Web Myanmar

Web Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Web Myanmar, Web designer, 15 th Street, Mandalay.

11/11/2021

Websiteတစ်ခုရဖို့ Programmingတတ်စရာလိုလား?

ဒီမေးခွန်းကို ဖြေရမှာကတော့ နည်းနည်းတော့ အန္တရာယ်များသလို ခံစားရပါတယ်။ တကယ်တော့ နွားနို့သောက်ချင်ယုံနဲ့ နွားမွေးစရာ မလိုပါဘူး။ ဒီလိုပါပဲ Websiteရချင်ယုံနဲ့ Programmingကို လေ့လာစရာမလိုပါဘူး။ Web Developmentကို စိတ်ဝင်စားတယ်ဆိုရင်တော့ Programmingကို မဖြစ်မနေ လေ့လာရပါမယ်။ ဒါဆို ဘယ်လိုလုပ်မလဲ? မိမိကိုယ်တိုင် Websiteကို စိတ်ကြိုက်တည်ဆောက်မယ်။ ကြိုက်သလို Customizeလုပ်မယ်။ Companyအတွက် Websiteတည်‌ဆောက်မယ်။ E-commerceအတွက် Shopping Websiteလေး တည်ဆောက်မယ်။ တင်ချင်တာ တင်ဖို့ Blogတစ်ခု တည်ဆောက်မယ်။ ဒါမျိုးတွေကို မိမိကိုယ်တိုင်တည်ဆောက်ဖို့ Programming Languageတွေ လေ့လာစရာမလိုပါဘူး။ CMSတွေ Frameworkတွေနဲ့ တည်ဆောက်လို့ ရပါတယ်။ အဲဒါတွေကို အသုံးပြုပြီး Websiteတစ်ခုတည်ဆောက်ဖို့ codeရေးတတ်စရာမလိုပါဘူး။ သဘောအကျဆုံးကတော့ WordPress CMS ပါပဲ။ WordPressက သုံးရလွယ်တယ်။ အသုံးများတယ်။ Stableဖြစ်တယ်။ WordPressပေါ်မှာ runနေတဲ့ websiteတွေကလည်း များပြားပါတယ်။ကိုယ်တိုင်တည်ဆောက်ရင် အကုန်အကျ သက်သာတယ်။ Web Developmentလုပ်မယ့်သူတွေအနေနဲ့လည်း WordPressကို လေ့လာသင့်ပါတယ်။ ဒီတော့ ကျွန်တော်ကWordPressနဲ့ Websiteတည်ဆောက်ပြမယ်။ လေ့လာချင်သူတွေက နောက်က လိုက်လုပ်ကြည့်ပေါ့။ Hostingနဲ့ Domainဝယ်စရာမလိုဘူး။ Freeတွေလည်း စိတ်အဆင်းရဲခံပြီး သုံးစရာမလိုဘူး။ Localမှာလည်း Offlineသုံးစရာမလိုဘူး။ ကျွန်တော်က သင်တန်းသားတွေကို subdomainတစ်ခုစီပေးပြီး ကျွန်တော့ရဲ့ Hostingမှာ Shareပြီး WordPressကို သုံးခိုင်းမယ်။ လိုချင်တဲ့ Websiteတစ်ခု ရအောင်ထိ သင်ပေးမယ်။ သင်တန်းကြေးကတော့ ထိုက်သင့်သလောက်ရှိမယ်ဗျာ့။ ဒီကာလမို့ အနည်းဆုံးဖြစ်အောင်တော့လုပ်ပေးထားပါတယ်။ ကြာချိန်ကတော့ ၁၀ရက် ဖြစ်ပါမယ်။ သင်တာကတော့ Liveနဲ့သင်ခန်းစာတွေပါသလို Record Videoတွေလည်း လုပ်ပေးပါမယ်။အချိန်ကတော့ ညပိုင်း 8:00pm to 9:00pm ဖြစ်ပါမယ်။ တစ်ခြားသင်တန်းချိန်နဲ့ တိုက်နေသူတွေအတွက် Screen Recordလုပ်‌ပေးထားပါမယ်။ လူဦးရေတော့ ကန့်သတ်ထားပါတယ်။ပထမဆုံး လာအပ်တဲ့သင်တန်းသား5ယောက်ကို 20%discountပေးပါမယ်။ ကျွန်တော့ဆီမှာ လက်ရှိ Basicအတန်းတတ်နေတဲ့ သင်တန်းသားတွေဆို discountထပ်လျော့ပေးပါမယ်။ စာရင်းပေးမယ်ဆို Page Messengerမှာ နာမည် နဲ့ ဖုန်းနံပါတ်‌ပေးပြီး စာရင်းပေးပါ။ သင်ခန်းစာတွေလိုက်လုပ်ရင် Websiteတစ်ခုတည်ဆောက်တတ်ဖို့တော့ အာမခံပါတယ်။

21/10/2021

Web Developerတစ်ယောက် ဘယ်လိုရပ်တည်လဲ?

အခုလောလောဆယ် လမ်းပျောက်နေတဲ့ ညီငယ် ညီမငယ်တွေအတွက်ရည်ရွယ်ပြီး ဒီpostလေးကို ရေးဖြစ်တာပါ။ တချို့လည်း web developerအဖြစ် ဘယ်လိုရပ်တည်လို့ရမလဲဆိုတာ သိချင်နေကြတဲ့သူတွေအတွက်လည်း အဆင်ပြေတာပေါ့။ အောက်ကအချက်တွေက ကိုယ့်နိုင်ငံအနေနဲ့ ရပ်တည်လို့ရတာတွေကို ရေးထားတာဖြစ်ပါတယ်။

1. Working for a Company
ဒီနည်းလမ်းကတော့ ရှင်းပါတယ်။ Companyတစ်ခုမှာ အလုပ်ဝင်မယ် လစာရမယ်။ ကျွန်တော်‌တို့နိုင်ငံမှာ Companyတွေ ထင်သလောက် မပေါများသေးတော့ အခက်အခဲ‌ အနည်းငယ်ရှိနိုင်ပါတယ်။ အများစုကတော့ ဒီလိုနည်းနဲ့ ရပ်တည်နေကြတာ များပါတယ်။ Japanese language ကိုပါလေ့လာပြီး Japan Companyတွေကနေတစ်‌ဆင့် ပြည်ပထွက်နိုင်ရင် အခွင့်အလမ်းကောင်းတွေ အများကြီးရနိုင်ပါတယ်။

2. Freelancing / Consulting
ဒီနည်းကတော့ own businessသဘောမျိုးဖြစ်ပါလိမ့်မယ်။ တစ်ယောက်ထဲရပ်တည်ဖို့ဆို တော်တော် skillကောင်းဖို့လိုပါမယ်။ riskယူရဲဖို့ လိုပါတယ်။အကောင်းဆုံးကတော့ အဖွဲ့အစည်းနဲ့ပူးပေါင်းလုပ်တာက ပိုကောင်းပါတယ်။ Projectအပေါ်မူတည်ပြီး ဝင်ငွေရမှာဖြစ်လို့ လစဉ်ပုံမှန်တော့ တွက်လို့မရပါဘူး။ Projectပြီးရင် ဝင်ငွေရပါမယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့တော့ ပြဿနာ အကြီးကြီးရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဓိကပြဿနာက Projectရှားတာပါ။ နောက်ပိုင်းမှာ Companyတစ်ခုအတွက် Websiteတစ်ခု လိုအပ်လာမယ့်အချိန် ရောက်လာရင်တော့ Projectတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ Englishကောင်းကောင်းရရင်တော့ Upworkလိုမျိုးနေရာတွေမှာ Projectရှာကြည့်နိုင်ပါတယ်။ တချို့လည်း Upworkကနေ ဝင်ငွေရှာပြီး ရပ်တည်နေကြတာပါ။

3. Blogging
ဒါကတော့ Content Creationလုပ်ပြီး ဝင်ငွေရှာတာပေါ့။ Tutorialတွေ Technologyအကြောင်းတွေ Frameworkအကြောင်းတွေ စသည်ဖြင့် contentတွေကို Blogမှာ ပုံမှန်တင်နေရပါမယ်။ ချက်ချင်းကြီးတော့ဝင်ငွေမရနိုင်ပါဘူး။ ကိုယ့်ရဲ့ Blogကို Social Mediaတွေမှာ Promoteလုပ်ရပါမယ်။ နောက်ပိုင်း အောင်မြင်လာရင်တော့ ဝင်ငွေကောင်းကောင်းရနိုင်ပါတယ်။

4. Running a YouTube Channel
YouTubeမှာ Channelတစ်ခုထောင်မယ်။ ပြီးရင် Tutorialတွေ၊ Projectအသေးလေးတွေ၊ Knowledge Sharingလေးတွေ၊ Technologyအကြောင်းတွေ၊ စတဲ့အကြောင်းအရာတွေကို videoတွေ ဖန်တီးပြီး ဝင်ငွေရှာနိုင်ပါတယ်။ Clientမလိုဘူး။ Bossမရှိဘူး။ အေးအေးဆေးဆေး videoဖန်တီးပြီး ငွေရှာယုံပါပဲ။ ချက်ချင်းလက်ငင်း ငွေလိုချင်တယ်ဆိုရင်တော့ YouTube Channelမလုပ်ပါနဲ့။ YouTube Channelတစ်ခု‌ကနေ ဝင်ငွေ‌ကောင်းကောင်း ရဖို့ဆိုတာ အချိန်အများကြီးယူရပြီး ဇွဲရှိဖို့လိုပါတယ်။ ဒီနည်းကိုတော့ ကျွန်တော် အားမပေးပါဘူး။

5. Live Coding & Streaming
စာသင်တာပဲဖြစ်ဖြစ်၊ Projectရေးတာပဲဖြစ်ဖြစ် Liveအနေနဲ့ လုပ်လို့ရပါတယ်။Streaming ထက်စာရင် YouTube Channelက ပိုပြီး လွယ်မယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်က skillကောင်းရင် အလုပ်ဖြစ်ပါလိမ့်မယ်။ Codingပိုင်းကို စိတ်ဝင်စားသူတွေ၊ Web Developmentကို စိတ်ဝင်စားသူတွေ အရမ်းများကြပါတယ်။ အဲဒီကနေတစ်ဆင့် ဝင်ငွေရှာနိုင်ပါတယ်။

6. Creating Courses
ဒါကတော့ Tutorial videoတွေကို Courseတွေလုပ်ပြီး ရောင်းတာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ နယ်ပယ်ပေါင်းစုံက တော်တော်များများလုပ်နေကြပါတယ်။ သင်ကြားရတာ ဝါသနာပါတဲ့သူတွေအတွက် အဆင်ပြေနိုင်ပါတယ်။

7. Digital Product
E-bookရေးပြီး ပြန်ရောင်းတာမျိုး၊ web application‌တွေ ရေးတာမျိုး၊ WordPressအတွက် Themes တွေ Plugin‌တွေ ရေးတာမျိုး၊ Template‌တွေ ရေးတာမျိုး စတဲ့ Digital Productတွေ လုပ်ပြီး ဝင်ငွေရှာလို့ ရနိုင်ပါတယ်။

8. Open Source Web Application
Free open source web applicationတွေ Website‌တွေ ရေးပြီးတော့ User‌တွေအများကြီးရလာရင်လည်း ဝင်ငွေရနိုင်ပါတယ်။ ဒီလိုရပ်တည်နေတဲ့သူတွေကတော့ များပါတယ်။ Website အောင်မြင်လာရင် ဝင်ငွေကောင်းကောင်းရနိုင်ပါတယ်။

အပေါ်ကနည်းလမ်းတွေနဲ့ ရပ်တည်လို့ရပါတယ်။ ကြိုးစားဖို့တော့ လိုပါမယ်။ အခန်းထဲမှာ computerတစ်လုံးနဲ့ အချိန်ဖြုန်းနေတတ်တဲ့ အလေ့အကျင့်ကတော့ ရှိဖို့လိုအပ်ပါတယ်။ အပေါ်ကနည်းလမ်းတွေက အကြံတစ်ခုခုကို ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုမှ စတင်လေ့လာမယ့် ညီငယ် ညီမငယ်တွေအတွက် အဆင်ပြေအောင် Static Website Courseအတွက် pageမှာ တင်ထားပေးပါတယ်။ အချိန်ရရင် join ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

16/10/2021

Static Website အတူတူရေးမယ်။

Web Developmentအတွက် ပထမဆုံး ခြေတစ်လှမ်းဖြစ်တဲ့ Static Website Courseမှာ ဘာတွေ သိရမလဲ။ ဘာတွေရေးရမလဲ။

နံပါတ် (1)
Hosting၊ DNS၊ HTTP၊ Browserနဲ့Domain Nameတွေ ဘယ်လိုချိတ်ဆက်အလုပ်လုပ်တယ်ဆိုတာ သိထားရပါမယ်။ သူတို့တွေအားလုံးပါဝင်တဲ့ internetရဲ့ အလုပ်လုပ်ပုံကို သိထားဖို့လိုအပ်ပါတယ်။

နံပါတ်(2)
Web Developmentစတင်လေ့လာပြီဆိုတာ အရင်ဆုံးလေ့လာရမှာက Toolတွေ အကြောင်းပါ။ Text Editorတွေ Browserတွေ Terminal နဲ့ Design Toolတွေကို အခြေခံတော့ သိထားရပါမယ်။ ဥပမာ ကိုယ့်websiteမှာ သုံးမယ့်Designကို ကိုယ်တိုင်ဆွဲဖို့ မပြောနဲ့ sizeလောက်မှ ပြန်မချိန်တတ်ဘူးဆို အဆင်မပြေပါဘူး။ ကိုယ်ဟာ Professionalအဆင့်ထိမဟုတ်တောင် တီးမိခေါက်မိတော့ သိထားရပါမယ်။

နံပါတ်(3)
HTMLကတော့ နာမည်ကိုသိကြပြီးဖြစ်မှာပါ။ လေ့လာရပါမယ်။ HTMLက ဘာလဲ။ ဘယ်လိုအလုပ်လုပ်သလဲ။ Attributeတွေ Hyperlinkingအလုပ်လုပ်တာတွေ၊ Headingတွေ၊ Listတွေ၊ Divတွေ၊ HTML Tableတွေ၊ HTML Formတွေ၊ စတာတွေ လေ့လာရမယ်။ HTMLက မကုန်သေးဘူးနော် ရှိသေးတယ်။ အကုန်မရေးပြတော့ဘူး။ အဓိကက HTMLကို ကျွမ်းကျင်အောင် လေ့လာရမယ်။

နံပါတ်(၄)
CSSပေါ့ဗျာ။ Transitionတွေ Animationတွေ၊ Responsive Designနဲ့ ပါတ်သတ်တာတွေ Viewportတို့ Media Queryတို့စတာ‌တွေနဲ့ အခြားကျန်သေးတာတွေပေါ့ ၊ Flexbox၊ CSS Grid၊ Custom Properties၊ စတာတွေ အများကြီး အများကြီး လေ့လာရပါမယ်။

ကဲ ဒါတွေကို ကျွန်တော်က သင်ပြပြောပြပေးပါမယ်။ static websiteတစ်ခုကို ကျွန်‌တော်နဲ့အတူ code ရေးပါမယ်။ တစ်ရက်ချင်း ဖြည်းဖြည်းချင်း သွားပါမယ်။ သင်ခန်းစာ တစ်ခုချင်း သေချာလိုက်လုပ်ဖို့ လိုပါမယ်။

သင်တန်းစည်းကမ်း​လေးရှိပါတယ်။ Course တစ်ခုကို ခွင့်ရက် ၂ရက်ထိပဲ ခွင့်ပြုမှာဖြစ်ပါတယ်။ Personel Case or something ​တစ်စုံတစ်ရာအ​ကြောင်းပြချက်​ကြောင့် သင်တန်း၂ရက်နဲ့အထက် ခွင့်မတိုင်ကြားပဲ ပျက်ကွက်ရင် လက်ရှိbatchက​နေ ထုတ်ပယ်ပါမယ်။ ​နောက်batch​တွေမှာ​တော့ ဆက်တက်ခွင့်ရှိပါမယ်။

page messenger ကနေ လာရောက် ပြီး နာမည်နဲ့ ဖုန်းနံပါတ် ပို့ပြီး စာရင်းပေးလို့ရပါပြီ။Google Formကနေ စာ‌ရင်းပေးချင်သူတွေအတွက် အောက်မှာ Google Form linkပေးထားပါတယ်။
feesရှိပါမယ်။ ၁၀၀၀၀(တစ်သောင်း)ကျပ် သတ်မှတ်ထားပါတယ်။Google Formကနေ ပထမဆုံးလာ joinတဲ့ ၁၀ယောက်ကို 50% discount (ငါးထောင်)နဲ့ လက်ခံပေးပါမယ်။

https://docs.google.com/forms/d/e/1FAIpQLSevRlmYC0qTvqR41vvLrOdv1XtDdWnOAXWJU5UIjL7mJQEdaw/viewform

13/10/2021

Web Developer ဖြစ်ချင်ကြလား?

ကျွန်တော် ပထမဆုံး Web Developmentလုပ်မယ်ဆိုတုန်းက ပထမဆုံးအခက်အခဲက ဘယ်ကစပြီး ဘယ်လိုလေ့လာရမှန်းမသိတာပေါ့လေ။ဒါနဲ့ ဟိုဟာ‌လေ့လာ ဒီဟာလေ့လာနဲ့ သိပ်ခရီးမ‌‌ရောက်ခဲ့ဘူး။ အဲဒါနဲ့ သင်တန်းတတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သင်တန်းခတွေကလည်း ဈေးကြီးပါတယ်(ကျွန်တော့အတွက်)။အရင်အကြောင်းတွေ ပြန်တွေးရင်း စိတ်ကူးတစ်ခု ရလာတယ်။ ဘာတွေကို ဘယ်မှာလေ့လာသင့်လဲ ဆိုတာ မသိသေးတဲ့ ညီငယ်၊ညီမငယ်တွေအတွက် Groupလေးတစ်ခုလုပ်ပြီး အစကနေ သင်ပြပေးဖို့ တွေးမိတယ်‌။ အပြင်မှာ သင်တန်းတတ်ဖို့ အခက်အခဲဖြစ်နေသူတွေအတွက်လည်း ကျွန်တော် လေ့လာခဲ့သမျှနဲ့ အပြင်လုပ်ငန်းခွင်မှာ တွေ့ကြုံခဲ့သမျှ ပေါင်းစပ်ပြီး Web development လမ်းကြောင်းပေါ် တင်ပေးချင်တယ်။ အခုမှ စလေ့လာမယ့်သူတွေအတွက် အစ အလယ် အဆုံး တွဲခေါ်ပေးချင်တယ်။ ကိုယ်တိုင် websiteတွေ ရေးနိုင်ကြတဲ့ အဆင့်ထိ သွားနိုင်အောင် သင်ပြကူညီပေးချင်တယ်။ စိတ်အားထက်သန်တဲ့ ညီငယ်၊ ညီမငယ်တွေ ဘယ်လောက်ရှိလဲ သိချင်ပါတယ်။ joinချင်တဲ့သူများတယ်ဆို ဒီ projectလေးကို စမယ်ဗျာ။ လောလောဆယ်တော့ HTML, CSS နဲ့ Static Websiteလေး အရင်ဆောက်တာ‌ပေါ့။ ပြီးရင် WordPress နဲ့ e-commerce websiteတစ်ခု၊ Personal blog တစ်ခု ဆောက်မယ်ပေါ့။ ပြီးရင် JavaScript, PHP, Bootstrapနဲ့ Dynamic Website ဆောက်တာပေါ့။ စာသင်မှာ မဟုတ်ပါဘူး။ အတူတူ codeရေးကြမှာပါ။

15/05/2020

ဒီရက်ပိုင်း tutorial video လေးတွေ မတင်ပေးနိုင်လို့ စောင့်နေသူတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ နောက်ပိုင်းမှာ တစ်ပါတ်ကို ၂ပိုင်းလောက် တင်ပေးနိုင်အောင် ကြိုးစားသွားပါမယ်။ Logoလေးပြန်ဆွဲနေလို့ web development ပိုင်းမှာ နောက်ကျသွားတာပါ။ Web Myanmarရဲ့ Logoအသစ်လေးကို ဘယ်လိုမြင်ကြလဲဗျာ့။အပန်းမကြီးရင် commentမှာ ဖြေသွားပေးကြပါဦး။ အားလုံးကို ကျေးဇူးတင်ပါတယ်။

web developerတစ်ယောက်က ဒါတွေသိထားဖို့ လိုတယ်(1) HTML/CSSWeb Developer တစ်ယောက်အနေနဲ့ အခြေခံ coding ပိုင်းနဲ့ markup lang...
12/05/2020

web developerတစ်ယောက်က ဒါတွေသိထားဖို့ လိုတယ်

(1) HTML/CSS
Web Developer တစ်ယောက်အနေနဲ့ အခြေခံ coding ပိုင်းနဲ့ markup language ကိုတော့ မဖြစ်မနေ တတ်မြောက်ထားဖို့လိုပါမယ်။ Markup languageတွေ အားလုံးထဲမှာ HTML က standard အဖြစ်ဆုံးပါ။ ကျွန်တော်တို့တွေ့ဖူးသမျှ website အားလုံးနီးပါး HTML ပါပါတယ်။ Websiteရဲ့ function တွေဟာ web developerရဲ့ HTML skill ပေါ်မှာ အများကြီး မူတည်ပါတယ်။ နောက်ပြီး website ကို design အလှဆင်ဖို့ CSS ကို သိထားရပါမယ်။ HTML နဲ့ CSS ကို တွဲသုံးရမှာမို့ မဖြစ်မနေ သိထားရပါမယ်။ HTML document တွေကို လှပတဲ့ website အဖြစ်ပြောင်းလဲနိုင်စွမ်းရှိသူက CSS ပါ။ Websiteရဲ့ fontတွေ၊ colorတွေ၊ layout အားလုံးကို CSSနဲ့ အလှဆင်ပါတယ်။ HTML က website ရဲ့ အရိုးအကျောဆိုရင် CSSက Website ရဲ့ အရေပြားအသားအရေ လို့ ဆိုရပါမယ်။ Web Development ရဲ့ အခြေခံအကျဆုံးအပိုင်းဖြစ်လို့ HTMLရော CSSရော အပေါ်ယံပဲ မလုပ်ပါနဲ့။ အရမ်းအရေးကြီးပါတယ်။

(2) JavaScript
HTML နဲ့ CSS ကို အရမ်းပိုင်သွားပြီဆိုရင်တော့ Javascript ကို လေ့လာသင့်ပါတယ်။ Javascript ဟာ programming languageတွေထဲမှာ higher level programming language တစ်ခုပါ။ Website တွေကို ပိုပြီး interactive နဲ့ functional ဖြစ်စေပါတယ်။ Websiteရဲ့ user experience ကောင်းဖို့အတွက် javascript ကို သုံးလို့ရပါတယ်။ Website ထဲမှာ special featureတွေကို javascript နဲ့ တိုက်ရိုက်ရေးလို့ရမယ်။ ဥပမာ search barတွေ၊ social media share buttonတွေ၊ ဒါတွေကို javascript နဲ့ ရေးပါတယ်။ HTML က website ရဲ့ အခြေခံဖြစ်ပြီး javascript က function ပိုစုံပြီး ပြည့်စုံတဲ့ website အဖြစ် ပြောင်းလဲစေမှာပါ။

(3) PHP
​Langauge of the internet လို့ နာမည်ကြီးတဲ့အထိ PHPကို သုံးကြတာပေါ့ဗျာ။ လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာရှိတဲ့ websiteတွေရဲ့ 80%ကျော်လောက်ကို PHP programming language နဲ့ ရေးထားတာပါ။ ဟုတ်ပါတယ်။ PHP နဲ့ပါ။ အချိန်ကြာလာလေလေ ပိုပြီး အောင်မြင်ကျော်ကြားလာလေလေပါပဲ။ Back-end Developer တိုင်းအတွက် လေ့လာလို့အကောင်းဆုံးလို့ ပြောလို့ရတဲ့ languageအဖြစ် ရပ်တည်နေဆဲပါ။ လေ့လာရတာ အရမ်းလွယ်ကူပြီး၊ လက်တွေ့အသုံးချဖို့လည်း တော်တော်လေး လွယ်ကူပါတယ်။ အဲဒီလို လွယ်ကူတဲ့အချက်တွေကြောင့်ပဲ အောင်မြင်လာခဲ့တာပါ။ လေ့လာမယ်ဆိုရင်တော့ up to date ဖြစ်တဲ့ courseတွေကိုပဲ လေ့လာပါ။ အရင် version အဟောင်းနဲ့ အခု versionအသစ် (php 7) မှာ တော်တော်လေး ကွဲပြားနေတာတွေ ရှိပါတယ်။ ဝမ်းသာစရာကောင်းတဲ့အချက်က သင်တန်းတွေ အားလုံးနီးပါးက up to date ဖြစ်ကြပါတယ်။

(4) Java
ဘာကြောင့် java ကို ဒီထဲမှာ ထည့်လိုက်လဲဆိုရင် အရင်အချိန်တုန်းက javaဆိုတာ web development ရဲ့ အဓိက အစိတ်အပိုင်းအဖြစ် နှစ်တော်တော်များများ ရပ်တည်ပေးခဲ့ဖူးပါတယ်။ Java ဟာ old language တစ်ခုဖြစ်ပြီး အခုချိန်ထိ နယ်ပယ်တော်တော်များများမှာ သုံးနေကြတာတွေ့ရပါတယ်။ Web Development နယ်ပယ်မှာဆို Java ကို responsive နဲ့ fast website design (web app) တွေအတွက် အသုံးပြုနေကြတာတွေ ရှိပါတယ်။ Back-end Developer တော်တော်များများအတွက် မဖြစ်မနေလေ့လာသင့်တဲ့ စာရင်းထဲမှာ ရှိနေပါတယ်။ လေ့လာရတာ တော်တော်လေးလွယ်ကူပြီး အသုံးပြုမှု့အပိုင်းမှာ အရမ်းလွယ်ပါတယ်။ eBay တို့ ၊ Amazon တို့လို အောင်မြင်ပြီး အရမ်းကြီးမားတဲ့ websiteတွေကို javaနဲ့ ရေးဆွဲထားတာပါ။ နောက်တစ်ချက်က javaဟာ ထိန်းသိမ်းရ လွယ်ကူပါတယ်။ java ကို လေ့လာမယ်ဆို javaကို ဘယ်နေရာတွေမှာ သုံးလဲ၊ server-side တွေကို java နဲ့ ဘယ်လိုဆောက်လဲ၊ java နဲ့ အခြေခံ code ရေးတာတွေ၊ စတာတွေအားလုံးကို လေ့လာပါ။

web developer အဖြစ် ရပ်တည်မယ်ဆို front-endလား ၊ back-end လား ၊ full-stack လား၊ ဘယ်အပိုင်းကို သွားချင်တာလဲဆိုတာ အပန်းမကြီးရင် comment မှာဖြေပေးသွားကြပါဦးဗျာ့။ အဖြေတွေအပေါ်မှာ မူတည်ပြီး နောက်ထပ်အကြောင်းအရာတွေကို ရေးပေးသွားမှာပါ။ ကျေးဇူးတင်ပါတယ်ဗျာ့။

07/05/2020

HTML Lesson 4

HTML text formatting tags တွေအကြောင်းပြောပြပေးထားပါတယ်။ Beginnerတွေ သိထားရမယ့် tagsတွေပါ။ လက်တွေ့လုပ်ငန်းခွင်မှာလည်း အသုံးဝင်ပါတယ်။ လိုက်ရေးကြည့်ကြပါ။ အားလုံးနားလည်အောင် အရှင်းဆုံးပြောပြပေးထားပါတယ်။ အခက်အခဲရှိလို့ပဲဖြစ်ဖြစ်၊ နားမလည်လို့ပဲဖြစ်ဖြစ်၊ သိချင်တာရှိလို့ပဲဖြစ်ဖြစ် အချိန်မရွေး လာမေးလို့ရပါတယ်။ သင်ခန်းစာတွေလေ့လာကြရင်း ပျော်ရွှင်ကြပါစေ။

Companyအတွက် ကိုယ်ပိုင်Websiteရှိထားသင့်လား ?Company တစ်ခုကို ပိုပြီး အောင်မြင်ချင်တယ်ဆိုရင်တော့ website တစ်ခု လိုအပ်ပါတ...
02/05/2020

Companyအတွက် ကိုယ်ပိုင်Websiteရှိထားသင့်လား ?

Company တစ်ခုကို ပိုပြီး အောင်မြင်ချင်တယ်ဆိုရင်တော့ website တစ်ခု လိုအပ်ပါတယ်။ Website တစ်ခုက businessရဲ့ digital marketingပိုင်းနဲ့ ပတ်သတ်သမျှ အားလုံးကို အထောက်အကူဖြစ်စေမှာပါ။
Digital Marketing strategyတွေချတဲ့အခါ website တစ်ခုရှိနေခြင်းက များစွာအထောက်အကူ ဖြစ်စေပါတယ်။ Company ကို ဆက်သွယ်လိုသူတွေအတွက် contentတွေ ထားပေးလို့ရမယ်။ company ရဲ့ informationတွေ ၊ product အကြောင်းတွေ ၊ servicesတွေ ၊ customer တွေကို ပေးချင်တဲ့အရာတွေ အားလုံးချပြပေးလို့ရပါတယ်။ မိမိရဲ့ brand အကြောင်းကို အရှင်းလင်းဆုံးချပြပေးလို့ရမယ်၊ ဘယ်လို product တွေရှိမယ်၊ ဘယ်လို services ရှိမယ်၊ ဒီအချက်တွေကပဲ ကိုယ့်ရဲ့customerတွေ အများကြီး တိုးလာစေမှာပါ။ နောက်ပြီး social media ကနေ marketing လုပ်ကြမယ်။ social media ကနေ ရလာတဲ့ customerတွေ မိမိရဲ့ brand အကြောင်း အခိုင်အမာသိဖို့၊ ဆွဲခေါ်လာပြီ ချပြဖို့ ရှိနေရမယ့် တစ်နေရာက မိမိရဲ့ ကိုယ်ပိုင် websiteပါ။ customer အသစ်တွေကို third-party social media ပေါ်ကနေ ရမယ်၊ ရလာတဲ့ customerအသစ်တွေကို မိမိရဲ့ websiteဆီ ခေါ်လာရမယ်။ ကျွန်တော်တို့ရဲ့ website ဟာ Home Base အနေနဲ့ အလုပ်လုပ်ရမယ်။ ကျွန်တော်အပါအဝင် လူငယ်တွေ အားလုံးနီးပါး သိချင်တဲ့အကြောင်းအရာကို Google ခေါက်ပြီး ရှာလေ့ရှိတယ်။ မိတ်ဆွေရဲ့ product ၊ service နဲ့ ပတ်သတ်ပြီး ရှာဖွေလိုက်တဲ့သူက မိတ်ဆွေရဲ့ customer ဖြစ်လာပါစေ။

28/04/2020

HTML Lesson 3

HTML documentထဲမှာ style attribute ကို ထည့်သုံးတာပါ။ လွယ်ပါတယ်။ တစ်ခါတည်းလိုက်လုပ်ကြည့်ကြပါ။ အဆင်မပြေတာရှိရင်လည်း လာမေးလို့ရပါတယ်။ အလွယ်ကူဆုံး အရှင်းလင်းဆုံးဖြစ်အောင် ပြောပြပေးထားပါတယ်။ အားလုံးနားလည်မယ်လို့ မျှော်လင့်ပါတယ်။ အိမ်မှာနေပြီး အကျိုးရှိကြပါစေ။ သင်ခန်းစာတွေ တင်ပေးနေမှာဖြစ်လို့ Page ကို Like လုပ်ထားကြပါ။

25/04/2020

HTML lesson 2

6 basic HTML Elements for Beginners

အခုမှစပြီး Web Development ပိုင်းကို ဝင်ရောက်လာသူတွေအတွက် ရည်ရွယ်ပြီး လုပ်ပေးထားတာပါ။ အခုလို သင်ခန်းစာတွေကို အမြဲတင်ပေးသွားမှာမို့ Pageကို Like လုပ်ထားပေးကြပါခင်ဗျာ။

22/04/2020

HTML Lesson 1

HTML Structure အကြောင်းပြောပြထားတာပါ။ အခုမှ HTML ကို စပြီးလေ့လာနေတဲ့သူတွေအတွက်ပါ။ အခုမှစပြီး Web Development ကို စတင်လေ့လာသူတွေအတွက် Videoတွေနဲ့ ပြောပြပေးသွားမှာပါ။ အားလုံး လိုက်လုပ်ကြည့်လို့ အဆင်ပြေမယ်လို့ ထင်ပါတယ်။ အခက်အခဲရှိရင် Page ရဲ့ Messenger ကနေ အချိန်မရွေးလာမေးထားလို့ရပါတယ်။ သင်ခန်းစာတွေကို အခုလိုပဲ Video တွေလုပ်ပေးသွားမှာမို့ Page ကို Like လုပ်ထားပြီး စောင့်ကြည့်လို့ ရပါမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ့။

Web Designer Vs Web Developerဒီနေ့အတွက်တော့ Web Designer နဲ့ Web Developer ဆိုတဲ့ လူ(၂)မျိုးအကြောင်းကို ပြောပြချင်ပါတယ်။...
11/04/2020

Web Designer Vs Web Developer

ဒီနေ့အတွက်တော့ Web Designer နဲ့ Web Developer ဆိုတဲ့ လူ(၂)မျိုးအကြောင်းကို ပြောပြချင်ပါတယ်။ Web Design နဲ့ Web Development တူလား? ဘယ်လိုကွဲပြားလဲ? ကွဲကွဲပြားပြားသိသွားမှ ဘယ်အပိုင်းကိုသွားချင်လဲဆိုတာ စဉ်းစားပါ။

Web Designer

Web Designer ဆိုတဲ့အတိုင်း Website ရဲ့ Design ကို ရေးဆွဲပေးရတာပါ။ Website အတွက် colorတွေ၊ logoတွေ၊ informationတွေ၊ videoတွေ နဲ့ graphic design နဲ့ ပတ်သတ်တာတွေ လုပ်ပေးရပါတယ်။ Website တွေရေးတဲ့ Graphic Designerပေါ့ဗျာ။ Website တည်ဆောက်တဲ့နေရာမှာ အများကြီး အရေးပါပါတယ်။ codeရေးစရာမလိုဘူး။ သူတို့က Website အတွက် Design နဲ့ လိုအပ်တဲ့ Designပိုင်းနဲ့ပတ်သတ်တာတွေ ဖြည့်ဆည်းပေးရတဲ့ Graphic Designer တွေလို့ သိထားပေါ့ဗျာ။

Web Developer
Front-end, Back-end နဲ့ Full-stack ဆိုပြီးWeb Developer 3မျိုးရှိပါတယ်။ ရေးပြီးသားရှိလို့ အောက်မှာ link ထည့်ပေးလိုက်ပါ့မယ်။ မဖတ်ရသေးရင် ဖတ်လိုက်ပါ

Front-End Developer

https://www.facebook.com/104293671186922/posts/120553959560893/

Back-End Developer

https://www.facebook.com/104293671186922/posts/122406856042270/

Full-Stack Developer

https://www.facebook.com/104293671186922/posts/125174979098791/

Address

15 Th Street
Mandalay
05011

Website

Alerts

Be the first to know and let us send you an email when Web Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category