူများကတော့ မူလ PIN Code က 12345 သာဖြစ်ပါတယ် အဲတာကို ဝင်ချင်ရင် အဲကောင်ရိုက်ပေးမှပွင့်ပါတယ် ...
အဲဒီကုဒ်မရိုက်ဘဲ ကျန်တာတွေ လျှောက်ရိုက်မိရင်တော့ သုံးခါထက်ပိုရိုက်မိရင် လော့ချလိုက်မှာဖြစ်ပါတယ်..
ဒါဆိုအဓိကပြောချင်တာက
SIM Lock ပြောင်းခြင်ရင် ပထမဆုံး 12345 ကိုရိုက်ပါ ကျန်တာရိုက်လို့မရပါ.. ပြီးမှ ကိုယ် ကြို့က်တဲ့ကုဒ်ကိုပြောင်းပါ မေ့လို့မရပါ...ဒါအရေးကြီးပါတယ်ဗျ...

Credit: လင်းဝင်း(နည်းပညာ)

19/05/2014

Pay Pal Account လုပ်နည်း
--------------------
PayPal Account ဘယ်လိုဖောက်မလဲ..

အခု တစ်ခေါက် ကျွန်တော် တင်ပြမှာကေတာ့ PayPal အေကာက် လျှောက်နည်းဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုငင်ံမှာ နေထိုသင်ူများ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ PayPal အေကာက်လျှောက်တဲ့ အခါမှာ နိုငင်ံရွေးတဲ့ဆီမှာ မြန်မာနိုငင်ံမပါလို့ပါဘဲ။ အဲ့ဒါကြောင့် မို့လို့ မြန်မာနိုငင်ံက လူတွေ လျှောက်လို့ လွယ်အောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။

အရင်ဦးဆုံး https://www.paypal.com/ ထဲ ၀င်ပြီးတော့ Sign Up ကလစ်လိုက်ပါ။

နိုငင်ံရွေးတဲ့ နေရာမှာ ထိုင်းနိုငင်ံကို ရွေးလိုက်ပါ ခဗင်ျာ။ တကယ်လို့ မိတ်ဆွေတို့က မေလးတို့ ၊ စ လုံး တို့ ကိုးရီးယား တို့မှာ နေတယ် ဆိုရင်တော့ ကိုယ်နေတဲ့အတိုင်း ထည့်ပြီး လျှောက်နိုပင်ါတယ်။

Personal ကိုရွှေးပြီးကလစ်ပါ ။ Email address ထည့်တာတို့ First Name Last Name ထည့်တာတို့ကေတာ့ သိမှာပေါ့ ။Password မှာတော့ စာလုံးအကြီးတစ်လုံးပါပါစေ။

ဒီအပိုင်းမှာ ဖြည့်ရမှာက အေရးကြီးပါတယ်။ အမှန်အတိုင်း ဖြည့်ရမှာပါ။ Address မှာ ကြိုက်တာ ထည့်ပါ။ City/District မှာတော့ Phuket ရေးပါ။ Province မှာလဲ Phuket ကိုဘဲရွေးပေးပါ။ Postcode မှာတော့ 83000့

လို့ ဖြည့်ပါ။ Phone number မှာကေတာ့ 08 နဲ့ စပြီးတော့ ဂဏန်းဆယ်လုံး ပြည့်အောင် ထည့်ပါ အမှန်အတိုင်း ရေးရင်တော့ ကောင်းပါတယ်။ 0874627593 ဒါကေတာ့ ကျွန်တော့် Phone No ပါ။ မိတ်ဆွေတို့ သုံးချတင်ယ် ဆိုရင် သုံးနိုပင်ါတယ်။ သတိပေးချပင်ါတယ် မိန်းကေလးများ ဖုန်းမဆက်လာပါနဲ့ :) ဟီး ..ဟီး ..စ တာပါ။

ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အေကာင့်ကို နှိပ်လိုက်ပါ

အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ။ ဘဏ်အေကာင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ ။ ပြီးရကငိုယ်အေကာင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ။ paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်။ ကော်ပီလုပ်ပီးထည့်လိုက်ပါ အဆင်ပြေပါပြီ။ Security questions ဖြည့်တဲ့အခါမှာ သတိထားပါ။ သေသချာချာမှတ်ထား အေကြာင်းအမျိုးအမျိုးကြောင့် Pass မေ့တဲ့အခါ Security questions မသိရင် ၀မင်ရပါဘူး။

ဒါဆိုရင်တော့ အေကာက် လျှောက်ခြင်း ပြီးဆုံး သွားပါပြီ ။ မှတ်ချက်=> Paypal Account ရပြီဆိုတာနဲ့ Activate ဖြစ်ဖို့ VisaCard လိုပါတယ်..အဲဒီ ကဒ်အတွက် www.shwemoney.com မှာစုံစမ်းဝယ်ယူနိုပင်ါတယ်..ဈေးနှုန်းကေတာ့ တစ်နှစ်စာခြောက်သောင်း သက်တမ်းတိုရင် တစ်သောင်းခွဲပါခဗင်ျာ။ Activate မဖြစ်လဲဘဲ အတင်ာနက်မှ ရှာထားတဲ့ ပိုက်ဆံတွေကို ငွေလွဲ ငွေပို့ လုပ်လို့ရပါတယ်။

PyaePhyo(နည်းပညာမှတ်တမ်း) မှ မှီငြမ်းရေးသားပါသည်။

PayPal is the faster, safer way to send money, make an online payment, receive money or set up a merchant account.

အမျိုးသမီး တစ်ယောက် ကွန်ပြူတာ အရောင်းပစ္စည်းဆိုင် ကိုလာပြီး အရောင်းဝန်ထမ်းအား ယခုလို ဒေါသတကြီး စကားပြောပါတယ်။"ရှင်တို့ ကျ...
13/03/2014

အမျိုးသမီး တစ်ယောက် ကွန်ပြူတာ အရောင်းပစ္စည်းဆိုင် ကိုလာပြီး အရောင်းဝန်ထမ်းအား ယခုလို ဒေါသတကြီး စကားပြောပါတယ်။

"ရှင်တို့ ကျမကို ဘယ်လို Laptop မျိုး ရောင်းလိုက်တာလဲ။ Data ကို အခြားကွန်ပြူတာတစ်လုံးကို Transfer လုပ်လို့မရဘူး"

ဒါနဲ့ အရောင်းဝန်ထမ်း အမျိုးသားက

"ဟုတ်။ ဒါဆို ကျနော့ရှေ့ မှာပဲ အမ ရဲ့  ကွန်ပြူတာ နှစ်လုံးကို ချပြီး လုပ်ပြ ကြည့်ပါလား" လို့ ပြောပါတယ်။ ဒါနဲ့ အမျိုးသမီးက သူ့ရဲ့ လုပ်ပုံလုပ်နည်း အဆင့် အောက်ပါအတိုင်း ပြုလုပ်ပြပါတယ်။

၁။ ပထမ Laptop အဟောင်းကို ဖွင့်ပါတယ်။ ပြီးတော့ မော့က်စ် ကြိုးတပ်ပြီး Right click နှိပ် Copy ကို နှိပ်ပါတယ်။

၂။ ပြီးတော့ အသစ်ဝယ်ထားတဲ့ Laptop ကို ဖွင့်ပြီး ပထမက တပ်ထားတဲ့ မော့က်စ်ကို ဖြုတ် Laptop အသစ်မှာ တပ်ပါတယ်။

၃။ ပြီးတော့ Right click နှိပ်ပြီး Paste လုပ်ပါတယ်။

အရောင်းဝန်ထမ်း ပါ ဂေါက်သွားရရှာသည်။

Ref: joke
အောင်ခမ်း (ရိုးရာလေး)

ဟတ်ကာ အမျိုးအစားများ ----------------------------ကရားတေးပညာရပ်မှာ ခါးပတ်နက်၊ ခါးပတ်မည်းခွဲ သလို၊ ကွန်ပျူတာ underground န...
13/03/2014

ဟတ်ကာ အမျိုးအစားများ
----------------------------
ကရားတေးပညာရပ်မှာ ခါးပတ်နက်၊ ခါးပတ်မည်းခွဲ သလို၊ ကွန်ပျူတာ underground နယ်ပယ်မှာလည်း သူတို့ရဲ့ ဦးတည်ချက်တွေ၊ သဘောတူညီချက်တွေ အလိုက်
အဖွဲ့တွေ ကွဲသွားပါတယ်။ နယ်ပယ်လေးတွေ ဘောင်တွေ ထားရှိထားတာ ဖြစ်ပါတယ်။ အကြမ်းဖျင်းကတော့ အကောင်းဖက်က cracker နဲ့
အဆိုးဖက်က Hacker ပေါ့။ ဒါတွေကလည်း နည်းပညာနယ်ပယ်ရဲ့ သူထက်ငါတော်တယ်ဆိုတဲ့ ပညာရပ်ဆိုင်ရာ မာန်မာနတွေကြောင့် ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။
Cracker သို့မဟုတ် Cracking ကတော့ အခြားလူရဲ့ကွန်ပျူတာမှာရှိတဲ့ သတင်းအချက်အလက်တွေကို လက်ခံရရှိဖို့ ကြိုးစားခြင်းကဲ့သို့သော် ပြစ်မူတွေမျိုးကို ထိန်းသိမ်းတာ ဖြစ်ပါတယ်။
hacker က အချက်အလက်တွေ ရရှိအောင် ခိုး၊ Cacker က ထိုအချက်အလက်မရအောင် မပေါက်ကြားအောင်ကာကွယ် ထို့သို့ ဖြစ်ပါတယ်။
ဒီလိုအားဖြင့် ရပ်တည်ချက် သဘောတူညီချက်တွေပေါ် လက်ခံခြင်း လက်မခံခြင်းတွေအပေါ်မူတည်ပြီး အဖွဲ့တွေ ကွဲသွားတာ ဖြစ်ပါတယ်။

White hat
ဒီဝေါဟာရကတော့ အင်တာနက် ဗန်းစကားတစ်ခု ဖြစ်ပြီး လူကျင့်ဝတ်နဲ့ ညီတဲ့အပြုအမူတွေကို လုပ်ဆောင်နေတဲ့ ဟတ်ကာများလို့ အဓိပ္ပာယ်ရပါတယ်။ သူတို့ဟာ တိုက်ခိုက်ဖျက်ဆီးလို့တဲ့
ဆန္ဒမပါရှိဘဲ ကွန်ပျူတာနဲ့ ဆိုင်တဲ့ လုံခြုံရေးတွေကို အခြားသူတွေ Hacker တွေ မဖောက်နိင်အောင် အရင် စမ်းသပ်ပေးခြင်းကို ဆောက်ရွက်ပေးနေတဲ့ သူတွေဖြစ်ပါတယ်။ Security ကုမ္ပဏီတွေ
အတွက် ကွန်ပျုတာ လုံခြုံရေး စနစ်တွေ လုံခြုံမူရှိမရှိ အရင်ဆုံး စမ်းသပ် hack ပေးရတဲ့ သူတွေဆိုပါတော့။ နည်းပညာ ကျွမ်းကျင်မူ
ရှိရကာ အများသူငါတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ စီးပွားရေး ဆိုင်ရာ အကျိုးတွေအတွက် အရင်ဆုံး Hack ကာ စမ်းပေးရတဲ့
သူတွေ ဖြစ်ပါတယ်။ ကောင်းတဲ့ သူတွေရဲ့ အဖွဲ့အစည်း တစ်ခုပါ။

Black Hat

သူကဆိုးပါတယ်။ ကိုယ်ရေးကိုယ်တာ ရရှိမူအတွက် hack တဲ့သူတွေပေါ့။ ထို Black hat hacker တွေဟာ ကျော်ကြားတဲ့ စီးပွားဖြစ် လိုက် hack တဲ့ အဖွဲ့ တစ်ခုပေါ့.သူက ငွေကြေးပေးပြီး
ဌားရမ်းခိုင်းလို့ရပါတယ်။ အများပြည်သူတွေအတွက် ဘေးအန္တာရယ်ရှိတဲ့ အဖွဲ့ဖြစ်ပြီး နက်ဝပ် security တွေကို လိုက်လံဖောက်ပါတယ်။
အချက်အလက်တွေကို ဖျက်ဆီးပြီး နက်ဝပ်ကို သုံးမရအောင် လုပ်လေ့ရှိပါတယ်။ Security နယ်ပယ်နဲ့ ခေတ်သစ်ထဲမှာ ပရိုရရမ်မာတွေအနေနဲ့
Cracker တွေလိုလည်းခေါ်ပါတယ်။ Cracker တွေဟာ သူတို့ကိုယ်တိုင် အားနည်းချက်သိရှိမူကို ထိန်းပြီး လုံခြုံမူ လက်ဟာသွားပြီးဆိုတာနဲ့ အခြား အများ
နဲ့ ထုတ်လုပ်သူများဆီသို့ အသိမပေးတတ်ပါဘူ။ ဒီလို ဖောက်လို့ရသွားတာနဲ့ကိုယ်ပိုင် အချက်အလက်တွေနဲ့ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အရာတွေကို လက်ခံရရှိပြီးဆိုတာကို အများသိအောင်
ကြော်ငြာပါတော့တယ်။ သူတို့ စနစ်တစ်ခုလုံးဝကို ထိန်းချုပ်ရသွားတဲ့ တစ်ချိန် သူတို့ကိုယ်တိုင် ထိန်းချုပ်ဖို့သာ ပြန်လည် လုပ်ဆောင်ပါတော့တယ်။

Grey Hat

ထို Grey Hat hacker တွေဆိုတာက Black hat hacker တွေနဲ့ White hat hacker တွေ ပေါင်းစပ်ထားတဲ့ အဖွဲ့ တစ်ခုပါပဲ။ သူတို့ဟာ
အင်တာနက်နဲ့ ကွန်ပျူတာ စနစ်ထဲကို ၀င်ရောက်ဟတ်ပြီး အသိပေးနိင်ပါတယ်။ ဆိုဒ် admin တွေ သူတို့ ဆိုဒ် ကွန်ရက်ဟာ လုံခြုံမူ ရှိတယ်
မရှိဘူးဆိုတာကိုပါ။ သူတို့ရဲ့ စနစ်ဟာ ပြန်လည် လုံခြုံရေး စနစ်ကို ပြုပြင်ဖို့ လိုရင်လိုနေတယ်လို့ အသိပေးနိင်ပါတယ်။ ဒီလိုမျိုး မှန်ကန်တဲ့ ပြူပြင်ဖို့ လိုအပ်တဲ့နေရာတွေကို ပြောပြပြီး ၀န်ဆောင်တဲ့
လုပ်ငန်းမျိုး ဖြစ်ပါတယ်။

Elite hacker

ဟတ်ကာတွေကြားတွင် ဆိုရှယ် အဆင့်အတန်းရှိတဲ့ ဟတ်ကာ အမျိုးအစား ဖြစ်ပါတယ်။ Elite ဆိုတဲ့ စကားလုံးကို သုံးရတာကတော့ Skills ( ကျွမ်းကျင်မူ များ) ကိုဖော်ပြဖို့ သုံးတာ ဖြစ်ပါတယ်။
ဆိုလိုတာက Elite ဟတ်ကာတွေဟာ အခြား ဟတ်ကာတွေရဲ့ကြားမှာ ရဲ့ဝင့်တဲ့ လုပ်ရပ်တွေနဲ့ လည်ပတ် ဖြစ်ပေါ်နေမှာ ဖြစ်ပါတယ်။ သူတို့ဟာ အဖွဲ့ဝင်ရွေးချယ်ရင်တောင် အများယုံကြည်လာအောင်
လုပ်ပြနိင်တဲ့သူကိုမှ ရွေးချယ်တာ ဖြစ်ပါတယ်။ ဥပမာ - Masters of Deception ( Elite hacker Group )

Script kiddie
သူကတော့ ဟတ်ကင်မှာ ကျွမ်းကျင်သူ မဟုတ်တဲ့သူမျိုးတွေကိုခေါ်တာပါ။ အခြားတစ်ယောက် (သူများ)ရေးထားတဲ့ အော်တိုမက်တစ် Tools တွေကို သုံးပြီး ကွန်ပျူတာထဲကို ချိုးဖောက်ဝင်တဲ့သူတွေ
မျိုးပါ။ kiddie ဆိုတာ ကလေးလို့ အဓိပ္ပာယ်ရပါတယ်။

အခြား နှစ်မျိုးကတော့ Neophyte နဲ့ Blue hat တို့ ဖြစ်ကြပါတယ်။

Smart Pro Journal

လူငယ်ဘ၀မှာကတည်းက လူကြီးမိဘတွေ အပေါ် တောင်ဝှေးတစ်ချောင်းလို အဖော်မပြုပေးဘဲ လက်ဆွဲအိတ်လို လူကြီးမိဘကဘယ်သွားသွားဆွဲထားရတဲ့ သ...
06/03/2014

လူငယ်ဘ၀မှာကတည်းက လူကြီးမိဘတွေ အပေါ် တောင်ဝှေးတစ်ချောင်းလို အဖော်မပြုပေးဘဲ လက်ဆွဲအိတ်လို လူကြီးမိဘကဘယ်သွားသွား
ဆွဲထားရတဲ့ သူများဟာ လူကြီးဖြစ်လာတဲ့အခါ လူ့ လွယ်အိတ်တွေဖြစ်သွားကြတာ များပါတယ်။ လူ့ လွယ်အိတ်ဆိုတာ သက်မဲ့လွယ်အိတ်အစစ်လောက်တောင်
အသုံးမ၀င်ဘူးဆိုတာ နားလည်းမှာပါ။

ကိုယ့်ခွန်ကိုယ့်အားနဲ့ ရတဲ့ ဥစ္စာမဟုတ်ရင်တော့ ငါ့ဥစ္စာလို့  ပြောရတာ ရှက်စရာကောင်းပါတယ်။ ဒီ့ထက်ဆိုးတာက ဘယ်သူ့ ကိုမှ
အကျိုးမပြုဘဲ အခွင့်အရေးကျ မျှော်ကိုးကြတဲ့ သူတွေပါပဲ။ ဓနအင်အားဆင်းရဲနေသော်လည်း ကိုယ့်လူမျိုးအတွက် အသုံးဝင်ကြတဲ့
သူတွေ အများကြီးရှိတာကိုသိရတဲ့အခါ လူ့ လွယ်အိတ်တွေအတွက် ၀မ်းနည်းမိတာ အမှန်ပါ။
အသုံးဝင်တဲ့လူ ဖြစ်အောင်နေပါ

သက်မဲ့လွယ်အိတ်က ပစ္စည်းတွေ ထည့်လို့ ရတယ်၊ သုံးစားလို့ ရတယ်၊ အကျိုးပြုတယ်။ လူ့ လွယ်အိတ်တွေကျတော့ ဘယ်နေရာမှာမှ
အသုံးမ၀င်တာကို တွေ့ နေရတယ်။ ဘာလို့ လည်းဆိုတော့ တက်ညီလက်ညီနဲ့ ချီတက်နေသူတွေကို အနောက်ကနေ ဖိနပ်လိုက်တက်
နင်းနေလို့ ပါပဲ။ တန်ဖိုးကို သိအောင်ကြိုးစားဖို့ အခွင့်အရေးရှိပါလျက် တန်ဖိုးမသိခဲ့လို့ တန်ဖိုးမရှိလိုက်တာဟာ လူဖြစ်ရှုံးပါတယ်။

လူငယ်ဘ၀မှာ သိသင့်တာကို မသိဘဲ မသိသင့်တာတွေကို သိလိုက်ခြင်း၊ သင်ယူတတ်မြောက်လိုက်ခြင်းဟာ အရှုံးစိတ်ဓာတ်ကို မွေးမြူ
လိုက်ခြင်းပါပဲ။ အရှုံးစိတ်နဲ့ ရှင်သန်နေမှာတော့ စကားပြောလည်း
အရှုံးစကားက စပြောတယ်၊ အလုပ်လုပ်လည်း အရှုံးဖြစ်မယ့်အလုပ်
ကို စလုပ်တော့တာပါပဲ။

ဒါတွေဟာ လူငယ်ဘ၀ စိတ်ကျန်းမာရေး တိုးတက်အောင် ကြိုးစားရမယ့်
အရွယ်မှာ မကြိုးစားခဲ့လို့  အခြားဆန့် ကျင်ဘက် စိတ်ကျ
ရောဂါတွေ ကိုယ့်ဆီပြေးဝင်လာတာကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ယောက် စိတ်ချို့ ယွင်းလိုက်တာဟာ အသိုင်းအ၀ိုင်းတစ်ခု၊ မိသားတစ်
စု ပျက်စီးဖို့  အကြောင်းဖန်လာတာပါပဲ။ လူငယ်ထု စိတ်ဖွံ့ ဖြိုးမှုအားနည်းလိုက်တာဟာ ခေတ်တစ်ခတ်ကျရှုံးဖို့ 
အကြောင်းဖန်လိုက်တာဘဲ ဖြစ်ပါတယ်။ အဓိကမှာချင်တာလေးပါ၊
လူဖြစ်နေပါလျက် "လူ့ လွယ်အိတ်လို အသုံးမ၀င်တာမျိုးတော့ မဖြစ်ပါစေနဲ့ " ဆိုတာလေးပါ။

True Man
ပုဂံအွန်လိုင်းမီဒီယာ

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ တာဝါတိုင် တည်ဆောက်ရန် မြေငှားရမ်းခြင်းမှာ အခက်ခဲဆုံးဖြစ်ကြောင်းအော...
06/03/2014

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ တာဝါတိုင် တည်ဆောက်ရန် မြေငှားရမ်းခြင်းမှာ အခက်ခဲဆုံးဖြစ်ကြောင်း
အော်ရီဒူး ပြောကြား
------------------------------------------------
ရန်ကင်းမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေး တာဝါတိုင်အား တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လိုင်စင်ရရှိထားသည့် အော်ရီဒူးကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ရန် မြေငှားခြင်းမှာ အခက်ခဲဆုံးဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။

ယခုအခါ အော်ရီဒူးအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီး ပြည်တွင်းရှိ ဆက်သွယ်ရေးကုမ္ပဏီ အချို့နှင့်လည်း ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သွားမည်ဟု သိရသည်။

“မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ တာဝါတိုင် ဆောက်လုပ်ရေးတွေမှာ ဆောက်လုပ်ခွင့်တွေကျဖို့က ကျွန်တော်တို့ထင်ထားတာထက် ပိုကြာနေတယ်။ ဒါကြောင့် ကျွန်တော်တို့မှာက တာဝါတိုင်တွေဆောက်ဖို့ အခက်အခဲ ဖြစ်နေတယ်။ ပြီးတော့ ဒီလုပ်ငန်းစဉ် အဆင့်ဆင့်ကို အလျင်အမြန် ပြီးစီးဆောင်ရွက်ဖို့ ဆိုတာကလည်း လူတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု အူရီးဒူးမြန်မာ၏ အလုပ်အမှုဆောင်ချုပ် Ross Cormack ကဆိုသည်။ Ooredoo ကုမ္ပဏီသည် 3G ကွန်ရက်နှင့် စတင်ဖြန့်ကြက်မည်ဖြစ်ပြီး 3G ကွန်ရက်အတွက် အဓိကကျသော ရေဒီယို စက်ပစ္စည်းများအတွက် ပံ့ပိုးသူအနေနဲ့ NSN ကုမ္ပဏီကို ခန့်အပ်ထားပြီး ပြည်တွင်းမိုဘိုင်းကွန်ရက် ဖြန့်ကြက်ရန် ZTE ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ လိုင်စင်ရကုမ္ပဏီနှစ်ခု အနေဖြင့် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ဆင်းမ်ကတ်များ ရောင်းချနိုင်ရန်အတွက် အပြိုင်အဆိုင် ပြုလုပ်သွားရမည်ဖြစ်သည်။

news-eleven

အော်ရီဒူးကုမ္ပဏီ 3G ကွန်ရက်စနစ် စမ်းသပ် အောင်မြင် ***********************************မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာ...
06/03/2014

အော်ရီဒူးကုမ္ပဏီ 3G ကွန်ရက်စနစ် စမ်းသပ် အောင်မြင်
***********************************
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရထားတဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ 3G ကွန်ရက်စနစ် စမ်းသပ် အောင်မြင်ခဲ့ပြီလို့ မတ် ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကွန်ရက်မှာ အသံလှိုင်းအရည်အသွေး စမ်းသပ်တာ၊ စာတိုပေးပို့တာနဲ့ အင်တာနက် အသုံးပြုတာတွေ စမ်းသပ်အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

အော်ရီဒူးကုမ္ပဏီဟာ သူ့ရုံးချုပ် အခြေစိုက်တဲ့ အမ်အိုင်စီတီ ပတ်စ် (MICT Park)နဲ့ အနီးနားပတ်ဝန်းကျင်မှာ စမ်းသပ်မှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်န၀ါရီ ၃၀ ရက်နေ့က အော်ပရေတာလိုင်စင်ရခဲ့တဲ့ အော်ရီဒူးဟာ ၆ လ အတွင်း မိုဘိုင်းဖုန်း ဆင်းကဒ်တွေ စတင်ရောင်းချနိုင်အောင် လုပ်ကိုင်ဆောင်ရွက်နေပါတယ်။

DVB Burmese

LG G flex မြန်မာပြည်မှာ ဝယ်နိုင်ပြီကွေးကောက်လို့ရတဲ့ LG ရဲ့ G Flex စမတ်ဖုန်းကို သိတဲ့သူများ သိကြမယ် ထင်ပါတယ်။ ယခု အဲ့ဒီဖ...
22/02/2014

LG G flex မြန်မာပြည်မှာ ဝယ်နိုင်ပြီ

ကွေးကောက်လို့ရတဲ့ LG ရဲ့ G Flex စမတ်ဖုန်းကို သိတဲ့သူများ သိကြမယ် ထင်ပါတယ်။ ယခု အဲ့ဒီဖုန်းကို မြန်မာပြည်မှာ ဝယ်ယူ ရရှိ နိုင်ပါပြီ။ လက်တလော ဈေးက ၇၂၀၀၀၀ ကျပ် ဖြစ်ပါတယ်။

LG G flex က LG G2 ထက် ပိုမြင့်တဲ့ Specification များ ပါဝင် ပါတယ်။ အဓိက အထူးခြားချက် တစ်ခု ရှိပါတယ်။ အဲ့ဒါက Self Healing ပါ။ ဘယ်လို အစင်းရာ၊ ခြစ်ရာတွေပဲ ထင်ထင် သူ့ဘာသူ ပြန်ကောင်း နိုင်တဲ့ နည်းပညာ ပါဝင်ပြီးသား ဖြစ်ပါတယ်။

ဖုန်းကို ပျော့ပြောင်းတဲ့ အသွင်အပြင် ရှိအောင် အသုံးပြုတဲ့ ပစ္စည်းများက သာမန်ဖုန်းတွေနဲ့ မတူပါဘူး။ ဖန်သားမျက်နှာပြင်က အစ ဖြစ်ပါ တယ်။ နောက်ထပ် ထူးခြားချက်က ကွေးကောက်ပြီး Lock ချ၊ unlock လုပ်တဲ့ function တွေ၊ ဂိမ်းတွေ ပါဝင် ပါတယ်။

နဝေးဒေးလမ်းနဲ့ ရွှေဒဂုံဘုရားလမ်းထောင့်က The White House Collection က သတင်းပေးလို့ Smart က သိရှိရ ပါတယ်။ [email protected] ကိုလည်း စုံစမ်း မေးမြန်း နိုင်ပါတယ်။

စွန့်ဦးစီးပွားတီထွင်သူများအနေနဲ့ ကိုယ်ပိုင်စီးပွားရေး စတင်ဖန်တီးတော့ မယ်ဆိုရင် အချိန်ပေး ရပါတယ်။ အဲ့ဒီလို အချိန်ပေးဖို့...
22/02/2014

စွန့်ဦးစီးပွားတီထွင်သူများအနေနဲ့ ကိုယ်ပိုင်စီးပွားရေး စတင်ဖန်တီးတော့ မယ်ဆိုရင် အချိန်ပေး ရပါတယ်။ အဲ့ဒီလို အချိန်ပေးဖို့ အတွက်ရင် လက်ရှိ အလုပ်မှာပေးထား တဲ့အချိန်ကို လျော့လိုက်ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက အလုပ်ထွက်လိုက်ခြင်းပါ။ ဒီတော့ အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်ဆိုရင် အောက်ပါ မေးခွန်း ၁၀ ချက်ကို ကိုယ့်ကိုယ် ကို မေးလို့ ဖြေကြည့်ဖို့ လိုအပ်ပါတယ်။

၁။ ပိုမို ပျော်ရွှင်စေမှာလား

ကိုယ်က ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင်မှာတော့ ဟုတ်ပါပြီ။ လုပ်တတ်လို့စလိုက်မယ်သာ ဆိုတယ်။ တကယ်ကော လုပ်ပျော်မှာလား ဆိုတာကို သေချာ မေးဖို့လိုအပ်ပါတယ်။ အချို့ က ငွေအရင်းရှိလို့ ဖုန်းဆိုင်လေး ဖွင့်တော့မယ်ဆိုပြီး လုပ်ငန်းစပါတယ်။ သို့ပေမယ့် သူပျော်တာ ဖုန်းထိုင်ရောင်းနေဖို့လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ အလုပ်ထွက်ပြီး မှ ပျော်စရာမကောင်းတဲ့ လုပ်ငန်း တစ်ခုစမိရင် ကျရှုံးဖို့ လမ်းကို ပိုနီးစပ်နေပါတယ်။

၂။ အချိန်တန်ပြီလား

ကိုယ်ပိုင်စီးပွားရေး ဆိုပြီးတော့သာ အလုပ်ထွက်မိတယ်။ လက်ရှိ ကိုယ့်ဆီမှာ ကိုယ်ဝန်သည် ဇနီးရှိနေမယ်။ မနာမကျန်းမိဘ ရှိနေမယ်ဆိုရင်လည်း အဆင်မပြေပြန်ဘူးလေ။ အလုပ်ထွက်ရင်ဝင်ငွေက မရှိတော့ဘူး။ ဝင်ငွေ မရှိတော့ပဲနဲ့ အဲဒီတာဝန်တွေကို ထမ်းရွက်နေရင် ကိုယ်ပိုင်စီးပွားတောင် မလုပ်နိုင်ပဲ မွဲပြာကျသွား နိုင်ပါတယ်။ ဒီတော့ သင့်တင့်မျှတတဲ့ အချိန်ကာလတစ်ခုကို ရောက်ပြီလားဆိုတာကို သေချာ ချင့်ချိန် စဉ်းစားဖို့ လိုအပ် ပါတယ်။

၃။ ငွေလုံလောက်ပြီလား

ဒါကလည်း စဉ်းစားစရာပေါ့။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း တစ်ခုထောင်ဖို့ အတွက် လိုအပ်တဲ့ အရင်းအနှီး ပဲလိုတာ မဟုတ်တော့ဘူးလေ။ အဲဒီကာလအတွင်း ကိုယ့် စားဝတ်နေရေးအတွက် လုံလောက်တဲ့ ငွေကြေး အင်အား ရှိပြီလားဆိုတာကိုပါ ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ ငွေလုံလောက်ပြီလားလို့ ကိုယ့်ကိုယ်ကို အရင်ပြန်မေးဖို့ လိုအပ်ပါသေးတယ်။

၎။ ကူညီထောက်ပံ့မယ့်သူ ရှိပြီလား

ကူညီထောက်ပံ့သူဆိုလို့ ငွေကြေးကို ဆိုလိုတာ မဟုတ်ပါဘူး။ လုပ်အားအရ တစ်ယောက်တည်း မနိုင်ရင် ဝိုင်းကူပေမယ့် ပါတနာမျိုး၊ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်နိုင်တဲ့ မိဘမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းမျိုး တို့ ဖြစ်ပါတယ်။ စီးပွားရေး တစ်ခုစတင်တိုင်း အခက်အခဲဆိုတာ ရှိမှာပဲ။ အဲဒါကို တစ်ယောက်တည်း ခေါင်းအစားခံ ဖြေရှင်းနေတာထပ် တစ်ဦးတစ်ယောက်ရဲ့  အကြံအဥာဏ်လေး ရလိုက်တာကလည်း အားသာချက် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အတွက် ကူညီထောက်ပံ့၊ အကြံပေးမယ့်သူလည်း လိုအပ် ပါတယ်။

၅။ ဘဝနေထိုင်မှု ပုံစံပြောင်းနိုင်ပြီလား

ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ သူက မနက် စောစော ထပြီး ရုံးအမှီမသွားရတော့ဘူး။ သို့ပေမယ့် အဲ့ဒါထပ် ပိုပင်ပန်းကောင်း ပင်ပန်းလိမ့်မယ်။ အရင်လို နက်ခ်တိုင် ကျကျ နန မဝတ်ရတော့ပဲ ချွေးတစ်လုံးလုံးနဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ အလုပ်များလို့ ထမင်းကို ဇိမ်ကျကျစားကောင်းမှ စားရလိမ့်မယ်။ အသုံး စရိတ် နည်းသွားလို့ ဆင်းရဲသားလိုလည်း နေကောင်းနေရလိမ့်မယ်။ ဒီဒဏ်တွေခံနိုင်မယ် ဘဝနေထိုင်မှု ပုံစံကိုအခြေအနေလိုက် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိရင်တော့ လုပ်ငန်းစဖို့ ထောက်ခံချက်တစ်ခု ရသွားပါပြီ။

၆။ စည်းကမ်းနဲ့ နေနိုင်ပါ့မလား

ငါ ဝန်ထမ်းမဟုတ်တော့ဘူး။ မနက်လည်း ထချင်မှထမယ်။ အလုပ်လည်း လုပ်ချင်မှ လုပ်မယ်။ အဲ့ဒီလိုပုံစံနဲ့ ဆိုရင် လုပ်ငန်းရှင်မဟုတ်ပဲ အလုပ်လက်မဲ့ ဘဝကို ရောက်သွားပါမယ်။ ကိုယ်ပိုင်လုပ်ငန်း တစ်ခု စဖို့ ရည်ရွယ် သူက မိမိကိုယ်ကို စည်းကမ်းချမှတ်လို့ ကျင့်ကြံနေထိုင်ရမှာ ဖြစ်ပါတယ်။ အကောင်းစား ပစ္စည်းသုံးမှ လုပ်ငန်းရှင်လို့ မဆိုလိုပါဘူး။ မိမိလုပ်ငန်း လည်ပတ်မှုအတွက် လိုအပ်သလို ကိုယ့်ကိုယ်ကို ထိန်းချုပ် ဆောင်ရွက်နိုင် ဖို့ကသာ အရေးကြီးပါတယ်။

၇။ အစမ်း ခြေလှမ်းရှိပြီလား

ကော်ဖီဆိုင်ဖွင့်ဖို့ ရည်ရွယ်တဲ့ စာရင်းကိုင်တစ်ယောက်ဟာ ကော်ဖီဆိုင် တစ်ခုမှ ၆ လလောက် အချိန်ပိုင်း စားပွဲထိုး အရင်လုပ်ရမယ် လို့ ဥပမာ ပေးထားပါတယ်။ သို့ပေမယ့် ကိုယ်စမယ့် စီးပွားရေးလုပ်ငန်းက Model အသစ် သို့မဟုတ် လက်ရှိအလုပ်နဲ့ အလားသဏ္ဍာန် တူ ဆိုရင်တော့ Beta Test လုပ်နေစရာ မလိုပါဘူး။ အကယ်၍ အဲ့လို မဟုတ်ပဲ ပုံစံမတူတဲ့ ခြေလှမ်းဖြစ်နေရင် ပုံစံတူတဲ့ ကုမ္မဏီတစ်ခုမှာ အောက်ခြေ ကစလို့ ၆ လလောက် အချိန်ပိုင်း လုပ်ကိုင် သင့်ပါသေးတယ်။

၈။ အရည်အချင်းပြည့်ဝပြီလား

ကိုယ်ပိုင်လုပ်ငန်း တစ်ခုစဖို့အတွက် တစ်ခုတည်း တတ်နေလို့ မရတော့ဘူး။ အလွယ်ဆုံး ပြောရရင် ထုတ်ကုန် ထုတ်လုပ်ရေး၊ ဈေးကွက် ရှာဖွေရေး ၊ ဖြန့်ချိရေး အချက် သုံးခု စလုံး ပိုင်မှ အလုပ်ဆိုတာ စလို့ ကောင်းတာပါ။ ဒီမှာ ပါလာမယ့် ကိစ္စတွေက အများကြီးပဲ လူမှုဆက်ဆံရေး၊ စီးပွားရေး ဥပဒေ၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး ပြောမယ်ဆို အတော်ကိုများတဲ့ လိုအပ်ချက်တွေပါ။ ဒါတွေ တစ်ခုတည်းလိုက်ဖြည့်နေရင် အချိန်ကုန်သွား မယ် လို့လည်း ဆိုပါတယ်။ အချိန်ပေးစရာမလိုပဲ အဲဒါတွေအားလုံး လုပ်ရင်းနဲ့ လေ့လာသွားလို့ရမယ်၊ လေ့လာနေစဉ်လည်း လုပ်ငန်းအပေါ် ထိခိုက်မှု ရှိမသွားဘူးလို့ သေချာယုံကြည်ရင်တော့ လုပ်ငန်း စနိုင်ပါ တယ်။

၉။ အိုင်ဒီယာ ကောင်းရဲ့ လား

ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းပါ။ ရှိနေတဲ့ အိုင်ဒီယာက သစ်ဆန်းရဲ့ လား ၊ ဖြစ်ကော ဖြစ်နိုင်ရဲ့ လား၊ ငါတွေးတဲ့ အိုင်ဒီယာ ကောင်းရဲ့ လား အစရှိသဖြင့် ပြန်မေးရမှာ ဖြစ်ပါတယ်။ အတွေးစိတ်ကူးကောင်းကောင်း မရှိ ဘူးဆိုရင်တော့ ကိုယ်ပိုင်စီးပွားလုပ်ငန်းတစ်ခု အောင်မြင်ဖို့ မသေချာ ပါဘူး။

၁၀။ စီးပွားရေး ယာထားချက် ရှိရဲ့ လား

ဒါအရေးကြီးဆုံးပါ။ အထပ်ပါ ၉ ချက်စလုံးက ပြည့်စုံနေပြီ။ အလုပ်ကလည်း ထွက်လိုက်ပြီ။ သို့ပေမယ့် Business Plan ရှိမထားရင်တော့ လုံးပါးပါး သွားနိုင်ပါတယ်။ ဘာနဲ့တူသလဲဆို ခရီးသွားဖို့ ပစ္စည်းပစ္စယ စုံလင်သွားပေ မယ့် ဘယ်အရပ်ကို သွားရမှန်းမသိတဲ့ အနေအထားနဲ့ တူပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခုစတော့မယ်ဆိုရင် အရေးအကြီးဆုံး အနေနဲ့ Business Plan တစ်ခု ရှိထားဖို့ လိုအပ် ပါတယ်။
Ref: entrepreneur.com
YoYarLay

အောင်မြင်သော စွန့်ဦးစီးပွား လုပ်ငန်းရှင်များရဲ့ အရည်အချင်း ၅ ရပ် စာရေးဆရာ Stephen key ဟာ လက်ရှိ ကမ္ဘာမှာအောင်မြင်နေတဲ့ စ...
22/02/2014

အောင်မြင်သော စွန့်ဦးစီးပွား လုပ်ငန်းရှင်များရဲ့ အရည်အချင်း ၅ ရပ်

စာရေးဆရာ Stephen key ဟာ လက်ရှိ ကမ္ဘာမှာအောင်မြင်နေတဲ့ စွန့်ဦးစီးပွားပညာရှင်များ (Entrepreneurs) များကို ပညာသင်ကြားပေး ခဲ့သူ ဖြစ်ပါတယ်။ သူ့အတွေ့အကြုံရ အောင်မြင်သော စွန့်ဦးတီထွင် စီပွားရေးလုပ်ငန်းရှင် များမှာ ရှိတတ်တဲ့ အရည်အချင်း ၅ မျိုးကို ဆောင်း ပါး ရေးသားထားပါတယ်။ ဒါကြောင့် မြန်မာပြည်ကနေ ကြိုးစားနေတဲ့ Entrepreneur များအတွက် အကျိုးရှိမယ့် Entrepreneur များရဲ့  အရည်အချင်း ၅ ရပ် ဆောင်းပါးလေးကို ဆီလျော် သလို ဘာသာပြန် မျှဝေ ပေးလိုက် ရပါတယ်။

၁။ မယိုင်လဲသော စိတ်အားထက်သန်မှု

အောင်မြင်တဲ့ Entrepreneur များရဲ့  Passion လို့ခေါ်တဲ့ စိတ်အားထက် သန် ပြင်းပြမှု/ ဇော ဟာ ဘယ်လိုအကြောင်းမျိုးနဲ့မှ မယိုင်လဲပါဘူ။ ဘယ်နေရာမှာ စိတ်အား ထက်သန်လဲ (Find your Passion) ဆိုပြီး ပြောတော့သာ လွယ်ပါတယ်။ တကယ်တန်း အခက်သား။ တွေ့ပါပြီတဲ့။ အဲ့ဒီ Passion မှာ ကတိသေစ္စာနဲ့ စူးစိုက်နှစ်မြှုပ်မှုက တည်ကြည်နေဖို့ လိုပါသေးတယ်။ အချို့ က ဝါသနာတော့ ပါတယ်။ အကြောင်းအမျိုး မျိုးကြောင့် အခြား အဆင်ပြေရာ တစ်ခုအပေါ် ပြောင်းလဲပြီး စူးစိုက်နှစ်မြှုစ် လိုက်ရ တယ်ဆိုရင်တော့ Entrepreneur တစ်ယောက် ဖြစ် မလာ နိုင်ပါဘူး။ စိတ်နှစ်ခွ ဖြစ်နေတယ်။ သို့တည်းမဟုတ် ကောက်ရိုးမီးလို ခဏတာ ထလောင်တဲ့ စိတ် - ဘယ်ဟာကို ရွေးလို့ရွေးရမှန်း မသိတာ ဆိုရင်လည်း အချိန်ကာလတ တစ်ခုလောက်ယူပြီး လေ့လာ၊ရှာဖွေဖို့ လိုအပ်နေပါသေး တယ်။

၂။ လေ့လာလိုချင်စိတ်များသူ

လူအောက်ကျို့ လို့ မသေဘူးဆိုသလိုပဲပေါ့။ Entrepreneur တစ်ယောက် ဟာ ပတ်ဝန်းကျင်ကနေ သင်ယူလို့ ရတာ အကုန်သင်ယူတယ်။ ပတ်ဝန်းကျင် ကနေ ကောင်းတဲ့ အမူအကျင့်လေးတွေ တွေ့ရင် ကိုယ့်ဆီက အကျင့်ဆိုးကို ပယ်ဖျက်လို့ ခံယူ တတ်တဲ့ သဘာဝလေး ရှိပါတယ်။ အဲဒါကို ရေမြှုပ်နဲ့ ဥပမာ ပေးထားပြီး ပတ်ဝန်းကျင်က ကောင်းတဲ့ အမူအကျင့်နဲ့ ပညာရပ်များကို ရရင်ရသလောက် ဆုပ်ယူဖို့ တိုက်တွန်း ထားပါတယ်။

၃။ ဆရာကျချင်စိတ်

Desire to be Expert ကိုဆိုလိုတာပါ။ လုပ်ငန်းနယ်ပယ် တစ်ခုထဲမှာ အချိန်ကြာကြာလုပ်မိတဲ့ Entrepreneur တစ်ယောက်ဟာ ယင်း လုပ်ငန်းရဲ့  သမိုင်းကြောင်းအထိကိုပါ အတွင်းကျကျ လေ့လာတယ်။ အရာဝတ္ထု ပစ္စည်း တစ်ခု သို့မဟုတ် ပညာရပ် တစ်ခုကို စိတ်ဝင်စားပြီဆိုရင်လည်း ယင်း ပညာရပ်အပေါ် အတွင်းကျကျ လေ့လာချင်စိတ်၊ သိချင်စိတ် ပြင်းထန် တာဟာ Entrepreneur တစ်ယောက်ရဲ့  အမူအကျင့် တစ်ခု ဖြစ်ပါတယ်။ ဒီတော့ အနာဂတ်မှာ ဘယ်လိုဖြစ်လာမယ့် ဆိုတာကိုပါ တွက်ချက်ခန့်မှန်းပြီး ကိုယ့် Plan အတွက်လည်း အကောင်းဆုံး ရေးဆွဲ နိုင်ပါတယ်။ တော်ရုံ အပေါ်ယံလေးပဲ လေ့လာပြီး စွန့်ဦးတီထွင်မှု တစ်ခုပြုလုပ်မယ် ဆိုရင်တော့ မိုက်ရူးရဲမှု တစ်ခုပါပဲ။

၎။ ရှေ့ ရေး ကြည့်တတ်သူ

Entrepreneur တစ်ယောက်ဟာ လက်ရှိ အခြေအနေ လုပ်ဆောင်ချက်မှာပဲ အာရုံစိုက်နေလို့ မပြီးပါဘူး။ ရှေ့ ဆက် ပြီးတော့ ဘယ်လိုလုပ်ရမယ်၊ ဘယ် Target ကို ရောက်အောင်သွားရမယ် အစရှိသဖြင့် Future Plan / Timeline က သေသေချာချာ ရှိနေဖို့လည်း လိုအပ်ပါသေးတယ်။

၅။ အဆက်မပြတ်သော အတွေးအခေါ်သစ်

ကိုယ့်ဆီမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေးအခေါ်အိုင်ဒီယာ တစ်ခု၊ Business Idea တစ်ခု ရှိရုံနဲ့ Entrepreneur တစ်ယောက်ဖြစ်ပြီလို့ လက်မ မထောင်နိုင်သေးပါဘူး။ တကယ်ထူးချွန်ပြီး အောင်မြင်တဲ့ Entreperneur တိုင်းမှာ Idea တွေတစ်ခုပြီးတစ်ခု အဆက်မပြတ် တည်ရှိနေတတ် ပါတယ်။ ဒီအိုင်ဒီယာမရရင် ဘယ်လို အိုင်ဒီယာနဲ့ Plan ကို သုံးမယ်။ ဘယ်လမ်းကြောင်းပြောင်းမယ်။ သို့တည်းမဟုတ် ဒီ စီမံကိန်းပြီးရင် နောက် ထပ် ဘယ် စီမံကိန်းနဲ့ ရှေ့ ဆက်မယ် အစရှိသဖြင့် ပန်းတိုင်တွေ တစ်ခုပြီးတစ်ခု ရှိနေတတ်ပါတယ်။ ဒီတော့ အရာကိစ္စ တစ်ခုထဲကိုပဲ Destination လို့ မသတ်မှတ်ရပါဘူး။ တစ်ခုပြီးတစ်ခု တွေးခေါ် ကြံစည် လုပ်ဆောင် နေရတာကို Life Style တစ်ခုလို့ သတ်မှတ်ထားခြင်းဟာ Entrepreneur ကောင်းတစ်ယောက်ရဲ့  အရည်အချင်း တစ်ခုပဲ ဖြစ်ပါတယ်။
Ref: Entrepreneur.com

အောင်ခမ်း (ရိုးရာလေး)

စီးပွား ကြိုးစားသူများ ရှောင်ရှားရန် ၃ ချက် Grant Cardone လို့အမည်ရတဲ့ စီးပွားရေးဆိုင်ရာ ဆောင်းပါးနဲ့ စာရေးဆရာ ပြောတဲ့ ရ...
22/02/2014

စီးပွား ကြိုးစားသူများ ရှောင်ရှားရန် ၃ ချက်

Grant Cardone လို့အမည်ရတဲ့ စီးပွားရေးဆိုင်ရာ ဆောင်းပါးနဲ့ စာရေးဆရာ ပြောတဲ့ ရန်သူ ၃ မျိုးပါ။ စီးပွားစွန့်ဦးတီထွင် ကြိုးစားနေသူ (Entrepreneur) များအတွက် ရှောင်ရှားရမယ့် ရန်သူ ၃ မျိုး ဖြစ်ပါတယ်။ အဲဒါတွေ ကတော့ -

စိုးရိမ်ပူပန်စိတ်

စိုးရိမ်ပူပန်စိတ်ဟာလည်း အကြီးမားဆုံး ရန်သူ တစ်ခု ဖြစ်ပါတယ်။ အလုပ်ဖိစီးမှု၊ ပြဿနာ မဖြေရှင်းနိုင်မှုက စိုးရိမ်စိတ် ဖြစ်ဖို့ အတွက် ထောက် ပံ့တဲ့ အကြောင်းပြချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် အရာကိစ္စတိုင်းမှာ စိုးရိမ်၊ အပူပင်ကင်းစွာ ဖြေရှင်းနိုင်ခြင်းက ရန်သူ တစ်ပါးကို တိုက်ထုတ်နိုင်ခြင်း ဖြစ်ပါတယ်။

သက်သောက်သင့်သာ ရှိမှု

သက်သောက်သက်သာ ရှိတာက သူ့ဘာသူ ရှိတာပါ။ သို့ပေမယ့် အဲ့ဒီအရာကို ကြိုက်နှစ်သက်ပြီး လိုက်လံ စီးမြောခံစားနေရင် ရန်သူတစ်ပါးကို ရှုံးနိမ့်လိုက်ပါပြီ။ ထိုင်ခုံရာထူး တစ်ခုမှ အေးအေးဆေးဆေး ရှိနေမယ်။ သို့တည်းမဟုတ် လက်ရှိ ဘဝနေထိုင်မှု ပုံစံက ကိုယ့် အတွက် အေးအေးဆေးဆေး ဖြစ်မယ်လို့ သတ်မှတ်ပြီး ရွေးချယ် လိုက်မိပြီ ဆိုရင် ဘယ်အတွေးအခေါ် အိုင်ဒီယာသစ်မှ မထုတ်နိုင်တော့ပါဘူး။ သူငယ်ချင်း မိတ်ဆွေ အရင်းတွေနဲ့ပဲ အချိန်ဖြုန်းနေမယ့်အစား မိတ်ဆွေ အသစ်၊ Customer အသစ်များ ရှာဖွေလို့ ကွန်ရက်ချဲ့  ထွင်တာမျိုးလို့ လုပ်ဖို့ စိတ်အားထက်သန်နေရ ပါမယ်။ သက်သောင့်သက်သာ ရှိတဲ့ အရာတွေကို သာ ရွေးချယ်လုပ်ကိုင်တတ်ခြင်းဟာ Entrepreneur တွေကို ကျရှံးစေခြင်း အကြောင်းတရား တစ်ခုပဲ ဖြစ်ပါတယ်။

ရောင့်ရဲ တင့်တိမ်မှု

ကိုယ်က အရမ်းကြိုးစားနေတယ်။ ဒါကို သိမြင်တဲ့ ကုမ္မဏီတစ်ခုက ကိုယ့်ကို ရာထူးကြီးကြီးနဲ့ ခေါ်လိုက်ပီး သက်လဲ သက်သာတယ်။ လစာ လည်း ကောင်းတယ်။ ရှယ်ပဲဆိုပြီး ရွေးလိုက်တာနဲ့ ဘယ်တော့မှ စီးပွားရေး လုပ်ငန်းရှင် မဖြစ်တော့ပါဘူး။ သူတစ်ပါး ခိုင်းဘက်ဘဝနဲ့ တစ်သက်လုံး နေ သွားရမှာပါ။ဒါကိုလည်း တော်ပါပြီလေလို့ ရောင့်ရဲတတ်မှုကလည်း ရှိပါသေး တယ်။ အချို့ ကျတော့လည်း လုပ်တာတော့ လုပ်လိုက်တယ်။ အခြေအနေ တစ်ခု၊ ပန်းတိုင်တစ်ခုကို ရောက်ပြီးတာနဲ့ အနားယူသင့်ပြီး၊ ရောင့်ရဲ သင့်ပြီလို့ တွေးပြီး နေလိုက်ပြီဆိုရင် complacency က ကိုယ့်ကို တိုက်ခိုက်အောင်မြင်သွားပါပြီ။

ဒီတော့ အနှစ်ချုပ်အားဖြင့် စိုးရိမ်စိတ်၊ သက်သောက်သက်သာနဲ့ ရောင့်ရဲ တတ်စိတ် အစရှိတဲ့ ၃ ချက်က Entrepreneur တို့အတွက် ရန်သူ များဖြစ်တာမို့ ခွန်အားရှိသလောက် တွန်းလှံပြီး တိုက်ခိုက်သွားဖို့ လိုအပ် ပါတယ်။

Ref: Entrepreneur.com
အောင်ခမ်း (ရိုးရာလေး)

သခင်ကို စောင့်ရင်း အသက်စွန့်သွားသူ Hachiko Hachiko အမည်ရ ခွေးကတော့ ကမ္ဘာကျော်ခွေးပဲ ဖြစ်ပါတယ်။ ယင်းခွေးကို အခြေခံလို့ ဂျပ...
22/02/2014

သခင်ကို စောင့်ရင်း အသက်စွန့်သွားသူ Hachiko

Hachiko အမည်ရ ခွေးကတော့ ကမ္ဘာကျော်ခွေးပဲ ဖြစ်ပါတယ်။ ယင်းခွေးကို အခြေခံလို့ ဂျပန်ရုပ်ရှင်၊ ဟောလိဝုဒ်ရုပ်ရှင်များလည်း ရိုက်ကူးခဲ့ပြီး ဖြစ် ပါတယ်။ သခင် သေဆုံးတာ ၉ နှစ်ကြာသွားပေမယ့် ဘူတာမှာ အမြဲ သွားစောင့်နေခဲ့တဲ့ ခွေး ဖြစ်ပါတယ်။

သူ့သခင်ကတော့ ၁၉၂၄ ခုနှစ်ကစလို့ တိုကျိုတက္ကသိုလ်မှ ပရော်ဖက်ဆာ တစ်ဦး ဖြစ်ပြီး နေ့စဉ် ရထားစီးပြီး သွားပါတယ်။ ပြန်လာတိုင်း သူ့ခွေးလေး ဟတ်ချီကို က ဘူတာနား လာလာစောင့်ပြီး ကြိုပါတယ်။ ၁၉၂၅ မေလ မှာတော့ ပရော်ဖက်ဆာဟာ ဦးနှောက်ထဲ သွေးယိုပြီး ကွယ်လွန်ခဲ့ပါတယ်။ ရထားနဲ့တောင် အိမ်ပြန်မလာနိုင်တော့ပါဘူး။ ခွေးလေး ကတော့ သခင် လာမယ် အမှတ်နဲ့ နေ့တိုင်း ဘူတာမှာ လာစောင့်ပါတယ်။

တစ်ရက်ပြီး တစ်ရက်စောင့်ဆိုင်းရင်း ၉ နှစ်ကျော်ကြာ (၁၉၃၅ ခုနှစ်၊ မတ်လ) မှာ သေဆုံးသွားပါတော့တယ်။ အသက် ၁၁ နှစ်အရွယ် မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သခင် ရှိစဉ် တစ်နှစ် လုံး ဘူတာမှာ လာကြိုပြီး သခင် မရှိတော့ပေမယ့်လည်း နောက်ထပ် ၉ နှစ်လုံးလုံး ဘူတာ မှာ လာစောင့်ပါတယ်။ ပုံမှန် ကျောင်းဆင်းချိန်ဆိုရင် ဟတ်ချီကိုကို ဘူတာ မှာ မြင်နေကြပြီ ဖြစ်ပါတယ်။

အနီးဝန်းကျင်လူများက သတိမထားမိပေမယ့် နှစ်တွေကြာလာတော့ မသိသူ မရှိတော့ပါဘူး။ နောက်တော့ သခင်ကို လာလာစောင့်မှန်း လူတိုင်းသိပြီး သနားကြပါတယ်။ ဘယ်သူခေါ်မွေးမွေး မလိုက်ပဲ သခင်ကိုသာ စောင့်ဆိုင်း ခဲ့သူ ဖြစ်ပါတယ်။ တစ်နေ့ Shibuya မြို့  ငယ် လမ်းတစ်နေရာမှာ သေဆုံးနေ တဲ့ ဟတ်ချီကို ကို တွေ့မြင်ခဲ့ပြီး သူ့ရဲ့  သခင့် အပေါ် သစ္စာရှိမှုအတွက် ဂျပန်ပြည်သူ အားလုံး အသိအမှတ်ပြုခဲ့ပါတယ်။

ဒါကြောင့် National Loyalty အထိမ်းအမှတ်တစ်ခုအနေနဲ့ ခွေးကလေး ဟတ်ချီကို ကို ဂုဏ်ပြုခဲ့ပြီး ယနေ့တိုင် ဂျပန်တို့ အမြတ်တနိုးထားပါတယ်။ အုတ်ဂူ သီးသန့်ပြုလုပ်ထားပေးပြီး ပြတိုက်မှာလည်း ဖယောင်းရုပ်တု ပြုလုပ် ထားပေးပါတယ်။

ဟတ်ချီကိုရဲ့  သခင့်အပေါ် သစ္စာရှိမှုကို စံပြတစ်ခုအနေနဲ့ ဂျပန်မှာ ယနေ့တိုင် အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။
--
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

Address

No. 339, Kyaik Ka San Road

Telephone

0979558266

Alerts

Be the first to know and let us send you an email when Global Web Linked posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Global Web Linked:

  • Want your business to be the top-listed Computer & Electronics Service?

Share