DPRUI Myanmar

DPRUI Myanmar Quality Creates A Better Life The company believes that "quality creates a better life". Create a variety of personality novel, stable and reliable products.

Company Profile
******************

Shenzhen Dprui Technology Co., Ltd

Founded in 2014, "dprui", a well-known 3C consumer electronics brand. Products include mobile phone headphone, Bluetooth headset, USB data cable, charger, car charger, wireless charger, power bank, etc. Let more user enjoy the fun of new technology. The company has a high-quality R&D team and production. Relying on its technic

al strength and stable quality, it is exported to Europe, America, Southeast Asia and other countries and regions.

Put your hands up ဆိုတာကမှ မထောင်ဘဲနေနိုင်သေးတယ် ဒါမျိုးကျ လက်မထောင်ဘဲနေလို့ကိုမရဘူး 😭
29/09/2023

Put your hands up ဆိုတာကမှ
မထောင်ဘဲနေနိုင်သေးတယ်

ဒါမျိုးကျ လက်မထောင်ဘဲနေလို့ကိုမရဘူး 😭

ဗုဒ္ဓဘုရားရှင်ဟောကြားတော်မူခဲ့သော ဂရုဓမ္မဇာတ်တော်ပေါ်ပေါက်လာခဲ့ရာ တော်သလင်းလပြည့်နေ့ဟာ ဂရုဓမ္မအခါတော်နေ့အဖြစ်ထင်ရှားပြီး...
29/09/2023

ဗုဒ္ဓဘုရားရှင်ဟောကြားတော်မူခဲ့သော ဂရုဓမ္မဇာတ်တော်ပေါ်ပေါက်လာခဲ့ရာ တော်သလင်းလပြည့်နေ့ဟာ
ဂရုဓမ္မအခါတော်နေ့အဖြစ်ထင်ရှားပြီး ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးခြားတဲ့နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ပါတယ်။

ရှေးတုန်းကတည်းက ကုရုဓမ္မခေါ်တဲ့ငါးပါးသီလကို
ရှင်ဘုရင်ကစပြီး တစ်တိုင်းပြည်လုံးမြဲကြတဲ့အခါမှာ ရာသီဥတုမှန်ကန်ညီညွတ်မျှတပြီး ကပ်ကြီးသုံးပါးလွတ်ကင်းနိုင်တာကြောင့် တော်သလင်းလပြည့်နေ့မှာ
လူတိုင်းကိုယ်စီငါးပါးသီလမြဲအောင်စောင့်ထိန်းကြပါသတဲ့။

ယနေ့29.9.2023 မှာကျရောက်သော
တော်သလင်းလပြည့်နေ့အခါသမယတွင်လည်း
ငါးပါးသီလစောင့်ထိန်းရင်း လောကီ လောကုတ္တရာ
ကုသိုလ်များ ပွားများနိုင်ကြပါစေကြောင်း
Dprui Myanmar မှ နိဗ္ဗာန်အကျိုးမျှော်၍
နိူးဆော်လိုက်ရပါတယ်ခင်ဗျာ။
#တော်သလင်းလပြည့်နေ့
#ဂရုဓမ္မအခါတော်နေ့

ကြိုးတွေရှုပ်နေလို့ နားထောင်ရတာထက် ကြိုးဖြေနေရတဲ့အချိန်က ပိုများတဲ့နားကြပ်တွေ၊အသံကြည်ကြည်လင်လင်မကြားရတဲ့ အရည်အသွေးမကောင်...
27/09/2023

ကြိုးတွေရှုပ်နေလို့ နားထောင်ရတာထက် ကြိုးဖြေနေရတဲ့အချိန်က ပိုများတဲ့နားကြပ်တွေ၊

အသံကြည်ကြည်လင်လင်မကြားရတဲ့ အရည်အသွေးမကောင်းတဲ့ နားကြပ်တွေ၊

စျေးကြီးပေးဝယ်ရပြီး ကြာရှည်အသုံးမခံတဲ့ နားကြပ်တွေကို 2023 မှာ ထားခဲ့လိုက်ပါတော့။ 🥱

😎 ခေတ်မီပြီး အထာကျတဲ့ဒီဇိုင်း၊
ရှုပ်ထွေးနေတဲ့ကြိုးတွေကို ဖြည်စရာမလိုဘဲ အကောင်းဆုံးနဲ့
အကြည်လင်ဆုံး အသံကွာလတီတွေကို ပေးစွမ်းနိုင်မယ့်
Dprui DR12 Bluetooth Earphones လေးကို
ပြောင်းသုံးလိုက်ပါ။

Dprui DR12 ရဲ့ Bluetooth version 5.0 နဲ့
ချိတ်ဆက်မှုအားကောင်းကောင်း၊ တစ်နာရီအားသွင်းပြီး
လေးနာရီဆက်တိုက် သံစဥ်တွေကြား ကခုန်ပြီး 🎶
၆ နာရီကြာထိ ချစ်ခင်ရသူတွေနဲ့ ဆက်သွယ်နိုင်တဲ့အပြင် 📞

လုံးလုံးဝိုင်းဝိုင်းနဲ့ ချစ်စရာ charging case လေးမှာကလည်း stand by time 200 hours ကရှိနေပေးဦးမှာဆိုတော့ တစ်ခါအားအပြည့်သွင်းထားရုံနဲ့ နားကြပ်လေးတွေကို ခဏခဏပြန်အားဖြည့်ပေးလို့ရတော့ Dprui DR12 လေးက တစ်နေ့တာလုံးမမောမပန်းဘဲ အဖော်ပြုပေးနိုင်တာပေါ့။ 🎧

အေးအေးဆေးဆေး chill တဲ့အချိန်တွေကနေ
ပြေးလွှားလှုပ်ရှားနေရမယ့် Gym time, workout time တွေအထိ နားလေးပေါ်မှာ နူးညံ့တဲ့အထိအတွေ့နဲ့ မြဲမြံစွာ နေရာယူရင်း သံစဥ်တွေနဲ့ အဖော်ပြုပေးမှာ Dprui DR12 လေးပါ။

ခေတ်မှီဆန်းသစ်သော နည်းပညာများဖြင့် တီထွင်ဖန်တီးထုတ်လုပ်ထားသော dprui Mobile Phone Accessories ပစ္စည်းများကို မြန်မာတစ်နိုင်ငံလုံးသို့ Dprui Myanmar မှ ဖြန့်ဖြူးရောင်းချပေးနေပြီဖြစ်ကြောင်း
သတင်းကောင်းပါးပါရစေ။

တစ်ဆင့် ပြန်လည်ရောင်းချလိုသော ကိုယ်စားလှယ်တော်ကြီးများ အနေဖြင့် စုံစမ်းမေးမြန်းလိုပါက Page Messenger မှဖြစ်စေ ဖုန်းနံပါတ်
09-407217230
09-960014408
09-891735898
09-422787019
သို့ မနက် 9:00 မှ ညနေ 5:00 အတွင်း စုံစမ်း ဆက်သွယ် ဝယ်ယူ နိုင်ပါတယ် ခင်ဗျာ။





အားကုန်လွယ်တဲ့ ဖုန်းလေးကြောင့် စိတ်ညစ်စရာမလိုတဲ့အဖြေ Dprui Q20 လေးနဲ့မှ ရှာတွေ့ခဲ့ပြီလေ။⏳ကြိုက်သလို ကွေးဆန့်နိုင်ပြီး ပေ...
25/09/2023

အားကုန်လွယ်တဲ့ ဖုန်းလေးကြောင့် စိတ်ညစ်စရာမလိုတဲ့အဖြေ Dprui Q20 လေးနဲ့မှ ရှာတွေ့ခဲ့ပြီလေ။

⏳ကြိုက်သလို ကွေးဆန့်နိုင်ပြီး ပေါက်ပြဲ၊
ကွဲထွက်တာတွေမရှိဘဲ ကြာရှည်ခံတယ်။
⚡️5A/ 22.5 W Output နဲ့ devices တွေကို
မြန်မြန်ဆန်ဆန်အားဖြည့်မယ်။
🔥Fire-proof material နဲ့ ပြုလုပ်ထားလို့ မီးနဲ့မြင့်မားတဲ့အပူချိန်တွေကို ခံနိုင်ရည်ရှိတော့ စိတ်ချလက်ချ
သုံးလို့ရတယ်။

🔋မိနစ် ၃၀ အတွင်း 50% အားဖြည့်ပေးမယ့်
ကျစ်လစ်ပေါ့ပါးတဲ့ Dprui DB10 လေးနဲ့သာဆို
ဘယ်သွားသွားအပါခေါ်သွားလို့ရတော့ ဖုန်းအားမရှိမှာ
စိုးရိမ်စရာမလိုတော့ပါဘူး။

ကိုယ့်ရဲ့ Andriod ဖုန်းလေးအတွက် အကောင်းဆုံး
charger ကိုရှာနေတယ်ဆိုရင်တော့ အားသွင်းမြန်မြန် ကြာရှည်ခံတဲ့ Dprui Q20 micro charger set ကိုသာရွေးချယ်လိုက်ပါ။

ခေတ်မှီဆန်းသစ်သော နည်းပညာများဖြင့် တီထွင်ဖန်တီးထုတ်လုပ်ထားသော dprui Mobile Phone Accessories ပစ္စည်းများကို မြန်မာတစ်နိုင်ငံလုံးသို့ Dprui Myanmar မှ
ဖြန့်ဖြူးရောင်းချပေးနေပြီဖြစ်ကြောင်း
သတင်းကောင်းပါးပါရစေ။

တစ်ဆင့် ပြန်လည်ရောင်းချလိုသော ကိုယ်စားလှယ်တော်ကြီးများ အနေဖြင့် စုံစမ်းမေးမြန်းလိုပါက Page Messenger မှဖြစ်စေ ဖုန်းနံပါတ်
09-407217230
09-960014408
09-891735898
09-422787019
သို့ မနက် 9:00 မှ ညနေ 5:00 အတွင်း စုံစမ်း ဆက်သွယ် ဝယ်ယူ နိုင်ပါတယ် ခင်ဗျာ။




အရှေ့ကလာတဲ့ ရန်သူကိုလည်းမြင်တယ်..အနောက်ကလာတဲ့ ရန်သူ့ခြေသံကိုလည်း ကြားတယ်...အရပ်ရှစ်မျက်နှာ ဘယ်ကလာလာ ရန်သူ့ခြေသံတွေကို မလ...
24/09/2023

အရှေ့ကလာတဲ့ ရန်သူကိုလည်းမြင်တယ်..
အနောက်ကလာတဲ့ ရန်သူ့ခြေသံကိုလည်း ကြားတယ်...

အရပ်ရှစ်မျက်နှာ ဘယ်ကလာလာ ရန်သူ့ခြေသံတွေကို မလွတ်တမ်းကြားနေရတော့ ဂိမ်းထဲနိုင်ပွဲတွေဆက်ပြီး ဆရာကြီး ဖြစ်နေတာပေါ့။😎

နိုင်ပွဲတွေဆက်နေတာရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်လေးကတော့ စကေးနဲ့ လက်သွက်မှုတွေအပြင် Dprui G2 gaming earphones လေးသုံးနေတာပါဘဲတဲ့။

🔊ပြင်ပကဆူညံသံတွေကို ဖယ်ရှားပေးပြီး ဂိမ်းထဲက အသံသေးသေးလေးတွေကိုတောင် မလွတ်တမ်းကြားရစေမယ့် HD sound quality၊
🎙teammate တွေနဲ့ အချိတ်ဆက်မိမိ ဆော့နိုင်စေဖို့ HD microphone
👍ဂိမ်းဆော့ရင် လက်ကို အနှောင့်အယှက်မဖြစ်စေတဲ့ L-shaped design နဲ့
Dprui G2 gaming earphones လေးနဲ့သာဆို ဆက်တိုက် နိုင်ပွဲတွေဆက်နေပြီပေါ့။

ခေတ်မှီဆန်းသစ်သော နည်းပညာများဖြင့် တီထွင်ဖန်တီးထုတ်လုပ်ထားသော Dprui Mobile Phone Accessories ပစ္စည်းများကို မြန်မာတစ်နိုင်ငံလုံးသို့ Dprui Myanmar မှ မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ် Exclusive Distributor အဖြစ် Official တင်သွင်းပြီး ဖြန့်ချိရောင်းချပေးနေပြီဖြစ်ကြောင်း သတင်းကောင်း ပါးပါရစေ...

တစ်ဆင့် ပြန်လည်ရောင်းချလိုသော ကိုယ်စားလှယ်တော်ကြီးများ အနေဖြင့် စုံစမ်းမေးမြန်းလိုပါက Page Messenger မှဖြစ်စေ ဖုန်းနံပါတ်
09-407217230
09-960014408
09-891735898
09-422787019
သို့ မနက် 9:00 မှ ညနေ 5:00 အတွင်း စုံစမ်း ဆက်သွယ် ဝယ်ယူ နိုင်ပါတယ် ခင်ဗျာ။




ဖုန်းကိုင်တဲ့သူတိုင်း သိထားသင့်တဲ့အချက်တွေထဲမှာဖုန်း battery တွေကို စွမ်းဆောင်ရည်လျော့မသွားဘဲ ကြာရှည်ခံအောင် ဘယ်လိုထိန်း...
21/09/2023

ဖုန်းကိုင်တဲ့သူတိုင်း သိထားသင့်တဲ့အချက်တွေထဲမှာ
ဖုန်း battery တွေကို စွမ်းဆောင်ရည်လျော့မသွားဘဲ ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာလည်း ပါပါတယ်။

ဝယ်လာတုန်းကအတိုင်း ဖုန်းဘက်ထရီတွေ
စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ကြာရှည်ခံဖို့ဆိုရင်
ဒီအချက်တွေကို သိထားဖို့ လိုပါတယ်။

🔶ဖုန်းအားလုံးဝကုန်သွားမှ အားသွင်းတာမျိုး၊ အား100% ပြည့်ပြီးသွားလည်း ဆက်သွင်းထားတာမျိုးနဲ့ တစ်ညလုံး ဖုန်းအားသွင်းထားတာမျိုးတွေက ဖုန်းရဲ့ဘက်ထရီသက်တမ်းကို ထိခိုက်စေပါတယ်။

🔶ဖုန်းကို အားသွင်းရင်းသုံးတာ၊ လုပ်ဆောင်ချက်တွေများပြီး အပူလွန်တာတွေဖြစ်လာတာကလည်း battery ကိုထိခိုက်စေတဲ့အတွက် ဂရုပြုသင့်ပါတယ်။

🔶အားဝင်မြန်တဲ့ fast-charging ကြိုးတွေက အချိန်ကုန်သက်သာလို့ ကောင်းပေမယ့် လိုအပ်မှသာ သုံးပေးသင့်ပါတယ်။ ပုံမှန်အားဝင်နှုန်းလေးတွေနဲ့
အားသွင်းပေးတာက ဖုန်း battery အတွက်အကောင်းဆုံးပါပဲ။

🔶Power-saving mode ကိုဖွင့်ထားပေးခြင်းအားဖြင့် အားကုန်သက်သာစေပြီး အားခဏခဏသွင်းစရာမလိုတော့တဲ့အတွက် ဖုန်း battery တွေကို ပိုပြီး ကြာရှည်ခံစေပါတယ်။

🔶ဖုန်းရဲ့ battery health ကိုအမြဲစစ်ဆေးပေးပြီး
မလိုအပ်ဘဲဖွင့်ထားမိတဲ့ appတွေကို ပိတ်တာ၊
ပိတ်လိုက်ပေမယ့် background မှာ ဆက်အလုပ်လုပ်နေသေးတဲ့ app တွေကို setting ထဲကနေတစ်ဆင့်
ပြန်စစ်ဆေးတာမျိုး လုပ်ပေးခြင်းအားဖြင့်လည်း battery ကိုအသုံးချမှုတွေလျော့နည်းသွားတဲ့အတွက် သက်တမ်းပိုကြာရှည်ခံပါလိမ့်မယ်ခင်ဗျာ။




🎶 အကောင်းဆုံးဆိုတဲ့ သံစဥ်တွေနဲ့ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ သံစဥ်တွေကို နားဆင်ဖို့ နားကြပ်ကောင်းကောင်းမရှိတဲ့ဘဝကလည်း အရမ်...
19/09/2023

🎶 အကောင်းဆုံးဆိုတဲ့ သံစဥ်တွေနဲ့ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ သံစဥ်တွေကို နားဆင်ဖို့ နားကြပ်ကောင်းကောင်းမရှိတဲ့ဘဝကလည်း အရမ်းခက်ခဲမှာဘဲနော်။

လာပါ ရင်ခုန်စေမယ့် သူမရဲ့အသံချိုချိုလေးကိုရော သဘောကျရတဲ့ သီချင်းလေးတွေကိုရော Dprui MX-810 earphones လေးနဲ့ အကောင်းဆုံး ခံစားလိုက်။ 🎧

ကြည်လင်တဲ့အသံနှုန်း၊ နူးညံ့တဲ့အထိအတွေ့တွေနဲ့ MX-810 လေးက လေလှိုင်းထဲက ရင်ခုန်သံတွေကို တစ်ဆင့်ယူဆောင်လာပေးမယ့် ကြားခံပစ္စည်းလေးပေါ့။

✅စျေးကြီးပေးဝယ်ထားရတဲ့ ကိုယ့်ရဲ့ မော်ဒယ်မြင့် ပန်းသီးဖုန်းလေးအတွက်လည်း ဒီလို အရည်အသွေးကောင်းကောင်း၊ ဒီဇိုင်းလှလှနဲ့ အကြာကြီးတပ်လည်း နားမနာတဲ့ Dprui MX-810 နားကြပ်လေးက အသင့်တော်ဆုံးဘဲနော်။

🎶Original မဟုတ်ပေမယ့် Original နားကြပ်တွေလို အမိုက်စား quality နဲ့ Dprui MX-810 နားကြပ်လေးကိုသုံးပြီး ရင်ခုန်စေမယ့် သူမရဲ့အသံချိုချိုလေးတင်မက သံစဥ်တွေကိုပါ အကောင်းဆုံး စီးမျောခံစားလိုက်ပါ။

ခေတ်မှီဆန်းသစ်သော နည်းပညာများဖြင့် တီထွင်ဖန်တီးထုတ်လုပ်ထားသော Dprui Mobile Phone Accessories ပစ္စည်းများကို မြန်မာတစ်နိုင်ငံလုံးသို့ Dprui Myanmar မှ မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ် Exclusive Distributor အဖြစ် Official တင်သွင်းပြီး ဖြန့်ချိရောင်းချပေးနေပြီဖြစ်ကြောင်း သတင်းကောင်း ပါးပါရစေ...

တစ်ဆင့် ပြန်လည်ရောင်းချလိုသော ကိုယ်စားလှယ်တော်ကြီးများ အနေဖြင့် စုံစမ်းမေးမြန်းလိုပါက Page Messenger မှဖြစ်စေ ဖုန်းနံပါတ်
09-407217230
09-960014408
09-891735898
09-422787019
သို့ မနက် 9:00 မှ ညနေ 5:00 အတွင်း စုံစမ်း ဆက်သွယ် ဝယ်ယူ နိုင်ပါတယ် ခင်ဗျာ။





Dprui နဲ့မှ အားပြည့်မှာမလို့ အိမ်ကလူတွေဆီတောင် အပါမခံနိုင်ဘူး 😞
17/09/2023

Dprui နဲ့မှ အားပြည့်မှာမလို့ အိမ်ကလူတွေဆီတောင်
အပါမခံနိုင်ဘူး 😞




Gym time, workout time တွေမှာစိတ်ခွန်အားတွေကို အဆုံးထိမြှင့်တင်ပေးမယ့် အဖော်မွန်ကောင်းကိုရှာနေလား? 🤔ဒါဆိုရင်တော့ Dprui D...
15/09/2023

Gym time, workout time တွေမှာ
စိတ်ခွန်အားတွေကို အဆုံးထိမြှင့်တင်ပေးမယ့်
အဖော်မွန်ကောင်းကိုရှာနေလား? 🤔

ဒါဆိုရင်တော့ Dprui DB10 လေးက သင့်အတွက်ပါပဲ။

နူးညံ့တဲ့အထိအတွေ့နဲ့ ပုခုံးထက်မှာ မြဲမြံစွာ နေရာယူထားပေးမယ့် DB10 လေးနဲ့သာဆို ဘယ်လောက်ဘဲ လှုပ်ရှားရှား ပြုတ်ကျမှာလည်းစိုးရိမ်စရာမလိုတော့ပါဘူး။

🎼 အမိုက်စား Bassသံ၊ 4D Stereo Sound
စနစ်တွေပါဝင်တဲ့ DB10 နဲ့ Workout time, Gym time တွေမှာလည်း သံစဥ်တွေကို အကောင်းဆုံးခံစားမယ်။

အရှိန်ရနေတုန်း ဖုန်းလာရင်လည်း တကူးတက ရပ်ပြီး
ပြောနေစရာမလိုတော့ဘူးလေ။

ဆွဲအားပြင်းတဲ့ Magnetic neckband, Bluetooth version 4.2 နဲ့ ချိတ်ဆက်မှုအားကောင်းကောင်း 10 နာရီကြာထိ သံစဥ်တွေနဲ့ အဖော်ပြုပေးမယ့် Dprui DB10 လေးကို ကိုယ့်ရဲ့ပုခုံးပေါ်မှာ အထာကျကျ နေရာချလိုက်ပါ။

ခေတ်မှီဆန်းသစ်သော နည်းပညာများဖြင့် တီထွင်ဖန်တီးထုတ်လုပ်ထားသော Dprui Mobile Phone Accessories ပစ္စည်းများကို မြန်မာတစ်နိုင်ငံလုံးသို့ Dprui Myanmar မှ မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ် Exclusive Distributor အဖြစ် Official တင်သွင်းပြီး ဖြန့်ချိရောင်းချပေးနေပြီဖြစ်ကြောင်း သတင်းကောင်း ပါးပါရစေ...

တစ်ဆင့် ပြန်လည်ရောင်းချလိုသော ကိုယ်စားလှယ်တော်ကြီးများ အနေဖြင့် စုံစမ်းမေးမြန်းလိုပါက Page Messenger မှဖြစ်စေ ဖုန်းနံပါတ်
09-407217230
09-960014408
09-891735898
09-422787019
သို့ မနက် 9:00 မှ ညနေ 5:00 အတွင်း စုံစမ်း ဆက်သွယ် ဝယ်ယူ နိုင်ပါတယ် ခင်ဗျာ။




အရင်ကမီးပျက်တိုင်း ဖုန်းအားမရှိလို့ စိတ်ညစ်နေရတဲ့ကျွန်တော် သူနဲ့တွေ့ပြီးနောက်ပိုင်းတော့ တစ်နေကုန်ဖုန်းအားအပြည့်နဲ့ ပြုံး...
13/09/2023

အရင်ကမီးပျက်တိုင်း ဖုန်းအားမရှိလို့ စိတ်ညစ်နေရတဲ့ကျွန်တော် သူနဲ့တွေ့ပြီးနောက်ပိုင်းတော့ တစ်နေကုန်
ဖုန်းအားအပြည့်နဲ့ ပြုံးပျော်နေနိုင်ပြီလေ။

ဘယ်သူနဲ့တွေ့ထားလို့လဲဆိုရင်တော့ Dprui Q15 Adapter လေးပေါ့။

🔋Q15 လေးသုံးပြီးတဲ့နောက်ပိုင်းမှာတော့ ခနလောက်အားသွင်းထားရုံနဲ့ ဖုန်းအားကအပြည့်မြန်နေလို့
ဘယ်အချိန်နေနေ ဖုန်းအားမရှိမှာကို မကြောက်တော့ဘူးလေ။

ဖုန်းအားလည်းသွင်းချင် ဖုန်းကိုလည်းလက်ကမချနိုင်နဲ့ အန္တရာယ်များတဲ့ အားသွင်းရင်း ဖုန်းသုံးတာကိုလည်း Q15 လေးကျေးဇူးနဲ့ စွန့်လွှတ်နိုင်ခဲ့ပါပြီ။

⚡️QC5.0... 5A output နဲ့ 22W အထိထောက်ပံ့ပေးနိုင်တဲ့ မြန်တာတောင်မှ ရိုးရိုးမမြန်ဘဲ ရှယ်မြန်တဲ့ Super Quick Charger Q15 နဲ့သာဆို ဖုန်းအားမရှိလို့ စိတ်ညစ်ရတဲ့နေ့တွေရဲ့ အဝေးဆုံးမှာ နေထိုင်နိုင်ပြီလေ။

တစ်ဆင့် ပြန်လည်ရောင်းချလိုသော ကိုယ်စားလှယ်တော်ကြီးများ အနေဖြင့် စုံစမ်းမေးမြန်းလိုပါက Page Messenger မှဖြစ်စေ ဖုန်းနံပါတ်
09-407217230
09-960014408
09-891735898
09-422787019
သို့ မနက် 9:00 မှ ညနေ 5:00 အတွင်း စုံစမ်း ဆက်သွယ် ဝယ်ယူ နိုင်ပါတယ် ခင်ဗျာ။





ဆယ်ပေါင်လေးတဲ့ Headphones ကြီးကို ခေါင်းမှာတပ်ထားရရင် သီချင်းတစ်ပုဒ်တောင် ဆုံးအောင် နားထောင်နိုင်မယ်မထင်ဘူးနော်...ဆယ်ပေါ...
11/09/2023

ဆယ်ပေါင်လေးတဲ့ Headphones ကြီးကို
ခေါင်းမှာတပ်ထားရရင် သီချင်းတစ်ပုဒ်တောင်
ဆုံးအောင် နားထောင်နိုင်မယ်မထင်ဘူးနော်...

ဆယ်ပေါင်လေးတဲ့ Headphones မှမရှိတာဆိုရင်
ဒီပုံလေးကိုကြည့်ကြည့်ပါခင်ဗျာ...။

ဒီခေတ်မှာတော့ ဆယ်ပေါင်လေးတဲ့ Headphones
မရှိတော့ပေမဲ့ 1880 ခုနှစ်မှာ ပထမဆုံးတီထွင်ခဲ့တဲ့ Headphones ကြီးဟာ အလေးချိန် (၁၀)ပေါင်ကျော်ရှိပြီး Earcup တစ်ဖက်ကို နားတစ်ဖက်မှာတပ်ဆင်ရတဲ့အပြင် အင်မတန်ကြီးမားတဲ့ Microphones ကြီးကိုလည်း
ပခုံးမှာတပ်ဆင်ထားရပါသေးတယ်။

ဒီလိုကြီးမားလေးလံတဲ့ Headphones ဟာ အသုံးပြုဖို့အဆင်မပြေနိုင်တာကြောင့် ပိုမိုပေါ့ပါးတဲ့ပုံစံကို
ပြောင်းလဲတီထွင်ဖို့ကိုသာ မျှော်လင့်ခဲ့ကြပြီး
1910 ခုနှစ်မှာတော့ အမေရိကန်လူမျိုး အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Nathaniel Baldwin က ပထမဆုံး Modern Headphones ကို တီထွင်နိုင်ခဲ့ပါတယ်။

ယနေ့ခေတ်မှာ အသုံးပြုနေတဲ့ Headphones ပုံသဏ္ဍာန်ဟာ Nathaniel Baldwin တီထွင်ခဲ့တဲ့ Earcup (2)ခုနဲ့ Audio Headphones ပုံစံကနေ ဆင်းသက်လာတာဖြစ်ပြီး သူဟာ ပထမဆုံး Headphones တီထွင်သူအဖြစ်လည်း ထင်ရှားခဲ့ပါတယ်။




Micro လား? type-C လား? Lightning လား? သုံးချင်တာနဲ့ ကြိုက်သလိုသုံးလို့ရတဲ့ Dprui B19 3in1 cableCharging port မတူတဲ့ ဖုန်...
10/09/2023

Micro လား? type-C လား? Lightning လား?
သုံးချင်တာနဲ့ ကြိုက်သလိုသုံးလို့ရတဲ့ Dprui B19 3in1 cable

Charging port မတူတဲ့ ဖုန်းတွေ၊ power bank တွေဝယ်ထားမိရင် မီးလာတုန်းခဏမှာ အားသွင်းအလှည့်ကျဖို့စောင့်နေရတော့ အကုန်အားပြည့်ဖို့ဆိုတာလည်း Challenge တစ်ခုလိုပါပဲ။

🔋 Dprui B19 3in1 cable နဲ့သာဆို တစ်ခုအားသွင်းနေတုန်းတစ်ခုအလှည့်ကျဖို့စောင့်နေရတာတွေ၊ မတူညီတဲ့ Devices တွေအတွက် ကြိုးတွေအများကြီးနဲ့ ရှုပ်ယှက်ခတ်နေတာတွေမရှိတော့ဘဲ အဆင်ပြေသွားပြီပေါ့။

🚀 Micro/ type-C / lightning ခေါင်းသုံးခုလုံးပါတဲ့အတွက် တစ်ခါတည်းနဲ့ မတူညီတဲ့ Devices သုံးမျိုးကို အားပြိုင်သွင်းလို့ရတဲ့အပြင် 5A အမြန်နှုန်းနဲ့ဆိုတော့ အားဝင်နှေးမှာလည်း စိုးရိမ်စရာမလိုတော့ပါဘူး။

🔋 သုံးခုအားပြိုင်သွင်းလို့စိတ်ချရပါ့မလားတွေးနေရင်တော့ မပူပါနဲ့။ safe charging စနစ်ပါဝင်လို့ လျှပ်စစ်အန္တရာယ်ကင်းဝေးပြီး စိတ်ချလက်ချသုံးစွဲနိုင်ပါတယ်။

⏳ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ချွေတာပြီး ဖုန်းတွေအမြန်ဆုံးအားပြည့်နိုင်ဖို့ရာ ရွေးချယ်သင့်တာ Dprui B19 3in1 cable ပါ။

ခေတ်မှီဆန်းသစ်သော နည်းပညာများဖြင့် တီထွင်ဖန်တီးထုတ်လုပ်ထားသော Dprui Mobile Phone Accessories ပစ္စည်းများကို မြန်မာတစ်နိုင်ငံလုံးသို့ Dprui Myanmar မှ မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ် Exclusive Distributor အဖြစ် Official တင်သွင်းပြီး ဖြန့်ချိရောင်းချပေးနေပြီဖြစ်ကြောင်း သတင်းကောင်း ပါးပါရစေ...

တစ်ဆင့် ပြန်လည်ရောင်းချလိုသော ကိုယ်စားလှယ်တော်ကြီးများ အနေဖြင့် စုံစမ်းမေးမြန်းလိုပါက Page Messenger မှဖြစ်စေ ဖုန်းနံပါတ်
09-407217230
09-960014408
09-891735898
09-422787019
သို့ မနက် 9:00 မှ ညနေ 5:00 အတွင်း စုံစမ်း ဆက်သွယ် ဝယ်ယူ နိုင်ပါတယ် ခင်ဗျာ။




Address

Room No. C1 , 24Street Between 84Street & 86Street Aungmyaytharzan Township Mandalay
Mandalay
05011

Telephone

+959428088899

Website

Alerts

Be the first to know and let us send you an email when DPRUI Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DPRUI Myanmar:

Share