Chinland Network Co.,Ltd -Bogalay

Chinland Network Co.,Ltd -Bogalay The Best Services for you

📢 Myanmar Network Co.,Ltd တွင် ဝန်ထမ်းခေါ်ယူနေပါသည် ✅💼 ရာထူးCall Center Staff (Full-Time)9:30 AM to 5:00 PM 📍 အလုပ်နေရာ ...
19/08/2026

📢 Myanmar Network Co.,Ltd တွင် ဝန်ထမ်းခေါ်ယူနေပါသည် ✅

💼 ရာထူး

Call Center Staff (Full-Time)
9:30 AM to 5:00 PM

📍 အလုပ်နေရာ – Insein Yangon

⸝

✅ တာဝန်ဝတ္တရား

☎️ Customer များ၏ ဖုန်းခေါ်ဆိုမှုများကို လက်ခံဖြေကြားခြင်း
💬 Internet Service နှင့်ပတ်သက်သော မေးခွန်းများကို ကူညီဖြေရှင်းပေးခြင်း
📝 Customer Complaint များကို မှတ်တမ်းတင်ပြီး သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးခြင်း
📞 Customer Follow-up ပြုလုပ်ခြင်း
💻 Customer Data နှင့် Call Record များကို စနစ်တကျ မှတ်တမ်းတင်ခြင်း

⸝

✅ လျှောက်ထားရန် အရည်အချင်း

✔️ တက္ကသိုလ်ဘွဲ့ရ (သို့) ဘွဲ့ကြို (Final Year)
✔️ အသက် (18–35) နှစ်
✔️ Computer Basic အသုံးပြုနိုင်သူ
✔️ မြန်မာ/အင်္ဂလိပ် စာရိုက်နိုင်သူ
✔️ Communication Skill ကောင်းမွန်သူ
✔️ Customer Service ကို စိတ်ဝင်စားသူ
✔️ Call Center အတွေ့အကြုံရှိသူ ဦးစားပေးမည် (အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါသည်)

⸝

🎁 ခံစားခွင့်များ

✅ Attractive Salary
✅ Performance Bonus
✅ Training Program
✅ Career Growth Opportunity
✅ Annual Leave & Company Holidays
✅ Friendly Working Environment

⸝

📩 လျှောက်ထားရန်

📧 Email – [email protected]

📱 Viber / Telegram – 09 250 931 955

📄 Subject: Application for Call Center Staff

⏳ သတ်မှတ်ဝန်ထမ်းဦးရေ ပြည့်ပါက form ပိတ်ပါမည်၊
အမြန်ဆုံးလျှောက်ထားနိုင်ပါသည်။

⸝

🌐 Myanmar Network ISP

“အတူတကွ တိုးတက်ပြီး Customer Service အကောင်းဆုံး ပေးဆောင်နိုင်မည့် အသင်းဝင်အသစ်များကို ကြိုဆိုပါသည်။”

🚨 ဝန်ထမ်းခေါ်ယူခြင်း — Myanmar Network🌐 Myanmar Network မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ FTTH Service Team တွင် တာဝန်ထမ်...
18/08/2026

🚨 ဝန်ထမ်းခေါ်ယူခြင်း — Myanmar Network

🌐 Myanmar Network မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ FTTH Service Team တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းအသစ်များ ခေါ်ယူနေပါသည်။

📌 ခေါ်ယူနေသောရာထူးများ
👨‍💼 FTTH Supervisor — ၄ ဦး
👨‍🔧 FTTH Installer — ၁၀ ဦး
━━━━━━━━━━━━━━
✅ FTTH Supervisor
✔ FTTH တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ကို ဦးဆောင်နိုင်သူ
✔ FTTH၊ ISP သို့မဟုတ် ဆက်သွယ်ရေးလုပ်ငန်းအတွေ့အကြုံရှိသူ
✔ Fiber Splicing၊ OTDR၊ ONU၊ Router နှင့် Network အခြေခံဗဟုသုတရှိသူ
✔ Network ပြဿနာများကို စစ်ဆေးဖြေရှင်းနိုင်သူ
✔ နေ့စဉ်လုပ်ငန်းအစီရင်ခံစာနှင့် အဖွဲ့၏လုပ်ငန်းမှတ်တမ်းများကို စနစ်တကျပြုလုပ်နိုင်သူ
✔ အဖွဲ့ကို စီမံခန့်ခွဲနိုင်ပြီး Customer များနှင့် ကောင်းမွန်စွာဆက်ဆံပြောဆိုနိုင်သူ
✔ တာဝန်ယူမှုရှိပြီး အဖွဲ့လိုက်ပူးပေါင်းလုပ်ကိုင်နိုင်သူ
✔ ကားမောင်းနိုင်ပြီး တရားဝင်ယာဉ်မောင်းလိုင်စင်ရှိသူကို ဦးစားပေးမည်

✅ FTTH Installer
✔ FTTH တပ်ဆင်ခြင်းလုပ်ငန်းအတွေ့အကြုံရှိသူကို ဦးစားပေးမည်
✔ အတွေ့အကြုံမရှိသေးသူများလည်း သင်ယူလိုစိတ်နှင့် ကြိုးစားလိုစိတ်ရှိပါက လျှောက်ထားနိုင်ပါသည်
✔ Fiber Cable ဆွဲခြင်း၊ ONU နှင့် Router တပ်ဆင်ခြင်းတို့ကို သင်ယူလုပ်ကိုင်နိုင်သူ
✔ ပြင်ပလုပ်ငန်းခွင်နှင့် အမြင့်နေရာများတွင် လုံခြုံစွာတာဝန်ထမ်းဆောင်နိုင်သူ
✔ ကျန်းမာရေးကောင်းမွန်ပြီး အဖွဲ့လိုက်ပူးပေါင်းလုပ်ကိုင်နိုင်သူ
✔ Customer များနှင့် ယဉ်ကျေးစွာဆက်ဆံပြောဆိုနိုင်သူ
✔ ကားမောင်းနိုင်ပြီး တရားဝင်ယာဉ်မောင်းလိုင်စင်ရှိသူကို ဦးစားပေးမည်
━━━━━━━━━━━━━━
🎁 ဝန်ထမ်းခံစားခွင့်များ
✅ အရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံအလိုက် သင့်တော်သောလစာ
✅ ဖုန်းဘေလ်ထောက်ပံ့ကြေး
✅ အချိန်ပိုလုပ်ကိုင်ရပါက အချိန်ပိုကြေး
✅ ရက်မှန်ကြေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်ဆုကြေး
✅ လုပ်ငန်းလိုအပ်ချက်အလိုက် နည်းပညာသင်တန်းများ ပို့ချပေးခြင်း
✅ လုပ်ငန်းစွမ်းဆောင်ရည်အလိုက် လစာပြန်လည်သုံးသပ်၍ တိုးမြှင့်ပေးခြင်း
✅ အလုပ်စွမ်းဆောင်ရည်ကောင်းမွန်ပါက ရာထူးတိုးတက်နိုင်သည့်အခွင့်အရေး
✅ ကုမ္ပဏီမှ သတ်မှတ်ထားသော ခွင့်ရက်နှင့် အများပြည်သူရုံးပိတ်ရက် ခံစားခွင့်
✅ လုပ်ငန်းသုံးယူနီဖောင်းနှင့် လုံခြုံရေးပစ္စည်းများ ပံ့ပိုးပေးခြင်း
✅ ISP နှင့် FTTH Network လုပ်ငန်းများကို လက်တွေ့လေ့လာ၍ နည်းပညာကျွမ်းကျင်မှု တိုးတက်နိုင်သည့်အခွင့်အရေး
━━━━━━━━━━━━━━
📍 အလုပ်တည်နေရာ — ရန်ကုန်တိုင်းဒေသကြီးအတွင်း
🕘 အလုပ်ချိန် — နံနက် (၉:၀၀) နာရီမှ ညနေ (၅:၀၀) နာရီအထိ
📅 ပိတ်ရက် — တစ်ပတ်လျှင် (၁) ရက်

လျှောက်ထားရန်

မိမိ၏ ကိုယ်ရေးရာဇဝင် (CV)၊ လျှောက်ထားလိုသောရာထူး၊ မျှော်မှန်းလစာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်တို့ကို အောက်ပါ Email သို့မဟုတ် Viber/Telegram မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

📧 Email: [email protected]
📱 Viber / Telegram: 09 250 931 955

လျှောက်လွှာပေးပို့ရာတွင်—
FTTH Supervisor — Yangon
သို့မဟုတ်
FTTH Installer — Yangon
ဟု ရှင်းလင်းစွာ ဖော်ပြပေးပါရန်။

📢 နည်းပညာကျွမ်းကျင်မှု တိုးတက်လိုသူများ၊ သင်ယူလိုစိတ်ရှိသူများနှင့် တာဝန်ယူတတ်သူများကို Myanmar Network Team မှ နွေးထွေးစွာ ကြိုဆိုပါသည်။

🚨လက်ရှိ မြန်မာနိုင်ငံရဲ့ နေရာဒေသအချို့မှာ ကူးစက်မြန် ကာလဝမ်းရောဂါ ကူးစက်မှုတွေ တွေ့ရှိနေရတာကြောင့် မိသားစုဝင်အားလုံး ကျန...
17/08/2026

🚨လက်ရှိ မြန်မာနိုင်ငံရဲ့ နေရာဒေသအချို့မှာ ကူးစက်မြန် ကာလဝမ်းရောဂါ ကူးစက်မှုတွေ တွေ့ရှိနေရတာကြောင့် မိသားစုဝင်အားလုံး ကျန်းမာရေးအတွက် အထူးသတိထား နေထိုင်ကြဖို့ လိုအပ်နေပါပြီ။
⚠️🚨 ကာလဝမ်းရောဂါဟာ အချိန်မီ ကုသမှုမရရင် ခန္ဓာကိုယ်တွင်း ရေဓာတ်နဲ့ ဆားဓာတ်တွေ အလွန်အမင်း ဆုံးရှုံးပြီး အသက်အန္တရာယ်အထိ ထိခိုက်စေနိုင်ပါတယ်။ ကာလဝမ်းရောဂါဖြစ်ရသည့် အဓိကအကြောင်းရင်းတွေကတော့ ဗီဘရီယို ကော်လရာ (Vibrio cholerae) ဘက်တီးရီးယားပိုး ပါဝင်နေသော မသန့်ရှင်းသည့် သောက်သုံးရေ သို့မဟုတ် အစားအစာများကို စားသောက်မိခြင်း၊ ရောဂါပိုးရှိသူ၏ မစင်နှင့်ထိတွေ့ထားသော ညစ်ညမ်းသည့် ရေအရင်းအမြစ်များကို အသုံးပြုခြင်း၊ ယင်ကောင်နားထားသော အစားအစာများ၊ မကျက်တကျက် ချက်ပြုတ်ထားသော အစားအစာများနှင့် အစိမ်းစားသည့် အသီးအရွက်များကို စားသုံးခြင်း၊ အစားအသောက် မပြင်ဆင်မီနှင့် အိမ်သာသွားပြီးနောက် လက်ကို စနစ်တကျ မဆေးကြောခြင်း တို့ကြောင့်ပဲဖြစ်ပါတယ်။ ကာလဝမ်းရောဂါတွင် ရောဂါလက္ခဏာများသည် ကူးစက်ပြီးနောက် ၁၂ နာရီမှ ၅ ရက်အတွင်း ပေါ်လာနိုင်ပြီး၊ မကုသဘဲထားလျှင် နာရီပိုင်းအတွင်းပင် အသက်အန္တရာယ်ရှိသော ရေဓာတ်ခန်းခြောက်မှု ဖြစ်နိုင်ပါတယ်။
⚠️ ကာလဝမ်းရောဂါဖြစ်သူတွေမှာ တွေ့ရနိုင်တဲ့လက္ခဏာတွေကတော့
- ဝမ်းသွားသည့်အခါ အရည်ကြည်ကြည် သို့မဟုတ် ဆန်ဆေးရည်ကဲ့သို့ ဖြူဖျော့ဖျော့ ဝမ်းများ အကြိမ်ရေများစွာသွားခြင်း
- ဝမ်းသွားသည့်အခါ ရေဓာတ်နှင့် ဆားဓာတ်အလွန်ဆုံးရှုံးခြင်း
- အဆက်မပြတ် အန်ခြင်း။
- ဗိုက်အောင့်ခြင်း၊ ဗိုက်ရစ်ခြင်းနှင့် ခြေသလုံးကြွက်တက်ခြင်း။
- ရေငတ်ခြင်း၊ ပါးစပ်နှင့်နှုတ်ခမ်းခြောက်ခြင်း
- ဆီးနည်းခြင်း သို့မဟုတ် ဆီးအရောင်အလွန်ရင့်ခြင်း
- မူးဝေခြင်း၊ အားနည်းခြင်း၊ မျက်လုံးချိုင့်ခြင်း
- ပြင်းထန်ပါက သွေးပေါင်ချိန်ကျဆင်းကာ နှလုံးခုန်မြန်ခြင်း၊ သတိလစ်ခြင်း၊ အရေပြားအေးစက်ခြင်း
- ကလေးငယ်များတွင် မျက်ရည်မထွက်ခြင်း၊ နို့မစို့နိုင်ခြင်း၊ အလွန်ငိုက်မျဉ်းခြင်း သို့မဟုတ် အားမရှိခြင်းတို့ပဲဖြစ်ပါတယ်။
🛡 ကာလဝမ်းရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ....?
💡 သန့်ရှင်းသောရေကိုသာ သောက်သုံးပါ။ ရေကို ဆူပွက်အောင် အနည်းဆုံး ၁၀ မိနစ်မှ ၁၅ မိနစ်အထိ ကျိုချက်သောက်ပါ။ ရေကျိုချက်ရန် မဖြစ်နိုင်ပါက ရေသန့်ဆေးပြား (သို့မဟုတ်) ကလိုရင်း စနစ်တကျ ခတ်ထားသောရေကို သုံးစွဲပါ။
💡အစားအသောက် သန့်ရှင်းမှု အထူးဂရုပြုပါ။ အစားအစာများကို ကျက်အောင် ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးပါ။ အစားအသောက်များကို ယင်ကောင်မနားနိုင်စေရန် အုပ်ဆောင်း အမြဲအုပ်ထားပါ။ လမ်းဘေး မသန့်ရှင်းသော အစားအစာများ၊ ရေခဲချောင်း၊ ရေခဲတုံးနှင့် ယင်နားထားသော အစားအသောက်များကို ရှောင်ကြဉ်ပါ။ အသီးအရွက်များကို သန့်ရှင်းသောရေဖြင့် စင်ကြယ်စွာ ဆေးကြောပါ။
💡 တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားပါ။ အစာမစားမီ၊ အစားအစာ မပြင်ဆင်မီနှင့် အိမ်သာအသုံးပြုပြီးတိုင်း ဆပ်ပြာနှင့် ရေ သုံး၍ စက္ကန့် ၂၀ ကြာ စနစ်တကျ လက်ဆေးပါ။ မိမိအသုံးပြုခဲ့သော အိမ်သာကိုလည်း သေသေချာချာဆေးကြောသန့်စင်ပါ။ အမှိုက်နှင့် အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်ပြီး ယင်လုံအိမ်သာကိုသာ အသုံးပြုပါ။
⚠️ အကယ်၍ ကာလဝမ်းရောဂါဖြစ်နေပြီဆိုရင် ခန္ဓာကိုယ်တွင်း ရေဓာတ်နှင့် ဓာတ်ဆားများ ပြန်လည်ဖြည့်တင်းပေးရန် ORS (Oral Rehydration Salts)ဓာတ်ဆားရည်သောက်ပါ။ ဆရာဝန်၏ ညွှန်ကြားချက်မပါဘဲ antibiotic ၊ဝမ်းပိတ်ဆေး တို့ကို မိမိသဘောဖြင့် မသောက်ပါနှင့်။ အထူးသဖြင့် ကလေးများ၊ အဖျားရှိသူများ သို့မဟုတ် ဝမ်းထဲသွေးပါသူများတွင် မိမိသဘောဖြင့် မသုံးပါနှင့်။ ORS (Oral Rehydration Salts)ဓာတ်ဆားရည်ကို ဖျော်ရာတွင်လည်း ခန့်မှန်း၍ ဆား/သကြားထည့်ခြင်း၊ အချိုရည်ကို ဓာတ်ဆားရည် ( ORS ) အစားသုံးခြင်းမျိုးမလုပ်ပါနှင့်။
⚠️ ကာလဝမ်းရောဂါဖြစ်နေသူအနေဖြင့် ဝမ်းသွားသည့်အခါ အရည်ကြည်ကြည် သို့မဟုတ် ဆန်ဆေးရည်ကဲ့သို့ ဖြူဖျော့ဖျော့ ဝမ်းများ အကြိမ်ရေများစွာသွားခြင်း၊ မူးဝေခြင်း၊ အားနည်းခြင်း၊ မျက်လုံးချိုင့်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သတိလစ်ခြင်း၊ အရေပြားအေးစက်ခြင်း ဖြစ်ပေါ်လာပြီဆိုပါက နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ အချိန်မဆွဲဘဲ အမြန်ဆုံး သွားရောက်ကုသမှသာ အသက်အန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ပါတယ်။

မိမိနှင့် မိသားစု ကျန်းမာဘေးကင်းစေဖို့ ဒီအချက်လေးတွေကို မျှဝေပေးရင်း သတိပြုလိုက်နာကြပါစို့ခင်ဗျာ။ 🙏

#ကျန်းမာရေးဗဟုသုတ #ကာလဝမ်းရောဂါကာကွယ်ရေး

သက်တူရွယ်တူတွေ ကလေးတွဲလောင်းနဲ့ဒုက္ခတွေရောက်နေတာတွေ့တော့ကိုယ့်ကိုယ်ကို ကျေးဇူးတင်မိတယ်ဘာလို့လဲသိလား.........?အခုထိ ကိုယ်...
14/08/2026

သက်တူရွယ်တူတွေ ကလေးတွဲလောင်းနဲ့
ဒုက္ခတွေရောက်နေတာတွေ့တော့
ကိုယ့်ကိုယ်ကို ကျေးဇူးတင်မိတယ်
ဘာလို့လဲသိလား.........?
အခုထိ ကိုယ်ကိုယ်ကို ဒုက္ခရောက်စေမယ့်
အလုပ်မလုပ်မိသေးလို့လေ .......

#ဟာသစာတို #ဟာသ #ဟာသစာပေ #အင်တာနက် #မြန်မာ

12/08/2026

ChinlandNetwork



အခုလိုလဆန်းပိုင်းဆို ရုံးကလူတွေရော၊ အိမ်ကလူတွေရောစကားပြောလို့အရမ်းကောင်းတာပဲ......လဝက်လောက်လည်းရောက်လာရော ......ငါ့ကို စ...
07/08/2026

အခုလိုလဆန်းပိုင်းဆို ရုံးကလူတွေရော၊ အိမ်ကလူတွေရော
စကားပြောလို့အရမ်းကောင်းတာပဲ......
လဝက်လောက်လည်းရောက်လာရော ......
ငါ့ကို စကားပြောပုံက ရန်သူကြီးကြနေတာပဲ
မသိရင် ငါက သူတို့ပိုက်ဆံ ချေးပြီးပြန်မဆက်တဲ့သူကျနေတာပဲ
ချေးတဲ့အချိန်ချေးတယ်... ပြန်ဆက်တဲ့အချိန်ပြန်ဆက်တာပဲကို.....

#ဟာသစာတို #ဟာသ #ဟာသစာပေ #အင်တာနက် #မြန်မာ

Address

No(141), Second Road(Botayza), (1) Ward
Bogale
10233

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959400884446

Website

Alerts

Be the first to know and let us send you an email when Chinland Network Co.,Ltd -Bogalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chinland Network Co.,Ltd -Bogalay:

Shortcuts

Share