Ma Moe Telecom

Ma Moe Telecom Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ma Moe Telecom, Yongsan, Seoul.

" သေခြင်းတရားကို ပိုက်ဆံဖြင့်၀ယ်လို့မရပါ" ဒီစာဖတ်ဖူးတာကြာပြီဒီနေ့မှာတိုက်ဆိုင်မှုရှိလို့ ကော်ပီကူးတင်လိုက်ပါတယ်၊ဖတ်ကြည့်...
08/02/2026

" သေခြင်းတရားကို ပိုက်ဆံဖြင့်၀ယ်လို့မရပါ"
ဒီစာဖတ်ဖူးတာကြာပြီဒီနေ့မှာတိုက်ဆိုင်မှုရှိလို့ ကော်ပီကူးတင်လိုက်ပါတယ်၊ဖတ်ကြည့်နော်^^
👉​မိုက်ကယ်ဂျက်ဆင်ဟာ အသက်(၁၅၀)လောက်ထိ နေသွားချင်ခဲ့ပါတယ်။ ဒါကြောင့် ဆံဖျားကနေ ခြေမအဆုံး သူ့ရဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့ မိသားစုဆရာဝန် (၁၂)ယောက်ထိ သူခန့်ထားခဲ့တယ်။
​သူ နေ့စဉ်စားမယ့် အစားအသောက်တွေကိုလည်း ဓာတ်ခွဲခန်းမှာ ဂရုတစိုက်စစ်ဆေးပြီးမှသာ စားသောက်လေ့ရှိပါတယ်။ သူ့ရဲ့ နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်းများကို ကြပ်မတ်ပေးဖို့ ဝန်ထမ်း(၁၅)ယောက်လောက် ထပ်မံခန့်အပ်ထားခဲ့တာပါ။
​သူ့ရဲ့ အိပ်ယာမှာ အောက်စီဂျင်ပမာဏကို ထိန်းညှိပေးနိုင်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ ဆေးပညာအရ အစားထိုးလို့ရနိုင်တဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးကို လှူဒါန်းမယ့်သူတွေကလည်း တစ်ခုခုဆို မိုက်ကယ်ဂျက်ဆင်အတွက် တန်းလှူနိုင်ဖို့ အသင့်ရှိနေပါတယ်။ သူတို့ရဲ့စားဝတ်နေရေးကို မိုက်ကယ်ဂျက်ဆင်ကပဲ ထောက်ပံ့ပေးထားရတာဖြစ်ပါတယ်။
​ဒီလိုအဖက်ဖက်က ဂရုတစိုက်ပြင်ဆင်ထားပြီးနောက် သူဟာ အသက်(၁၅၀)လောက်ထိနေသွားနိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမယ့် သူ မအောင်မြင်ခဲ့ပါဘူး...
​(၂၀၀၉)ခုနှစ်၊ ဇွန်လ (၂၅)ရက် သူ့ အသက်(၅၀)နှစ် အရွယ်မှာတော့ မိုက်ကယ်ဂျက်ဆင် ရဲ့ နှလုံးဟာ လုံးဝအလုပ်မလုပ်တော့ပါဘူး။ မိသားစုဆရာဝန်(၁၂)ယောက် အပါအဝင် အခြားသော ဆရာဝန်ကြီးများစွာ ဝိုင်းဝန်းကြိုးစားခဲ့ကြပေမယ့် သူတို့ဟာ မိုက်ကယ်ဂျက်ဆင်ကို မကယ်တင်နိုင်ခဲ့ကြဘူး။ (၂၅)နှစ်လုံးလုံး ဆရာဝန်ညွှန်ကြားချက်မပါဘဲ ခြေတစ်လှမ်းတောင် မလှမ်းတဲ့သူတစ်ယောက်ဟာ အသက်(၁၅၀)ပြည့်အောင် နေချင်ပေမယ့် မနေခဲ့ရပါဘူး။
​မိုက်ကယ်ဂျက်ဆင်ရဲ့ ဈာပနအခမ်းအနားကို လူပေါင်း(၂)သန်းခန့်က တိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး ဒါဟာ ယနေ့အချိန်ထိ စံချိန်မှတ်တမ်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ သူကွယ်လွန်တဲ့ (၂၀၀၉)ခုနှစ်၊ ဇွန်လ (၂၅)ရက် ဒေသစံတော်ချိန် ညနေ(၀၃:၁၅)မှာ Wikipedia, Twitter နဲ့ AOL's instant messenger တို့ဟာ လုံးဝပြတ်တောက်သွားသည်အထိ ဖြစ်ခဲ့တယ်။ လူပေါင်းရှစ်သိန်းလောက်က Google မှာ မိုက်ကယ်ဂျက်ဆင် နာမည်ကို တစ်ပြိုင်နက်ရှာဖွေခဲ့ကြတယ်လို့ မှတ်တမ်းတွေကဆိုပါတယ်။
​မိုက်ကယ်ဂျက်ဆင်ဟာ သေခြင်းတရားကို စိန်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း သေခြင်းတရားကသာ သူ့ကို ပြန်လည်စိန်ခေါ်သွားခဲ့ပါတယ်။
​ဒီနေ့ကမ္ဘာမှာတော့ ရုပ်ဝတ္ထုပစ္စည်းတွေ အံ့မခန်းတိုးတက်ထွန်းကားနေတာဖြစ်လို့ ကျွန်တော်တို့အားလုံးဟာ အဲဒီနောက်ကို တကောက်ကောက်လိုက်နေကြရတယ်။ ဒါကိုမှားတယ်လို့လည်း ပြောလို့မရပါဘူး။ ရုပ်ဝတ္ထုများကို ဗဟိုပြုပြီး လည်ပတ်နေတဲ့ ကမ္ဘာတစ်ခုဖြစ်လာတာကြောင့် ကျွန်တော်တို့ဟာ အဲဒီနောက်ကိုလိုက်ကြရမှာပဲ။ ဒါပေမယ့် နေ့မနားညမနား လိုက်နေတာကရော အဓိပ္ပာယ်ရှိပါ့မလား။
​ကျွန်တော်တို့ဟာ တစ်ပတ်ကိုတစ်ခါလောက် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးဖြစ်ခဲ့ကြလို့လား။ ကျွန်တော်တို့ဟာ ကိုယ်ရှာထားတဲ့ပိုက်ဆံရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုတောင် ကိုယ့်ကိုကိုယ်ပျော်ရွှင်စေမယ့် အရာတွေအတွက် သုံးဖြစ်ခဲ့ကြရဲ့လား။ ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်အတွက်ကိုယ် အချိန်နည်းနည်းပေးဖို့၊ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်ပိုက်ဆံနည်းနည်းသုံးဖို့ လိုပါလိမ့်မယ်။
​တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ပိုင်တာ ဘာမှမရှိပါဘူး။ စာရွက်စာတမ်းတွေပေါ်မှာ ကျွန်တော်တို့နာမည် ခဏလေးရေးထိုးထားခွင့်ရရုံနဲ့ ကျွန်တော်တို့ဟာ ကိုယ်ပိုင်ပြီလို့ အထင်ရောက်နေခဲ့ကြတာပါ။
​"ဒါ ငါ့အိမ်၊ ဒါ ငါ့ကား" စသဖြင့် ကျွန်တော်တို့ ကြွေးကြော်လိုက်တိုင်းမှာ သေခြင်းက ပြုံးနေလိမ့်မယ်ထင်ပါတယ်။
​ချမ်းသာအောင် လုပ်စရာမလိုဘူးလို့ ကျွန်တော်ဆိုလိုတာ မဟုတ်ပါဘူး။ ဆင်းရဲတာနဲ့စာရင် ချမ်းသာတာက အဆပေါင်းများစွာ ပိုကောင်းပါတယ်။ ချမ်းသာတာက ပြဿနာ တစ်ခုမဟုတ်ပါဘူး။ ပိုက်ဆံချည်းပဲ ချမ်းသာနေပြီး စိတ်မချမ်းသာတာကသာ ပြဿနာဖြစ်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ဘဝကို...ကိုယ့်စိတ်တိုင်းကျ အသုံးပြုဖို့လိုပါတယ်။ ဒါမှမဟုတ် ဘဝက ကိုယ့်ကိုပြန်ပြီး အသုံးပြုသွားပါလိမ့်မယ်။
​တကယ်တော့ ဘဝမှာနေပျော်ဖို့အတွက် အရေးအကြီးဆုံးက ရောင့်ရဲမှု၊ ကိုယ့်ဘဝကိုယ် စိတ်ကျေနပ်မှုနဲ့ စိတ်အေးချမ်းမှုတွေပဲ ဖြစ်ပါတယ်။
​စိတ်မကောင်းစရာ တစ်ခုကတော့ အဲဒီအရာတွေကို ဘယ်မှာမှ ဝယ်လို့မရနိုင်တာပါပဲ။
Crd: Original Uploader
Photo ~ google

25/01/2026

✍️ ခုတစ်လော ကိုးရီးယားနိုင်ငံမှာ လူတွေစိတ်ဝင်စားကြတဲ့ဘာသာရေးအဖွဲစည်းတွေအကြောင်းဖြစ်ပါတယ်။ မမိုးသုံးတဲ့ဘာသာရေး YouTube channel မှာပိုစ်မတင်ခင် ဗဟုသုတအနေဖြင့် တင်ပေးလိုက်တာပါနော်။ ပီးတော " မေရှိယ" ဆိုတာ Hebrew ဘာသာစကားဖြစ်ပီး ကယ်တင်ရှင်လို့ အဓိပ္ပာယ်ရတယ်။ ဒီဘွားတော် 한학자 총재 က သူကိုယ်သူ ပြောနေတဲ့ စကားလုံး 😀။

👉 ပတ်ဝန်းကျင်မှာ ( 이단 , 사이비 ) ဆိုတဲ့စကားလုံးကြားရင် ဝေးဝေးကရှောင်နော်။ ဘာသာရေးဗန်းပြကလိမ်ကကျစ်စီးပွားရှာ လုပ်စားတဲ့ အဖွဲစည်းကိုခေါ်တာဖြစ်တယ်။

‼️ I created this video because I am personally interested in the topic and wanted to share what I know. My intention is to help people understand that this is a false belief/religion. There is no other purpose behind this video. The content is my own creation. Some video clips were taken from official news media sources, and the image is from Naver.

Thank you for watching ^^

https://youtu.be/yftvxcVNryE?si=J98kKxNmAIVoCcjr

အော် အင်ဂျင်နီယာဘွဲ့ရက အိမ်အကူတဲ့လား:(( Crd: photo
19/01/2026

အော် အင်ဂျင်နီယာဘွဲ့ရက အိမ်အကူတဲ့လား:((

Crd: photo

✍️ နိုင်ငံရေးသတင်းမျက်နှာစာမှာလဲ သူတို့သတင်းကထိပ်ဆုံးမှာနော်။ ဒါကြောင့်မမိုးလည်းစိတ်ဝင်စားရာမှလေ့လာဖြစ်တဲ့အကြောင်းကို ပြ...
17/01/2026

✍️ နိုင်ငံရေးသတင်းမျက်နှာစာမှာလဲ သူတို့သတင်းကထိပ်ဆုံးမှာနော်။ ဒါကြောင့်မမိုးလည်းစိတ်ဝင်စားရာမှလေ့လာဖြစ်တဲ့အကြောင်းကို ပြန်မျှပေးတာပါ။ ကိုယ်ကဘာသာရေးအလုပ်မလုပ်ပေမယ် ကျမ်းစာကိုအမြဲဖတ်ဖြစ်တဲ့အကြောင်းကို ဒီ YouTube channel မှာတင်လေ့ရှိတယ်။ ဒီအကြောင်းရာကတော ဗဟုသုတအနေဖြင့်လုပ်တာမို့ မမိုးကာကာတွေလည်းသိရအောင် ဒီမှာပြန်တင်ပေးတာပါ။ 👉👉
စိတ်ဝင်စားရင်ဝင်ကြည့်နော်😀😂

ခရစ်ယာန်ဘာသာကိုအသုံးချပီးလိမ်ညာတဲ့အဖွဲစည်းကို 이단 , လူမှုရေးနဲ့ပတ်သက်ပြီးတဘက်သားနစ်နာအောင်လိမ်ညာလှည့်ဖျားလှည့်စားတဲ့ဖွဲစည်းကို,
사이비 လိုခေါကြတယ်။

ဒီ 통일교 ကတော ဘွဲ့၂ခုပေးကြတယ် ( 이단 , 사이비 )
မမိုးနာမည်ပေးတာ ( ဂျင်းဘာသာ ) 😂😂

ဒါနဲ့ မောင်လေးတို့ကို ယေရှုအကြောင်းသိလားဆိုပီးလာလာဆွယ်နေတဲ့အဖွဲ့ကရှိသေးတယ် အဲဒါ 이단 အကြီးစား 신청지 လို့ခေါတယ် သူလည်း မလွတ်တောဘူး အခုအစစ်ခံရပြီ။ နောက်မှ အချိန်ရတဲ့ခါ ဒေတာစုပြီး ပြန်ရှယ်ပေးပါမယ်နော်။

✍️ ဒီ video လုပ်ရတဲ့အကြောင်းရင်းကတော ကျမကိုယ်တိုင်လည်း စိတ်ဝင်စားလို့ လေ့လာဖြစ်တဲ့အကြောင်းကို ရိုးရှင်းစွာပြ...

👉 အတုယူသင့်တယ်^^ Crd : Thuta video ပြာပုံဘဝမှ ကမ္ဘာ့ထိပ်တန်းသို့ တောင်ကိုရီးယား ဘယ်လိုရောက်လာလဲ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်...
08/01/2026

👉 အတုယူသင့်တယ်^^
Crd : Thuta video

ပြာပုံဘဝမှ ကမ္ဘာ့ထိပ်တန်းသို့ တောင်ကိုရီးယား ဘယ်လိုရောက်လာလဲ

၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းကို ပြုစုလိုက်မယ်ဆိုရင် အာဖရိကနိုင်ငံတွေနဲ့အတူ အာရှက တောင်ကိုရီးယားနိုင်ငံဟာ ပါဝင်နေမှာဖြစ်ပါတယ်။

အဲဒီအချိန်က တောင်ကိုရီးယားနိုင်ငံရဲ့ တဦးချင်းနှစ်စဉ်ဂျီဒီပီ ဟာ အမေရိကန်ဒေါ်လာ ၇၀ အောက်သာရှိပြီး မြို့တော်ဆိုးလ်ဟာ စစ်ဒဏ်ကြောင့် ပြာပုံဘဝ ရောက်နေခဲ့ပါတယ်။

ဒါပေမဲ့ နှစ်ပေါင်း ၆၀ ကျော်အကြာမှာတော့ အဲဒီနိုင်ငံဟာ ကမ္ဘာ့စီးပွားရေးအင်အားကြီး အဆင့် ၁၀ နေရာကို ရောက်ရှိလာခဲ့သလို သူတို့ရဲ့ နည်းပညာ၊ ယဉ်ကျေးမှု နဲ့ ရုပ်ရှင် တွေဟာ ကမ္ဘာတဝှမ်းကို လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။

ဒါဟာ ပုံပြင်မဟုတ်ပါဘူး။ အာရှကျားတစ်ကောင်ရဲ့ သွေး၊ ချွေး နဲ့ မျက်ရည်တွေ ပေါင်းစပ်ထားတဲ့ သမိုင်းမှန် "Miracle on the Han River" (ဟန်မြစ်ဝှမ်းက အံ့ဖွယ်ဖြစ်ရပ်) ပဲ ဖြစ်ပါတယ်။

ကိုရီးယားစစ်ပွဲ (၁၉၅၀-၁၉၅၃) ပြီးဆုံးသွားတဲ့အချိန်မှာ တောင်ကိုရီးယားဟာ ဘာမှမကျန်တော့လောက်အောင် ပျက်စီးသွားခဲ့ပါတယ်။ မြို့တော်ဆိုးလ် ဟာ အဆောက်အအုံတွေ ပြိုပျက်ပြီး မြေညီသလောက် ဖြစ်သွားခဲ့ပါတယ်။

သယံဇာတအရ ကြည့်မယ်ဆိုရင်လည်း ကျောက်မီးသွေးနဲ့ ဓာတ်သတ္တုအများစုက မြောက်ကိုရီးယားဘက်မှာ ရှိနေပြီး တောင်ဘက်မှာက စိုက်ပျိုးမြေအနည်းငယ်သာ ကျန်ရှိပါတယ်။

အဲဒီအချိန်က ကုလသမဂ္ဂကိုယ်စားလှယ်တစ်ဦးက အခုလို မှတ်ချက်ချခဲ့ဖူးပါတယ် -
"ကိုရီးယားနိုင်ငံ စီးပွားရေးပြန်လည်ဦးမော့လာဖို့ဆိုတာ အမှိုက်ပုံထဲကနေ နှင်းဆီပန်းပွင့်လာဖို့ မျှော်လင့်တာထက်တောင် ခက်ခဲပါလိမ့်မယ်" တဲ့။

တကယ်လည်း အဲဒီအချိန်က ပြည်သူတွေဟာ သစ်ခေါက်တွေကို ပြုတ်သောက်ပြီး အငတ်ဘေးကို ရင်ဆိုင်ခဲ့ရတဲ့အထိ ဆိုးရွားခဲ့ရပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံအနေနဲ့ ဆန်တွေ တင်ပို့လှူဒါန်းခဲ့ဖူးပါတယ်။

ကိုရီးယားရဲ့ ကံကြမ္မာကို ပြောင်းလဲလိုက်တာကတော့ ၁၉၆၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး "ပတ်ချုံဟီး" (Park Chung-hee) လက်ထက်မှာလို့ ဆိုရမှာဖြစ်ပါတယ်။ သူဟာ အလွန်ရက်စက်တဲ့ အာဏာရှင်တစ်ဦးဖြစ်သလို တဖက်မှာလည်း တိုင်းပြည်ကို ဆင်းရဲမွဲတေမှုကနေ ဆွဲထုတ်ဖို့ ပြင်းပြတဲ့ ဆန္ဒရှိသူလည်း ဖြစ်ပါတယ်။

သူ့လက်ထက်မှာ သယံဇာတမရှိတဲ့အတွက် ကုန်ကြမ်းသွင်း၊ လူတွေရဲ့ လုပ်အားနဲ့ ပစ္စည်းထုတ်ပြီး နိုင်ငံခြားကို ပြန်တင်ပို့တဲ့စနစ်ကို ကျင့်သုံးခဲ့ပါတယ်။

အစိုးရက အလားအလာရှိတဲ့ မိသားစုပိုင် ကုမ္ပဏီကြီးတွေကို ရွေးချယ်ပြီး အခွန်ကင်းလွတ်ခွင့်နဲ့ ချေးငွေတွေ ပံ့ပိုးပေးခဲ့ပါတယ်။ အဲဒီကနေ ဒီနေ့ကမ္ဘာကျော် Samsung, Hyundai, LG စတာတွေဟာ အထင်ကရ ကုမ္ပဏီကြီးတွေ ဖြစ်လာဖို့ အစပျိုးခဲ့တာပါ။

ဒါအပြင် ဂျပန်ထံကရရှိတဲ့ လျော်ကြေးငွေတွေကို သုံးစွဲကာ ဆိုးလ်နဲ့ ဘူဆန်ကို ဆက်သွယ်ထားတဲ့ Gyeongbu Expressway အဝေးပြေးလမ်းမကြီးကို ဖောက်လုပ်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံရဲ့ စီးပွားရေးသွေးကြောမကြီး ဖြစ်လာခဲ့ပါတယ်။

တချိန်တည်းမှာပဲ ကျေးလက်ဒေသတွေအတွက် Saemaul Undong လှုပ်ရှားမှု ကို စတင်ခဲ့ပါတယ်။ ဒါကတော့ ကျေးလက်က ပြည်သူတွေကို စည်းလုံးစေခဲ့တဲ့ လှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။

"မိမိကိုယ်ကိုယ် အားကိုးခြင်း၊ ကြိုးစားခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း" ဆိုတဲ့ စိတ်ဓာတ်နဲ့ ရွာသားတွေက သူတို့ရဲ့ လမ်းတံတားတွေကို ကိုယ်တိုင် ပြန်လည်တည်ဆောက်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုက နိုင်ငံတဝှမ်းမှာ "ငါတို့လုပ်နိုင်တယ်" ဆိုတဲ့ စိတ်ဓာတ်ကို ပျိုးထောင်ပေးခဲ့ပါတယ်။

ဂျာမနီနိုင်ငံကို သူနာပြုတွေနဲ့ သတ္တုတွင်းလုပ်သားတွေ စေလွှတ်ပြီး သူတို့ပြန်ပို့တဲ့ လစာငွေတွေနဲ့ နိုင်ငံကို တည်ဆောက်ခဲ့ရပါတယ်။

ဗီယက်နမ်စစ်ပွဲမှာ စစ်သားတွေစေလွှတ်ပြီး အမေရိကန်ရဲ့ အထောက်အပံ့နဲ့ နည်းပညာတွေကို ရယူခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ တိုးတက်ပြောင်းလဲမှုမှာ ပညာရေးကလည်း အဓိကနေရာက ပါဝင်ခဲ့ပြီး အစိုးရက ဘတ်ဂျက်အမြောက်အမြားကို ပညာရေးမှာ သုံးခဲ့ပါတယ်။

မိဘတွေကလည်း တစ်ပတ်ကို နာရီ ၆၀၊ ၇၀ မက အလုပ်လုပ်ခဲ့ကြရပြီး သူတို့ကိုယ်တိုင် ထမင်းငတ်ရင်ငတ်ပါစေ ကလေးတွေကို ပညာတတ်ဖြစ်အောင် အစွမ်းကုန် ထောက်ပံ့တဲ့ ယဉ်ကျေးမှုကို တည်ဆောက်ခဲ့ပါတယ်။

သာမန်ကုန်ပစ္စည်းတွေကနေ အဆင့်မြှင့်ပြီး ၁၉၇၀ နောက်ပိုင်းမှာတော့ သံမဏိ၊ သင်္ဘောတည်ဆောက်ရေး၊ မော်တော်ကားနဲ့ အီလက်ထရောနစ် လုပ်ငန်းတွေကို ဦးတည်ခဲ့ပါတယ်။

POSCO သံမဏိစက်ရုံကြီးကို တည်ဆောက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး သင်္ဘောကျင်းတွေကို Hyundai က တည်ဆောက်ခဲ့ပါတယ်။ ကိုရီးယားကားတွေ ကမ္ဘာ့ဈေးကွက်ကို စတင်ထိုးဖောက်ခဲ့ပါတယ်။

ဒီလိုနဲ့ ဘက်ပေါင်းစုံကနေ ကြိုးစားကြတဲ့အခါ တဖြည်းဖြည်းစီးပွားရေးကောင်းလာပေမယ့် ပြည်သူတွေက လွတ်လပ်မှုကို တောင့်တလာကြပါတယ်။

၁၉၇၉ ပတ်ချုံဟီး လု-ပ် - ြ - ကံ ခံရပြီးနောက် တက်လာတဲ့ စစ်အာဏာရှင် ချန်ဒူးဟွမ်း လက်ထက်မှာ ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

၁၉၈၀ "ဂွမ်ဂျူး အရေးအခင်း" (Gwangju Uprising) မှာ စစ်တပ်က ပြည်သူတွေကို ပစ်ခတ်နှိမ်နင်းခဲ့ပေမယ့် ကိုရီးယားလူမျိုးတွေ နောက်မဆုတ်ခဲ့ကြပါဘူး။

နောက်ဆုံး ၁၉၈၇ ခုနှစ်မှာတော့ နိုင်ငံအနှံ့ ဆန္ဒပြပွဲကြီးတွေကြောင့် စစ်အစိုးရဟာ အလျှော့ပေးလိုက်ရပြီး သမ္မတကို တိုက်ရိုက်ရွေးကောက်တင်မြှောက်ခွင့် ပေးခဲ့ရပါတယ်။

၁၉၈၈ ဆိုးလ်အိုလံပစ်ပွဲတော်ကတော့ ကိုရီးယားနိုင်ငံ ကမ္ဘာ့အလယ်မှာ တင့်တယ်စွာ ဝင်ရောက်လာပြီဖြစ်ကြောင်း ကြေညာလိုက်တဲ့ ပွဲကြီးဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ၁၉၉၇ ခုနှစ် အာရှဘဏ္ဍာရေးအကျပ်အတည်း ကာလမှာတော့ တောင်ကိုရီးယားဟာ ပြိုလဲလုနီးပါး ဖြစ်သွားခဲ့ပါတယ်။

ဒီအခြေအနေဟာ ကိုရီးယားလူမျိုးတွေရဲ့ မျိုးချစ်စိတ်ကို အထင်ရှားဆုံးပြသခဲ့တာ ဆိုရင်လည်း မမှားပါဘူး။

နိုင်ငံတော် ဒေဝါလီခံရမယ့် အခြေအနေမှာ အစိုးရက ပြည်သူတွေကို အကူအညီတောင်းခံခဲ့ပါတယ်။

အဲဒီအခါမှာ သန်းပေါင်းများစွာသော ကိုရီးယားပြည်သူတွေဟာ သူတို့စုဆောင်းထားတဲ့ လက်ထပ်လက်စွပ်တွေ၊ ရွှေဆွဲကြိုးတွေ၊ ရွှေတို ရွှေစလေးတွေကို နိုင်ငံတော်အတွက် လာရောက်လှူဒါန်းခဲ့ကြပါတယ်။

ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုကနေ စုစုပေါင်း ရွှေတန်ချိန် ၂၀၀ ကျော် ရရှိခဲ့ပြီး IMF ကြွေးမြီကို သတ်မှတ်ကာလထက် ၃ နှစ်စောပြီး ဆပ်နိုင်ခဲ့ပါတယ်။

၂၁ ရာစုမှာတော့ ကိုရီးယားဟာ ကုန်ထုတ်လုပ်မှုအပြင် "Soft Power" ကိုပါ တည်ဆောက်နိုင်ခဲ့ပါတယ်။ နည်းပညာ ကဏ္ဍမှာ Samsung နဲ့ SK Hynix တို့ဟာ ကမ္ဘာ့ Memory Chip ဈေးကွက်ကို စိုးမိုးထားသလို သင်္ဘောတည်ဆောက်ရေးနဲ့ မော်တော်ကားလုပ်ငန်းမှာလည်း ကမ္ဘာ့ထိပ်တန်း ရောက်လာပါတယ်။

"Hallyu" (Korean Wave) လို့ခေါ်တဲ့ ယဉ်ကျေးမှုလှိုင်းလုံးကြီးဟာ ကမ္ဘာကို လွှမ်းခြုံခဲ့ပါတယ်။ (BTS, Blackpink, Squid Game, Parasite) တို့ဟာလည်း အာရှအဆင့်ကိုကျော်ပြီး ကမ္ဘာ့စင်မြင့်ပေါ်အထိ ရောက်ရှိခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်ကတော့ "Pali-Pali" (မြန်မြန် မြန်မြန်) ဆိုတဲ့ အလုပ်လုပ်နှုန်းနဲ့ ပညာရေးကို အသက်ထက်တန်ဖိုးထားတဲ့ စိတ်ဓာတ်တို့ကြောင့်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ ခေါင်းဆောင်မှု ၊ ပညာရေးကို အလေးထားမှု နဲ့ ပြည်သူတွေရဲ့ စည်းလုံးမှုတွေ ပေါင်းစပ်လိုက်တဲ့အခါ နှစ်ပေါင်း ၆၀ အတွင်းမှာ တခြားနိုင်ငံတွေဆီကနေ အကူအညီယူရတဲ့နိုင်ငံ ဘဝကနေ အကူအညီပြန်ပေးနိုင်တဲ့နိုင်ငံ အဖြစ်ကို ကူးပြောင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဇူးဇူးက ပိုစ်မတင်ဘူး မကြာခဏစာပို့နေလို့ ~ကိုယ်လည်းမအားဘူးလေ😀 ဒါကတော မောင်လေးကာကာအရင်းမှ Zflod7 အလန်းလေးကိုမှ လိုင်းနဲ့အာ...
31/12/2025

ဇူးဇူးက ပိုစ်မတင်ဘူး မကြာခဏစာပို့နေလို့ ~ကိုယ်လည်းမအားဘူးလေ😀 ဒါကတော မောင်လေးကာကာအရင်းမှ Zflod7 အလန်းလေးကိုမှ လိုင်းနဲ့အားပေးသွားတဲ့ စာချုပ်ပါ^^

သူက E7 visa မို့ ကနဦးပေးစရာမလိုပဲ အရစ်ကျတန်းယူလို့ရတာပါ။ လိုင်းကြေးက၆လပီးရင် ထပ်နိမ့်လို့ရပါတယ် ~ တကယ်ကျတဲ့ ဖုန်းတန်ဖိုးဈေးကတော 👉
1,579,300 ပဲကျပါမယ်။ ဒါပေမယ် လိုင်းကို၂၄လမပြည့်ပဲဖြတ်ပါက လိုင်းလျှောကြေးကျမှာဖြစ်ပါတယ်။

ဒီတယ်လီကွန်စာချုပ်စနစ်က ပုဂ္ဂလိပိုင်မဟုတ်လို့ ကိုးရီးယားတနိုင်ငံလုံးဒီစာချုပ်အတိုင်းပဲသွားပါတယ်နော်။

27/11/2025

"PASS မင်ဘာဝင်နည်းနှင့် လိုင်းလျှောက်တဲ့ခါ အတည်ပြုနည်းအထိအစအဆုံးတင်ပေးလိုက်ပါတယ်"

ကိုးရီးယားနိုင်ငံမှာ2024ခုနှစ်ဧပြီလမှစပြီး လိုင်းကဒ်လျှောက်တာကို Online ကနေလျှောက်ခွင့်ပိတ်ထားပါတယ်။ PASS , NAVER , KaKaoTalk စတဲ့ “application / app” တွေမှတဆင့် ကာယကံရှင်မှန်ကြောင်းအတည်ပြုနိုင်ရင်တော ခုနောက်ပိုင်းတရားဝင်ခွင့်ပြုထားပါတယ်။ဒါပေမယ် IDcard ကို verify မလုပ်ပဲ Online ကနေဓာတ်ပုံရိုက်လျှောက်တာက တရားမဝင် 불법 ဖြစ်လို့ မမိုးဖုန်းဆိုင်မှာ အားပေးချင်တယ် ဆိုင်လည်းမလာနိုင်ဘူးဆိုရင် မင်ဘာဝင်ရန်အလွယ်ဆုံး Pass app နည်းကို တင်ပေးလိုက်ပါတယ်။ အားလုံးအဆင်ပြေကြပါစေနော်။

မှတ်ချက်။ PASSPORT ဖြင့်လျှောက်နံပါတ်တွေ Code မကျနိုင်ပါ။ မိမိIDcard ဖြင့်လျှောက်ထားနံပါတ်ဖြင့်သာလျှောက်ပါရန်။

PH: 010-6461-1281, 010-4896-5972

‼️ 오랫만에 အားလုံးပဲမင်္ဂလာပါနော်^^ iPhone 17 Series ကိုလိုင်းဖုန်းလျှောက်ချင်သူကာကာတွေအတွက် ဈေးနှုန်းတွက်ပေးလိုက်ပါတယ်။အရင...
23/11/2025

‼️ 오랫만에 အားလုံးပဲမင်္ဂလာပါနော်^^
iPhone 17 Series ကိုလိုင်းဖုန်းလျှောက်ချင်သူကာကာတွေအတွက် ဈေးနှုန်းတွက်ပေးလိုက်ပါတယ်။အရင်မမိုးဖုန်းဆိုင်မှာလျှောက်ဖူးသူတွေကတောအသစ်ဆန်းတွေ့ရမှာမဟုတ်ပါ။လိုင်းဖုန်းစာချုပ်က ကိုးရီးယားတနိုင်ငံလုံးဒီပုံသေနည်းတိုင်းပဲသွားတာဖြစ်တယ်။ကိုယ်စာချုပ်ချုပ်တဲ့အပေါ်မူတည်ပီးလိုင်းဖြတ်တဲ့ချိန်မှာလိုင်းလျော်ကြေးငွေအမောင့်ကွာသွားတာပါ။

‼️ဖုန်းမော်ဒယ်အသစ်ကိုလိုင်းနဲ့တွဲယူပါက အားသာချက်~ ကိုယ်ပိုင်နာမည့်ဖြင့်မှတ်ပုံတင်ထားတဲ့အတွက်ပထမပါကင်အစစ်ရပါမယ်။လိုင်းကြေးများပါက ( ၃ )လပီးရင်လိုင်းနိမ့်ချလို့ရသလို Promax တွေဆိုရင် (၆)လပြည့်လိုင်းဖြတ်ရင်လည်း တသိန်းကျော်ပဲဆိုတောကိုယ်အတွက်အပန်းမကြီးပါဘူးနော်။ လိုင်းဖြတ်ပီးဖုန်းကြေးကျန်ကိုအရစ်ကျ၂၄လထိဆက်ယူခွင့်ရှိတာမို့ ငွေအလုံးရင်းမထွက်တောဘူးပေါ့။ ဇယားတွေနဲ့ရှင်းပြထားပါတယ်။ စာချုပ်နမူနာ ( LG ) လိုင်းမှာI7promax ၊ 17pro လူကြိုက်များတဲ့ 256GB ဖြင့်ချုပ်ပေးထားတာပါ။ မျက်စိရှုပ်နေရင်ဖုန်းဆက်မေးပါလို့ 😀။

‼️ မမိုးဖုန်းဆိုင်မှာ ပင်မလိုင်းဖုန်းတွေကိုဆိုင်လာစရာမလိုပဲ PASS မင်ဘာဝင်ထားပါက Online ကနေ အလွယ်တကူလျှောက်နိုင်ပါတယ်။ ဖုန်းမပါတဲ့ ( 알뜰 ) လိုင်းခွဲသီးသန့်လိုင်းကိုလည်း အခုနောက်ပိုင်း ( KT , LG ) ကို online ကနေလျှောက်နိုင်ပါပြီ။

‼️ ကွန်ပြူတာတွေသုံးများသူတွေအတွက် အိမ် WIFI INTERNET ကိုလည်း လူလာစရာမလိုပဲ၊ အလွယ်တကူ အွန်လိုင်းကနေမှာယူနိုင်ပါတယ်။

‼️ အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်။

ဆက်သွယ်ရန် :010-64611281, 010-48965972

မှတ်ချက်။ လိုင်းဖုန်းကိုလျှောက်ချင်ပါက ဖုန်းဆက်မေးမြန်းပါရန် နားလည်ပြီးမှလျှောက်ပေးပါတယ် ၂ဦးနှစ်ဘက်နားလည်မှုမလွဲစေရန်ရည်ရွယ်ပါတယ်နော်။ အလွတ်ဖုန်း ( အဟောင်း ) ကိုတောလောဆယ်မမိုးဖုန်းဆိုင်မှာယာယီရပ်ထားပါတယ်တခြားလုပ်ငန်းကြောင့်ပါ။ နောက်ပိုင်းဆိုင်ခန်း 상가 ရတဲ့အခါ ပိုစ်ပြန်တင်ပေးပါမယ်။ အလွတ်ဖုန်းအသစ်
( 가개통/ 미개봉) ဆိုတဲ့ နောက်ဆုံးထွက်ဖုန်းတွေကတော ရှိပါတယ်။ မမိုးဖောက်သည်ရင်းတွေဆီမှ ဈေးသက်သာနဲ့ရနိုင်တာမို့ story မှာရက်စွဲအလိုက် တင်ပေးပါမယ်နော်~

ပိုစ်တောင်သိပ်မတင်ဖြစ်ပဲ ဒီလောက်ပေးမယ်ပေါ့ ကျေးဇူးတင်တယ် ဇူးဇူးရယ်~ သဲကန္တာရမှာ အိုအေစစ်သောက်ရသလို မြန်မာမှာတုန်းက onlin...
29/10/2025

ပိုစ်တောင်သိပ်မတင်ဖြစ်ပဲ ဒီလောက်ပေးမယ်ပေါ့ ကျေးဇူးတင်တယ် ဇူးဇူးရယ်~ သဲကန္တာရမှာ အိုအေစစ်သောက်ရသလို မြန်မာမှာတုန်းက online လည်းသုံးမရဘူးလေ တခါဖွင့်ရင် အဝိုင်းပဲလည်နေတာ အခုမှပဲ အားရပါးရသုံးရတောတယ်။ 😀😀

29/10/2025

✍️ ကိုးရီးယားကို ပြန်ရောက်ပါပြီမမိုးကာကာတို့ရေ။ ၂လအတွင်းရန်ကုန်မှာရှိနေတဲ့အတွက် အဆင်မပြေမှုတွေရှိပါကနားလည်ပေးကြပါနော်။
ဒါကတော ပြန်လာခါနီးအမေအတွက်လိုအပ်တဲ့စက်ပစ္စည်းတွေဝယ်ရင်း ကုန်တိုက်သွားတုန်းက မီးပျက်အမှတ်တရပေါ့လေ😀။ မီးပျက်တာက ဟိုမှာနေတဲ့သူတွေအတွက်ကျင့်သားရကြပြီဆိုပေမယ် ကိုယ်ကတော အဆင်မပြေဘူးရယ်အထူးသဖြင့်ရေချိုးရင် ပိုဆိုးတယ် ဒါတောင် ရပ်ကွပ်မှာရှိတဲ့ ဟိုတယ်မှာနော် မီးစက်ကတောပြန်နိုးပေးရှာတယ်။ ပိုက်ဆံတခါကိုင်ရင် လက်တခါဆေးရတယ် ~~ ကြီး၂ကျယ်၂ပေပြောတာမဟုတ်ပါ မမိုးက ဒီမှာနေတာကြာတော ကိုယ်နိုင်ငံ အတော်လေးအဆင်မပြေမှုတွေခံစားခဲ့ရတယ်။ အမေ အသက်ရှင်နေသရွေ့တော ကိုယ်လည်းပတ်သက်ရအုံးမှာပဲလေ အမြန်ဆုံး ပြန်လည်နလန်ထူနိုင်ပါစေ ချစ်သောမြန်မာပြည်။

04/10/2025

✍️ (၉လပိုင်း) ၂ရက်နေ့ကတည်းကအမေကျန်းမာရေးကြောင့်ရန်ကုန်ရောက်နေတာ။ ဟိုရက်က အော်စီဂျင်ကျလို့ အရေးပေါ်ဆေးရုံတင်လိုက်သေးတယ်။ ချူဆော့အမှီပြန်မယ်ဆိုတော အမေက မျက်နှာမကောင်းတာနဲ့ ဆက်နေလိုက်တယ်။
ဆေးရုံတင်တာကဘာခွဲစိတ်မှုမှမရှိပဲအော်စီဂျင်ရှုခိုင်းတာရယ်အဆုပ်မှာပိုးသတ်ဆေးပြောင်းလဲပေးတာကို၁၀ရက်အတွက် ကျပ်သိန်းတစ်ရာမကကုန်ခဲ့တယ်။စာရင်းထဲမှာemergency နှင့်တခြားဒီစာရင်းထည့်မပေါင်းတာတွေကရှိသေးတယ်။
ပြီးတော မမိုးက ဖုန်းဆိုင်ဖွင့်ထားသူဆိုတော ဖုန်းမော်ဒယ်အသစ်iPhone 7 series ထွက်ချိန်မြန်မာပြည်မှာရှိနေတော မမိုးကိုအားပေးနေကျကာကာတွေလည်းတခြားဆိုင်ရောက်ကုန် ~ဒါတင်မက ပိတ်ရက်ရှည်အတွက် ဝင်ငွေအားလုံးလည်းနစ်နာခဲ့တယ်ပေါ့။ ဒါပေမယ် လောကမှာဘယ်အရာနဲ့မှ အစားထိုးမရတဲ့ မိခင်အတွက်ဒါတွေနဲ့တော တန်ဖိုးမဖြတ်နိုင်ပါဘူး။ အမေအနားမှာနေပြီးပြုစုရတာစိတ်ချမ်းသာတယ် အကူကောင်မလေးရှိပေမယ် အပေါ့လေးသွားတာကအစ အကုန်ကိုယ်တိုင်ပဲ လုပ်ခဲ့တယ်။ မိဘကျေးဇူးကိုတောဒီတသက်ဆပ်လို့မကုန်နိုင်ပေမယ် အတတ်နိုင်ဆုံးနောင်တမရှိရလေအောင်ပေါ့။
အမယ်လျှောမတွက်နဲ့သိလား အစားသောက်ကို delivery နဲ့လည်းအိုကေပြီဆိုတော သူများကားနဲ့လည်းတချိန်လုံးမစီးချင်အားနာတာနဲ့ အမေအိပ်တဲ့ချိန်ဆို တချိန်လုံးမှာစားတာ ကိုးရီးယားရောက်တာနဲ့ ဝိတ်အရင်ချရမယ်😀။
ပြီးတော လိုင်းဖုန်းကိစ္စတွေ တယ်လီကွန်နဲ့ စကားပြောရတဲ့ ဝန်ဆောင်မှုတွေအားလုံး ဒီကနေလုပ်ပေးလို့မရတာမို့ နားလည်ပေးကြပါနော်။ပိုစ်မကြာခဏတင်ပေမယ် မတွေ့ကြဘူးထင်တယ် တချိန်လုံးစာပို့ကြတယ်။ အွန်လိုင်းကလည်း သိကြတော်မူတဲ့အတိုင်စိတ်ရှည်သည်းခံကျင့်နေရပါတယ်လို့စ်။
ဖုန်းအလွတ်ဝယ်ချင်တာဖြစ်ဖြစ်၊ ဖုန်း error နဲ့ပတ်သက်ပြီး ဆိုင်လာချင်ရင်တော ပိတ်မထားပါဘူးရှင့်။
ပိတ်ရက်ရှည်အတွင်း စိတ်ချမ်းသာကိုယ်ကျန်းမာစွာ ဖြတ်သန်းနိုင်ကြပါစေနော်။

Address

Yongsan
Seoul

Alerts

Be the first to know and let us send you an email when Ma Moe Telecom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ma Moe Telecom:

Share