Anytime Mobile-Lashio

Anytime Mobile-Lashio Mobile Phone Sale & Services
ဖုန်းနှင့်ဖုန်းအပိုပစ္စည်း

✳️Pre Order now✳️....အားလုံးစောင့်မျှော်နေကြတဲ့ vivo V70 FE 5G ကို ယနေ့ကစပြီး Blind Pre-Order စတင်လက်ခံနေပါပြီ! ဈေးနှုန်...
28/05/2026

✳️Pre Order now✳️....

အားလုံးစောင့်မျှော်နေကြတဲ့ vivo V70 FE 5G ကို ယနေ့ကစပြီး Blind Pre-Order စတင်လက်ခံနေပါပြီ!

ဈေးနှုန်းမသိရသေးခင်မှာတင် Blind Pre-Order တင်မယ့်သူတွေအတွက် အထူးထူးသော အခွင့်အရေးတွေကလည်း စောင့်ကြိုနေပါသေးတယ်။

Photography အတွေ့အကြုံသစ်တွေကို ပေးစွမ်းသွားမယ့် vivo V70 FE 5G ကို မေလ (၂၇) ရက်နေ့မှ ဇွန်လ(၅) ရက်နေ့အတွင်း ကနဦးငွေ (၆၀,၀၀၀) ကျပ်ပေးသွင်းရုံနဲ့ Pre-Order တင်နိုင်မှာဖြစ်ပြီး အထူးဆုကြီးအနေနဲ့ Pre-Order တင်တဲ့သူတွေထဲကမှ ကံထူးရှင် (၁၀) ယောက်ကို ရွေးချယ်ပြီး ဇွန်လ (၆) ရက်နေ့မှာ vivo Y05 (၁၀) လုံး တိတိကို မဲဖောက်ပေးသွားဦးမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် မေလ (၂၇) ရက်နေ့မှ ဇူလိုင်လ (၆) ရက်နေ့အတွင်း ဝယ်ယူသူတိုင်းအတွက် (၁၀) သိန်းကျပ် တန်ဖိုးရှိ လက်ဆောင်ပစ္စည်းများစွာကိုလည်း လက်ငင်းရရှိသွားဦးမှာဖြစ်ပါတယ်။ (လက်ဆောင်ပစ္စည်းအရေအတွက်ရှိသလောက်သာ)

V70 FE ဝယ်ရင်း (၁၀) သိန်းတန် လက်ဆောင်တွေလည်းရ၊ နောက်ထပ် Y05 တစ်လုံးပါ ထပ်မံကံထူးပိုင်ဆိုင်နိုင်မယ့် ဒီလိုအခွင့်အရေးကြီးကို လက်လွတ်မခံချင်ရင်တော့ အခုပဲ Anytime Mobile-Lashio အမြန်ဆုံး လှမ်းခဲ့လိုက်တော့နော်။
Blind Pre-Order Period : May 27 – June 05

tiktok.com/.mobile5

#ပန်လျန်းဆိုင်



11/05/2026

မြန်မာပြည်ကဖုန်းအသစ်လဲဖို့ စောင့်နေတဲ့သူတွေအတွက်တော့ တပူပေါ် ဆယ့်ငါးပူလောက်ဆင့်တယ်လို့ပြောရမှာပဲ။
------------------------
ဒီမှာက CEIR ကြောင့် ဖုန်းဈေးတွေ တက်နေတာအပြင်ကိုမှ အခုလက်ရှိ နည်းပညာလောကမှာလည်း မိုဘိုင်းလ် DRAM ဈေးနှုန်းတွေက တရိပ်ရိပ်တက်နေတာဆိုတော့ အခု ဒီ ၂၀၂၆ ခုနှစ် နှောင်းပိုင်းရောက်ရင် အခုထက် နှစ်ဆလောက်ထိ ဈေးဖြစ်သွားတော့မယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ဒါကြောင့်လည်း စမတ်ဖုန်းဈေးနှုန်းတွေက လတ်တလောကနေ အချိန်တိုအတွင်းမှာ ကျဆင်းဖို့ လုံးဝလမ်းမမြင်ရသေးဘူးလို့ ပြောရင်ရတယ်။

တကယ်တော့ ဒီအခြေအနေက အခု ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်ထဲမှာတင် သိသိသာသာကြီးကို ဆိုးရွားလာဖို့ ရှိနေတာပါ။ အထူးသဖြင့် High-end ဖုန်းတွေမှာ သုံးတဲ့ LPDDR5 module တွေရဲ့ ဈေးနှုန်းက 1GBကို ၂၀ ဒေါ်လာဝန်းကျင်အထိ ဖြစ်သွားနိုင်ပါတယ်။ အခုလောလောဆယ် ကုမ္ပဏီတွေအကြားမှာ ချုပ်ဆိုထားတဲ့ ရေရှည်စာချုပ်တွေအရ ဈေးအမြင့်ဆုံး Ceiling ကို ၂၁ ဒေါ်လာလို့ သတ်မှတ်ထားကြပေမဲ့၊ ဒါက ဈေးကွက်ကို တစ်ဖက်က တည်ငြိမ်အောင် ထိန်းထားပေးသလို ဖြစ်နေပေမဲ့ တစ်ဖက်မှာလည်း ဈေးနှုန်းတွေက ဒီအတိုင်း အမြင့်မှာပဲ ဆက်ရှိနေဦးမယ်ဆိုတဲ့ သဘောပဲ။ လေ့လာဆန်းစစ်သူတွေကတော့ ဒီလို ဈေးကြီးတဲ့ အခြေအနေမျိုးဟာ ၂၀၂၇ ထိ ဆက်သွားနိုင်တယ်လို့ ခန့်မှန်းထားကြတယ်။

ဒါဆို ဖုန်းဈေးတွေ ဘာလို့ မကျတာလဲဆိုရင် အဓိက တရားခံကတော့ အခုခေတ်စားနေတဲ့ AI နည်းပညာတွေကြောင့်ပါပဲ။ AI နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်အပိုင်း (Memory) လိုအပ်ချက်တွေက ကမ္ဘာတစ်ဝန်းမှာ အကြီးအကျယ် ပြတ်လပ်နေတာကြောင့်ပါ။ ပြောရရင် ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်မှာတင် DRAM ဈေးက ၁၀၀ ရာခိုင်နှုန်းနီးပါး ထိုးတက်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

နည်းနည်းလောက် နှိုင်းယှဉ်ကြည့်ရအောင်ဗျာ။ LPDDR5X ဈေးနှုန်းတွေက ဒီနှစ် ပထမသုံးလပတ်မှာတင် ၆၀ ရာခိုင်နှုန်းလောက် တက်ခဲ့ပြီးပြီ။ အရင်က LPDDR5 1GBကို ၁၀ ဒေါ်လာလောက်ပဲ ရှိခဲ့တာကနေ အခု ဒုတိယသုံးလပတ်အကုန်မှာ ၂၀ ဒေါ်လာနီးပါး ဖြစ်လာတော့မှာပါ။ ပိုပြီး ထင်ထင်ရှားရှား ပြောရရင် အခုလက်ရှိ Memory ဈေးနှုန်းတွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကထက် ၃ ဆလောက် ပိုများနေပြီလို့ ဆိုရမယ်။ ဒီဒဏ်က ၂၀၂၇ နှောင်းပိုင်းလောက်မှ သက်သာလာနိုင်ခြေ တော့ရှိတယ်။

ဒီတော့ ဖုန်းကုမ္ပဏီတွေ ဘာလုပ်နေကြလဲဆိုတော့ သူတို့က ဈေးနှုန်း အတက်အကျ အရမ်းမကြမ်းအောင် ရေရှည်စာချုပ် (Long-Term Agreements) တွေ ချုပ်ပြီး ကြိုတင်ကာကွယ်နေကြတယ်။ ဒါကတော့ ဓားသွား ၂ ဖက်လိုပါပဲ။ တစ်ဖက်က ကြည့်ရင်တော့ ဈေးနှုန်းကို အမြင့်မှာပဲ သတ်မှတ်လိုက်သလို ဖြစ်နေပေမဲ့၊ နောက်တစ်ဖက်ကတော့ ဈေးကွက်ထဲမှာ အဆမတန် ထိုးတက်သွားနိုင်တဲ့ အန္တရာယ်ကို ကန့်သတ်ထားနိုင်တယ်။ ဥပမာ ဈေးကွက်ထဲမှာ ဒေါ်လာ ၂၀ လောက် ဖြစ်နေချိန်မှာ စာချုပ်က ၂၁ ဒေါ်လာထက် မကျော်ရဘူးလို့ ကန့်သတ်ထားတဲ့အတွက် ဈေးနှုန်းထပ်တက်ဖို့ ရာခိုင်နှုန်း နည်းနည်းပဲ ကျန်တော့တာမျိုးပေါ့။

ဒါတွေအားလုံးက ကုမ္ပဏီအချင်းချင်း နောက်ကွယ်က ကုန်သွယ်မှုတွေ ဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ဝယ်သုံးနေတဲ့ စားသုံးသူတွေဆီကိုပဲ ရိုက်ခတ်လာမှာပါ။ ဖုန်းရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ LPDDR5X လိုမျိုး RAM ဈေးတွေ နှစ်ဆတက်လာပြီဆိုရင် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဘက်က သူတို့ရဲ့ အမြတ်ကို လျှော့မလား၊ ဒါမှမဟုတ် ဖုန်းဈေးကို မြှင့်ပြီး စားသုံးသူတွေဆီကပဲ ပြန်ယူမလားဆိုတာ ရွေးချယ်ရတော့မှာပါ။ အခု အခြေအနေတွေအရတော့ ရှေ့လျှောက် ဖုန်းဈေးတွေကတော့ ကျဆင်းဖို့ အလားအလာ မရှိသလောက်ပါပဲဗျာ။

Address

Lashio
06301

Alerts

Be the first to know and let us send you an email when Anytime Mobile-Lashio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Anytime Mobile-Lashio:

Shortcuts

Share