TKGCS Aiအခြေပြု Groung Control Station app ဖြစ်ပါသည်။

12/07/2026

Radio နည်းပညာအား ချဥ်းကပ်လေ့လာခြင်း

23/06/2026

Ai နည်းပညာအား ချဥ်းကပ်လေ့လာခြင်း

#လူထုအသံ

18/06/2026

Drone နည်းပညာအား ချဥ်းကပ်လေ့လာခြင်း

မြန်မာပြည်မှာ စိုးရိမ်ရတဲ့အခြေအနေက ခုကျွန်တော်ကြည့်ရသလောက်တော့ နည်းပညာပိုင်းမှာလို့ထင်နေတယ်။ လူကြီးအများစုအပြင်ကိုမှ လူင...
11/06/2026

မြန်မာပြည်မှာ စိုးရိမ်ရတဲ့အခြေအနေက ခုကျွန်တော်ကြည့်ရသလောက်တော့ နည်းပညာပိုင်းမှာလို့ထင်နေတယ်။ လူကြီးအများစုအပြင်ကိုမှ လူငယ်အနည်းစုလည်း နည်းပညာအားနည်းသူတွေကိုမြင်တွေ့ရတဲ့အခါ အားမလို အားမရဖြစ်မိတယ်။

ခုချိန်မှာ စကစရဲ့ CEIR စနစ်ကို လေ့လာမိသလောက် နားလည်လွယ်အောင်ရှင်းပြပါမယ်။

CEIRစနစ်ကိုမလေ့လာခင် ဒီစနစ်ရဲ့အဓိကအရာတွေဖြစ်တဲ့...
- IMEI (International Mobile Equipment Identity): ဖုန်းထဲက SIM card slotရဲ့ IDလို့အလွယ်မှတ်လိုက်ပါမည်။
- IMSI (International Mobile Subscriber Identity): SIM Card ရဲ့ ID (Network ID)
- Phone Number: အသုံးပြုသူရဲ့ အများသိ ဆက်သွယ်ရန်နံပါတ်
ဒီသုံးခုကို အရင်ဆုံးနားလည်ထားဖို့လိုပါတယ်။

ဒါတွေကို အာဏာပိုင်တွေဘက်ကသိနေပြီဆိုရင် ဖုန်းတစ်လုံး ကွန်ရက်ထဲ ဝင်လိုက်တာနဲ့ Mobile Operator (အော်ပရေတာ) တွေက ဘာတွေ သိသွားလဲ။ သူတို့က 'ဒီ IMEI ရှိတဲ့ ဖုန်းစက်ထဲမှာ၊ ဒီ IMSI ရှိတဲ့ SIM ကတ်ကို ထည့်ပြီး၊ ဒီဖုန်းနံပါတ်နဲ့ သုံးနေတယ်' ဆိုတာကို တိုက်ရိုက်သိနိုင်ပါတယ်။ ဒါ့အပြင် ဘယ်အင်တင်နာတိုင် (Cell Tower) နဲ့ ချိတ်ထားလဲဆိုတာကိုပါ ခြေရာခံလို့ ရပါတယ်၊၊

အခု အဓိက စိုးရိမ်နေကြတဲ့ CEIR စနစ်ဆီ သွားရအောင်။ လေ့လာချက်အရ CEIR ဆိုတာ လူတွေကို ခြေရာခံတဲ့ Tracking System မဟုတ်ပါဘူး။ သူက ဖုန်းစက်တွေကိုပဲ စီမံခန့်ခွဲတဲ့ စနစ်ပါ။ အဓိကကတော့ အခိုးခံရတဲ့ဖုန်းတွေကို ပိတ်ပစ်ဖို့နဲ့ တရားမဝင်ဝင်လာတဲ့ ဖုန်းတွေကို ထိန်းချုပ်ဖို့ သုံးတာပါ။ တကယ်တမ်း ခြေရာခံတာနဲ့ စောင့်ကြည့်တာ (Surveillance) က အော်ပရေတာတွေရဲ့ ကွန်ရက်စနစ် (Network Infrastructure) မှာပဲ ရှိတာ ဖြစ်ပါတယ်၊၊

လူတွေ ထင်သလို အာဏာပိုင်တွေက ဖုန်းတွေကို လိုက်ပြီး အချိန်ပြည့် နားထောင်နေဖို့ဆိုတာ လူအင်အားရော၊ ငွေကြေးအင်အားရော လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ပိုပြီး ဖြစ်နိုင်ခြေရှိတာကတော့ Software တွေ သုံးပြီး ဘယ်သူတွေ ဖုန်းခေါ်လဲ၊ မက်ဆေ့ခ်ျပို့လဲ၊ ဘယ်အချိန်က ချိတ်ဆက်လဲဆိုတဲ့ Metadata တွေကို အလိုအလျောက် Database ထဲ သိမ်းထားပြီး လိုအပ်တဲ့အချိန်ကျမှ ပြန်ရှာကြည့်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်၊၊

ဒီနေရာမှာ Metadata ဆိုတာကို ရှင်းပြချင်ပါတယ်။ သူက ဖုန်းထဲမှာ ပြောလိုက်တဲ့ စကားလုံးတွေကို ဆိုလိုတာမဟုတ်ဘဲ ဆက်သွယ်မှုရဲ့ ဘေးပတ်ဝန်းကျင် အချက်အလက်တွေကို ပြောတာပါ။ ဥပမာ- စာအိတ်တစ်အိတ်ရဲ့ အတွင်းစာသားမဟုတ်ဘဲ အပြင်က လိပ်စာနဲ့ တံဆိပ်တုံးလိုမျိုးပေါ့။ ဒါပေမယ့် ဒီ Metadata တွေကို ကြည့်ရုံနဲ့တင် ဒီလူဟာ ဘယ်သူတွေနဲ့ ပတ်သက်နေလဲ၊ ဘယ်လို လူနေမှုပုံစံရှိလဲဆိုတာကို အကုန် စုံစမ်းလို့ ရပါတယ်၊၊

အချို့ကလည်း 'ငါကတော့ IMEI မရှိတဲ့ဖုန်းနဲ့ မှတ်ပုံမတင်ထားတဲ့ ဆင်းကတ်သုံးရင် ငါ့ကို ဘယ်သူမှ မသိနိုင်တော့ဘူး' လို့ ယူဆကြပါတယ်။ ဒါကလည်း တစ်ဝက်ပဲ မှန်ပါတယ်။ အော်ပရေတာမှာ ဆင်းကတ်အမည် မရှိပေမယ့် အဲဒီဖုန်း သုံးလိုက်တာနဲ့ ချိတ်ဆက်မိတဲ့ Cell Tower တွေ၊ ဖုန်းထဲကနေ လိုင်းသုံးပြီး ဝင်လိုက်တဲ့ လူမှုကွန်ရက် အကောင့်တွေ၊ ပြီးတော့ အမြဲဖုန်းခေါ်နေကျ အပေါင်းအသင်းတွေရဲ့ Network Pattern ကို ကြည့်ပြီး ဒီလူဟာ ဘယ်သူလဲဆိုတာ ဆက်စပ်ဖော်ထုတ်လို့ ရနေပါသေးတယ်။ ဒါကြောင့် 'လုံးဝ မသိနိုင်တော့တာ' မဟုတ်ဘဲ 'ဖော်ထုတ်ရ ပိုလက်ဝင်သွားတာ' ပဲ ရှိပါတယ်၊၊

"Location Metadata ကို VPN နဲ့ ဖျောက်လို့ရမလား"ဆိုရင် အင်တာနက်သုံးရင် VPN ခံသုံးလို့ ရပေမယ့် ဖုန်းလိုင်းတိုင် (Cell Tower) ရဲ့ တည်နေရာပြ Metadata ကိုတော့ VPN က မဖျောက်ပေးနိုင်ပါဘူး။ ဖုန်းမှာ လိုင်းတိုင် (Signal Bars) တက်နေသရွေ့ အနီးဆုံး တာဝါတိုင်နဲ့ ဖုန်းဟာ စက္ကန့်မလပ် အချက်ပြစနစ် လဲလှယ်နေရလို့ အော်ပရေတာက သင့်ရဲ့ အကြမ်းဖျင်း တည်နေရာကို သိနေမှာပဲ ဖြစ်ပါတယ်၊၊

ဒီတော့ ကျနော်တို့ အားလုံးကို ခြုံငုံပြီး စဉ်းစားကြည့်ရအောင်။ ဟုတ်ပါတယ်... CEIR စနစ်တစ်ခုတည်းက Surveillance မဟုတ်ပါဘူး။ ဒါပေမယ့် စနစ်တွေအကုန်လုံးဖြစ်တဲ့ IMEI မှတ်ပုံတင်ခြင်း၊ SIM ကတ်မှတ်ပုံတင်ခြင်း၊ Metadata စုဆောင်းခြင်းနဲ့ တာဝါတိုင်ကနေ ခြေရာခံခြင်း စတာတွေ အားလုံး ပေါင်းစပ်သွားတဲ့အခါမှာတော့ လူတစ်ဦးချင်းစီရဲ့ သွားလာလှုပ်ရှားမှုနဲ့ ဆက်သွယ်ရေး ကွန်ရက်တစ်ခုလုံးကို ယခင်ကထက် ပိုမိုတိကျလွယ်ကူစွာနဲ့ ချိတ်ဆက်ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အခြေအနေ ဖြစ်ပေါ်လာနိုင်ပါတယ်၊၊

နိဂုံးချုပ်အနေနဲ့ ပြောရရင် CEIR ဟာ ဖုန်းစက်တွေကို မှတ်ပုံတင်တဲ့ စနစ်သက်သက်သာ ဖြစ်ပြီး တိုက်ရိုက်ထောက်လှမ်းရေးစနစ် မဟုတ်ပါဘူး။ ဒါပေမယ့် သမားရိုးကျ Mobile Network ထဲမှာ ရှိပြီးသားဖြစ်တဲ့ ရွှေထက်တန်ဖိုးရှိတဲ့ Metadata တွေ၊ Records တွေနဲ့ ပေါင်းစပ်လိုက်ရင်တော့ အစွမ်းထက်တဲ့ စောင့်ကြည့်မှုယန္တရား ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ CEIR ကို လေ့လာတဲ့အခါ သူ့တစ်ခုတည်းကို သီးသန့်မကြည့်ဘဲ မိုဘိုင်းကွန်ရက် အဆောက်အအုံ (Mobile Network Infrastructure) တစ်ခုလုံးနဲ့ တွဲဖက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ရမှာ ဖြစ်ပါတယ်၊၊

ဒါဆိုရင် ထပ်ဖြည့်ပြောချင်တာက Messangerက စကားပြောထားတွေကိုရော အာဏာပိုင်တွေက ဘယ်လိုထောက်လှမ်းမိကြလဲပေါ့။ အဖြေကတော့ရှင်းပါတယ် နှစ်ယောက်ထဲပြောရင် တစ်ယောက်ယောက်က ဒီcomversationတွေကို အပြင်ကိုဖွင့်ချလိုက်လို့။ Groupလိုက်ပြောတယ်ဆိုရင်တော့ ဒီအထဲကတစ်ယောက်က conversation တွေကို အပြင်ကိုပေါက်ကြားစေခဲ့လို့ပဲဖြစ်ပါတယ်။ ဘာလို့ဆိုရင် Messangerမှအစ telegram, signal, whatsapp, instagramအစရှိတဲ့ appတွေက converstionတွေကို End-to-End encryption (E2EE) systemနဲ့ သွားထားကြတာပါ။ နားလည်လွယ်အောင်ပြောရရင် တစ်ဖက်လူကစာရိုက်ပြီးပို့လိုက်တာနဲ့ codeအဖြစ်ပြောင်းပြီး တစ်ဖက်ကိုပို့လိုက်တာပါ။ ဒီတော့ ဘယ်အော်ပရေတာမှ ကြားဖျက်ပြီး မသိနိုင်တော့ပါဘူး။

ဒါဆို လတ်တလောဖြစ်သွားတဲ့ Comment မန့်မိလို့ အဖမ်းရတယ်ဆိုတာကရောဆိုရင် အဖြေကတော့ ရှင်းပါတယ်။ ဒီaccountကို ဒီလူသုံးနေတယ်ဆိုတာကို သိတဲ့သူတစ်ဦးဦးက သတင်းပေးလိုက်မှပဲ သိနိုင်မှာပါ။

အနှစ်ချုပ်ရရင် ရိုးရိုးဖုန်းcallနဲ့ခေါ်ပြီးစကားပြောတာနဲ့ SMSပို့တာကို ခြေရာခံနိုင်ပေမဲ့ မည်သည့် social media platformကိုမှ တိုက်ရိုက်ခြေရာခံနိုင်သည့်Program အာဏာပိုင်တွေဆီမှာ မရှိသေးပါ။

#လူထုအသံ

04/06/2026

TKGCSဆိုတာ ဘာလဲ ဘယ်လိုမျိုးလဲ

02/06/2026

Multiple Flight Tutorial

28/05/2026

Single Flight Tutorial

27/05/2026

Aiအခြေပြုဖန်တီးထားသော စောင့်ကြည့်မောင်းနှင်စနစ်ပါသောကြောင့် လူသက်သာစေသော appတစ်ခုဖြစ်သည်။

TigerKing GCS (TKGCS) ဆိုတာ AI နည်းပညာတွေထည့်သွင်းထားတဲ့ Ground Control Station Software တစ်ခုဖြစ်ပါတယ်။Vision Intellige...
26/05/2026

TigerKing GCS (TKGCS) ဆိုတာ AI နည်းပညာတွေထည့်သွင်းထားတဲ့ Ground Control Station Software တစ်ခုဖြစ်ပါတယ်။

Vision Intelligence စနစ်ပါဝင်တဲ့အတွက် Live Video တွေကို ကြည့်ရှုတဲ့အခါ Object Detection တွေကို ပိုပြီးလွယ်ကူစွာ သိနိုင်ပြီး Monitoring လုပ်တဲ့အလုပ်တွေမှာ အသုံးပြုသူကို အများကြီးသက်သာစေပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းတွေ၊ မြေပြင်စောင့်ကြည့်ရေး၊ သဘာဝပတ်ဝန်းကျင်လေ့လာရေး၊ Outdoor Activity တွေမှာ အသုံးဝင်အောင် ရည်ရွယ်ဖန်တီးထားပါတယ်။

ဒါ့အပြင် Real-time Telemetry နဲ့ Smart Monitoring System တွေပါဝင်တာကြောင့် Control လုပ်တဲ့အတွေ့အကြုံကို ပိုပြီးလွယ်ကူစေပါတယ်။

Application ကို Website မှာ Download ရယူပြီး စမ်းသပ်အသုံးပြုနိုင်ပါပြီ။

https://www.tigerkinggcs.com

Drive your future with TKGCS

ที่อยู่

221B Baker Street
Chiang Mai
NW16XE

เบอร์โทรศัพท์

+959250098783

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ TKGCSผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง TKGCS:

ทางลัด

แชร์

ประเภท