KIT Computer Training Centre

  • Home
  • KIT Computer Training Centre

KIT Computer Training Centre K IT COMPUTER TRAINING CENTRE & COMPUTER ,NETWORK ,CCTV INSTALL SERVICE

11လပိုင်းအတွက် တန်းခွဲအသစ်တွေ လက်ခံနေပါပြီခင်ဗျာ။လုပ်ငန်းခွင်သုံး Computer I office 2019 CourseK IT COMPUTER TRAINING CE...
29/10/2026

11လပိုင်းအတွက် တန်းခွဲအသစ်တွေ လက်ခံနေပါပြီခင်ဗျာ။
လုပ်ငန်းခွင်သုံး Computer I office 2019 Course
K IT COMPUTER TRAINING CENTRE တစ်ဦးချင်း အတတ်သင် စနစ် နဲ့ အာမခံ သင်ကြားပေးပါမည်။
လုပ်ငန်းခွင်သုံး Computer I office 2019 Course
သင်တန်းကြေး ၁သိန်း၅သောင်းကျပ်
သင်တန်းချိန်
👉 7:00 AM – 9:00 AM
👉 9:00 AM – 11:00 AM
👉 11:00 AM – 1:00 PM
👉 1:00 PM – 3:00 PM
👉 3:00 PM – 5:00 PM
👉 5:00 PM – 7:00 PM
👉 6:00 PM – 8:00 PM
သင်တန်းရက် တနင်္လာ,အင်္ဂါ, ဗုဒ္ဓဟူး
စနေ,တနင်္ဂနွေ
ကြာချိန်. 2 Month
ဘာတွေသင်ကြားမှာလဲ ?
1. Introduction To Computer System
2. Microsoft Office Word
(ရုံးလုပ်ငန်းများတွင် ရုံစာရေးသားခြင်း၊
eng လက်ကွက်၊ မြန်မာလက်ကွက် Pyidaungsu နှစ်မျိုးလုံးသင်ပါသည်။
3. Microsoft Office Excel
(စာရင်းဇယားကွက်များ ရေးဆွဲခြင်း၊ ပေါင်းနုတ်မြှောက်စား % ပြုလုပ်နည်းများ
4. Microsoft Office Power point
(ရုံးလုပ်ငန်းများအတွက် Slide Show ပြုလုပ်ပုံ)
5. Window 10 & Window 11 အသုံးပြုနည်း။
6. Internet & Email
7. Using WAR
8. Using PDF
9. Using Memory Stick
10. သင်တန်းဆင်းလက်မှတ် + စာအုပ် ပေးပါသည်။
သင်တန်းစုံစမ်းရန်
KIT Computer Training Centre
နေရာ-ကျောက်မြောင်းစျေးမှတ်တိုင် တိုက် ၂၄၂ ပထမထပ် တာမွေမြို့နယ်
09-448548490 / 09-680548490 /09-254905467

24/10/2026

‎နည်းပညာခေတ်ကြီးထဲမှာ Computer Science
အခြေခံသဘောတရားတွေကို နားလည်ထားတာက
IT သမားတစ်ယောက်အတွက်အခြေခံ အုပ်မြစ်ပဲဖြစ်ပါတယ်။
Programming တွေပဲလုပ်လုပ်,System တွေပဲ
တည်ဆောက် တည်ဆောက် Computer Science ရဲ့
သဘောတရားတွေကို နားလည်ထားတာ က
လုံးဝအရေးကြီးဆုံးအချက်တစ်ခုပဲ ဖြစ်ပါတယ်။
‎
‎အထူးသဖြင့်UK IGCSE ဖြေမယ့်သူတွေ Japan ITPEC IPနဲ့
FE ဖြေ ဆိုမယ့်သူတွေအပြင် ကွန်ပျူတာ တက္ကသိုလ်
ကျောင်းသားတွေအနေနဲ့ လည်း အခြေခံကနေစပြီးတော့
နက်နက်ရှို င်းရှိုင်းလေ့လာသင့်တာပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့IT career ကိုရေရှည် အတွက်ခိုင်မာအောင်
တည်ဆောက်ချင် တယ်ဆိုလို့ရှိရင်တော့
Computer Science သဘောတရားကို သေသေချာချာလေး
လေ့လာထားဖို့အတွက်အကြံပြုချင်ပါတယ်ရှင်။
ဆရာဝေဖြိုးအောင်ရေးသားထားတဲ့ ဒီ စာအုပ်မှာ ဆိုလို့ရှိရင်
‎စာမျက်နှာ 550 တောင်ပါတဲ့ အပြင်သီအိုရီ
တွေကောလက်တွေ့တွေကိုပေါ့‎လက်တွေ့တွေကိုရောပါ
စနစ်တကျခွဲခြမ်း စိတ်ပြပြီးတော့ အသေးစိတ်ရှင်းပြထား
တဲ့အပြင်DVD လည်းတစ်ချက်ပါပါသေးတယ်ရှင်။
computer Science စာအုပ်မှာကွန်ပျူတာသမား
တစ်ယောက်အတွက်မဖြစ်မနေသိရှိထားရမည့်
အကြောင်းအရာတွေ အားလုံးပါဝင်ပါတယ်။
ဒီစာအုပ်မှာ Computer Science အကြောင်းအရာ
တွေကို UK IGCSE Edexcel CS စာအုပ်ကို
မှီငြမ်းထားပြီး သင်ကြားပို့ချထားပါတယ်။ ဒါကြောင့်
IGCSE CS ကျောင်းသား/သူတွေအတွက်သာမက
Japan ITPEC IP, FE ကျောင်းသား/သူများ
ကွန်ပျူတာ၊ နည်းပညာတက္ကသိုလ်မှ
ကျောင်းသား/သူများအတွက်ပါ လေ့လာသင်ယူ
ရမည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။
Computer Science စာအုပ်ထဲမှာ Programming
Language ဘာသာရပ်ကို Python, Java, C # နှင့်
သင်ပေးထားပြီး Data Structure and Algorithm,
System Hardware A+, Networking, Database,
Security, Cloud Computing, AI စတဲ့
Computer Science နဲ့ ပတ်သက်တဲ့ အကြောင်းအရာ
အစုံ၊ အခြေခံကျကျကို စာအုပ်သာမက၊ ဗီဒီယိုဖိုင်များ
ဖြင့်ပါ လေ့လာသင်ယူရပါမည်။
လူငယ်တွေအနေနဲ့ ကွန်ပျူတာအိုင်တီနည်းပညာ
အသုံးချပြီး ဘဝအောင်မြင်ရေးအတွက် ကြိုးစားမယ်
ဆိုရင် Computer Science ဘာသာရပ်ကို မဖြစ်မနေ
လေ့လာသင်ယူသင့်ပါတယ်။ Computer Science
ဘာသာရပ်မှာ ကွန်ပျူတာသမားတစ်ယောက်အတွက်
မဖြစ်မနေ မဖြစ်မနေသိရှိထားရမည့် အကြောင်းအရာ
တွေအားလုံး ပါဝင်ပါတယ်။ ဒီစာအုပ်မှာ Computer Science
အကြောင်းအရာတွေကို UK IGCSE Edexcel CS စာအုပ်
ကို မှီငြမ်းထားပြီး သင်ကြားပို့ချထားပါတယ်။
ဒါ့ကြောင့် IGCSE CS ကျောင်းသား/သူတွေအတွက်
သာမက Japan ITPEC IP, FE ကျောင်းသား/သူများ
အတွက်ပါ လေ့လာသင်ယူရမည့် စာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်မှာ Unit အခန်းကြီး (၆) ခု၊
အခန်းငယ် Chapter (၂၉) ခု နဲ့
လေ့လာသင်ယူရပါမယ်။ ....
Unit 1 Problem Solving
Unit 2 Programming
Unit 3 Data
Unit 4 Computers
Unit 5 Communication and the Internet
Unit 6 The Bigger Piecture
Computer Science
ဖုန်း - 09 262 873 002

11လပိုင်းအတွက် တန်းခွဲအသစ်တွေ လက်ခံနေပါပြီခင်ဗျာ။ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုလိုသူများအတွက် အောက်ပါသင်တန...
21/10/2026

11လပိုင်းအတွက် တန်းခွဲအသစ်တွေ လက်ခံနေပါပြီခင်ဗျာ။
ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုလိုသူများအတွက် အောက်ပါသင်တန်းများကို ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ဖွင့်လှစ်သင်ကြားပေးနေပါသည်။
K IT Computer Training Centre တွင် တက်ရောက် နိုင်သော သင်တန်းများ
👉 Hardware နဲ့ Network ပညာရပ် များအတွက် COMPUTER SERVICE TECHNICIAN COURSE
👉Graphic DESIGNER အဖြစ်ရပ်တည်နိုင်ဖို့ Graphic Design Course
👉 Excel ကို Professional အဖြစ် ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့ Advanced Excel For HR & Accounting Course
👉 ရုံးဝန်ထမ်းများအတွက် i office 2019 Course
👉Laptop Motherboard ပြုပြင်သင်တန်း
ဒါကြောင့် တန်းဖိုးရှိတဲ့ အချိန်တွေအတွက် ထိရောက်တဲ့ သင်ကြားမှုတွေပေးစွမ်းမဲ့
ကွန်ပျူတာ ပညာရပ်များကို K IT COMPUTER TRAINING CENTRE တွင်လေ့လာသင်ယူလိုက်ပါ။🫶🫶🫶
on, Tue, Wed, Thur>> 7:00 AM - 9:00 AM
9:00 AM - 11:00 AM
11:00 AM - 1:00 PM
1 :00 PM - 3:00 PM
3 :00 PM - 5 :00PM
5:00 PM - 7:00 PM
6:00 PM - 7:30 PM
Sat, Sun >> 9:00 AM - 12:00 PMM
1 :00 PM - 4:00 PM
* တစ်ဦးချင်းသင်တန်းချိန်ညှိနှိုင်းသင်ကြားလို့လည်းရပါတယ်ခင်ဗျာ....
ဆက်သွယ်ရန်ဖုန်း 09-448548490/ 09254905467

Advance Data Analytics Power Bi For MBA----------------------------------------------Power BI က  ခန့်မှန်းခြေတွေနဲ့စီးပွ...
19/10/2026

Advance Data Analytics Power Bi For MBA
----------------------------------------------
Power BI က ခန့်မှန်းခြေတွေနဲ့စီးပွားရေးမလုပ်ပါနဲ့
​လုပ်ငန်းရဲ့ ဘဏ္ဍာရေး ကျန်းမာရေးကို စစ်ဆေးတတ်စေမယ်။
မျက်စိမှိတ် ဆုံးဖြတ်ချက် မချရအောင် ကိန်းဂဏန်းအထောက်
အထားပြပေးမယ့် CEO Executive Toolkit"
​"မင်းရဲ့ စီးပွားရေး ဆုံးဖြတ်ချက်တွေကို 'ထင်ရာဆိုင်း'
မဟုတ်ဘဲ 'ကိန်းဂဏန်း (Data)' နဲ့ ချနိုင်ပြီလား?"
​အောင်မြင်တဲ့ စီမံခန့်ခွဲသူတစ်ယောက် ဖြစ်ဖို့ဆိုတာ
စာရင်းဇယားတွေကို တိတိကျကျ ဖတ်တတ်ရုံတင်မကပါဘူး။
အဲဒီ စာရင်းတွေကနေ ဘာကို သတိပေးနေသလဲဆိုတာ
Dashboards တွေနဲ့ သိုင်းဝိုင်းကြည့်တတ်ဖို့ လိုပါတယ်။
​လုပ်ငန်းရဲ့ ဘဏ္ဍာရေး ကျန်းမာရေးကို စစ်ဆေးတတ်စေမယ်။
​ပရောဂျက်တစ်ခုမှာ အမြတ်/အရှုံး ဘယ်လောက် ထွက်မလဲ
ကြိုတင်တွက်ချက်နိုင်မယ်။​ Power BI Visuals တွေနဲ့
လုပ်ငန်းအခြေအနေကို ရှင်းရှင်းလင်းလင်း ကြည့်နိုင်မယ်။​
ခန့်မှန်းခြေတွေနဲ့ စီးပွားရေးမလုပ်ပါနဲ့တော့
ဒေတာအခြေခံ သုံးသပ်နိုင်တဲ့ Leader တစ်ယောက်
ဖြစ်လာဖို့ လေ့လာလိုက်ပါ
Power BI လုပ်ငန်းရဲ့ ငွေဝင်ငွေထွက်၊ ဝင်ငွေတိုးတက်မှုကို
Dashboard အလှလေးနဲ့ဒေတာအခြေခံ သုံးသပ်နိုင်မယ်
လုပ်ငန်းရဲ့ဘဏ္ဍာရေးကို စစ်ဆေးတတ်စေမယ်။
ပရောဂျက်တစ်ခုမှာ အမြတ်အရှုံး ထွက်မလဲ
တွက်ချက်နိုင်မယ်
☞ ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေမှာ
ဒေတာ (Data) ဟာ မရှိမဖြစ် အသက်သွေးကြော
တစ်ခု ဖြစ်လာပါပြီ။ အရောင်းအဝယ် ပြုလုပ်မှုတိုင်း၊
ဖောက်သည်တွေနဲ့ ဆက်သွယ်မှုတိုင်း၊ Sensor ကနေ
ဖတ်ယူမှုတိုင်းနဲ့ Digital နည်းပညာ သုံးစွဲမှုတိုင်းကနေ
သတင်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။
ဒီအချက်အလက်တွေကို သေချာစနစ်တကျ
ခွဲခြမ်းစိတ်ဖြာနိုင်မယ်ဆိုရင် ဆုံးဖြတ်ချက်ချမှတ်တဲ့
နေရာတွေမှာ အကြီးအကျယ် ပြောင်းလဲသွားစေနိုင်ပြီး
ပြိုင်ဘက်တွေထက် အသာစီးရစေနိုင်ပါတယ်။
ဒါပေမယ့် ဒေတာအကြမ်း သက်သက်
နဲ့တော့ မလုံလောက်သေးပါဘူး။ တကယ်အရေးပါတဲ့
အချက်အလက် တွေ ထွက်ပေါ်လာဖို့အတွက်
အဲဒီဒေတာတွေကို သန့်စင်ပေးဖို့၊ ဖွဲ့စည်းပုံချပေးဖို့၊
အဓိပ္ပာယ်ဖွင့်ဆိုပေးဖို့နဲ့ ပုံကားချပ်တွေအဖြစ် ပြောင်းလဲ
ပေးနိုင်မယ့် ကျွမ်းကျင် Data Analyst တွေ လိုအပ်ပါတယ်။
ဒီစာအုပ်ကတော့ Data Analytics နယ်ပယ်မှာ အခြေခံအဆင့်
ကနေ ပရော်ဖက်ရှင်နယ်အဆင့်
အထိ တက်လှမ်းနိုင်ဖို့အတွက် ယနေ့ခေတ်မှာ အစွမ်း
အထက်ဆုံး ကိရိယာ ၄ ခုဖြစ်တဲ့ Power BI, Advanced Excel,
Python နဲ့ MySQL တို့ကို အသုံးပြုပြီး ပြီးပြည့်စုံတဲ့ လမ်းညွှန်မှု
ပေးနိုင်ဖို့ ရည်ရွယ်ရေးသားထားတာ ဖြစ်ပါတယ်။. . .📍
☞ စာအုပ်ရဲ့ အစပိုင်းမှာတော့ Data Analytics ရဲ့
အခြေခံအုတ်မြစ်တွေဖြစ်တဲ့ ဒေတာအမျိုးအစားများ
(Data types)အရည်အသွေး (Quality)၊ လုပ်ငန်းစဉ်
သံသရာ (Lifecycle) နဲ့ အခြေခံ စာရင်းအင်းပညာ
(Basic statistics) တွေကို မိတ်ဆက်ပေးထားပါတယ်။
ဒီအခြေခံတွေက စာဖတ်သူတွေကို ဒေတာတွေကို
ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာတင်မကဘဲ၊
ဘာကြောင့် ဒီလိုနည်းလမ်းတွေကို သုံးရတာလဲဆိုတဲ့
အကြောင်းရင်းတွေကိုပါ နားလည်သွားစေမှာပါ။
အဲဒီနောက်မှာတော့ လုပ်ငန်းနယ်ပယ်တိုင်းမှာရှိတဲ့
Analyst တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Excel
ကျွမ်းကျင်မှုအပိုင်းကို ဆက်လက်လေ့လာရမှာဖြစ်ပြီး၊
Advanced functions တွေ၊ PivotTables, Power Query
နဲ့ Power Pivot (DAX) အကြောင်းတွေကို
အသေးစိတ် လွှမ်းခြုံရှင်းပြထားပါတယ်။📍
☞ ဒီစာအုပ်ကို Data Analytics နယ်ပယ်မှာ
အသက်မွေးဝမ်းကျောင်း ပြုချင်တဲ့သူတွေ၊
လက်ရှိ ကျွမ်းကျင်မှုတွေကို ပိုမိုတိုးတက်ချင်
တဲ့ ကျောင်းသား/သူတွေ၊ ပရော်ဖက်ရှင်နယ်
တွေနဲ့ Data Analyst ဖြစ်ချင်သူတွေအတွက်
ရည်ရွယ်ရေးသားထားတာပါ။📍

Entrepreneurship For MBA
------------------------------
🚀 စီးပွားရေးလုပ်ငန်းတစ်ခု တည်ဆောက်ဖို့နဲ့
ရေရှည်ရပ်တည်နိုင်ဖို့အတွက် မရှိမဖြစ် လမ်းပြမြေပုံ
စွန့်ဦးတီထွင်မှု (Entrepreneurship) ဆိုတာ ဖန်တီးနိုင်စွမ်း၊
အခက်အခဲတွေကို ကျော်ဖြတ်နိုင်တဲ့ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့
စနစ်တကျ ဖွဲ့စည်းထားတဲ့ အသိပညာတွေ လိုအပ်တဲ့
ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ 📌
ဒီစာအုပ်ဟာ MBA ကျောင်းသားတွေနဲ့ SME လုပ်ငန်းရှင်
တွေအတွက် လုပ်ငန်းစတင်ချိန်ကစလို့ ရေရှည်တံ့ခိုင်မြဲတဲ့
အထိ လက်တွေ့ကျကျ လမ်းညွှန်ပေးမယ့် A to Z လမ်းပြ
မြေပုံ ဖြစ်ပါတယ်။ 📌
💡 ဒီစာအုပ်ထဲမှာ ဘာတွေပါဝင်လဲ?
လုပ်ငန်း အကြံဉာဏ် ဖော်ထုတ်ခြင်း:
အကြံဉာဏ်တစ်ခုရဲ့ ဖြစ်နိုင်ခြေကို
လေ့လာဆန်းစစ်ခြင်း နဲ့
စီးပွားရေး အစီအစဉ် ရေးဆွဲခြင်း။ စီးပွားရေး အစီအစဉ်
ရေးဆွဲခြင်း: ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ လူစွမ်းအားအရင်းအမြစ်
မဟာဗျူဟာနဲ့ ဒီဂျစ်တယ် စနစ်ဆီ ကူးပြောင်းခြင်း။
ရေရှည် ကြီးထွားမှု စီမံခန့်ခွဲမှု: ရေရှည်တည်တံ့ခိုင်မြဲမှု
၊ ကျင့်ဝတ်နဲ့အညီ စွန့်ဦးတီထွင်ခြင်းအပြင်
AI၊ Blockchain နဲ့ Gig Economy လိုမျိုး အနာဂတ်
ရေစီးကြောင်းများ အတွက် ကြိုတင်
ပြင်ဆင်ခြင်း။ စီးပွားရေး အစီအစဉ်
ရေးဆွဲခြင်း တွေကနေ စတင် လမ်းညွှန်ပေးထားပါတယ်။
စနစ်တကျ စီမံခန့်ခွဲမှု မဟာဗျူဟာများ: ဘဏ္ဍာရေး စီမံခန့်ခွဲမှု
၊ လူစွမ်းအားအရင်းအမြစ် မဟာဗျူဟာများ၊
ဆန်းသစ်တီထွင်မှု နဲ့ ဒီဂျစ်တယ်စနစ်ဆီ
ကူးပြောင်းခြင်း အထိ အသေးစိတ် ခြုံငုံဖော်ပြထားပါတယ်။
ပညာရပ်ဆိုင်ရာ တိကျခိုင်မာမှုနှင့် လက်တွေ့အသုံးချမှု:
အခန်းတစ်ခန်းချင်းစီတိုင်းမှာ ပညာရပ်ဆိုင်ရာ တိကျခိုင်မာမှု
တွေကို လက်တွေ့ကျတဲ့ ထိုးထွင်းသိမြင်မှုတွေ နဲ့
ပေါင်းစပ်ပေးထားပြီး၊ ကမ္ဘာလုံးဆိုင်ရာ ဖြစ်ရပ်မှန်
လေ့လာချက်တွေနဲ့အတူ မြန်မာနိုင်ငံရဲ့ မြေပြင်
အခြေအနေ၊ လုပ်ငန်းသဘာဝတွေနဲ့ ကိုက်ညီမယ့်
လက်တွေ့အခြေအနေ (Myanmar-specific contexts)
များကိုပါ ထည့်သွင်း ပေါင်းစပ်ရေးသားထားပါတယ်။📌
📊 စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့အတွက်
လမ်းညွှန်စာအုပ်သက်သက် မဟုတ်ပါဘူး။
အောင်မြင်ကြီးထွားပြီး၊ ခေတ်နဲ့အညီ ပြောင်းလဲနိုင်စွမ်း
ရှိကာ၊ လူ့အဖွဲ့အစည်းအတွက် အဓိပ္ပာယ်ရှိရှိ အကျိုးပြု
နိုင်မယ့် စီးပွားရေးလုပ်ငန်းတွေ တည်ဆောက်ဖို့အတွက်
ပြည့်စုံလှတဲ့ လမ်းပြမြေပုံ (Comprehensive roadmap)
တစ်ခုပဲ ဖြစ်ပါတယ်။ 📌
📊 စွန့်ဦးတီထွင်မှု (Entrepreneurship) ဆိုတာ
အနုပညာတစ်ရပ် (Art) ဖြစ်သလို၊ သိပ္ပံပညာရပ်
(Science) တစ်ခုလည်း ဖြစ်ပါတယ်။ ဒါဟာ
ဖန်တီးနိုင်စွမ်း (Creativity)၊ အခက်အခဲတွေကို
ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ ကြံ့ကြံ့ခံနိုင်စွမ်း
(Resilience) နဲ့ စနစ်တကျ ဖွဲစည်းထားတဲ့
အသိပညာ (Structured knowledge) တွေ
အများကြီး လိုအပ်တဲ့ ကြိုးပမ်းအားထုတ်မှု
တစ်ခုပါ။ ဒီစာအုပ်ကို MBA ကျောင်းသားတွေနဲ့
အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်
(SME owners) တွေအတွက် အဓိက ရည်ရွယ်
ရေးသားထားတာ ဖြစ်ပြီး၊ စွန့်ဦးတီထွင်မှု လက်တွေ့
လုပ်ငန်းခွင်ရဲ့ ကဏ္ဍစုံကို လမ်းညွှန်ပေးသွားမှာပါ။ . … 📌

Management For MBA
-------------------------
📈စီးပွားရေးစီမံခန့်ခွဲမှု - ကမ္ဘာလုံးဆိုင်ရာ သီအိုရီများ
မှသည် ဒေသတွင်း လက်တွေ့အသုံးချမှုဆီသို့ 📌
📈စီမံခန့်ခွဲမှု (Management) ဆိုတာရဲ့ အသည်းနှလုံး
အစစ်အမှန်ကတော့ လူသားတွေ အားလုံး တူညီတဲ့
ရည်မှန်းချက် ပန်းတိုင်တစ်ခုဆီကို အတူတကွပူးပေါင်း
လုပ်ဆောင်နိုင်အောင် ပံ့ပိုးပေးတဲ့အနုပညာနဲ့သိပ္ပံပညာ
တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါဟာ တစ်ဦးတစ်ယောက်ချင်းစီ
ရဲ့ကြိုးစားအားထုတ်မှုတွေကို စုပေါင်း အောင်မြင်မှုအဖြစ်
ပြောင်းလဲပေးတဲ့၊ ရှားပါးတဲ့ အရင်းအမြစ်တွေကို
ရေရှည်တည်တံ့တဲ့ တန်ဖိုးတွေအဖြစ်ပြောင်းလဲပေးတဲ့၊
ပြီးတော့ ကျွန်တော်တို့ရဲ့ စီးပွားရေးနဲ့ လူမှုရေး ဘဝတွေ
ကို ခြုံငုံထားတဲ့ အကြီး၊ အသေး အဖွဲ့အစည်း မျိုးစုံကို
ပုံဖော်ပေးတဲ့ဘာသာရပ်တစ်ခုပါ။ လူစွမ်းအားအရင်းအမြစ်
(HR) လက်တွေ့အသုံးချမှု ဆိုတာကတော့ စီမံခန့်ခွဲမှုရဲ့
အနက်ရှိုင်းဆုံး လူသားဆန်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊
အဖွဲ့အစည်းရဲ့ အောင်မြင်မှု အားလုံးကို ဖန်တီးပေးမယ့်
လူတွေကို ဆွဲဆောင်တာ၊ ပြုစုပျိုးထောင်တာ၊ စိတ်ဓာတ်
ခွန်အားပေးတာနဲ့ စောင့်ရှောက်ပေးတာတွေကို လုပ်ဆောင်
ရတဲ့ အနုပညာတစ်ရပ် ဖြစ်ပါတယ်။ စီမံခန့်ခွဲမှုနဲ့ HR
လက်တွေ့ ကျင့်သုံးမှု နှစ်ခု ပေါင်းစပ်လိုက်တဲ့အခါ၊
နိုင်ငံပေါင်း ရာချီပြီး လုပ်ငန်းလည်ပတ်နေတဲ့
နိုင်ငံတကာ ကော်ပိုရေးရှင်းကြီး (MNC) ပဲဖြစ်ဖြစ်၊
ရပ်ကွက်လေးတစ်ခုထဲမှာ ဖွင့်ထားတဲ့ မိသားစုပိုင်
ဆိုင်လေးပဲဖြစ်ဖြစ်၊ ဘယ်လို အောင်မြင်တဲ့ စီးပွားရေး
လုပ်ငန်း မျိုးအတွက်မဆို မရှိမဖြစ် လိုအပ်တဲ့
အခိုင်မာဆုံး အုတ်မြစ်ကြီး ဖြစ်လာပါတော့တယ်။ 📌
📈ဒီစာအုပ်ကို စီမံခန့်ခွဲမှုနဲ့ HR လက်တွေ့ကျင့်သုံးမှုတို့ရဲ့
မရှိမဖြစ် အရေးပါတဲ့ မဏ္ဍိုင်ကြီးတွေကို ပြည့်ပြည့်စုံစုံ၊
အချိတ်အဆက်မိမိနဲ့ အလွန် လက်တွေ့ကျကျ
လေ့လာနိုင်မယ့် ခရီးစဉ်တစ်ခုအဖြစ် ဖန်တီး
ရေးသားထားပါတယ်။
📈ဒီစာအုပ်ရဲ့ အဓိက ယူချက်ကတော့
“စီမံခန့်ခွဲမှု အသိပညာဆိုတာ နားလည်ရခက်တဲ့
စာတွေ့ သီအိုရီ သက်သက် ဖြစ်နေရင် တန်ဖိုးမရှိပါဘူး။
အဲဒီ သီအိုရီတွေကို တကယ့် မန်နေဂျာတွေ နေ့စဉ်
ရင်ဆိုင်နေရတဲ့ ကန့်သတ်ချက်တွေ၊ အကျိုးဆက်တွေ
ရှိနေတဲ့ တကယ့် လက်တွေ့ လုပ်ငန်းခွင် အခြေအနေတွေနဲ့
ကိုက်ညီအောင် ဘာသာပြန်၊ ပြုပြင်မွမ်းမံပြီး လက်ကွေ့
အသုံးချနိုင်မှသာ အစစ်အမှန် တန်ဖိုးရှိတာပါ“
ဆိုတာပဲ ဖြစ်ပါတယ်။. . . 📌

Managerial Accounting For MBA
------------------------------------
စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ MBA ကျောင်းသားတွေရဲ့
အဓိက နာကျင်မှုအချက် (Pain point) ဖြစ်တဲ့
အမြတ်အစွန်းဆုံးရှုံးမှုနဲ့ ဆုံးဖြတ်ချက်မှားယောင်မှု
တွေကို ဦးတည်ပြီး လူစိတ်ဝင်စားမှု မြင့်တက်စေမယ့်
🚨 "လုပ်ငန်းက အရောင်းတွေအရမ်းကောင်းနေပေမယ့်
စာရင်းချုပ်လိုက်တဲ့အခါ အမြတ်ငွေက
ဘာလို့ ပျောက်နေတာလဲ?"
ဒီလို မေးခွန်းမျိုး သင့်ကိုယ်သင် မေးဖူးပါသလား? 🤔
လုပ်ငန်းတစ်ခုကို ကြီးကြီးမားမား အောင်မြင်အောင်
တည်ဆောက်ဖို့ဆိုတာ ကိန်းဂဏန်းတွေကို စုစည်းတွက်ချက်
နေရုံနဲ့ မလုံလောက်ပါဘူး။ ဘယ်အချိန်မှာ အသုံးစရိတ်တွေကို
ထိန်းချုပ်ရမလဲ၊ ဘယ်ရင်းနှီးမြှုပ်နှံမှုက ရေရှည်မှာ အမြတ်အစွန်း
အများဆုံး ပေးစွမ်းနိုင်မလဲဆိုတာကို "ဆုံးဖြတ်ချက်ချမှတ်ခြင်း
ဆိုင်ရာ ဘာသာစကား (Language of decision-making)" နဲ့
အတိအကျ တွက်ချက်တတ်ဖို့ လိုပါတယ်။
ပြင်ပလူတွေအတွက် အစီရင်ခံရတဲ့ Financial Accounting
သက်သက်နဲ့ တင်မလုံလောက်တော့ဘဲ၊ လုပ်ငန်းရဲ့ အတွင်းပိုင်း
ကို ထွင်းဖောက်မြင်နိုင်ပြီး အနာဂတ်အတွက် ကြိုတင်
မဟာဗျူဟာဆွဲနိုင်ဖို့ဆိုရင် စာအုပ်က
သင့်အတွက် မရှိမဖြစ် လက်နက်တစ်ခု ဖြစ်လာပါလိမ့်မယ်။
📚 ဒီစာအုပ်မှာ ဘာတွေထူးခြားလဲ?
🎯 Decision Relevance (ဆုံးဖြတ်ချက်နဲ့ သက်ဆိုင်မှု):
လုပ်ငန်းခွင်မှာ နေ့စဉ်ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို
လက်တွေ့ဖြေရှင်းနိုင်မယ့် Contribution Margin၊
Capital budgeting နဲ့ Activity-based costing
တို့ကို လက်တွေ့ကျကျ ရှင်းပြထားပါတယ်။
📈 Future-Proof Skills: ရေရှည်တည်တံ့ခိုင်မြဲရေး
(Sustainability) နဲ့ ခေတ်မီနည်းပညာ
အခန်းကဏ္ဍများကိုပါ ပေါင်းစပ်ထည့်
သွင်းပေးထားပါတယ်။
📊 ဒီစာအုပ်လေးဟာ ကမ္ဘာနှစ်ခုကိုပေါင်းကူးဆက်သွယ်
ပေးမယ့် တံတားတစ်ပိုင်း ဖြစ်ပါတယ်။
အသေးစားနဲ့ အလတ်စား
စီးပွားရေးလုပ်ငန်း (SMEs) ပိုင်ရှင်တွေ နေ့စဉ်နဲ့အမျှ
ရင်ဆိုင်နေရတဲ့ လက်တွေ့ဘဝ အခက်အခဲ ပြဿနာတွေ
ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေလည်း ပါဝင်ပါတယ်။
သီအိုရီ သဘောတရားတွေကို လက်တွေ့အသုံးချမှုတွေနဲ့
အချိတ်အဆက်မိမိ ပေါင်းစပ်ထားတဲ့အတွက်၊ အဆင့်တိုင်း
မှာရှိတဲ့ မန်နေဂျာတွေနဲ့ လုပ်ငန်းရှင်တွေအတွက် ပြည့်စုံ
လုံလောက်တဲ့ လက်နက်ကိရိယာအစုံအလင်
ကိုပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။

Leadership For MBA
-----------------------
အသင်းအဖွဲ့ ကိုင်ရခက်နေရင် 👉 Leadership စာအုပ် ကို
အသုံးချပါ။​ Leadership: အသင်းအဖွဲ့ကို စိတ်ဓာတ်မြှင့်တင်ပြီး
Target တွေဆီ လမ်းပြနိုင်မယ်။
ခေါင်းဆောင် ကောင်းတစ်ယောက်က
လမ်းပြနိုင်တယ်ဆိုရင် အောင်မြင်မှုက အများကြီး
ကိုမြင့်တက်သွားတာပေါ့နော်
စီးပွားရေးလောကမှာ လိုအပ်တဲ့
ခေါင်းဆောင်မှုပုံစံ ဆုံးဖြတ်ချက်တွေ ခိုင်ခိုင်မာမာ
ဘယ်လိုချမှတ်မတုံး၊ ဝန်ထမ်းတွေ စိတ်ဓာတ်ခွန်အား
Motivation ဘယ်လိုပေးမတုန်း . . . ❓
ခေါင်းဆောင်မှု အရည်အချင်းကို ဘယ်လိုမြှင့်မလဲ?
အကြပ်အတည်းတွေ ကြားထဲမှာ ကိုယ်ရဲ့ လူမှုဘဝကိုရော၊
စီးပွားရေးလုပ်ငန်းမှာရော၊ အောင်မြင်ချင်တယ်ဆိုရင်တော့
မဖြစ်မနေ သိရမှာကတော့ Leadership ဘာသာရပ်ကို
လေ့လာရပါ့မယ်။ Leadership ဘာသာရပ်ကိုကျွမ်းကျင်ရင်
ကိုယ့်ရဲ့နောက်လိုက်တွေကို ကိုယ်နဲ့အတူ ရည်မှန်းချက်တွေကို
ပုံဖော်ဖို့အတွက် အများကြီး ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။
💯 သင့်ရဲ့လုပ်ငန်းမှာဝန်ထမ်းတွေကို ယုံကြည်မှုမရှိဘဲနဲ့
အရာရာမှာလိုက်ပြီးထိန်းချုပ်နေမယ် အရာရာတိုင်းမှာ
ကိုယ်ကဝင်ပါနေမယ်ဆိုလို့ရှိရင် သင်မရှိတဲ့နေ့
လုပ်ငန်းတစ်ခုလုံးက ပျက်စီးသွားမှာမျိုးပဲ
ခေါင်းဆောင်ကောင်းဆိုတာက လုပ်ငန်းတိုင်းမှာ
အရာရာတိုင်းမှာ ကိုယ်ကဝင်ပါနေ တာမျိုးမဟုတ်ဘူး။
‎💯 ကိုယ့်ရဲ့ လက်အောက်ငယ်သား ဝန်ထမ်းတွေကို
ကိုယ့်ထက်ပိုပြီးတော့ တော်လာအောင် ကိုယ့်ရဲ့
ခြေရာကိုလိုက်ပြီးတော့ နင်းနိုင်အောင်လို့
မြေတောင်မြှောက်ပေးတာမျိုးကိုမှ တကယ့်
ခေါင်းဆောင်ကောင်း လို့ခေါ်ပါတယ်။ ‼️
‎💯 ဝန်ထမ်းတွေအလုပ်မကြိုးစားတာ
‎အလုပ်ကနေထွက်ကုန်တာက လစာမကောင်းလို့
မဟုတ်ပါဘူး‎။ သူတို့ရဲ့ခေါင်းဆောင်ကအုပ်ချုပ်မှုပိုင်းမှာ
ညံ့ဖျင်းနေလို့ဖြစ်ပါတယ်။ ‼️
‎💯 တကယ့်ခေါင်းဆောင်မျိုးဆိုတာကကျတော့
‎အမိန့်ပေးနေတာမျိုးပဲမဟုတ်ဘူး။ အတူတူ ကြိုးစားပြီးတော့
စနစ်တစ်ခုကို ‎သင်ပေးတည်ဆောက်တာမျိုးဖြစ်ပါတယ်။ ‼️
‎💯 ‎သင်တို့ရဲ့လုပ်ငန်းမှာပေါ့နော်‎ဒီထက်ပိုပြီးတော့မှ
ဝန်ထမ်းတွေလည်းမြဲ ချင်တယ် လုပ်ငန်းကလည်း
ရေရှည်အကျိုးအမြတ်တွေပိုပြီးရချင်တယ်
SME လုပ်ငန်းရှင် တွေအတွက်
‎သင်တို့ရဲ့လုပ်ငန်းမှာ ဒီထက်ပိုပြီးတော့မှ
ဝန်ထမ်းတွေလည်းမြဲ ချင်တယ် လုပ်ငန်းကလည်း
ရေရှည်အကျိုးအမြတ်တွေပိုပြီးရချင်တယ်ဆိုဒီစာအုပ်လေးကို
သေချာလေး လေ့လာထားဖို့လိုအပ်တယ်။
💯 တကယ်တော့ဝန်ထမ်းတွေ စိတ်ဓာတ်ကျတာ
အလုပ်ကနေ ထွက်သွားတာမျိုးတွေက
ကြိုတင်ကာကွယ်လို့ရတဲ့ အရာတွေပါ။
‎💯 မင်းမှာစက်ပစ္စည်းအသစ်တွေ‎၊ အဆောက်အဦးအသစ်တွေ
ဘယ်လောက်ပဲရှိရှိ၊ အဲ့ဒီစက်ကိုမောင်းနှင်မယ့်သူတွေက
သူတို့ရဲ့ခေါင်းဆောင်ကို ယုံကြည်မှုမရှိတော့ဘူးဆိုလို့ရှိရင်
အဲ့ဒီစက်ရုံက ညတွင်း ချင်းရပ်သွားမှာပဲ၊ . . . ‼️
‎💯 တကယ့်ခေါင်းဆောင်ကောင်းတစ် ယောက်ဆိုတာက
အခက်အခဲဖြစ်မှ ပြဿနာကိုလာပြီး ဖြေရှင်းပေးတာမျိုး
မဟုတ်ဘဲနဲ့ အခက်အခဲတွေမကြုံလာအောင်နဲ့
မကြုံခင် အခြေအနေမျိုးတွေမှာ အရာအားလုံး
ကိုပေါ့နော် ready ဖြစ်နေအောင်လို့
နည်းစနစ်ကျသွားအောင်လို့ပေါ့နော် System တစ်ခုကို
သေသေချာချာလေး တည်ဆောက်ထားတာမျိုးကိုမှ
တကယ့်ခေါင်းဆောင်မျိုးဆိုတာကကျတော့
‎အမိန့်ပေးနေတာမျိုးပဲမဟုတ်ဘူး။ အတူတူ ကြိုးစားပြီးတော့
စနစ်တစ်ခုကို ‎သင်ပေးတည်ဆောက်တာမျိုးဖြစ်ပါတယ် ‼️

Marketing For MBA
----------------------
ရောင်းအားကျနေရင် 👉 Marketing စာအုပ်ကို ကြည့်ပါ။
ဩဇာရှိတဲ့ Brand ဖြစ်အောင်
ဈေးကွက်ကို ထိုးဖောက်နိုင်မယ်။
ဈေးကွက်ကို ဘယ်လို ထိုးဖောက်မလဲ?
ဒီဘက်ခေတ်တွေမှာ ကိုယ့်လုပ်ငန်း၊ ကိုယ့် Product တွေဟာ
ဘယ်လောက်ဘဲကောင်းကောင်း ဝယ်သုံးချင်မှ ဝယ်သုံးမှာ။
လူတွေက တွေးကြတယ်ပေါ့နော်။ ငါ့ပစ္စည်း၊ ငါ့ Product က
ငါ့ Service က ကောင်းတာဘဲ လူတွေလာကြမှာဘဲ။
ခုခေတ်က အဲလိုမဟုတ်တော့ပါဘူး။ ကိုယ့် Product၊ ကိုယ့် Service
ကောင်းကြောင်းကို လူတွေသိအောင်ပြောပြဖို့လည်း လိုအပ်ပါတယ်။
စီးပွားရေးစီမံခန့်ခွဲမှုမှာ ဘောလုံးစကားပြောမယ်ဆိုရင်
တိုက်စစ်ပေါ့နော်။ စီးပွားရေးစကားနဲ့ပြောမယ် Marketing၊
Audience တွေရှာဖွေတဲ့နည်းတွေ
Brand Position တွေတည်ဆောက်ပုံ
ပြိုင်ဘက်ကိုအသာစီးရယူနိုင်မယ့်
4P ကနေ 7P ဒီနည်း တွေကို ရေးသားထားတယ်ပေါ့။
🎯 လမ်းဘေးမှာ ဝယ်ကြပါအုံး ဆိုပြီးတော့ စပီကာကြီးနဲ့
အော်နေတဲ့သူတွေ့ရင် ဂရုမစိုက်ဘဲနဲ့ ကျော်သွားကြတယ်မလား ❓
ဒါပေမယ့် မင်းလိုအပ်နေတဲ့ပစ္စည်း လိုချင်နေတဲ့ပစ္စည်းကို
ဘာစကား တစ်ခွန်းမှ မပြောဘဲ အေးအေးဆေးဆေးဘဲ
မင်းကိုအဆင့်တန်းရှိရှိ အဆင့်မြင့်မြင့်လေးနဲ့
ရောင်းချသွားမယ်ဆိုရင်ရော၊ မဝယ်ဘဲနေမှာလား ❓
Ai Marketing ဆိုတာက အော်ရောင်းတာမဟုတ်ဘူး။ … 📌
🎯 ဖောက်သည်ရဲ့ ဝယ်လိုအားကို ကိုယ်ကထိန်းချုပ်လိုက်ပြီး
တော့မှ သူလိုချင်နေတဲ့ အချိန် ကွက်တိရောက်သွားအောင်လို့
ကိုယ့်ကြော်ငြာကို ပို့ပေးလိုက်တာ။ အဲ့တော့ လူတွေက
ဘာထင်သွားမလဲဆိုတော့၊ ဒါငါကြော်ငြာခံနေရတယ်မှန်းတောင်
သူတို့ကိုယ်သူတို့ မသိတော့ဘူး။ သူတို့လိုချင်လို့ သူတို့စိတ်နဲ့သူတို့၊
သူတို့သဘောနဲ့ သူတို့ ၊ ဝယ်ရတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင်လို့ကို
Ai Marketing က လုပ်ပေးနိုင်တယ်။ … 📌
🎯 ကိုယ်က ပြိုင်ဘက်တွေနဲ့ ယှဉ်လိုက်လို့ရှိရင်
ဈေးကွက်ထဲမှာ Market Leader တစ်ယောက်အနေနဲ့
ဖြစ်ချင်တယ်။ လူတိုင်းမသိတဲ့ Ai ရဲ့ လျှို့ဝှက်တဲ့
နည်းပညာတွေပေါ့။ လူတွေရဲ့ Psychology ကိုအသုံးပြုပြီး
တော့မှ လုပ်သွားတဲ့ Strategy တွေကို၊ ကိုယ့်လုပ်ငန်းရဲ့
Brand Value ကိုမကျစေဘဲနဲ့ ရောင်းအားတွေ
အဆမတန် တိုးချင်တယ် ဆိုရင်တော့၊ သူများတွေမသိတဲ့
လျှို့ဝှက်ချက်တွေကို သိဖို့ လိုအပ်ပါတယ်။ … 📌
မင်းစိတ်ထဲမှာ မင်းလုံးဝမလိုချင်တဲ့ ပစ္စည်းတစ်ခုက
မင်းဆီကို ကြော်ငြာ ခဏခဏတက်လာတယ် ဆိုလို့ရှိရင်
ဘာလုပ်လဲ ❓ ကျော်ရင် ကျော်ပစ်လိုက်တယ်
မဟုတ်ရင်လည် Hide ပစ်လိုက်တယ်
ဟုတ်တယ်နော်ဆိုတော့ ❓
Ai Marketing ကကျတော့ အဲ့လိုမျိုးလုံးဝမဟုတ်ဘူး
သူက‎ ကိုယ့်ရဲ့ပစ္စည်းတစ်ခုပေါ့ အဲ့ဒီပစ္စည်းတစ်ခုက
အော် ဒါက ‎ငါလိုချင်နေတဲ့ပစ္စည်းပါလားဆိုတဲ့ … 📌
အဲအသိမျိုးရသွားအောင်လို့ပေါ့နော် သူက
ကြော်ငြာလို့တောင်မထင်ရတဲ့အချိန် နောက်တစ်ခုကကျတော့
‎🎯 ကိုယ့်ရဲ့ Feeling အရမ်းအထိဆုံးဖြစ်သွားမယ့်
အချိန်မျိုးကို သူကကွက်တိရွေးပြီးတော့မှ
အေးအေးဆေးဆေးလေးပဲသူက ကြော်ငြာသွားတာ‎ဆိုတဲ့အခါ
ကျတော့ လူတွေကလည်း ကိုယ်လိုချင်တဲ့အရာလည်းဖြစ်တယ်
ပြီးတော့ကိုယ်လိုချင်နေတဲ့အချိန်လည်းဖြစ်တယ် အဲ့လိုမျိုး
ကွက်တိကျသွားတဲ့အခါမှာ ကိုယ့်ရဲ့ product ဒါမှမဟုတ်
service က သေချာပေါက်ကို သူတို့လိုအပ်တဲ့လူတွေဆီကို
အမှန် တကယ်ရောက်သွားတယ်ဆိုတော့
ဒါက Ai Marketing ဆိုတာ အဲ့ဒါပဲ
မင်းကြော်ငြာကိုမုန်းပေမဲ့ Ai ပြတဲ့ကြော်ငြာတွေကျတော့
ဝယ် မိသွားတယ်ဆိုတာက အဲ့ဒီအချက်ကြောင့်ပါ
လူတွေရဲ့စိတ်ပညာကို အသုံးပြုပြီးတော့မှ လုပ်တဲ့
Ai ရဲ့marketing နည်းဗျူဟာအဆန်းတွေ အကုန်လုံးကို
စာအုပ်မှာ အားလုံးဖွင့်ချပေးထားပါတယ် ဆိုတော့
ကိုယ့်ရဲ့ကြော်ငြာတွေကို ရေစက်မချချင်ဘူး
တကယ်ထိထိရောက်ရောက် လုပ်တတ်ဖို့လိုအပ်နေပါပြီ။
🎯 Ai Marketing ရဲ့အားသာချက်က
တော့ရိုးရိုး Marketingတွေလို
မသေချာ မရေရာတာမျိုး မဟုတ်ဘဲနဲ့
တိကျစွာနဲ့ Customer ရဲ့လိုအပ်ချက်
Customer လိုအပ်နေတဲ့အချိန်ကို
တိုက်ရိုက် ပို့ဆောင်ပေးနိုင်တာပဲဖြစ်ပါတယ်။ . . . 📌
🎯 ဒါကြောင့်မလို့ Marketing အနေ နဲ့
Marketing Budget တွေလည်းအများကြီး
သက်သာလာပြီးတော့ ထိရောက်တဲ့
Marketing ကိုလည်းအမှန်တစ်ကယ်
လုပ်နိုင်မှာဖြစ်ပါတယ်။ . . . 📌

Project Management For MBA
----------------------------------
လုပ်ငန်းမှာ ကြုံလာရမယ့် ပြဿနာတိုင်းအတွက်
အဖြေရှာရလွယ်အောင်AI Project Management ကို
ကိုယ့်စားပွဲပေါ်မှာ အဆင်သင့် ဆောင်ထားလိုက်ပါ...
ဗမာနည်း၊ ဗမာ့ဟန်လုပ်နေလို့
မရပါဘူး။ နိုင်ငံတကာနည်းစနစ်တွေဖြစ်တဲ့
စနစ်တကျဘယ်အချိန်မှာ ဘာတွေလုပ်ရမယ်
အစီအစဉ်တကျဖြစ်စေဖို့ ကိုယ့်မှာရှိတဲ့
Resource နဲ့ ငွေကြေးဥစ္စာနဲ့အင်အားနဲ့
ရည်ရွယ်ချက်ကို ရောက်အောင်
သွားဖိုဆိုရင် မဖြစ်မနေ Project MBA
လေ့လာထားရမှာဖြစ်ပါတယ်
Project Management & AI: ခေတ်မီ နည်းပညာတွေနဲ့
စီမံကိန်းတွေကို ဘယ်လို မြန်မြန်ဆန်ဆန် ပြီးမြောက်အောင်
လုပ်မလဲ? အလုပ်တွေ စလုပ်တဲ့အခါ ဖြစ်သလို့ ဗမာနည်း၊
ဗမာ့ဟန်လုပ်နေလို့မရပါဘူး။ တကယ့်ကို နိုင်ငံတကာ
နည်းစနစ်တွေဖြစ်တဲ့ Project Management ကျကျ
ဘယ်အချိန်မှာ ဘာတွေလုပ်ရမယ်။
အစီအစဉ်တကျ တိုင်ပင်ကိုက်လေးဖြစ်စေဖို့ ကိုယ့်မှာရှိတဲ့
Resource နဲ့ ကိုယ့်မှာရှိတဲ့ ငွေကြေးဥစ္စာနဲ့ ကိုယ်မှာရှိတဲ့
အင်အားနဲ့ ကိုယ်လိုချင်တဲ့ ရည်ရွယ်ချက်ကို
မရောက်ရောက်အောင်သွားဖိုဆိုရင် မိတ်ဆွေအနေနဲ့
မဖြစ်မနေ Project Management
ဘာသာရပ်ကို လေ့လာသိရှိထားရမှာဖြစ်ပါတယ်။
🔅 လုပ်ငန်းတစ်ခုမှာအလုပ်တွေကိုအချိန်ဇယားဆွဲဖို့
Source တွေကိုစနစ်တကျခွဲဝေတတ်ဖို့နဲ့
project တွေကို Ai အသုံးပြီးတော့ အောင်မြင်အောင်
လုပ်ဆောင်နိုင်ဖို့အတွက် မန်နေဂျာတစ်ယောက်မှာ
သိကိုသိထားသင့်တဲ့ ပညာရပ်တွေဖြစ်ပါတယ် . . . ‼️
Project For MBA စီမံကိန်း‎အချိန်မှီမပြီးမြောက်တာ
ဘတ်ဂျက်တွေကျော်လွန်သွားတာလုပ်ငန်းရှင်တွေ
အစီအစဉ်တွေအများကြီးပျက်စီးစေတယ်
Resources တွေကို ‎ခွဲဝေတဲ့နည်းဗျူဟာတွေထိရောက်တဲ့
ရလဒ်တွေကို လေ့လာသင့်ပါတယ်။
🔅 ယ်ကူအောင်လုပ်ရမလည်း၊
ဘယ်လို့မြန်ဆန်ထိရောက်အောင်လုပ်ရမလည်း
ဆိုတာကို မဖြစ်မနေ သိထားဖို့ လိုအပ်ပါတယ်။

Accounting For MBA
------------------------
နောက်တစ်ခု ဘာသာရပ်
ကတော့ အိတ်ပေါက်နဲ့ ဖားကောက်မဖြစ်ရလေအောင်
ကိုယ့်ရဲ့ဝင်ငွေ ထွက်ငွေတွေကို မျှမျှ တတသုံးနိုင်အောင်
သုံးတက်အောင် မဖြစ်မနေလေ့လာရမှာတော့
Accounting ဘာသာရပ် ဖြစ်ပါတယ်။
ဒီ Accounting ဘာသာရပ်ကိုကျွမ်းကျင်နေ မယ်ဆိုရင်
ကို့ရဲ့ လုပ်ငန်းကိုစနစ်တကျ ဖြစ်အောင်
ကြိုတင် ခန့်မှန်း စီမံခန့်ခွဲနိုင်ပါတယ် ။
📣 ဘယ်လောက်ပဲငွေတွေဝင်ဝင် ကိုယ့်ဆီမှာ
အမြတ်မကျန်ဘူးဆိုတာ စာရင်းဇယားပိုင်းမှာ
အားနည်းနေလို့ပါ။ လုပ်ငန်းရှင်အများစုမသိကြတဲ့
လျှိုဝှက်ချက်က မမြင်ရတဲ့ငွေယိုပေါက်ကနေ
ကိုယ့်လုပ်ငန်းတစ်ခုလုံး
ပြိုလဲသွားတတ်တယ်ဆိုတာပါပဲ။ ..... 🤗
📣 Accounting ရဲ့အားသာချက်ကကြတော့ လုပ်ငန်းရဲ့
ဘဏ္ဍရေးအခြေနေကို တိကျစွာ သုံးသပ်ပေးပြီးတော့
လုပ်ငန်းမှာရှိနေတဲ့ ငွေယိုပေါက်တွေကို အပြီးတိုင်
ပိတ်ဆို့ပေးတာပဲဖြစ်ပါတယ်။ Accounting ရဲ့
အားသာချက်က ကျတော့လုပ်ငန်းရဲ့ ဘဏ္ဍရေးအခြေနေ
ကို တိကျစွာ သုံးသပ်ပေးပြီးတော့ လုပ်ငန်းမှာရှိနေတဲ့
မလိုအပ်ဘဲထွက်နေတဲ့ငွေေ ယိုပေါက်တွေကို အပြီးတိုင်
ပိတ်ဆို့ပေးတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်
ဒီလိုမျိုးစာရင်းအမှားအယွင်းမရှိခိုင်မာစေတဲ့
နည်းဗျူဟာတွေကို MBA Series ထဲက
Accounting for MBA ဆိုတဲ့ စာအုပ်ထဲမှာ
အားလုံးဖွင့်ချပေးထားပါတယ်။ ..... 🤗
🎯 လုပ်ငန်းတစ်ခု စတင်တည်ထောင်ပြီဆိုရင်
ပထမဆုံးလုပ်ရမှာက မှန်ကန်တိကျတဲ့
Accounting Format ပုံစံ ချမှတ်ခြင်းပဲဖြစ်ပါတယ်။
မြန်မာစကားပုံလို အစကောင်းမှ အနှောင်းသေချာ
ဆိုသလိုပဲ စတင်လုပ်ကိုင် ကတည်းက
စနစ်ကျလာပါမှ တဖြည်းဖြည်းနဲ့
လုပ်ငန်းကြီးထွားလာတဲ့အချိန်မှာ
နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။
အောင်မြင်လို့ လုပ်ငန်းချဲ့ထွင်ရင်လည်း
မြန်မြန်ဆန်ဆန် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။🎯

Finance For MBA
-------------------
Finance စာအုပ်" မဟုတ်တော့ဘူး ➔ "မင်းရဲ့ စီးပွားရေးမှာ
မလိုအပ်ဘဲ ပိုက်ဆံယိုဖိတ် ကုန်ကျနေတာတွေကို
ပိတ်ပေးမယ့် Financial Defense Shield"
​"အလုပ်တွေ ငရဲတမျှ လုပ်နေရပြီး စာရင်းချုပ်လိုက်ရင်
ပိုက်ဆံ ဘာလို့ မကျန်တာလဲ?"​စီးပွားရေးမှာ အရောင်းတက်ဖို့ထက်
ပိုအရေးကြီးတာက "ဝင်လာတဲ့ ငွေတွေကို ဘယ်လို ထိန်းချုပ်မလဲ"
ဆိုတာပါပဲ။ စာရင်းမကျေလည်တာ၊ စာရင်းမတိုက်နိုင်တာ၊
ငွေယိုပေါက် မသိတာတွေဟာ လုပ်ငန်းတစ်ခုကို ဖြည်းဖြည်းချင်း
လဲပြိုစေတဲ့ အဓိက တရားခံတွေပါပဲ။
"ရိုးရိုး စာရင်းကိုင် ဘဝကနေ
Financial Controller / Finance Manager
ရာထူးဆီ ဘယ်လို တက်မလဲ?"
ဘဏ္ဍာရေး စီမံခန့်ခွဲမှုနဲ့
စာရင်းရေးဆွဲနည်းကို စနစ်တကျ နားလည်စေမယ်။
နောက် 5နှစ် နောင် 10 နှစ်မှာ
ကိုယ့်ရဲ့ ငွေရေး ကြေးရေး ပိုင်ဆိုင်မှုတွေဟာ
ဘယ်လောက်ထိဖြစ်သင့်တာလဲ ဘယ်နေရာတွေမှာ
ရင်နှီးသင့်တုံး စီးပွားရေးမှာ အရောင်းတက်ဖို့ထက်
အရေးကြီးတာက ဝင်လာတဲ့ငွေကိုဘယ်လိုထိန်းချုပ်မလဲ"
ကိုယ့်ရဲ့ ငွေရေးကြေးရေးပိုင်ဆိုင်မှုတွေဟာ
ဘယ်နေရာတွေမှာရင်နှီးသင့်တုံး စီးပွားရေးလုပ်ငန်းမှာ
နာမည်ကြီးတဲ့ ကြက်ဥ 10 လုံး တစ်ခြင်းထဲတူတူ
မသယ်ပါနှင့် 5 လုံး 5 လုံးစီ ဘယ်အပိုင်းကို 5 လုံး
ဘယ်အပိုင်းကို 5 လုံးခွဲသင့်မတုံး ငွေကြေးဆိုင်ရာ
Finance MBA Theory တွေကိုလေ့လာရပါမယ်
🎯လုပ်ငန်းတစ်ခုမှာ ပိုက်ဆံ ရှာနေရုံနဲ့မပြီးပါဘူး
CEO တိုင်း မဖြစ်မနေသိထားသင့်တဲ့ လျှိုဝှက်ချက်
တစ်ခုက ကိုယ့်လက်ထဲမှာ ရှိနေတဲ့ငွေတွေကို
တန်ဖိုး ရှိအောင်မသုံးတတ်ဘူးဆိုရင် အဲ့ဒီငွေတွေက
တစ်ဖြေးဖြေးနဲ့ တန်ဖိုးမဲ့သွားတတ်တယ်ဆိုတာပါပဲ။ . . . 📌
🎯Finance ရဲ့အဓိက အားသားချက်ကတော့
လုပ်ငန်းရှင်တွေအနေနဲ့ လက်ထဲမှာရှိနေတဲ့
အမြတ်ငွေနဲ့ ရင်းနှီးမြုပ်နှံမှုတိုင်းမှာ
Return of Investment ဆိုတဲ့ ROI
အမြင့်ဆုံးရအောင်လို့ မဟာဗျူဟာကျ
တိုးပွားပေးတာဖြစ်ပါတယ်။. . . 📌
🎯 Finance နဲ့
ပတ်သတ်တဲ့ Strategy တွေ ဒါအပြင်
သိထားသင့်တဲ့ Knowledge တွေ
အားလုံးကိုလည်း ပြထားပေးတဲ့
အတွက်ကြောင့် မို့လို့ မိမိဘက်ကနေ
ဘာသင်တန်းမှထက်တက်စရာမလိုဘူး
Certificate တွေမရှိဘူး ဆိုရင်တောင်
သူများနဲ့ယှဉ်လိုက်ရင် တောင်မှ Knowledge က
တစ်ပန်းသာနေမှာ ဖြစ်ပါတယ်။. . . 📌
စီးပွားရေးလုပ်မယ်ဆိုရင်
စာရင်းမတိကျတာလုပ်ငန်း
ဖြည်းဖြည်းချင်းလဲပြိုရခြင်းရဲ့အကြောင်းရင်းပဲ ‎
ရိုးရိုးစာရင်းကိုင်နည်းစာအုပ်မဟုတ်ဘဲ
လုပ်ငန်းရှင်သိထားရမယ့်ဘဏ္ဍာရေး
အစီရင်ခံစာဖတ်ရှုနည်း Cash Flow
စီမံတာ ဘတ်ဂျက်ချထားရေး
လုပ်ငန်းရဲ့ဘဏ္ဍာရေးကျန်းမာရေးတွေ
လေ့လာပြီးထိန်းချုပ်လိုက်ပါ
စီမံခန့်ခွဲမှုမှားယွင်းပြီဆို
လုပ်ငန်းတွေတောင်မှလဲပြိုသွားတယ်
ရင်းနှီးမြှုပ်နှံတဲ့အမြတ်ဆုံး ROI တွက်ချက်နည်း
စီမံခန့်ခွဲနည်းတွေ ရင်းနှီးမြှုပ်နှံသူတွေ
လုပ်ငန်းတိုးချဲ့ချင်တဲ့လုပ်ငန်းရှင်တွေ
ဆုံးဖြတ်ချက်တွေကို ရဲဝင့်မှန်ကန်စွာချမှတ်နိုင်ဖို့၊
လေ့လာရမယ့်ဖြစ်ပါတယ်
💡❗️ လုပ်ငန်းလုပ်ကိုင်တဲ့အခါ စာရင်းအင်းတွေ
ပိုင်နိုင်ဖို့အရေးကြီးပါတယ်။ Finance ပိုင်း
ပိုင်းကိုသေချာမလုပ်ထားဘူးဆိုရင်
ဒီလုပ်ငန်းက ရှုံးလို့ရှုံးမှန်းမသိဘဲ အရှုံးတွေပေါ်နေ
တာမျိုး/ ရသင့်သလောက် အမြတ်မရနေတာမျိုး
တွေဖြစ်နေနိုင်ပါတယ်။ 💯
👨🏼‍💻 လုပ်ငန်းရှင်တွေကြုံတွေ့နေရတဲ့
💵 ငွေကြေးအဝင်အထွက်ပိုင်းဆိုင်ရာ ပြဿနာတွေ၊
💡ဘယ်လိုလုပ်ရမလဲမသိဖြစ်နေတဲ့အရာတွေအတွက်
အများကြီးဖြေရှင်းပေးနိုင်မယ့်စာအုပ်လေးဖြစ်ပါတယ်။

Supply Chain & Logistics For MBA
--------------------------------------
​ပစ္စည်းပို့ရတာ ကြန့်ကြာနေရင်
👉 Supply Chain စာအုပ် ကို သုံးပါ။
Supply Chain: ကုန်ထုတ်လုပ်မှုနဲ့ ကုန်ကျစရိတ်ကို
ဘယ်လို ထိန်းမလဲ? ဒီဘက်ခေတ်မှာ
အင်မတန် အရေးပါတဲ့ Delivery နဲ့ Supply chain
ပုံစံတွေပေါ့နော် ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေကို
မပျောက်မရှ သယ်ယူပို့ဆောင်တဲ့နေ ရာမှာလဲ ထိထိ
ရောက်ရောက် Customer တွေလက်ထဲလည်း
မြန်မြန် ဆန်ဆန် ပို့နိုင်အောင် သိထားသင့်တဲ့
နည်းစနစ်တွေကို Supply Chain Management
ဘာသာရပ်တစ်ခုအနေနဲ့ လေ့လာရပါမယ် ။
✨ ‎လုပ်ငန်းတစ်ခုမှာ ကုန်ပစ္စည်းထုတ်လုပ်မှု
‎ကနေပြီးတော့စားသုံး သူလက်ဝယ်ရောက်
‎ရှိတဲ့အထိ Supply chain management
ဆိုတာက လုပ်ငန်းရဲ့အမြန်အစွန်းနဲ့
အောင်မြင်မှု အပေါ်တိုက်ရိုက်ကျိုး
သက်ရောက်မှုရှိတယ်ဆိုတာကို သင်သိပါသလား . . .📌
✨ ‎တစ်ခါတလေမှာ ကုန်ပစ္စည်းပို့ဆောင်တဲ့
‎နေရာမှာ ကြန့်ကြာတာ စားရိတ်စားခကြီး
တာနဲ့ စနစ်မကျတာတွေကြောင့်ကိုယ့်ရဲ့
လုပ်ငန်းတိုးတက်မှုပိုင်းမှာအနှောင့်အယှက်တွေ
‎ဖြစ်လာနိုင်ပါတယ်။. . .📌
‎✨ ဒါကြောင့် ဒီ Supply chain management
‎ဆိုတာက လုပ်ငန်းရှင်တိုင်း မန်နေဂျာတိုင်း
Leader တိုင်းသိကိုသိထားသင့်တဲ့
ပညာရပ်တစ်ခုပဲဖြစ် ပါတယ်။. . .📌
✨ ‎ဒီ Supply chain management စာအုပ်
‎လေးကလုပ်ငန်းရှင် တွေအတွက် လက်တွေ့
‎ကျတဲ့ပညာရပ်တွေ ကိုမှသေသေချာချာလေး
‎စုံစုံလင်လင်သင်ပြ ပေးထားပါတယ်။
ကုန်ထုတ်လုပ်မှုနဲ့ ကုန်ကျစရိတ်ကို
ဘယ်လို ထိန်းမလဲ? ဒီဘက်ခေတ်မှာ
အင်မတန် အရေးပါတဲ့ Delivery နဲ့ Supply chain
ပုံစံတွေပေါ့နော် ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကို
မပျောက်မရှသယ်ယူပို့ဆောင်တဲ့နေရာမှာလဲ ထိထိ
ရောက်ရောက် Customer တွေလက်ထဲလည်း
မြန်မြန် ဆန်ဆန်ပို့နိုင်အောင်လေ့လာရပါမယ်
ကုန်ကြမ်းကနေ ဖောက်သည်လက်ထဲ
ကို ကုန်ပစ္စည်း ရောက်တဲ့အထိ လမ်းကြောင်းကို
ချောမွေ့အောင်ဘယ်လိုစီမံမလဲ အမြတ်တွေအများကြီး
ကျန်အောင်ဘယ်လိုစီမံကိန်းလုပ်ရမလဲ ပြည်တွင်းစီးပွားရေး
ကွင်းဆက်တွေနဲ့ အနှောင့်အယှက်မရှိဘဲနဲ့ လုပ်ငန်းလည်ပတ်
အောင် ‎လေ့လာလိုက်ရင် အဆင်ပြေသွားပါမယ်

Digital Marketing For MBA
------------------------------
Social media ခေတ်ဖြစ်တဲ့အတွက်
Social media Content တွေ Product တွေ Service တွေ
ပေါက်အောင် ဘယ်လိုလေ့လာမလဲ Facebook ဆိုပေမယ့်
ဒီစာအုပ်လေးထဲမှာ Digital Theory တွေအများကြီး
ပြသာနာ ဖြေရှင်းထားတာဖြစ်တဲ့အတွက် ကျန်တဲ့
ပလက်ဖောင်းတွေဖြစ်တဲ့ Tiktok စတဲ့
နေရာတွေမှာလဲ အသုံးပြုလိုရပါတယ် ။
📊 လုပ်ငန်းတစ်ခုကို လူအများသိအောင်ချပြ ဖို့နဲ့
ကိုယ့်ရဲ့ Customer တွေနဲ့တိုက်ရိုက် ထိတွေ့နိုင်ဖို့ဆိုတာ
Digital Marketing လို့ခေါ်တဲ့အွန်လိုင်းဈေးကွက်
မြှင့်တင်ရေ ပညာရပ်မပါ ရင်မပြည့်စုံပါဘူး။ ✨
📊 ကိုယ့်ရဲ့ကုန်ပစ္စည်းကို နေရာတကာမှာ
ထိထိရောက်ရောက်နဲ့ ဖြန့်ဖြန့်ချက်ချက် ကြော်ငြာချင်ပေမဲ့
ဘယ်လိုကြော်ငြာရမလဲ ဆိုတဲ့နည်းလမ်း အမှန်ကိုမသိသေး
လို့ ရုန်းကန်နေရတယ်ဆိုရင်တော့ညီမနည်း လမ်းကောင်းလေး
တစ်ခု ပြောပြချင်ပါတယ်။ ✨
📊 Social media ခေတ်ဖြစ်တဲ့အတွက်
Social media Content တွေ Product တွေ Service တွေ
ပေါက်အောင် ဘယ်လိုလေ့လာမလဲ Facebook ဆိုပေမယ့်
ဒီစာအုပ်လေးထဲမှာ Digital Theory တွေအများကြီး
ပြသာနာဖြေရှင်းထားတာဖြစ်တဲ့အတွက် ကျန်တဲ့
TikTok စတဲ့ နေရာတွေမှာလဲအသုံးပြုလိုရပါတယ်
အွန်လိုင်းပေါ်မှာမရှိဘူးဆိုရင် လုပ်ငန်းကအနာဂတ်မှာ
ရပ်တည်ဖို့ ခက်ခဲသွားပြီ။ Social, SEO, Content Strategy,
Digital Funnel တွေ ဆွဲဆောင်ရမလဲဆိုတာကို သင်ကြားပေး
ထားပါတယ် ROI အမြင့်ဆုံးရအောင် ဖန်တီးချင်တဲ့
လုပ်ငန်းရှင်တွေ Marketer ပံ့ပိုးပေးသွားပါမယ်။

တစ်ဦးချင်း အတတ်သင် စနစ် နဲ့ အာမခံ သင်ကြားပေးပါမည်။လုပ်ငန်းခွင် ဝင်တော့မယ်ဆိုရင် မဖြစ်မနေ တက်ထားသင့်တဲ့ Advanced Excel Fo...
17/10/2026

တစ်ဦးချင်း အတတ်သင် စနစ် နဲ့ အာမခံ သင်ကြားပေးပါမည်။
လုပ်ငန်းခွင် ဝင်တော့မယ်ဆိုရင် မဖြစ်မနေ တက်ထားသင့်တဲ့ Advanced Excel For HR & Accounting Course သင်
တန်းသား/သူလက်ခံနေပါပြီနော်။
Excel ကို Professional အဖြစ် ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့ Excel ကျွမ်းကျင်မှု Level ကို အမြင့်ဆုံး မြှင့်တင်ပေးနိုင်မည့် Advanced Excel Accounting For Course တန်းခွဲသစ် ဖွင့်လှစ်ပေးလိုက်ပါပြီ…..
Excel ကို အထာကျကျ ဆရာကျကျ တတ်မြောက်လိုပါသလား?
HR, Admin ဌာန တွေရဲ့. ငွေစာရင်း၊ ပစ္စည်းစာရင်း နှင့် အခြား စာရင်းဇယားများ အချိန်မှီ ဆောင်ရွက်လိုပါသလား?
Excel မကျွမ်းကျင်လို့ သင့်ရဲ့ အလုပ်တွေ နှောင့်နှေး ကျန့်ကြာ ပြီး သင် စိတ်ညစ်နေရပါသလား?
Account တစ်ယောက် အဖြစ် နေ့စဉ် စာရင်းသွင်းရာတွင် လွယ်ကူချောမွေ့လိုပါသလား?
အလုပ်တွေ အရမ်းပုံနေချိန်မှာ
သင့်ရဲ့ လုပ်ငန်းခွင်အတွင်း မျက်နှာ မငယ်ရအောင် Advanced Excel For HR Course သင်တန်း မြန်မြန် တက်ကြစို့
Advanced Excel For Accounting Course မှာ ဘာတွေသင်ပေးမှာလဲ
1. Selecting Cells, Columns & Row
2. Copying the Data
3. Changing the Font & Size
4. Calculation (Sum, Multiplication, Division, Substraction)
5. Graph Chart
6. Changing the Page Size & Orientation
7. Introduction to Advanced Excel
8. Hyperlink
9. Working with Statistical Functions
10. Changing Regional Dating
11. Working with Logical And Information Functions
12. Goal Seek
13. Define Name
14. Data Validation
15. Pivot Table
16. Changing Page Layout & Printing
17. Depreciation
18. HR Payroll
EXERCISE for ACCOUNTANT
19. Sales Report
20. Alarm for Over Due Date
21. Report by Account Title…………
(မိမိနှင့် အဆင်ပြေဆုံး သင်တန်းချိန်ကို ညှိနှိုင်း၍၊ သီးသန့် တက်ရောက်နိုင်ပါသည်။)
သင်တန်းသား တစ်ယောက်ချင်းစီကို အမှန်တကယ် နားလည်တဲ့ အဆင့်ထိ စနစ်တကျ One by One သင်ကြားပေးသွားပါမည်။
***(Class တစ်ခုလျှင် သင်တန်းသား 7 ဦးသာ လက်ခံသင်ကြားပေးမှာဖြစ်ပါတယ်)
သင်တန်းကြေး = ၂သိန်း၅သောင်းကျပ်
နေရာ-ကျောက်မြောင်းစျေးမှတ်တိုင် တိုက် ၂၄၂ ပထမထပ် တာမွေမြို့နယ်
09-448548490 -09-254905467

Address

No. 242, 1Fl; Kyike Ka San Street, Tamwe Township

11211

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+959448548490

Alerts

Be the first to know and let us send you an email when KIT Computer Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KIT Computer Training Centre:

Shortcuts

  • Want your business to be the top-listed computer & electronics service?

Share

Nearby computer & electronics services