Pine-Apple Tech

Pine-Apple Tech Sharing is good
and with digital technology, sharing is easy 🧑🏻‍💻✌🏻

02/06/2026

testing

"Pixnapping" သို့မဟုတ် Android ဖုန်းတွေဆီကအရေးကြီး အချက်အလက်တွေကို စက္ကန့် ၃၀ အတွင်း ခိုးယူနိုင်တဲ့တိုက်ခိုက်မှုအသစ်****...
18/10/2025

"Pixnapping" သို့မဟုတ် Android ဖုန်းတွေဆီကအရေးကြီး အချက်အလက်တွေကို စက္ကန့် ၃၀ အတွင်း ခိုးယူနိုင်တဲ့တိုက်ခိုက်မှုအသစ်
*******************************************************
Screen မှာ ပေါ်သမျှကို Permission မလိုဘဲ ခိုးယူနိုင်တဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်တာကြောင့် Pixnapping က ကြောက်စရာကောင်းလှပါတယ်။

Carnegie Mellon University က သုတေသီတွေဟာ Android စနစ်ရဲ့ Security Model ကို လုံးဝ ရှောင်ကွင်းနိုင်တဲ့ တိုက်ခိုက်မှု နည်းလမ်းအသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး "Pixnapping" လို့ နာမည်ပေးထားပါတယ်။

ဒီကောင်က Android user တွေအတွက် အလွန်စိုးရိမ်စရာပါပဲ။ Hacker တွေဟာ ဒီ attack ကို အသုံးပြုပြီး
ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ အထူးသဖြင့် Two-Factor Authentication (2FA) ကုဒ်တွေနဲံ message တွေကို စက္ကန့် ၃၀ အောက် အတွင်း ခိုးယူနိုင်ကြောင်း တွေ့ရှိထားပါတယ်။

Pixnapping က "Side-Channel Attack" အမျိုးအစားဖြစ်ပြီး၊ Software ကို ထိုးဖောက်တိုက်ခိုက်တာမျိုး မဟုတ်ဘဲ Device ရဲ့ Hardware (Graphic Processor) ကို ဦးတည် ပစ်မှတ်ထားတာပါ။

တကယ်တော့ ဒီတိုက်ခိုက်မှုက ၂၀၂၃ ခုနှစ်မှာ ရှာဖွေတွေ့ထားခဲ့တဲ့ "GPU.zip" ဆိုတဲ့ Graphics Processor ရဲ့ Side-Channel vulnerability ပေါ်မှာ အခြေခံပြီး ဆင့်ပွားထားတာပါ။

ဒိ်လိုလုပ်နိုင်ဖို့ကတော့ အတော်အဆင့်မြင့်ပြီး ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဖို့တော့လ်ုပါတယ်။

Pixnapping က Android ရဲ့ App တွေပုံရိပ်ဖော်ရာမှာသုံးတဲ့စနစ် ဖြစ်တဲ့ Rendering System ကို ကြားဖြတ် ဝင်ရောက်ပြီးတော့ Graphic Hardware က ပုံရိပ်အချက်အလက်တွေကို ဘယ်လိုစီမံဆောင်ရွက်လဲဆိုတာနဲ့ အဲလ်ုဆောင်ရွက်တဲ့အခါ Timing Differences တွေကို မှတ်သားရပါတယ်။

ဒီ attack က android app အချို့ထဲမှာ ရှိနေနိုင်ပါတယ်။ Google PlayStore ကနေ သွင်းထားတယ်ဆိုရင်တောင်မှ မလွတ်နိုင်ပါဘူး။ အထူးသဖြင့် သူက ဘာ permission ကိုမှ တောင်းခံစရာမလိုတာကြောင့်မို့ malicious လို့ သံသယဖြစ်စရာ အချက်အလက် ရှိမနေဘူးပေါ့။ Pixnapping ဟာ Android System ထဲမှာရှိတဲ့ API Calls တွေနဲ့ GPU Side-Channel Timing လိုမျိုး နက်နဲတဲ့ နည်းပညာကို အသုံးပြုတဲ့ Sophisticated Attack အမျိုးအစားပါ။ Hacker တွေက ဒီလို အဆင့်မြင့်နည်းပညာ တွေကို အသုံးပြုပြီး အန္တရာယ်မရှိတဲ့ App ပုံစံမျိုးအဖြစ် Google Play Store ထဲကို သွင်းနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်မို့ Play Store က App တိုင်းကို ၁၀၀% ယုံကြည်၍ မရပါ။ Pixnapping သည် နက်နဲသော နည်းပညာကို သုံးပြီး Permission Model ကို ရှောင်ကွင်းသောကြောင့် အလွယ်တကူ သတိထားမိဖို့ မလွယ်ကူလှပါ။ AI တွေကို free ပေးသုံးတဲ့ app အဖြစ်လည်းကောင်း၊ လူစိတ်ဝင်စားစရာ တစ်ခုခု (ဥပမာ - YouTube downloader, TikTok downloader, Facebook downloader, …) အဖြစ် ရှေ့မှာ သာမန် app တစ်ခုသဖွယ် အလုပ်လုပ်နေမှာပါ။

ထူးခြားတာက Malicious App သည် Permissions မတောင်းပေမယ့် Android API တွေကို သုံးပြီး Google Authenticator, Signal , Gmail စတဲ့ သူသိလိုရာ app တွေကို ဖွင့်တယ်ပေါ့။
သူ spy လုပ်လိုတဲ့ app ပေါ်မှာ semi-transparent Window layer တွေကို ဖန်တီးလိုက်တယ်ပေါ့။ ဒါတွေကြောင့် GPU ပေါ်မှာ အသေးစား ဂရပ်ဖစ်ဆိုင်ရာ လုပ်ဆောင်ချက်တွေကို ဖြစ်ပေါ်လာစေပါတယ်။ အဲဒါတွေရဲ့ Rendering Time) ကို တိုင်းတာခြင်းနည်းလမ်းနဲ့ အဲနေရာမှာ ဖော်ပြနေတဲ့ Pixel ရဲ့ အရောင် ဒါမှမဟုတ် အချက်အလက်ကို ပြန်လည် ဖော်ထုတ်ယူနိုင်ပါတယ်။

ဒါကြောင့်မို့လို့
Pixnapping သည် ဖုန်းမျက်နှာပြင်ပေါ်တွင် မြင်နေရတဲ့ မည်သည့် အချက်အလက်ကိုမဆို ခိုးယူနိုင်စွမ်းရှိပါတယ်။ ဘာတွေ ခိုးနိုင်လဲဆိုရင် -

2FA Codes
Google Authenticator or Microsoft authenticator တွေကနေ အချိန်ကန့်သတ်ထားတဲ့ ခြောက်လုံးပါ ကုဒ်တွေကို စက္ကန့် ၃၀ အတွင်း အောင်မြင်စွာ ခိုးယူနိုင်ကြောင်း စမ်းသပ်တွေ့ရှိရပါတယ်

SMS နှင့် အခြားသော message များ
Signal နဲ့ Viber တို့လို End-to-End Encryption သုံးထားတဲ့ Messaging App တွေထဲက message တွေကိုတောင်မှ ခိုးယူနိုင်ပါတယ်။ (screen မှာ ဖော်ကြည့်လို့ရတာကိုး)

ငွေကြေးဆိုင်ရာ
Screen ပေါ်မှာ မြင်တွေ့နိုင်တဲ့ ငွေကြေးဆိုင်ရာ အချက်အလက်တွေကိုလည်း ရယူနိုင်စွမ်းပါတယ်

ဒါတွေအပြင် Google Maps ကနေ တည်နေရာ မှတ်တမ်းတွေကို ယူနိုင်တာမျိုး၊ Cryptocurreny Wallet ရဲ့ recovery အတွက် လိုအပ်တဲ့ key တွေကို သိမ်းထားမိတာမျိုးတွေ ဆိုရင် ခိုးခံရနိုင်ပါတယ်။

ဒီစမ်းသပ်ချက်အတွက်ကို Google ရဲ့ Pixel ဖုန်းတွေနဲ့ Samsung Galaxy S25 ဖုန်းတွေမှာ အောင်မြင်စွာ စမ်းသပ်ဖော်ထုတ်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အခြားဖုန်းတွေမှာလည်း ကျိန်းသေပေါက်ကို ရှိနေမှာပါ။

ဒီ vulnerability ဟာ Android ရဲ့ Core Mechanism နဲ့ သက်ဆိုင်တာကြောင့်မို့ လုံခြုံရေး Patch မရသေးတဲ့ Android စနစ်သုံး ဖုန်းတွေ၊ Tablet တွေ အများကြီး အများကြီးမှာ သက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။

ဒီအားနည်းချက်ကို ၂၀၂၅ အစောပိုင်းကာလတွေကတည်းက Google ဆီ report လုပ်ထားပြီး ဖြစ်တာကြောင့် Google ကလည်း ဒီသက်ရောက်မှုကို လျှော့ချနိုင်ဖို့ ကြိုးစားနေပါတယ်။

Google နှင့် Samsung ကတော့ ဒီအတွက် Patch တွေ ထုတ်ပြန်ပေးထားတယ်လို့ သိရပါသော်လည်း Samsung က သူ့ထုံးစံအတိုင်း device အသစ်သမားတွေကိုပဲ ဦးစားပေးထားပုံရပါတယ်။ ရှေ့က device တွေမှာတော့ ဘာ update မှ ထွက်လာတာ မတွေ့ရပါဘူး။ Android Device တွေတိုင်းအတွက် System Update ထွက် မထွက် ပုံမှန် စစ်ဆေးပြီး update ထွက်တာနဲ့ ချက်ချင်း လုပ်ဖို့လိုပါတယ်။

နောက်တစ်ချက်က 2FA ကုဒ်တွေ၊ password တွေနဲ့ Crypto Seed Phrases တွေကို မှတ်တဲ့အခါ note တွေထဲမှာ မမှတ်ဘဲ စာအုပ်မှာ ရေးမှတ်ပြီး offline မှတ်သားတဲ့နည်း မျိုးတွေကို ဦးစားပေး သုံးသင့်ပါတယ်။ Password manager ဆိုတာတွေကိုလည်း မသုံးနဲ့ပေါ့။

နောက်တစ်ချက်က ဖုန်း screen ပေါ်မှာ အရေးကြီး အချက်အလက်တွေကို မလိုအပ်ဘဲ ကြာကြာ မထားနဲ့ပေါ့။ (ဥပမာ- 2FA ကုဒ်ရလျှင် ချက်ချင်း သုံးပြီး Screen ကို ပိတ်ပါ သို့မဟုတ် App မှ ထွက်ပါ)။
ဖြစ်နိုင်ရင် 2FA code တွေအတွက် SMS or Authenticator တွေ အစား Google Titan သို့မဟုတ် Yubikey တို့လိုမျိုး Hardware Token (Physical Key) တွေကို သုံးပေါ့။

ဒါဆိုရင်တော့ ခံသာမယ်ပေါ့.........

iPhone user တွေကတော့ ကြွယ်ကြဦးတော့မှာပဲ

Crd-org owner

Who miss the old days …window XP 👨🏼‍💻
09/07/2024

Who miss the old days …window XP 👨🏼‍💻

Phto crd ပါ APPLE 🍎တွေ လက်ရှိ ဖြစ်န်ိုင်ရင် no Reset ပါ ဒိီ Error ကိုဖြေရှင်းနည်း သိရင် ချက်ချင်းပြောပေးပါ့မယ် ✅Edit no ...
17/06/2024

Phto crd ပါ

APPLE 🍎တွေ လက်ရှိ ဖြစ်န်ိုင်ရင်

no Reset ပါ

ဒိီ Error ကိုဖြေရှင်းနည်း သိရင် ချက်ချင်းပြောပေးပါ့မယ်


Edit no Wi-Fi sim only နဲ့ကျော်ပါ 🍎

Apple ID ဝင်မရခဲ့ရင် DNS Setting ချိန်ပေးပါ

ချိန်နည်းကို ပုံ ၂မှာ ပြပေးထားပါတယ်

….crd org owner

စိတ်မပူပါနဲ့ blue screen wallpaper ပါဗျာ 😅Computer အတွက် ဆားဗစ်အပ်ချင်ရင်တော့ Pineapple Mobile phone service and sale မာ...
12/06/2024

စိတ်မပူပါနဲ့ blue screen wallpaper ပါဗျာ 😅
Computer အတွက် ဆားဗစ်အပ်ချင်ရင်တော့ Pineapple Mobile phone service and sale မာ ဆို စိတ်ချရတယ်နော် 😅😬🍍🥰🙏



OS Update Support လုပ်ပေးမယ့် Model  List 👇iOS 18 *  iPhone 15*  iPhone 15 Plus*  iPhone 15 Pro*  iPhone 15 Pro Max*  iP...
11/06/2024

OS Update Support လုပ်ပေးမယ့် Model List 👇

iOS 18

* iPhone 15
* iPhone 15 Plus
* iPhone 15 Pro
* iPhone 15 Pro Max
* iPhone 14
* iPhone 14 Plus
* iPhone 14 Pro
* iPhone 14 Pro Max
* iPhone 13
* iPhone 13 mini
* iPhone 13 Pro
* iPhone 13 Pro Max
* iPhone 12
* iPhone 12 mini
* iPhone 12 Pro
* iPhone 12 Pro Max
* iPhone 11
* iPhone 11 Pro
* iPhone 11 Pro Max
* iPhone XS
* iPhone XS Max
* iPhone XR
* iPhone SE (2nd generation or later)

watchOS 11

* Apple Watch SE (2nd generation)
* Apple Watch Series 6
* Apple Watch Series 7
* Apple Watch Series 8
* Apple Watch Series 9
* Apple Watch Ultra
* Apple Watch Ultra 2

iPadOS 18

* iPad Pro (M4)
* iPad Pro 12.9-inch (3rd generation and later)
* iPad Pro 11-inch (1st generation and later)
* iPad Air (M2)
* iPad Air (3rd generation and later)
* iPad (7th generation and later)
* iPad mini (5th generation and later)

macOS Sequoia

* iMac 2019 and later
* iMac Pro 2017 and later
* Mac Studio 2022
* MacBook Air 2020 and later
* Mac mini 2018 and later
* MacBook Pro 2018 and later
* Mac Pro 2019 and later

Apple Intelligence

* iPhone 15 Pro Max A17 Pro
* iPhone 15 Pro A17 Pro
* iPad Pro M1 and later
* iPad Air M1 and later
* MacBook Air M1 and later
* MacBook Pro M1 and later
* iMac M1 and later
* Mac mini M1 and later
* Mac Studio M1 Max and later
* Mac Pro M2 Ultra

သိသူဖော်စား မသိသူကျော်သွား 👍😅🎉💪🏻✌️🍍
27/05/2024

သိသူဖော်စား မသိသူကျော်သွား 👍😅🎉💪🏻✌️🍍


“To get rich, you have to be making money while you’re asleep.”
17/05/2024

“To get rich, you have to be making money while you’re asleep.”




ဧရာမ သင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။ မည်သူမျှ မပြုပြင်နိုင်ကြ။ ထို့ကြောင့် အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိသော စက်ပြင်အင်ဂျင...
13/05/2024

ဧရာမ သင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။
မည်သူမျှ မပြုပြင်နိုင်ကြ။

ထို့ကြောင့် အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိသော စက်ပြင်အင်ဂျင်နီယာထံ ပို့လိုက်ကြလေသည်။

စက်ပြင်ဆရာက အင်ဂျင်ကို အပေါ်ကနေ အောက်အထိ သေသေချာချာစစ်ဆေးသည်။

အားလုံးကိုစစ်ပြီးနောက် အင်ဂျင်နီယာသည် အိတ်ထဲမှ တူလေးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

အင်ဂျင်စက် တစ်​​နေရာကို ကို ညင်သာစွာ ခေါက်လိုက်သည်။ မကြာခင်မှာ အင်ဂျင်ပြန်အသက်ဝင်လာသည်။ အားလုံးကောင်းသွားလေပြီ။

အင်ဂျင်နီယာက ဧရာမသင်္ဘောကြီးကို ပြုပြင်ရန် စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ 10,000 - တစ်သောင်း ဖြစ်ကြောင်း ပိုင်ရှင်ကို ပြောကြားခဲ့ပါသည်။

"ဘယ်လို....?" ဟု ပိုင်ရှင်က မကြေမနပ်နှင့် မေးသည်။

"မင်း ဘာမှ ပြင်ရတာလဲမဟုတ်ဘူ။ ငါ့ကို အသေးစိတ် ဘေလ်​ရေးပေးပါ။"

စက်ပြင်ဆရာက
ဘောလ်ထဲမှာ ဤကဲ့သို့ ရေးလိုက်ပါတယ်..
- တူဖြင့် ​ခေါက်ခက- $2 နှစ်ဒေါ်လာ။
ဘယ်နေရာကိုခေါက်ရမယ် နှင့် ဘယ်နှစ်ချက် ခေါက်ရမယ်ဆိုတာ အတွက် ပညာကြေးက - $9,998 ( ကိုးထောင်ကိုးရာကိုးဆယ့်ရှစ်ဒေါ်လာ ) ဟူ၍ဖြစ်သည်။

သတိပြုစရာ.....

တစ်ခါတလေမှာ -
"လွယ်လွယ်လေး " နဲ့ "ဒါလေးပဲဟာ" ဆိုတဲ့ စကားလုံးတွေကို ဘေးဖယ်ထားသင့်ပါတယ်။
ပညာရှင်တယောက်ဟာ အတွေ့အကြုံနှင့် ကျွမ်းကျင်မူရရန် အများကြီး ကြိုးစားခဲ့ရပါတယ်။

(အလုပ်တစ်ခုကို မိနစ် 30 နှင့် ပြီးလျင်၊ ဤကဲ့သို့ မိနစ် 30 နဲ့ ပြီးသွားအောင် 10 နှစ်​လောက် အချိန်ပေး လေ့လာ သင်ယူခဲ့ရခြင်းဖြစ်သည်။

ဒါကြောင့်ပေးရတဲ့လုပ်ခဟာ ဆယ်နှစ် လောက်လေ့လာခဲ့ရတဲ့ ပညာကြေးပါ။မိနစ် 30 ရဲ့ ကြာချိန် အတွက်မဟုတ်ပါဘူး။ )

ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံက ဈေးကြီးပါတယ်။

ကံမကောင်းစွာပဲ၊ ကျွန်တော်တို့ဟာ အခုချိန်ထိ လူတယောက်ရဲ့ လုပ်အားခကို ကြာချိန်နဲ့ တွက်ဆနေကြတုန်းပါပဲ။

ဖြေးဖြေးလေးပဲ သွားနိုင်တဲ့ ပက်ကျိတကောင်က ကြယ်တာရာတွေဆီကို အလည်သွားချင်သတဲ့။ လင်းလက်နေတဲ့ ကြယ်တာရာတွေဆီကို သွားဖို့ လုံးဝ...
02/04/2024

ဖြေးဖြေးလေးပဲ သွားနိုင်တဲ့ ပက်ကျိတကောင်က ကြယ်တာရာတွေဆီကို အလည်သွားချင်သတဲ့။ လင်းလက်နေတဲ့ ကြယ်တာရာတွေဆီကို သွားဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ လူတွေက ရီကြတယ်ဗျ။ ပက်ကျိတကောင်ရဲ့ စိတ်ကူးအိမ်မက်က လုံးဝမဖြစ်နိုင်ဘူးလေ။ ကြယ်တာရာတွေဆီကို လူတွေရောက်ဖို့တောင် လွယ်တာမှ မဟုတ်တာကိုး။

ပက်ကျိလေးက သူ့ရဲ့ စိတ်ကူးအိမ်မက်တွေကို အကောင်ထည်ဖော်လို့ လုံးဝ လက်မလျှော့ပါဘူး၊ ကောင်းကင်ပေါ်ပျံနိုင်တဲ့ သိန်းငှက်တကောင်ကို သွားမေးကြည့်တယ်ဗျ၊ သိန်းငှက်က ဟက်ဟက်ပက်ပက် ရီတာပေါ့၊ မဖြစ်နိုင်ဘူးလေ။ မင်းမှာ ငါ့လို အတောင်ပံရှိလို့လား၊ ပျံနိုင်လို့လား ချိုးချိုးဖဲ့ဖဲ့ နှိမ်ပြောခဲ့တယ်။ ဟုတ်တယ်လေ ဖြစ်မှမဖြစ်နိုင်တာကိုး။ ဒါနဲ့ ကြွက်တကောင်ကို သွားမေးကြည့်တယ်၊ "မင်းမပျံနိုင်ရင် ပျံနိုင်တဲ့ အရာကို စီးသွားပေါ့" တဲ့။

ဒင်းက အာကာသစခန်းတခုကို ဦးတည်ပြီးသွားခဲ့တယ်၊ ဒီခရီးက သူ့အတွက်တော့ ဆယ်စုနှစ်တခုလောက်ကြာပါတယ်ဗျ။ အာကာသစခန်းရောက်တော့ ဒုံးပျံတခုက အင်္ဂါဂြိုလ်ကို ပျံတော့မယ်။ ကံကောင်းစွာပဲ အတားအဆီးတွေကြားက ပက်ကျိလေးက အာကာသဒုံးပျံပေါ် ပါသွားခဲ့တယ်ဗျ။ ပက်ကျိတကောင်ရဲ့ စိတ်ကူးအိမ်မက်တွေက တကယ်ကြီး ဖြစ်လာခဲ့ပြီဗျ။ တကယ်ကြီး ဖြစ်လာခဲ့ပါပြီ။ ရဟူးးးး

မှန်ကန်တဲ့ နည်းဗျူဟာနဲ့ဆိုရင် ပက်ကျိတကောင်ရဲ့ စိတ်ကူးအိမ်မက်တွေကလဲ တကယ်ဖြစ်လာနိုင်ပါတယ်ဗျ။ ☺☺☺

Crd-မင်းသုအောင်

Address

Lai-Kha

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:00
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30
Saturday 08:00 - 17:30
Sunday 08:00 - 17:30

Telephone

0943105305

Website

Alerts

Be the first to know and let us send you an email when Pine-Apple Tech posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share