EDKA Digital

EDKA Digital All-in-one Digital Marketing, Advertising and Operation Solution Provider

ဝါတွင်းကာလရဲ့ အမြတ်ဆုံးဒါနတွေထဲမှာ ဝါဆိုသင်္ကန်းကပ်လှူခြင်းဟာ ဗုဒ္ဓဘာသာဝင်တိုင်းအတွက် အင်မတန် မွန်မြတ်လှတဲ့ ကုသိုလ်ပါပဲ။...
08/08/2026

ဝါတွင်းကာလရဲ့ အမြတ်ဆုံးဒါနတွေထဲမှာ ဝါဆိုသင်္ကန်းကပ်လှူခြင်းဟာ ဗုဒ္ဓဘာသာဝင်တိုင်းအတွက် အင်မတန် မွန်မြတ်လှတဲ့ ကုသိုလ်ပါပဲ။

ဒီကနေ့မှာတော့ EDKA Digital မိသားစုဝင်တွေ စုပေါင်းပြီး မန္တလေးရုံးချုပ်မှာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ထံ ဝါဆိုသင်္ကန်းနဲ့တကွ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

ယခု ပြုလုပ်ခဲ့တဲ့ EDKA Digital မိသားစုရဲ့ ဝါဆိုသင်္ကန်းကပ်အလှူ ကနေ ရရှိလာတဲ့ ကုသိုလ်ကောင်းမှုအစုစုကို မိတ်ဆွေများအားလုံးနဲ့ ခုနှစ်ရက်သားသမီးအပေါင်းတို့ ထပ်တူထပ်မျှ ရရှိကြစေဖို့အတွက် ပုံရိပ်လေးတွေ ဝေမျှပေးလိုက်ပါတယ် 🙏

#ဝါဆိုသင်္ကန်းကပ်လှူပွဲ

05/08/2026

Creative Carnival လူငယ်ပွဲတော်မှာ အတူရှိခဲ့တဲ့ EDKA Digital 🚀

မကြာသေးခင်က အောင်မြင်စွာ ကျင်းပသွားခဲ့တဲ့ Creative Carnivals ပွဲကြီးမှာ EDKA Digital ကနေ ပါဝင်ဆင်နွှဲခဲ့တဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ဒီ Video လေးထဲမှာ ပြန်လည်ကြည့်ရှုခံစားလိုက်ရအောင် 🫠

Creative Carnival လူငယ်ပွဲတော် Day 2 ရဲ့ EDKA Digital Booth မှာတော့ အသံတွေ၊ စည်းချက်တွေနဲ့ တကယ့်ကို အသက်ဝင်ခဲ့ပါတယ်။ 🎶အာ...
03/08/2026

Creative Carnival လူငယ်ပွဲတော် Day 2 ရဲ့ EDKA Digital Booth မှာတော့ အသံတွေ၊ စည်းချက်တွေနဲ့ တကယ့်ကို အသက်ဝင်ခဲ့ပါတယ်။ 🎶

အားလုံး အပြိုင်အဆိုင် တန်းစီပြီး ဆော့ကစားခဲ့ကြတာကတော့ စိတ်လှုပ်ရှားစရာ Rhythm Game Challenge လေးပဲ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ အာရုံစူးစိုက်မှုနဲ့ လျင်မြန်မှုကို စမ်းသပ်ရတဲ့ ဒီဂိမ်းလေးမှာ စည်းချက်နဲ့အညီ မြန်မြန်ဆန်ဆန် လိုက်ရွတ်နိုင်တာနဲ့ ဆုလက်ဆောင်တွေကို ပိုင်ဆိုင်ရရှိသွားတာပါ။ 🎁

ဂိမ်းဆော့ဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ လူငယ်တွေနဲ့ EDKA Digital Booth ရဲ့ စည်ကားပျော်ရွှင်စရာ အခိုက်အတန့်လေးတွေ မျှဝေလိုက်ပါတယ်။ 🤩

Creative Carnival လူငယ်ပွဲတော်ရဲ့ “Unlocking Modern Marketing Strategy & AI Integration” Panel Discussion မှာ EDKA Digit...
02/08/2026

Creative Carnival လူငယ်ပွဲတော်ရဲ့ “Unlocking Modern Marketing Strategy & AI Integration” Panel Discussion မှာ EDKA Digital မှ ပါဝင်ဆွေးနွေးခဲ့ပါတယ်

ဒီဆွေးနွေးပွဲမှာ လက်ရှိ Marketing နယ်ပယ်ရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်လာတဲ့ AI နည်းပညာကို Brand တွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဘယ်လို ထိရောက်စွာ ပေါင်းစပ်အသုံးချရမလဲဆိုတဲ့ အချက်တွေအပြင်၊

တက်ကြွတဲ့ လူငယ်မျိုးဆက်သစ်တွေအတွက် Marketing ရဲ့ အနာဂတ်အခွင့်အလမ်းတွေကိုလည်း အသေးစိတ် မျှဝေဆွေးနွေးခဲ့ကြပါတယ်။ 📈✨

🎉 Creative Carnival လူငယ်ပွဲတော်ကြီးရဲ့ Day 1 မှာ EDKA Digital Booth လေးကတော့ တကယ့်ကို စည်ကားပျော်စရာကောင်းလို့နေပါတယ် 🚀...
02/08/2026

🎉 Creative Carnival လူငယ်ပွဲတော်ကြီးရဲ့ Day 1 မှာ EDKA Digital Booth လေးကတော့ တကယ့်ကို စည်ကားပျော်စရာကောင်းလို့နေပါတယ် 🚀

လာရောက်လည်ပတ်ကြတဲ့ လူငယ်တွေနဲ့ တက်ကြွစည်ကားနေပြီး EDKA Digital Booth မှာ ဂိမ်းတွေကစားကာ အထူးလက်ဆောင်တွေရရှိကြတဲ့ ပျော်စရာအမှတ်တရ ပုံရိပ်လေးတွေပါ။ 🎁✨

01/08/2026

🔥 YG Vs Team Spirit Grand Final 🔥

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ YG နဲ့ Team Spirit တို့ရဲ့ Grand Final ပွဲကြီးကို ပြင်ဦးလွင်ရဲ့LED Board ထက်မှာ EDKA Digital က တိုက်ရိုက်ထုတ်လွှင့်ပြသပေးနေပါပြီ! 🎮

Mandalay က လူငယ် တွေ ရင်ခုန်နေကြမဲ့ Creative Carnival ပွဲကြီးမှာ EDKA Digital က Gold Partner အဖြစ် ပါဝင်အားဖြည့်ထားပါပြီ...
27/07/2026

Mandalay က လူငယ် တွေ ရင်ခုန်နေကြမဲ့ Creative Carnival ပွဲကြီးမှာ EDKA Digital က Gold Partner အဖြစ် ပါဝင်အားဖြည့်ထားပါပြီ 🚀

ဒီပွဲကြီးမှာ MLBB Showdown တွေ၊ K-Pop Random Dance တွေနဲ့ Local Brand Zone တွေ၊ နာမည်ကြီး Influencer တွေရဲ့ Knowledge Sharing Section တွေပါဝင်လို့ သူငယ်ချင်းတွေနဲ့အတူ Networking လုပ်ရင်း Weekend မှာ အေးဆေး Chill ဖို့ အကောင်းဆုံးပဲ
Gold Partner ဖြစ်တဲ့ EDKA ရဲ့ Booth ကို ရောက်လာရင်တော့ အမိုက်စား Rhythm Game တွေဆော့ပြီး အလန်းစား ဆုလက်ဆောင်တွေ ယူနိုင်မဲ့အပြင်၊ Career အသစ်ရှာနေတဲ့ လူငယ်တွေအတွက် ကိုယ့်ရဲ့ CV ကိုပါ တစ်ခါတည်း တင်ခဲ့လို့ရအောင် အလုပ်အကိုင် အခွင့်အလမ်းတွေပါ ဖန်တီးပေးထားတယ် 🎮💼

လာမဲ့ သြဂုတ်လ (၁) ရက်နဲ့ (၂) ရက်နေ့ MCC Hall မှာ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ လုံးဝ Free Entry နဲ့ ကျင်းပသွားမှာဆိုတော့ အသက် ၁၅ နှစ်ကနေ ၂၅ နှစ်ကြား လူငယ်တွေတင်မကဘဲ စိတ်ဝင်စားတဲ့ ဘယ်သူမဆို လာ Join လို့ရပါတယ် 🥳

ဒီတော့ Weekend မှာ ပုံမှန်လို ဖြတ်သန်းမဲ့အစား ကိုယ့်ရဲ့ CV ဖိုင်လေးကိုင်ပြီး EDKA Booth ဆီ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်
ဂိမ်းတွေဆော့ရင်း လက်ဆောင်တွေယူ၊ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေပါ ရှာဖွေရင်း အမှတ်တရကောင်းတွေကို Creative Carnival မှာ အတူတူ ဖန်တီးလိုက်ရအောင်နော်✨

​📅 Date - August 1 & 2, 2026
📍 Venue - MCC Hall
⌚ Time - 10 AM to 5 PM
✅ FREE ENTRY
📞 Contact Us: 09676768672

#လူငယ်ပွဲတော်

📣 EDKA Team World Cup ကြည့်ပြီး အိပ်ပြီ ⚽🏆မနေ့ညက 2026 World Cup Final ပွဲစဉ်ကြီးကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ မိုးလင်းပ...
19/07/2026

📣 EDKA Team World Cup ကြည့်ပြီး အိပ်ပြီ ⚽🏆

မနေ့ညက 2026 World Cup Final ပွဲစဉ်ကြီးကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ မိုးလင်းပေါက် အားပေးခဲ့ကြလို့ အားလုံးပဲ မျက်လုံးတွေ စင်းနေလောက်ပြီ ထင်ပါတယ် 🥱

EDKA Team လည်း ညက ဘောလုံးပွဲ အသည်းအသန်ကြည့်ပြီး အခု မနက် (၉)နာရီ ရုံးတက်နိုင်ကြတော့မယ် မထင်ပါဘူး

ဒါကြောင့် ဒီနေ့ (တနင်္လာနေ့) တစ်ရက်ကိုတော့ EDKA ရဲ့ ရုံးပိတ်ရက် Holiday လေးအဖြစ် သတ်မှတ်ပြီး တစ်ဖွဲ့လုံး အားရပါးရ အိပ်ရေးဝဝ အနားယူလိုက်ပါပြီ 💤

ဒီအတွက်ကြောင့် EDKA ရဲ့ တန်ဖိုးထားရတဲ့ Client တွေအနေနဲ့

📞 ဖုန်းခေါ်ဆိုမှုတွေ
💬 Chat ကနေ ဝင်လာတဲ့ စာတွေကို
ပြန်လည်ဖြေကြားပေးတဲ့အခါ ပုံမှန်ထက် အနည်းငယ် ကြန့်ကြာတာမျိုးလေးတွေ ရှိနိုင်တာမို့ နားလည်ခွင့်လွှတ်ပေးကြဖို့ ကြိုတင်ပြီး မေတ္တာရပ်ခံချင်ပါတယ်ဗျ 🙏

မနက်ဖြန်မှာတော့ အားအင်အပြည့်နဲ့ Recharge ပြန်လုပ်ပြီး အလုပ်တွေ ပုံမှန်အတိုင်း ပြန်လည်စတင်ကာ အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့အတူ အမြန်ဆုံး ပြန်လည်ဖြေကြားပေးသွားမှာ ဖြစ်ပါတယ် 💯

အားလုံးပဲ ဒီနေ့မှာ ဘောလုံးပွဲကြည့်ထားတဲ့အတွက် အိပ်ရေးဝအောင် အိပ်ရင်း အေးအေးဆေးဆေး အနားယူလိုက်ကြပါဦးဗျ ✨

10/07/2026

🤖 AI တွေ ဒီလောက်ကောင်းနေတာ...
Production တွေဆီ ဘာလို့ ပိုက်ဆံကုန်ခံ အပ်နေဦးမှာလဲ ❓

အဖြေက ရှင်းပါတယ်... AI ဘယ်လိုမှ အစားထိုးလို့မရတဲ့ အရာတွေ ရှိနေလို့ပါပဲ… 💯

🤝 စစ်မှန်တဲ့ ယုံကြည်မှု
Customer တွေက လူသားအစစ်တွေ လက်တွေ့သုံးပြတာကိုပဲ ပိုပြီး ယုံကြည်ကြပါတယ်... 💯

🫂 အစစ်အမှန် ခံစားချက်
လူတွေဆီကပဲ ရနိုင်တဲ့ သဘာဝကျတဲ့ နွေးထွေးမှုကို AI က အစားမထိုးနိုင်သေးပါဘူး... ✨

🎯 ရင်ဘတ်ချင်း နီးစပ်မှု
ဝယ်ယူမဲ့ Customer ရဲ့ ရင်ထဲကို တိုက်ရိုက်ထိမှန်စေဖို့ လူသားတွေ ဖန်တီးတဲ့ ခံစားချက်က အရေးကြီးဆုံးပါပဲ... 💞

ဒါကြောင့် ကိုယ့် Brand အတွက် Customer တွေရဲ့ ရင်ထဲကို အမြန်ဆုံးရောက်ရှိစေမဲ့ အရည်အသွေးမြင့် Production တွေ လိုအပ်နေပြီဆိုရင် EDKA Digital ကို အခုပဲ ဆက်သွယ်လိုက်တော့နော်... 💼🎥

For more details :09 676 768 707 , 09 676 768 672

Social Media ပေါ်က ကြော်ငြာတွေဟာ လူတွေအတွက် Skip လုပ်ဖို့၊ Block လုပ်ဖို့ အရမ်းလွယ်ကူသွားပါပြီ... 💯 🛒 ဒါပေမဲ့ ဆိုင်ထဲမှာ...
09/07/2026

Social Media ပေါ်က ကြော်ငြာတွေဟာ လူတွေအတွက် Skip လုပ်ဖို့၊ Block လုပ်ဖို့ အရမ်းလွယ်ကူသွားပါပြီ... 💯

🛒 ဒါပေမဲ့ ဆိုင်ထဲမှာ ဈေးဝယ်နေတဲ့၊ ငွေရှင်းကောင်တာမှာ တန်းစီနေတဲ့ Customer တွေကတော့ သူတို့မျက်စိရှေ့က EDKA Digital ရဲ့ In-store Screen ကို မလွဲမသွေ ငေးကြည့်မိကြမှာပါ။ ဒါဟာ ဘယ်သူမှ ကျော်သွားလို့မရတဲ့ အကောင်းဆုံး ကြော်ငြာနေရာပါပဲ... ✨

🎯 အရေးအကြီးဆုံးက ဝယ်ယူဖို့ အဆင်သင့်ဖြစ်နေတဲ့ Customer တွေဆီကို တိုက်ရိုက်ရောက်သွားတာမို့ သင့်လုပ်ငန်းအတွက် အထိရောက်ဆုံး ရလဒ်ကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။

ဒါကြောင့် နေရာကောင်းတွေ မကုန်ခင် Brand ကြီးတွေနဲ့အတူ ပြသဖို့ အခုပဲ ဆက်သွယ်လိုက်တော့နော်... 💖

📞 Contact us now
09 262 006 844
09 676 768 612

Address

62(A) Street Bet: 106 St & 107 St , Chanmyatharsi Township
Mandalay
05032

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when EDKA Digital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share