UPT Electrical & Electronics

UPT Electrical & Electronics Voltage Regulator, Inverter, Battery Charger, Distribution Transformer Sales & Service

 #ကျေးဇူးတင်လွှာ🙏🙏🙏၂၄-၅-၂၀၂၆ တွင်ကွယ်လွန်သွားသော UPT E&E Co.,Ltd ၏ founder ဘဘဦးဖေသိန်း၏နောက်ဆုံးခရီးမှာ လိုက်ပါပို့ဆောင်...
27/05/2026

#ကျေးဇူးတင်လွှာ🙏🙏🙏

၂၄-၅-၂၀၂၆ တွင်ကွယ်လွန်သွားသော UPT E&E Co.,Ltd ၏ founder ဘဘဦးဖေသိန်း၏နောက်ဆုံးခရီးမှာ လိုက်ပါပို့ဆောင်ပေးကြပြီး လွမ်းသူ့ပန်းခြင်းများ ပေးပို့ကြပါသော ဆွေမျိုးမိတ်ဆွေသင်္ဂဟများ၊ မိတ်ဖက်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (ဖူဆယ်နှင့်သဲသောင်ပြင်ဘောလုံးကော်မတီအဖွဲ့)၊ အင်းယားကန်ဘောင်အားကစားအဖွဲ့များ၊ အထက(၂) ရန်ကင်းမှသူငယ်ချင်းများ၊ (၁၂ )ရပ်ကွက်
ရန်ကင်းမှရပ်ကွက်သူ/ သားများ၊ THS 2 (ဘောင်ဒရီ) မှတပည့်များ၊ ညနေပိုင်း(ETEC )မှတပည့်များ SME အဖွဲ့ဝင်များ၊ရွှေပေါက်ကံစက်မှုဇုန်ကော်မတီဝင်များနှင့်တကွ UPT အလုပ်ရုံနှင့်အရောင်းဆိုင်မှ
ဝန်ထမ်းများအားလုံးကို မိသားစုကိုယ်စားကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါတယ်💕

နေရာအခက်အခဲနှင့်ဧည့်ဝတ်မကျေပွန်မှုများရှိပါက နားလည်ခွင့်လွှတ်ပေးပါရန်လဲတောင်းပန်အပ်ပါသည်ရှင်🙏

ဆေးရုံစတက်သည်မှ 24-5-2026 နေ့ကွယ်လွန်သည် အထိဂရုတစိုက်ကုသပေးပါသော Aryu International Hospital မှ Prof.Seinn Mya Mya Aye နှင့်တကွ
Emergency unit မှဆရာဝန်များ၊ သူနာပြုများ၊ Ward 7 မှတာဝန်ကျဆရာ/ ဆရာမများအားလုံးနှင့်.. အာယုဆေးရုံတက်ရတိုင်းအဆင်ပြေအောင်ကူညီပေးပါသော

#ဂမုန်းပွင့်မိသားစု ကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင် 🤍🤍🤍

❝ လူကြီးမင်းတို့ အိမ်နှင့်စက်ရုံတွေမှာ မီးအားတွေကျနေခဲ့ရင် UPT ကို သတိရပါနော်...❞🌟 လွန်ခဲ့သော နှစ်ပေါင်း (၄၀) ထဲက ယနေ့တိ...
20/04/2026

❝ လူကြီးမင်းတို့ အိမ်နှင့်စက်ရုံတွေမှာ မီးအားတွေကျနေခဲ့ရင် UPT ကို သတိရပါနော်...❞

🌟 လွန်ခဲ့သော နှစ်ပေါင်း (၄၀) ထဲက ယနေ့တိုင် အောင်မြင်စွာ ရပ်တည်နိုင်ရခြင်းသည်
✅ ပစ္စည်းအရည်အသွေး ကောင်းမွန်ပြီး စံချိန်စံညွှန်းမှီသော ကုန်ကြမ်းများသာ အသုံးပြုခြင်း၊
✅ အရွယ်အစား KVA တိုင်း အပြည့်အ၀ ထုတ်လုပ်ပေးခြင်း၊
✅ နိုင်ငံခြားကြေးကြိုး ( Enameled Copper Wire ) တစ်မျိုးထဲသာ အသုံးပြုခြင်း၊
✅ ၀ယ်ယူပြီး ပစ္စည်းများ ပြုပြင်ရန်အတွက် တာ၀န်ယူပြုပြင်ပေးခြင်း

စသည့် တာ၀န်ခံ၊တာ၀န်ယူမှုအပြည့်ဖြင့် လူကြီးမင်းတို့ စိတ်ချမ်းသာအောင် အဆင်ပြေစေရန် ဆောင်ရွက်ပေးခြင်းတို့ကြောင့် ဖြစ်ပါတယ်

🌟မီးအားမြှင့်စက်ဆိုရင် ပြည်တွင်းဖြစ်ကသာ ပိုပြီးအဆင်ပြေနိုင်မည်ဖြစ်ပါတယ်.. နိုင်ငံခြားမှလာသော စံချိန်မီကုန်ကြမ်းများ အသုံးပြုထားပြီး ပြည်တွင်းမှာရှိသော မီးအားအခြေအနေပေါ်လိုက်ပြီး ဒီဇိုင်းပြုလုပ်ထား သောကြောင့် ပြည်တွင်းမီးအားအခြေအနေနှင့် ကိုက်ညီဆုံးဖြစ်ပါတယ်။
🌟ပြုပြင်ရာတွင်လည်း အပိုပစ္စည်းများ အလွယ်တကူရှိပြီး ပြုပြင်စားရိတ်လဲသက်သာပါတယ်။
🌟၀ယ်ယူသော ပစ္စည်းများကိုလည်း အာမခံအပြည့်အ၀ပေးပြီး အာမခံသက်တမ်း ကျော်လွန်သော ပစ္စည်း များကိုလည်း အသက်သာဆုံးနှင့် အမှန်ကန်ဆုံး ပြန်လည်ပြုပြင်ပေးပါသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်၊သုံးဆယ်က ပစ္စည်းများ ယနေ့တိုင် အသုံးပြုနေကြပြီး အစိတ်အပိုင်းများ လဲလှယ်ရခြင်းများ ရှိခဲ့လျှင်လည်း ပြန်လည် ပြုပြင်ပေးပါတယ်။ ပစ္စည်းများ ပြုပြင်ရာတွင်လည်း Service Centre သို့ ယူဆောင်လာပြီး နှစ်ဘယ်‌လောက်ကြာ သောပစ္စည်းဖြစ်ပါစေ UPT Brand ဆို အသက်သာဆုံး ပြန်လည်ပြုပြင်ပေးပါတယ်။
🌟Service Centre သို့ ယူဆောင်ဖို့ အခက်အခဲရှိပါက အိမ်တိုင်ရာရောက် ပြုပြင်ပေးခြင်း ပြုလုပ်ပေးပါတယ်။ Service Centre ဖုန်းနံပါတ်ကို ကြိုတင်ဆက်သွယ်ရုံနဲ့ အိမ်အရောက် လာရောက်ပြုပြင်ပေးပါတယ်။
🌟မိမိတို့နေအိမ်၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံ၊ ကျောင်းများတွင် မီးအားကျဆင်း၍ မီးအားမြှင့်စက် အသုံးပြုရတော့မည် ဆိုလျှင် အောက်ပါဖုန်းနံပါတ်များကို ခေါ်ဆိုပြီး အေးအေးဆေးဆေး ဆွေးနွေး တိုင်ပင်နိုင်ပါတယ်ရှင်... ကျွန်မတို့ဘက်ကနေ အတတ်နိုင်ဆုံး၊အဆင်ပြေဆုံးဖြစ်အောင် ကူညီဆောင်ရွက် ပေးမည် ဖြစ်ပါတယ်၊ ဘယ်အရွယ်အစား အသုံးပြုရမည်ဆိုတာကို မိမိတို့ အသုံးပြုမည့် ပစ္စည်းအရေအတွက် ပြောပြီး ကျွန်မတို့မှ သေချာတွက်ချက်ပေးမည် ဖြစ်ပါတယ်.. အကယ်၍ အသုံးပြုမည့်နေရာကို လာရောက်၍ Survey ဆင်းဖို့လိုလျှင် အခမဲ့လာရောက်စစ်ဆေးပေးမည် ဖြစ်ပါတယ်ရှင်...

လိုအပ်လို့ရှိရင် ကျွန်မတို့ UPT ရဲ့ အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်ပြီး စုံစမ်းမေးမြန်း နိုင်ပါတယ် ကျွန်မတို့ဘက်က တာ၀န်ယူမှု တာ၀န်ခံမှုအပြည့်ဖြစ်ဆောင်ရွက်ပေးပါမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်....ကျေးဇူးအထူးတင်ပါတယ်ရှင်

📞 𝟎𝟗𝟐𝟓𝟎𝟎𝟏𝟖𝟐𝟒𝟏, 𝟎𝟗𝟖𝟖𝟓𝟎𝟏𝟗𝟑𝟒𝟖, 𝟎𝟗𝟓𝟎𝟏𝟗𝟑𝟒𝟖, 𝟎𝟗𝟕𝟗𝟖𝟒𝟓𝟏𝟓𝟑𝟎
----------------------------------------------
𝗨𝗣𝗧 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰𝗮𝗹 & 𝗘𝗹𝗲𝗰𝘁𝗿𝗼𝗻𝗶𝗰𝘀
𝗡𝗼.𝟭𝟵𝟮 (𝗕), 𝗧𝗵𝗶𝘁𝘀𝗮𝗿 𝗥𝗼𝗮𝗱, 𝗬𝗮𝗻𝗸𝗶𝗻 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗬𝗮𝗻𝗴𝗼𝗻.
𝗢𝗳𝗳𝗶𝗰𝗲 : 𝟎𝟗𝟐𝟓𝟎𝟎 𝟏𝟖𝟐𝟒𝟏
𝗙𝗮𝗰𝘁𝗼𝗿𝘆 : 𝟬𝟭-𝟴𝟲𝟵𝟱𝟮𝟲𝟰-𝟲𝟱
𝐎𝐩𝐞𝐧 𝐇𝐨𝐮𝐫 : 𝟖:𝟑𝟎 𝐀𝐌 𝐭𝐨 𝟓:𝟎𝟎 𝐏𝐌

31/03/2026
31/03/2026

31-3-26 ယနေ့မှာ ကျရောက်တဲ့ ကျွန်မတို့ UPT Electrical & Electronics ကုန်ထုတ်သမဝါယမအသင်း၏ founder ဘဘ ဦးဖေသိန်း၏ ၉၄ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ်

28-3-26 ရက်နေ့တွင် လူဦးရေ ၅၀၀ စာ ကြက်သားဟင်း၊ သီးစုံပဲဟင်း၊ ဘာလချောင်ကြော်များကို အာဟာရဒါန စတုဒီသာ လှူဒါန်းခဲ့ပြီး

29-3-26 ရက်နေ့တွင် ရပ်ကွက်တွင်း အိမ်ထောင်စု ၁၀၀ စာအတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ အာလူး၊ ငါးသေတ္တာ၊ ကြက်ဥ၊ ဘဲဥ များနှင့် တစ်အိမ်ထောင် ငွေကျပ် ၁၀,၀၀၀ စီကို သား၊ သမီး၊ မြေး၊ မြစ် တစ်စု နှင့် လုပ်အားကုသိုလ်အဖြစ် UPT ဝန်ထမ်းများမှ စုပေါင်းကုသိုလ်ယူခဲ့သော အမှတ်တရပုံရိပ်များအား UPT အား အစဉ်တစိုက် အားပေးခဲ့သော ချစ်သော customer များလည်း ကုသိုလ်ထပ်တူ သာဓုခေါ်ဆိုနိုင်ရန် ဝေမျှလိုက်ပါတယ်ရှင် 😇

31-3-26 ယနေ့မှာ ကျရောက်တဲ့ ကျွန်မတို့ UPT Electrical & Electronics ကုန်ထုတ်သမဝါယမအသင်း၏ founder ဘဘ ဦးဖေသိန်း၏ ၉၄ နှစ်ပြည...
31/03/2026

31-3-26 ယနေ့မှာ ကျရောက်တဲ့ ကျွန်မတို့ UPT Electrical & Electronics ကုန်ထုတ်သမဝါယမအသင်း၏ founder ဘဘ ဦးဖေသိန်း၏ ၉၄ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ်

28-3-26 ရက်နေ့တွင် လူဦးရေ ၅၀၀ စာ ကြက်သားဟင်း၊ သီးစုံပဲဟင်း၊ ဘာလချောင်ကြော်များကို အာဟာရဒါန စတုဒီသာ လှူဒါန်းခဲ့ပြီး

29-3-26 ရက်နေ့တွင် ရပ်ကွက်တွင်း အိမ်ထောင်စု ၁၀၀ စာအတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ အာလူး၊ ငါးသေတ္တာ၊ ကြက်ဥ၊ ဘဲဥ များနှင့် တစ်အိမ်ထောင် ငွေကျပ် ၁၀,၀၀၀ စီကို သား၊ သမီး၊ မြေး၊ မြစ် တစ်စု နှင့် လုပ်အားကုသိုလ်အဖြစ် UPT ဝန်ထမ်းများမှ စုပေါင်းကုသိုလ်ယူခဲ့သော အမှတ်တရပုံရိပ်များအား UPT အား အစဉ်တစိုက် အားပေးခဲ့သော ချစ်သော customer များလည်း ကုသိုလ်ထပ်တူ သာဓုခေါ်ဆိုနိုင်ရန် ဝေမျှလိုက်ပါတယ်ရှင် 😇

Address

Ranchi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959250018241

Website

Alerts

Be the first to know and let us send you an email when UPT Electrical & Electronics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to UPT Electrical & Electronics:

Shortcuts

Share

Category