GBG- Brand

GBG- Brand ပဲခူးဈေးတန်းရဲ့ ထုတ်ကုန်အဖြစ်စတင်လိုက်တဲ့ ကုန်ပစ္စည်းဖြစ်ပါတယ်။ www.globalbago.com
BAGO ZAYTAN
(1)

29/04/2026

UltraNet ရဲ့ Packages တွေကို
တစ်ရက် တစ်ထောင်ကျော်လေးနဲ့ တစ်အိမ်သားလုံး Unlimited အကန့်အသက်မရှိအသုံးပြုနိုင်မယ်ဆိုရင်
🥰 "ဒီထက်တန်တာတောင် ဒီလောက် မတန်တော့ပါဘူးနော်” 🥰

🛜 UltraNet က Budget Save ဖြစ်ရုံသာမက
💁🏻‍♂️6လစာ ဝယ်ရုံနဲ့ 1 လ Free သုံးခွင့်ရမယ်ဆိုတော့
💁🏻‍♂️1 လလုံး အေးဆေး ပဲဗျာ

📍 ၆လစာဝယ်ရင် ၁လ အပို Free သုံးခွင့်ရဦးမှာဆိုတော့နှစ်ခါမစဉ်းစားနဲ့ UltraNet သာရွေး💁🏻‍♂️
📍 တစ်ခုခုဆို ချက်ချင်းဆိုသလို ဆက်သွယ် ပြောကြားနိုင်မဲ့ UltraNet Business Sales Consultant တွေရှိနေမယ်ဗျာ

ခုလိုကာလမှာ
💁🏻‍♂️ပဲခူးက Customer တွေအတွက်
ရွေးချယ်စရာ Plan များစွာနဲ့ ရောက်ရှိလာတဲ့
🚀 Ultra Net WiFi🚀မှာ

1️⃣20Mbps - 35000 ကျပ်
2️⃣30Mbps - 40000 ကျပ် နဲ့
တပ်ဆင်နိုင်မှာဖြစ်ပြီး
3️⃣40 Mbps 45000 ကျပ်/ (20 ယောက်သုံး)
4️⃣50 Mbps 55000ကျပ် / (30 ယောက်သုံး)
ထိ ကြိုက်နှစ်သက်ရာရွေးချယ်နိုင်ပါတယ်ဗျာ

☎ Hotline ☎

☎ 09880177571 ☎
☎ 09880177572 ☎
☎ 09880177573 ☎





29/04/2026

Bambu Lab A1 Calibration Guide (Standard Operating Procedure)
3D Printer တစ်လုံး၏ အရည်အသွေးကို ထိန်းသိမ်းရန် အောက်ပါ Calibration အဆင့် ၄ ဆင့်ကို တိကျစွာ ဆောင်ရွက်ရန် လိုအပ်သည်။
စက်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း (Mechanical Inspection) ကတော့ကိုယ့်စက်ကို ကိုကိုယ်တိုင်လုပ်ဖို့လိုအပ်ပါတယ်။ စက်မှာပါတဲ့ software နှင့်စစ်ဆေးတာက ကိုယ့်စက်အားလုံးကောင်းနေမှ အပြည့်အဝအကျိုးရလဒ်ခံစားရမှာဖြစ်ပါတယ်။
စက်၏ တည်ငြိမ်မှုသည် Calibration အားလုံး၏ အခြေခံဖြစ်သည်။
Z-axis Stability: အထောင်တိုင် အောက်ခြေရှိ ဝက်အူများ (Screws) လျော့ရဲခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ (လျော့ရဲပါက တုန်ခါမှုနှင့် အသံဆိုးများ ထွက်ပေါ်စေသည်)။
Belt Tensioning: လိုင်းကြိုး (Belts) များ၏ တင်းအားကို စစ်ဆေးပါ။ လျော့နေပါက ရုပ်ပုံပုံပျက်ခြင်း (Layer shifting) ဖြစ်နိုင်ပါသည်။
တုန်ခါမှု တိုင်းတာခြင်း (Vibration Compensation)
စက်၏ အမြန်နှုန်းကြောင့် ဖြစ်ပေါ်သော တုန်ခါမှုကို Software ဖြင့် ပြန်လည် ထိန်းညှိခြင်း ဖြစ်သည်။
လုပ်ဆောင်ချက်: စက်ကို အမြန်နှုန်း အဆင့်ဆင့်ဖြင့် တုန်ခါစေပြီး Resonance Frequency ကို တိုင်းတာသည်။
ရလဒ်: ပစ္စည်း၏ မျက်နှာပြင်တွင် လှိုင်းတွန့်ခြင်း (Ghosting/Ringing) ကို ပျောက်ကင်းစေသည်။
တတိယအချက်_ အောက်ခံပြားမျက်နှာပြင် ညှိခြင်း (Automatic Bed Leveling - ABL)
Nozzle နှင့် ပုံနှိပ်စင် (Build Plate) ကြား အကွာအဝေးကို အလိုအလျောက် တိုင်းတာခြင်း ဖြစ်သည်။
Z-Offset: ပထမဆုံး အလွှာ (First Layer) ၏ အထူကို တိကျစေရန် Nozzle ၏ အနိမ့်အမြင့်ကို ညှိပေးသည်။
Bed Mesh: စင်၏ မညီညာသော နေရာများကို ဒစ်ဂျစ်တယ် မြေပုံ (Mesh) ဖန်တီး၍ အလိုအလျောက် ခုနှိမ်ပေးသည်။
စတုတ္ထအချက်_ပလတ်စတစ် ထွက်နှုန်း ညှိခြင်း (Flow Dynamics)
Filament အမျိုးအစားအလိုက် ထွက်ရှိမည့် ပမာဏနှင့် ဖိအားကို ထိန်းညှိခြင်း ဖြစ်သည်။
Flow Rate: ပလတ်စတစ် အရည်ထွက်နှုန်း ပမာဏ မှန်ကန်မှုကို စစ်ဆေးသည်။
Pressure Advance (K-Value): အကွေ့အကောက်များတွင် အသားပိုထွက်ခြင်း သို့မဟုတ် ပြတ်တောက်ခြင်း မရှိစေရန် Nozzle အတွင်းရှိ ဖိအားကို ထိန်းညှိသည်။

Hardware Change: စက်၏ ဝက်အူများ ပြန်ကျပ်ခြင်း သို့မဟုတ် အစိတ်အပိုင်း လဲလှယ်ခြင်း ပြုလုပ်ပြီးချိန်။
Relocation: စက်ကို ထားသည့်နေရာ (သို့မဟုတ်) စားပွဲ ပြောင်းရွှေ့ပြီးချိန်။
Filament Change: Filament အမျိုးအစား (Brand/Material) အသစ် ပြောင်းသုံးချိန်။
Poor Quality: အသားလွှာ မညီခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော အသံများ ထွက်ပေါ်လာချိန်။
အထက်ပါအချက်တွေဖြစ်လာပြီဆိုရင် calibration လုပ်သင့်ပါတယ်ဗျ။
ကျွန်တော်ကြုံဖူးတာကတော့ Z axis ရဲ့ ထောက်တိုင်တွေ က မူလီတွေလျော့ကျပြီး bed ပေါ်က ထုတ်ထားတဲ့ပစ္စည်းနှင့်တိုက်ပြီး ပျက်စီးတာပါ။ ဒါကြောင့် မိမိ printer ကို အမြဲမပျက်ကြံ့ခိုင်တည်ငြိမ်နေဖို့လိုအပ်မှာဖြစ်ပါတယ်လို့ ကျွန်တော်တို့လိုဘုမသိဘမသိမဖြစ်ရလေအောင် sharing လေးလုပ်ပေးရခြင်းဖြစ်ပါတယ်။


28/04/2026
Lithium batteries 18650 တွေတွဲမရအောင်လျှောက်ပြေးနေလို့ဆိုတဲ့ညီကို ချုပ်ကွက်ပေးလိုက်ပြီနော် လာယူတော့☺️☺️😅
26/04/2026

Lithium batteries 18650 တွေတွဲမရအောင်လျှောက်ပြေးနေလို့ဆိုတဲ့ညီကို ချုပ်ကွက်ပေးလိုက်ပြီနော် လာယူတော့☺️☺️😅

3D printing လုပ်တဲ့အခါ Filament ကအရေးကြီးတယ်။ မိတ်ကောင်းဆွေကောင်းအရေးကြီးတယ်ဆိုပိုမှန်လိမ့်မယ်။ မင်းမှာidea ဘဲရှိရင်သူမျ...
25/04/2026

3D printing လုပ်တဲ့အခါ Filament ကအရေးကြီးတယ်။ မိတ်ကောင်းဆွေကောင်းအရေးကြီးတယ်ဆိုပိုမှန်လိမ့်မယ်။ မင်းမှာidea ဘဲရှိရင်သူများခိုင်းတာတောင်လုပ်လို့ရမှာမဟုတ်ဘူး။☺️☺️☺️ မင်းမှာ printer အလုံးရေဘယ်လောက်ရှိရှိ ဘာပစ္စည်းမှမထွက်လာဘူး။😁😁😁

24/04/2026

5v Smart home camera UPS မိတ်ဆက်ပေးပါရစေ။

20/04/2026

0 Followers, 0 Following, 0 Likes - Watch awesome short videos created by GBG

20/04/2026

X axis နဲ့ Y axis တွေကိုသေချာဂရုစိုက်ကြပါ။တကွီကွီအော်လို့နားမခံနိုင်တော့မှ error ရှာတော့မှ ဖုန်မှုန့်နဲ့ ဆီတွေရောပြီး လှုပ်တာနဲ့အော်တော့ သန့်ရှင်းရေးလုပ်ရ ၁နာရီလောက်လုပ်ပြီးမှ သူမဟုတ်သလိုဘဲ။
3D Printer ကိုပစ်မထားပါနဲ့မသုံးချိန် သေချာသန့်ရှင်းအောင်ထားကြပါဗျ။

Address

Bago
08018

Alerts

Be the first to know and let us send you an email when GBG- Brand posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GBG- Brand:

Share

Category