Bit Global Unit

Bit Global Unit 株式会社ビットグローバルユニット

Green ladies conquering the corporate world, one project at a time! 💚💼
09/05/2024

Green ladies conquering the corporate world, one project at a time! 💚💼

📢လက်ရှိကျွန်မတို့ကုမဏီကအလုပ်ခေါ်နေပါတယ်📢■ JLPT N3နှင့်အထက်ရှိသူ■ ဘွဲ့ရထားသူ■ ဂျပန်နဲ့ဆက်စပ်ကုမ္ပဏီမှာ Programအတွေ့အကြုံ ...
27/02/2024

📢လက်ရှိကျွန်မတို့ကုမဏီကအလုပ်ခေါ်နေပါတယ်📢

■ JLPT N3နှင့်အထက်ရှိသူ

■ ဘွဲ့ရထားသူ

■ ဂျပန်နဲ့ဆက်စပ်ကုမ္ပဏီမှာ Programအတွေ့အကြုံ ၅ နှစ်နှင့်အထက်ရှိတဲ့သူ

အဲသည်အချက်တွေနဲ့ကိုက်ညီတယ်ဆိုရင်လျှောက်ထားနိုင်ပါတယ်👌

Bit Global Unitに仲間が2人増えました ♪ (*^-^)ノ9月に入社したEiPhyuさんとPhyoさんです👏入社おめでとうございます㊗🎉これから一緒に頑張っていきましょう💪
25/09/2023

Bit Global Unitに仲間が2人増えました ♪ (*^-^)ノ
9月に入社したEiPhyuさんとPhyoさんです👏

入社おめでとうございます㊗🎉
これから一緒に頑張っていきましょう💪

8月လွန်ခဲ့တဲ့တစ်ပတ်က မြန်မာနိုင်ငံကရောက်ရှိလာတဲ့ GU groupရဲ့မန်ဘာအသစ်တွေဖြစ်တဲ့ ညီမချောချော‌လေးနှစ်ယောက်။ဒီနေ့တော့ နေ့လည်...
21/08/2023

8月လွန်ခဲ့တဲ့တစ်ပတ်က မြန်မာနိုင်ငံကရောက်ရှိလာတဲ့ GU groupရဲ့မန်ဘာအသစ်တွေဖြစ်တဲ့ ညီမချောချော‌လေးနှစ်ယောက်။
ဒီနေ့တော့ နေ့လည်နားချိန် ကုမ္ပဏီနားတစ်ဝိုက်လျှောက်လည်ရင်း အမှတ်တရရိုက်ဖြစ်တဲ့ ဓာတ်ပုံလေးတွေကို Sharingလုပ်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံက နောက်ထပ်ရောက်လာကြမယ့် ညီမလေးတွေကိုလည်း ကြိုဆိုလျှက်ပါ 😍

入社おめでとうございます🎉
これから色々あると思うんですけど、
お互い支えながら、一緒に頑張っていきましょうね💪

Fun Fridays!
28/07/2023

Fun Fridays!

Minasan, Konnichiha❣အခုတစ်ခေါက် ကျွန်မတို့ကုမဏီကရွေးချယ်ခန့်ထားတဲ့ အိုင်တီအင်ဂျင်နီယာ၀န်ထမ်းအသစ်တွေလဲ မြန်မာပြည်ကနေ သြဂု...
21/07/2023

Minasan, Konnichiha❣
အခုတစ်ခေါက် ကျွန်မတို့ကုမဏီကရွေးချယ်ခန့်ထားတဲ့
အိုင်တီအင်ဂျင်နီယာ၀န်ထမ်းအသစ်တွေလဲ မြန်မာပြည်ကနေ သြဂုတ်လနဲ့ စက်တင်ဘာလထဲမှာရောက်လာကြတော့မယ်နော်။

ဂျပန်ကိုရောက်လာတဲ့အခါ လိုအပ်တဲ့ လုပ်ဆောင်ရမယ့်အချက်တွေကို ကြိုတင်လလေ့လာနိုင်ဖို့ ဂျပန်နိုင်ငံ၊ လူ၀င်မှုကြီးကြပ်‌ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့သတင်းအချက်အလက်အပေါ်အခြေခံပြီး မိတ်ဆက်ပေးထားပါတယ်ရှင်။

၁။ 在留カード နေထိုင်ခွင့်ကတ်ပြားရယူခြင်း
https://www.facebook.com/BitGlobalUnit/posts/pfbid02SdY8wK1R8yc7XzN6ULDgMAWN1dVdnoBpi7KPnmjrvGwMZE3Mmmz5uBiwYkcpubnil

၂။ နေထိုင်ကြောင်းမှတ်ပုံတင်ခြင်း နဲ့ My Number Cardလျှောက်ခြင်း
https://www.facebook.com/BitGlobalUnit/posts/pfbid02cVMwJUoN5WKsgHFSFVcayouAipjr7Em3XDpkJeP81dYFaoJQ6DDyveXeudJ15DWdl

၃။ တံဆိပ်တုံးပြုလုပ်ခြင်းနဲ့မှတ်ပုံတင်ခြင်း
https://www.facebook.com/BitGlobalUnit/posts/pfbid0q6Qnv1Vsd8isCCSffrMdYQh7zNB6hp1a7cCBSB475eTPgiVo7VqHNcWcp4sfr5D1l

၄။ ဘဏ်အကောင့်ဖွင့်ခြင်း
https://www.facebook.com/BitGlobalUnit/posts/pfbid02fHksXr6EZoaUXVW48B2ahZWjccKujUr9agoX2kDHKdCTvXyv9WAs6g7zzjj1769kl

新入社員の皆さん、これから一緒にお仕事ができることを楽しみにしています!

ဒီကနေ့ကတော့ ဘဏ်အကောင့်ဖွင့်ဖို့အတွက် လိုအပ်တဲ့အရာတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ဂျပန်နိုင်ငံ၊ လူ၀င်မှုကြီးကြပ်‌ရေး၀န်ကြီး...
14/07/2023

ဒီကနေ့ကတော့ ဘဏ်အကောင့်ဖွင့်ဖို့အတွက် လိုအပ်တဲ့အရာတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ဂျပန်နိုင်ငံ၊ လူ၀င်မှုကြီးကြပ်‌ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့သတင်းအချက်အလက်အပေါ်အခြေခံပြီး ပြောပြပါမယ်နော်။

ဂျပန်ကိုရောက်လာပြီး အလုပ်လုပ်တဲ့အခါမှာ ဘဏ်အကောင့်ဖွင့်ဖို့ လိုအပ်ပါတယ်။
နိုင်ငံခြားသားတွေအနေနဲ့ ဂျပန်မှာနေထိုင်သည့်ကာလ ၆လထက်ပိုကြာမယ်ဆိုရင် ဂျပန်ဘဏ်တွေမှာ ပုံမှန်အကောင့်ဖွင့်နိုင်ပါတယ်။

【ဘဏ်အကောင့်ဖွင့်ခြင်း - 銀行口座開設】

ဂျပန်မှာ ဘဏ်အမျိုးမျိုးရှိပြီး၊ ဘဏ်အကောင့်တစ်ခုဖွင့်ဖို့ အောက်ပါစာရွက်စာတမ်းများလိုအပ်ပါတယ်။

(၁)ကာယကံရှင်ဖြစ်ကြောင်းအတည်ပြုသည့်စာရွက်စာတမ်း(နေထိုင်ခွင့်ကတ်ပြား)
(၂)တံဆိပ်တုံး(လက်မှတ်ထိုးတာကို ခွင့်ပြုတဲ့ဘဏ်များလဲရှိ)
(၃)၀န်ထမ်းကတ်(သို့)ကျောင်းသားကတ်

(နေထိုင်ခွင့်ကတ်ပြာအကြောင်းးဖတ်မယ်ဆိုရင်
https://www.facebook.com/BitGlobalUnit/posts/pfbid0fGmhe8SX5zgbcwczwvgk1unX7dMCC4TiBScS8mVfPGkxc8Vjh24bkS55bK9wYeYYl
တံဆိပ်တုံးအကြောင်းဖတ်မယ်ဆိုရင် https://www.facebook.com/BitGlobalUnit/posts/pfbid0q6Qnv1Vsd8isCCSffrMdYQh7zNB6hp1a7cCBSB475eTPgiVo7VqHNcWcp4sfr5D1l )

ဘဏ်ကောင်တာမှာ အကောင့်ဖွင့်ရန် လျှောက်လွှာပုံစံကိုဖြည့်ပြီး၊ အထက်ကဖော်ပြထားတဲ့စာရွက်စာတမ်းတွေကို တင်ပြရပါမယ်။ ဘဏ်ဖက်ကလဲ ဘဏ်အ‌ကောင့်ဖွင့်မယ့်သူရဲ့အမည်၊ နေရပ်လိပ်စာနှင့် မွေးသက္ကရာဇ်စတဲ့ လိုအပ်အချက်များကို စစ်ဆေးပြီး၊ အကောင့်ဖွင့်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကိုလုပ်ဆောင်သွားပါမယ်။
(ဘဏ်ပေါ်မူတည်ပြီး စာတိုက်ဖြင့်၊ စမတ်ဖုန်းအက်အပလီကေးရှင်းဖြင့်၊ကွန်ပျူတာဖြင့်လဲ ‌လျှောက်ထားလုပ်ဆောင်နိုင်ပါတယ်။)

အဲသည်လိုလုပ်ဆောင်ပြီးပြီဆိုရင် ဘဏ်စာအုပ်ကို ရပါမယ်။ ဒါပေမယ့် ဥပဒေနှင့်အညီ အတည်ပြုဖို့ လိုအပ်ချက်များရှိမယ်ဆိုရင်တော့၊ နောက်ပိုင်းရက်များမှာမှ အိမ်သို့ ဘဏ်စာအုပ်ကို ပေးပို့မှာဖြစ်ပါတယ်။
CashCard(ငွေသားကတ်) လုပ်တယ်ဆိုရင်လဲ ၇ရက်မှ ၁၀ ရက်အတွင်း CashCardကို စာတိုက်မှတစ်ဆင့် အိမ်တိုင်ရာရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

ဟုတ်ကဲ့ ဒါဆိုရင် ဂျပန်မှာ ဘဏ်အကောင့်ဖွင့်ဖို့အတွက် လိုအပ်တာတွေလဲ သိသွားပြီနော်။

ဒါအပြင် ဘဏ်ကိုအသိပေးအကြောင်းကြားရမယ့်အချက်တွေနဲ့ ဘဏ်အကောင့်ပိတ်တာနဲ့ပတ်သက်တာတွေကိုလဲ ပုံမှာလေ့လာနိုင်ပါတယ်ရှင်။

#ဘဏ်အကောင့်ဖွင့်ခြင်း
#銀行口座開設

印鑑/ハンコတံဆိပ်တုံးမြန်မာနိုင်ငံနဲ့အခြားသောနိုင်ငံအတော်များများများမှာ တရား၀င်စာရွက်စာတမ်းတွေနဲ့ပက်သက်လာရင် Signature (လက်မ...
07/07/2023

印鑑/ハンコတံဆိပ်တုံး

မြန်မာနိုင်ငံနဲ့အခြားသောနိုင်ငံအတော်များများများမှာ တရား၀င်စာရွက်စာတမ်းတွေနဲ့ပက်သက်လာရင် Signature (လက်မှတ်ထိုးခြင်း) ကိုအသုံးပြုကြပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံမှာတော့ လက်မှတ်ထိုးခြင်းအစား မိမိကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့တံဆိပ်တုံးကိုသာ အသုံးပြုကြပါတယ်။

💮 တံဆိပ်တုံးရဲ့သမိုင်း 💮
တံဆိပ်တုံးအသုံးပြုမှုကို (ဘီစီ ၇၀၀၀)ကျော်လောက်က အီရတ်နိုင်ငံ Mesopotamiaပြည်ကနေ အစပြုလာပြီး အဲဒီက​နေ အီဂျစ်နှင့် ဂရိမှတဆင့် ရောမအထိ ကျယ်ပြန့်လာပြီး ဥရောပတခွင်လုံးပျံ့နှံ့လာခဲ့ပါတယ်။ တရုတ်ပြည်(ဟန်မင်းဆက်) ခေတ်လောက်မှာတရုတ်ပြည်ကနေ ဂျပန်ကို တဆင့် ဆင်းသက်လာပြီး အဲဒိုခေတ်(江戸時代)လောက်ကစတင်အသုံးပြုလာကြပါတယ်။ မေဂျီ(明治時代)ခေတ်မှာ ဂျပန်နိုင်ငံမှာ လူတိုင်းလိုလိုတံဆိပ်တုံးကို အသုံးပြုလာတယ်လို့ဆိုပါတယ်။

💮 တံဆိပ်တုံးပေါ်ကအမှတ်အသား💮
တံဆိပ်တုံးပေါ်ကအမှတ်အသားဟာ များသောအားဖြင့် မိမိနာမည်ကို Kanji ပုံစံနဲ့ထွင်းထားတာပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံသားတိုင်းမှာ ကိုယ်ပိုင် Hanko Seal(တံဆိပ်တုံး) ရှိကြပါတယ်။ ဂျပန်မှာနေတဲ့နိုင်ငံခြားသားတွေကတော့ နိုင်ငံခြားသားအမည်ဖြစ်တဲ့အတွက် အများအားဖြင့်“Katakana”နဲ့ လုပ်ကြပါတယ်။

💮 တံဆိပ်တုံးကိုဘယ်မှာလုပ်မလဲ 💮
တံဆိပ်တုံးသီးသန့်လုပ်တဲ့ဆိုင် Hankoyaတွေမှာ လက်နဲ့ထွင်းထုပေးဖို့အပ်နှံနိုင်သလို၊ はんこ自動販売機 လို့ခေါ်တဲ့
STAMP VENDING MACHINE တွေမှာလဲအလွယ်တကူ၀ယ်ယူနိုင်ပါတယ်။
တံဆိပ်တုံးစျေးနှုန်းကတော့ အရွယ်အစားပေါ်မူတည်ပြီးတော့ စျေးကွာပါတယ်။ ယန်း၅၀၀ ကနေယန်း၇၇၀၀ဝ လောက်အထိရှိပါတယ်။

💮 တံဆိပ်တုံးအမျိုးအစား 💮
တံဆိပ်တုံးမှာ ယေဘုယျအားဖြင့် နေ့စဥ်သုံး တံဆိပ်တုံး(Mitome-in (認印))နဲ့ အရေးကြီးသောစာရွက်စာတမ်းများတွင် အသုံးပြုသောတံဆိပ်တုံး (Jitsu-in (実印))) ဆိုပြီးရှိကြပါတယ်။
ဘဏ်လုပ်ငန်းကိစ္စတွေအတွက် Ginko-in (銀行印) ဆိုတာလဲရှိပါသေးတယ်။

💮 တံဆိပ်တုံးမှတ်ပုံတင်ခြင်း💮
မိမိတို့ရဲ့တံဆိပ်တုံးကို အောက်ပါလုပ်ငန်းတွေမှာ အသုံးပြုမယ်ဆိုရင် အဲဒီတံဆိပ်တုံးကို မိမိနေထိုင်တဲ့ သက်ဆိုင်ရာမြို့နယ်ရပ်ကွက်ရုံးတွေမှာ မှတ်ပုံတင်ပြုလုပ်ရပါမယ်။
💳 ကား၊ အိမ်၀ယ်ယူခြင်း။
💳 အိမ်ဌားစာချုပ်ချုပ်ဆိုခြင်း။
💳 စာရွက်စာတမ်းများကိုအစိုးရရုံးသို့တင်ပြခြင်း။
💳 ဘဏ်စာအုပ်လုပ်ခြင်း။
💳 တယ်လီဖုန်းဝယ်ယူမှု စာချုပ်ချုပ်ဆိုခြင်း
💳 ကိုယ်ရေးရာဇဝင်(သို့)အခြားသောလျှောက်လွှာတင်ခြင်း။

ယခုအကြိမ်မှာတော့
မြို့နယ်ရပ်ကွက်ရုံးတွေမှာ တံဆိပ်တုံးမှတ်ပုံတင်ပြုလုပ်ခြင်းကို ဂျပန်နိုင်ငံ၊ လူ၀င်မှုကြီးကြပ်‌ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့သတင်းအချက်အလက်အပေါ်အခြေခံပြီး မိတ်ဆက်ပေးပါမယ်။

📄✍မြို့နယ်ရပ်ကွက်ရုံးများတွင်လုပ်ဆောင်ရမည့်အချက်များ ✍📄ဂျပန်နိုင်ငံကိုရောက်ရှိလာပြီး နေထိုင်တော့မယ်ဆိုပါက လုပ်ဆောင်ရမည့်...
30/06/2023

📄✍မြို့နယ်ရပ်ကွက်ရုံးများတွင်လုပ်ဆောင်ရမည့်အချက်များ ✍📄

ဂျပန်နိုင်ငံကိုရောက်ရှိလာပြီး နေထိုင်တော့မယ်ဆိုပါက လုပ်ဆောင်ရမည့်အချက်များရှိပါတယ်။ ယခုအကြိမ်မှာတော့ မြို့နယ်ရပ်ကွက်ရုံးတွေမှာလုပ်ဆောင်ရမည့်
“နေထိုင်ကြောင်းမှတ်ပုံတင်ခြင်း” နဲ့
“My Number Cardလျှောက်ခြင်း” ကို
ဂျပန်နိုင်ငံ လူ၀င်မှုကြီးကြပ်‌ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့သတင်းအချက်အလက်အပေါ် အခြေခံပြီး မိတ်ဆက်ပေးပါမယ်။

၁။ 住民登録 နေထိုင်ကြောင်းမှတ်ပုံတင်ခြင်း📄

မိမိ‌နေထိုင်မယ့် နေရပ်လိပ်စာကို သတ်မှတ်ပြီးပါက 14 ရက်အတွင်း
မြို့နယ်ရပ်ကွက်ရုံးတွင်
နေထိုင်သည့်လိပ်စာအားမှတ်ပုံတင်ရန်လိုအပ်ပါတယ်။
နေထိုင်ခွင့်ကတ်ပြားကို တစ်ပါတည်းယူဆောင်သွားရပါမယ်။
နေထိုင်ခွင့်ကတ်မရသေးသူဆိုရင် ပတ်စပို့ယူဆောင်သွားရပါမယ်။

၂။ My Number Cardလျှောက်ခြင်း💳

နေထိုင်ကြောင်းမှတ်ပုံတင်သည့်အချိန်မှာလျှောက်ထားနိုင်ပါတယ်။
My Numberကတ်သည် ဂျပန်နိုင်ငံသားများအပါအဝင်ဂျပန်တွင်နေထိုင်နေကြသူအားလုံးအတွက်
ကာယကံရှင်ဖြစ်ကြောင်းအတည်ပြုတဲ့ ဂဏာန်း၁၂လုံးပါ IC Chipပြားပါဝင်သည့် ကတ်ဖြစ်ပါတယ်။

💳💳My number ကတ် အသုံးပြုရန်နေရာများ💳💳

●တရား၀င် ကာယကံရှင်ဖြစ်ကြောင်းအတည်ပြုလိုသည့်အခါ
●၀င်ငွေခွန်ဆောင်ရန်အကြောင်းကြားခြင်းအတွက် Onlineမှ ဆောင်ရွက်လိုသည့်အခါ
●ကွန်ဗီးနီးယမ့်စတိုးဆိုင်တွင် နေထိုင်မှုမှတ်တမ်းမိတ္တူကို ရယူလိုသည့်အခါ
●ကျန်းမာရေးအာမခံကတ်လက်မှတ်အဖြစ်အသုံးပြုလိုသည့်အခါ



Minasan, Konnichiha❣အခုတစ်ခေါက် အလုပ်အင်တာဗျူးမှာရွေးချယ်ခန့်ထားရတဲ့ အိုင်တီအင်ဂျင်နီယာ၀န်ထမ်းအသစ်တွေလဲ မြန်မာပြည်ကနေ မက...
23/06/2023

Minasan, Konnichiha❣

အခုတစ်ခေါက် အလုပ်အင်တာဗျူးမှာရွေးချယ်ခန့်ထားရတဲ့
အိုင်တီအင်ဂျင်နီယာ၀န်ထမ်းအသစ်တွေလဲ မြန်မာပြည်ကနေ မကြာခင်ရောက်လာကြပါတော့မယ်။

ကျွန်မတို့၀န်ထမ်းအသစ်တွေနဲ့အတူ
ဂျပန်ကို အလုပ်တို့၊ ကျောင်းတို့နဲ့လာကြမယ့်သူတွေအတွက်
ဂျပန်ကိုရောက်လာတဲ့အခါ လုပ်ဆောင်ရမယ့်အချက်တွေကို sharingလုပ်ပေးချင်ပါတယ်။

💳 ၁။ 在留カード နေထိုင်ခွင့်ကတ်ပြားရယူခြင်း (☝︎ ՞ਊ ՞)☝︎

အရင်ဆုံးဂျပန်ကို လေဆိပ်ရ-ခု (နာရီတာ၊ ဟနဲဒါ၊
ချူးအိုး၊ကန်းဆိုင်း၊ နယူးချီတိုဆဲ၊ ဟီရိုရှီးမားနဲ့ ဖုကုအိုကာ)ကနေ ဝင်ရောက်လာပြီဆိုရင် လေဆိပ်မှာ
နိုင်ငံကူးလက်မှတ်မှာ ဆင်းသက်ခွင့် တံဆိပ်တုံးထုပြီး၊
၃ လကျော်ကြာ နေထိုင်ခွင့်ကတ် 在留カード ထုတ်ပေးမှာြဖစ်ပါတယ်။

အဲသည် လေဆိပ်ကမဟုတ်ပဲ တခြားလေဆိပ်ငယ်များနဲ့ဆိပ်ကမ်းမှဝင်ရောက်လာသည့်အခါ မိမိတို့နေထိုင်ရာနေရာရှိ မြို့နယ်ရပ်ကွက်ရုံးမှာ
နေထိုင်ကြောင်းအသိပေးမှတ်ပုံတင်ပြီးမှသာလျှင် စာတိုက်မှတဆင့်အိမ်အထိပို့ပေးမည်ဖြစ်ပါတယ်။

(ကျွန်မတို့ရုံးက ၀န်ထမ်းတွေကိုတော့
ကုမဏီရှိတဲ့ ယိုကိုဟမားနဲ့အနီးဆုံး ဟနဲဒါလေဆိပ်ဆိုက်မယ့် လေကြောင်းလိုင်းလက်မှတ်ကို စီစဉ်ပေးပါတယ်ရှင့်။)

နေထိုင်မှုကတ်ပြားအကြောင်း
ဂျပန်နိုင်ငံ လူ၀င်မှုကြီးကြပ်‌ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့သတင်းအချက်အလက်မှာ အသေးစိတ်လေ့လာနိုင်အောင် ‌‌‌ဝေမျှပေးလိုက်ပါတယ်ရှင်။။


📢 We are hiring!!ဂျပန်ရောက် မြန်မာပရိုဂရမ်မာများအား ကျွန်မတို့ Bit Global Unitမှ ဝန်ထမ်းသစ် ခေါ်ယူနေပါတယ်။ ⭐️ရာထူး      ...
23/05/2023

📢 We are hiring!!

ဂျပန်ရောက် မြန်မာပရိုဂရမ်မာများအား ကျွန်မတို့ Bit Global Unitမှ ဝန်ထမ်းသစ် ခေါ်ယူနေပါတယ်။

⭐️ရာထူး ➡️ Programmer
⭐️အမျိုးအစား ➡️အမြဲတမ်းဝန်ထမ်း
⭐️အလုပ်ချိန် ➡️9:00-17:30
⭐️နားရက် ➡️ စနေ၊တနင်္ဂနွေ
ဂျပန်အစိုးရရုံးပိတ်ရက်များ
⭐️နေရာ ➡️ဂျပန်နိုင်ငံ တိုကျိုမြို့ (သို့)
ယိုကိုဟားမားမြို့ အနီးတဝိုက်
⭐️လစာ ➡️ အတွေ့အကြုံပေါ်မူတည်ပြီး ညှိနှိုင်းနိုင်ပါသည်။

※※※ လိုအပ်သောအရည်အချင်း ※※※

1. ဂျပန်စာ N3 အထက်ရှိသောသူ
2. ဂျပန်လုပ်ငန်းခွင်အတွေ့အကြုံ ၃နှစ် အထက်ရှိသောသူ
3. Teamworkဖြင့် အလုပ်လုပ်ကိုင်နိုင်သူ

အရမ်းလဲမပူ အရမ်းလဲမအေးတဲ့ နွေဦးရာသီလေး ရောက်လို့လာပြန်ပါပြီနော် ဂျပန်ပြည်တွင်းနေထိုင်သူ Software Engineersများလဲ အလုပ်ပြ...
11/05/2023

အရမ်းလဲမပူ အရမ်းလဲမအေးတဲ့ နွေဦးရာသီလေး ရောက်လို့လာပြန်ပါပြီနော်

ဂျပန်ပြည်တွင်းနေထိုင်သူ Software Engineersများလဲ အလုပ်ပြောင်းဖို့ အစီစဉ်များရှိခဲ့ရင် မင်မင်တို့ Bit-GU groupက နွေးထွေးတဲ့ မြန်မာဝန်ထမ်းများနှင့်အတူတူ မင်မင်တို့ကုမ္မဏီအဖွဲ့ဝင်များကကမ်းလှမ်းကြိုလင့်လျက်ပါနော် ☺️

အသေးစိတ်ကို Page Messengerကနေလဲဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်

住所

5F Yokohama Blue Avenue, 4-4-2 Minatomirai, Nishi-ku
Yokohama, Kanagawa
220-0012

営業時間

月曜日 09:30 - 17:30
火曜日 09:30 - 17:30
水曜日 09:30 - 17:30
木曜日 09:30 - 17:30
金曜日 09:30 - 17:30

ウェブサイト

アラート

Bit Global Unitがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー