TechAge

TechAge IT School

ဒီ computer science ကလေးက စာမေးပွဲပြီးတဲ့နေ့ လှမ်းမေးတော့ မဖြေနိုင်ဘူး ပြောတယ် ကိုယ့်မှာ programming ကျွမ်းတဲ့ကလေးမို့ g...
20/08/2026

ဒီ computer science ကလေးက စာမေးပွဲပြီးတဲ့နေ့ လှမ်းမေးတော့ မဖြေနိုင်ဘူး ပြောတယ်
ကိုယ့်မှာ programming ကျွမ်းတဲ့ကလေးမို့ grade နည်းသွားမှာ စိုးနေခဲ့တာ
result မြင်မှ စိတ်သက်သာရတယ်

IT field က ကြိုဆိုပါတယ် ကလေးရေ

13/08/2026

PowerBI ရဲ့ PowerQuery မှာ Data Preprocessing လုပ်မဲ့အဆင့်လေးတွေ စမ်းပြထားပါတယ်
ဒေတာနဲ့အသက်မွေးဖို့ဆိုရင် ဒီလို Tool တွေကို သေချာလေး လေ့လာထားမှ အကျိုးရှိမှာ ဖြစ်ပါတယ်
ဒါမျိုး သင်ခန်းစာတွေ ဝေဝေဆာဆာ သင်ပေးမဲ့ တန်းခွဲသစ်အတွက် လာရောက် စုံစမ်းလို့ ရပါတယ်

07/08/2026

Database / Data Modeling မှာ အရေးပါတဲ့ Entity အမျိုးအစား ၃ မျိုး (Prime, Characteristic, Intersection) အကြောင်းကို လွယ်လွယ်ကူကူ လေ့လာကြည့်ကြရအောင်! 💡💻

31/07/2026

🧠 CPU Register တွေက Data ကို အမြဲသိမ်းထားတာလား? မဟုတ်ပါဘူး!

ဒီ Video မှာ CPU က A = 2 ပြီးတဲ့နောက် B = 3 ကို ဘယ်လို ဆက်လုပ်သလဲ၊ Register တွေ ဘာကြောင့် Overwrite ဖြစ်သလဲ၊ C = A + B ကို ဘယ်လိုတွက်ပြီး Memory ထဲ သိမ်းသလဲဆိုတာကို Animation နဲ့ ရှင်းပြထားပါတယ်။

📌 ဒီ Video မှာ လေ့လာရမယ့်အကြောင်းအရာများ
✅ Program Counter (PC) က နောက် Instruction ကို ဘယ်လိုညွှန်ပြသလဲ
✅ IR, MAR, MDR, ACC Register တွေ ဘယ်အချိန်မှာ Overwrite ဖြစ်သလဲ
✅ Register နဲ့ Memory က ဘာကြောင့် မတူတာလဲ
✅ ALU က 2 + 3 = 5 ကို ဘယ်လိုတွက်သလဲ
✅ Result ကို Memory ထဲ ဘယ်လို Store လုပ်သလဲ

Computer Science ကို အခြေခံကနေ နားလည်ချင်သူတွေ၊ IGCSE / A Level / University ကျောင်းသားတွေ မဖြစ်မနေ သိထားသင့်တဲ့ Concept ဖြစ်ပါတယ်။

နောက် Video မှာ Registers vs Memory, RAM နဲ့ CPU Register ကွာခြားချက်, Complete Fetch–Decode–Execute Cycle ကို Animation နဲ့ ဆက်လက်ရှင်းပြပေးသွားပါမယ်။

30/07/2026

💡 CPU က A = 2 ဆိုတဲ့ Instruction တစ်ကြောင်းကို ဘယ်လို အလုပ်လုပ်တာလဲ?

ဒီ Video မှာ Animation နဲ့ Step by Step ရှင်းပြထားပါတယ်။
📌 ဒီ Video မှာ လေ့လာရမယ့်အကြောင်းအရာများ
✅ Program ကို Memory ထဲမှာ ဘယ်လို သိမ်းထားသလဲ
✅ Program Counter (PC) က နောက် Instruction ကို ဘယ်လို ညွှန်ပြသလဲ
✅ Fetch Stage မှာ MAR, MDR, IR တို့ ဘယ်လို အလုပ်လုပ်သလဲ
✅ Decode Stage မှာ Control Unit က Instruction ကို ဘယ်လို နားလည်သလဲ
✅ Execute Stage မှာ Accumulator (ACC) နဲ့ ALU က ဘယ်လို အလုပ်လုပ်သလဲ

ဒီ Concept ကို နားလည်သွားရင် CPU Architecture နဲ့ Computer Organization ကို လေ့လာတဲ့အခါ ပိုလွယ်သွားပါလိမ့်မယ်။

နောက် Video တွေမှာ Registers တွေ ဘာကြောင့် Overwrite ဖြစ်သလဲ, Memory နဲ့ Registers ဘာကွာလဲ, C = A + B ကို CPU က ဘယ်လိုတွက်သလဲ ဆိုတာတွေကို Animation နဲ့ ဆက်လက်ရှင်းပြပေးသွားပါမယ်။

27/07/2026

💻 CPU က Program ကို ဘယ်လို အလုပ်လုပ်တာလဲ?
Computer Science မှာ အရေးအကြီးဆုံး Concept တစ်ခုဖြစ်တဲ့ Fetch–Decode–Execute Cycle ကို လွယ်လွယ်နဲ့ နားလည်အောင် Animation နဲ့ ရှင်းပြထားပါတယ်။
ဒီ Video မှာ လေ့လာရမယ့်အကြောင်းအရာများ
✅ Fetch–Decode–Execute Cycle
✅ CPU နဲ့ Memory ဘယ်လို ဆက်သွယ်သလဲ
✅ Address Bus, Data Bus, Control Bus တို့ရဲ့ တာဝန်
Computer Science ကို စတင်လေ့လာနေသူတွေ၊ IGCSE / A Level / University ကျောင်းသားတွေ အတွက် အသုံးဝင်တဲ့ Video ဖြစ်ပါတယ်။
Follow လုပ်ထားပြီး နောက် Video တွေမှာ Program Counter (PC), MAR, MDR, IR, ACC Register တွေကို လက်တွေ့promgram နဲ့ ဆက်လက်ရှင်းပြပေးသွားပါမယ်။

22/07/2026

🎓 GED ကို စတက်မယ်ဆိုရင် ဘယ်လောက်အချိန်ယူရမလဲ?

ဒီ Video မှာတော့
✅ Pre-GED ဘယ်လောက်ကြာမလဲ?
✅ GED Preparation ကို ဘယ်လောက်အချိန်ယူရမလဲ?
✅ GED ပြီးရင် University လျှောက်ဖို့ ဘာတွေပြင်ဆင်ရမလဲ?
ဆိုတာတွေကို Timeline အလိုက် အလွယ်တကူ ရှင်းပြထားပါတယ်။

GED ကို အလျင်စလိုမတက်ဘဲ ကိုယ့်ရဲ့ English နဲ့ Math Foundation အပေါ်မူတည်ပြီး မှန်ကန်တဲ့ Roadmap နဲ့ ပြင်ဆင်တာက ပိုအရေးကြီးပါတယ်။

📩 GED နဲ့ International University Pathway အကြောင်း အသေးစိတ် သိချင်ရင် Message ပို့ပြီး မေးမြန်းနိုင်ပါတယ်။

2026 အောက်တိုဘာ IGCSE Exam က သိပ်မဝေးတော့ဘူး။ICT နဲ့ CS မှာ ကိုယ်ဖြေထားတာ မှန်တယ်ထင်ပေမဲ့ Mark မရတာ…တစ်ယောက်တည်း စာလုပ်ရ...
21/07/2026

2026 အောက်တိုဘာ IGCSE Exam က သိပ်မဝေးတော့ဘူး။
ICT နဲ့ CS မှာ ကိုယ်ဖြေထားတာ မှန်တယ်ထင်ပေမဲ့ Mark မရတာ…
တစ်ယောက်တည်း စာလုပ်ရင်း လမ်းပျောက်နေတာ…
ဒါမျိုးဖြစ်နေတဲ့ ကျောင်းသားတွေ ရှိခဲ့ရင်
ဒီအောက်တိုဘာ Exam အတွက် One-on-One Guide အစီအစဉ်ရှိပါတယ်။

တစ်ယောက်ချင်းစီရဲ့ အားနည်းချက်ကို ကြည့်ပြီး—
✔️ Revision လုပ်ပေးမယ်။
✔️ Past Paper တွေ အတူလေ့ကျင့်မယ်။
✔️ Marking Scheme အတိုင်း ဘယ်လိုဖြေရမလဲ ပြပေးမယ်။
✔️ ICT Practical နဲ့ Programming မှာ မှားနေတဲ့အပိုင်းတွေကို တစ်ခုပြီးတစ်ခု ပြင်ပေးမယ်။

မသိတာကို မေး။
မရတာကို ထပ်လုပ်။
Exam ဝင်တဲ့နေ့ကျရင် "ဒီပုံစံတော့ လုပ်ဖူးတယ်" လို့ ယုံကြည်ချက်ရှိနေဖို့ လိုပါတယ်။

IGCSE ICT နဲ့ Computer Science ကို ဒီအောက်တိုဘာမှာ A / A* ရဖို့ ရည်မှန်းထားတယ်ဆိုရင်TechAge Page ကို Message ပို့ထားလိုက်ပါ။
One-on-One Guide အတွက် အသေးစိတ် ပြောပေးပါမယ်။

IGCSE စာမေးပွဲနီးလာတဲ့ အချိန်ဆို မိဘတွေရော၊ ကျောင်းသားတွေရော စိတ်ဖိစီးကြတာပဲ။အထူးသဖြင့် ICT နဲ့ Computer Science က စာမျာ...
20/07/2026

IGCSE စာမေးပွဲနီးလာတဲ့ အချိန်ဆို မိဘတွေရော၊ ကျောင်းသားတွေရော စိတ်ဖိစီးကြတာပဲ။

အထူးသဖြင့် ICT နဲ့ Computer Science က စာများတယ်။
Past Paper တွေလည်း လုပ်ရမှာ အများကြီး။
Marking Scheme ကလည်း ကိုယ်ထင်သလို ရေးလို့မရ။

ကျောင်းသားတချို့ဆို Theory ကောင်းတယ်။

ဒါပေမဲ့ Exam မှာ ဘာလို့ Mark မရတာလဲ မသိဘူး။

တချို့ကျတော့ Practical လုပ်တတ်တယ်။

ဒါပေမဲ့ Question နည်းနည်းပြောင်းလိုက်တာနဲ့ ဘယ်ကစလုပ်ရမှန်း မသိတော့ဘူး။

Programming ရောက်တော့လည်း Python ကို အလွတ်ကျက်နေကြတာ တွေ့ရတယ်။

တကယ်တော့ Exam မှာ လိုတာက Syntax ထက် Logic ပိုများတယ်။

နှစ်တိုင်း Revision သင်ပေးရင်း သတိထားမိတာ တစ်ခုရှိတယ်။

A နဲ့ A* ရတဲ့ ကျောင်းသားတွေက တခြားသူတွေထက် ဉာဏ်ပိုကောင်းလို့ မဟုတ်ဘူး။

သူတို့က Examiner ဘာလိုချင်လဲဆိုတာ နားလည်သွားလို့။

Past Paper လုံလုံလောက်လောက် လုပ်ထားလို့။

Marking Scheme ကို ဖတ်တတ်သွားလို့။

အဲဒီအတွက် TechAge မှ IGCSE Intensive Revision & Exam Preparation Class ကို ဖွင့်ထားပါတယ်။

✔️ CIE ICT (0417)

✔️ CIE Computer Science (0478)

✔️ Edexcel ICT (4IT0)

✔️ Edexcel Computer Science (4CP0)

သင်တန်းမှာတော့ Topic တစ်ခုချင်းစီကို Revision ပြန်ပေးတဲ့အပြင်—

• Past Paper Practice
• Marking Scheme Analysis
• ICT Practical
• Python / Algorithm / Pseudocode
• Exam Writing Techniques

တွေကို Exam အမှတ်တက်အောင် ဦးစားပေး သင်ပေးသွားမှာပါ။

Group Class ဖြစ်လို့ မသိတာကို အားမနာဘဲ မေးနိုင်ပါတယ်။

One-on-One class များလည်း စုံစမ်းနိုင်ပါတယ်။

Exam က နီးလာပြီ။

Revision ကို ကိုယ့်ဘာသာကိုယ် လုပ်ရင်း လမ်းပျောက်နေတယ်ဆိုရင် အတူတူ ပြင်ဆင်ကြရအောင်။

အသေးစိတ် သိချင်ရင် Page ကို Message ပို့ထားနိုင်ပါတယ်။

11/07/2026

🎓 နိုင်ငံခြားမှာ IT / Computer Science ဘာသာရပ်ကို Bachelor’s Degree တက်မယ်ဆိုရင် တစ်နှစ်စာ ကျောင်းလခက ဘယ်လောက်ကုန်နိုင်မလဲ?

ဒီ Video မှာ နိုင်ငံအလိုက် ခန့်မှန်းခြေ Tuition Fees (တစ်နှစ်စာ) ကို နှိုင်းယှဉ်ပြထားပါတယ်။

📌 မှတ်ချက် - ဖော်ပြထားသော ကုန်ကျစရိတ်များသည် International Students အတွက် ခန့်မှန်းခြေ ကျောင်းလခ (Tuition Fee) သာဖြစ်ပြီး နေထိုင်စရိတ်နှင့် အခြားအသုံးစရိတ်များ မပါဝင်ပါ။ University နှင့် Program အလိုက် ကွာခြားနိုင်ပါသည်။

Address

Mandalay

Alerts

Be the first to know and let us send you an email when TechAge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TechAge:

Shortcuts

Share